အခန်း၆၄
Viewers 8k

Chapter 64



လင်းရွှမ်က ထိုအပြုအမူလေးကို ပေါ်ပေါ်တင်တင်ဖော်ပြနေသောကြောင့် လင်းယောင်ယောင် မမြင်ဘဲမ‌ေန‌ေပ။သူမက ဒေါသတကြီးဖြင့်...


"တမင်သက်သက်လုပ်နေတာပဲ"

လင်းရွှမ်က ပြန်မငြင်းဘဲ... "ကောင်းပြီ မင်း တိုက်ခိုက်ခံရတဲ့အခါ စွမ်းရည်တွေတိုးတက်လာအောင် သင်ယူရဦးမယ်..."


လင်းယောင်ယောင်: ............


သူမက အန္တရာယ် ကြားထဲတွင်ရှိေနလျှင်ပင် လင်းရွှမ်ပြောပြဖူးသောနည်းဗျူဟာအချို့အတိုင်းလိုက်ပြီး သင်ယူရင်း အသုံးချရင်း ဖြည်းဖြည်းချင်း နားလည်လာသည်။သို့သော်လည်း B-XI မှာ အထိအခိုက်ပျက်စီးမှုများလာသောကြောင့် တိုက်ပွဲတွင် သူမ ခဏခဏရှုံးနေရဆဲဖြစ်သည်။


လင်းရွှမ်က သူမကို ရံဖန်ရံခါလွှတ်ပေးလိုက်ခြင်းမှာ သူမကိုယ်သူမ ဇွတ်အထင်မကြီးလာစေရန် ဖြစ်ပြီး လေသံအေးအေးလေးဖြင့်သာ

"မင်းအခု အရမ်းအားနည်းနေသေးတယ် အရှုံးဆိုတာ ရှောင်လွှဲလို့ မရပါဘူး နိုင်တာပဲဖြစ်ဖြစ်ရှုံးတာပဲဖြစ်ဖြစ် ကိုယ်မင်းနဲ့အတူရှိနေမှာပါ"


လင်းရွှမ်၏ နှစ်သိမ့်မှုစကားများကြောင့် သူမရင်ထဲရှိအပူမီးများ ချက်ချင်း ငြိမ်းသွားစေပြီး သူမက အပြုံးလေးဖြင့်...

"အင်း ညီမလေးက အရှုံးကို လက်မခံတဲ့လူတစ်ယောက်မဟုတ်ပါဘူး အရန်ကုထုံးပညာရှင်တစ်ယောက်ပဲဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ ကြိုးစားတာပါ တကယ့်ဆရာကြီးနဲ့တွေ့ရင်တော့ ရှုံးရတာ ပုံမှန်ပါပဲ"


လင်းရွှမ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး....


"ဟုတ်တာပေါ့ မင်း အစွမ်းတွေအရမ်းထက်လာတဲ့အခါ ကိုယ့်ကို မလိုအပ်တော့ရင် ဘယ်လိုလုပ်ရမလဲ..."

လင်းယောင်ယောင်က သူ၏ ခလုတ်မထိတထိရန်လာစမှုများကို နေသားကြလာပြီး မသိချင်ယောင်ဆောင်ထားပေးလိုက်သည်။နစ်ကိုက သူမ၏နောက်ထပ်စိန်ခေါ်မှုကို ငြင်းခဲ့ပြီး chat box မှတစ်ဆင့်...


"ဒီတစ်ခါ အဓိကမောင်းနှင်သူနေရာကနေတိုက်ပေးဖို့

ဆရာတစ်ဆူ ရွှမ် ကို စိန်ခေါ်ပါတယ် ပြီးတော့ မင်းရဲ့ မူရင်းမက်ခါ ကို ပြန်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်"


နောက်ဆုံးတွင် "ပဲနီအုန်းနို့" ကို သူအနိုင်ရခဲ့သော်လည်း ဂုဏ်ယူစရာသိပ်မရှိပေ။ရွှမ် က "ပဲနီ အုန်းနို့" ကို ညွှန်ကြားချက်များ သိပ်မပေးတော့သောကြောင့် အနိုင်ရလိုက်ခြင်းဖြစ်နိုင်ပြီး အများစု တိုက်ကွက်များက"ပဲနီအုန်းနို့" ကိုယ်တိုင် ရုန်းကန်တိုက်ခိုက်နေသည်မှာ သိသာသည်။


