အပိုင်း၁၁၀
Viewers 32k

Chapter 110

Chapter 110

မထင်မှတ်ဘဲ ကိုယ်ဝန်ရှိခြင်း




ကျောက်လင်ရှီးလည်း သက်ပြင်းချလိုက်၏။ သူ့မိသားစုက စီးပွားရေးလုပ်သဖြင့် ပိုက်ဆံအနည်းငယ်ရှိ၏။ သူ ဆန့်ကျင်ဘက်ဆိုင်မှ ညီငယ်လေးနှင့် မျက်လုံးချင်းဆုံဖူးသည်. . . သို့ပေမဲ့ သူ့မိဘတွေက သူ့ကို စာပေပညာရှင်တစ်ယောက်နှင့် လက်ထပ်စေချင်ပြီး အသက်လေးဆယ်ကျော် အမျိုးသားတစ်ယောက်၏ ကိုယ်လုပ်တော်ဖြစ်အောင် လုပ်ခိုင်းခဲ့သည်။


သူကြိုက်သည့်ယောက်ျားကို လက်ထပ်ရလျှင် သူ့မွေးရပ်မြေကို စွန့်ခွာပြီး ကံဆိုးမှုတွေနှင့် ကြုံရမှာမဟုတ်ပေ။သူနှင့် ထိုလူက ငယ်သူငယ်ချင်းတွေဖြစ်ပြီး အမြဲတမ်း သူ့ကို အလွန်ကြင်နာသည်။


ကျောက်လင်ရှီး အနည်းငယ် လွမ်းဆွေးမှုကို မခံစားရဘဲမနေနိုင်။ အမှန်တွင် သူတို့သည် ကျောက်ကျင်းကောကိုပဲ မနာလိုခဲ့ကြခြင်းမဟုတ်ဘဲ ဓားပြများ၏သတ်ခြင်း သို့မဟုတ် အခြားသူများစကားလုံးများဖြင့် ကိုယ့်ကိုကိုယ်သတ်သေခဲ့ကြသော မြင့်မားသောအဆင့်အတန်းနှင့် ခိုင်မာသောစိတ်ထားရှိသော ကောများနှင့် အမျိုးသမီးများအားလုံးကိုပါဖြစ်သည်. . . သူတို့ကိုယ်သူတို့ ကျောက်ကျင်းကောထက် အများကြီး ပိုကောင်းသည်ဟု သူတို့မထင်ခဲ့ကြဘဲ၊ သူတို့သည် သဘာဝအတိုင်း သူနှင့် တကယ်ယှဉ်ပြိုင်ရန် မဝံ့ရဲကြပါချေ။


ကျောက်ကျင်းကော အစားအသောက်ကောင်းများကို နောက်ဆုံးအချိန်အထိ ချွေတာခြင်း သို့မဟုတ် ဖြည်းညှင်းစွာစားခြင်းကို အမြဲနှစ်သက်သည်။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ အကြောင်းတစ်ခုခုကြောင့် သူ့အစာစားချင်စိတ်ကို မထိန်းနိုင်ခဲ့ပါချေ။


မုန့်တွေဝယ်ပြီး လမ်းမှာ တစ်ကီလိုကျော်စားခဲ့သည်။ လှေပေါ်ပြန်ရောက်သောအခါ တစ်ခုပြီးတစ်ခု မစားဘဲမနေနိုင်ဘဲ ခဏအကြာတွင် ကိတ်မုန့်တွေက သုံးပုံတစ်ပုံ လျော့သွား၏။


ဒါက ... မင်းမှာ ပိုက်ဆံရှိတဲ့အခါ ပိုက်ဆံကို သိမ်းကျုံးမသုံးချင်ဘဲမနေနိုင်တာများလား...


