အပိုင်း၁၀၉
Viewers 32k

Chapter 109

Chapter 109

အချစ်ပြိုင်ဖက်များ ရှုံးနိမ့်ခဲ့သည်




ကျန်းကျန့် အမှန်ပင် ထိုအရာကို မစဥ်းစားမိခဲ့ပေ။သို့ရာတွင် ကျန့်ရီက သူ့ကို သတိပေးပြီး ကူစစ်ဆေးရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် သူ အမှတ်အသားပြုထားသည့် နေရာအားလုံးကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့ကို ပြုပြင်ရန် တစ်စုံတစ်ဦးကို ရှာဖွေရန် စီစဉ်ခဲ့သည်။


ကျန်းကျန့်နှင့် ဝေးသွားသောအခါ ကျောက်ကျင်းကော ရုတ်တရက် အနည်းငယ် လမ်းပျောက်သွားပြီး သူ့ဗိုက်က အလွန်မသက်မသာ ခံစားလာရသည်။ သို့သော် ယခုအချိန်တွင် သူ လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးကိုတွေ့လိုက်ရသည်။


ထိုလူနှစ်ယောက်ကို မြင်သည်နှင့် ကျောက်ကျင်းကော၏ တိုက်ခိုက်ရေးစိတ်ဓာတ်သည် ချက်ချင်းထကြွလာသည်။


ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်ရှေ့မှာ သူ့ရဲ့အားနည်းချက်ကို မပြချင်...ပျို့တက်တာက သေချာပေါက် ရွေးချယ်စရာတစ်ခုမဟုတ်... ထိုသို့တွေးပြီး ကျောက်ကျင်းကော မပျို့ချင်တော့ပေ။


ကျောက်ကျင်းကော အပြင်ပန်းမှာ ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ၊အမှန်မှာ သူ အလွန်ကြောက်နေတုန်ပါပင်။စင်စစ်အားဖြင့် ဤလူနှစ်ယောက်နှင့် ယှဉ်လျှင် တကယ်ရုပ်ဆိုးသည်ဟု သူ့ကိုယ်သူထင်ခဲ့သည်မဟုတ်ပါလော။ သို့သော် သူ၏ သိမ်ငယ်စိတ်ရှုပ်ထွေးမှုကို အခြားသူများက မမြင်နိုင်ပေ။


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့သည် ကျောက်ကျင်းကော၏ မျက်မှောင်ကြုတ်ထားသောပုံစံက အလွန်ရက်စက်ပုံပေါက်သည်ဟုသာ တွေးမိကြသဖြင့် စကားမပြောဝံ့ကြပေ။


ဒါပေမဲ့ . . .သူတို့ ဒီနေ့ တစ်နေ့ကုန် အလုပ်လုပ်ခိုင်းခံရပြီး မပြီးရင် စားစရာရမှာမဟုတ်. . .သူတို့ တကယ် သည်းမခံနိုင်တော့ဘူး. . .


သူတို့လုပ်သည့်အလုပ်က အလွယ်ဆုံးဖြစ်နေလျှင်ပင် မလုပ်ချင်တော့ပေ။


အမှန်တွင် သူတို့မှာ တခြားတစ်ယောက်ယောက်နှင့် ပေါင်းသင်းရန်လိုမျိုး တခြားစိတ်ကူးတွေရှိခဲ့ကြသည်။သို့ပေမဲ့ ကျန်းကျန့်က သူ့လက်အောက်ငယ်သားတွေကို အမိန့်ပေးခဲ့ပြီး ဤသင်္ဘောပေါ်က အမျိုးသမီး သို့မဟုတ် ကောများကို ဘယ်သူမဆို သူ့နောက်ကို လိုက်ခွင့်မပြုဘူးဟု ပြော၏။


ထို့ကြောင့် ကျန်းကျန့်၏လူများအနေဖြင့် ဤလူများအကြောင်းကို မည်သို့ တွေးဝံ့ကြဦးမည်နည်း။မှန်ပေသည်၊ သူတို့ထဲက မည်သူကမှ သူတို့နှင့်ငြိရန် မဝံ့ရဲကြပေ။


သူတို့လိုပဲ ကယ်တင်ခံရသူတွေနှင့် ပေါင်းသင်းနိုင်ပေမဲ့ ထိုသို့လုပ်ရန်က သူတို့အတွက် အသုံးမဝင်ပါချေ။


ဤလူနှစ်ယောက်က အလုပ်မလုပ်ချင်သလို လုပ်လည်း မလုပ်နိုင်ကြပေ။ကျန်းကျန့်က သူတို့ကို ကြည့်ပင် မကြည့်ချင် . . .