သူမ၏ တိုက်ခိုက်ရေးစွမ်းရည်က အတော်ညံ့ဖျင်းနေသေးသော်လည်း တိုက်ပွဲအရှိန်မြှင့်လာသည်နှင့်အမျှ "ပဲနီ အုန်းနို့" က အဆက်မပြတ် တိုးတက်လာသည်ကို မြင်နိုင်သည်။အမှားတစ်ခုချင်းစီကို သိသိသာသာ ပြုပြင်ရင်း တန်ပြန်တိုက်ကွက်ဆင်မှုများမှာ

မရင့်ကျက်သေးသော်လည်း ထူးထူးခြားခြားအချက်များ ပြတ်တောက်မှု မရှိပေ။ နာမည်ကြီးဆရာတစ်ယောက်၏ညွှန်ကြားချက်များအတိုင်း ထိုက်တန်ပါပေသည်။


သို့သော် အထင်ကြီးစရာကောင်းသော နတ်ဘုရားအဆင့် မာစတာ ရွှမ်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် နစ်ကို ဘယ်မိန်းကလေးမျိုးကိုမဆိုရင်ဆိုင်ရဲသည်။ သူက ရွှမ်နှင့် အဆင့်မြင့်မြင့်ကြမ်းတမ်းခက်ခဲသော တိုက်ပွဲဝင်ရန် အလွန်စိတ်အားထက်သန်နေသည်။သူ့ကို ခွေးတစ်ကောင်လို စော်ကားလျှင်တောင်မှ စိတ်လှုပ်ရှားပြီး စောင့်မျှော်နေမည်။


မမျှော်လင့်ဘဲ သူ့ဆီပြန်လာသော မက်ဆေ့ချ်က... "ငါ့သူငယ်ချင်းလေးကိုပဲ သင်ပေးချင်တာ ငါ့မှာ အချိန်မရှိဘူး"


နစ်ကိုက စာတစ်စောင်ထပ်ပို့သော်လည်း အချက်ပေးသံမြည်လာသည်။


"ဟယ်လို မင်းသူငယ်ချင်းက ဂိမ်းထဲမှာရှိနေပါပြီ ကျေးဇူးပြုပြီး နောက်မှဆက်သွယ်လိုက်ပါ"


လင်းရွှမ်က လင်းယောင်ယောင်အား သာမန် မက်ခါစစ်မြေပြင်သို့ ခေါ်သွားပြီး အဆင့်မတူသော အခြားပြိုင်ဘက်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်စေသည်။

သူ့အသွင်အပြင်အမှန်ကြောင့် ပြဿနာများမဖြစ်စေရန်အတွက် ဂိမ်းထဲတွင် အမည်ဝှက်ဖြင့်သာ ပါဝင် ကစားခဲ့သည်။


လင်းယောင်ယောင်ကလဲ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက်သာ မက်ခါကို သင်ယူနေပြီး တကယ်တိုက်ပွဲဝင်သူဟူ၍ မလိုလားသော ဆက်သွယ်မှုများအတွက် အချိန်အများကြီး ဖြုန်းရန် ဆန္ဒမရှိသောကြောင့် သူမက တိုက်ပွဲတွင် အမည်မဖော်ဘဲ ကစားပြီး friend ဆော့၀ဲလ် ကိုပါပိတ်လိုက်သည်။

နယ်ပယ်သစ်ထဲသို့ သူမ ဝင်ရောက်လာသောအခါ အတွေ့အကြုံမရှိ နုနယ်သေးသော်လည်း မာစတာအဆင့်ဖြစ်သူ သူမ၏ပထမပြိုင်ဘက်က ထူးချွန်လွန်းသောကြောင့် လင်းရွှမ် ညွှန်ကြားမှုလုံး၀မရှိလျှင်တောင်မှ လက်ရှိအင်အားဖြင့် အခြားပြိုင်ပွဲ၀င်များအား အပြတ်အသတ်အနိုင်ယူနိုင်သည်။သူမသည် သာမန်တိုက်ပွဲပလက်ဖောင်းအတွင်း မကြာခဏ ရှုံးနိမ့်နေသော်လည်း အားလုံးထဲတွင် အရှုံးထက် အောင်ပွဲများ ပိုများနေသေးသည်။


ညသန်းခေါင်အိမ်ပြန်ချိန်ရောက်နေပြီဖြစ်သော်လည်း သူမက လန်းဆန်းတက်ကြွစွာဖြင့် ကစားပွဲအတွင်း နှစ်မြုပ်နေသေးသည်။လင်းရွှမ်က သူမခေါင်းကို အသာအယာထိလိုက်ကာ...


