Chapter 111
ထိုအချိန်တွင် သမားတော်ဟူ၏ခြေထောက်များတုန်ယင်နေခြင်းကို ရပ်တန့်နိုင်ပေ။ကျန်းကျန့်က သူ့ကို အလွန်နှေးကွေးစွာ လမ်းလျှောက်နေသည်ဟုထင်ကာ သူ့ကိုမပြီး ပင်မသင်္ဘောမှ ပါးလွှာသော သစ်သာပျဉ်ချပ်တစ်လျှောက် ဤသင်္ဘောဆီသို့ ပြေးသွားခဲ့သည်။
သင်္ဘောသားတွေဟာ သင်္ဘောနှစ်စင်းကို ချိတ်ဆက်ထားသည့် ပျဉ်ပြားတွေပေါ်မှာ တနေကုန် လမ်းလျှောက်လေ့ရှိပေမဲ့ သမားတော်ဟူက များသောအားဖြင့် ထိုပေါ်မှာ လျှောက်ရမှာကို ကြောက်ရွံ့ပြီး မသယ်ခံရသည်ကို ပို၍ပင်ကြောက်၏။
ကျန်းကျန့် ခွေးသတောင်စား...
သမားတော်ဟူ အောက်အချခံရပြီနောက် ခဏလောက် ပြန်လည်ကောင်းမွန်လာခြင်းမရှိသော်လည်း ကျန်းကျန့်က ထပ်မံတိုက်တွန်းခဲ့သည်။
"သမားတော်ဟူ...မြန်မြန်သွားပြီး ကျောက်ကျင်းကောကို စစ်ဆေးပါ"
"ကောင်းပြီ...ကောင်းပြီ...သူက အန်ရုံပဲ မဟုတ်ဘူးလား...ဒီအတွက် ငါဘာလုပ်နိုင်မှာလဲ...မကောင်းတာတစ်ခုခုစားမိလို့ဖြစ်မယ်"
သမားတော့ဟူက ပြောသည်။
သင်္ဘောသားတွေက ကျိုချက်မထားသည့် ရေကို မကြာခဏ သောက်ကြပြီး သင်္ဘောပေါ်မှာ ဘာစားသည်ကိုလည်း ဂရုမစိုက်ကြရာ အန်ကြသည်က ပုံမှန်ဖြစ်၏။
"မဟုတ်ဘူး...ကျင်းကော အန်နေတာ အချိန်အတော်ကြာပြီ ...ဒီနေ့ သည်းခြေရည်တွေတောင် အန်နေပြီ"
ကျန်းကျန့် စိုးရိမ်နေမိသည်။ဗိုက်နာရုံပဲဆိုရင်...တကယ်လို့...စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နေရင် သူ ဒီလောက်ထိ မအန်သင့်ဘူး...
စိုးရိမ်ရတာလား...သမားတော်ဟူလည်း အနည်းငယ်စိုးရိမ်သွားပြီး ကျောက်ကျင်းကော၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
"အော့အန်တာအပြင် အခုတလော သူ့မှာ တခြားလက္ခဏာတွေ ရှိသေးလား"
သမားတော်ဟူ၏အမူအရာသည် ရုတ်တရက် အနည်းငယ်ထူးဆန်းလာသည်။
"အခုတလော သူ အဆီများတဲ့ အစားအစာကို မစားနိုင်တော့ဘူး ...စကားမစပ် မနေ့က ကိတ်မုန့်အချို ကီလိုပေါင်းများစွာကိုလည်း စားတယ်...အဲ့ဒါကြောင့်လား"
ကျန်းကျန့်က ထပ်မေး၏။
သမားတော်ဟူ၏ အမူအရာသည် ပို၍ပင် ထူးဆန်းလာသည်။
"ဘာဖြစ်တာလဲ"
ကျန်းကျန့် စိတ်ပူလာသည်။ကျောက်ကျင်းကောလည်း အတော်လေး စိတ်လှုပ်ရှားလာသည်။ သူတစ်ခုခုဖြစ်နေတာလား
"ကိုယ်ဝန်က နှစ်လလောက်ရှိပြီ...အန်တာက ပုံမှန်တုံ့ပြန်မှုတစ်ခုပဲ"
သမားတော်ဟူက ထိုသို့ ပြောကြားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
"စိတ်မပူပါနဲ့...သူက နွားတစ်ကောင်လို သန်မာတယ်... သူ့မှာ ဘာပြဿနာမှ မရှိပါဘူး"
ထိုကဲ့သို့ သန်မာသောကိုယ်ဝန်သည်ကောက ရှားပါးသည်။
ကိုယ်ဝန်...