သူတို့ အံကြိတ်ပြီး ရိုးရိုးရှင်းရှင်းပဲ ကျောက်ကျင်းကောကို ရှာရန် ထွက်လာကြသည်။


"ဆရာကတော်... ငါတို့နဲ့အတူ ဒီမှာပဲနေပါ...ငါတို့ မင်းကို အမှုထမ်းပါရစေ"


"ငါတို့ မသန့်ရှင်းဘူး...ငါတို့ရှိနေတာက မင်းကို ဘယ်လိုမှ မကျော်ဖြတ်နိုင်ဘူး...ငါတို့က မင်းပြောသမျှကို နားထောင်နိုင်သေးတယ် ... နောင်မှာ မင်းပြောသမျှကို ငါတို့လုပ်မယ်"


"ငါတို့ ဆရာကြီးကို သူ အပြင်မှာ မြေခွေးတွေနဲ့ မပတ်သက်အောင် စောင့်ကြည့်ပေးနိုင်တယ်..."


. . .


သူတို့နှစ်ယောက်က သနားစရာကောင်းသည့် အကြည့်တွေပြပြီး ကျောက်ကျင်းကောကို တောင်းပန်လိုက်ကြ၏။


ကျောက်ကျင်းကော က သေချာပေါက် သဘောတူလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်. . . မည်သို့ပင်ဖြစ်ပါစေ သူတို့မေးထားပြီးသားဖြစ်ပြီး ကျောက်ကျင်းကောက အမှန်တွင် စိတ်ထားမဆိုးပေ။


သူတို့နှစ်ဦးစလုံး ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသည်။ကိုယ်လုပ်တော်တွေဖြစ်လျှင်ပင် သိပ်မျက်နှာသာပေးမခံရနိုင်ပေ။ကျောက်ကျင်းကောအတွက် သူတို့ကို ထိန်းသိမ်းထားရန် သေချာပေါက် အကြံကောင်းတစ်ခုပါပင်။ သူတို့က အမြင့်တွယ်တက်ချင်သူများကိုဖြေရှင်းရန်ပင် ကူညီပေးဦးမှာဖြစ်၏။


နောင်တွင် ကျန်းကျန့်က နောက်ခံကောင်းသည့် အခြားသူများကို သဘောကျသွားပါကကျောက်ကျင်းကောအနေဖြင့် နည်းလမ်းတစ်ခုပင် ပေးရပေဦးမည်။သို့ပေမဲ့ သူတို့က မတူပါချေ။ သူတို့က ကျောက်ကျင်းကောကို လူသစ်တွေကို မောင်းထုတ်ရန် ကူညီပေးမှာဖြစ်သည်။


သူတို့နှစ်ယောက်မှာ အစီအစဉ်ရှိပေမဲ့ ကျောက်ကျင်းကောကမူ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


အစပိုင်းမှာ သူ သူတို့နှစ်ယောက်၏ ဆိုလိုရင်းကို နားမလည်ဘဲ သူ့ကို တကယ်အလုပ်အကျွေးပြုချင်သည်ဟု ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှ နားလည်သွားပြီး ဒေါသမထွက်ဘဲမနေနိုင်ခဲ့ပေ။သူတို့ နှစ်ယောက်စလုံးက ကျန်းကျန့်နောက်ကို လိုက်ချင်နေကြတယ်...


