အခန်း၆၅
Viewers 8k

Chapter 65

( ဝေ့မိသားစုထံ သွားလည်ပတ်ခြင်း... )


မကြာသေးမီက၊ လင်းယောင်ယောင် ကို Weibo တွင် ရှေးခေတ်တရုတ်အစားအသောက်များအား သင်ကြားရေးဗီဒီယိုကို နေ့စဉ်အပ်ဒိတ်လုပ်ရန် ပရိသတ်များက တောင်းဆိုခဲ့ကြသည်။ Star Network တွင် virtual ဖြည့်စွက်အစားအစာအသစ်များကို အပ်ဒိတ်လုပ်ရန်အတွက် "ရှေးခေတ်တရုတ်စားစရာအိမ်" ကိုလည်း ပြောထားကြသည်။ ထို့ကြောင့် လင်းယောင်ယောင် သည် Eleven ဖြစ်ကြောင်း မည်သူကမှ သံသယမရှိကြတော့ပေ။


အင်ပါယာ၏ပထမဆုံးတက္ကသိုလ် စစ်ပညာရေးအကယ်ဒမီ ၏ ကျောင်းဖိုရမ်တွင် သူမ၏ "ပီကင်းဘဲကင်" ချက်ပြုတ်နည်းသည် "Eleven" ကို အတုခိုးခြင်း ရှိ၊ မရှိ မေးခွန်းထုတ်သည့် ပို့စ်တွင် ကောမန့်ပေးသူများ၏ အမြင်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုပို့စ်ကြောင့် သူမ၏ Weibo အကောင့်နှင့် Star Network ရှိ စားစရာဆိုင်ကို ရှာတွေ့သွားကြပြီး သူမ ပရိသတ်များ တိုးလာခဲ့သည်။ လူအများအမြင်တွင် "လူချမ်းသာသမီး" နှင့် "ဖက်ရှင်ဘလော့ဂါ" အဖြစ်အမြဲတမ်းတံဆိပ်ကပ်ခံထားရသော သူမသည် "ရှေးခတ်တရုတ်အစားအသောက် ဘလော့ဂါ" အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမ၏ ပရိသတ်များကလည်း မူလက သောင်းချီရှိရာမှ သိန်းချီအထိရှိလာကြသည်။


ယခုအချိန်တွင် စစ်ပညာရေးအကယ်ဒမီ ၏ အစားအသောက်ကုထုံးဌာနမှ ကျောင်းသားဟောင်းများသည် ရှေးဟောင်း တရုတ်အစားအစာများကို လေ့လာချင်လာကြသည်။ အင်ပါယာတစ်ခုလုံးရှိ ငယ်ရွယ်သောတက်သစ်စ အစားအသောက် လက်ထောက်ကုထုံး ပညာရှင်များသည် ရှေးတရုတ်အစားအစာများကို စတင်လေ့လာခဲ့ကြသည်။ အစားအသောက်ကုထုံးဌာနမှ ကျောင်းသားများကလည်း "ကျောင်းသားသစ် ဖလား" တွင် ပါဝင်ရန် သူမ၏ သင်ကြားရေးဗီဒီယိုမှ ဟင်းလျာများကို သုံးနိုင်မလားဟုလည်း မေးမြန်းလာကြသည်။သူမ အတွက် ထိုကိစ္စက ကြီးကြီးမားမားမဟုတ်ပေ။ သူမသည် ဟင်းချက်နည်းများကို လူသိရှင်ကြား ထုတ်ပြထားသောကြောင့် ရှေးဟောင်း တရုတ်အစားအစာများကို ဖြန့်ကျက်ပြီး အများက ပိုဝင်စားရန် မျှော်လင့်နေခဲ့သည်။ ထို့ကြောင့်၊ယခုလို တောင်းဆိုခံရသောအခါ သူမ အလွန်ပျော်ရွှင်နေရသည်။


Weibo မှာလည်း သူမ ထိုကိစ္စကို လူသိရှင်ကြား ပြောပြထား၏။ သူမ ယခုတင်ထားသည့် သင်ကြားရေးဗီဒီယိုများက အကောင်းကြီး မဟုတ်သော်ငြား၊ လူတိုင်းကို ပိုကြိုးစားပြီး လက်တွေ့ကျကျ ထပ်ပြီးလေ့လာကြဖို့ လိုကြောင်း သူမ ပြောထားသည်။ ပါဝင်ပစ္စည်းများအတွက်လည်း သူမ လုပ်သလို လိုက်ချက်နိုင်သလို နည်းလမ်းများကိုလည်း ယူ၍အသုံးပြုနိုင်သည်။ထိုအခါ လင်းယောင်ယောင် အပေါ် လူတိုင်း၏ ခံယူချက်က ရုတ်တရက် ပိုကောင်းလာခဲ့၏။ ဤကလေးမလေးသည် ဟင်းချက်ကောင်းရုံသာမက သဘောထားကြီးသူလည်း ဖြစ်ကြောင်း သူတို့ ခံစားလာကြသည်။

