အပိုင်း ၁၀၅
Viewers 15k

Chapter 105



လင်းရုဖေး၏ကိုယ်မှာ အနည်းငယ် အားနည်းကာ သူ့မျက်နှာက ဖျော့တော့နေသော်ငြား သူ၏သွင်ပြင်မှာ ထူးကဲနေကာ လှုပ်ရှားမှုတိုင်းက အလှအပကြိုက်သည့် မိန်းကလေးများအား ဆွဲဆောင်နိုင်သည့် မိသားစုကြီးကြီးမှ သားတစ်ယောက်၏ ပြိုင်ဘက်ကင်းမြင့်မြတ်သည့် ကိုယ်ရောင်ကိုယ်ဝါများ ရှိလေ၏။ သို့သော်ငြား လင်းရုဖေးမှာ သူ့ကိုယ်သူအား သေသေချာချာမသိချေ။အမျိုးသမီးက သူ့လက်မောင်းထဲသို့ ပိုးခြည်ပန်းပွင့်လေးများ ပစ်ထည့်လိုက်၍ အံ့အားသင့်သွားသည့်ပုံမှာ အတော်အတန် ချစ်စရာကောင်းပေသည်။

လင်းရုဖေးက အချိန်အတော်ကြာသည်ထိ စကားတစ်လုံးမှ ဖွင့်ဟမလာချေ။ သူမြင်ဖူးသမျှထဲတွင် အလွတ်လပ်ဆုံးမိန်းကလေးမှာ သူ၏တတိယအစ်မ လင်းဝေရွေ့ပင်။ သို့သော်ငြား အဆုံးတွင် အိမ်၌အစ်ကိုကြီးတစ်ယောက်ရှိနေသေး၏။

လင်းဝေရွေ့မည်သို့ပင် လွတ်လွတ်လပ်လပ်နေပါစေ ပန်းများပစ်ပေါက်လိမ့်မည်မဟုတ်ချေ။ ယခုအချိန်တွင်မူ သူတို့က တာ့ကျင့်သို့ရောက်သည့်အခါ မတူညီသောအလေ့အထနှင့် လူများအား မျက်မြင်တွေ့သွားရပေသည်။

သူတို့က တာ့ကျင့်သို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ ကောင်းကင်ဘုံအုပ်ချုပ်သူနှင့်ဆိုင်သည့် ဘုရားကျောင်းများလည်း ပိုပိုရှိလာသည်။ ဤနေရာရှိဘုရားကျောင်းအချို့မှာ ခမ်းနားကြီးကျယ်ကာ အချို့မှမူ လမ်းဘေးတွင် ကျောက်တုံးနှင့်ဆောက်ထားသည့် ဘုရားကျောင်းသေးသေးလေးများလည်းရှိပေ၏။

သို့သော်ငြား မည်သို့အမျိုးအစားပင်ဖြစ်စေ အထဲတွင်တည်ရှိနေသည်က အနီရောင်ဝတ်ဆင်ထားသည့် ကောင်းကင်ဘုံအုပ်ချုပ်သူပင်။ လင်းရုဖေးမှာ တာ့ကျင့်ပြည်သူတို့၏ ကောင်းကင်ဘုံအုပ်ချုပ်သူအပေါ် ယုံကြည်ကိုးကွယ်မှုအား ကြားထားသည်မှာကြာပြီဖြစ်သော်ငြား သူ့ရှေ့မှဤမြင်ကွင်းများအား ကြည့်ရင်းအံ့အားသင့်နေဆဲဖြစ်သည်။

နောက်ကြောင်းပြန်ရသော် ကောင်းကင်ဘုံအုပ်ချုပ်သူသည် သူ၏မိုးကြိုးအပြစ်ဒဏ်ပြီးနောက်တွင် လူအများစုက ပြောကြသည်က သူကဟင်းလင်းပြင်သို့ ခြေလှမ်းကာထွက်ခွာသွားပြီး မသေမျိုးဘဝသို့ တက်လှမ်းသွားသည်ဟုပင်။ သို့သော်ငြား ကောင်းကင်ဘုံအုပ်ချုပ်သူက မထွက်သွားပါဟူသည့် သေမျိုးများဖြန့်သည့် ကောလာဟာလများလည်းရှိနေသေးသည်။ ထို့အစား သူကအပြစ်ဒဏ်အား ကျရှုံးကာ ကျင့်ကြံခြင်းလျော့နည်းသွား၍ ပုန်းကွယ်ကာနေရန်တွန်းအားပေးခံရသည်ဆိုသည်လည်း ရှိ၏၊ ထို့အပြင် ပြောပြရန်ပင် မတန်သည့် ထူးဆန်းသည့်ပြောစကားများလည်းရှိပေ၏။