ကျန်းကျန့်က ဤလူနှစ်ယောက်အပေါ် ကြင်နာပေးပြီး သူတို့ကို ထိတွေ့လောက်သည့်အကြောင်းတွေးမိသောအခါ ကျောက်ကျင်းကော အလွန်စိတ်မသက်မသာ ခံစားခဲ့ရ၏။


သူက စိတ်ကောင်းရှိပြီး ယင်းကသိမ်ငယ်စိတ်နှင့် တွဲနေပါသည်။ မူလအတိုင်းဆို ယခုလိုအခြေအနေမျိုး ကြုံလာလျှင် စိတ်ထဲမှာ ဒေါသတွေထွက်ပြီး နှုတ်ဆိတ်နေတတ်ပေမဲ့ ယခု. . .


သူတို့နှစ်ယောက်ကိုကြည့်လိုက်ကာ ကျောက်ကျင်းကော ရုတ်တရက်ပြောလိုက်၏။

"ထွက်သွား..."


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့ အံသြသွားကြသည်။ကျောက်ကျင်းကောကိုယ်တိုင်ပင်လျှင် သူ ယခုလို လူတွေကို မောင်းထုတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။


သို့ပေမဲ့ စကားတွေက ပြောပြီးသွားလေပြီ. . . ကျောက်ကျင်းကော အံကြိတ်ကာဆိုလိုက်၏။

"ကျန်းကျန့်ကို မင်းတို့စဉ်းစားလို့မရဘူး... တခြားတစ်ယောက်ယောက်ကို ရှာပါ"


ကျောက်ကျင်းကော၏ အရပ်မြင့်မြင့်ကတင် ဖိနှိပ်ချုပ်ချယ်နေပြီဖြစ်ပြီး သူ၏မျက်ခုံးကြားရှိ အမာရွတ်က သူ့ကို ပို၍ပင် ကြောက်စရာကောင်းနေစေသည်။လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့ တညီတညွတ်တည်းနောက်ဆုတ်သွားကြသည်။


"ဘာဖြစ်တာလဲ"

ကျန်းကျန့် အပြင်မှ ပြန်လာသောအခါ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သတိပြုမိသည်။


ကျောက်ကျင်းကောက ပါးစပ်ပိတ်ပြီး စကားစဲလိုက်သည်။ ဒီလူနှစ်ယောက်က သူ့နောက်လိုက်ချင်နေတဲ့အကြောင်း ကျန်းကျန့်ကို သူဘယ်တော့မှ ပြောမှာမဟုတ်ဘူး...


ထိုအချိန်တွင် သူတို့နှစ်ဦးက ကျောက်ကျင်းကောက သူတို့ကို အနိုင်ကျင့်ခဲ့သကဲ့သို့ မကျေမနပ်ဖြစ်နေသော အရိပ်အယောင်ပြကာ ကျန်းကျန့်ကို ရှက်ရွံ့စွာကြည့်နေကြသည်။


"အရှင်..."


လျှိုချမ်ချမ် မျက်ရည်တွေပင် ညှစ်ထုတ်လိုက်သည်။


၎င်းကိုမြင်သောအခါ ကျန်းကျန့် သူတို့ကို စာနာစိတ်ဖြစ်မသွားဘဲ ထိုအစား မကျေမနပ်ဖြစ်သွား၏။


ကျောက်ကျင်းကောအကြောင်း သူတော်တော်များများ သိ၏။ သူသည် တုံးအပြီး စကားကောင်းကောင်း မပြောတတ်၊ လူများနှင့် ရန်ဖြစ်ရန်ကို မဆိုထားနှင့်။ ဒီလူနှစ်ယောက် ဘာလို့ ဒီလိုလုပ်တာလဲ...ဒါက ...သူတို့က ကျောက်ကျင်းကောကို ချောက်ချချင်နေတာလား...