လူတိုင်းက ဟင်းတစ်မျိုးတည်းကိုသာ ချက်ပြုတ်ကြမည် ဖြစ်သော်လည်း၊ သူမ၏ လက်ရာကမူ ယခုစသင်သော သူများနှင့် ကြိုက်သလိုယှဥ်နိုင်မှန်း သိ၏။သို့သော်လည်း၊ ဘယ်ခေတ်မှာ မဆို၊ ဝပ်နေသည့် ကျားများနှင့် နဂါးများလည်း ရှိကြပေသည်။ ဥပမာအားဖြင့်၊ ပြပွဲမတိုင်မီကပင် သူမနှင့်တွေ့ဆုံခဲ့သော ချိုက်မူပိုင် နှင့် ရန်နင် တို့ဖြစ်သည်။ ဘွဲ့ရတော့မည့် ချိုက်မူပိုင် သည် မစ္စတာချိုက် ၏ ဒုတိယမြောက် တပည့်ရင်းဖြစ်သည်။သူသည် ဖြည့်စွက်ဆေးဝါးနှင့် ဆေးဖက်ဝင်အစားအစာများကို သုတေသနပြုရာတွင် မစ္စတာချိုက်၏ ညာလက်ရုံးဟုလည်း ဆိုနိုင်သည်။ သူ၏ အချိန်အများစုကို အစားအသောက်ကုထုံး သုတေသနစခန်းတွင်သာ ကုန်ဆုံးလေ့ရှိသည်။


ရန်နင် သည် အစားအသောက်ကုထုံးဌာနတွင် ထူးချွန်သော ဒုတိယနှစ် ကျောင်းသူဖြစ်သည်။ သူမသည် ပညာရှင်များကို ကူညီရန် အစားအသောက်ကုထုံးသုတေသနစခန်းသို့ မကြာခဏသွားလေ့ရှိသည်။


လင်းယောင်ယောင်ကို အဘိုးကြီးချိုက် က အဓိက ညွှန်ကြားပြသမှုပြုသော်လည်း သူမကို လက်ထပ်သင်ပေးခြင်း သို့မဟုတ် သူမ၏ တိုးတက်မှုကို အမြဲတမ်း စိုက်ကြည့်မနေနိုင်ပေ။ သူက သူမ၏ အဓိကတာဝန်များကို ကိုယ်တိုင်လုပ်ရန် မကြာခဏ ပြောလေ့ရှိပြီး ပြီးမြောက်သည့် ဟင်းပွဲများကိုလည်း တစ်ခါတစ်လေမှသာ ကြည့်ရှုတတ်သည်။ တစ်ခါတစ်ရံတွင် သူသည် ဟင်းပွဲကို မြည်းကြည့်ပြီး အချို့သော ချို့ယွင်းချက်များကို ပြုပြင်ရန် လိုအပ်ကြောင်း ထောက်ပြသည်။သို့သော်လည်း ခက်ခဲသော ပြဿနာတစ်ချို့နှင့် ကြုံတွေ့ရသောအခါတွင် သူ့ကို တွေ့ပြီး အကြံရယူနိုင်သည်။


ထို့ကြောင့် သူမသည် ချိုက်မူပိုင် ၊ ရန်နင် တို့နှင့် ဆက်သွယ်ထားရသည်။ သင်ယူရန် မရှိမဖြစ် လိုအပ်‌ေပသည်။ သူတို့ ဟင်းချက်နေချိန်တွင် သူမကိုကြည့်ခွင့်ပြုသလို၊သူမ ဟင်းချက်နေစဉ်လည်း သူတို့ လာကြည့်ကြသည်။ သူတို့သည် သူမထံမှ ရှေးကျသော တရုတ်ဟင်းလျာချက်နည်းအချို့ကိုပင် သင်ယူ တတ်မြောက်ခဲ့ကြပြီဖြစ်သည်။သူတို့နှစ်ဦးသည် ဖြည့်စွက်အစားအစာများကို စိတ်စွမ်းအင်နှင့်လုပ်ဆောင်ရာတွင် အလွန်ထူးချွန်သည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း သူတို့ ဖြည့်စွက်ကုထုံး၏ အကျိုးဆက်များကို အမြဲလိုလို အဆင့်မြှင့်နေကြသည်။ သို့သော်၊အရသာက အတော်ညံ့လှ၏။