ကျောက်ကျင်ကော အံ့သြပြီး ကျေနပ်သွားသည်။ သူက နေမကောင်းတာမဟုတ်ဘဲ ကိုယ်ဝန်ရှိလို့ ပေါ့...
ကျောက်ဖူကွေ့နှင့်အတူ အသက် 12 နှစ် 13 နှစ်တွင် အလုပ်စလုပ်ခဲ့သောကြောင့် ကျောက်ကျင်းကောသည် ရွာရှိ အမျိုးသမီးများနှင့် အဆက်အဆံအနည်းငယ်သာရှိခဲ့ပြီး ကျောက်လျူကလည်း ထိုအကြောင်းအရာများကို သူ့အားမပြောပြသောကြောင့် အခြားသူများ၏ကိုယ်ဝန်က မည်သို့မည်ပုံဖြစ်သည်ကို လက်မထပ်ခင်က သူမသိခဲ့ပေ။
သူလက်ထပ်ပြီးနောက် ကျောက်လျူက ကိုယ်ဝန်အကြောင်းပြောခဲ့သော်လည်း ကိုယ်ဝန်၏လက္ခဏာများကိုမဆိုနှင့်၊ထိုအကြောင်းကို အကျယ်တဝင့်ပင် မပြောခဲ့ပေ။သူမ ကလေးရှိနေချိန်က ကြက်စွပ်ပြုတ်စားချင်ခဲ့သည်ဟုသာပြောခဲ့၏. . . မှန်ပေသည်၊သည်အတွက် ပိုအရေးကြီးသည့် အကြောင်းရင်းက ကလေးရရန်က သိပ်မလွယ်ဘူးဟု သူအမြဲတမ်း ခံစားရ၍ပါပင်။
သူက ကလေးယူဖို့ ခက်မယ်လို့ သူတို့ ပြောခဲ့တာမဟုတ်ဘူးလား...
ဒါပေမဲ့ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလာရတယ်...ပြီးတော့ နှစ်လတောင်ရှိပြီလား...
ကိုယ်ဝန်ဆောင်ချိန်မှာ ဒီလိုမျိုး ပျို့အန်ရင် ... ဆိုတော့ သူက သွေးထွက်သံယို မြင်ကွင်းတွေကို ကြောက်လို့ အန်ခဲ့တာမဟုတ်ဘူးပေါ့...
ကျောက်ကျင်းကော ခဏတာ စိတ်အေးလက်အေးဖြစ်သွားပြီး တစ်ချိန်တည်းတွင် ပျော်ရွှင်လာသည်။
ကျန်းကျန့်က ဤအခိုက်အတန့်တွင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ဒါ ...သူက ကိုယ်ဝန်ရှိသွားတာလား...
သူက ကိုယ်ဝန်ရနိုင်ပြီး ကလေးရနိုင်သည်ကို အချိန်အတော်ကြာကတည်းက သိထားပြီး ကျောက်ကျင်းကောက ကလေးမွေးခြင်းကိစ္စနှင့် ပတ်သက်၍ စနောက်နေကြဖြစ်သည်။သို့သော် ကျောက်ကျင်းကောက ယောက်ျားတစ်ယောက်နှင့် မခြားနားသောကြောင့် ကျန်းကျန့် ကျောက်ကျင်းကော ကိုယ်ဝန်ရှိလာခြင်းအကြောင်းကို အမှန်တကယ် မတွေးခဲ့မိပေ။
ကျောက်ကျင်းကော နှင့် ဟယ်ချောင်စီရင်စုမှထွက်လာပြီးနောက် ၎င်းကို လုံးဝမေ့သွားခဲ့သည်။
အရင်က ကျောက်ကျင်းကော အဆီများသည့်အသားကို အနံ့ရလျှင် အန်ချင်သလို ခံစားခဲ့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကြောင့် ဖြစ်သည်ဟု သူ အမြဲလိုလို ထင်မြင်ခဲ့၏။တကယ်တော့ သူ ကိုယ်ဝန်ရှိနေတာကြောင့်လား...