"သူတို့နှစ်ယောက်ကို အခြားသင်္ဘောတစ်စင်းစီ ပို့လိုက်ပါ"


ကျန်းကျန့် သူတို့ကိုကိုင်တွယ်ရမှာ ပျင်းလွန်းသဖြင့် သူ တိုက်ရိုက်ပြောလိုက်သည်။


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးအေးခဲသွားသည်။


"ညီအစ်ကိုကျန်း... မင်းက သိပ်အကြင်နာမဲ့တာပဲ" ငတ်မွတ်မှုကြောင့် အသားအရည် လျော့တွဲလာသော ကုန်သည်လူဝကြီးက ကျန်းကျန့်၏ နောက်မှ ထွက်လာပြီးဆိုသည်။


"မင်းမလိုချင်ရင် မင်းငါ့ကို ပေးလို့ရတယ်"


"သူတို့က မင်းနောက်ကိုလိုက်ဖို့ ဆန္ဒရှိမယ်ဆိုရင်ရတာပေါ့...ဒါပေမဲ့ အဲဒီအခြေအနေမျိုးမှာ မင်းသူတို့ရဲ့ အစားအသောက်အတွက် မင်းပေးရလိမ့်မယ်"


ကျန်းကျန့်က ပြောလိုက်သည်။

ဒီလူနှစ်ယောက်က အလုပ်မလုပ်ချင်ဘူးလို့ သူ ကြားပြီးသား...


"အင်း...အဲဒါက ပြဿနာမဟုတ်ဘူး"


လော့ထျန်းကျစ်က ချက်ချင်းပြော၏။

"ဒါပေမဲ့ ငါတို့ မြို့တော်ကို မရောက်မချင်း မင်းကို ပိုက်ဆံမပေးနိုင်ဘူး"


ကျန်းကျန့် သဘောတူသည်။လော့ထျန်းကျစ်က တစ်ချက်ကြည့်လိုက်ရုံနှင့် ပိုက်ဆံပြတ်လပ်မနေမှန်းသိသာသည်။ထိုထက်သည်က သူသည် ပင်လယ်ဓားပြများ၏ သားရဲတွင်းထဲတွင် ရှင်သန်နိုင်ခဲ့သည်မှာ အလွန်စွမ်းရည်ရှိကြောင်း သက်သေပြခဲ့သည်။ ပင်လယ်ဓားပြတွေက သင်္ဘောကို လုယက်ပြီးနောက်မှာ သင်္ဘောပေါ်ရှိ သူဌေးတွေအားလုံးကို အရင်သတ်ပစ်ခဲ့ပေမဲ့ ဤလူက အသက်ရှင်ကျန်ရစ်ခဲ့၏။


လော့ထျန်းကျစ်က ကျန်းကျန့်၏သဘောတူညီချက်ကိုရရှိသောအခါ၊ သူသည်မဆိုင်းမတွသဘောတူခဲ့သော လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးကိုချက်ချင်းကြည့်လိုက်သည်။


လော့ထျန်းကျစ်၏ အသွင်အပြင်သည် ကျန်းကျန့် နှင့် မယှဉ်နိုင်သော်လည်း ကျန်းကျန့်နှင့် အခွင့်အလမ်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် ဒုတိယအကောင်းဆုံးအတွက်သာ အခြေချနိုင်ခဲ့သည်။


လော့ထျန်းကျစ်က သူတို့၏အတွေးလေးတွေကို သိပေမဲ့ သူ ဂရုမစိုက်ပေ။သူကလမ်းတလျှောက်မှာ လူနှစ်ယောက်လောက် သူ့ကို အလုပ်အကျွေးပြုစေချင်ရုံသာဖြစ်သည်။ မြို့တော်ကို ရောက်သည့်အခါမှာ သူတို့ကို ပိုက်ဆံနည်းနည်းလောက် ပေးပြီး အဝေးပို့ပစ်၍ရသည်။


"ညီအစ်ကိုကျန်း...မင်းရဲ့ဇနီးက ဒီလူတွေကို ငါလက်ခံလိုက်လို့ သေချာပေါက်အရမ်းဝမ်းသာနေမှာပဲ"


လော့ထျန်းကျစ်က ဆက်ပြောသည်။ကျန်းကျန့်၏ဇနီး လာသည်ဟု ကြားသော်လည်း မည်သူ့ကိုမျှ မတွေ့ရသေးပေ။


"အင်း... သူ အရမ်းပျော်နေတယ်"


ကျန်းကျန့် မလှမ်းမကမ်းမှ ကျောက်ကျင်းကောကို ကြည့်လိုက်ပြီးနောက် ကျောက်ကျင်းကောက သူ့မျက်နှာပေါ် အပြုံးများကို လျင်မြန်စွာ ဖုံးကွယ်လိုက်သည်ကို တွေ့လိုက်ရသည်။


ထိုမှသာ လော့ထျန်းကျစ် ကျောက်ကျင်းကောနှင့် သူ့မျက်ခုံးကြားရှိ အမာရွတ်ကို သတိပြုမိလိုက်သည်။


ဘယ်လိုတောင်မျက်စိလျှမ်းတာလဲ...အဲဒါကောဟ...