မကြာသေးမီက သူမ၏ သင်ကြားပေး မှုအရ သူတို့သည် ကုသရေးအာနိသင်ကို လိုက်စားမည့်အစား အရသာလည်း ရှိပြီး ကုသရေးဆိုင်ရာ အာနိသင်‌တို့ အကောင်းဆုံးပေါင်းစပ်မှုကို တဖြည်းဖြည်း လိုက်စားလာကြသည်။ ရံဖန်ရံခါတွင် လင်းယောင်ယောင် မချက်ချင်သောအခါ ချိုက်မူပိုင် နှင့် ရန်နင် တို့က တရုတ်ဟင်းချက်နည်းများကို ချက်ပြုတ်ကြပြီး အတူတူစားရန် သူမကို ဖိတ်ခေါ်ကြသည်။ သူတို့ ဟင်းလျာတွေက သူမ ချက်ပြုတ်ခြင်းလောက် မကောင်းသော်လည်း သိပ်လည်းမဆိုးရွားပေ။

ထိုအခါမျိုးဆို သူမလည်း ဖိအားများကို ခံစားခဲ့ရသည်။ သူမလည်း အလုပ်ပိုကြိုးစားမှ ဖြစ်ပေမည်။ဤကမ္ဘာပေါ်ရှိ အစားအသောက်ဖြည့်စွက်ပညာရှင် အားလုံးက သူမထက်သာလွန်ကောင်းမွန်သော ကုထုံးအာနိသင်များနှင့်အတူ ပထမတန်းစား ဟင်းလျာများကို ချက်ပြုတ်နိုင်မည်ဆိုလျှင် သူမ အရှက်ကွဲရချေတော့မည်။ သူမ၏ အတန်းဖော်များထဲတွင် သစ္စာစောင့်သိသော ပရိတ်သတ်တစ်ဦးဖြစ်သည့် ကျန်းရို့ သည် ရှေးတရုတ်အစားအစာများ ပုံစံအတိုင်း ဖြည့်စွက်အစားအစာများကို ချက်ပြုတ်တတ်သည်။ ကုထုံး၏အကျိုးသက်ရောက်မှုက အနည်းငယ်ညံ့သော်လည်း သူမ၏ ချက်ပြုတ်မှုအဆင့်သည် တဖြည်းဖြည်းတိုးတက်လာပြီး အရသာကလည်း သိပ်မဆိုးတော့‌ေပ။စက်ရုပ်များထက် သာနေပေပြီ။


ကျန်အတန်းများမှာ တော်တော်များများက သူမ၏ နည်းလမ်းပုံစံအတိုင်း သင်ယူနေကြသည်။ သူတို့သည် စက်ရုပ်များလောက်ထိ မတော်ကြသေးသော်လည်း မခံနိုင်အောင် မဆိုးဝါးတော့ဘဲ သင်ယူမှုအငွေ့အသက်များသည် အလွန်သဟဇာတဖြစ်ပြီး တိုးတက်အောင်မြင်လာသည်။


အစားအသောက် ကုထုံးဌာနမှ ကျောင်းသားသစ်များမှာလည်း ယုံကြည်မှုအပြည့်နှင့် ဤ "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲတွင် သူတို့၏ အရည်အချင်းများကို ပြသရန် တွေးတောကြံဆနေကြသည်။ ယခင်က အစားအသောက် အရန်ကုထုံးဌာနသည် အရသာမရှိကြောင်း၊ခွေးစာများချက်ထားကြောင်း အစသဖြင့် ဝေဖန်ခံကြရသဖြင့် လူအများ၏ အမြင်ကို ပြောင်းပြန်လှန်ချင်ကြသည်။ ဆေးဝါး ဖြည့်စွက် ကုထုံးဌာနကို တိုက်ထုတ်ပြီး ဂီတ ဖြည့်စွက် ကုထုံးဌာနကို အဝေးသို့ ကန်ထုတ်ချင်ကြသည်။