ကျောက်ကျင်းကော၏ဗိုက်ထဲတွင် ကလေးတစ်ယောက်ရှိနေသည်။ထိုကလေးမွေးလာပါက သူ့ကိုဖေဖေဟု ခေါ်လိမ့်မည်။
သူ့မှာ ကလေးလေးရှိလာတော့မယ်...
ကျောက်ကျင်းကောက ကိုယ်ဝန်ရှိနေပြီ...သူဘာလုပ်သင့်လဲ...ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ...
ကျောက်ကျင်းကောက ယောက်ျားတစ်ယောက်နှင့် အတိအကျတူသည်။ သူဘယ်လိုလုပ် ကလေးမွေးနိုင်တာလဲ...
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေစားသောက်သင့်သလဲ...
ကျောက်ကျင်းကောက နို့မထွက်ဘူး...မွေးပြီးရင် ကလေးက ဘာစားမလဲ...
. . .
ကျန်းကျန့်၏နှလုံးသားသည် ချက်ချင်းပင် အတွေးပေါင်းသန်းပေါင်းများစွာ ဖြတ်ပြေးသွားပြီး အံဩလွန်း၍ စကားမပြောနိုင်ဖြစ်သွား၏။
သူက အများကြီးသိပေမဲ့ ကိုယ်ဝန်နှင့်ပတ်သက်ပြီး တကယ် ဘာမှမသိဘဲ သူ့ရဲဘော်တွေဆီက စကားလုံးတချို့ကိုပဲ ရံဖန်ရံခါ ကြားခဲ့ရသည်။ ဥပမာအားဖြင့်၊ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ရှိလျှင် ဖြည့်စွက်စာ စားသုံးသင့်ပြီး ကလေးမွေးချိန်တွင် အလွန်ကြီးမနေစေရန် အလွန်အကျွံမစားသုံးရပေ။
ဒီတော့ ...သူ ကျောက်ကျင်းကောကို ဖြည့်စွက်စာပေးဖို့ လိုတာလားမလိုတာလား...
ကျန်းကျန့် ထိုနေရာမှ ရပ်နေပြီး သူ့တစ်ကိုယ်လုံး ကြက်သေသေနေသည်။သူ အံသြမှင်သက်သွား၍နေသည်။
သမားတော်ဟူသည် မူလက ကျန်းကျန့်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသော်လည်း ယခုအချိန်တွင် သူရုတ်တရက် ပျော်ရွှင်ဂုဏ်ယူနေသည်။
ကျန်းကျန့် ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက ငါ့ထက် ပိုကောင်းတယ်လို့ ခံစားမိတဲ့သူတွေ အားလုံး အခုပဲ လာကြည့်ကြ... အခုချက်ချင်း ဒီကောင်ကို လာကြည့်...
ဆေးပညာအကြောင်း ဘာမှမသိသလို သူ့မိန်းမမှာ ကိုယ်ဝန်ရှိနေတာတောင် မပြောနိုင်ခဲ့ဘူး...