ကျောက်ကျင်းကော သူစားသည်က အနည်းငယ်များလွန်းသွားသည်ဟုခံစားရပြီး ရှက်သွားပေမဲ့ ကျန်းကျန့်ကမူ တစ်ခုခုမှားနေသည်ဟုမထင်ပါချေ။


ကျောက်ကျင်းကောက အရင်က မုန့်ကောင်းကောင်းကို မစားဖူးပေ။ယခု သူမုန့်ကောင်းကောင်းကိုစားနိုင်ပြီဖြစ်၍ ပိုစားသည်က သဘာဝပါပင်။သို့ပေမဲ့ အချိုတွေ အများကြီးစားသည်က အဆင်မပြေပေ။


"ကျင်းကော...ဒီအတိုင်း တစ်ခါလောက်စားတာ အဆင်ပြေပေမဲ့ နေ့တိုင်းတော့ ဒီလိုမစားနဲ့နော်... ဝလာရင် ဘယ်လိုလုပ်မလဲ"


ကျန်းကျန့်က ကျောက်ကျင်းကော၏ဗိုက်ကို ထိလိုက်သည်။ ဝလာတာကို မေ့ထားလိုက်ဦး၊ အချိုအရမ်းစားရင် ဆီးချိုဖြစ်လွယ်တယ်...


မော်ဒန်ခေတ်တွင် ဆီးချိုရောဂါဖြစ်လျှင် အနည်းဆုံး ဆေးသောက်နိုင်သော်လည်း ရှေးခေတ်က မတူပေ။


ကျောက်ကျင်းကော ကျန်းကျန့်၏ စကားကို ကြားသောအခါ စိတ်တိုလာသည်။


ဟုတ်တယ်၊ သူဘယ်လိုလုပ်မေ့သွားတာလဲ... သူ ဝလာရင် ကျန်းကျန့်က သူ့ကို ကြိုက်မှာ မဟုတ်ဘူး...


ကျန်းကျန့်က သူ့ကြွက်သားများကို အလွန်နှစ်သက်ကြောင်း ကျောက်ကျင်းကော သိသည်၊ မဟုတ်လျှင် သူ့ကို အမြဲထိနေမှာမဟုတ်ပေ။မှန်ပေသည်၊ သူ အနှီအားသာချက်ကို ထိန်းသိမ်းထားသင့်၏။ မဟုတ်ရင် ...ကျန်းကျန့်က သူ့ကို စိတ်မဝင်စားတော့ရင် ဘယ်လိုလုပ်မလဲ...


"မနက်ဖြန် ခင်ဗျားနဲ့ လေ့ကျင့်ရေး သွားလိုက်မယ်"

ကျောက်ကျင်းကော ပြောသည်။


ကျန်းကျန့်က ခေါင်းညိတ်လိုက်သည်။ကျောက်ကျင်းကောက သူ့ကိုယ်သူ လေ့ကျင့်ခန်းလုပ်ရန်တွန်းအားပေးနေပါက သူ ပိုစားလည်း အရေးမကြီးပါချေ။


သူတို့နှစ်ယောက် ထိုသို့ပြောနေစဥ်မှာ ရှောင်ရို့က သူတို့ဆီ အစားအသောက်ယူလာကာ ထိုထဲတွင် ကြက်သားတစ်ကောင်ရှိနေသည်။


ကြက်သားက အဆီမများပေ။ကျန်းကျန့် ကြက်စားသည်က ကျောက်ကျင်းကောအပေါ် သက်ရောက်မှုရှိပေမဲ့ အနည်းငယ်သာဖြစ်သည်။ သို့တိုင် ကျောင်ကျင်းကောသည် ကြက်ရင်အုံ သားအနည်းငယ်ကို စားနိုင်ခဲ့သည်။


သို့သော်လည်း မကြာသေးမီက သူ အရသာပြင်းပြင်းကိုကြိုက်လာခဲ့ပြီး ရိုးရိုးကြက်ရင်အုံသားကို စားခြင်းသည် အရသာမရှိဟု သူခံစားခဲ့ရသည်။ သူမစားခင် ကြက်ရင်အုံသားကို ချိုချဉ်ငါးဟင်းရည်ထဲမှာ နှပ်ထားလိုက်ရသည်။မသိလိုက်ဘာသာဖြင့် ကျောက်ကျင်းကော အလွန်အကျွံစားမိပြန်သည်။


မနက်ဖြန် လေ့ကျင့်ခန်းလုပ်ဖို့ စောစောထရမယ်...


