အခန်း၆၆
Viewers 8k

Chapter 66


ယခုမှစ၍၊ရှောင်ချီ သည် လင်း မိသားစုနှင့် ချိတ်ဆက်ထားပြီးဖြစ်သော ဝေ့ မိသားစုအပေါ် သူ၏သဘောထားကို ပြုပြင်ရမည်ဖြစ်သည်။ သူတတ်နိုင်သမျှ သူငယ်ချင်းကောင်းတွေ ဖြစ်အောင် ကြိုးစားဖို့ပင်။ထို့အပြင်၊ သူ၏ဝိညာဉ်ရေးနယ်ပယ်သည် မပြည့်စုံသောကြောင့် လင်းယောင်ယောင် ၏ ဖြည့်စွက်အစားအစာကုထုံးကို အားကိုးနေရဆဲဖြစ်သည်။ နောက်ဆုံးအထိ၊ သူသည် "ရှေးခေတ်တရုတ်စားစရာအိမ်" မှထုတ်သော ဖြည့်စွက်အစားအစာများကို နေ့တိုင်းစားမည်ဟု သူမအား အခိုင်အမာပြောခဲ့ဖူးသည်။


သူတို့ လက်တွေ့ဘဝမှာ တွေ့ဆုံပြီး သုံးပတ်အတွင်း၊ သူသည် သူမ ပေးပို့လာသည့် ဖြည့်စွက်စာများကို သုံးကြိမ်သာ စားခဲ့သည်။ သို့သော်လည်း၊ သူ၏ စိတ်စွမ်းအားမှာ မူလ D အဆင့်ကနေ D+အထိ အဆင့်မြှင့်လာရသည်။ တိုးတက်မှုက သိသာသည်။ သူ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာ ထိခိုက်ပြီးနောက် သူ၏ စိတ်စွမ်းအားသည် D အဆင့်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။ ယခု ကျောင်းသားသစ်ဖလား ပြိုင်ပွဲအပြီးတွင် အားလုံးသည် လင်းယောင်ယောင် ၏ ဖြည့်စွက်အစားအစာများ၏ မှော်အစွမ်းကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု သူ ခန့်မှန်းထားပြီးဖြစ်သည်။ သူမ၏ အဆင့်အတန်းသည် ပို၍မြင့်မားလာလိမ့်မည်။


ရှောင်ချီ ၏ စကားကိုကြားသောအခါ စိတ်ပါဝင်စားမှု အမူအရာသည် ဝေ့ယွမ် နှင့် လင်းယောင်ယောင် တို့မှာ သဘောကျသွားသည်။ ထို့နောက် လင်းယောင်ယောင် က ပြုံးပြီးပြောလိုက်သည်။


"နင်က သိပ်စိတ်ထားကောင်းတာပဲ"


နိုဝင်ဘာလ 2 ရက် စနေနေ့ နေ့လည်တွင် လင်းယောင်ယောင် သည် "ကျောင်းသားသစ်ဖလား" ဖြည့်စွက်ကုထုံးပြိုင်ပွဲပလက်ဖောင်းသို့ ဖြည့်စွက်အစားအစာ 5မျိုး၏ အကောင်းဆုံးဗားရှင်းကို တင်သွင်းခဲ့သည်။ စမတ်အကူလက်ထောက်ထံမှ အောင်မြင်ပါသည် ဟူသော မက်ဆေ့ခ်ျကို လက်ခံရရှိပြီးနောက် သူမ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်ရသည်။ နောက်ဆုံး သတ်မှတ်ရက်သည် နိုဝင်ဘာ ၃ ရက်ဖြစ်သော်လည်း ယခုကတည်းက ပြီးအောင်လုပ်ထားသည်။ အားလုံးကို ပရိသတ်ကို မြည်းစမ်းခိုင်းသည်နှင့် စာရင်း တင်သွင်းချိန် မြန်လေလေ၊စာရင်းထဲမှာ ထိပ်ကို ပိုပိုရောက်လေလေ ဖြစ်သည်။


အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်၊ အရသာအရှိဆုံး၊ အကဲဖြတ်ဒိုင်များ သဘောအကျဆုံးနှင့် မဲအများဆုံးရရှိသည့် တင်ပြမှုများကို အဆင့်စာရင်းထဲတွင် စိစစ်ထည့်သွင်းမည်ဖြစ်သည်။


ဝင်ခွင့်ရလဒ်ကို နိုဝင်ဘာလ ၄ ရက်နေ့ ညသန်းခေါင်မှာ တရားဝင် စတင်မှာ ဖြစ်ပြီး 10ရက် ကြာမြင့်မှာ ဖြစ်သည်။ စာရင်းတင်သွင်းပြီးနောက် သူမသည် ညနေပိုင်းတွင် အဘိုးနှင့် ညစာစားရန် လင်း မိသားစု၏ အိမ်ဟောင်းသို့ ပြန်သွားခဲ့သည်။ ထို့အပြင် ဝေ့ယွမ်နှင့် ဝေ့မိသားစုအား ကြိုတင်အကြောင်းကြားခဲ့သည်။ မနက်ဖြန် နိုဝင်ဘာလ 3 ရက်နေ့မှာ ဝေ့ မိသားစုဆီကို ပထမဆုံးအကြိမ် တရားဝင်သွားရောက်လည်ပတ်မှာဖြစ်သည်။


အဘိုး လင်း သည် သူ့မြေးငယ်လေးကို မတွေ့ရသည်မှာ တစ်လနီးပါးရှိပြီဖြစ်ပြီး သူမကို အလွန်သတိရနေသည်။ ဤကာလအတွင်း လင်းယောင်ယောင် ထံမှ ဖြည့်စွက်အစားအစာကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ရောက်လာသော်လည်း သူမ၏ ဂရုစိုက်မှုကို လက်တွေ့ မခံစားရသောကြောင့် သူမနှင့် ထပ်မံတွေ့ဆုံလိုခြင်း ဖြစ်သည်။ ထို့အပြင်၊ အပိုမိသားစုတစ်စုသည် ယခုအခါ သူ့မြေးကို လုယူချင်နေပြီဖြစ်သည်။


အဘိုး လင်း သည် ကောင်မလေးက ဝေ့မိသားစုဆီကို တစ်နေ့တွင် ထွက်သွားပြီး သူ့ထံ မလာတော့မည်ကို စိုးရိမ်သဖြင့် ပိုကောင်းအောင် ဆက်ဆံရမည်ဟု တွေးလိုက်မိသည်။ ဝေ့မိသားစုက သူမအား ဆိုင်တစ်ဆိုင်၊ငွေသားများနှင့် ကားတစ်စီး ပေးခဲ့သည်။ ထို့ကြောင့် သူကလည်း အဘိုးတစ်ယောက်အနေဖြင့် တစ်ခုခုလုပ်ရမည်ဟု ထင်မိသည်။


ထို့ကြောင့် ညစာစားပြီးချိန်တွင် လင်းကျန့်ဟိုင် သည် လင်းယောင်ယောင် အား အိမ်လွှဲခွင့်ပြုချက်ပါရှိသော အီလက်ထရွန်းနစ် ချစ်ပ်ပြားပါသည့် သေတ္တာကို ပေးအပ်ခဲ့သည်။ သူမ နားမလည်ဟန်ဖြင့်ရှုပ်ပွနေပြီး


"အဘိုး...ဒါဘာလဲ"

အဘိုးလင်း က သူ၏ မုတ်ဆိတ်ဖြူဖြူတွေကို ကိုင်တွယ်လိုက်ပြီး


"အဘိုးအတွက် အမြဲချက် ပေးနေတာလေ...အဘိုးက ဘာမှမပေးရဘူး...ဒါကြောင့် ပေးတာ"