သမားတော်ဟူ နောက်ဆုံးတွင် သူက ကျန်းကျန့်ထက် ပိုကောင်းနေသေးသည်ကို တွေ့ရှိခဲ့ပြီး အလွန်စိတ်အေးလက်အေး ဖြစ်လာခဲ့သည်။သို့ပေမဲ့ သူစဉ်းစားပြီး တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။
"မင်း မင်း... မင်းမိန်းမမှာ ကိုယ်ဝန်နှစ်လရှိနေ ပြီ...ဒီမတိုင်ခင်က သူ ကလေးကို လွယ်ရင်း ဓားပြတွေနဲ့ တိုက်ခိုက်ခဲ့တာလား"
သမားတော်ဟူ ကျန်းကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ကျန်းကျန့်က မတုံ့ပြန်သေးဘဲ ရှော့ရနေဆဲဖြစ်သည်။
ကျောက်ကျင်းကောက အသိစိတ်ပြန်ဝင်လာပြီး သမားတော်ဟူကိုကြည့်လိုက်သည်။
"ကိုယ်ဝန်က နှစ်လကျော်ပြီလား... ဒါပေမဲ့ သင်္ဘောမပေါ်ခင်မှာ ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ရှာခဲ့တယ်...ကျွန်တော် လှေပေါ်တက်ပြီတဲ့နောက်မှာလည်း ခင်ဗျားစီလာစစ်ဆေးသေးတယ်... ကိုယ်ဝန်ရှိတယ်လို့ မပြောခဲ့ဘူး"
ဟယ်ချောင်စီရင်စုမှ ရေယာဥ်စု ထွက်ခွာခဲ့သည်မှာ တစ်လမျှသာ ရှိသေးသည်။ ကိုယ်ဝန်ကနှစ်လရှိပြီ ၊ အရင်က ဘာလို့ ဘယ်သူကမှ မပြောခဲ့တာလဲ...
"ပထမဆုံးလက ညှင်းညှင်းပဲရှိသေးတာ... သွေးခုန်နှုန်းကို ဘယ်လိုလုပ်ရနိုင်မှာလဲ"
သမားတော်ဟူက ချက်ချင်းပြောလိုက်သည်။ သူသည် သားဖွားမီးယပ်ကို အထူးပြုသော ဆရာဝန်မဟုတ်၊ ကိုယ်ဝန်တစ်လမှာ သမားတော်က သွေးခုန်နှုန်းတစ်ခုတည်းကိုပဲ အားကိုးနိုင်သည်အမှန်တွင် သားဖွားမီးယပ်အထူးကုတွေပင် တစ်လကိုယ်ဝန်ကို မပြောနိုင်ကြပေ။
"အခြားကောတွေအကြောင်း ပြောချင်ရင် ကိုယ်ဝန်ရလာတဲ့အခါ သူတို့ရဲ့ မျက်ခုံးကြားက မှဲ့တွေက ပိုနက်လာတယ်... အခြားအရာတစ်ခုခုကို မြင်နိုင်တယ်... မင်းရဲ့ဟင်္သာပြဒါးရိုင်းမှဲ့ကို မင်းဖြတ်ထုတ်ပစ်တာမဟုတ်ဘူးလား"
သမားတော်ဟူက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်ပြီး နှစ်ကြိမ် နှာမှုတ်လုပ်လိုက်၏။
၎င်းကိုကြားသောအခါ ကျောက်ကျင်းကော ရှက်သွားသည်။
ကျန်းကျန့်က သူ့ကိုယ်ဝန်အကြောင်းကို ကူမေး ပေးလိမ့်မည်ဟု မျှော်လင့်ကာ မသိစိတ်ဖြင့် ကျန်းကျန့်ကြည့်လိုက်သော်လည်း ကျန်းကျန့်မှာ မှင်တက်နေပြီး အာရုံပြန်မရသေးကြောင်း သိသာထင်ရှားစွာ တွေ့လိုက်ရသည်။
သမားတော်ဟူသည်လည်း ၎င်းကို သတိပြုမိပြီး အနည်းငယ် စိတ်တိုလာသည်။ ဒီလူက ဘာလို့ အံသြနေသေးတာလဲ... သူ့ကို မေးခွန်းတွေ ထပ်မမေးချင်ဘူးလား...အဲလိုဆိုသူလည်း အဲဒီချုပ်ရိုးတွေ အကြောင်းမေးလို့ရတယ်...
