အခန်း၆၈
Viewers 8k

Chapter 68

(ယောင်ယောင်၏ အကူအညီ)


အဖိုးတန် ပထမမဲကို မဲပေးပြီးနောက် ဗိုလ်ချုပ်ကြီးသည် မက်ဆေ့ခ်ျပို့လိုက်၏။


"မင်းရဲ့ လက်ရာတွေကို ပထမဆုံး မဲပေးသူက ကိုယ်ပါ...ကောင်းသောညလေး ဖြစ်ပါစေ"


နောက်တစ်နေ့တွင် လင်းယောင်ယောင် အိပ်ရာထပြီး ဤစာကိုမြင်သောအခါ လင်းရွှမ် နောက်ပြောင်နေသည်ဟု သူမ ထင်ခဲ့သေးသည်။ များပြားလှသော ဟင်းလျာများကြားထဲမှ သူမဖန်တီးထားသည့် ဟင်းလျာကို သူက ရှာတွေ့ပြီး ပထမဆုံး မဲမပေးနိုင်ပေ။


သို့သော် သူမ စာသင်ခန်းထဲရောက်သောအခါတွင် မနေ့ညက "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ဖြည့်စွက်အစားအစာအုပ်စုအကြောင်း ပြောနေသည်ကို သူမ ကြားလိုက်ရသည်။ မဲမပေးနိုင်ဖြစ်သွားသည့် အချိန်က ထူးထူးဆန်းဆန်း 11 စက္ကန့် ရှိကြောင်းကို ကျောင်း၏ ဖိုရမ်ပို့စ်များတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ ထွက်ပေါ်လာခဲ့သည်။ ထို11စက္ကန့်အတွင်း ဟင်းပွဲငါးမျိုး၏ ထူးဆန်းသော ဒေတာပြောင်းလဲမှုများကို အသေးစိတ်တောင် သူတို့ သိနေကြ၏။ ထို့ကြောင့်၊အဆိုပါ ဟင်းငါးမျိုးသည်လည်း လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။


ကျန်းရို့ က လင်းယောင်ယောင် ကို ရွှတ်နောက်လျက် ပြောလိုက်သည်။


"အဟက်ခံရတာ ဖြစ်နိုင်တယ်လို့ လူတိုင်းပြောနေကြတာ…ဟင်းပွဲအားလုံးရဲ့ မဲပေးမှုဒေတာက မူမမှန်ဘူးလို့ တရားဝင် ဝက်ဘ်ဆိုဒ်ကလည်း ကြေညာခဲ့တယ်... ဒါပေမယ့် ဘာလို့ 11စက္ကန့်ပဲ ရှိရတာလဲ… ယောင်ယောင် ငါ အဲဒီဟင်းငါးမျိုးကို ကြည့်လိုက်တော့ အဟမ်း...အဲဒါ နင့် ဟင်းပွဲတွေ ဖြစ်နိုင်တယ်...အဲဒီ ဟက်ခ်တဲ့လူက နင့်အမာခံပရိသတ်တွေထဲက တစ်ယောက်လားမသိဘူး...သူက နင့်ကို မဲပေးတဲ့ ပထမဆုံးသူဖြစ်ချင်တာနေမှာ... ဒါကြောင့် ဟက်ခ်လုပ်လိုက်တာထင်တယ်… နင်ရော ဘယ်လိုထင်လဲ..."


ထိုအခါမှ သူမ သည် လင်းရွှမ် စကားကို သတိရသွားသည်။ သို့သော်၊ သူမသည် ထိုဟင်းငါးမျိုးကို ချက်ကြောင်း လူတိုင်းသိပြီးနောက် သူမတွင် အမာခံပရိသတ်တစ်ဦးရှိမှန်း လူတိုင်းသိသွားမှာကို သူမကြောက်သည်။ထို့ကြောင့် သူမ ယောင်ဝါးဝါးသာ ပြန်ပြောနိုင်သည်။


"အို...ငါမသိပါဘူး..."


