အခန်း၇၂
Viewers 8k

Chapter 72

(မဲလိမ်လည်မှု)




သူမ အတွက် လုံးဝကို ဘာမှမထူးခြားပေ။ ရှောင်ကျန်း က သူမကို မနှောင့်ယှက်ဘဲ စာနာစိတ်ဖြစ်လာအောင်လုပ်လိုလျှင် သူ့အမည်ကို မဖော်ပြဘဲ ဝယ်ယူနိုင်ရန် username အသစ်ကို မှတ်ပုံတင်နိုင်သည်။


ပြီးတော့ ဒီ "ကမ္ဘာကျော်" ဆိုတဲ့ ရှောင်မင် ရဲ့ အကောင့်က လေလံအောင်ခဲ့တာ တိုက်ဆိုင်မှုပဲလား…

သူမ "ကမ္ဘာကျော်" ၏ သုံးသပ်ချက်ကိုကြည့်ရှုလိုက်ရာ ကြယ်ငါးပွင့်ဖြစ်သည်။


မှတ်ချက်- "ဟင်းလျာတွေက အရသာရှိပြီး အရန်ကုထုံးက အရမ်းကောင်းပါတယ်…မင်းအရင်က တင်ထားတာနဲ့ အရမ်းကွာခြားသွားတယ်… မက်ခါ ကို စိတ်ဝင်စားတယ်ဆိုရင် ငါ့ခရီးသည်ထိုင်ခုံမှာ ထိုင်ဖို့ ကြိုဆိုပါတယ်"


လင်းယောင်ယောင်: '............ဒါဟာ လုံးဝ တိုက်ဆိုင်မှု မဟုတ်ဘူး"


"ကမ္ဘာကျော်" အကြောင်းကို သိထားပြီးသားဆိုသည်ကို သိဖို့မဖြစ်နိုင်သော်လည်း ရှောင်မင် ကမူ "Eleven" က သူမ ဆိုတာကိုတော့ သေချာပေါက်သိနေလေသည်။


ရှောင်မင် ကို သူမ ရှောင်သင့်သလား...


သူမက သူ့ကို နောက်က လိုက်မနေလို့များ သူက အာရုံစိုက်လာတာ ဖြစ်နိုင်သလား…


'ချီးပဲ'


မကြာသေးမီက သူမသည် မင်းသမီး စုချင်းဟယ် နှင့် မင်းသား ရှောင်မင် တို့ကြား အချစ်ရေးကို နှောင့်ယှက်ရန် စီစဉ်နေခဲ့သည်။ ရှောင်မင် ၏ထီးနန်းအမွေဆက်ခံမှုကို သူမသာ နှောင့်ယှက်နိုင်လျှင် အကောင်းဆုံးဖြစ်မှာပင်။


ရှောင်မင် နှင့် ရှောင်ကျန်း သည် သူမအတွက် မည်သို့ပင် တွေးနေပါစေ လင်းယောင်ယောင် သူတို့အကြောင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ ထို့နောက် သူမ မက်ခါပြိုင်ပွဲပလက်ဖောင်းသို့ဝင်ရောက်လိုက်ရာ များသောအားဖြင့် လိုင်းတက်လေ့ရှိသော နစ်ကို သည် ယနေ့တွင် အွန်လိုင်းမဟုတ်ကြောင်း တွေ့ရှိခဲ့ရသည်။ စုချင်းဟယ်က သူ့အမြွှာညီမဖြစ်ကြောင်း လုလင်း၏ သတင်းအချက်အလက်ဖိုင်ကို လက်ခံရရှိခဲ့ပြီးဖြစ်သဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်နိုင်သည်။


