Chapter 112
:မြို့တော်သို့ရောက်ရှိခြင်း
ကျန်းကျန့် ထိုအကြောင်းကို ပိုတွေးလေလေ စိုးရိမ်လေလေဖြစ်သည်။ ထို့နောက် သမားတော်ဟူဆီကို သွားမေးရန် ဆုံးဖြတ်လိုက်သည်။
ကျန်းကျန့် သမားတော်ဟူထံသို့သွားသောအခါ ကျောက်ကျင်းကော သူ့လက်ထဲမှ သစ်ကြားသီးကိတ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ ကိုယ်ဝန်ရှိနေရင် ကောင်းကောင်းမစားမသောက်ရ တော့ဘူးလား...ကျန်းကျန့်က သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတော့ အစာမစားဖို့ ဘာကြောင့် တားတာလဲ...
သူ့ရွာမှာ ကော သို့မဟုတ် အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိချိန်မှာ ကောင်းကောင်းစားရသည်။သို့ရာတွင် သူပုံမှန်စားလေ့ရှိသလောက် မကောင်းမွန်သော အသားအချို့နှင့် ကြက်ဥကိုသာ စားနိုင်ကြသည်။
ကျောက်ကျင်းကော မနက်ခင်းမှာ ဆိုးဆိုးရွားရွား အော့အန်ခဲ့ပေမဲ့ အခုအချိန်မှာ အားလုံးအဆင်ပြေသွားသည့်အတွက် သူ ၎င်းကို ဂရုမစိုက်တော့ပါချေ။ အန်ချင်သလို လုံးဝမခံစားရဘဲ ထိုအစား သူဗိုက်တအားဆာနေသည်။
သစ်ကြားသီးကိတ်ကို စားပြီး ခဏလောက်စောင့်ပြီးနောက် ထမင်းချက်၏သားက မနက်စာ ယူလာပေးသည်။ သို့သော် ကျန်းကျန့်ကို သူ မည်သည့်နေရာမှာမှ မတွေ့ရသေးပေ။
ကျောက်ကျင်းကော ခဏလောက်စောင့်ခဲ့ပေမဲ့ ကျန်းကျန့်က ပြန်မလာသောကြောင့် သူအရင်စားရန်ဆုံးဖြတ်လိုက်၏။
ကျန်းကျန့်က မနေ့က ပစ္စည်းတွေအများကြီးဝယ်ရန် လူတွေကို စေလွှတ်လိုက်သည့်အတွက် ယခုသင်္ဘောပေါ်မှာ ပါဝင်ပစ္စည်းတွေ အများကြီးရှိနေသောကြောင့် မနက်စာက အလွန်လျှံပယ်သည်။
ထမင်းချက်က ဆန်ပြုတ် ချက်ထားပြီး အစိမ်းရောင် အရွက်များ၊ ပုစွန်များနှင့်အနံ့ အလွန်ကောင်းသည်။ ထို့အပြင် သူမက အအေးဟင်းလျာနှစ်မျိုးနှင့်ပန်ကိတ်လုပ်ထားသည်။
(T/N–အအေးဟင်းလျာဆိုတာက ချက်မထားတဲ့ဟာပါ...ဥပမာ အသုတ်အမျိုးမျိုး...)