"11စက္ကန့်" သည် လင်းယောင်ယောင် ၏ username "Eleven" နှင့် တိုက်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်မဖြစ်စေ လင်းရွှမ် ၏ မဲပေးနည်းလမ်းသည် သူမ၏ ဟင်းငါးမျိုးအပေါ် အာရုံစူးစိုက်မှုမြင့်မားစေခဲ့သည်။


အစပိုင်းတွင်၊ တစ်ယောက်ယောက်က ဟက်ကာများကို ခိုင်းထားပြီး မဲခိုးချခိုင်းထားသည်ဟု ထင်ခဲ့ကြသည်။သို့သော်လည်း၊ ဟင်းငါးမျိုးကို မြည်းကြည့်ဖူးသူတွေကမူ စားပြီးသည်နှင့် ထိုသို့ မခံစားရတော့ပေ။ အားလုံးက တခြားဟင်းများစားပြီးသော်လည်း ဤဟင်းငါးမျိုးကို စားဖူးသူများ၏ ကောမန့်များမှာ လုံးဝချဲ့ကားထားခြင်း မဟုတ်ကြောင်း တွေ့လိုက်ရ၏။


ရှီပတီး နှင့် ဂျင်ဆင်းကြက်စွပ်ပြုတ် သည် ချိုမြိန်ပြီး အရသာရှိလှသည်။ Seafood Hotpot က ပူပူစပ်စပ် ဖြစ်ပြီး အရံဟင်း၊ ဂေါ်ဖီထုပ်ပြုတ်သည် လူကို လန်းဆန်းသွားစေသည်။ အဓိက အစားအစာဖြစ်သည့် မြေအိုးထမင်းသုပ်က အတော်လေး အရသာစုံလင်လှပြီး အချိုပွဲဖြစ်သည့် သရက်သီးနှင့်ကျွဲကောသီးဖျော်ရည်က လန်းဆန်းပြီး ချိုမြိန်သည်။ တစ်ခုပြီးတစ်ခု မြည်းကြည့်ပြီးနောက်၊ အားလုံးသည် အရသာစုံလင်အောင် ခံစားလိုက်ရကာ သူတို့စားချင်စိတ်ကိုတောင် မရပ်တန့်နိုင်ကြတော့ပေ။ သူတို့စားနေသည့်ဟင်းများက ဖြည့်စွက်စာမဟုတ်ဘဲ ကြယ်ငါးပွင့် စားသောက်ဆိုင်များမှာ စားနေရတာထက် အရသာပိုကောင်းသည်ဟု သူတို့ခံစားရသည်။


"အိုဘုရားရေ...ဒီလောက် အရသာရှိပြီး အံ့သြဖွယ်ကောင်းတဲ့ ဖြည့်စွက်စာ ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ…"


အရေးကြီးသည့်၊ အရန်ကုထုံးအကျိုးသက်ရောက်မှုကလည်း အမှန်တစ်ကယ် အလွန်ကောင်းမွန်နေခြင်းဖြစ်သည်။


အရသာမြည်းသူများသည် သူတို့စိတ်ထဲမှာ ထိုဟင်းငါးမျိုးကို စွဲနေအောင် မှတ်ထားလိုက်တော့သည်။ ဤအရသာများကို ဖန်တီးပေးသော ပြိုင်ပွဲဝင်များကို မြေတောင်မြှောက်ပေးဖို့လည်း သူတို့ ဆန္ဒရှိနေကြ၏။ မစ္စတာ ဟက်ကာ ၏ ကျေးဇူးကြောင့်ပင် ထိုဟင်းငါးမျိုးက အာရုံဆွဲဆောင်နိုင်ခဲ့သဖြင့် အတော်လေး ကျေးဇူးတင်စရာကောင်းနေသည်။ ပိုထိတ်လန့်စရာကောင်းသည်က ဤဟင်းငါးမျိုးကို လက်ထောက်ကုထုံးပညာရှင်တစ်ဦးတည်းက ဖန်တီးထားတာပင်။


ထို့ကြောင့်၊ ပြိုင်ပွဲဝင်သူများသည် ကံတရားကြောင့်မဟုတ်ဘဲ အမှန်တစ်ကယ် ကာယညာဏအားဖြင့် ဤအရသာရှိသော ဖြည့်စွက်အစားအစာများကို ပြုလုပ်နိုင်ကြောင်း ပြသနေသည်။ ထိုသို့သော စွမ်းရည်ရှိသူများသည် အာရုံစူးစိုက်မှုနှင့် မဲများကိုဆွဲဆောင်ရန် ဟက်ကာများကို အသုံးပြုရန် မလိုအပ်ပေ။သို့မဟုတ်လည်း၊သူတို့ကို ထူးပြီးအမှတ်ရနေမှာ အမှန်ပင်။ မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိမည်ဖြစ်သည်။


ဟက်ကာက မဲပေးရုံပဲ မဟုတ်လား...