ကျန်းကျန့်က မတုံ့ပြန်သောအခါ ကျောက်ကျင်းကော သူ့ဘာသူမေးလိုက်ရုံသာတတ်နိုင်၏။
"ကိုယ်ဝန်ရှိနေပြီဆိုတော့ ကျွန်တော် ဘာတွေ ဂရုစိုက်ရမလဲ"
"မင်းက ကျန်းမာရေးကောင်းတယ်... ပင်လယ်ဓားပြတွေကိုတောင် တိုက်ခိုက်နိုင်တယ်...မင်းမလုပ်နိုင်တာဘာရှိမှာလဲ"
သမားတော်ဟူက ပြောလိုက်သည်။ကျောက်ကျင်းကော ရှက်ရွံ့နေသည်ကို မြင်လိုက်ရသောအခါ သူကထပ်ဖြည့်ပြောလိုက်သည်။
"မင်း ပြင်းပြင်းထန်ထန်လှုပ်ရှုးမှုတွေ လုပ်မရတော့ဘူး...အစာစားတာကတော့ အန္တရာယ်မရှိသရွေ့ ကြိုက်သလိုစားလို့ရတယ်"
"ပြင်းပြင်းထန်ထန် လှုပ်ရှားမှု" လုပ်၍မရဘူးဟု
သမားတော်ဟူပြောသည်ကိုကြားသောအခါ မနေ့ညက သူအိပ်ထမတင်လုပ်သည်ကို ချက်ချင်း သတိရသွားပြီး သေလောက်အောင် ကြောက်လန့်တကြား ဖြစ်သွားသည်။သူ့ပုံမှန်လေ့ကျင့်မှုအတိုင်း မလုပ်တာ အတော်လေး ကံကောင်းတယ်...မဟုတ်ရင် ...
ဒီကလေးကို ဆုံးရှုံးသွားရင် သူ နောင်တရရလိမ့်မယ်...
သမားတော်ဟူ၏စကားကိုကြားသောအခါတွင် နားထောင်နေသော ဝမ်ဟိုင်ရှန်း နှင့် ဟယ်ချွန်းရှန့်တို့ မနေ့ညက အဖြစ်အပျက်ကို သတိရသွားကြသည်။
ကျောက်ကျင်းကော မနေ့က ရုတ်တရက် ဗိုက်နာသွားတယ်... ဘော့စ်ကအကြမ်းပတမ်းလုပ်လွန်းတာ သေချာတယ်...
သူတို့ရဲ့ဘော့စ်က တကယ်ပါပဲ... ကိုယ်ဝန်ရှိနေတဲ့ကောကို ပင်လယ်ဓားပြတွေကို တွန်းလှန်ဖို့တောင် ခိုင်းတဲ့အပြင် ညဘက်မှာလည်း ကစားချင်သေးတယ်...
မှန်ပေသည်၊ဤသည်က အဓိကအားဖြင့် သူမသိ၍ပါပင်. . . ဝမ်ဟိုင်ရှန်း မှင်တက်နေဆဲ ကျန်းကျန့်ကို စာနာစိတ်ဖြင့် ကြည့်လိုက်သည်။
သမားတော်ဟူက ကျန်းကျန့်နှင့် စကားပြောရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ကျန်းကျန့်က ထိုနေရာတွင် ထုံထိုင်းစွာ ရပ်နေခဲ့သည်။ စကားတောင် မပြော. . .
အချိန်အတော်ကြာအောင် ထိုင်နေပေမဲ့ နောက်ဆုံးမှာ သူ ဆကိမထိုင်နိုင်တော့ပေ။ဝမ်ဟိုင်ရှန်း နှင့် ဟယ်ချွန်းရှန့် နှစ်ယောက်လုံး လေထုသည် အလွန်ထူးဆန်းသည်ဟု ခံစားရသည်. . .
"သမားတော်ဟူ... ငါတို့ မင်းကို အရင်ပြန်ပို့ပေးမယ်...နောက်ပိုင်းမှာ ငါတို့ရဲ့ဘော့စ်က မင်းကို ကျေးဇူးတင်ဖို့ အထူးတလည်တစ်ခေါက်အရောက်လာမှာပါ"
ဟယ်ချွန်းရှန့်က ပြောလိုက်သည်။
သမားတော်ဟူက သူ၏မုတ်ဆိတ်မွေးကိုဆွဲကာ လက်ဝှေ့ယမ်းကာ ထွက်ခွာသွားခဲ့သည်။ သင်္ဘောကြီးကနေ အငယ်ကို လျှောက်ချင်သည့်အခါ သူက လူတွေကို ပိုကျယ်သည့်ပျဉ်ချပ်ကို ပြောင်းခိုင်းလေ့ရှိသည်။
ကျန်လူများ ထွက်သွားသောအခါ ကျန်းကျန့် နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာသည်။
အမှန်တွင် သမားတော်ဟူနှင့် အခြားသူများ၏ စကားများကို သူကြားခဲ့ရသော်လည်း သူ့စိတ်ထဲမှာ အနည်းငယ် တုံ့ပြန်နိုင်စွမ်းမရှိသည့် အရာများစွာ ရှိနေရုံဖြစ်သည်။
ယခု . . .