ကြက်ဥ၊ပဲပင်ပေါက်နှင့် သခွားသီးများပါသည့် ပါးပါးလျလိ ပန်ကိတ်များသည် ကြက်ဥများကို မြေပဲဆီဖြင့်ကြော်ထားသောကြောင့် အလွန်ဆွဲဆောင်မှုရှိပြီး ကျောက်ကျင်းကောကို နည်းနည်းမှ မအိမသာမဖြစ်စေပေ။
ပန်ကိတ်တစ်လုတ်၊ ဆန်ပြုတ်တစ်လုတ်နှင့် အအေးဟင်းလျာ အလုတ်အနည်းငယ်ဖြင့် ကျောက်ကျင်းကော ကျန်းကျန့်၏ဝေစုကိုပါ စားလုနီးပါးဖြစ်သည်။သို့ပေမဲ့ သူစားပြီးသည့်တိုင် ကျန်းကျန့်က ပြန်မလာသေး။
ကျန်းကျန့်က ထိုအချိန်က သမားတော်ဟူ နှင့်အတူရှိနေဆဲဖြစ်ပြီး ကိုယ်ဝန်ရှိစဉ်အတွင်း သတိထားရမည့်ကိစ္စများအားလုံးကို မေးမြန်းခဲ့သည်။
ကျန်းကျန့် သူ့ကိုတကယ်လာရှာသည်ကို သမားတော်ဟူ မြင်မြင်ချင်းမှာ သူအလွန်ပျော်သွားပြီး ကျန်းကျန့်က သူ့ကို ဒဏ်ရာချုပ်နည်းသင်ပေးသရွေ့ ကျန်းကျန့်အား ကျောက်ကျင်းကောကို ပြုစုစောင့်ရှောက်ရန် ကူညီပါမည်ဟု ကျန်းကျန့်ကို ပြောခဲ့၏။
ကျန်းကျန့်က သဘောတူပြီးနောက် သူ ပိုပျော်လာပြီး ကိုယ်ဝန်ရှိနေသည့်ခင်ပွန်းကို ပြုစုနည်း ကျန်းကျန့်ကို သင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ဖြစ်ပျက်ခဲ့သည်က...ကျန်းကျန့်မှာ မေးခွန်းတွေ အလွန်များပြီး အသေးစိတ်မေး၏။သူက သားဖွားမီးယပ်အထူးပြုမဟုတ်ဘဲ ဒဏ်ရာကို ကုသရာမှာသာတော်ခြင်းဖြစ်သည်။သူတကယ်မသိခဲ့သည့်အရာတွေရှိ၏။သမားတော်ဟူမှာ သူမေးခွန်းများစွာကို လုံးဝမဖြေနိုင်ကြောင်းတွေ့ရှိခ့ပြီး ခွင့်လွှတ်မှုကို တောင်းခံချင်သော်လည်း ကျန်းကျန့်က ဆက်မေးတုန်းဖြစ်သည်။
"မင်းမိန်းမကို ပြန်ပြီး မကြည့်သင့်ဘူးလား"
သမားတော်ဟူ နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။
"သူက ကိုယ်ဝန်ရှိနေတာ... သူ့ကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်လိုနေတယ်"
"ဟုတ်တယ်...ကျုပ် သူ့ကို သေချာမျက်စိထောက်ထောက်ကြည့်မှာပါ"
ကျန်းကျန့် လုံလောက်အောင် မေးခွန်းတွေ မေးထားပြီးဖြစ်သဖြင့် ရုတ်တရက် ထရပ်ပြီး အပြင်ကို ထွက်လာခဲ့သည်။အခန်းထဲမှ ထွက်လာပြီးနောက် သူစပြီး ပြေးတော့သည်။
မနက်စာစားနေသည့် ကျန့်ရီတစ်ယောက် သူ့အခန်းပြတင်းပေါက်ကနေ ၎င်းကိုမြင်သောအခါ အံ့သြသွား၏။ကျန်းကျန့် ဘာဖြစ်သွားတာလဲ... သူဘာလို့ ဒီလောက်မတည်မငြိမ်ဖြစ်နေတာလဲ...
၎င်းကိုတွေးနေရင်းနှင့် သူ ပို၍ပင် မယုံနိုင်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ကျန်းကျန့် သူအဲ့လိုတောင်. . .
. . .
ကျောက်ကျင်းကော သူ့ပျို့အန်ခြင်းက ပြဿနာဖြစ်နေသည်ဟု သူထင်ကာ အခြားသူများရှေ့တွင် မအန်ချင်သောကြောင့် ယခင်က အပြင်ထွက်ခြင်းကို မကြိုက်ခဲ့ပေ။သို့ပေမဲ့ ယခု ကိုယ်ဝန်ရှိနေသည်မှန်းသိသောအခါ သူ ဂရုမစိုက်တော့ပေ။
မသိစိတ်ကပင်လျှင် အခြားသူများကို သူ အန်နေသည်အား မြင်စေချင်သည်။
လူတွေမြင်ရင် သူ့ကိုမေးလိမ့်မယ်...အဲဒီအခါကျ သူကိုယ်ဝန်ရှိနေတယ်လို့ တခြားသူတွေကို ပြောပြနိုင်လိမ့်မယ်...