ယခု မြည်းကြည့်သူများသည် မဲအားလုံးကိုရှင်းပြီး ပထမမဲပေးနိုင်ရန် "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်စနစ်သို့ ဝင်ရောက်ရန် အရည်အချင်းမရှိသော်လည်း အနည်းဆုံး သူတို့ကြိုက်သည့် ဟင်းကို မဲပေး၍ရနေသေးသည်။

အရသာခံမြည်းသူအများအပြားသည် "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲ ၏တရားဝင်ဝဘ်ဆိုဒ်ကိုပင် ကန့်ကွက်ခဲ့ကြသည်။


သူတို့ ကြိုက်တဲ့ လက်ရာတွေအတွက် ဘာကြောင့် မဲတစ်မဲပဲ ပေးနိုင်တာလဲ ဒါက ယုတ္တိမရှိဘူး..


ထိုဟင်းငါးမျိုးအတွက် သူတို့ပေးခွင့်ရှိသည့် 10မဲလုံးထည့်ရန် မစောင့်နိုင်တော့ပေ။သို့သော်လည်း၊ ကျောင်းတရားဝင်ဝဘ်ဆိုဒ်ပလက်ဖောင်းသည် မဲပေးခြင်းစနစ်ကို ပြောင်းလဲမည်မဟုတ်ပေ။ဤကိစ္စကြောင့် ယခုနှစ် "ကျောင်းသားဖလား" ၏ အများအားဖြင့် လူကြိုက်များခြင်းမရှိသော အရန်အစားအစာကဏ္ဍကို လူများက အာရုံစိုက်လာကြသည်။ အလွန်ဝမ်းနည်းစရာကောင်းသည်မှာ လူတစ်ဦးစီသည် တစ်ကြိမ်သာ မြည်းခွင့်ရှိတာကိုပင်။ ထို့အပြင်၊ "ကျောင်းသားသစ်ဖလား" ပြိုင်ပွဲကို Star Network ၏ virtual အာကာသတွင် ကျင်းပခြင်းဖြစ်သည်။ အရန်ကုထုံးအကျိုးသက်ရောက်မှု၏ ထိရောက်မှုမှာ ပုံမှန်ဖြည့်စွက်စာ၏ 10-20% သာဖြစ်သည်။ လူတိုင်းက လေးလေးနက်နက် စဉ်းစားလာကြသည်။


ဒီဖြည့်စွက် အစားအစာငါးမျိုးလုံးကို ဖန်တီးထားတဲ့ ပြိုင်ပွဲဝင်က ဘယ်သူလဲ…


Star Network တွင် ရေပန်းအစားဆုံးသော ကောလဟာလမှာ ဟင်းငါးမျိုးသည် ရှေးခေတ်တရုတ်အစားအစာလက်ထောက်ကုထုံးပညာရှင် "Eleven" ၏ လက်ရာများဟုဆိုကြသည်။ ထို့ကြောင့်၊ အားလုံးက Star Network ၏ စျေးဝယ်ပလက်ဖောင်းရှိ "ရှေးတရုတ်စားစရာအိမ်" သို့ ချက်ချင်းစုရုံးသွားခဲ့ကြသည်။ ကံမကောင်းစွာဖြင့်၊ "Eleven"အကောင့် ပိုင်ရှင်သည် "ကျောင်းသားသစ်ဖလား" ၏ ပထမပြိုင်ပွဲအတွက် ဝင်ခွင့်များကို ပြင်ဆင်ရန် လုပ်ငန်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ဈေးဆိုင်သည် လက်ရှိတွင် မည်သည့် ဖြည့်စွက်အစားအစာများကိုမျှ ရောင်းချခြင်းမရှိပေ။"Eleven"ထံမှ virtual ဖြည့်စွက်စာကို မမြည်းဖူးသူအများစုသည် သူမ ဆိုင်ရှိ ဟင်းများက ပြိုင်ပွဲဝင် ဟင်းငါးမျိုးလောက် ကောင်းမွန်မှာမဟုတ်ဟု ခံစားမိကြသည်။