သူမ ရယ်ချင်စိတ် ဖြစ်သွားသည်။အဘိုးက သူမကို လက်ဆောင်တစ်ခု ပေးချင်သော်လည်း သူပေးသော ဆင်ခြေက ထူး‌ဆန်းနေသည်။ သူမသည် အီလက်ထရွန်းနစ် ချစ်ပ်ပြားကို ထုတ်ယူပြီး ဆက်သွယ်စက်၏ ချစ်ပ်ထည့်ရာ အပေါက်ထဲသို့ ထည့်လိုက်ရာ ပါရှိသော အချက်အလက်များကို အလင်းစခရင်projector ပေါ်တွင် လျင်မြန်စွာပြသလိုက်လေတော့သည်။


အတိုချုပ်ပြောရလျှင်၊ အဘိုးဖြစ်သူ၏ လက်ဆောင်မှာ သူမ၏ကျောင်းအနီးရှိ အဆင့်မြင့်လူနေရပ်ကွက်ရှိ ဥယျာဉ်ငယ်တစ်ခုပါ နှစ်ထပ်အိမ်ကြီးတစ်လုံး၏ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း အီလက်ထရွန်းနစ်ဖိုင်တစ်ခုဖြစ်သည်။ စစ်ပညာရေးအကယ်ဒမီ မှ ကားဖြင့် ဆယ်မိနစ်အတွင်း ရောက်နိုင်သည်။ လင်းကျန့်ဟိုင် က


"သမီး ဒုတိယနှစ်ကျရင် ကျောင်းဝင်းထဲမှာ နေနိုင်တယ်.... စနေ၊ တနင်္ဂနွေတွေမှာလည်း အဲဒီမှာနေချင် နေနိုင်တယ်...ကျောင်းဆောင်က ခပ်သေးသေးဆိုတော့ သူငယ်ချင်းတွေ အလည်လာရင် အဆင်မပြေဘူးမလား"

လင်းမိသားစု၏ အဓိက နေအိမ်သည် စစ်စခန်းနှင့် ဝေးလံပြီး လင်း မိသားစု၏ အိမ်ဟောင်းနှင့်လည်း ကျောင်းက မနီးပေ။ ထို့အပြင်၊ သူသည် ကြောက်စရာကောင်းသော အဘိုးအိုတစ်ဦးသာဖြစ်သည်။ လင်းကျန့်ဟိုင် သည် တစ်ချိန်က ငယ်ရွယ်သူဖြစ်၍ လူငယ်များသည် ကိုယ်ပိုင်နေရာရှိရတာ ကြိုက်နှစ်သက်မှန်း သူလည်း သဘာဝကျကျသိသည်။ ဝေ့မိသားစုကို ပို့ရတာထက် လင်း မိသားစုက သူမကို အိမ်တစ်လုံး ပေးထားလိုက်ခြင်းက ပိုကောင်းပေသည်။


လင်းယောင်ယောင် ၏စိတ်ဝိညာဉ်သည် 21 ရာစုကမ္ဘာမှဖြစ်သည်။ ယခု သူမသည် သန်းဆယ်နှင့်ချီ ကြွယ်ဝသော မိန်းကလေးတစ်ဦး ဖြစ်သော်ငြားလည်း အိမ်ကြီးတစ်လုံးလက်ဆောင်ရသောအခါတွင် သူမ စိတ်လှုပ်ရှား နေမိသည်။


"အဘိုးက အရမ်းကောင်းတာပဲ...သမီး အရမ်းကြိုက်တယ်...ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်"


ခေတ်ကာလက ဘယ်လိုပင်ဖြစ်ဖြစ် ကျောင်းအနီးက အိမ်များသည် အလွန်ဈေးကြီးကြသည်။ အဘိုးလင်းက သူမကိုပေးခဲ့သည့် အိမ်ကြီး၏အခြေအနေနှင့်ပတ်ဝန်းကျင်သည် ပထမအဆင့်ဖြစ်သည်။ ဤအိမ်သည် ပစ္စည်းလက်ဆောင်တစ်ခုသာ ဖြစ်သော်လည်း၊ အမှန်တစ်ကယ်ပင် ခံစားချက်ကိုသိပ်ဖော်ပြလေ့မရှိသော အဖိုးတစ်ဦးထံမှ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း လင်းယောင်ယောင် သိသည်။