ကျောက်ကျင်းကော ကြွားရန် စိတ်အားထက်သန်နေသော်လည်း တံခါးမှထွက်ကာ အပြင်ဘက်လေကို ခံစားလိုက်သောအခါတွင် လန်းဆန်းသွားကာ အန်ချင်သလို လုံးဝမခံစားရပေ။
သူအနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်သွားချိန်မှာ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ဆီရောက်လာပြီးဆိုသည်။
"ကျောက်ကျင်းကော...မကောင်းတော့ဘူး ...ကျန်းကျန့် မြစ်ထဲကို ပြုတ်ကျသွားပြီ"
ကျန်းကျန့် မြစ်ထဲသို့ ကျသွားသည်။
သမားတော်ဟူထံမှ ထွက်လာသောအခါ သူမှင်တက်နေဆဲဖြစ်သည်။ရလဒ်အနေဖြင့် သူ သတိမထားမိဘဲ မပြင်ဆင်ရသေးသော ပျဥ်ပြားတစ်ခုပေါ်သို့ တက်နင်းမိကာချော်လဲပြီး မြစ်ထဲသို့ ပြုတ်ကျသွားခဲ့၏။
သင်္ဘောနှစ်စင်းစလုံးက မြစ်ထဲတွင် ရှိနေကြပြီး သင်္ဘောပေါ်ရှိလူများသည် သင်္ဘောနှစ်စင်းကြားတွင် ပျဉ်ပြားကို အသုံးပြု၍ သင်္ဘောနှစ်စင်းကြား အပြန်ပြန်အလှန်လှန် သွားကြရသည်။
သင်္ဘောနှစ်စင်းက အမြင့်တူလျှင် ပျဉ်ကို သာမန်ကာလျှံကာထားနိုင်ပေမဲ့ ကျန့်ရီ၏ သင်္ဘောက ကျန်းကျန့်၏သင်္ဘောထက် ပိုမြင့်၏။
အကယ်၍ သင်္ဘောနှစ်စင်းကြားရှိ ပျဉ်ပြားကို ကောင်းစွာမပြင်ဆင်နိုင်ခဲ့ဘဲ ဖြတ်ကူးသူက ၎င်းကို သိပ်ဂရုမစိုက်ပါက အဆင်ပြေနိုင်သေးသည်။ သို့သော် ဖြတ်ကူးသူက လုံးဝဂရုမစိုက်ပါက၊ ပျဉ်တစ်ခုလုံး လျှောကျလာသည့်အခါတွင် ၎င်းတို့ အချိန်မီ မတုံ့ပြန်နိုင်ပေ။
ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် ပင်မသင်္ဘောပေါ်မှ ပျဉ်ပြားချော်ကျကာ ကျန်းကျန့်မြစ်ထဲသို့ ပြုတ်ကျသည့်အခါ ကျန်းကျန့် ခြေနှစ်လှမ်းသာ ပြေးရသေးသည်။
"ဘော့စ်"
"ကျန်းကျန့် ဘယ်လိုလုပ်မြစ်ထဲကို ကျသွားတာလဲ"
"ကြိုးလှေခါး ယူလာ"
. . .
လူတွေက ကျန်းကျန့်ကို မြစ်ထဲက အလောတကြီး ဆယ်ကြသည်။
ကျန်းကျန့်က မြစ်ထဲသို့ ပြုတ်ကျပြီး တက်လာသောအခါ ဒေါသ သို့မဟုတ် ရှက်ရွံ့မှု လုံးဝမရှိပေ။ သူ့မျက်နှာကို သုတ်လိုက်ပြီး အကျယ်ကြီး ရယ်လိုက်သည်။
ဒါက...လာဆွနေတာလား...
"ကျန်းကျန့် ဘာဖြစ်နေတာလဲ"
လူတွေကို ခေါ်လာသည့်ကျန့်ရီက မနေနိုင်ဘဲမေးလိုက်သည်။
"ကျင်းကော ကိုယ်ဝန်ရှိနေပြီ...ကျုပ်နည်းနည်းပျော်သွားတယ်"
မြစ်ထဲသို့ ပြုတ်ကျပြီးနောက် သတိပြန်ဝင်လာကာ သူမရယ်ဘဲ မနေနိုင်။
သူအဖေဖြစ်တော့မယ်... သူ သားသမီးရတော့မယ်...