ရွှမ်ချင်းမှာ ကောင်းကင်ဘုံအုပ်ချုပ်သူအတွက် မတူညီသည့် စိတ်ခံစားချက်ရှိပုံပေါ်သည်။သူက ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဘုရားကျောင်းအားတွေ့သည်နှင့် ဂါရဝပြုရန် သေချာပေါက်သွားမည်ဖြစ်သည်။ ပိုက်ဆံများများသာကျန်ပါက မီးပူဇော်ရန် အမွှေးတိုင်တစ်ချောင်းဝယ်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူက ယခုအချိန်တွင် ပိုက်ဆံပြတ်လတ်နေကာ အကြွေစေ့သုံးစေ့သာ ကျန်၏။ လင်းရုဖေးက သူ့အားပိုက်ဆံချေးပေးချင်ပါသော်လည်း သူကယူရန် ငြင်းဆန်လေသည်။

“ကိုယတော်က ဒီဘုန်းကြီးရဲ့အတွေးတချို့ကို ကောင်းကင်ဘုံအုပ်ချုပ်သူဆီ ပြောပြရုံလေးပါ"

ရွှမ်ချင်းမှာ ထိုသို့ပြောရင်း : "ကိုယ်တော်သာ တခြားသူဆီက ပိုက်ဆံလက်ခံလိုက်ရင် ရည်ရွယ်ချက်ပြောင်းသွားလိမ့်မယ်... ဒါ့အပြင် ဒါက လင်းကုန်းဇီရဲ့ဟာပဲလေ"

လင်းရုဖေးက သိချင်စိတ်အပြည့်နှင့်မေးလိုက်မိသည်။

"ကျွန်တော့်ပိုက်ဆံက ဘာဖြစ်လို့ပါလဲ"

ရွှမ်ချင်းမှာ ပြုံးလိုက်ရင်း : "ဒီခရီးတစ်ခုလုံးမှာ ကိုယ်တော်က လင်းကုန်းဇီရဲ့ ရထားလုံးကိုစီးခဲ့တယ်...လင်းကုန်းဇီရဲ့အစားအစာတွေစားပြီး လင်းကုန်းဇီကို ဒုက္ခအများကြီးပေးခဲ့မိတယ်...ကိုယ်တော်က ဘယ်လိုများ ပိုက်ဆံတောင်းဖို့ဖြစ်နိုင်မှာလဲ"

ဤစကားလုံးများမှာ မှန်ပေသည်။ သို့သော်ငြား လင်းရုဖေးက အမြဲတမ်းခံစားရသည်က ထိုရွှမ်ချင်း၏ယခုစကားလုံးများမှာ ဤသည်အား ရည်ညွှန်းနေသည်မဟုတ်ကြောင်းပင်။ ဤဘုန်းကြီးမှာ စာအုပ်ကြီးအတိုင်းရှိသည်မဟုတ်ဘဲ လိုက်လျောညီထွေနေရမည်အား သိသောကြောင့် အသေးဖွဲကိစ္စလေးများတွင် အကျပ်ရိုက်မနေသင့်ချေ။ သို့သော်ငြား သူ၏ပြတ်သားသည့် သဘောထားက လင်းရုဖေးအတွက် ဖျောင်းဖျရန်ပင် ခက်ခဲစေ၏။

နောက်ထပ်တစ်ရက်ကုန်လွန်ပြီးသော် သူတို့က တန့်ရှောင်းသို့ ဝင်တော့မည်ဖြစ်သည်။ သို့သော် ကုရွှမ်းတုက ထိုညတွင် ရုတ်တရက်ပေါ်လာသည်။ သူ၏ပုံရိပ်မှာ ဖျော့တော့နေပြီး အသံကလည်း အားနည်းနေသည့်ဟန်။

“အဲ့ဒီနန်းတော်ထဲမှာ ကိုယ့်ကိုကန့်သတ်ထားတဲ့အရာတစ်ခုရှိတယ်...ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးမပြသနိုင်သေးမှာ စိုးရိမ်မိတယ်"

ကုရွှမ်းတုက ဆက်၍ဆို၏၏။

"ရှောင်ကျို့သာ တစ်ခုခုဖြစ်ရင် ရွှမ်ချင်းကိုအကူအညီခေါ်ဖို့ မမေ့နဲ့နော်"

လင်းရုဖေးမှာ ထိတ်လန့်စွာဖြင့် ကြည့်၍မေးလိုက်သည်။

"နန်းတော်ထဲမှာရှိတဲ့အရာက ရှီးလျန့်တောင်တန်းမှာရှိတဲ့အရာနဲ့ အတူတူပဲလား...အကြီးအကဲလိုအပ်တဲ့တစ်ခုခုလေ"