သို့သော် "Eleven" ကိုလိုက်စုံစမ်းနေသော လူတစ်စုက သူမ ၏ အစားအသောက်ကုထုံးဌာနတွင် လူသစ်တစ်ဦးဖြစ်သည့် လင်းယောင်ယောင် ဖြစ်ကြောင်း တွေ့သွားသည်။ ထို့အပြင်၊သူမ၏ Weibo ရှိ မကြာသေးမီက တင်ထားသည့် အစားအသောက် သင်ကြားရေး ဗီဒီယိုများကို တွေ့ခဲ့သည်။


'ဟမ်...ဟင်းက ရိုးရှင်းပြီး အရသာရှိမယ်ထင်တယ်"


ထို့နောက် သူတို့က သူမကို စိတ်ထဲက မသိလိုက်ဘဲနှင့်တောင် အားပေးမိသွားကြသည်။


"Eleven" ဖြစ်သော လင်းယောင်ယောင် သည် ထိုငါးမျိုးတွင် မဲအများဆုံးရသော ဟင်းလျာများကို တစ်ခါမှ မချက်ဖူးကြောင်း ယေဘုယျမှတ်ချက်တစ်ခုလည်း ရှိသည်။ "ဆယ့်တစ်စက္ကန့်" သို့မဟုတ် တစ်စုံတစ်ခုသည် တိုက်ဆိုင်မှုဖြစ်ရမည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ယခုတစ်ကြိမ်တွင်၊ Weibo တွင် သူမ သင်ကြားခဲ့သည့် "ရှေးတရုတ်စားစရာအိမ်" တွင် ရောင်းချသည့် သူမ လက်ရာနှင့် ဆင်တူသော ဖြည့်စွက်အစားအစာ များစွာရှိသည်။


တစ်နည်းဆိုရသော် ပြိုင်ပွဲဝင်ငါးဦး၏ အာရုံစူးစိုက်မှုကို ခံရသော ပြိုင်ပွဲဝင်များသည် လင်းယောင်ယောင် လုံးဝမဟုတ်၊ အခြားတစ်ယောက်ဖြစ်နိုင်သည်။ သူမသည် ထိုပြိုင်ပွဲဝင်၏ ကျော်ကြားမှုကို တမင်တကာ အခွင့်ကောင်းယူနေပုံရသည်ဆိုသော ကောလဟလများက ကျွက်ကျွက်စီအောင် ဆူညံနေကြတော့သည်။


သူမ ပြန်လည်မချေပသော်လည်း သူမ၏ ပရိသတ်အများအပြားက ပြန်လည် ဖြေရှင်းခဲ့ကြသည်။ ထိုအလုပ်ငါးခုကို သူမ မလုပ်ဆောင်ခဲ့လျှင်ပင်၊ အခြားသူတစ်ဦး၏ ကျော်ကြားမှုကို အားကိုးနေစရာမလိုသည်မှာ သေချာသည်။ သူမမှာ မိသားစုနောက်ခံလည်းရှိပြီး လှပရုံသာမက ပြီးခဲ့သည့်လဝက်အတွင်းမှာလည်း သူမ၏ ကိုယ်ပိုင်အရည်အချင်းကို သက်သေပြခဲ့၏။