ထို့နောက် သူမလည်း သာမာန်အုပ်စုတိုက်ပွဲများကို ဝင်ရောက်ခဲ့ပြီး စတင်လေ့ကျင့်ခဲ့သည်။ အသစ်တစ်ယောက်အတွက်၊ သူမ အနိုင်ရနှုန်းက မနည်းလှဘဲ 70% ကနေ 80% လောက်ရှိသည်။ ပိုအတွေ့အကြုံရှိသည့် ပြိုင်ဘက်နှင့်တွေ့မှပဲ ရှုံးမည်ဖြစ်သည်။ တစ်ကယ်တမ်းတွင်၊သူမသည် စစ်ဆင်ရေးစွမ်းရည်ဘက်မှာ မကျွမ်းကျင်ပေ။ သူမ၏ SS အဆင့် စိတ်စွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည်တွင် ထိပ်တန်းဆရာအဖြစ် လင်းရွှမ် ကိုသာ အားကိုးနေရသည်။ သူမသည် နှစ်နာရီကြာ လေ့ကျင့်ပြီး အော့ဖ်လိုင်းခါနီးတွင် နစ်ကို ထံမှ စကားပြောခွင့်တစ်ခု ရောက်လာ၏။


သူ အွန်လိုင်းပေါ်ရောက်နေတာ ဘယ်လိုဖြစ်လို့လဲ…


ထို့အပြင်၊ သူမတို့သည် များသောအားဖြင့် တိုက်ပွဲများအတွက်သာ ချိန်းဆိုကြပြီး စကားစမြည်မပြောဖြစ်ကြပေ။ ရံဖန်ရံခါ စကားစမြည်ပြောဖြစ်လျှင်တောင်မှ သခင် ရွှမ် ဘယ်အချိန် လိုင်းတက်မလဲဟုသာ သူက မေးတတ်၏။ ထိုအခါတိုင်း၊ သူမ လည်း မသိကြောင်း ပြောသည်။ သူမ လုံးဝ မဖြေသည့်အခါ နစ်ကို သည် ခေါင်းမာမာဖြင့် ထပ်မမေးတော့‌ေပ။


အစက သူမသည် စုချင်းဟယ် ၏ အစ်ကိုဖြစ်သူ ကျောက်ချင်းယွင် ဖြစ်သည့် နစ်ကို နှင့် လမ်းခွဲရန် အစီအစဉ်မရှိပေ။ သို့သော် ယခင်က သူမနှင့် စုချင်းဟယ် သည် သူငယ်ချင်းမဟုတ်ခဲ့၍ ဝေးဝေးနေရန် စီစဉ်ခဲ့သည်။ သို့သော်၊ ယခုက မတူတော့‌ေပ။ စုချင်းဟယ် သည် သူမ၏ သူငယ်ချင်းဖြစ်လာပြီး စုချင်းဟယ် ၏ မူလကံကြမ္မာကို ပြောင်းလဲရန် ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ သူမ၏ တစ်ကိုယ်ကောင်းဆန်မှုအချို့ကြောင့် ဝတ္ထုထက်စောပြီး ကျောက် မိသားစုကို အသိအမှတ်ပြုရန် တိုက်တွန်းခဲ့သည်။


ဇာတ်ရှိန်တက်မည့် နေရာအစသည် ဝူလီလီ နှင့် ယန်ယိဖေး တို့က စုချင်းဟယ်ကို ချောက်ချထားခြင်းကိစ္စပင်။ ထို့အပြင် စုချင်းဟယ် ၏ဖခင် စုယိယုံ သည် မတော်တဆမှုမဖြစ်သေးပေ။ နောင်တစ်နေ့တွင် စုချင်းဟယ် ၏ဖခင်သည် မတော်တဆမှုတစ်ခုဖြစ်ခဲ့ပါက၊ မရင်းနှီးသေးသော ရှောင်မင် ထက် သူမထံမှသာ ပိုသင့်လျော်သောအကူအညီတစ်ခုရနိုင်မည်ဖြစ်သည်။