သူမ နှလုံးသားသည် နွေးထွေးသွားရသည်။ လင်း မိသားစု၏ မိဘများနှင့် အဘိုး လင်း တို့သည် သူမအား တစ်ကယ့်သမီးအရင်းလေးကဲ့သို့ ဆက်ဆံကြသည်။ ထိုသို့တွေးပြီး သူမကိုယ်သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်။ တစ်နေ့နေ့မှာ လင်း မိသားစု၏ မိဘတွေနှင့် အဘိုး လင်း က သူမ နှင့် လင်း လင်းရွှမ် အကြောင်းသိခဲ့လျှင် ဘာဆက်ဖြစ်ကြမည်ဆိုသည်ကို သူမ စိတ်ကူးမယဉ်ရဲပေ။


သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ....


သူမကို သူတို့၏ သမီးအရင်း၊မြေးအရင်းအဖြစ် ဆက်ဆံခဲ့ကြသည်။ လင်း မိသားစု၏ မိဘများနှင့် အဘိုးတို့က သဘောမတူပါက ဤအိမ်တွင် သူမ နေ၍ မဖြစ်နိုင်တော့ပေ။ယခု သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုက ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ လောလောဆယ်တွင် ထိုပြဿနာများကို မတွေးချင်တော့‌ေပ။


ညစာစားပြီးနောက် လင်းယောင်ယောင် သည် အခန်းထဲသို့ ပြန်သွားခဲ့ပြီး ရှန်းယွင်ကျင်း နှင့် ဗီဒီယိုကောလ်ပြောခဲ့ပြီး Star Network မှနေ၍ ဝေ့မိသားစုရှိ သက်ကြီးရွယ်အိုများအတွက် လက်ဆောင်ရွေးချယ်ရန် မှာကြားနေသည်။သူမနှင့် ဝေ့ မိသားစုတို့ ပေါင်းစည်းရန် ပိုမိုလွယ်ကူစေရန်အတွက် လင်းမိသားစုသည် ဝေ့ မိသားစုနှင့် အတူတကွ အချိန်ကုန်ဆုံးဖြစ်လေသည်။ လင်းမိသားစုသည် ဝေ့မိသားစုအိမ်သို့ သူမနှင့်အတူ လိုက်သွားမည်မဟုတ်ပေ။ ဝေ့ မိသားစု၏ ကြိုဆိုမှုနှင့် အာရုံစူးစိုက်မှုကို ပြသရန်အတွက် ဝေ့ယွမ်သည် မနက်ဖြန် နံနက် ၁၀ နာရီတွင် သူမအား ကိုယ်တိုင်ကိုယ်ကျ လာကြိုမည်ဖြစ်သည်။


ရှန်းယွင်ကျင်း ၏ ညွှန်ကြားချက်အရ လင်းယောင်ယောင် သည် လှပသောလက်ဆောင်များကို ရွေးချယ်ခဲ့သည်။ ကြယ်တာရာခေတ်၏ Express Delivery က အတော်လေး မြန်ဆန်သည်။ ပစ္စည်းအားလုံးကို ဉာဏ်ရည်ထက်မြက်သော စက်ရုပ်များဖြင့် အလိုအလျောက် ပို့ဆောင်ပေးသည်။ အလွန်ရှားပါးသောပစ္စည်းများမဟုတ်သရွေ့၊ များသောအားဖြင့် 3နာရီအတွင်း ပေးပို့နိုင်သည်။ မိသားစု၏ အိမ်အကူစက်ရုပ်များသည် ပိုင်ရှင်ကို အနှောင့်အယှက်မဖြစ်စေဘဲ အချိန်မရွေး ကုန်ပစ္စည်းများ လက်ခံရရှိနိုင်သည်။