လော့ထျန်းကျစ် အလှလေး နှစ်ယောက်နှင့်အတူ ဝေးရာသို့ ထွက်ခွာသွားရင်း အနည်းငယ် မူးနောက်သွားသည်။


ကျန်းကျန့်ရဲ့ ဝါသနာက တကယ်ကို ခြားနားလွန်းပါတယ်ကွာ ...


ထိုအချိန်တွင် ကျောက်ကျင်းကော၏ တစ်ကိုယ်လုံး ရွှင်လန်းမှု နှင့် ပြည့်နေသည်။ကျန်းကျန့်က သူ့ကိုပဲ လိုအပ်တာ အရမ်းကောင်းတယ်...


သူစိတ်ကောင်းဝင်နေ၍လား မသိပေမဲ့ နောက်ရက်အနည်းငယ်ကြာသောအခါ ကျောက်ကျင်းကော မအီမသာဖြစ်ခြင်း ရပ်သွားပေမဲ့ အသားနှင့် အဆီနံ့ကို မခံနိုင်သေးပါချေ။


သို့သော်လည်း ထမင်းချက်က သူ့အတွက် ဤအရာများကို လုံးဝမချက်ပြုတ်သောကြောင့် ပျို့အန်ရန် အခွင့်အရေး အနည်းငယ်သာရှိသည်။


အသားနှင့်အဆီ မစားသရွေ့ တခြားဘာတစ်ခုမှ စားရသည်က ပြဿနာမရှိသလို ငါးနှင့် ပုဇွန်ကို စားရသည်ကိုလည်း သူအလွန် နှစ်သက်ကြောင်းလည်းတွေ့ရှိခဲ့၏။


ငါးနှင့်ပုစွန်များကို နေ့တိုင်းအလှည့်ကျစားရင်း ကျောက်ကျင်းကော၏အသွင်အပြင်က ပိုမိုကောင်းမွန်လာသည်။ထိုအချိန်တွင် ရေယာဉ်စုသည် အလွန်ကြီးမားသော မြို့တစ်မြို့၌ ရပ်တန့်သွားသည်။


ယခင်က ပင်လယ်ဓားပြများကြောင့် ရေယာဉ်စုသည် ဆယ်ရက်ထက်ပိုသော ဆက်တိုက်ရပ်နားခြင်းမပြုခဲ့ရသောကြောင့် ယခုတစ်ကြိမ်တွင် ကျန့်ရီသည် ရိက္ခာများပြန်လည်ဖြည့်တင်းရန်နှင့် လူတိုင်းကို ကောင်းကောင်းအနားယူနိုင်ရန် ဤနေရာတွင် ခဏရပ်ရန် ဆုံးဖြတ်ခဲ့သည်။


ဤခရီးအစကတည်းက ကျောက်ကျင်းကော ကမ်းပေါ်မတက်ခဲ့ပေ။ယခု သူအားလပ်နေသော ကြောင့် ကျန်းကျန့်က သူ့ကို ကမ်းပေါ်သို့ခေါ်သွားချင်ကြောင်းပြောခဲ့သည်။


ကျန်းကျန့်ဖြစ်စေ၊ကျောက်ကျင်းကောပဲဖြစ်စေ သူတို့ သင်္ဘောပေါ်ကနေ ဆင်းပြီး နောက်ဆုံး မြေပြင်ပေါ် ရပ်လိုက်သည့်အခါ နှစ်ယောက်စလုံး မြေပြင်က တုန်ခါနေသလိုမျိုး မတည်မငြိမ် ဖြစ်နေသလို ခံစားလိုက်ရသည်။