မဟုတ်ဘူး၊ သူ ဒီည သွားလေ့ကျင့်မယ်...အိပ်ထမတင်လုပ်တာက သူ့ဗိုက်ကို ကျစေမဲ့အရာပဲ မဟုတ်လား...


ညမအိပ်ခင် ကျောက်ကျင်းကောတစ်ယောက် အိပ်ထမတင်လုပ်ရန်ဇွဲကောင်းနေသည်။


ကျန်းကျန့်ကလည်း သဘောတူသည်။

"ကောင်းပြီ ...ကိုယ်မင်းပေါင်ပေါ်ထိုင်ပြီး မင်းကို ဖိပေးမယ်...အကြိမ်ငါးဆယ်နဲ့ နှစ်ရာအရင်လုပ်ရအောင်"



ကျောက်ကျင်းကောက တစ်ကြိမ်လျှင် တစ်ရာပြုလုပ်လေ့ရှိသော်လည်း အခုတလော သူနေမကောင်းဖြစ်သဖြင့် လေ့ကျင့်ခန်းမလုပ်နိုင်သည်မှာ ကြာပြီဖြစ်သည်။ တစ်ချိန်တည်းမှာ အလွန်ကြီး ပြင်းထန်မနေသည်က ပိုကောင်း၏။


ထိုနည်းဖြင့် ကျန်းကျန့်က ကျောက်ကျင်းကော၏ သန်မာသောပေါင်ကို ချောမွေ့စွာထိလိုက်ပြီး ကျောက်ကျင်းကောခြေထောက်များ၏အလယ်ပိုင်းကို ထိလိုက်လေသည်။


ကျောက်ကျင်ကော : " ..."


ကျောက်ကျင်းကောသည် ကျန်းကျန့်ထံမှ ခဏပြီးခဏ နှောင့်ယှက်ခြင်းကို ခံရလေ့ရှိသည်ကိုကျင့်သားရနေပြီဖြစ်ပြီး သူ့အသိစိတ်များ လျင်မြန်စွာ ပြန်ရောက်လာပြီးနောက်တွင် အိပ်ထမတင်ကို အလွန်လျင်မြန်စွာ စတင်ခဲ့သည်။


ကျောက်ကျင်းကောက အလွန်လျင်မြန်စွာ လုပ်လိုက်သဖြင့် ကုတင်ခင်းမှာ ကျယ်လောင်စွာ မြည်လာကာ ဘေးခန်းတွင် ရှိသော ဝမ်ဟိုင်ရှန်း နှင့် ဟယ်ညီအကိုများ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။


ဒီဆူညံသံ. . . ဘော့စ် က အရမ်းကြမ်းတာပဲ အာ. . .


"ငါ ငါ့မိန်းမကို လွမ်းလာသလိုပဲ... နောက်တခေါက် သူ့ကိုပါခေါ်လာသင့်တယ်လို့ ထင်လား"


ဝမ်ဟိုင်ရှန်း တံတွေးကို မျိုချရုံမှတပါး မတတ်နိုင်ပေ။


ဟယ်ချွန်းရှန့်က စကားမပြော။ဝမ်ဟိုင်ရှန်းမှာ အနည်းဆုံး ဇနီးတစ်ယောက်ရှိပေမဲ့ သူ့မှာ စေ့စပ်ထားသူတောင် မရှိပါချေ။


"ကယ်ဆယ်ခံရတဲ့ အမျိုးသမီးနဲ့ကောလေးတွေက အရမ်းချစ်စရာကောင်းတယ်...ဒါပေမဲ့ သူဌေးက သူတို့ကို ထိခွင့်မပေးဘူး..."