လင်းယောင်ယောင် သည် စကားအလွန်မပြောတတ်သော်လည်း အနည်းငယ် သြဇာရှိပြီး စိတ်အားထက်သန်သူ ဖြစ်သည်။ ယခုလည်း သူတို့ဌာနက ဖြည့်စွက် ဆေးဝါးဌာနကို ထိုးနှက်ပြီး ဂီတကုထုံးဌာနကို ကန်ထုတ်ရန် အရည်အချင်း မလုံလောက်သော်လည်း အစားအသောက်ကုထုံးဌာန၏ ယခင်ပုံသဏ္ဍာန်ကို ပြောင်းလဲရန်အတွက် စွဲမက်ဖွယ်ရလဒ်များ ထွက်ပေါ်လာခဲ့ရသည်။


ယခင်က အရန်ကုထုံးပြိုင်ပွဲတွင် သူတို့သည် အမြဲတမ်း အောက်ဆုံးနေရာမှာ ရှိခဲ့တာကြောင့် လာမည့် "ကျောင်းသားသစ် ဖလား" အရန်ကုထုံးပြိုင်ပွဲတွင် လင်းယောင်ယောင် သည် အမျိုးအစား ငါးမျိုးစလုံးတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။


ပြိုင်ပွဲဝင်5ဦးအနက်မှ တစ်ဦးဦးသည် ပရိသတ်၏ မဲပေးမှုတွင် ထိပ်ဆုံး အယောက်1,000 သို့ ဝင်ရောက်နေသမျှကာလပတ်လုံး အအောင်ဟု သတ်မှတ်ထားသည်။ သို့သော် ပြိုင်ပွဲဝင်များရရှိသည့် စုစုပေါင်းမဲအရေအတွက်အရ ဒုတိယအသုတ်တွင် အဆင့်ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ ထိပ်တန်းကျောင်းသားများက ပရိသတ်နှင့် အကဲဖြတ်သူတွေ၏ အာရုံစိုက်မှုကို ပိုရစေနိုင်သည်။


လင်းယောင်ယောင် သည်လည်း ထင်ရှားကျော်ကြားသူဖြစ်သည်။ လူတိုင်းက သူမကို "ကျောင်းသားသစ်ဖလား" ဖြည့်စွက်ကုထုံးပြိုင်ပွဲ၏ ဖြည့်စွက်အစားအစာအုပ်စုတွင် ပထမနေရာကို ရရှိမည်ဟု မှန်းထားကြသည်။ ထိုအခါ သူမသည် မစ္စတာချိုက် ၏ တိုက်ရိုက်တပည့်ဖြစ်လာရမည်ဖြစ်သည်။ဘယ်အကျော့တွင်မဆို၊ ပထမ ပြိုင်ပွဲဖြစ်ဖြစ် ဆီမီးဖိုင်နယ်ဖြစ်ဖြစ် သူမထက် ဘယ်သူ့ကိုမှ ပိုနာမည်ကြီးစေချင်မှာ မဟုတ်ချေ။ သူမ၏ ဟင်းချက်နည်းက ယခုမှ လိုက်ချက်ကြသူတွေနှင့်အတူတူပဲဟု ပြောနေမှာစိုး၍ သူမသည် အရင်က လူမြင်ကွင်းမှာ မချက်ပြုတ်ရသေးသည့် ဟင်းလျာများကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့၏။


သေချာစဉ်းစား ရွေးချယ်ပြီးနောက် လင်းယောင်ယောင်သည် နောက်ဆုံးတွင် ဟင်းပွဲအတွက် ဆုံးဖြတ်နိုင်ခဲ့သည်။ ဟင်းချိုအတွက် သူမသည် ရှီပတီး နှင့် ဂျင်ဆင်းကြက်စွပ်ပြုတ် ကို ဆုံးဖြတ်ခဲ့သည်။ ပင်မသင်တန်းအတွက် သူမသည်Spicy Seafood Hot Pot ပြုလုပ်မည်ဖြစ်သည်။ အရံဟင်း သည် ဂေါ်ဖီထုပ်ပြုတ်၊ အဓိက အစားအစာမှာ မြေအိုးထမင်းသုပ် ဖြစ်ပြီး အချိုပွဲမှာ မှာ သရက်သီး နှင့် ကျွဲကောသီး ဖြစ်သည်။ ရှီပတီး နှင့် ဂျင်ဆင်းကြက်စွပ်ပြုတ် သည် နွေးထွေးပြီး အာဟာရဖြစ်စေသော ဆေးဖက်ဝင်အစားအစာဖြစ်သည်။ ဟင်းရည်က အရောင်ကြည်လင်ပြီး နူးညံ့သည့် အရသာရှိသည်။ Spicy Seafood Hot Pot သည် အသားနှင့် ဟင်းသီးဟင်းရွက်များ ရောနှောထားခြင်းဖြစ်သည်။ ဟင်းရည်က ပူစပ်စပ်အရသာ၊ လတ်ဆတ်ပြီး မွှေးကြိုင်သော စပ်သော်လည်း ချွေးဆို့ရုံသာ၊ ပင်လယ်အရသာနှင့် ပြည့်စုံသော်လည်း ငါးညှီနံ့ မနံပေ။ ဟင်းပွဲများတွင် တောက်ပစိုလက်သော အရောင်အသွေးနှင့် ကြွယ်ဝသောရနံ့များ အားလုံးသည် ပရိသတ်၏အမြင်ကို ဆွဲဆောင်နိုင်ပေလိမ့်မည်။


