အခန်း၉၅
Viewers 14k

 

အခန်း (၉၅)

 

အခန်းတံခါးက ရုတ်တရတ် တွန်းဖွင့်ခြင်း ခံလိုက်ရသည်။

 

ချက်ချင်းပင် လုလီရှင်းရဲ့ နှာခေါင်းကို နှင်းဆီပန်းရနံ့တွေက မိတ်ဆက်သွားသည်။ သူက အခန်းမှားပြီးတော့ ဝင်လာမိတယ်လို့ ထင်မိလုနီးပါး ဖြစ်သွားခဲ့သည်။

 

လုလီရှင်းသည် အခန်းထဲသို့ ဝင်လာပြီး ကုတင်နားမှာ ရပ်လိုက်သည်။ ကုတင်ပေါ်မှာ လူးလိမ့်နေတဲ့ ကျီချင်းချင်းကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ လုလီရှင်းသည် ဒီမြင်ကွင်းကိုမြင်ပြီး ခေါင်းကိုက်ချင်သလို ဖြစ်သွားသည်။

 

အိပ်ရာမဝင်ခင်မှာ သူမ လေ့ကျင့်ခန်း လုပ်နေတာလား။

 

“အဟွတ်... အဟွတ်...” လုလီရှင်း ချောင်းနှစ်ခါ ဟန့်ပြီးမှ ကျီချင်းချင်းရဲ့ မျက်ဝန်းတွေက ချက်ချင်း ပွင့်လာခဲ့သည်။ သူမက ကုတင်ပေါ်မှာ လူးလိမ့်နေသောကြောင့် သူမရဲ့မျက်လုံးတွေနှင့် တိုက်ရိုက် ဆုံတွေ့သွားခဲ့သည်။

 

ကျီချင်းချင်းက လုလီရှင်းကို ခပ်အေးအေးပဲ ကြည့်ကာ “ဘာကိစ္စရှိလို့လဲ။” လို့ မေးမြန်းလိုက်သည်။

 

လုလီရှင်းက သူမလက်ထဲ တက်ဘလက်တစ်လုံးကို လက်လွှဲပေးကာ ပြောသည်၊ “ဒီကိစ္စကို ဖြေရှင်းပြီးပြီ၊ မင်းကိုယ်တိုင် တစ်ချက် ကြည့်လိုက်ပါဦး။”

 

ကျီချင်းချင်းသည် လုလီရှင်းထံမှ တက်ဘလက်ကို လှမ်းယူကာ တက်ဘလက်ပေါ်မှ စာသားတွေကို အပေါ် အောက်ဆွဲကာ ဖတ်ရှုခဲ့သည်။ ရှန်းဝေဝေမှ ဝေ့ပေါ်တွင် တောင်းပန်စာ တင်ထားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် တစ်လက ဖြစ်ပွားခဲ့‌သည့် တောင်ကုန်းပေါ်မှ ထွက်ကျခဲ့သည့် မတော်တဆမှုနှင့် ပတ်သတ်၍ အသေးစိတ် ရှင်းလင်းချက် ပါဝင်ခဲ့သည်။ ရှန်းဝေဝေသည် ကျီချင်းချင်းက သူမတို့ရဲ့ ဇာတ်ဝင်ခန်းများကို အတူတူ လေ့ကျင့်ဖို့ သူမကို ရှာဖွေခဲ့ခြင်းသာြဖစ်ပြီး သူမတို့အချင်းချင်း စကားများရန်ဖြစ်ခြင်း အလျဥ်းမရှိခဲ့ကြောင်း ရှင်းပြခဲ့သည်။ သူမသည် ဇာတ်ဝင်ခန်း လေ့ကျင့်ရာတွင် အလွန်စျာန်ဝင်စားခဲ့ပြီး မတော်တဆ တောင်ကုန်းပေါ်မှ လိမ့်ကျသွားခဲ့ကြောင်းကိုပါ ရှင်းပြခဲ့သည်။ သူမသည် နားလည်မှုလွဲမှားခဲ့ခြင်းအတွက် စိတ်ရင်းဖြင့် တောင်းပန်လိုကာ ယခုလအတွင်းမှာ မကောင်းသည့် မှတ်ချက်များ၊ စော်ကားမှုများကို လက်ခံရရှိခဲ့သည့် ကျီချင်းချင်းကို စိတ်ရင်းအမှန်ဖြင့် တောင်းပန်လိုပါသည်။