ဟယ်ရှားရှန့်က ပြော၏။


လျှိုချမ်ချမ်ကိုမြင်ပြီးကတည်းက သူ စွဲလန်းသွားပေမဲ့ ကျန်းကျန့်က သူတို့ကို ထိခွင့်မပေးခဲ့ပါချေ။ အဆုံးတွင် သူမ ထိုလူဝကြီးလော့၏နောက်သို့ ခိုကိုးရာမဲ့ လိုက်သွားသည်ကို ကြည့်နေခဲ့ရသည်။


အမှန်တွင်၊ ဟယ်ရှားရှန့်သာမက ဟယ်ချွန်ရှန့်နှင့် ဝမ်ဟိုင်ရှန်းတို့လည်း ဆွဲဆောင်ခံလိုက်ရကြပြီး မနေနိုင်ဘဲ စိတ်လှုပ်ရှားလာကြသည်။


"ငါ တခြားမိန်းမကို သွားရှာရင် ငါ့မိန်းမ မပျော်မှာ သေချာတယ်... တစ်နေ့ကုန် ငြိမ်ငြိမ် တိတ်တိတ်လေးနေလို့ သူ့ကိုသွားအထင်မလွဲလိုက်နဲ့... တခြားသူတွေကို ငါ စကားနည်းနည်းပြောမိရင် သူက မပျော်မရွှင်ဖြစ်ရော"


ဝမ်ဟိုင်ရှန်းက ပြောလိုက်သည်။

"သူ အရင်က အရမ်းလှခဲ့တာ... ဒီတစ်ခါ ပိုက်ဆံရရင် သူ့ကို မျက်နှာချေနီနဲ့ပေါင်ဒါမှုန့်တွေ ဝယ်ပေးမယ်... သူကကောင်းကောင်းဝတ်စားပြင်ဆင်ထားရင် သေချာပေါက် ပိုလှလာမှာ"


ဝမ်ဟိုင်ရှန်း ပြောသည်ကိုကြားသောအခါ ဟယ်ချွန်းရှန့် သူ့ကို ကြည့်ပြီး ထိုမိန်းမတွေနှင့် ကောတွေကို ဂရုမစိုက်တော့ပေ။


သူကြိုက်တဲ့သူကို ပြန်ပြီးလက်ထပ်တာက ပိုကောင်းပါတယ်...


သူတို့ သုံးယောက် စကားပြောနေကြချိန်မှာ ဘေးအခန်းမှ ပုံမှန်အသံများ ရုတ်ခြည်း ရုတ်ခြည်း ရပ်တန့်သွားသည်။


"ဒီလောက်မြန်တယ်လား"

ဝမ်ဟိုင်ရှန်း အတော်လေးမြန်သည်ဟုမပြောဘဲမနေနိုင်. . .


ဟယ်ချွန်းရှန့်က ဝမ်ဟိုင်ရှန်းကို စိုက်ကြည့်နေသည်။ ဒီလူက သူတို့ရဲ့ဘော့စ်ကို ဝေဖန်ရဲတယ်ပေါ့...သေလမ်းရှာနေတာမဟုတ်ဘူးလား...


ဒါပေမယ့် နည်းနည်းမြန်သလိုလိုပဲ...


သူ သူ့လက်ကို သုံးတာကတောင် ဒီထက် နည်းနည်းပိုကြာတယ်...


ဟယ်ချွန်းရှန့်နးတို့တတွေ ကျန်းကျန့်၏ စွမ်းရည်အချို့ကို အံ့သြနေကြသော်လည်း ကျန်းကျန့်က ယခုအချိန်မှာ ကျောက်ကျင်းကောကို စိုးရိမ်တကြီးကြည့်နေသည်။


ကျောက်ကျင်းကောက အိပ်ထမတင်ကို ကောင်းမွန်စွာ လုပ်နေသော်လည်း ရုတ်တရက် ဗိုက်အောင့်ကာ ဗိုက်နာသည်ဟု ဆိုကာ သူ့တစ်ကိုယ်လုံး ကွေးကောက်သွားသည်။


"ကျင်းကော အဆင်ပြေရဲ့လား"

ကျန်းကျန့်က စိုးရိမ်တကြီး မေးသည်။


ကျောက်ကျင်းကောက ခဏလောက် စကားမပြောနိုင်။ သူ့ပုံစံကိုမြင်သောအခါ ကျန်းကျန့်က ချက်ချင်းခုန်ထပြီး ဝမ်ဟိုင်ရှန်းတို့အခန်း တံခါးခေါက်လိုက်သည်။


"ဝမ်ဟိုင်ရှန်း မြန်မြန်ထစမ်း"


"ဘော့စ်..."