ဂေါ်ဖီပြုတ်ဟု ခေါ်သည့်ဟင်းချိုမှာ ဂေါ်ဖီထုပ်ကို ပွက်ပွက်ဆူနေသည့် ရေနဲ့ ပြုတ်ရုံတင် မဟုတ်။ ဤဟင်းက နိုင်ငံကိုယ်စားပြု အခါကြီးရက်ကြီးပွဲတွေမှာ တွေ့ရတတ်သည့် ဟင်းဖြစ်သည်အနူးညံ့ဆုံး ဂေါ်ဖီထုပ်ထဲက အနှစ်ကို ရွေးချယ်ပြီး ကြက်သားပြုတ်ရည်ဖြင့် ပြန်ပြုတ်၍ ဂရုတစိုက်ပြုတ်ထားခြင်းဖြစ်သည်။ ရိုးရှင်းပြီး အရသာကထူးခြားနေ၏။


အသီးအရွက်က နူးညံ့ပြီး မွှေးရနံ့က ပုံမှန်မဟုတ်ဘဲ လတ်ဆတ်သည်။ အဓိကအစားအစာအဖြစ်စား၍ရသော်လည်း အရံဟင်းအဖြစ်လည်း သောက်၍ရ၏။ ထမင်းဖြူ သို့မဟုတ် ခေါက်ဆွဲကို ဟင်းချိုအကြည်နှင့်ပြင်ထားလိုက်လျှင် ဘယ်သူမှ မြည်းကြည့်ချင်မှာ မဟုတ်‌ေပ။ ထို့ကြောင့် မြေအိုးထမင်းသုပ် ကို ရွေးချယ်ခဲ့သည်။ အဓိက သို့မဟုတ် အရံဟင်းလျာများဖြင့် သိပ်မလိုက်ဖက်သော်လည်း မွှေးကြိုင်သောအရသာနှင့် ပြည့်နေပြီး အစာစားချင်စိတ်ကို နိုးကြားစေသည်။


သရက်သီးနှင့် ကျွဲကောသီးများကို ဟောင်ကောင်စတိုင် အချိုပွဲဖြစ်အောင် ပြင်ဆင်ထားသည်။ သရက်သီးအတုံးလေးတွေနှင့် အုန်းနို့ရနံ့သင်းနေသည့် ကျွဲကောသီးအတုံးလေးများထည့်ထားသည့် ဖျော်ရည်ဖြစ်သည်။အရသာက ဆိမ့်ပြီး ချိုသော်လည်း အလွန်မအီစေပေ။

အထက်ဖော်ပြပါ ဟင်းငါးမျိုးကို ပရိသတ်က မြည်းမကြည့်ဘဲ‌နှင့်တောင်ကြည့်လိုက်ရုံဖြင့် အရသာရှိမှန်းသိသာသည်။ ဤဟင်းများ၏ အကောင်းဆုံးအရသာနှင့် ကုထုံးအကျိုးသက်ရောက်မှုများ ရရှိစေရန်အတွက် လင်းယောင်ယောင် သည် Star Network တွင် နှစ်ရက်ကြာ အကြိမ်ကြိမ် လေ့ကျင့်ခဲ့သည်။ ထို့အတွက်ကြောင့် Weibo တွင် ရှေးဟောင်းတရုတ်အစားအစာသင်ကြားရေးဗီဒီယို၏နေ့စဉ်အပ်ဒိတ်ကိုလည်း ရပ်ဆိုင်းခဲ့ရပြီး "ရှေးခေတ်တရုတ်စားစရာအိမ်" ကိုလည်း အပ်ဒိတ်မလုပ်တော့ပေ။


