အခန်း
(၉၆)
“ကျီချင်းချင်းနဲ့ ကုရှောက်ယွီတို့က
သမီးရည်းစား ဆက်ဆံရေးလား။ ဒါဆို ကျီချင်းချင်းက သူ့ကို ချူစားခဲ့တာ မဟုတ်ဘူးပေါ့။
အိုး... ဘုရားရေ၊ နင့်မှာ ခိုင်လုံတဲ့ သက်သေရှိလား။”
“ကုရှောက်ယွီရဲ့ ဝေ့ပေါ်မှာ
ခိုင်မာတဲ့ သက်သေ ရှိတယ်။ သူတို့နှစ်ယောက် အရင်က သမီးရည်းစားတွေပါလို့
ဝေ့ပေါ်ပေါ်မှာ ဝန်ခံခဲ့တယ်။ သူ့ရဲ့ ဝေ့ပေါ်ကို သွားပြီး လူကိုယ်တိုင်
သွားကြည့်လိုက်ပါ။”
ကျီချင်းချင်းသည် ဒီမှတ်ချက်ကို
မြင်သောအခါ အံ့သြသွားသည်။ သူမက ကုရှောက်ယွီရဲ့ ဝေ့ပေါ်ကို ဖွင့်ပြီး သူ တင်ထားတဲ့
ပို့စ်ကို စစ်ကြည့်လိုက်သည်။
ကုရှောက်ယွီ တင်ထားခဲ့သည့်
နောက်ဆုံးပို့စ်က သူမနှင့် ပတ်သက်တဲ့ အကြောင်းကို ရှင်းလင်းထားသည့် ပို့စ်တစ်ခုပဲ
ဖြစ်သည်။
@ကုရှောက်ယွီ: ကျီချင်းချင်းက ငါ့ရည်းစားဟောင်းပါ၊
သူမက ငါ့ကို ချူစားခဲ့တာ မဟုတ်ပါဘူး။ အဓိပ္ပါယ်မရှိတဲ့ ကောလဟလတွေ ဖြန့်နေတာကို
ရပ်လိုက်ကြပါ။
ရေပန်းအစားဆုံး မှတ်ချက် - မင်း
ကိုယ့်ကိုယ်ကို ပါးပြန်ရိုက်တာ ဘယ်လို ခံစားရလဲ။
ဒုတိယရေပန်းအ၆စားဆုံး မှတ်ချက် -
အမှိုက်ကောင်...
တတိယရေပန်းအစားဆုံး မှတ်ချက် -
အလွန်ရွံရှာဖို့ ကောင်းတဲ့ အမှိုက်ကောင်
အွန်လိုင်းအသုံးပြုသူတွေရဲ့ စကားတွေက
အတော်လေး မှန်သည်။ ကုရှောင်ယွီသည် အမှန်တကယ် ရွံရှာဖို့ကောင်းသော အမှိုက်ကောင်
ဖြစ်သည်။
ကျီချင်းချင်းသည် ပို့စ်ကို
အမြန်ဖတ်ပြီးနောက် ကုရှောက်ယွီရဲ့ ဝေ့ပေါ်မှ ထွက်လာခဲ့သည်။
လုလီရှင်းက အလုပ်တတ်ဝတ်စုံကို
ချွတ်လိုက်တာကြောင့် ကျီချင်းချင်း ထထိုင်ပြီး လုလီရှင်းရဲ့ ဝတ်စုံကို
လှမ်းယူလိုက်သည်။ ကျီချင်းချင်းက လုလီရှင်းရဲ့ ဝတ်စုံကို စနစ်တကျ ချိတ်မှာ
ချိတ်ဆွဲပြီးနောက် “ခင်ပွန်း၊ ကျေးဇူးပါနော်။”
-- “ကျန်းမာရေးတန်ဖိုး +1၊ Hostရဲ့
လက်ရှိ ကျန်းမာရေးတန်ဖိုးက ၁၃နာရီ ဖြစ်ပါတယ်။”
လုလီရှင်းက
ကိုယ်လုံးပေါ်မှန်ရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီး လက်ရှိတွင် သူ့ရဲ့လည်စည်းကို
ဖြည်နေခဲ့သည်။ သူက စိတ်ကောင်းဝင်နေပုံရပြီး “ဒါက ကိုယ့်ဖက်က နည်းနည်းလေးပဲ
ကြိုးစားအားထုတ်ထားခဲ့ရတာမို့လို့ မင်း ကိုယ့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။”
“ရှင့်ရဲ့ ကြိုးစားပေးမှုအတွက်
ကျွန်မ ကျိန်းသေပေါက် ကျေးဇူးတင်ရမှာပေ့ါ။ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မက
ကုရှောက်ယွီရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ မိန်းမငယ်လေးအဖြစ် နာမည်တပ်တာ
ခံနေရဦးမှာပဲ။ ပြောရရင်၊ ရှန်းဝေဝေနဲ့ ပတ်သက်တဲ့ ကိစ္စကိုလည်း လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မှာ
မဟုတ်ဘူး။”
လုလီရှင်းက သူ့ရှပ်အင်္ကျီကြယ်သီးကို
ဖြုတ်နေရင်း “ဒါဆိုရင် မင်း ကိုယ့်ကို ကျေးဇူးပြန်ဆပ်ဖို့ ဘယ်လို စီစဥ်ထားလဲ။”
လို့ မေးလိုက်သည်။
ကျီချင်းချင်းက သူ့မေးခွန်းကို
ခဏလောက် စဥ်းစားပြီးနောက် သူ့ကို မော့ကြည့်ကာ ပြောသည်၊ “ကျွန်မဘဝကို ကယ်တင်ခဲ့တာ
ဖြစ်လို့ ရှင့်ကို ပြန်ပေးဆပ်တာ မဖြစ်နိုင်တာ မဟုတ်ဘူး...”