မည်သို့ပင်ဆိုစေ၊ Eleven ၏စတိုးဆိုင် "ရှေးတရုတ်စားစရာအိမ်" နှင့် Weibo တွင် သူမ ပြင်ဆင်ထားသော သင်ကြားရေး ဗီဒီယိုစီးရီးများကြောင့် အင်ပါယာတွင် ရှေးတရုတ်အစားအစာ ကုထုံး ပညာရှင်များ ထွက်ပေါ်လာခဲ့သည်။ ယခုနှစ် "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲ ပထမပြိုင်ပွဲတွင် အစားအသောက်ကုထုံးအဖွဲ့မှာလည်း ရှေးဟောင်း တရုတ်အစားအစာများ ထည့်သွင်းပြိုင်လာကြသည်။ အရသာက အရင်နှစ်များနှင့် ယှဉ်လျှင် အများကြီး တိုးတက်လာသည်။ ယခင်တုန်းက အစားအသောက်ကုထုံးအဖွဲ့၏ လက်ရာများကို ဘယ်သူမှ မြည်းကြည့်ဖို့ ဆန္ဒမရှိခဲ့ကြသော်လည်း ယခုနှစ်မှာတော့ အားလုံးက စိတ်အားထက်သန်လာကြ၏။ အမိုက်စားဟင်းလျာများကို အကြိမ်များစွာ ကြုံတွေ့ရသော်လည်း မထင်မှတ်ထားသော ရှာဖွေတွေ့ရှိမှုများစွာရှိသည်။


ကျန်းရို့ က


"ယောင်ယောင် နင့်ကို ချောက်ချနေတာ ဟိုကောင်မ ဝူလီလီ ဖြစ်မယ်ထင်တယ်…သူက နင့်ကို ထိပ်တိုက်မနိုင်တော့ ဒီယုတ္တိမတန်တဲ့ နည်းတွေနဲ့ တိုက်နေတာဖြစ်ရမယ်....နင့်ကိုလာပြီးထိပါးလာပြီဆိုတော့ နင်သူ့ကို ပညာတော့ပြသင့်ပြီထင်တယ်"


လင်းယောင်ယောင် သည် သူမကိုယ်ကို အနိုင်ကျင့်ခံရဖို့ မဖြစ်နိုင်မှန်း သိသဖြင့် ပြုံးပြီးပြောလိုက်သည်။


"သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေက အသေးအဖွဲမို့လို့ အရင်က သူ့ကို ဂရုမစိုက်ခဲ့တာ... သူ့ကို နှောင့်ယှက်ချင်ရင် အလွယ်လေးပါ....ငါက လင်း မိသားစုက သမီးငယ်လေး...ဒါကြောင့် ငါက သူ့ရည်မှန်းချက်ကို စေတနာထားပြီး ဒီတိုင်းကြည့်နေပေးတာ.… သူ့ကိုယ်သူ ဒီ့ထက်ပိုပြီး မာန်တက်လာရင် ငါ သူ့ ခြေဖဝါးကနေ ဆွဲပြီး သူ့ကို ဇောက်ထိုးလှန်ပစ်လိုက်မယ်…"


ရေမြောင်းထဲက ပိုးကောင် တစ်ကောင် ဝူလီလီ ကို ကိုင်တွယ်မဖြေရှင်းခင် လျစ်လျူရှုထားရမည်။ သူမကို ပညာပေးချင်သည့်အခါ လုံးဝ ပြန်မထနိုင်အောင် လုပ်မှဖြစ်ပေမည်။ လင်းယောင်ယောင် အတွက်၊သူမကို အနိုင်ယူဖို့ လွယ်ကူသော်လည်း သူမအား မာနကြီးပြီး တခြားသူတွေကို အနိုင်ကျင့်သည်ဟု ပြောလာကြမှာမလိုလားပေ။ သုမကို စိတ်ထဲမှာလည်း ရှိမနေ၍ ဂရုမစိုက်ပေ။။ ဝူလီလီ ဘယ်လောက်ဆိုးနေပါစေ၊ သူမ အကျိုးစီးပွားကို မထိခိုက်စေပေ။ ဝူလီလီ က သူမကို ဆက်ပြီးနှောင့်ယှက်လာမည်ဆိုလျှင် မတတ်သာဘဲ တန်ပြန်အကျိုးခံစားရအောင် လုပ်ရမည်ဖြစ်သည်။ထို့နောက် နောင်တဆိုသည့် အဓိပ္ပါယ်ကို သူမအား နားလည်စေမည်ဖြစ်သည်။