စုချင်းဟယ် နှင့် ကျောက်မိသားစုကြားက ဆက်ဆံရေးသည် မူရင်းဝတ္ထုကဲ့သို့ မနွေးထွေးသင့်ပေ။ မူရင်းဝတ္ထုတွင် ကျောက်ချင်းယွင် သည် အမွှာညီမ စုချင်းဟယ် နှင့် ရင်းနှီးချင်သည်။ သူ့မိခင် ကျောက်မင်ရုသည် ငယ်စဉ်ကပင် သူ၏ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်သာ သူ့အပေါ် အာရုံစိုက်သည်ဟု ခံစားခဲ့ရသည်။ သူ့အမေက သူ့ကို ခေါ်သွားဖို့ ရွေးချယ်ခဲ့သည့် ရလဒ်အနေနှင့် ညီမဖြစ်သူမှာ စစ်တပ်မိသားစုဝင်တစ်ယောက်ဖြစ်လာကာ အရည်အချင်းရှိသည့် မိန်းမပျိုလေး ဖြစ်လာစေခဲ့သည်။


အကယ်၍ သူ့ရောဂါနှင့် အရေးတကြီး ကုသမှုခံယူရန် လိုအပ်ခြင်းမဟုတ်ပါက၊ ကွာရှင်းပြီးနောက် ကျောက်မင်ရု သည် သူမနှင့်အတူ ခေါ်လာသူက စုချင်းဟယ် ဖြစ်နိုင်သည်။ သို့သော်၊ သူ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်းမသိပေ။ သူတို့သည် ကမ္ဘာပေါ်တွင် အရင်းနှီးဆုံးလူသားများဖြစ်ကြပြီး တစ်နေ့တည်း အတူတူမွေးဖွားခဲ့ကြသော မွေးချင်းများဖြစ်ကြသော်လည်း မွေးပြီးမကြာမီတွင် ကွဲကွာသွားကြသည်။ ယခုတော့ သူစိမ်းတွေလိုပင်။


အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက်၊ လင်းယောင်ယောင် သည် ဖိတ်ကြားချက်ကို လက်ခံရန် နှိပ်ခဲ့သည်။ သူမလည်း စုချင်းဟယ် နှင့် ပတ်သက်ပြီး နစ်ကို ဘာတွေတွေးပြီး စီစဉ်ထားသလဲဆိုသည်ကို သိချင်နေ၏။ ကျောက်မိသားစုသည် ယန် မိသားစုကို တိုက်ရိုက်တိုက်ခိုက်ရန် မကြောက်ရွံ့သည်မှာ သေချာသည်။ ကျောက်မိသားစုက တစ်ကယ့်စစ်တပ်၏ အချက်အချာနေရာကို မထိန်းချုပ်ထားဘူးဆိုလျှင်တောင် အင်ပါယာမြို့တော်၏ ကင်းလှည့်တပ်နှင့် အနီးနားက အရေးကြီးသည့် ဒေသများကို ထိန်းချုပ်ထားသည်။ ပြည်သူ့လုံခြုံရေးအတွက်လည်း သူတို့မှာ တာဝန်ရှိပေသည်။ ပြတ်ပြတ်သားသားပြောရလျှင် မည်သည့် တပ်သားမဆို ၊ဧကရာဇ်မြို့တော်နယ်မြေထဲသို့ ဝင်လာပါက၊ ကျောက်မိသားစု၏ မျက်စိအောက်မှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ ကျောက် မိသားစုမှ ထုတ်ပေးသော လက်မှတ်ရှိမှ ဝင်ခွင့်ပြုနိုင်သည်။ ကင်းလှည့်တပ်၏အင်အားသည် အဓိကတပ်ကြီးခြောက်ခုနှင့် နှိုင်းယှဉ်၍မရသော်လည်း ပြည်သူများ၏နေ့စဉ်ဘဝလုံခြုံမှုကို အာမခံထားသည်။ အထူးတပ်ဖွဲ့များနှင့် စစ်တပ်များက၊ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ရဲတပ်ဖွဲ့ဝင်များနှင့် ကင်းလှည့်သမားများကို ဘယ်သူကမှ အနိုင်ကျင့်၍မရချေ။