ကုရွှမ်းတုက ​ခဏတာ တုံ့ဆိုင်းနေမိသော်လည်း လင်းရုဖေး၏တောက်လောင်နေသည့် အကြည့်စူးစူးအောက်တွင် သူ့မှာ ခေါင်းညိမ့်သာပြလိုက်ရသည်။

သူက အသံနက်နက်ဖြင့် ဆက်ပြောလေ၏။

"အဲ့ဒီပစ္စည်းသာ အဲ့ဒီမှာဆိုရင် အင်ပါယာမြို့တော်က အရမ်းအန္တရာယ်ရှိလာလိမ့်မယ်...ကိုယ်တို့ရှီးလျန့်တောင်ပေါ်မှာတုန်းကလို ရှောင်ကျို့မစွန့်စားရဘူးနော်"

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။

ကုရွှမ်းတုက ပျောက်ကွယ်မသွားမီ စကားအချို့အား ညွှန်ကြားပေးခဲ့သည်။ ရှီးလျန့်တောင်တန်းပေါ်ရှိ မတော်တဆမှုက ကုရွှမ်းတုအား အလွန်ခြောက်လန့်သွားပုံရကာ တနည်းအားဖြင့် သူက လင်းရုဖေးအား ထပ်မံဖြစ်စေလိမ့်မည်မဟုတ်ချေ။ သူက လင်းရုဖေးမှာ အမှန်ပင် မတော်တဆအချို့ရှိလာမည်အား စိုးထိတ်နေမိသည်။ လင်းရုဖေးကမူ ထိုအချိန်တွင် တာ့ကျင့်နန်းတော်တွင်ရှိနေသည့် ယင်းအရာအား တိတိကျကျသိချင်နေမိ၏။

___

နံနက်စောစောနေမင်းက ကောင်းကင်ယံထက်ဖြန့်ကျက်တက်လှမ်းလာသည်နှင့် ရထားလုံးသည်လည်း လမ်းမပေါ်သို့ ပြန်ရောက်သွားလေသည်။ ယနေ့တွင် သူတို့က တန့်ရှောင်းသို့ ရောက်နိုင်ပေလိမ့်မည်။ တန့်ရှောင်းတွင် တစ်ညနေပြီးသော် နောက်တစ်နေ့၌ လင်းရုဖေးမှာ လက်ထဲရှိဖိတ်ကြားစာအား ပို့ပေးနိုင်လိမ့်မည်ဖြစ်သည်။

ယင်းက အမှန်ပင်အင်ပါယာမြို့တော်ဖြစ်သည်။ မြို့ထဲမဝင်မီတောင်မှ လင်းရုဖေးမှာ ရှည်လျားမြင့်မားသည့် မြို့စောင့်နံရံများနှင့် လေးလံသည့်လက်နက်များဖြင့် တပ်သားများက ယင်းတို့ဘေးတွင် ရပ်စောင့်နေကြ၏။

လင်းရုဖေးမှာ ရုံးစာရွက်ပေါ်တွင် လက်ဗွေနှိပ်လိုက်သည်။တပ်သားများက ဂရုတစိုက်စစ်ဆေးပြီး သူတို့အားသွားခွင့်ပြုရန် လက်ယမ်းပြလိုက်လေသည်။ သို့သော်ငြား ရွှမ်ချင်းထံရောက်လာသည်တွင် တပ်သား၏သဘောထားမှာ အတန်ငယ် မတူတော့ချေ။ အရင်ဦးစွာ သူတို့က ဤသည်မှာ ဆရာတော်ရွှမ်ချင်းဟုတ်မဟုတ် စိတ်ပါဝင်စားစွာ ထပ်ကာထပ်ကာ အတည်ပြုကြပြီးနောက် ကျေနပ်သည့်အဖြေရမှပင် ချက်ချင်းတစ်ယောက်ယောက်အား စီစဥ်ပေးရန် ပြောလိုက်သည်။

သို့သော်ငြား ရွှမ်ချင်းမှာ လက်ယမ်းပြလိုက်ရင်း တပ်သားများ၏ လှုပ်ရှားမှုအား ဟန့်တားလိုက်ကာ သူက မနက်ဖြန်မှသာ နန်းတော်သို့လာလည်မည်ဖြစ်၍ သူတို့က အထက်ရှိလူများအား မနှောင့်ယှက်သင့်ကြောင်း ပြောလေ၏။