သို့သော် ဤလောကတွင် လူတို့၏ စိတ်နှလုံးသည် အမြဲရှုပ်ထွေးနေတတ်သည်။ ဝူလီလီ သည် သူမမှာ အရည်အချင်းနှင့် ရုပ်ဆင်းသွင်ပြင် နှစ်မျိုးလုံးရှိကြောင်း အမြဲကြွားဝါခဲ့သည်။ သို့သော် သူမ သို့ရောက်ရှိသောအခါ သူမအား အထက်-အလယ်အဆင့်အဖြစ်သာ မှတ်ယူနိုင်သည်။


မူရင်းဝတ္ထုတွင် မိသားစုပိုကြီးပြီး ဉာဏ်ပိုထက်မြက်၍ ဆွဲဆောင်မှုရှိသော လင်းယောင်ယောင် သည် စုချင်းဟယ် ကို အမြဲတိုက်ခိုက်သည်။ လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့သည် အမြဲတစေ မျက်နှာချင်းဆိုင်ရန်ဖြစ်ကြ၏။ ပို၍အရေးကြီးသည်မှာ သူမသည် မင်းသားတစ်ပါးနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိနေသည်ဟု စုချင်းဟယ် သံသယရှိနေခဲ့ခြင်းပင်။


ဝူလီလီ သည် သူမ၏ အကြံဆိုးများသည် သူမ အပေါ် များစွာ သက်ရောက်မှု ရှိမည်မဟုတ်ကြောင်းကို သိထားသည်။ သူမသည် လင်းယောင်ယောင်ကို ဆဲဆိုချင်တိုင်း၊ နောက်ဆုံးတွင် ဂုဏ်တက်အောင် လုပ်နေသလိုသာဖြစ်ခဲ့သည်။ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးဖြစ်၍ ယခုတစ်ကြိမ်တွင် သူမ ကောင်းစွာ နားလည်ခဲ့ပြီဖြစ်သည်။ သူမသည် မိန်းကလေးလင်း အကြောင်း ကောလဟလများကို Star Network တွင် တင်ခဲ့သော်လည်း တစ်ကယ်အရေးကြီးသည့်ကိစ္စမှာ တစ်ခြားအရာပင်။


ဝူလီလီ သည် ကျော်ကြားပြီးချမ်းသာကြွယ်ဝသော ယန်ယိဖေး နှင့် ပူးပေါင်းကြံစည်ဖို့ ကြိုးပမ်းခဲ့ကြသည်။ ယန်ယိဖေး က အလွန်ပင် တော်သည်။ ဆေးပညာဌာနမှ ကျောင်းသားသစ်များကြားတွင် စုချင်းဟယ် မှလွဲ၍ အထူးခြားဆုံး ကောင်မလေး အဖြစ် သူမကို မှတ်ယူနိုင်သည်။ ထိုအကြောင်းကိုပြောရလျှင် ယန်ယိဖေး သည် ယခင်က လင်းယောင်ယောင် ၏သူငယ်ချင်းကောင်းတစ်ဦးဖြစ်နေဆဲဖြစ်သည်။


သို့သော် သူတို့ဘာကြောင့် မခေါ်ပြောကြမှန်း တခြားသူများမသိကြပေ။ထို့နောက်၊ဝူလီလီက သွေးထိုးလှုံ့ဆော်ခဲ့ရာ ယန်ယိဖေး မှ လင်းယောင်ယောင်ကို မုန်းသွားတော့လေသည်။ သူမသည် အစားအသောက်ကုထုံးသုတေသနစခန်းသို့ ဝင်ရောက်နိုင်သောကြောင့် ယန်ယိဖေးကလည်း သူမကိုယ်သူမ သုတေသနစခန်းသို့ ဝင်ရမည်ဟု တွေးမိလေ၏။ သူမတို့နှစ်ယောက်သည် ဆန့်ကျင်ဘက်တွင် ရပ်တည်နေပြီဖြစ်ပြီး သူငယ်ချင်းပြန်မဖြစ်နိုင်တော့ပေ။ သူမကိုယ်ကို လင်းယောင်ယောင် နှင့် ဘယ်လိုယှဉ်ယှဉ် ရပ်တည်နိုင်သည်ဟု ခံစားမိသည်။ထိုအခါ၊ ရှောင်ကျန်း ကလည်း သူမ၏ ဖြစ်တည်မှုကို မြင်သွားပြီး သူမသည် လင်းယောင်ယောင် ထက် မဆိုးကြောင်း တွေ့သွားလိမ့်မည်ဖြစ်သည်။