"ကိုယ့်ညီမလေး ယောင်ယောင် က အရမ်းတော်တာပဲ"


အကယ်၍ သူမသည် လင်းရွှမ်၏ လက်အောက်ငယ်သားတစ်ဦးဖြစ်ခဲ့ပါက ထိုမျှလောက်သော အောင်မြင်မှုဖြင့် ကောင်းမွန်သော ချီးကျူးစကားပြောမည်မဟုတ်ပေ။သို့သော် သူ့ကလေးမလေးက စိတ်ကြီး၀င်ပြီးအလွယ်အကူရောင့်ရဲတတ်သူတစ်ဦးမဟုတ်ပေ။သူမ၏ ထူးချွန်မှုက သိသိသာသာတိုးတက်နေပြီဖြစ်သောကြောင့် အလွန်ခြေကုန်လက်ပန်းကျပင်ပန်းသွားမည်ကို စိုးရိမ်နေမိသည်။သူကလဲ ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေမှုကြောင့်ကောင်မလေး ငြိုငြင်သွားမည်ကိုလဲ ကြောက်သည်။


ယခုအတောအတွင်း လင်းယောင်ယောင်က လင်းရွှမ်အပေါ် ပိုမို သက်တောင့်သက်သာဖြင့် ရင်းနှီးလာပြီး စည်းများကိုလဲ အတင်းတားမနေတော့ပေ။မောင်နှမလို ရင်းနှီးသောခံစားမှုမျိုးမဟုတ်တော့ပေ။သူမက မျက်နှာမော့ပြီး ပြုံးပြလာကာ...


"ဆရာ လင်းက အရမ်းတော်တာပဲ ညီမလေးကို ကောင်းကောင်း သင်ပေးတယ် အာ... ဆယ်နာရီခွဲနေပြီပဲ...တစ်နေ့ကုန်သွားပြီပေါ့"


လင်းရွှမ် အတော်လေးစိတ်အားငယ်စွာဖြင့်... "အင်း ကိုယ်ခဏခဏလာလို့ ရမှာမဟုတ်ဘူး..."


လင်းရွှမ်က ယနေ့ညအမှီ စတားနက်ပေါ်တွင် အကောင်းဆုံးကြိုးစားမှရမည်။ယခုအချိန် သူ့ဘက် က တပ်သားများကိုလည်း ပြန်လည် စုစည်းရန်လိုအပ်နေပြီး ချက်ချင်းအမြန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်သေးသော်လည်း ရန်သူဘက်က အခြေစိုက်စခန်းတွင် ရှိနေလျှင် သူ့ဘက်ကလဲ အခြေစိုက်စခန်းအဆင့် သတိပေးချက် ရရှိမည်ဖြစ်သည်။သို့သော်လောလောဆယ်တွင် သူ အရူးအမူးမလုပ်ဆောင်နိုင်သေးပဲ အွန်လိုင်းပေါ်ကြာကြာနေနိုင်သော ခွန်အားမရှိသေးပေ။

စစ်တပ်တစ်ခုလုံး၏ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနှင့် ကိုယ်ရေးကိုယ်တာအချစ်ဇာတ်လမ်းကြောင့် မစ်ရှင်များကို မနှောင့်နှေးစေချင်ပေ။ညိုးနွမ်းအားငယ်နေသော နက်မှောင်သောမျက်၀န်းကျဥ်းကျဥ်းးတစ်စုံက လင်းယောင်ယောင်ကို မျှော်လင့်တကြီး ကြည့်နေသည်။


လင်းယောင်ယောင်:...


"အနမ်းပေးပါဦး ဖက်ထားပေးပါဦး"ဟူသော တောင်းဆိုမှုများကို သူမ ဘာကြောင့် ဒီကောင်လေးမျက်၀န်းကနေ မြင်နေရတာလဲ...