သူမစိတ်ထဲက ရိုးသားမှုကို ပြသရန်အတွက် လင်းယောင်ယောင် သည် အချိန်ကြာကြာ သိမ်းဆည်းထားနိုင်သော ပိုလက်ရာကောင်းသော သရေစာများနှင့် ဖြည့်စွက်အစားအစာများ ပြုလုပ်ဖို့ မနက်ဖြန် နံနက်စောစော အိပ်ရာထရန် စီစဉ်ထားသည်။ အဘိုးဝေ့ကလည်း သဘောကျမည်ဖြစ်သည်။ သားအမိနှစ်ယောက် စီးပွားရေးကိစ္စများ ဆွေးနွေးပြီးနောက် ရှန်းယွင်ကျင်း သည် သူမကို အစမ်းသဘောဖြင့်မေးလာသည်။


"ယောင်ယောင်… သမီးအစ်ကိုနဲ့ မကြာခင်က အဆက်အသွယ်ရခဲ့လား"


ရှန်းယွင်ကျင်း က သားဖြစ်သူကို ကောင်းကောင်းသိသည်။ လင်းရွှမ်သည် ပြောပြီးသားစကားကို ဘယ်တော့မှ ပြောင်းလဲသူမဟုတ်ပေ။ သူသည် X-312 ပေါ် မှာ မစ်ရှင်တစ်ခု လုပ်နေလျှင်တောင် သူ လက်လှမ်းမ‌မှီသည့် ညီမလေးအကြောင်း သေချာစဉ်းစားနေမှာဖြစ်သည်။ တစ်ခုခုလည်း ကြံချင်ကြံနေနိုင်သည်။ ရှန်းယွင်ကျင်း ယခုလိုမေးခြင်းမှာ၊ထိုကောင်စုတ်လေးက သမီးဖြစ်သူအပေါ်ထားသည့် သဘောထားက ပြောင်းလဲသွားသလားဟု မေးလိုက်ခြင်းဖြစ်သည်။


လင်းရွှမ် သည် X-312ကို သွားတုန်းကတည်းက Star Network မှာ သူမနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသည်ကို လင်းယောင်ယောင် သတိရမိသည်။ သူတို့‌ နေ့စဥ် မတွေ့ရသော်လည်း တစ်ရက်မှ အဆက်အသွယ်မပျက်ခဲ့ပေ။ ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့်အတွင်း သူမ၏အလုပ်ပြီးမြောက်ပြီးနောက်၊ ထိုလူကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် သူမအနှောင့်အယှက်ဖြစ်စေသည်အထိ စာများစွာပေးပို့ခဲ့သည်။


"အိမ်ပြန်မှာလား"


"အင်း..… "


"မင်းကိုသတိရနေတယ်"


"အာ... သူက သမီးကို ခဏခဏ ဆက်သွယ်တယ်"


သူမ ထိုသို့ပြောပြီးပြီးချင်း သူမ မျက်နှာမှာနီမြန်းလာရသည်။ ရှန်းယွင်ကျင်း က ညည်းညူရင်း ပြောလာသည်။


"အာ...ကောင်လေးက X-312 ကြယ်တာရာကို သွားပြီးကတည်းက တစ်ကြိမ်မှ အမေ့ကို မဆက်သွယ်ဘူး... သူ့ကို မက်ဆေ့ချ်တွေ အများကြီး ပို့ခဲ့ပေမဲ့ အင်းအဲပဲ ပြန်ပို့နေတာ …ဒီလိုသားမျိုးကို ဘာလို့များ မွေးခဲ့မိပါလိမ့်... ငါ့ကလေး ယောင်ယောင် ကသာ အကောင်းဆုံးပဲ"


ရှန်းယွင်ကျင်း သည် အမှန်တစ်ကယ်ပင် ထိုကောင်လေးအား အမြန်ကပ်နေပြီဖြစ်သည်။ လင်းယောင်ယောင် သည် ပိုရှက်လာပြီး ရှန်းယွင်ကျင်း မျက်လုံးကိုတောင် မကြည့်နိုင်တော့။ ငှက်ကုလားအုတ်တစ်ကောင်လို ကုတင်ပေါ်ခုန်တက်ကာ အိပ်ချင်ဟန်ဆောင်လိုက်သည်။


