အခန်း၈၇
Viewers 16k

အခန်း (၈၇)

 

ကျီချင်းချင်းသည် လူတိုင်းကို အမှန်တရားကို သိစေချင်သည်။ မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်သို့ သူမ ကူးပြောင်းလာတယ် ဆိုကတည်းက မူလပိုင်ရှင်ရဲ့ အရှုပ်အထွေးများကို သဘာဝအတိုင်း ဖြေရှင်းပေးရလိမ့်မည်။

 

သူမ ပြုပြင်ပေးရန် ပထမဆုံး လိုအပ်သည်မှာ သူမရဲ့ စရိုက်လက္ခဏာနှင့် သူမရဲ့ စရိုက်အပေါ် လူတွေရဲ့ အမြင်ကိုပင် ဖြစ်သည်။

 

သူမရဲ့ ဇာတ်ကောင်စရိုက်နှင့် နာမည်ဂုဏ်သတင်းကို ကယ်တင်ဖို့ အချိန်မနှောင်းသေးဘူးလို့ မျှော်လင့်ပါသည်။

 

ရှန်းဝေဝေက သူမကို ကျီချင်းချင်းက ဘာ့ကြောင့် ဒီလို လုပ်စေချင်တာလဲ ဆိုတာကို အတိအကျ သိသည်။ တကယ်လို့ သူမက ကျီချင်းချင်း လုပ်စေချင်တာကို လုပ်ပေးခဲ့ရင် ကျီချင်းချင်းက ဒီအရေးကိစ္စမှာ အသာစီးရသွားလိမ့်မည်။

 

အရင်က သူမ ကျီချင်းချင်းကို တိုက်ခိုက်ရန် ပရိသတ်များစွာကို လှည့်စားခဲ့သည်။ သူမသည် အမှန်တရားနှင့် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကိုပင် လှည့်စားခဲ့သေးသည်။ သူမသည် ကျီချင်းချင်းကို ဆန့်ကျင်တိုက်ခိုက်ဖို့ ပရိသတ်တွေကို လှုံ့ဆော်ရန် ရေတပ်ကိုပင် အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် ကျီချင်းချင်းရဲ့ နာမည်ဂုဏ်သတင်းမှာ လုံးဝ မှောင်မည်း ပျက်စီးသွားခဲ့သည်။ အခု...

 

“တကယ်လို့ နင်က ငါ့ရဲ့တောင်းဆိုချက်တွေကို သဘောမတူဘူးဆိုရင် ငါ နင့်ကို တရားစွဲဖို့ စီစဥ်ထားတဲ့အတိုင်း ဆက်လုပ်ရလိမ့်မယ်။”

 

ရှန်းဝေဝေသည် အလွန်အားနည်းသောကြောင့် မိမိကိုယ်မိမိ မုန်းတီးခဲ့သည်။ သူမက အံ့တင်းတင်းကြိတ်ပြီး သူမဒေါသတွေကို ပြန်ထိန်းလိုက်သည်။ သူမက ရှိုက်ကြီးတငင် ငိုကြွေးကာ သဘောတူလိုက်သည်။ “... ကောင်းပါပြီ၊ ငါ နင့်တောင်းဆိုချက်တွေကို သဘောတူပါတယ်။”

 

ကုရှောက်ယွီက ကျီချင်းချင်းကို ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ “ကျီချင်းချင်း၊ နင် အရမ်းလွန်လွန်းတယ်။”

 

“ဒါက ဘယ်လိုဖြစ်လို့မျာ လွန်ကဲတယ်လို့ ဆိုရတာလဲ။ ရှန်းဝေဝေက ငါ့ကို ယွမ် သန်းနှစ်ဆယ် မပေးရင် တရားစွဲမယ်လို့ ခြိမ်းခြောက်တဲ့အခါကရော ရှန်းဝေဝေ လွန်တယ်လို့ နင် တွေးမိလို့လား။”

 

“အဲ့တာက သူမ မတော်တဆမှုကနေ သူ့ခန္ဓာကိုယ်အနှံ့ ကျိုးကြေဒဏ်ရာရသွားခဲ့လို့ပဲ။ သူမရဲ့မျက်နှာတောင်မှ... နင်က သူမရဲ့ အနာဂတ်ကို ဖျက်စီးလိုက်တာပဲ။”

 

ကျီချင်းချင်းက သူမရဲ့ မျက်လုံးကို လှိမ့်လိုက်ပြီး ရက်ရက်စက်စက် ပြောလိုက်သည်။ “ဆယ့်ရှစ်လိုင်း သရုပ်ဆောင်တစ်ယောက်မှာ ဘယ်လို အနာဂတ်မျိုး ရှိနိုင်လို့လဲ။”

 

ရှန်းဝေဝေက သူမအောက်နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ခေါင်းငုံ့ကာ အကြာကြီး စကားမပြောပဲ နေလိုက်သည်။

 

သူမလက်ဖဝါးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ သူမစိတ်ခံစားချက်တွေကို ထိန်းမနိုင်သိမ်းမရ မဖြစ်‌အောင် ကြိုးစား ထိန်းချုပ်ထားရမယ်။ သူမ ဒီနေ့ကို အမြဲ အမှတ်ရနေမှာပါ။ သူမ ပြောတဲ့ စကား တစ်လုံးချင်းစီတိုင်းကို အမြဲ သတိရနေမှာပါ။

 

ကျီချင်းချင်းက ရှန်းဝေဝေအား အားရပါးရ ပြောဆိုပြီးနောက် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူမက လက်ထောက်ဒါရိုက်တာလီကို ပြုံးပြလိုက်သည်။ “လက်ထောက်ဒါရိုက်တာလီ၊ အခု ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီနော်။”