သူမ ရုတ်တရက် လုပ်ငန်းစဉ်တစ်ခုလုံးကို နည်းပညာကျွမ်းကျင်သူမောင်လေး လုလင်းမှ စောင့်ကြည့်နေကြောင်း သတိရလိုက်ပြီး အပြင်လူ ရှိနေတာကို ဤနေရာမှာ နမ်းလိုက်ခြင်း သို့မဟုတ် တစ်စုံတစ်ခုပြုမူလိုက်ခြင်းက သူမအတွက် လုံး၀မဖြစ်နိုင်ပေ။

နည်းပညာကျွမ်းကျင်သူမောင်လေး မရှိဘူးဆိုလျှင်တောင်မှ မိန်းကလေးဘက်က စနမ်းလိုက်လျှင် ဘယ်လောက်တောင်မသင့်တော်လိုက်မလဲ...။


သူမမျက်နှာ အနည်းငယ်နီရဲလာပြီး ပူထူသွားကာ...

"အာ ဒါဆို အစ်ကိုကြီး ထပ်ပြီး ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပါနော်...မစ်ရှင်ပြီးသွားရင် အိမ်မှာ တွေ့ကြတာပေါ့"


ပြောပြီးပြီချင်း လင်းယောင်ယောင် ချက်ချင်းလိုင်းပိတ်သွားသည်။ ကလေးမလေး၏ နူးနူးညံ့ညံ့ စကားလုံးတွေက အရမ်းကိုသူစိမ်းဆန်နေပါလား...

လင်းရွှမ် နှလုံးသားတစ်ခုလုံး ချိုမြိန်သော ပူဖောင်းလေးများပြည့်နေသော်လည်း မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး ဖျတ်ခနဲ သူ၏ စိတ်စွမ်းအား အချက်အလက်များကို တိတ်တဆိတ်စောင့်ကြည့်နေသော ထောင့်သို့ လျှောက်သွားလိုက်သည်။


ဒီကောင်သာမရှိရင် အိပ်ခါနီးအာဘွား ရဦးမယ်...


လုလင်းက မကျေမနပ် အထွန့်တက်ကာ...

"...ဘော့စ် ကျွန်တော်ထောင့်မှာ တိတ်တိတ်လေးကပ်ပြီး နေနေတာပါ အချက်ပေးအသံတစ်ခုတောင် မမြည်ဘူး... အတင်းကျွေးတဲ့ ခွေးစာတွေလဲ စားရပြီးပါပြီဗျာ အိုးလိုက်ကြီး သယ်သွားခိုင်းဦးမလို့လား..."


လင်းရွှမ်: "..."


အနမ်းမခံလိုက်ရသော်လည်း ကလေးမလေးအား ချစ်ခင်ကြောင်း သူ၏ ခံစားချက်အစစ်အမှန်များကို မကြာခဏဖော်ပြခဲ့သောကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသည်။


တနင်္ဂနွေနေ့တွင် လင်းယောင်ယောင်က စတားနက်ပေါ်တွင်တစ်နေကုန်ရှိနေပြီး ဟွာနို့ပထမစစ်တက္ကသိုလ်မှ စာအုပ်များနှင့် ပစ္စည်းများအား ဝင်ရောက်ကြည့်ရှုရန် သူမ၏ S-အဆင့် စာဖတ်ခွင့်ပြုချက်ကို အသုံးပြုခဲ့သည်။ဤကမ္ဘာကြီးထဲ မတော်တဆထိခိုက်မှုမျိုးမရှိလျှင် သူမ နှစ်ပေါင်း ရာချီပြီး အသက်ရှင်နေနိုင်ပြီး ယခုထက်ပို လေ့လာသိရှိနိုင်မှာသေချာသည်။

အထူးသဖြင့် အစားအသောက်ဖြည့်စွက်ကုထုံး နှင့် ဆေးဝါး ဆိုင်ရာအချက်အလက်များ၊ တိုက်ပွဲ နိဒါန်း၊Green starများ၊ တွင်းနက် နှင့် ပတ်သက်သော အချက်အလက်များ...လေ့လာသင်ယူနေပြီး အလုပ်ရှုပ်ရင်း အချိန်ကုန်လာလိမ့်မည်။