ဝမ်ဟိုင်ရှန်းက ထပြီး ကျန်းကျန့်ကို အံ့ဩစွာ ကြည့်နေသည်။ဘာဖြစ်တာလဲ...


"ကျောက်ကျင်းကောက ရုတ်တရက်ကြီး ဗိုက်နာနေတယ်... မင်းနဲ့ဟယ်ချွန်းရှန့် သူ့ကို စောင့်ကြည့်နေလိုက်...ငါ ပင်မသင်္ဘောကိုသွားပြီး သမားတော်သွားပင့်မယ်"


ကျန်းကျန့်က ပြောလိုက်သည်။


ဆိုတော့... ဗိုက်နာလို့ ရုတ်တရက် ရပ်သွားတာလား...


အခုက နွေရာသီဖြစ်သဖြင့် ဘာအဝတ်အစားမှ ဝတ်စရာမလိုပေ။ဝမ်ဟိုင်ရှန်း နှင့် ဟယ်ချွန်းရှန့်တို့က လျင်မြန်စွာထကာ ကျန်းကျန့်တည်းခိုရာ အခန်းဆီသို့ သွားခဲ့သည်။


ကျောက်ကျင်းကော ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ချွေးများထွက်ကာ မျက်နှာအနည်းငယ်နီနေပြီး ဗိုက်ကို တင်းတင်းဆုပ်ကိုင်ထားသည်. . .သူတို့ အဝေးကို အတူတူကြည့်လိုက်မိကြသည်။


"အဆင်ပြေပါတယ်...ကြွက်တက်တာပဲ ထင်တယ်"


ထိုအချိန်တွင် ကျောက်ကျင်းကောက ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ခုနက ရုတ်ချည်းဗိုက်နာပေမဲ့ အခု သက်သာနေပြီဖြစ်သည်။


"သမားတော်ပြတာ ပိုကောင်းပါတယ်"


ကျန်းကျန့်က ပြောလိုက်သည်။ကြွက်တက်တာက ဗိုက်ထဲက မဖြစ်သင့်ဘူး မဟုတ်လား...


"ကျွန်တော် တကယ်အဆင်ပြေပါတယ်"


ကျောက်ကျင်းကောက ထထိုင်လိုက်သည်။ သူသည် ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရရုံသာသည်။ ညဘက်ကြီး သမားတော်ဆီ သွားစရာ မလိုပါချေ။


သူက တောမှာ အလုပ်လုပ်နေကျဖြစ်သည်။ ခေါင်းကိုက်တာ ဒါမှမဟုတ် တစ်ခုခုဖြစ်တဲ့အခါ ဘယ်တုန်းက သမားတော်ပြခဲ့လို့လဲ...


ကျန်းကျန့် သူ့ကို သမားတော်ဆီ အတင်း မသွားခိုင်းတော့ဘဲ အစာအလွန်အကျွံစားပြီး လေ့ကျင့်ခန်းလုပ်သောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းက မခံနိုင်တော့သည့်လက္ခဏာဟုပဲယူဆလိုက်၏။ သို့သော် ကျောက်ကျင်းကောကို သမားတော်နှင့်ပြရန် အတင်းအကြပ် မတိုက်တွန်းသော်လည်း ကျန်းကျန့် ကျောက်ကျင်းကောကို နောက်ထပ် လေ့ကျင့်ခန်း မပြုခိုင်းဝံ့တော့ဘဲ သူနှင့်အတူ အိပ်ရာသို့ စောစောဝင်ခဲ့သည်။


သို့ပေမဲ့ နိုးလာချိန်မှာ တစ်ခုခု ဖြစ်သွားပြန်၏။ နောက်နေ့မနက်စောစောမှာ ကျောက်ကျင်းကော အိပ်ရာကထသည်နှင့် ပျို့တက်တော့သည်။