ဤသည်မှာ သင်္ဘောပေါ်တွင် အချိန်အကြာကြီး နေခဲ့ရသည့် ရလဒ်ဖြစ်သည်။


ဤနေရာ၌ သင်္ဘာဆိပ်ကမ်းက အတော်လေး ကျယ်သော်လည်း ဟယ့်ချန်စီရင်စုရှိ သင်္ဘောဆိပ်ကမ်းထက်ကား သိပ်မကြီးပါချေ။ သို့သော် ဤအိမ်များအားလုံးနီးပါးသည် ဟယ်ချောင်စီရင်စုရှိအိမ်များထက် ပိုကြီးပြီး ၎င်းတို့သည် အလွန်ကွဲပြားပုံရသည်။


သို့သော်လည်း နှစ်ဖက်အကြား အကြီးမားဆုံး ခြားနားချက်မှာ ဘာသာစကား ဖြစ်နိုင်သည်။ ယန့်ကျီမြစ်တောင်ဘက်ရှိ ဒေသိယစကားသည် မြောက်ဘက်နှင့် ကွဲပြားသည်။ အနည်းဆုံး ယောက်ျားတွေလာပြီး သူတို့နှင့် စကားပြောသည့်အခါ ကျောက်ကျင်းကော စကားတစ်ခွန်းမှ နားမလည်ပေ။


သို့သော် ကျန်းကျန့် နားလည်သည်၊ ဤနေရာရှိလူများပြောသော စကားလုံးများသည် မော်ဒန်ခေတ် မန်ဒရင်းနှင့် အနည်းငယ် ဆင်တူသည်။ ဖြည်းညှင်းစွာပြောနေသရွေ့ သူ သူတို့ကို နားလည်နိုင်ဆဲပင်။


ကျန်းကျန့် ထိုလူနှင့် ဆက်သွယ်ပြောဆို နေသည်ကို ကြည့်ရင်း ကျောက်ကျင်းကော အနည်းငယ် ရုန်းကန်နေရပြန်သည်. . . မကြာသေးမီက နောက်ဆုံးတွင် သူ အလီဇယားကို အလွတ်ကျက်ခဲ့သည်။ သူ့တွက်ချက်မှုက ပိုမြန်လာပြီး စကားလုံးတချို့ကို မှတ်မိနိုင်ပေမဲ့ ယခု . . . သူ ထပ်ပြီး အပြောသင်ယူရန် လိုနေပုံရသည်။


သူက ကျန်းကျန့် နှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ. . .


ကျောက်ကျင်းကော အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း ကျန်းကျန့်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ပြန်လန်းဆန်းလာကာ ကျန်းကျန့်လက်ကို ပြန်ညှစ်လိုက်သည်။


​ကျန်းကျန့် ကျောက်ကျင်းကော၏လက်ကို ဆုပ်ကိုင်လိုက်သောအခါ အရုန်းခံရရန် အသင့်ဖြစ်နေပြီဖြစ်သော်လည်း မထင်မှတ်ဘဲ ကျောက်ကျင်းကောက မရုန်းခဲ့. . .


ကျောက်ကျင်းကောက သူ့ကို မရုန်းသဖြင့် ကျန်းကျန့် ကျောက်ကျင်းကော၏ လက်ကို ပွင့်ပွင့်လင်းလင်း ဆုပ်ကိုင်လိုက်သည်။


ဤခေတ်လူတွေက အလွန်တင်းကျပ်ပြီး လမ်းပေါ်မှာ ဘယ်သူမှ လက်ချင်းမကိုင်ကြသည့်အတွက် သူတို့နှစ်ယောက်က အာရုံစိုက်မှု အတော်လေးခံရသည်။


ကျောက်ကျင်းကောက ဤအရာကို နောက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး ကျန်းကျန့်၏လက်ကို အမြန်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ အနည်းငယ် မူးဝေလာသည်။ မကြာသေးမီက ဘာဖြစ်နေသည်ကို သူမသိသော်လည်း ကျန်းကျန့်ကို အမြဲတွယ်ကပ်ချင်နေမိသည်။


"ကျင်းကော...ကိုယ် မင်းကိုတစ်ခုပြောပါရစေ"