 

ဒီတောင်းပန်ချက်သည် ရိုးရိုးရှင်းရှင်းသာဖြစ်ပြီး ဒါကို ရှန်းဝေဝေရဲ့ ဝေ့ပေါ်အကောင့်တွင် ထိပ်ဆုံးပိုင်းမှာ ပင်တွဲထားခဲ့သည်။

 

ရှန်းဝေဝေသည် နာမည်ကျော်ကြားသူတစ်ယောက် မဟုတ်ပေ။ တကယ်တော့ သူမရဲ့ နာမည်ကျော်ကြားမှုဟာ ကျီချင်းချင်းရဲ့ ထက်ဝက်ပင် မရှိခဲ့ပေ။ ကျီချင်းချင်းမှာ သူမကို ဆန့်ကျင်ဖက် ပြုလိုသည့် ပရိသတ်များစွာ ရှိသောကြောင့် ရှန်းဝေဝေကို အလွန်အာရုံစိုက်ပေးခဲ့တာ ဖြစ်သည်။

 

ရန်သူ၏ ရန်သူမှာ မိတ်ဆွေဖြစ်သည်။ ကျီချင်းချင်းသည် အခြားသော နာမည်ကြီး ဆယ်လီဘရစ်တီများနှင့် ဆိုးရွားသော ဆက်ဆံရေးများစွာ ရှိခဲ့ပြီး အခြားသော နာမည်ကြီး ဆယ်လီဘရစ်တီများ၏ ပရိသတ်များစွာကိုပါ စော်ကားမော်ကားပြုခဲ့သည်။ ရလဒ်အနေနဲ့ ကျီချင်းချင်းမှာ ပြဿနာ သေးသေးလေးတွေ ကြုံလာတိုင်း ဆန့်ကျင်ဖက် ပြုလိုသည့် ပရိသတ်အဖွဲ့တစ်ခုလုံး ချီတက်တိုက်ခိုက်လာခဲ့ကြသည်။ ဆန့်ကျင်ဖက် ပရိသတ်တွေက ကျီချင်းချင်းကို အုပ်စုဖွဲ့ တိုက်ခိုက်ပြီး ပြဿနာများစွာ ကြုံရစေသည်။

 

ပရိသတ်အများစုက ကျီချင်းချင်းကို လှောင်ပြောင်စော်ကားနေကြသော်လည်း လက်ရှိတွင် ရေတပ် မပါဝင်သောကြောင့် သူမ မကောင်းကြောင်း ပြောဆိုသူတွေသာ ရှိသည်။ ရှန်းဝေဝေရဲ့ ဝေ့ပေါ်ပို့စ်အောက်က မှတ်ချက်တွေက အတော်လေးကို တရားမျှတသည်။

 

“သူမ တောင်းပန်ဖို့ ဖိအာပေးခံရတာ နေမယ်။ အဲ့အနုပညာရှင်နှစ်ယောက်စလုံးက တစ်ကုမ္ပဏီတည်းကလို့ ကြားတယ်၊ ဒါပေမယ့် တစ်ယောက်က ရေပန်းစားပြီး နောက်တစ်ယောက်က ရေပန်းမစားဘူး။ နာမည်မရှိတဲ့ အနုပညာရှင်က နာမည်ကျော် အနုပညာရှင်ကို စောက်ကားခဲ့တယ်။ ဘယ်သူက အမှန်တရားကို သိမှာလဲ။ ဒါကို ကြည့်ရတာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတယ်။”

 

“ဒါကို ကြည့်ရတာ စက်ဆုပ်ရွံ့ရှာဖို့ကောင်းတယ် +1၊ ကုရှောက်ယွီဆီက စွန့်ပစ်ခံပြီးနောက် ကျီချင်းချင်းက အခြားသော ကျောထောက်နောက်ခံ အများအပြားကို တွေ့ရှိခဲ့တဲ့အကြောင်း လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သတင်းတွေ အများကြီး ထွက်လာခဲ့သေးတယ်။ အခုခေတ် သူဌေးတွေက အတော်လေး မိုက်မဲပုံရတယ်။”