လင်းယောင်ယောင် သည် နစ်ကို ရှိရာ‌‌နေရာသို့ မကြာမီရောက်ရှိလာသည်။ ကမ္ဘာတစ်ဝှမ်းရှိ မက်ခါတိုက်ခိုက်ရေးသမားများသည် ဝါသနာပါသောကြောင့် ဖြစ်နိုင်၏။ နစ်ကိုသည် မည်သည့်ပြိုင်ပွဲတွင်မျှ မပါဝင်ဘဲ မက်ခါ လေ့ကျင့်ခန်းတွင်သာ နေခဲ့သည်။ နစ်ကို ၏ မက်ခါလေ့ကျင့်ခန်းသည် လင်းရွှမ်ကဲ့သို့ ကျယ်ဝန်းပြီး အဆင့်မြင့်သည်မဟုတ်သော်လည်း အလွန်ကောင်းမွန်သည်ဟု ယူဆ၍ရသည်။ အလန်းစား S-အတန်းစား မက်ခါ "နေရောင်"သည် ဘေးတွင်ရပ်နေသည်။ နစ်ကိုက လင်းယောင်ယောင်၏ ပုံသေ Star Network ပရိုဖိုင်ကို ကြည့်ပြီး စိတ်သက်သာရာရသွားသည်။


နစ်ကိုသည် အနီရောင်ဆံပင်နှင့် ချောမောသော မျက်နှာအသွင်အပြင်ရှိပြီး ကျောက်ချင်းယွင် နှင့် ဆင်တူသည်။ သူသည် အေးစက်စက်နှင့် တစ်ဖက်သားကို၊ လွှမ်းမိုးချုပ်ကိုင်တတ်သော ခံစားချက်ရှိသည်။ သူက သက်တောင့်သက်သာရှိသော ထိုင်ခုံတွင်ထိုင်မည့်အစား ဧည့်ခန်းရှိ လှေကားထစ်များပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေလိုက်သည်။ ဆံပင်နီနီကောင်လေးက လင်းယောင်ယောင် ကို မော့ကြည့်လိုက်ပြီး


" ပဲနီ... ညီမလေး...ကိုယ် နည်းနည်း... စိတ်တွေ ရှုပ်ထွေးနေတယ်… ကိုယ် တစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်၊ ဖြစ်နိုင်ရင် မင်းနဲ့ပေါ့… ကိုယ်နဲ့ သိတဲ့ တခြားလူတွေကို ကောင်းကောင်းမပြောပြနိုင်တဲ့အရာတွေရှိတယ်...မင်းအတွက် အချိန်အများကြီးမကုန်စေရပါဘူး"


သူမ မျှော်လင့်ထားသလိုပင်။ နစ်ကို ယခုလိုအပ်နေတာက သူ့စကားကို နားထောင်ပေးမည့်သူပင်။သူမ သူနှင့် မနီးမဝေးတွင် ထိုင်လိုက်ပြီး


"ကောင်းပြီလေ..ပြောပါ"

နစ်ကို : "ကိုယ့်မှာ အမြွှာညီအစ်မတစ်ယောက်ရှိတယ်တဲ့.. ဒီနေ့ပဲ သိတယ်"


"ဒီနှစ်တွေတစ်လျှောက်လုံး သူမ ကောင်းကောင်း မနေခဲ့ရဘူး...‌တော်တော် ပင်ပန်းခဲ့ရှာတယ်..သူမကို အခုလည်း တခြားသူတွေက အနိုင်ကျင့်နေကြတယ်"


"သူမ အရည်အချင်းတွေကို မနာလိုဖြစ်ပြီး အရမ်းအားကိုးရာမဲ့နေတဲ့ သူမကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေကြတာ…တခြားမိန်းကလေးနှစ်ယောက်က သူမကို ချောက်ချနေကြပေမယ့် ကိုယ် သူမကို ဘယ်လိုကူညီရမလဲ မသိဘူး…အဲဒီမိန်းကလေးနှစ်ယောက်ကိုလည်း သွားပြီး မတိုက်ခိုက်ချင်ဘူး"