ဝေ့ယွမ် ၊ ချောင်းမင်ယောင် ၊ ယဲ့ရှီးနှင့် ရှောင်ချီ ကဲ့သို့သော တိုက်ခိုက်ရေးသမားများသည် သူမ၏ အဓိကဖောက်သည်များဖြစ်သည်။ပထမသုံးယောက်က သူမ ယုံကြည်ရသူများဖြစ်ပြီး ရှောင်ချီ ကိုတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည့် သူ့အခြေအနေကြောင့် သူမ၏ ဖြည့်စွက်စာများတွင် ရှိသော ကုသရေးအာနိသင်ကို စမ်းကြည့်ချင်မိ၍ ဖြစ်သည်။


ရှောင်ချီ သည် ပြိုင်ပွဲဝင်ဟင်းလျာများကို လူသိရှင်ကြား ပေါက်ကြားလိမ့်မည်မဟုတ်ကြောင်း လင်းယောင်ယောင် ယုံကြည်သည်။ နောက်ဆုံးတွင်၊ သူသည် သူမ၏ ဖြည့်စွက်အစာများကို ဆက်လက်စားချင်လျှင် စောင့်ထိန်းရမည်ဖြစ်သည်။သူမသည် အစားအသောက်များ ပြင်ဆင်ချိန်ဆကြည့်ရင်း အလုပ်ရှုပ်နေ၍ ရှောင်ချီလည်း တစ်ယောက်တည်း မနေချင်သူဖြစ်‌ေသာကြောင့် တခြားသူငယ်ချင်း သုံးယောက် အနားမှာ ရှိနေချိန်လည်း သူ့ကို ခေါ်ဖြစ်သည်။ ရှောင်ချီ သည် သူမ၏ အစားအသောက်ကို အကြာကြီး မြည်းစမ်းကြည့်လာသူဖြစ်သည်။


"အစ်ကို ဝေ့ယွမ်" ဟု လင်းယောင်ယောင် ပြောလိုက်သည်ကို ရှောင်ချီ က ကြားလိုက်၏။ သူမတို့နှစ်ယောက်မှာ ချစ်သူတွေလိုလည်း ရင်းနှီးပုံမပေါက်သဖြင့် တစ်ခုခုမှားနေပြီဟု သူ့စိတ်ထဲမှာခံစားလိုက်ရသည်။


"Eleven က မင်းကို အစ်ကိုလို့ ခေါ်တယ်နော်"


ဝေ့ယွမ် နှင့် ရှောင်ချီ တို့သည့် တစ်ယောက်နှင့်တစ်ယောက် သိကြသော်လည်း သိပ်တော့မရင်းနှီးကြချေ။


စကားတွေအများကြီးပြောတတ်သည့် ရှောင်ချီ က နည်းနည်းဖော်ရွေလွန်းသော်လည်း အခြေအနေကို ဘယ်လိုကြည့်ရမှန်း မသိသူ မဟုတ်။ သူ့စကားကလည်း စိတ်ဆိုးချင်စရာမကောင်းပေ။အစားအသောက်ဟင်းလျာများစွာကို အတူတူစားပြီးနောက် ဝေ့ယွမ်၏ ရှောင်ချီ အပေါ် ခံယူချက်မှာ အနည်းငယ် ပိုကောင်းလာသည်။ ရှောင်ချီသည် လင်းယောင်ယောင် နှင့် ပတ်သတ်၍ မဖြစ်သင့်သော အတွေးများ မရှိသရွေ့ သူ့ကို အလိုက်အထိုက်ဆက်ဆံ၍ရပေသည်။ လင်းယောင်ယောင် သည် ဝေ့ မိသားစု၏သမီးဖြစ်သည်။ယခုက အသင့်တော်ဆုံးအချိန်မဟုတ်သေးသော်လည်း အနှေးနှင့်အမြန် လူသိရှင်ကြား ထုတ်ဖော်ပြသရမည်။ ယခုလည်း ရှောင်ချီ က တိုက်ရိုက်မေးလာသည့်အတွက် ဖုံးကွယ်ထားစရာ မလိုသလို ရှက်စရာကိစ္စလည်း မဟုတ်ပေ။ ဝေ့ယွမ် က


"ယောင်ယောင် က ငါ့ညီမလေ"


ချောင်းမင်ယောင် က ရှီပတီးနှင့်ဂျင်ဆင်းကြက်စွပ်ပြုတ်ကို သောက်လိုက်ပြီးပြောလာသည်။


"သူက ငါ့ညီမဆိုလည်း ဟုတ်တယ်... ဝမ်းနည်းစရာကောင်းတာက နှစ်ဝမ်းကွဲအစ်ကိုလည်း အစ်ကိုတစ်ယောက်ပါပဲ...ဒါပေမယ့် ယောင်ယောင်က ဘာလို့ ငါ့ကို အစ်ကိုလို့ မခေါ်တာလဲ..."