ကျန်းကျန့် ကျောက်ကျင်းကော၏ ပြားချပ်ချပ် ဗိုက်ကို စိုက်ကြည့်ပြီးနောက် ကုတင်ဘေးတွင် ထိုင်ကာ ဂရုတစိုက် လက်ဖြင့် ထိလိုက်သည်။
"ဒီမှာ ကလေးလေးရှိတာလား"
"ဟုတ်တယ်...ကျွန်တော်တို့မှာ ကလေးရှိနေပြီ"
ကျောက်ကျင်းကော၏ မျက်နှာက တောက်ပနေပုံရသည်။
"ကျွန်တော်က ကလေး မရနိုင်တော့မှာကို အမေက စိုးရိမ်နေတာ... ဒီလောက်မြန်မြန်ရဖို့ မမျှော်လင့်ထားဘူး"
"အဲဒါ ကိုယ်ဘယ်လောက် ကြိုးစားခဲ့လဲဆိုတာပေါ့..."
ကျန်းကျန့် မသိစိတ်ဖြင့် ပရောပရည်လုပ်နေသော်လည်း မျက်မှောင်ကြုတ်လိုက်သည်။
"ကျင်းကော... ကိုယ်တို့အနာဂတ်မှာဘာဆက်လုပ်ကြမလဲ"
တို့ဘာလုပ်ကြမလဲ...ကျောက်ကျင်းကော အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်ခဲ့သည်။ ငါတို့မှာ ကလေးရလာပြီး မွေးရုံပဲမဟုတ်ဘူးလား...
"ကလေးလေး မွေးပြီးရင် သူဘာစားမလဲ...အနာဂတ်မှာ ကိုယ်တို့ သူ့ကို ဘယ်လိုသင်ကြားဆုံးမပေးမလဲ...ကိုယ်တို့က သူ့အတွက် စံနမူနာကောင်းတွေ မပြသင့်ဘူးလား... နောင်မှာ ဘယ်ကျောင်းတက်ရင် ပိုကောင်းမလဲ... "
ကျန်းကျန့် ကလေးများ၏ ပြဿနာကို တစ်ခါမျှ မစဉ်းစားဖူးခဲ့ပေ။ သားသမီးများ၏ ပညာရေးပြဿနာကို ရုန်းကန်နေရသော ရဲဘော်ဟောင်းများ၏ စကားများကို နားထောင်ရင်း ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ထိုအတွက် သူက စိတ်ပူစရာ မလို၊ကောင်းမွန်သည့် ကျောင်းစီရင်ဟုမှာ အိမ်တစ်လုံး ဝယ်စရာ မလိုဟု သူ ခံစားခဲ့ရသည်။ ဒါပေမဲ့ အခု သူလည်း ကလေးရလာတယ်...သူက ရှေးခေတ်မှာ ကလေးရတာတောင်ဖြစ်နေသေးတယ်...
မော်ဒန်ခေတ်ကာလတွင် လူကုန်ကူးသူများနှင့်ထိုကဲ့သို့သောအရာများ ရှိခဲ့ကြသော်လည်း အမှန်မှာ ၎င်းသည် ရှေးခေတ်ကထက် ပိုမိုလုံခြုံသည်။ သူ့သားသမီးတွေက ယခုလိုခေတ်မှာမွေးဖွားလာပြီး နောက်ပိုင်းမှာ. . .