"အင်း ဆယ်နာရီထိုးနေပြီ ...အမေ သမီး အိပ်တော့မယ်"


ထို့နောက် သူမသည် ရှန်းယွင်ကျင်း နှင့် ဆက်သွယ်မှုကို ချလိုက်ရာ လင်းရွှမ် ထံမှ နောက်ထပ် အနှောင့်အယှက်ပေးသည့် မက်ဆေ့ချ်များစွာ ရောက်လာသည်။


"ဘာလို့ ကိုယ့်ကို စာမပြန်တာလဲ"


"အခုဆို တစ်ညတည်းနဲ့ ကိုယ့်ရဲ့ ဆက်သွယ်ရေးစက်ကိုကြည့်နေတာ 18 ကြိမ်ရှိပြီလို့ ချန်ပင်း ကတောင် ပြောနေပြီ.… မင်းကိုယ့်ကို စာပြန်သင့်တယ်၊ ဒါမှမဟုတ် ကိုယ်အိပ်လို့ရမှာမဟုတ်ဘူး"


"...ပြန်ဖြေပါဦး ညီမလေး"


သူမ ညီမလေးဆိုသည့် စကားကြောင့် ကြောင်သွားရလေသည်။


သူက ညီမလေးလို့ ခေါ်လိုက်တာလား...


နောက်တစ်နေ့မနက် ဆယ်နာရီတွင် ဝေ့ယွမ်သည် လင်းမိသားစု၏ အိမ်ဟောင်းအပြင်ဘက်သို့ ရောက်ရှိလာသည်။ လင်းယောင်ယောင် သည် ပြင်ဆင်ထားသော လက်ဆောင်များနှင့် အစားအစာများကို အာကာသခလုတ်တွင် ထည့်ကာ ဝေ့ယွမ် ၏ ဇိမ်ခံအမြန်ကားပေါ်တက်ခဲ့သည်။ သူမသည် ခေတ်ဟောင်းပုံစံ ချည်သားပျော့လက်ပြတ်နှင့် စကတ်ရှည်ကို ၀တ်ဆင်ထားသည်။ စကတ်မှာ အဝါဖျော့ဖျော့ဖြစ်ပြီး ပန်းပွင့်အနည်းငယ် ချယ်ထားသည်။ ဆံပင်ကို ရင်ဘတ်တွင် ကျစ်ဆံမြီးနှစ်ချောင်းကျစ်၍ ချထားလိုက်သဖြင့် နုပျိုပြီး ချစ်စရာကောင်းနေသည်။ ဝေ့ယွမ် သည် သူ့မိသားစုမှာ မိန်းကလေးအသစ်တစ်ယောက်ရှိလာပြီဖြစ်၍ စိတ်ကလန်းဆန်းနေသလိုပင်။ သူသည် ကလေးမလေး၏ ခေါင်းထိပ်ကို ကိုင်ကာ ပြုံးရင်းပြောလိုက်သည်။


"အခုတော့ လင်းရွှမ် က အစ်ကို့ကို သူ့ညီမကို လုယူမယ့် ကောင်လေးလို့ ဘာလို့ထင်ခဲ့တာလဲဆိုတာ အစ်ကို ပိုနားလည်လာပါပြီ"