ထိုစဉ် လင်းယောင်ယောင် က အသစ်လုပ်ထားသည့် ကျွဲကောသီး ဖျော်ရည်ကို ထုတ်ယူလာပြီး


"အလှလေး ချောင်းက အများကြီးစားပေမဲ့ ပါးစပ်က ဘာလို့ မပိတ်နိုင်ရတာလဲ"


ချောင်းမင်ယောင် ကို အရင်းနှီးဆုံးဝမ်းကွဲအစ်ကိုတစ်ယောက်အနေနှင့် ခင်မင်မိသော်လည်း သူနှင့်ရင်းနှီးပြီးနောက်မှာ ဤကောင်လေးသည် တစ်ကယ်စိတ်ရှုပ်စရာကောင်းနေပြီး အကိုကြီးတစ်ယောက်လို လုံးဝ ခံစား၍ မရမှန်း သူမ တွေ့လိုက်ရသည်။ယဲ့ရှီး ကလည်း ပြောလာ၏။


"မှန်တယ်...ယောင်ယောင် က နင့်ကိုဝမ်းကွဲလို့ မခေါ်ပေမယ့် ချောင်းလေးလို့ ခေါ်တာကလည်း မဆိုးပါဘူး"


လင်းယောင်ယောင် ကို လင်း မိသားစုမှ မွေးစားခဲ့မှန်း ရှောင်ချီ သိထားခဲ့ပြီး ဝေ့ယွမ် ၏ စိတ်နေသဘောထားနှင့် စကားအသုံးအနှုန်းများကြောင့် မောင်နှမတော်နိုင်မှန်း ရိပ်မိသွားခြင်းဖြစ်သည်။


"ယောင်ယောင် က ဝေ့ မိသားစုရဲ့သမီးပေါ့"


ဝေ့ယွမ် ခေါင်းညိတ်လိုက်ကာ ရှောင်ချီ ကို ငုံ့ကြည့်လိုက်ပြီး


"အင်း...သူက ငါ့ဦးလေး ဝေ့လင်း ရဲ့သမီး... သွေးသားဆက်နွယ်မှုကို စစ်ဆေးပြီးသွားပြီ"


ယခုအချိန်တွင် ရှောင်ချီ သည် လင်း မိသားစု နှင့် ဝေ့ မိသားစု တို့၏ အိမ်ထောင်ရေး အတွက် စိတ်ပူစရာ မလိုတော့ပေ။အဘယ်ကြောင့်ဆိုသော် သူတို့မိသားစုနှစ်ခုက လက်ထပ်မှာမဟုတ်တာကြောင့်ပင်။သို့သော်၊ လင်းယောင်ယောင် နှင့်အတူ၊ လင်း မိသားစုနှင့် ဝေ့ မိသားစုတို့သည် နောက်ဆို ပိုမိုနီးစပ်လာမည်မှာ သေချာသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြဿနာရှိလျှင် တစ်ဖက်က ကူညီပေးမည်ဖြစ်သည်။


လင်း မိသားစုသည် SSS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားရှိပြီး ရှုံးပွဲမရှိသော စစ်နတ်ဘုရား၊ကြယ်တာရာခေတ်ရှိ အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမား လင်းရွှမ် ရှိသည်။ SS အဆင့် စိတ်စွမ်းအားရှိသည့် ဉာဏ်ကြီးရှင် စားကောင်းသောက်ဖွယ် လက်ထောက်ကုထုံးပညာရှင် လင်းယောင်ယောင် သည် အရန်ကုထုံးတွင် အလွန်ထူးချွန်ပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှု အခြေအနေအပေါ် အထူးကောင်းမွန်အောင် ကုသပေးနေသူဖြစ်သည်။


ရှောင်ချီသက်ပြင်းချလိုက်သည်။


လင်း မိသားစုမှာပဲ ကောင်းတာတွေ ဘာလို့ ဖြစ်နေရတာလဲ...