 

လက်ထောက်ဒါရိုက်တာလီက ဘာမှ ပြန်မပြောပဲ သူမကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

 

ကုရှောက်ယွီက ဒေါသတကြီးနဲ့ “ ကျီချင်းချင်း၊ ငါ... ငါ မင်းရဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ မင်းရဲ့လမ်းကြောင်းကို ဖြတ်ပစ်လိုက်ရလိမ့်မယ်။”

 

ကျီချင်းချင်းက သူ့ခါးကို ကြည့်ရင်း “မစ်စတာကု၊ ငါနဲ့ မဆွေးနွေးခင် မင်းဘောင်းဘီကို အရင်ဆွဲတင်သင့်တယ်လို့ ငါ အကြံပေးချင်တယ်။”

 

ကျီချင်းချင်းရဲ့ မှတ်ချက်ကို ကြားသောအခါ ကုရှောက်ယွီသည် ရင်တုန်သွားခဲ့သည်။ သူ့ဘောင်းဘီ အောက်သို့ လျှောကျနေသည်ဟု အတွေးရောက်သွားပြီး မသိစိတ်က သူ့ဘောင်းဘီကို ဆွဲတင်ဖို့ ကြိုးစားမိသည်။ သို့သေည် သူ အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ဘောင်းဘီက သူ့ခါးမှာပင် ရှိနေသေးတာကို တွေ့လိုက်ရသည်။ ခါးပတ်မပါရင်‌တောင် ဒီဘောင်းဘီက ကျွတ်ကျဖို့ မလွယ်ပါဘူး။ သူက ကျီချင်းချင်းရဲ့ လှည့်စားခြင်းကို ခံရကြောင်း သိလိုက်ရသည်။

 

“ကျီချင်းချင်း”

 

ကုရှောက်ယွီရဲ့ စိတ်ထဲတွင် ကျိုးကြောင်းချင့်ချိန်နိုင်စွမ်းရှိသည့် ကြိုးက ရုတ်တရတ် ပြတ်တောက်သွားသည်။ သူက စားပွဲတစ်ဖက်ကနေ ကျီချင်းချင်းဆီသို့ လျှောက်သွားကာ သူ့ရဲ့ စရိုက်လက္ခဏာ သို့မဟုတ် နာမည်ဂုဏ်သတင်းကို ထည့်သွင်း စဥ်းစားနိုင်စွမ်း မရှိတော့ပေ။

 

“ရှောက်ယွီ၊ ဒီလို မလုပ်ပါနဲ့။ အရမ်း ဒေါသမကြီးပါနဲ့။” ရှန်းဝေဝေက ကုရှောက်ယွီကို ရပ်တန့်ဖို့ ကြိုးစားလိုက်ပေမယ့် သူမ အရမ်း နောက်ကျသွားသည်။

 

ကျီချင်းချင်းဘေးမှာ ငြိမ်သက်စွာ ထိုင်နေသည့် ချင်ယွဲ့က မတ်တပ်ထရပ်ပြီး ကျီချင်းချင်းကို သူ့နောက်ကျောမှာထား၍ ကာကွယ်ပေးလိုက်သည်။

 

ဒီအခိုက်အတန့်လေးမှာပဲ အစည်းအဝေးခန်း တံခါးမက ပွင့်လာခဲ့သည်။

 

“ဖျော်ဖြေရေးနယ်ပယ်မှာ ကျီချင်းချင်းရဲ့ လမ်းကြောင်းကို ပိတ်ဆို့လိုက်မယ်လို့ ငါ အခု ကြားလိုက်ရတာလား။”

 

လုလီရှင်းသည် အစည်းအဝေးခန်း တံခါးအပြင်ဖက်တွင် ရပ်နေခဲ့သည်။ အစည်းအဝေးခန်းအတွင်းမှ လူများကို စူးစူးဝါးဝါး စိုက်ကြည့်နေရင်း သူ့မျက်ဝန်းနက်တွေက ကျဥ်းမြောင်းသွားသည်။

 

လုလီရှင်းက သူ့ဘယ်ဖက်လက်တွင် နှင်းဆီပန်း ၉၉ပွင့်ပါ ပန်းစည်းကို ကိုးရိုးကားရားနိုင်စွာ ကိုင်ထားရင်း ရပ်နေခဲ့သည်။ သူက သူ သဘောကျနှစ်သက်သူကို ရိုမန့်တစ်ဆန်စွာ စပရိုက်တိုက်ဖို့ ဒီနေရာကို ရောက်လာသည့်ဟန်ပေါ်သည်။

 

“ခင်ပွန်း” ကျီချင်းချင်းက ဝမ်းနည်းပူဆွေးနေပြီး အနိုင်ကျင့်ခံနေရသည့် အသွင်လေးဖြင့် လုလီရှင်းရဲ့ ရင်ခွင်ထဲသို့ မျက်ရည်စက်လက်နှင့် ပြေးဝင်သွားခဲ့သည်။ “သူတို့ ကျွန်မ အနိုင်ကျင့်နေကြတယ်။”

 

သူတို့က အဲ့လို လုပ်နိုင်လိမ့်မည်လို့ ထင်ပါသလား။

 

အားလုံးက ဒီနေရာမှာ သရုပ်ဆောင်နေကြတာမို့ သူမ သူတို့ကို မကြောက်ဘူး။

 

-- “အသက်ရမှတ် +1၊ သင့်ရဲ့ အခုလက်ရှိအသက်ရှင်သန်ချိန်က ၁နာရီခွဲပါ။”