တပ်သားမှာ ထပ်ပြောချင်သော်ငြား ရွှမ်ချင်းက အလွန်ဇွဲမလျော့သည်အား တွေ့ရ၍ အရှုံးပေးလိုက်ရသည်။ သို့စေကာမူ သူက ရွှမ်ချင်းအား တန့်ရှောင်းမြို့ရှိ အကောင်းဆုံးတည်းခိုခန်းတွင် သီးခြားဧည့်သည်အဖြစ်လက်ခံပေးထားသည့် လင်းရုဖေးနှင့်အတူ တည်းဖို့ဖိတ်ကြားရန် တစ်ယောက်ယောက်အား လွှတ်လိုက်ဆဲဖြစ်သည်။

ရထားလုံးထဲတွင် ထိုင်နေရင်း လင်းရုဖေးက ပြုံးကာ သူ့တွင် ယခု ရွှမ်ချင်း၏ဂုဏ်သရေတို့အား ခံစားနေရသည်ဟု ဆိုလာ၏။သို့သော်လည်း ရွှမ်ချင်းမှာ အသာခေါင်းယမ်းပြလိုက်သည်။ သူက သက်ပြင်းချလိုက်ရင်း သူ့တွင် ပေးစရာမရှိ၍ ပြဿနာဖြစ်လာမည်အား စိုးရိမ်မိသည်ဟု ဆိုလာသည်။

“အဲ့ဒါက ဘယ်လိုမျိုး ပြဿနာဖြစ်စေမှာလဲ"

လင်းရုဖေးမှာ အံ့အားသင့်သွားရသည်။

ရွှမ်ချင်းက ဆိုလာ၏။

"ကိုယ်တော် တန့်ရှောင်းကို သုံးကြိမ်လာဖူးတယ်...ပထမနှစ်ကြိမ်တုန်းကလည်း အင်ပါယာမိသားစုဖြေရှင်းရမယ့် ပြဿနာကို ကူညီပေးဖို့ပဲ...ဒါပေမယ့် ဒီလိုဆက်ဆံပုံမျိုးမရဖူးဘူး..."

သူက သက်ပြင်းချရင်း : "ကိုယ်တော့်ကို သူတို့ မသိကျိုးကျွံပြုတာက ပိုကောင်းပါတယ်လေ".

ပို၍ စိတ်အာရုံစိုက်လာခြင်းက အကြောင်းအရာက ပို၍ပြဿနာကြီးဖြစ်သည်ဟု ဆိုလိုခြင်းပင်။ ထို့နောက် တံခါးစောင့်တပ်သားများက သူရောက်လာမည်ကိုတောင်မှ သိနေခဲ့၏။

ရွှမ်ချင်းမှာ "အော်မီတော်ဖော် ဗုဒ္ဓ"ဟုသာ ရွတ်ဆိုနေမိသည်။

သူတို့က တည်းခိုခန်းသို့ ရောက်သည်နှင့် အင်ပါယာမိသားစုက သူတို့အတွက် အပေါ်ထပ်အခန်းများစွာ စီစဥ်ပေးထားပြီး ကျိုက်အစားအစာများ[4]ပါ အမြော်အမြင်ရှိရှိ ပြင်ထားပေးလေသည်။

သို့သော်ငြား ရွှမ်ချင်းမှာ သူက မသက်မသာခံစားနေရ၍ ခြံထဲမှာပဲ ရှိနေမည်ဟု ပွင့်ပွင့်လင်းလင်းငြင်းဆန်ကာ သူ့အခန်းထဲသို့ပြန်သွားရင်းအနောက်ရှိတံခါးအားပိတ်ချလိုက်တော့သည်။ ပထမဦးစွာ လင်းရုဖေးမှာ ဤကိစ္စက သူနှင့်မသက်ဆိုင်သည်ဟု တွေးမိလေသည်။ သို့သော်ငြား ဤလူများက ရွှမ်ချင်းအား ရှာမရ၍ သူက ရွှမ်ချင်း၏မိတ်ဆွေဟု တွေးလိုက်ကာ တစ်ခဏမျှ စကားပြောရန်ဆုံးဖြတ်လိုက်ကြသည်။