မျက်စိတစ်မှိတ်အတွင်းပင်၊ ဝေ့မိသားစုကလည်း ထိုကောင်းသောအရာများကို မျှဝေခံစားနေကြပြန်သည်။


လင်းယောင်ယောင် နောက်ကွယ်က မိသားစုနောက်ခံမှာ သူမကို ပြုစုပျိုးထောင်ခဲ့သည့် လင်း မိသားစုသာမက သူမ၏ သွေးသားဆွေမျိုးများဖြစ်သော ဝေ့ မိသားစုကိုလည်း ဆိုလိုသည်။ ယခင်က လင်းမိသားစု၏ မွေးစားသမီးအဖြစ် တော်ဝင်မြို့တော်၏ ထိပ်တန်းအာဏာရှိသူများမှ လူအချို့ကသာ သူမနှင့် ထိုက်တန်သည်ဟု လူအများက ပြောခဲ့ကြသည်။သို့သော်လည်း၊ ယခုချိန်မှာတော့ သူမနှင့် ထိုက်တန်သူ အနည်းငယ်သာ ရှိတော့သည်။ အရင်က မင်းသား ရှောင်ကျန်း က သူမကို ကြိုက်နှစ်သက်သူဖြစ်သော်လည်း သူမက ပြန်မကြိုက်ခဲ့ပေ။


ရှောင်ချီသည် နောက်ပိုင်းတွင် လင်းယောင်ယောင် ကို လေးလေးနက်နက် စိတ်ဝင်စားခဲ့ပြီး တစ်နေ့တွင် သူမသည် သူ၏ ပျက်စီးသွားသော စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို ကုသပေးနိုင်ကာ SSS အဆင့် ဝိညာဉ်စွမ်းအားနှင့် နီးစပ်သည့် သူ၏ အဆုံးမရှိသော စွမ်းရည်များ ပြန်လည်ရရှိလာနိုင်မလားဟု တွေးတောခဲ့ဖူးသည်။ သူ၏ အရည်အချင်းနှင့် အသွင်အပြင်ကို အခြေခံ၍ လင်း မိသားစု၏ မွေးစားသမီးဖြစ်သည့် သူမအား နီးစပ်ခွင့်ရလာလိမ့်မည်ဟု မျှော်လင့်ခဲ့ဖူးသည်။သို့သော်၊သူသည် ဧကရာဇ်မိသားစု၏ အာဏာရှိသူ မဟုတ်ပေ။ သူသည် လင်းယောင်ယောင် နှင့်ရှိနေလျှင်လည်း လင်းမိသားစုသည် ထီးနန်းဆက်ခံမည့်ကိစ္စတွင် ပါဝင်မှာမဟုတ်ပေ။


ထိုအရာတွေက ရှောင်ချီ နှလုံးသားထဲက လျှို့ဝှက်စိတ်ကူးတွေချည်းဖြစ်သည်။ လင်းယောင်ယောင် ကို သူစိတ်ဝင်စားနေခြင်းက စိတ်ကူးယဉ်သက်သက်သာ။ သူက ဘယ်သူ့ကိုမှ မပြောခဲ့သလို ယခုလည်း ပြောဖို့ အစီအစဉ်မရှိပေ။ တစ်ကယ်တော့ သူသည် စိတ်ပိုင်းဆိုင်ရာ နယ်ပယ် မပြည့်စုံသူ တစ်ဦးသာ ဖြစ်သေးသည်။ သူ့ကို လိုက်ချင်နေလျှင်တောင် လိုက်ဖို့ အရည်အချင်း မရှိချေ။


ယခုမူ ရှောင်ချီ သည် ဧကရာဇ်အာဏာနှင့် စစ်တပ်အာဏာ၏ဗဟိုမှာ အင်အားကြီးသူမဟုတ်သဖြင့် သူမနှင့် မထိုက်တန်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ သူ့စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားမိသည်။ ကမ္ဘာပေါ်မှာ မိန်းမတွေများလွန်းသဖြင့် သူ့မျက်လုံးထဲမှာ ကြီးကြီးမားမား ကွာခြားမှု မရှိ‌ပေ။ နောက်ဆုံးတွင်၊အခြားသူများနှင့်မတူ ဟုခံစားရသော မိန်းကလေးတစ်ဦးနှင့် သူ ဆုံခဲ့ရသည်။ သူမကို ဘယ်လို ကြည့်နေပါစေ သူ၏ စူးစမ်းချင်စိတ်ကို နှိုးဆွပေးနေ၏။ သို့သော်၊ သူတို့နောက်ထပ် ရှေ့ဆက်မသွားနိုင်ခင်မှာ သူမကို စိတ်ဝင်စား၍ မဖြစ်နိုင်ပေ။ထို့နောက် သူ မတ်တပ်ထရပ်ပြီး


"ဒီကိစ္စကို ငါမသိဘူး.... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအကြောင်းကို တစ်ယောက်ယောက်သိသွားခဲ့ရင်လည်း ငါ ပြောတာမဟုတ်ဘူးဆိုတာ သေချာပါတယ်"




xxxxx



Ei Thet Hmue