အရင်က ပျို့အန်ချင်တိုင်း လေပဲအန်ခြင်းဖြစ်ပြီး အကြိမ်အနည်းငယ်ကြာပြီးနောက် ပိုကောင်းလာပေမဲ့ ဤတစ်ကြိမ်မှာ မနေ့ညက စားခဲ့သည့် အစားအစာအားလုံးသာမက နောက်ဆုံးမှာ သည်းခြေရည်တွေပင် အန်ထွက်သွားပါတော့သည်။


သူကမျက်ရည်တွေဆက်တိုက်စီးကျလာနေပြီး အတော်လေးစိတ်သောကရောက်နေမှန်း သိသာထင်ရှားပြီး အတော်လေးလည်း ရှက်သွားပုံရသည်။ကျန်းကျန့် လန့်ဖျပ်သွားပြီး သမားတော်ရှာရန် ပြေးထွက်လာခဲ့သည်။


သမားတော်ဟူ ဤရက်ပိုင်းအတွင်း စိတ်တွေ ရှုပ်ယှက်ခတ်လွန်းနေသဖြင့် မုတ်ဆိတ်မွေးကို ဆွဲနှုတ်မိတော့မတတ်ပင်။


သူသည် ဆေးပညာကို ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့ပြီး သူ ၎င်းကို ကျွမ်းကျင်သည်ဟု ထင်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က ကျေးလက်မှ လူကြမ်းတစ်ဦးဆီမှ မမျှော်လင့်ဘဲ အနိုင်ယူခံခဲ့ရသည်။


ပင်လယ်ဓားပြများနှင့် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော်လည်း ထိုအချိန်က မသေဆုံးသေးသူများက နောက်ပိုင်းတွင် အဖျားရောဂါကြောင့် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြကာ အများစုမှာ သူ ကုသပေးခဲ့သူများဖြစ်သည်. . . သူက ကျန်းကျန့်ထက် လူတွေပိုများများ ကုသပေခဲ့သည်။


သမားတော်ဟူ ဒဏ်ရာများကို ပြုစုစောင့်ရှောက်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ယင်းကဲ့သို့ ရလဒ်ကို ရရှိခဲ့ပြီး ယင်းမှာ အနည်းနှင့်အများ လက်မခံနိုင်ပေ။

ဒါက ဘယ်လိုဖြစ်တာလဲ. . .ကျန်းကျန့်က သူသေမည်ဟုသတ်မှတ်ခဲ့သော လူ ၁၀ ဦးကို မမျှော်လင့်ဘဲ ကယ်တင်ခဲ့သည်. . . ထိုလူဆယ်ဦးသည် ကျန်းမာရေးကောင်းမွန်ပြီး မကြာမီသေဆုံးတော့မည်မဟုတ်ကြောင်း ထင်ရှားသည်။


ကျန်းကျန့်က သူ့ထက်တကယ်ပိုတော်နေသလား...


သမားတော်ဟူ ဤရက်ပိုင်း သူ့တွင်ရှိနေသည့် သံသယများနှင့် ကျန်းကျန့်၏ကျော်ကြားမှုကို တွေးတောမိသောအခါတွင် သူဒေါသတကြီးဖြစ်လာသလို အနည်းငယ်စိတ်ပျက်ကာ ရှက်ရွံ့သွားသည်။ သူက လောကကို ကူညီတတ်သော စိတ်ကောင်းရှိပြီး ကြင်နာတတ်သူမဟုတ်ပေ။ အများအားဖြင့် သူ့မှာ သေးငယ်သော ရည်ရွယ်ချက်များ ရှိတတ်သော်လည်း ငွေရရှိပြီးနောက် လူများကို ကယ်တင်ရန် အမြဲကြိုးစားနေဆဲဖြစ်ပေငြား နောက်ဆုံးတွင် သူသည် ထိုကျန်းကျန့်နှင့် နှိုင်းယှဥ်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။


အဲဒီကျန်းကျန့်က ဆေးအကြောင်း ဘာမှတောင် မသိဘဲ လှည့်ကွက်လေးတစ်ခုပဲ သုံးခဲ့တာလေ... ဆိုတော့ သူ ရုတ်တရက်ကြီး ဘယ်လိုလုပ် အလေးစားခံ ဖြစ်လာတာလဲ...