လင်းယောင်ယောင် သည် အနီရောင် လပန်းပွင့်အိမ်မက် ကြယ်နားကပ်ကို လက်ခံထားခဲ့စဥ်က ဘယ်သူမှန်း သူ မသိခဲ့ပေ။ထိုစဉ်ကလည်း သူတို့နှစ်ယောက်က မရင်းနှီးခဲ့ပေ။ ထိုအချိန်က ကလေးမလေးတွင် သူမ နှစ်သက်သော တစ်စုံတစ်ယောက်ရှိနိုင်သည်ဟုသာ ခံစားမိခဲ့သည်။သို့ရာတွင်လည်း၊ထိုစဉ်မှစပြီး သူမ နားကပ်မပန်တော့ပေ။ထို့ကြောင့် သူမသည် အစက လပန်းပွင့်၏ အဓိပ္ပါယ်ကို အစပိုင်းတွင် နားမလည်ဘဲ လွဲမှားစွာ လက်ခံခဲ့သည်ဟု သူ ထင်လိုက်သည်။ ယခုအချိန်ထိ သူမသည် တခြားဘယ်ကောင်လေးနှင့်မှ သိပ်ရင်းနှီးဟန်မတွေ့ရပေ။ သူမသည် အစားအသောက်ကုထုံးဆိုင်ရာ လေ့လာမှုနှင့် သုတေသနအပေါ်သာ အာရုံစိုက်ခဲ့သည်။ ဝေ့ယွမ် ပို၍ပို၍ စိုးရိမ်လာပြီး နောက်ပြောင်သလိုလိုနှင့် လေးလေးနက်နက်ပြောလိုက်သည်။


"တစ်ကယ်လို့ ညီမကို လာကြိုက်နေသူဆိုရင် အစ်ကို့က သူ့ကို စစ်ရဆေးရမှာပဲ"

လင်းယောင်ယောင် ရှက်သွားသည်။ ဝေယွမ်ကို သူမ ဘယ်လိုပြောရမှန်း မသိတော့။တစ်ကယ်တော့ သူမမှာ တစ်စုံတစ်ယောက်ရှိနေတာဖြစ်သည်။


ဝေ့ယွမ် ထိုအကြောင်းကို ပိုတွေးလေလေ၊သူတို့ ဝေ့ မိသားစု၏ သမီးငယ်လေးသည် အလွန်နူးညံ့သိမ်မွေ့ပြီး အဖိုးတန်လွန်းသဖြင့် သူမကို တခြားသူက လုယူသွားမှာ ကြေက်နေမိတော့သည်။


"အစ်ကိုက မက်ခါ တိုက်ခိုက်ရေးမှာ သိပ်မကျွမ်းကျင်ပေမယ့် အဆင်ပြေပါတယ်…ညီမမှာ နောက်ထပ် ဝမ်းကွဲနှစ်ယောက် ချောင်းညီအစ်ကိုတွေ ကျန်နေသေးတာပဲ…အစ်ကိုတို့ သုံးယောက် အလှည့်ကျ ကြည့်လုပ်လိုက်မယ်"


"...အဟမ်း..အစ်ကို သူ့ကို မတိုက်နိုင်ရင် ဘာလုပ်မလဲ"


ဝေ့ယွမ်၏ မျက်နှာသည် ဆုံးဖြတ်ချက်တစ်ခုကြောင့် နက်နဲနေသည်။


"မဖြစ်နိုင်ဘူး..ဝမ်းကွဲအစ်ကို ချောင်း က မျိုးဆက်သစ်လူငယ်တွေကြားမှာ စွမ်းအားအရမ်းကြီးတယ်…ပြီးတော့ ညီမ အစ်ကို လင်းရွှမ် ကပဲ သူ့ကို အနိုင်ယူနိုင်တာ.…ဝမ်းကွဲတွေနဲ့ အစ်ကိုက သူ့ကို မတိုက်နိုင်ရင်တောင် အစ်ကိုကြီး ရှိသေးတယ် မဟုတ်လား…လင်းရွှမ် လေ"


လင်းရွှမ် ၏ ညီမဆိုသည့် ဂုဏ်ပုဒ်ကြောင့် တော်ရုံလူအနားမကပ်နိုင်လောက်သဖြင့် ဝေ့ယွမ် ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။ထိုအချိန်မှာ သူမသည် ထူးထူးခြားခြား တိတ်ဆိတ်နေ၏။


"အိုး..."