“ဒါဆိုရင် မင်းအသက်ကို ကိုယ့်အတွက်
ရင်းနှီးမြှုပ်နှံလိုက်ပါ။”
ကျီချင်းချင်းရဲ့ မျက်နှာဟာ
ပျက်ယွင်းသွားသည်။ ဒီလူက တစ်ဖက်လူအပေါ် ဘယ်လိုဦးဆောင်ရမလဲ ဆိုတာကို တကယ် သိနေတာပဲ။
သူမအသက်ကို သူ့ဆီမှာ
ရင်းနှီးမြှုပ်နှံထားရမှာလား။
သူ ဘာတွေ တွေးနေတာလဲ။
အိပ်ခန်းထဲမှာ ကျန်နေတဲ့
လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။ ကျီချင်းချင်းက လုလီရှင်းအနားမှ ထွက်သွားပြီး
ဖုန်းကိုင်လိုက်သည်။ သူမသည် ခေါ်ဆိုသူနာမည်ကို စစ်ကြည့်ရာ ချင်ယွဲ့ထံမှ ဖြစ်သည်။
မနက်ဖြန်ကျရင် ရိုက်ကူးရေး ရှိသည့်အတွက် မနက် ၁၀နာရီမှာ ကုမ္ပဏီကို အရောက်လာခဲ့ရမယ်လို့
ဆိုသည်။
ကျီချင်းချင်းက ချက်ချင်းပဲ
ပြန်ဖြေသည်၊ “ကောင်းပါပြီ။ အစ်ကိုချင်၊ မနက်ဖြန် အချိန်မှန် ရောက်လာခဲ့မှာမို့
စိတ်မပူပါနဲ့။”
သူမ ဖုန်းချလိုက်သည်။
ကျီချင်းချင်းသည်
အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေသဖြင့် သူမရဲ့ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း
ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။ သူမ နောက်ဆုံးတော့ အလုပ်ဆင်းနိုင်ပြီပေါ့။
“ခင်ပွန်းရေ၊ ကျွန်မ မနက်ဖြန်ကျရင်
အလုပ်သွားရတော့မယ်။”
-- “ကျန်းမာရေးတန်ဖိုး +1၊ Hostရဲ့
လက်ရှိ ကျန်းမာရေးတန်ဖိုးက ၁၄နာရီ ဖြစ်ပါတယ်။”
လုလီရှင်းသည် ညအိပ်ဝတ်စုံကို
ပြောင်းလိုက်ပြီး ရွှင်လန်းတက်ကြွနေသည့် ကျီချင်းချင်းကို တွေ့လိုက်ရသည်။ သူက
မပြုံးပဲ မနေနိုင်စွာ ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
ဒီအလုပ်က ခြောက်သွေ့ပြီး
စိတ်ဝင်စားစရာ မကောင်းသော်လည်း ကျီချင်းချင်းကတော့ ထိုအလုပ်ကို ပြုလုပ်လိုသည့်
စိတ်အားတက်ကြွမှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။
သူမ ဘယ်လောက်ကြာကြာ
စိတ်အားထက်သန်ပြီး အလုပ်လုပ်မလဲ ဆိုတာကို သူ တွေးနေမိသည်။
***
လုလီရှင်းသည် ထိုညက
ထူးထူးခြားခြားပင် ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့သည်။ ကျီချင်းချင်းသည်
ပထမဆုံးအကြိမ် သူ့ကို သူမရဲ့ ခြေတွေ လက်တွေဖြင့် မပွေ့ဖက်ခဲ့ပေ။
မနက်မိုးလင်းတဲ့အထိ ကောင်းကောင်း အိပ်စက်သွားခဲ့သည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်တော့
ကျီချင်းချင်းဟာ သူ့ဘေးမှာ ဘောလုံးတစ်လုံးလို ကွေးကွေးလေး အိပ်စက်နေတာကို
တွေ့လိုက်ရသည်။ သူမသည် လိမ္မာရေးခြားရှိစွာ အိပ်စက်ခဲ့သည်။
ဒီနေ့က စနေနေ့ ဖြစ်တာကြောင့် သူ့ရဲ့
အားလပ်ရက်ပင် ဖြစ်သည်။ ဒါတောင်မှ လုလီရှင်းက သူ့အတွက် တစ်နေကုန် အနားယူဖို့
အစီအစဥ် မရှိဘူး။ အဲ့ဒီအစား သူက အိပ်ရာထပြီး ကုမ္ပဏီသွားဖို့ ပြင်ဆင်ခဲ့သည်။
ကျီချင်းချင်းသည် အသံတချို့
ကြားရသောကြောင့် သူမ မျက်ဝန်းတွေကို အသာဖွင့်ကြည့်မိသည်။ သူမသည် လုလီရှင်းက
အလုပ်သွားရန် အဆင်သင့် ဖြစ်နေတာကို မြင်လိုက်ရသောကြောင့် “ဘယ်အချိန် ရှိနေပြီလဲ”
လို့ အိပ်ချင်မူးတူး မေးလိုက်မိသည်။
လုလီရှင်းက အချိန်ကို တချက်ကြည့်ပြီး
“ကိုးနာရီ ရှိပြီ” လို့ ဆိုလိုက်သည်။
သူ ရေချိုးခန်းထဲ ဆေးကြောသန့်စင်ဖို့
ဝင်သွားခဲ့သည်။ သူ အပြင်သို့ ပြန်ထွက်လာချိန်တွင် ကျီချင်းချင်းတစ်ယောက်
ကုတင်ပေါ်မှာ လဲလျောင်းနေဆဲ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။