ကျန်းကျန့်က ကျောက်ကျင်းကောကို လမ်းလျှောက်လိုက်ပို့ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။


ကျောက်ကျင်းကော အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိသည်။


"နောင်မှာ ကိုယ် တစ်ခုခုဝယ်ချင်တဲ့အခါ မင်းကိုယ့်ကို တားလို့မရဘူး...ကိုယ်မျက်နှာပျက်သွားလိမ့်မယ် နားလည်လား"


ကျန်းကျန့်က ပြုံးပြီး ကျောက်ကျင်းကောကို ကြည့်လိုက်သည်။


အပြင်ထွက်သည့်အခါ ယောက်ျားတွေကို မျက်နှာသာပေးပြီး စကားပြောနည်းနည်းပဲသင့်သည်ဟု သူ့အမေက ပြော၏. . . ကျောက်ကျင်းကောက နာခံစွာ ခေါင်းညိတ်လိုက်သည်။


"မင်းစားချင်တာတစ်ခုခုရှိလား"

ကျန်းကျန့်က ထပ်မေးလိုက်၏။


ကျောက်ကျင်းကော အသားဘန်းမုန့်ပေါင်း အနံ့ရပြီး ဘန်းမုန့်ပေါင်းဆိုင်ကို မသိစိတ်မှ ကျော် ဖြတ်သွားခဲ့သည်။ ထို့နောက် သူက နှုတ်ခမ်းကို စုဝိုင်းကာပြောလိုက်သည်။


"ချိုတာလေး စားချင်တယ်"


အထူးသဖြင့် သူ ယခုရက်ပိုင်း သကြားညိုဂျုံကိတ်မုန့်၊ ဂျုံဖက်ထုပ်နှင့် ပဲပိစပ်မုန့်တို့ကို အလွန်ကို စားချင်သည်. . . သူတွေးနိုင်သမျှက သူတို့ပဲဖြစ်သည်။


သို့ပေမဲ့ သင်္ဘောပေါ်မှာ ပစ္စည်းတွေ အများကြီးမရှိသလို သူ့အတွက် ဤရသာမွန်များကို ချက်ပြုတ်ရန် သကြားအနည်းငယ်သုံးရပါက အလွန် ဒုက္ခများလိမ့်မည်. . . ထို့ကြောင့် သူ အောင့်ပဲနေလိုက်ပြီး ကျန်းကျန့်ကို မပြောခဲ့ပေ။


ကျောက်ကျင်းကော ချိုမြိန်သော တစ်ခုခုကို စားချင်သည်ဟု ကြားသောအခါ ကျန်းကျန့် သူ့ကို မုန့်ဆိုင်သို့ ချက်ချင်း ခေါ်သွားသည်။


ထိုကိတ်မုန့်များသည် ကောက်ညှင်းလိပ် သို့မဟုတ် မုန်ချိုနှင့်တူပြီး ကောက်ညှင်းဆန်များဖြင့် ပြုလုပ်ထားသည်။ သစ်ကြားသီးကိတ်နှင့် မတ်ပဲကိတ်တွေလည်း ရှိ၏။ သူတို့က သပ်ရပ်ပုံမပေါ်ပေမဲ့ အနံ့က အလွန်မွှေးသည်။


ကျန်းကျန့် မော်ဒန်ခေတ်တွင် ဤအရာအားလုံးကို အနည်းနှင့်အများ မြည်းစမ်းကြည့်ဖူးသည်။ သူက အချိုများကို မစားချင်သောကြောင့် သူတို့ကို မြင်သောအခါ တုံ့ပြန်ခြင်း မရှိသော်လည်း ထိုအရာများကို မစားဖူးသော ကျောက်ကျင်းကောကမူ သူတို့ကို လောဘကြီးစွာ ကြည့်နေသည်။


ကျန်းကျန့် ကျောက်ကျင်းကော တံတွေးမျိုချသည်ကို မြင်သောအခါ ရုတ်တရက် အနည်းငယ် ကြေကွဲသွားသလို ခံစားလိုက်ရသည်။


အရင်က သူ့မှာ ပိုက်ဆံမရှိ၍ ကျောက်ကျင်းကောခဗျာ ကောင်းကောင်းမစားရပေ။ကျောက်ကျင်းကော ချိုမြိန်သော အစားအစာကို နှစ်သက်ကြောင်းကိုလည်း သူ မသိခဲ့ပေ. . .