လင်းရုဖေးမှာလည်း သူတို့နှုတ်ဖျားမှ နန်းတွင်းရှိကိစ္စမှာ စင်စစ်ကိစ္စကြီးဖြစ်ကြောင်း သိလိုက်ရသည်။ အင်ပါယာထီးနန်းဆက်ခံသူ ခြောက်ယောက်မှသုံးယောက်မှာ နှစ်ဦးက အပြင်းအထန်ဒဏ်ရာရကာ တစ်ဦးက သတိလစ်မေ့မျောနေ၏။ ကျန်သည့်သုံးယောက်မှာလည်း အဆုံးစွန်သော အခြေအနေတွင်ရှိနေကာ စိတ်ကယောင်ချောက်ချားဖြစ်သည်ထိ ကြောက်ရွံ့နေကြသည်။ ဤကိစ္စဖြစ်နေသည်မှာ တစ်လနီးနီးရှိပြီဖြစ်သော်လည်း ပြည်သူလူထုက အထိတ်တလန့်ဖြစ်လာမည်စိုး၍ သတင်းအားမပေါက်ကြားရဲချေ။ သို့သော်လည်း မကြာသေးမီကပင် လူများအကြား ကောလဟာလထွက်လာသေး၏။ ဤသို့သာ ဆက်ဖြစ်နေပါက ဤကိစ္စအားအလုံးစုံဖုံးကွယ်ထားနိုင်တော့မည်မဟုတ်။ ဤသို့သောအကြောင်းပြချက်ကြောင့် အင်ပါယာမိသားစုက နန့်ယင်းဘုရားကျောင်းမှ ဘုန်းကြီးတစ်ဦးဖြစ်သည့် ဆရာတော်ရွှမ်ချင်းအား ကိစ္စများအား တတ်နိုင်သရွေ့ ငြိမ်ငြိမ်သက်သက်ဖြစ်သွားစေအောင်လုပ်ပေးရန် ဖိတ်ကြားရခြင်းပင်။

လင်းရုဖေးက သူ့ကိုယ်သူအား လင်းမိသားစုဝင်အဖြစ် မိတ်ဆတ်ပေးလိုက်ပြီးသည်တွင် သူတို့က မနက်ဖြန် နန်းတွင်းသို့ရွှမ်ချင်းနှင့်အတူ လိုက်ပါလာရန် နွေးထွေးစွာဖိတ်ကြားလိုက်ကာ မင်းသားပိုင်ထျန်းရွေ့က ကျေနပ်နေလိမ့်မည်ဖြစ်ပြီး လင်းရုဖေးကသူ့ထံသို့ ဖိတ်ကြားစာအား အဆင်သင့်ပေးနိုင်ကြောင်းပြောလာ၏။ လင်းရုဖေးက တစ်ခဏမျှတွေးပြီးသော် လက်ခံလိုက်လေသည်။

ထိုလူများ မထွက်သွားမီ သူတို့က တန့်ရှောင်းတွင် ညမထွက်ရအမိန့်ရှိ၍ လင်းရုဖေးအား စောစောနားရန်နှင့် အပြင်ဘက်သို့လျှောက်မသွားရန်အား မမေ့စေရန် ပြောလာသည်။

လင်းရုဖေးပါးစပ်မှ သဘောတူလိုက်သော်ငြား သူ့ရင်ထဲတွင်မူ နောင်တရမှုများလွှမ်းမိုးလာသည်။ တန့်ရှောင်းမှာ ညမီးရောင်ရှုခင်းများကြောင့် ကျော်ကြားသည်ဖြစ်ကာ သူရောက်ရောက်ချင်းမှာပင် ညမထွက်ရအမိန့်နှင့် ပက်ပင်းတိုးလိမ့်မည်ဟု မမျှော်လင့်ထားချေ။

တန့်ရှောင်းသို့ ရောက်ပြီးသည့်နောက် ကုရွှမ်းတုမှာ အပြီးပျောက်ကွယ်သွားလေသည်။ သူ့မည်မျှပင် အိပ်ရခက်သည့်ပြဿနာရှိနေသော်ငြား သူက လင်းရုဖေးနှင့်အတူ စကားလာမပြောပေးတော့ချေ။

လင်းရုဖေးမှာ စိတ်ထဲတစ်ခုခုထင့်နေမိ၍ ကောင်းကောင်းအိပ်မပျော်နိုင်ချေ။ သူက တစ်ချိန်လုံးလူးလွန့်ကာ လှည့်နေမိပြီး အဆုံးတွင် မနက်ခင်း၏ပထမဆုံးအလင်းရောင်က ရောက်လာချေပြီ။

သူက မနက်ခင်းတွင်ဆေးကြောသန့်စင်ပြီး ထွက်လာသော် ရွှမ်ချင်းက စားပွဲတွင်ထိုင်နေကာ နံနက်စာစားနှင့်နေပြီအား တွေ့လိုက်ရသည်။ သူက ပြုံးပြလိုက်ရင်း လင်းရုဖေးအား နှုတ်ဆက်လိုက်ကာ မနေ့ညက အိအ်ရတာမည်သို့အခြေအနေရှိကြောင်း မေးလာ၏။

“သိပ်မကောင်းပါဘူး" လင်းရုဖေးက သမ်းဝေလိုက်သည်။

"ကိုယ်တော်လည်း ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး"

ရွှမ်ချင်းက ဆိုလိုက်သည်။

“ဘာများလဲ..နန်းတွင်းထဲမှာ ဖြစ်နေတာနဲ့ပတ်သတ်ပြီး စိုးရိမ်နေလို့လား" လင်းရုဖေးက မေးလိုက်သည်။