"ညီမလေးက အမေနဲ့ ကိုယ် ရှိနေတာကိုတောင် မသိဘူး… သူမကိုကူညီဖို့ ကိုယ်တို့ မိသားစုကို အသုံးချရမလားတောင် မသိဘူး…ဒါပေမယ့် အဲ့ဒီလိုလုပ်လိုက်ရင် သူမကို အနိုင်ကျင့်တဲ့ မိန်းကလေးတွေရဲ့ မိသားစုနဲ့ အတူတူပဲလို့ ခံစားမိသွားမှာကို ကြောက်လို့..ကိုယ် မလုပ်ရက်ဘူး...မင်းပြောပါ ကိုယ်ဘာလုပ်ရမလဲ"


ထိုသို့ပြောပြီးနောက် နစ်ကို သည် ခေါင်းငုံ့ကာ နီရဲတောက်ပြောင်နေသော ဆံပင်များထဲသို့ လက်ချောင်းများကို ထိုးထည့်လိုက်သည်။ လင်းယောင်ယောင် သည် သူ့စကားကိုကြားသောအခါ စကားမပြောနိုင်ဖြစ်သွား၏။


အဖြစ်အပျက်ကို သူမရှင်းရှင်းလင်းလင်းမသိထားသောကြောင့် နစ်ကို ပြောနေတာတွေကိုလည်း နားမလည်ဖြစ်နေတာကြီးကို ဘာအကြံဉာဏ်ပေးနိုင်မှာလဲ...


သို့သော်လည်း နစ်ကို သည် သူမထံမှ အဖြေကို အမှန်တစ်ကယ် မလိုချင်ခဲ့ပေ သူ အတော်လေး စိတ်မကောင်းဖြစ်နေ၍ နားထောင်သူလိုအပ်နေခြင်းသာ။ သူနှင့် စုချင်းဟယ် တို့၏ တစ်ကယ့်ဆက်နွယ်မှုအမှန်ကို ထုတ်ဖော်ပြ၊မပြ ဆိုသည်ကို သူ့ စိတ်ထဲမှာ ဝိုးတဝါး ဖြစ်နေသည်။ သူ စိတ်မြန်လက်မြန်ရှိပုံပေါက်သော်လည်း ဦးနှောက်ကနည်းနည်းလေးသာ ရှိလေသည်။သူမ မဖြေခင်မှာ နစ်ကိုက ပြောလာ၏။


"ပဲနီလေး၊ ကိုယ့်ညီမလေးက ကိုယ့်လို အစ်ကိုတစ်ယောက်ကို မုန်းနေမယ်လို့ မင်းထင်လား...ကိုယ်က ရက်စက်တယ်… မိန်းကလေးတွေနဲ့ ကိုယ် တစ်ခါမှ မရင်းနှီးသလို စကားတောင်မပြောဖြစ်ဘူး...သူတို့ကလည်း ကိုယ့်ကိုဆိုကြောက်ကြတယ်လေ"

သူမလည်း ခဏလောက်စဉ်းစားပြီး


"ရှင့်ညီမက ဘယ်လိုထင်မလဲ ဆိုတာကို မသိဘူး…ဒါပေမယ့် တစ်ခါတလေမှာ အမြွှာနှစ်ယောက်ဆိုတာက စိတ်ချင်းဆက်နေပြီး တိတ်တိတ်လေးနားလည်မှုရှိတယ်လို့ ကျွန်မ ကြားဖူးတယ်…ရှင့် ညီမကိုတစ်ကယ်အသိအမှတ်ပြုချင်ရင် ရှင် သူမကိုဂရုစိုက်ပြီးကူညီသင့်တယ်…ရှင့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ဖို့ကြိုးစားနေသရွေ့တော့ သူမ နားလည်နိုင်လိမ့်မယ် ဆိုတာ သေချာတယ်… သူမကို ဘယ်လိုကူညီရမလဲဆိုတာကို မိသားစုကိုပြောကြည့်ပေါ့... မိသားစု အာဏာကို သုံးပြီး ဘယ်လိုကူညီရမလဲဆိုတာ ရှင် ကိုယ်တိုင်လည်း စဉ်းစားကြည့်ပေါ့…အဲ့ဒါက သူမကို ကူညီဖို့ သူများကို သွားအနိုင်ကျင့်တာလို့ ခေါ်တာမဟုတ်ဘူး... သွားတစ်ချောင်းအတွက် သွားတစ်ချောင်းလေ"