ကျန်းကျန့် သူ့မှာ ပိုက်ဆံမရှိသည့်အချိန်မှာ ပိုက်ဆံကိုအလွန်ချွေတာပေမဲ့ သူ့မှာပိုက်ဆံရှိသည့်အချိန်မှာဆို ရက်ရော၏။လက်ရှိတွင် မုန့်တစ်ကီလို ယူမည်ဟု သူဆိုခဲ့သည်။ ထိုဆိုင်တွင် မုန့်ကိုးမျိုးသာ ရှိသောကြောင့် စုစုပေါင်း အလေးချိန် ကိုးကီလိုသာ ရှိမည်ဖြစ်သည်။


ရေခဲသေတ္တာမရှိလျှင် ပစ္စည်းတွေ မကောင်းတော့မှာကြောင့်သာမဟုတ်ပါက နောက်ထပ်ဝယ်ရန် သူလုံးဝစိတ်ရှိမှာမဟုတ်ပေ။


ကျောက်ကျင်းကော အလွန်အကျွံ့ဝယ်ခြင်းကို ငြင်းဆန်သင့်သည်ဟု ခံစားမိသော်လည်း ကျန်းကျန့်က ခုနကပြောခဲ့သည့် သူ့သိက္ခာ(မျက်နှာ)အကြောင်း တွေးပြီး ဘာမှပြန်မပြောခဲ့ပေ။


ဒါပေမဲ့ ကျန်းကျန့်က အဲဒါကို သူ့အတွက် ဝယ်ဖို့သက်သက် တကယ်ပြောခဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ...


သူ့လက်ထဲမှာ ကိတ်မုန့်တွေ အားလုံးကို ကိုင်ထားရင်း ကျောက်ကျင်းကော ကျန်းကျန့်ကို ပျော်ရွှင်စွာ ကြည့်နေသည်။


သူ အံကြိတ်ကာ တခြားသူတွေ ကြည့်မနေချိန်မှာ ကျန်းကျန့်၏ လက်ချောင်းကို သူ့လက်ချောင်းနှင့် ချိတ်လိုက်၏။


ကျန်းကျန့် ချက်ချင်းပဲ မုန့်တွေက ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။


ကျန်းကျန့် ဤရက်ပိုင်း ကျောက်ကျင်းကောနှင့် အတူစားချိန်များတွင် အသားမစားခဲ့ပေ။အမှန်တွင် သူပြန်ယူသွားရန် အသားများများဝယ်ချင်ပေမဲ့ ကျောက်ကျင်းကောမစားသည်ကိုတွေးပြီး သည်းခံလိုက်ဆဲဖြစ်၏။


သို့သော် ကျောက်ကျင်းကောက ကျန်းကျန့်ကို တားလိုက်သည်။

"ကြက်သွားဝယ်ရအောင်... ကြက်အရှင်ဖြစ်ရင် အနံ့ခံလို့အဆင်ပြေမယ်"


ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ ပြန်သွားသောအခါ အစားအစာများစွာနှင့် ကြက်အကောင်ပေါင်းများစွာကို ယူဆောင်လာခဲ့သည်။



လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့သည် အပြင်မထွက်နိုင်ဘဲ လှေပေါ်တွင် လဲလျောင်းနေပြီး ကျန်းကျန့် ကျောက်ကျင်းကောနှင့်အတူ ပြန်လာသည်နှင့် သူသယ်လာသော မုန့်များကို တွေ့သောအခါ မနာလိုဖြစ်လာသည်။


"ငါ့မိဘတွေက ငါ့ကိုမရောင်းစားဘူးဆိုရင် ငါဒီလိုယောက်ျားမျိုးနဲ့ လက်ထပ်နိုင်လိမ့်မယ်"


လျှိုချမ်ချမ် မနေနိုင်ဘဲ ပြောလိုက်သည်။


"ဘယ်သူပြောနိုင်မှာလဲ"