ရွှမ်ချင်းက တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိမ့်ပြလိုက်ရင်း : "ဒီကိစ္စကိုသာ မဖြေရှင်းရင် ဒီဘုန်းကြီးက ဆာလောင်မှုကြောင့် တကယ်သေသွားမှာ စိုးမိပါတယ်"

သူက ဤသို့ပြောနေရင်း ပိုက်ဆံအိတ်အား ဆွဲထုတ်လိုက်၏။အထဲတွင်ကျန်သည့် အကြွေစေ့သုံးစေ့က လွန်ခဲ့သောရက်အနည်းငယ်က အမွှေးတိုင်ဝယ်ရန် သုံးပြီးချေပြီ။ ယခုအချိန်၌ လေသာရှိကာ ခါလိုက်သည်နှင့် မည်သည်မျှထွက်မလာချေ။

သူက အလွန်တည်တည်ငြိမ်ငြိမ်ပြောနေသော်ငြား လင်းရုဖေးမှာ မရယ်ရမနေနိုင်အောင်ပင်။

"ဆရာတော် ရွှမ်ချင်း...စိတ်ပူစရာမလိုပါဘူး...သေလောက်သည်အထိ စားစရာမရှိရင် ကျွန်တော့်ကို လာရှာပါ...ဆရာတော်ကြိုက်မှာသေချာတဲ့ ကျိုက်အစားအသောက်တွေရှိပါတယ်"

ရွှမ်ချင်းက တည်တည်ငြိမ်ငြိမ်ဆိုလာ၏။

"ဒါဆို ကိုယ်တော်က လင်းကုန်းဇီရဲ့ကြင်နာမှုကို အရင်လက်ခံပါ့မယ်"

သူတို့က စကားပြောကောင်းနေစဥ်တွင် နန်းတွင်းက ရထားလုံးမှာ မပေါက်ဝ၌ရပ်နေချေပြီ။ အနီရောင်အစောင့်ဝတ်စုံဝတ်ထားသည့် ဓါးနှင့်အစောင့်က သူတို့နှစ်ဦးထံလျှောက်လာသည်။ သူက လေးစားသမှုနှင့် လက်ကိုဆုပ်အရိုအသေပြုရင်း သူ၏စူးရှသည့်အကြည့်အား လင်းရုဖေးမှတဆင့် ရွှမ်ချင်း၏မျက်နှာသို့လွှဲလိုက်ကာ : "သင်တို့က လင်းကုန်းဇီနဲ့ဆရာတော်ရွှမ်ချင်း ဟုတ်ပါတယ်နော်"

ရွှမ်ချင်းနှင့် လင်းရုဖေးမှာ ခေါင်းညိမ့်ပြလိုက်လိုက်သည်။

“ဒီလမ်းအတိုင်းပါ ကျေးဇူးပြုပြီး"

အစောင့်က လက်မြောက်ပြလိုက်ရင်းအပေါက်ဝရှိ ရထားလုံးထံ ညွှန်ပြလာသည်။

"အရှင်မင်းကြီးး[5]က နန်းတွင်းမှာ စောင့်နေပါတယ်"

အရှင်မင်းကြီးမှာ လက်ရှိတာ့ကျင့်ဧကရာဇ်ဖြစ်ကာ ရွှမ်ချင်း၏ဇာတ်လမ်းထဲမှ အကြီးဆုံးမင်းသားလည်းဖြစ်၏။သူ၏မျိုးရိုးနာမည်မှာ ပိုင်ဖြစ်ပြီး ပိုင်ကျင့်လွင်ဟုခေါ်ကာ မင်းသားပိုင်ထျန်းရွေ့၏သွေးတစ်ဝက်အစ်ကိုဖြစ်သည်။ သူက ပိုင်ထျန်းယွီထက် သုံးနှစ်ကြီးလေသည်။

လင်းရုဖေး၊ ဖူဟွား၊ ယွီရွေ့နှင့် ရွှမ်ချင်းတို့သည်လည်း အတူတကွ ရထားလုံးထဲသို့ရောက်သွားကြ၏။

ခန်းဆီးမှာချထားပြီး မောင်းသူက ကြာပွတ်အားမြောက်လိုက်သည်။

တာ့..တာ့..