ဝေ့ယွမ် သည် ညီမ ဖြစ်သူ၏ အာမေဍိတ်စကားကြောင့် လင်ယောင်ယောင်မှာ သူတို့ ညီအစ်ကိုများကြောင့် ရည်းစားမထားနိုင်မှာကို စိတ်ပူသွားသည်ဟု ထင်မိသဖြင့် နှစ်သိမ့်လိုက်သည်။


"စိတ်မပူပါနဲ့ ယောင်ယောင်…ညီမ တစ်ကယ်ကြိုက်တဲ့သူရှိရင် ဘာမှ အရေးမကြီးပါဘူး… သူ့ရဲ့ ခွန်အားက နည်းနည်းလေး အားနည်းနေရင်တောင်မှ အစ်ကိုတို့က သူ့ကို 8ခါ၊10ခါ လောက်ရိုက်လိုက်လို့ သူက သူက နောက်ပြန်မဆုတ်ဘူးဆိုရင်..သူ တစ်ကယ်ရိုးသားတာပဲပေါ့"


လင်းယောင်ယောင် မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။ သူမသာ လင်းရွှမ်နှင့် တစ်ကယ်ချစ်သူဖြစ်သွားလျှင် ဝေ့ယွမ်နှင့် ဝေ့မိသားစုက မည်သို့တုံ့ပြန်မည် ဆိုသည်ကို သူမ စိတ်ကူးမယဉ်နိုင်ပေ။ သို့သော်လည်း၊ ဝေ့ မိသားစု၏ ဂေါ်ဖီထုပ်လေးသည် ငယ်စဉ်ကပင် ပျောက်ဆုံးသွားခဲ့တာဖြစ်သည်။ လင်း မိသားစုကသာ သူမကို မတော်တဆ တွေ့သွားခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့ကြတာပင်။ ထို့ကြောင့် သူမသည် လင်း မိသားစု၏ အချစ်ကလေးဖြစ်လာခဲ့ရသည်။


ဝေ့ မိသားစုက လင်းမိသားစုကို ကျေးဇူးတင် နေတဲ့အချိန်မှာ သူတို့ရဲ့ ဂေါ်ဖီထုပ်ကလေးကို ပြန်ခေါ်ဖို့ အချိန်မရဘဲ လင်း မိသားစုရဲ့ ဝက်တစ်ကောင်က စားသွားကြောင်း ရုတ်တရက် သိလိုက်တဲ့အခါ ဘာဖြစ်သွားမလဲ...


လင်း မိသားစုကလည်း သူမကို ပြန်ပေးဖို့ လုံးဝမစီစဉ်ထားပေ။ ပိုအန္တရာယ်များသည်က သူမသည် နှလုံးသားထဲမှာ လင်းရွှမ် ကို နေရာပေးထားမိပြီဖြစ်သည်။ထို့ကြောင့် နှစ်ဖက်လုံးက မိဘတွေနှင့် သူငယ်ချင်းတွေက သူမတို့ အတူတူရှိနေတာကို သဘောမတူလျှင် ဘာလုပ်ရမလဲဆိုပြီး စိတ်ပူလာမိသည်။ သူမ ငြိမ်ကုပ်နေသဖြင့် အနည်းငယ် ထူးဆန်းနေသည်ဟု ဝေ့ယွမ် က သဘောပေါက်ပြီးနောက် မေးလိုက်သည်။


"ယောင်ယောင်…ညီမ တစ်ယောက်ယောက်ကို တစ်ကယ်ကြိုက်မိနေတာလား"


လင်းယောင်ယောင် ချက်ချင်းပင် လွှတ်ကနဲထွက်သွားလေသည်။

"ဟင့်အင်း…ဟားဟား…ညီမက နေ့တိုင်း ခက်ခက်ခဲခဲ စာသင်ရတယ်…ကြိုးစားရတယ်လေ… ကိုယ်ကြိုက်တဲ့သူကို ဘယ်မှာ ရှာရမှာလဲ..."


ဝေ့ယွမ်၏ နှလုံးသားသည် နောက်ဆုံးတွင် ငြိမ်သက်သွားပြန်သော်လည်း သူလုံးဝစိတ်မသက်သာရာရခင်မှာ သူမ ပြောလာသည်။



xxxxx

Ei Thet Hmue