သူမ၏ လက်ရှိသူငယ်ချင်းများ၊ဆရာများနှင့် အတန်းဖော်များဖြင့် အဓိက အချိန်ဖြုန်းဖြစ်နေပြီး မနက်အိပ်ရာနိုးမှ အိပ်ယာမဝင်ခင်ထိ "မင်္ဂလာနံနက်ခင်းပါ" နှင့် "ကောင်းသောည" စကားတို့ကြောင့်သာ ထိုလူအကြောင်းကို အကြောင်းတိုက်ဆိုင်စွာ တစ်ခါတစ်ရံတွေးတောမိသည်။အရန်ကုထုံးဌာနရှိ ကျောင်းသားအားလုံးကဲ့သို့ပင် သူမက"ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲအတွက် စတင်ပြင်ဆင်နေကာ အဆင့်နိမ့် အသားပါဝင်ပစ္စည်းများကို ကိုင်တွယ်ရန် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်နေသည်။


ထို့အပြင် Weibo တွင် သင်ကြားရေးဗီဒီယိုကို နေ့စဉ်အချိန်မှီတင်ရန်နှင့် "ရှေးခေတ်တရုတ်အစားအသောက်အိမ်" ၏ မွမ်းမံမှုများကို ဆက်လက်လုပ်ဆောင်ရန်လဲ လိုအပ်သည်။နောက်ပြီး သူမက အစ်မဖုယင်းကိုလည်း အရသာပိုကောင်းသေား တရုတ်ဟင်းချက်နည်းများကို သင်ပေးပြီး နောင်တွင် သူမ အလုပ်များလာသောအခါ နေ့တိုင်း ကိုယ်တိုင်လာချက်ပြုတ်ပေးရန် မလိုသလို အစားအသောက်များကလဲ ပိုခံတွင်းတွေ့လာစေမည်။


တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ေ၀့ယွမ်၊ ချောင်းမင်ယောင်နှင့်ယဲ့ရှီးတို့ သူငယ်ချင်းများနှင့်လဲ ဗီလာတွင် ရံဖန်ရံခါ၊ အစားအသောက် ကုထုံးဆိုင်တွင် ရံဖန်ရံခါ တွေ့ဆုံဖြစ်ကြသည်။


ထို့အပြင် ရှော့ပင်းပလက်ဖောင်းမှသူမ၏ "ရှေးတရုတ်စားဖွယ်အိမ်" ကို အမြဲတမ်း ထောက်ခံအကြံပြုပေးနေသော ဖောက်သည် ရှောင်ချီအားကျေးဇူးဆပ်သည့်အနေဖြင့် သူမဖြည့်စွက်အစားအသောက် အများအပြားပြုလုပ်သောအခါတွင် သူ့အား မျှဝေပေးလေ့ရှိသည်။ သို့သော် သူမကို လင်းရွှမ်က ရှောင်အမည်ဖြင့်လူအားလုံးနှင့် ခပ်ဝေးဝေးနေရန် မှာထားသောကြောင့် အပြင်မှာ ရှောင်ချီ သူမထံ လာတွေ့လျှင် မနှစ်သက်ကြောင်း ပွင်းပွင်းလင်းလင်းပြောပြထားသည်။


သူမ၏ မက်ခါလေ့ကျင့်မှုမှာလည်း အထင်သေးရန်မလိုတော့ပေ။ နစ်ကိုက နေ့တိုင်းလိုလို ကစားပွဲအနည်းငယ်ဖြင့် လေ့ကျင့်ရန် သူမအားလာရှာလေ့ရှိသော်လည်း အဓိကအားဖြင့် idol ဖြစ်သူ ရွှမ် ရှိမရှိ စောင့်ကြည့်နေခြင်းဖြစ်သည်။လင်းယောင်ယောင်အား ပြိုင်ဘက်အဖြစ်သတ်မှတ်ထားပြီး ကစားပွဲတွင် လေ့ကျင့်သင်ကြားပေးသူ လင်းရွှမ် မရှိသောကြောင့် သူမ နေရောင်ကို တစ်ခါမျှမနိုင်ဖူးသော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းရည်သည် တဖြည်းဖြည်း တိုးတက်လာသည်။