ကျောက်ခင်းလမ်းဖြင့် ထိရိုက်မိသည့် ခွာသံများထွက်လာ၏။

အစောင့်မှာ ရထားလုံးထဲသို့ လင်းရုဖေးနှင့် အခြားသူများနှင့်အတူ ဝင်လိုက်ကာ လင်းရုဖေးနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူက တည်ငြိမ်ပြီး သူ့ကိုယ်မှာ တစ်ခုခုအားစောင့်ကြပ်နေသည့်ဟန် အလွန်အမင်း အာရုံစူးစိုက်မှုအပြည့်ဖြစ်နေသည်။

“တတိယမင်းသမီးကရော ဘာတွေလုပ်နေပါသလဲ"

ရွှမ်ချင်းက မေးလာ၏။

အစောင့်က သို့သော်လည်း လင်းရုဖေးအားကြည့်နေဆဲဖြစ်ကာ သူ့ရှေ့မှအပြင်လူရှေ့၌ အင်ပါယာမိသားစု၏သီးသန့်အရေးကိစ္စအား ရှင်းပြရန်တွန့်ဆုတ်နေမိသည်။

ဤသည်အား မြင်သော် ရွှမ်ချင်းက မထူးခြားစွာ ဆိုသည်။

"လင်းကုန်းဇီရဲ့မိသားစုက အပြင်လူမဟုတ်ဘူး...အဲ့တာပြောလိုက်လို့ နစ်နာသွားတာ မရှိပါဘူး"

အစောင့်က တိုးတိုးပြောမလာမီ တစ်ခဏမျှတွန့်ဆုတ်နေမိသည်။

"တတိယမင်းသမီးက သတိလစ်နေတုန်းပါပဲ...ကျွန်တော်တို့ ပတ်ပတ်လည်မှာ တည်ဆောက်ပုံ [ အစီအရင် ] ချဖို့ ဆရာတော်ရွှမ်ချင်းရဲ့အရင်ကညွှန်ကြားမှုနောက်လိုက်ပြီးပါပြီ...ဒါပေမယ့် အများကြီးအသုံးမဝင်ဘူးဖြစ်နေတယ်"

“အဲ့ဒီအရာက ထပ်လာသေးလား"ရွှမ်ချင်းက ထပ်မေးလေ၏။

“သူ လာတယ်"

အစောင့်က ဤသည်အားပြောရင်းသွားကြိတ်လိုက်သည်။

သူက သူ့နာဖူးထက်ရှိသွေးကြောများ ပေါက်ထွက်သွားသည်ထိ အံတင်းတင်းကြိတ်၍ဆို​လာ၏။

"မနေ့ညက..အဲ့တာက အရှင်မင်းကြီးရဲ့စက်တော်ခေါ်တဲ့အခန်းဆီ သွားခဲ့တာ"

သူက ဤစကားအားပြောပြီးသည်နှင့် ပင့်သက်အနည်းငယ်ရှိုက်လိုက်ရင်း "ဒါပေမယ့် တံခါးစောင့်တွေက ဘာမှမမြင်ဘူးတဲ့"

ရွှမ်ချင်း၏မျက်နှာအမူအရာမှာ ပုံမှန်ထက် အာရုံစူးစိုက်နေသည်။

"စက်တော်ခေါ်တဲ့အခန်း...အဲ့ဒီအရာက ဝင်လာခဲ့တာလား"

“ဟုတ်ပါတယ်"

အစောင့်က ဖြေကြားလိုက်ရင်း : "အဲ့ဒီကောင်က ဒါဇင်နဲ့ချီတဲ့ သွေးလက်ရေးတွေကို အရှင်မင်းကြီးရဲ့ဘေးဘက်နားက စက် .......”

ရွှမ်ချင်းက သူ့စကားများအား နက်နက်ရှိုင်းရှိုင်း တွေးနေမိ၏။

လင်းရုဖေးမှာ အတော်လေးစိတ်ဝင်စားလာရသည်။

အရာ..အဲ့ဒီအရာက ဘာလဲ..ကုရွှမ်းတု လိုချင်တဲ့အရာလား..။

သို့သော်ငြား ဖော်ပြချက်အား နားထောင်ပြီးသည်တွင် ထိုသို့ဖြစ်ဟန်မတူချေ။ ထို့ထက် သူတို့ပြောနေကြသည်က သက်ရှိအရာများအား ရွေ့လျားနိုင်သည့် တစ်ခုခုအကြောင်းနှင့်တူသည်။

"မင်းသားက နန်းတွင်း မ၀င်ခဲ့ဘူးလား" ရွှမ်ချင်းက ထပ်မေးလိုက်။

“ဝင်ခဲ့တယ်...ညတုန်းက သူလည်းဘုရင်ကြီးဘေးက အခန်းမှာ စက်တော်ခေါ်နေခဲ့တာ..ဒါပေမယ့် ..သူကလည်း ထူးခြားတာတစ်ခုမှ သတိမထားခဲ့ဘူး"