နစ်ကို စိတ်လှုပ်ရှားနေပုံရသည်။


"ဟုတ်တယ်…ကိုယ့်ညီမကလည်း အဲ့လို ထင်နိုင်တယ်... ကိုယ့်မှာ ညီမရှိလားလို့ အမေ့ကို မေးခဲ့ပေမယ့် ညီမလေးကို တခြားမိန်းကလေးနှစ်ယောက်က အနိုင်ကျင့်တယ်လို့ မပြောခဲ့လိုက်ဘူး… ကိုယ်က ကလဲ့စားချေတာတွေလည်း မလုပ်တတ်တော့ အမေ့ကိုပဲ လုပ်ခွင့်ပေးလိုက်မယ်.. ကျေးဇူးတင်ပါတယ် ပဲနီလေး…"

ထို့နောက် နစ်ကို အော့ဖ်လိုင်းဖြစ်သွားပြီးသူ လေတိုက်သလို ပျောက်သွား၏။ လင်းယောင်ယောင် ဆွံ့အနေရသည်။ စုချင်းဟယ် အကို၏ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးမှာ အနည်းငယ်နိမ့်ပါးနေခြင်းဖြစ်သည်။


ကျောက်မင်ရု၏ အချစ်ရေးတွင် တံတိုင်းကြီးတစ်ခု ခြားခဲ့သည်။ ကျောက်မိသားစု၏အိမ်သို့ ပြန်ရောက်ပြီးနောက် သူမသည် တည်ငြိမ်ပြီး ပိုမိုရင့်ကျက်လာခဲ့သည်။ ယခုချိန်မှာ သူမသည် စီးပွားရေးလောကမှာ သန်မာအားကောင်းသည့် အမျိုးသမီးတစ်ဦးဖြစ်နေလေပြီ။ ကျောက်ချင်းယွင် ၏ မျိုးရိုးဗီဇချို့ယွင်းမှုကို ကုသရန် လိုအပ်သောငွေမှလွဲ၍ နောက်ပိုင်းတွင် သူမ အလုပ်လုပ်ပြီး ငွေအများအပြားရှာနိုင်ခဲ့သည်။ နောက်ပိုင်းမှာ ကျောက် မိသားစုဆီက ယူထားသည့် ပိုက်ဆံအားလုံးကိုလည်း ပြန်ပေးခဲ့သည်။ ကျောက်မင်ရု ၏ လက်ရှိ ငွေကြေးအရင်းအနှီးများနှင့် ကျောက် မိသားစု၏ ပံ့ပိုးကူညီမှုစွမ်းအားဖြင့် ယန်ယိဖေး နှင့် ဝူလီလီ တို့ မိန်းကလေးငယ်နှစ်ဦးကို


ကိုင်တွယ်ဖြေရှင်းရန်မှာ သိပ်မခက်ခဲပေ။


ကျောက်မင်ရုသည် စုချင်းဟယ် အား နံပါတ် ၁ သို့ မြှင့်တင်နိုင်ဖို့ ဤ "လိမ်လည်လှည့်ဖြားခြင်း" အရှုပ်တော်ပုံအား အသုံးပြု၍ပင် ရနိုင်သည်။ စုချင်းဟယ်သည် မဲများကို ခိုးယူနေသည်ဟု အခြားတစ်ဖွဲ့မှ ထုတ်ဖော်ပြီးနောက် သူမတို့ဘက်ကလည်း စုချင်းဟယ် မတရားခံရကြောင်းကို ဖြည်းညှင်းစွာ ထုတ်ပြန်နိုင်ပါက၊ အခြေအနေကို ပြောင်းပြန်လှန်ပစ်ကာ စာနာမှုများစွာ ရရှိစေမည်ဖြစ်သည်။ ဤနည်းဖြင့် စုချင်းဟယ် သည် ပထမအသုတ်တွင် ပထမနေရာ ဖြစ်လာမှာဖြစ်ပြီး၊ သူမ၏ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုအတွက် အထူးကောင်းမွန်လာနိုင်သည်။ ပထမနေရာကို မရလျှင်တောင် ပထမနေရာထက် ပိုနာမည်ကြီးလိမ့်မည်ဖြစ်သည်။