ဤအကြောင်းကို သူစတွေးလေလေ သူ့အတွေးတွေ ပိုကျယ်လာလေလေဖြစ်သည်။သို့ပေမဲ့ ကျောက်ကျင်းကောကမူ ထိုအကြောင်းကို တစ်ခါမှ မတွေးဖူးပါချေ။
ကျေးလက်မှာ ကလေးတွေ များများမွေးသည်က မိသားစုဝငိပိုများလာခြင်းသာဖြစ်သည်။ လူတိုင်းစဉ်းစားရန်လိုအပ်သည့်တစ်ခုတည်းသောအချက်မှာ ကလေးများစွာမွေးခြင်းဖြင့် အနာဂတ်တွင် သူတို့ ၎င်းတို့အား ထောက်ပံ့နိုင်မနိုင်ကိုဖြစ်သည်. . .သို့ပေမဲ့ ယခုက သူတို့၏ပထမဆုံးဖြစ်ပြီး ကျန်းကျန့်မှာ ပိုက်ဆံရှိသောကြောင့် သူတို့ကို မထောက်ပံ့နိုင်တော့မှာကို စိုးရိမ်စရာ မလိုပါချေယ
သို့သော် ကျောက်ကျင်းကော အစပိုင်းတွင် သိပ်မစဉ်းစားခဲ့သော်လည်း ကျန်းကျန့်၏စကားနောက်တွင် သူသည် ထိုအကြောင်းကို မလွှဲမရှောင်သာ တွေးနေခဲ့သည်။
ခဏကြာသောအခါ အခန်းက တိတ်ဆိတ်သွားပြန်၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းကျန့်က ရုတ်တရက် ထရပ်လိုက်သည်။
"ကိုယ်မင်းအတွက် စားစရာတချို့သွားယူပေးမယ်"
ကျောက်ကျင်းကော မနက်စာမစားရသေးပေ။ယင်းက သူ့ကျန်းမာရေးအတွက် မကောင်းပါချေ။
ကျန်းကျန့် အမြန်ထွက်သွားပြီး ခဏအကြာတွင် သကြားရည်တစ်ပန်းကန်နှင့် ပြန်လာသည်။
"ရေအရင်သောက်ပါ...ထမင်းချက်ကလည်း ချက်နေပြီးပြီ... မကြာခင် အဆင်သင့်ဖြစ်လိမ့်မယ်...ဒါမှမဟုတ် အဆာပြေ အချိုတွေစားချင်လား"
ကျောက်ကျင်းကောက ခေါင်းညိတ်ပြပြီး မုန့်သွားယူရန် လုပ်နေပေမဲ့ ကျန်းကျန့်က သူ့ကို နောက်တစ်ကြိမ် တားလိုက်၏။
ကျန်းကျန့် မုန့်ထုပ်များကိုဖြည်လိုက်ပြီး ကျောက်ကျင်းကောကို လက်နှစ်ချောင်းခန့်အကျယ် သစ်ကြားသီးကိတ်ကို ပေးလိုက်သည်။
"ကိုယ်ဝန်ဆောင်ချိန်မှာ အချိုတွေ အများကြီးမစားရဘူး...ဒါကြောင့် လျှော့စား"
အရင်က သူကြားဖူးတယ်...ဒီပြဿနာကို ကိုယ်ဝန်ဆောင်ဆီးချိုရောဂါလို့ခေါ်သလားလို့...
ကျန်းကျန့် ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်ပေမဲ့ သူမှတ်မိသည့် အချက်တစ်ချက်က ကိုယ်ဝန်ဆောင်တစ်ယောက်က အလွန်အကျွံစားပါက ကလေး မွေးသည့်အခါ အလွန်ထွားနေလိမ့်မည်ဟူ၍ဖြစ်၏။
မော်ဒန်ခေတ်မှာ ကလေးက ပိုထွားလျှင် ခွဲမွေးမှုကို အမြဲလုပ်၍ရပေမဲ့ ရှေးခေတ်မှာ…
ကိုယ်အလေးချိန် ငါးကီလိုနဲ့ ရှစ်ကီလိုရှိတဲ့ ကလေး...ဘယ်ဟာက ပိုကောင်းလဲ သိသင့်တယ်...
ကျောက်ကျင်းကော၏ အရေပြားက အလွန် တင်းကျပ်သည်။ ကလေးက သေးနေလျှင်အဆင်ပြေပေမဲ့ အရမ်းကြီးနေလျှင်. . .