စကားလက် နှင်းဆီအဖွဲ့၏ တပ်မှူးဖြစ်သည့် ယန်ယိဖေး ၏အစ်မ ယန်ယိမန် က ရှောင် မိသားစုကို သွားမထိရန် သူမကို သတိပေးထားသော်လည်း အခြားနည်းလမ်းမရှိတော့။ ထိုလူကို သူမ သဘောကျသည်။ တံတိုင်းက သူမရှေ့မှာရှိနေမှန်း သိလျှင်တောင် တည့်တည့်ထိမှရတော့မည်။


စုချင်းဟယ် သည် နာမည်မရှိသော သာမာန်လူမျှသာဖြစ်သည်။ သူမလို ဉာဏ်ကြီးရှင်တစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ၊သူမမှာ နာမည်ဆိုးနှင့် လိမ်လည်မှုဆိုသည့် ကောလာဟလများနှင့် စွန်းထင်းနေမည်ဆိုလျှင် ထိပ်တန်းနေရာများကို ဝင်ဖို့ အရည်အချင်းများ ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။ တိုတိုပြောရလျှင်၊ ဝူလီလီ နှင့် ယန်ယိဖေး တို့ ပူးပေါင်းပြီး သူမကို ချောက်ချဖို့ တစ်ယောက်ယောက်ကို ရှာဖွေခဲ့ပြီး မဲများရယူရန် ခိုင်းထားပြီး အထက်ကို သွားပြော၍ လိမ်လည်မဲအရေအတွက်ကို ရှင်းပစ်ခိုင်းမည်ဖြစ်သည်။ သို့သော်လည်း ခြွင်းချက်တစ်ခု ရှိသည်- တစ်စုံတစ်ဦးသည် မဲများကို ခိုးပြီးပေါင်းထည့်နေသည်ဟူသော ခိုင်လုံသည့် အထောက်အထား ရှိပါက အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်သည်။


ဤ "အထောက်အထားကိုဖန်တီးရန်အတွက်" ဝူလီလီ နှင့် ယန်ယိဖေး တို့သည် အထူးခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိုင်သည့် စုချင်းဟယ် အား inducer ( မျိုးဗီဇတစ်ခု ပြောင်းလဲနေတဲ့ မော်လီကျူး တစ်ခု)ကို ပေးခဲ့သည်။ inducer သည် ကျွမ်းကျင်ဆေးဝါးပညာရှင်များသာ ပြုလုပ်နိုင်သော အဆင့်-၅ဆေးတစ်မျိုးဖြစ်သည်။ အနံ့ကင်း၊ အရောင်ကင်းစင်၍ အသုံးပြုပြီးနောက် အစအနမရှိဘဲ အငွေ့ပျံသွားမည်ဖြစ်သည်။


စုချင်းဟယ် သည် ဤအစီအစဥ်တွင် အမှန်တစ်ကယ် အငိုက်မိသွားခဲ့သည်။ ထို့အပြင် ယန်ယိဖေး နှင့် ဝူလီလီ တို့သည် စုချင်းဟယ် နှင့် “မဲအတုအေဂျင်စီ” အကြား ငွေပေးချေမှုမှတ်တမ်းများကို အတုလုပ်ရန် ဟက်ကာတစ်ဦးကိုလည်း ငွေပေးထားခဲ့သည်။ မကြာမီ၊ဤအရာအားလုံးက ပေါက်ကွဲထွက်ရန် အရေးကြီးဆုံးအချိန်ကို စောင့်ရုံသာဖြစ်သည်။ စုချင်းဟယ် ၏ မူလကျွမ်းကျင်မှုဖြင့်ဆိုလျှင် သူမသည် ပထမဆုံးဖြစ်နိုင်သည်။ သို့သော် မဲများ ပေါင်းထည့်ခြင်းကြောင့် အဆုံးတွင် သူမ အနိုင်ရလျှင်ပင် မေးခွန်းထုတ်ခံရမည်ဖြစ်သည်။