သမားတော်ဟူ သူ၏မုတ်ဆိတ်မွေး နောက်ထပ် လက်တစ်ဆုပ်စာဆွဲနှုတ်ပြီးနောက် ကျန်းကျန့်၏နည်းလမ်းသည် အမှန်တကယ်အသုံးဝင်ကြောင်း ဝန်ခံခဲ့သည်။


သခင်လေးကျန့် သူ့ကို ကျန်းကျန့်နှင့်ပူးပေါင်းပြီး ဤနည်းလမ်းကို လေ့လာရန် တောင်းဆိုခဲ့ကာ ပြီးသွားသည့်အခါမှာ ဆုတစ်ခုပေးလိမ်မည်ပင် . . .သူ ကျန်းကျန့်ကို ရင်ဆိုင်ရမှာ ရှက်သွားသည် ။


မနက်စောစောထပြီး သမားတော်ဟူတစ်ယောက် ပထမဆုံးတွင် သက်ပြင်းချလိုက်မိသည်။ ရလဒ်အနေဖြင့် သူသက်ပြင်းချလိုက်သည်နှင့် သူ့အခန်းတံခါးကို တစ်စုံတစ်ယောက်မှ ခေါက်လိုက်ကာ အပြင်ဘက်မှ ကျန်းကျန့်၏ အသံထွက်လာသည်။

"သမားတော်ဟူ...သမားတော်ဟူ"


သမားတော်ဟူက မတ်တပ်ထရပ်ပြီး တံခါးကိုဖွင့်ရန် ခြေလှမ်းပြင်လိုက်သည်။ ထို့နောက် သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ကာ “ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။ကျန်းကျန့်က ဘာလို့ သူ့ကို ရှာနေတာလဲ...ဘာပဲဖြစ်ဖြစ် သူ ကျန်းကျန့်နဲ့ အဆက်အသွယ် လုပ်နိုင်ခဲ့တာပဲလေ...


"သမားတော်ဟူ...ကျုပ်မိန်းမ တအားအန်နေတယ်... လာပြီး စစ်ဆေးပေးပါ"


ကျန်းကျန့်က သမားတော်ဟူကို ဆွဲထုတ်ပြီး လှည့်ထွက်လာသည်။


အချိန်အတော်ကြာအောင် အန်ပြီးနောက် ကျောက်ကျင်းကော ကျန်းကျန့်ထွက်သွားသည်ကိုမြင်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ အနံ့ဆိုးကြောင့် ကျန်းကျန့်က ထွက်ပြေးသွားတာလား...


ခွင့်လွှတ်နိုင်သည်ဟု သူခံစားရသော်လည်း ကျောက်ကျင်းကော အနည်းငယ်ဝမ်းနည်းနေဆဲဖြစ်သည်။နောက်တော့ ဘာဖြစ်သွားမှန်း မသိဘဲ သူပိုပိုအန်ပါတော့သည်။


အန်ပြီးနောက် ကျောက်ကျင်းကော၏တစ်ကိုယ်လုံး ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ အရင်က လေ့ကျင့်ခန်းလုပ်ရန် စိတ်ကူးခဲ့ပေမဲ့ အခုချိန်မှာ ကြွက်သားတစ်ခုတောင် မလှုပ်နိုင်တော့ပါချေ။


ဒီလိုဖြစ်တာ အသုံးမဝင်ဘူး. . . ကျောက်ကျင်းကော သူ့မျက်နှာကို လက်ကိုင်ပုဝါနှင့် သုတ်လိုက်ပြီး ပုံးထဲမှာ သူအန်ထားသည်တွေကို သွန်ပစ်လိုက်၏။ ရလဒ်အနေဖြင့် သူမြင်လိုက်ရသည့်အခါ ထပ်ပြီးပျို့တက်လာပြန်သည်။


ထိုအခိုက်အတန့်လေးမှာပဲ ကျန်းကျန့်က သမားတော်ဟူ ကို ခေါ်လာခဲ့သည်။