 

“ငါ့မှာ အတွင်းသတင်းရှိတယ်။ ကျီချင်းချင်းက ထျန်းယွိအင်တာတိန်းမန့်ရဲ့ အမြင့်ပိုင်းကို ဖက်တွယ်နိုင်ခဲ့တယ်တဲ့၊ ဒါပေမယ့် အဲ့လူက ဘယ်သူလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။”

 

“ဒါဆို၊ သူမက နောက်ထပ် ငွေကြေးထောက်ပံ့ပေးသူကို ရှာတွေ့သွားတာပေါ့။ သူမက အကြောက်အလန့်မရှိတာ အံ့သြစရာ မဟုတ်ဘူးပဲ။”

 

“ကျီချင်းချင်းအကြောင်းကို ငါ သိပ်မသိဘူး၊ ဒါ့ကြောင့် ငါ သူမရဲ့ အကျင့်စရိုက်ကိုလည်း မသိဘူး။ ဒါပေမယ့် သူမက ဒီကိစ္စမှာတော့ အပြစ်ကင်းစင်တယ်၊ သူမမှာ အပြစ်မရှိတာကြောင့် သူမရဲ့ အပြစ်ကင်းစင်မှုကို ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်။ ဒီကိစ္စကြောင့် သူမ ရဲစခန်းမှာ ရက်အနည်းငယ် နေခဲ့ရတယ်လို့ ငါ ကြားခဲ့တယ်။ သူမ မပြုလုပ်ခဲ့တဲ့အရာအတွက် မတရား အပြစ်ပေးခံရတယ်လို့ ပြောလို့ရတယ်။”

 

“သက်သေ အထောက်အထားပေါ် မူတည်ပြီး တရားမျှတဖို့ ဆုံးဖြတ်ကြရအောင်။ ဗီဒီယိုကိုလည်း ထုတ်ပြန်ပြီးသားဖြစ်ပေမယ့် ဘာဖြစ်လို့ လူတွေက ပူးပေါင်းကြံစည်တယ်လို့ ယူဆတဲ့ သီအိုရီတွေကို ဖန်တီးနေကြသေးတာလဲ။ လူတစ်ယောက်ကို စော်ကားမော်ကား မပြုလုပ်ခင် သက်သေအထောက်အထားကို သေချာ စစ်ဆေးသင့်တယ်၊ သက်သေအထောက်အထားကို သေချာ မစစ်ဆေးပဲ ပြောဆိုနေတာက ရွံရှာဖို့ကောင်းတယ်လို့ ငါထင်တယ်။ ကျီချင်းချင်းရဲ့ အမှား မဟုတ်ဘူး ဆိုတာ သိသာထင်ရှားနေပေမယ့် နင်တို့က ဘာဖြစ်လို့ သူမကို ဆဲဆိုနေရသေးတာလဲ။ သူမက ဖိအားပေးပြီး တောင်းပန်စာ ထုတ်ပြန်ခိုင်းတယ် ဆိုတာ ဘာသဘောလဲ။ ရှန်းဝေဝေက ကျီချင်းချင်းကို အထင်လွဲခဲ့လို့ ကျီချင်းချင်းတစ်ယောက် တော်တော်လေး ဒုက္ခရောက်ခဲ့တယ်။ နားလည်မှုလွဲတာကို ဖြေရှင်းပြီးလို့ တောင်းပန်ရတာ သဘာဝ မကျလို့လား။”

 

“ငါလည်း ကျီချင်းချင်းရဲ့ ပရိသတ် မဟုတ်ပေမယ့် ကျီချင်းချင်းက ကုရှောက်ယွီကို ချူစားခဲ့တာ မဟုတ်ဘူးဆိုတာ ရှင်းပြပေးချင်ပါတယ်။ သူတို့က အရင်က အမှန်တကယ် တွဲခဲ့ကြတာပဲ။ သူတို့နှစ်ယောက်က တခြားသူတွေလို သာမာန်သမီးရည်းစားစုံတွဲ ဖြစ်ခဲ့တာပါ။ ကုရှောက်ယွီက အမှိုက်ကောင်ပဲ။ သူက ကျီချင်းချင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ သူမနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့ ကောလဟလတွေကို ဖြန့်ချိခဲ့တာပဲ။”