စုချင်းဟယ် သည် အစားအသောက်ကုထုံးစခန်းသို့ အကြိမ်ကြိမ် သွားပြီး ပညာဆည်းပူးခဲ့သည်။ သူမသည် လင်းယောင်ယောင် ၏ ဖြည့်စွက်အစားအစာပုံစံကို သိထားပြီးဖြစ်သည်။ ကျော်ကြားသောအစားအစာကုထုံးအဖွဲ့ရှိ ထိပ်တန်းဟင်းပွဲငါးခုကို လင်းယောင်ယောင်ဖန်တီးခဲ့သည်ကို သူမ သိထားခဲ့သည်။


အင်္ဂါနေ့မွန်းလွဲပိုင်းတွင် လင်းယောင်ယောင် သည် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းတွင် စမ်းသပ်သင်တန်းတစ်ခုကို တက်ရန် ရောက်ရှိလာသည်။ သူမ အခြေစိုက်စခန်းတံခါးကို ရောက်သည်နှင့် စုချင်းဟယ်ကို တွေ့လိုက်ရသည်။ စုချင်းဟယ် သည် သူမကို စောင့်မျှော်နေပုံရပြီး သူမ ရှေ့ကို လှမ်းလာကာ


"ယောင်ယောင် ဂုဏ်ယူပါတယ် မင်းက အကောင်းဆုံးပဲ"


လင်းယောင်ယောင် သည် ဆေးဘက်ဆိုင်ရာအုပ်စု ရှိ စုချင်းဟယ် ၏မဲများကို ကြည့်ထားပြီးဖြစ်သည်။ စုချင်းဟယ် ၏ ပြိုင်ပွဲဝင်ဆေးဝါးသည် အနိမ့်ဆုံးနှင့် အလယ်အလတ်အဆင့် ဆေးဖက်ဝင်ပစ္စည်းများကြားတွင် လူကြိုက်အများဆုံး "အိပ်မက်ဆေး" ဖြစ်သည်။ သို့သော် မဲများက ရုတ်တရက် ပေါက်ကြားသွားသည် ။ မူရင်းဝတ္ထုတွင် သူမ၏ ပြိုင်ပွဲဝင် ဆေးဝါးများသည် အစပိုင်းတွင် မျက်စိကျစရာ မဟုတ်သောကြောင့် သူမ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိသွားသည်။

စုချင်းဟယ် သည် ပြီးပြည့်စုံမှုကိုနှစ်သက်ပြီး တင်ပြထားသော လက်ရာများကို ပြီးပြည့်စုံစေရန် အလိုရှိသူဖြစ်သည်။ အစောပိုင်းအဆင့်တွင် သူမ၏မဲပေးမှုအခြေအနေမှာ အားနည်းခဲ့သည်။


"အိပ်မက်မက်ဆေး" သည် ကောင်းမွန်စွာ အိပ်ပျော်စေပြီး အိပ်မက်ကောင်းများ မက်စေနိုင်သည်။ ဆေးဝါးများကို စမ်းသုံးသူအများစုသည် ဝိညာဉ်ရေးနယ်ပယ်အပေါ် သက်ရောက်မည့် အရန်ကုသမှုအကျိုးသက်ရောက်မှုအား တန်ဖိုးထားကြသည်။


တစ်ကယ့်ကုတင်ကြီးထဲမှာ အိပ်ခြင်းက virtual အိမ်လေးထဲမှာ ထက် ပိုအဆင်ပြေသော်လည်း စုချင်းဟယ် ၏ "အိမ်မက်မက်ဆေး" သည် မာစတာတစ်ယောက်၏လက်ရာနှင့် ယှဉ်နိုင်သော ပြီးပြည့်စုံသည့် အရည်အသွေးဖြစ်သည်။ စမ်းကြည့်သူတိုင်း အံ့သြစရာအကောင်းဆုံး အိပ်မက်ထဲကို ရောက်သွားမှာဖြစ်ပြီး တစ်ကယ်ဖြစ်လာဖို့ မျှော်လင့်နေသည်များကို မြင်လာရလိမ့်မည်ဖြစ်ပြီး သူတို့နိုးလာလျှင်လည်း မှတ်မိနေမှာဖြစ်သည်။




xxxxx

Ei Thet Hmue