အစောင့်က ခါးသက်သက်ပြုံးလိုက်ရင်း : "ဒါက ဘာကြောင့် အရှင်မင်းကြီကး အလျင်လိုနေရတယ်ဆိုတာပါပဲ"

ကျင့်ကြံခြင်းအဆင့်ရှစ်ရှိသည့် ဓါးသမားကတောင် မချေမှုန်းနိုင်သည့် တစ်ခုခုမှာ မည်သည်အရာဖြစ်လိမ့်မည်နည်း။ ဤအချက်ကြောင့် လင်းရုဖေးက နောက်ဆုံးတွင်ကုရွှမ်းတုဆိုလိုချင်သည့် ပြဿနာအား ဝိုးတိုးဝါးတား နားလည်သွားပေသည်။


****

စာရေးသူမှာ ပြောစရာရှိတယ်~


ကုရွှမ်းတု : အားနည်းလိုက်တာ...ပိုကောင်းလာဖို့ ရှောင်ကျို့အနမ်းလေးလိုချင်တယ်.. .

လင်းရုဖေးက သရုပ်ဆောင်မှုထဲ စိတ်အားထက်သန်စွာပါဝင်လာပြီး : "ဒါ...နောက်ဆုံးတော့ ခင်ဗျားအလှည့်ပဲ...သနားစရာကောင်းမယ်...အားနည်းပြီးတော့ အကူအညီမဲ့နေမယ်.. "

ကုရွှမ်းတု : ........

ပိုင်ကျင့်လွင်ရဲ့ အသက်အတွက် အနှောင့်အယှက်ပေးတာ[7]ကို ရပ်တန့်ရတော့မယ့်အချိန်ပဲ


─────────────────────────────────────────────────

[1]ပြုံးနေသောကျား..အပြုံးကြီးကြီးနဲ့ ဆိုးယုတ်တဲ့ရည်ရွယ်ချက်ရှိသူပါ

[2]ဒီဟာအတွက် ပိုကောင်းတဲ့စကားလုံးရှိနိုင်ပေမယ့် ကိုယ့်စိတ်ကတော့ ဗလာပါ။ဒီနေရာက စကားလုံး 老က အသက်ကြီးတယ်လို့ ဆိုနိုင်ပေမယ့် ဝါးရလွယ်ပြီး ညင်ညင်သာသာမဟုတ်ဘဲမျိုရခက်တဲ့ အစားအသောက်လိုမျိုးကိုပြောတာပါ..

[3] 桃花( တိုးတိုးတိတ်တ်ိတ်ပြောရမယ်ဆို ဒီဟာတွေက နည်းပညာအရ မက်မွန်ပန်းပွင့်တွေ..ဒါပေမယ့် ဇာတ်လမ်းထဲကအရာတွေကို ဝတ္ထုခေါင်းစဥ်နဲ့ကိုက်သွားအောင် ပြောင်းလိုက်တယ်;^;)တခြားသူကို စိတ်ဝင်စားနေတဲ့သူကို ပြောတာပါ တစ်ယောက်ယောက်က ချယ်ရီပန်းပွင့်နေတာက်ို ပိတ်ဆို့လိုက်ရင်(//မက်မွန်ပန်းပွင့်လေးတွေကို ဟန့်တားလိုက်ရင်)သူတို့က (မင်းကိုစိတ်ဝင်စားနေသူ)ကို မင်းအနားကပ်လာမှာစိုးလို့ တားမြစ်ကြတာပါတဲ့

[4]ဒါနဲ့ပတ်သတ်ပြီး englishစာလုံးရှာလို့မရလို့ပါ..ဒီဟာရဲ့အဓိပ္ပါယ်က "ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပေးကမ်းတဲ့အစားအစာပါ"

[5]ဒီနေရာက 圣人ဆိုတဲ့စကားလုံးက "သူတော်စင်"လို့ဆိုနိုင်ပေမယ့် "လက်ရှိအုပ်ချုပ်နေတဲ့ဧကရာဇ်"လို့လည်းခေါ်ပါတယ်.."သူတော်စင်"လို့သုံးတာက သိပ်အဓိပ္ပါယ်မရှိလို့ "လက်ရှိအုပ်ချုပ်နေတဲ့ ဧကရာဇ်"ကလည်း စကားလုံးများလို့"ဘုရင်ကြီး"လို့ပဲသုံးလိုက်ပါတယ်.

[6]နည်းပညာအရ လက်သီးဆုပ်ပြီး ကြံစည်နေတာပါ..ဒါက မြင်သာအောင်ပြောတာပါနော်

[7]englishမှာရေးထားတာက အဓိပ္ပာယ်က စောင်းပါးရိပ်ခြည်ပြောသလိုမျိုးပါတဲ့

_____

Translated By IQ-Team.