နေ့စဉ်နှင့်အမျှ သူမသည် မစ္စတာချိုက်နှင့် ဖြည့်စွက်အစာပြုလုပ်ရန် အစားအသောက်ကုထုံးသုတေသနစခန်းသို့ သွားသည့်အခါတိုင်း ဆေးဝါးဗေဒဌာနမှ မစ္စတာကျန်းက သူ့ချစ်တပည့် စုချင်းဟယ်ကို အချိန်တိုင်းလိုလို ခေါ်လာပြီး မပြန်ခင် အစားအသောက်များစားသွားလေ့ရှိသည်။အောက်တိုဘာလကုန်ရောက်သောအခါ "ကျောင်းသားသစ်ဖလား" ဖြည့်စွက်ကုထုံးပြိုင်ပွဲ၏ အစားအသောက်အုပ်စုလိုက် ပြိုင်ပွဲအကြောင်းအရာနှင့် စည်းမျဉ်းများကို လတ်တလော ထုတ်ပြန်လိုက်သည်။


ပါဝင်သော ဟင်းလျာများကို အမျိုးအစား

ငါးမျိုးခွဲလိုက်ပြီး ဟင်းချို၊ အဓိက ဟင်းလျာ၊ အရံဟင်း၊ ပင်တိုင်အစားအစာ နှင့် အချိုပွဲ ဟူ၍ဖြစ်သည်။

စာရင်းသွင်းထားသူများက မိမိတို့နှစ်သက်ရာ ဟင်းလျာများကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ ညသန်းခေါင်မတိုင်မီ ဟင်းပွဲတစ်ခုစီအတွက် မဲပေးသွင်းရန် လိုအပ်၍ အနည်းဆုံး တစ်ခု သို့မဟုတ် နှစ်ခုသာ ရွေးချယ်နိုင်သည်။


နိုဝင်ဘာ ၄ ရက်နေ့မှစတင်၍ ရှော့ပင်းပလက်ဖောင်းမှ စီစဉ်သူက ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ ဟင်းလျာများကို အထူးနည်းပညာဖြင့် အမြောက်အများ ပုံစံတူ ချက်ပြုတ်ပြီးနောက် ပလက်ဖောင်း၏အဆင့်မြင့်ဖောက်သည်များအား မြည်းကြည့်စေပြီး အမှတ်ပေးခြင်းနှင့် မဲပေးခြင်းများ ပါဝင်မည်ဖြစ်သည်။အရင်ဆုံး မဲအများဆုံးရသော ထောင်ပေါင်းများစွာ ဖြည့်စွက်စာများက ပထမပွဲတွင် အောင်ခွင့်ရမည်ဖြစ်သည်။


ဒုတိယအကျော့အဆင့်မြင့်ပြိုင်ပွဲအားနိုဝင်ဘာလလယ်တွင် ပြင်ဆင်ထားသောဖြည့်စွက်ကုထုံးဟင်းလျာများဖြင့် စတားနက်ပေါ်မှာ ကျင်းပမည်ဖြစ်သည်။ပြိုင်ပွဲ၏ တိတိကျကျ အကြောင်းအရာနှင့် အကဲဖြတ်မှု စည်းမျဉ်းများကို မသတ်မှတ်ရသေးဘဲ ထိပ်တန်းအယောက်100 ကိုရွေးချယ်မည်ဖြစ်သည်။

ထို့နောက် ဒီဇင်ဘာလအစတွင် အရန်ကုထုံးအဖွဲ့သုံးဖွဲ့မှ ထိပ်တန်းကျောင်းသားသစ်အယောက် 100 သည် အရှင်သခင်အင်ပါယာတွင် တစ်စုတစ်စည်းထဲ နဖူးတွေ့ဒူးတွေ့ယှဥ်ပြိုင်ရမည်ဖြစ်သည်။


အချက်အလက်များကို သေသေချာချာစစ်ကြည့်ပြီးနောက် လင်းယောင်ယောင်က "ကျောင်းသားသစ်ဖလား" အရန်ကုထုံးအစမ်းပြိုင်ပွဲတွင် သူမယှဥ်ပြိုင်မည့် ဟင်းပွဲများကိုရွေးချယ်ဆုံးဖြတ်လိုက်သည်။




xcxxxx

Ei Thet Hmue