နောက်နှစ်ရက် ကြာသောအခါ၊စုချင်းဟယ် ၏ အိမ်မက်မက်ဆေးမှာ ဒုံးပျံစီးပြီး အဆင့်တက်လာသလို မဲအရေအတွက်လည်း အများအပြား ရရှိခဲ့သည်။ သို့သော်လည်း၊ လင်းယောင်ယောင် ၏ အစားအသောက်ကုထုံးအဖွဲ့မှာလည်း ပြဿနာဖြစ်လာတာကြောင့် သူမ အေးအေးဆေးဆေး မစောင့်ကြည့်နိုင်ခဲ့ချေ။ မူလက အဆင့်၆ ရှိသူ မိန်းကလေးသည် စိန့်ရို့စ် စစ်တက္ကသိုလ်တွင် ပညာသင်ကြားနေပြီး သူမ အဖေကလည်း ကြယ်ငါးပွင့် စားဖိုမှူးပင်။ သူမပြုလုပ်သော ဖြည့်စွက်စာများသည် အလွန်ထိရောက်ပြီး အရသာလည်း မဆိုးပေ။ ပို၍အရေးကြီးသည်မှာ ဟင်းပွဲများသည် လက်ရာမြောက်စွာ သရုပ်ဖော်ထားပြီး အနုပညာလက်ရာတစ်ခုနှင့်တူနေပေတော့သည်။ ယခင်က သူမ ဟင်းအတွက် မဲအရေအတွက်သည် လင်းယောင်ယောင် ၏ ဟင်းငါးမျိုး နောက်တွင် နီးနီးကပ်ကပ်ရှိခဲ့သည်။မဲအရေအတွက်က နိမ့်သော်လည်းသိပ်မများပေ။


ငါးရက်မြောက်နေ့ကစပြီး သူမ၏ ဟင်းချက်နည်းများကို အင်တာနက်မှာ ကြီးကြီးကျယ်ကျယ် ပို့စ်များတင်ခဲ့ပြီး ဒုံးပျံစီးသွားသလို မဲအရေအတွက်ကလည်း မြင့်တက်လာခဲ့သည်။သူမ စတိုင်က စုချင်းဟယ် ဆေးဘက်ဆိုင်ရာအဖွဲ့မှာ တက်လာပုံနှင့် ဆင်တူသည်။ နှစ်ရက်အတွင်းမှာပင် ထိုဟင်းများ၏ မဲအရေအတွက်က လင်းယောင်ယောင်၏ ဟင်းငါးပွဲထက် ကျော်လွန်သွားပြီး အစားအသောက်ကုထုံးအဖွဲ့မှာလည်း ပထမဆုံးဖြစ်လာ၏။


လင်းယောင်ယောင် ဒေါသတကြီးဖြစ်သွား၏။ ဤမိန်းကလေးသည် စုချင်းဟယ် လို မဲများခိုးပြီး လူအများအား ပိုမိုဆွဲဆောင်ရန် တမင်တကာ လုပ်ခဲ့သည်။ သူမကို ပိုမိုအာရုံစိုက်လာပြီးနောက်၊ ပထမနေရာကိုအနိုင်ရသည်နှင့်မသမာသော မဲများကိုရှင်းလင်းပစ်လျှင်လည်း၊ အစစ်အမှန်မဲများသည် အတော်များနေမှာ ဖြစ်၍ မည်သို့ပင်ဖြစ်စေ၊ပထမရသွားနိုင်သည်။


တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ စုချင်းဟယ်ကို မဲများတိုးလာအောင်လုပ်ထားသော်လည်း ထိုမိန်းကလေးကမူ ထိုသို့ဟုတ်ပုံမရချေ။




xxxxxx



Ei Thet Hmue