သူစိုးရိမ်နေသေးသော်လည်း ထိုအချိန်တွင် ပို၍ပင် ပျော်ရွှင်လာသည်။
ကျောက်ကျင်းကော သူ ကိုယ်ဝန်ရှိနေကြောင်း အခြားသူများသိစေရန် အန်ဖို့ရာ တွေးနေသော်လည်း ကျန်းကျန့် ထိုကဲ့သို့ ပြောခဲ့ခြင်းကြောင့် ယခုအခါတွင် သူ ကိုယ်ဝန်ရှိနေပြီမှန်း လူတိုင်းသိကုန်ကြသည်။
သူ့မှာ ကိုယ်ဝန်ရှိနေသဖြင့် ကျန်းကျန့် အလွန်ပျော်ပြီး မြစ်ထဲပြုတ်ကျသွားသည်ကိုလည်း သူသိ၏. . . ဒီစကားက ဘာကြောင့်ဒီလောက်ထူးဆန်းနေရတာလဲ. . .
ကျောက်ကျင်းကောက ကိုယ်ဝန်နှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိပေ။ သူ့မှာ ကိုယ်ဝန်ရှိနေပေမဲ့ အနည်းငယ်စိုးရိမ်ပြီး ကြောက်လန့်ကာ အမှားတစ်ခုခုလုပ်မိပြီး ကလေးကို နာကျင်စေမှာကိုလည်း ကြောက်နေခဲ့သည်။ သို့သော်လည်း ကျန်းကျန့်၏ ဖျော်ဖြေတင်ဆက်မှုအချို့သည် ချဲ့ကားလွန်းသဖြင့် သူ၏ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုအားလုံးကို ပျောက်ကွယ်သွားစေသည်။
"အိပ်ရာ ခွဲအိပ်မယ်...ကလေးကိုယ်ဝန်ဆောင်ပြီး ကုတင်ခွဲ အိပ်တဲ့သူ ငါတို့ရွာမှာ တစ်ယောက် မတွေ့ဖူးဘူး...အဆိုးဆုံးအခြေအနေမှာတောင် ဒီလိုလုပ်မှာမဟုတ်ဘူး....."
"ငှက်သိုက်လား... ဒီလိုစျေးကြီးတဲ့ အစားအသောက်တွေစားတာက ဘာအဓိပ္ပာယ်လဲ...ကြက်ဥတစ်လုံးရှိရုံနဲ့ လုံလောက်ပါတယ်... အစာစားတိုင်း ငါးနဲ့ဥစားတာ မလုံလောက်ဘူးလား"
"ဒီကုန်းပတ်ပေါ်မှာ ငါ တည်တည်ငြိမ်ငြိမ် လျှောက်နိုင်တယ်... အနည်းဆုံးတော့ မင်းလိုမြစ်ထဲ မကျသွားဘူး"
. . .
အချိန်အများစုတွင် ကျောက်ကျင်းကောက ကျန်းကျန့်၏သဘောအတိုင်းလိုက်ရန် ဆန္ဒရှိသော်လည်း သူဆန့်ကျင်သည့်အရာအချို့ရှိသည်. . . အချိန်က ကျန်းကျန့်က ချဲ့ကားလွန်းသည့်အခါမှာပေါ့. . .
လွန်ခဲ့သည့်ရက်အနည်းငယ်က သူလုပ်သမျှ ကိုယ်လက်နှီးနှောရန်ဖြစ်နေခဲ့သော်လည်း ထိုအချိန်မှစ၍ သီးခြားကုတင်ပေါ်တွင် သူအိပ်ချင်နေခဲ့သည်။
အခုတလော သူ အချိုကို အလွန်နှစ်သက်လာပြီး ကျန်းကျန့်က သူ့ကို မပေးချင်လေလေ၊ ပိုစားချင်လေလေဖြစ်သည်။
"ကျင်းကော... အချိုတွေ အများကြီးစားရင် ဝလွယ်တယ်"
ကျန်းကျန့်က အကြံပေးသည်။ကျောက်ကျင်းကောကို သူမကျွေးချင်တာ မဟုတ်ပါ...တစ်ခုပဲ...ကျောက်ကျင်းကောက စားနိုင်လွန်းတယ်...
ကျောက်ကျင်းကောက မုန့်တစ်ကီလိုကို အချိန်တိုအတွင်း စားနိုင်ကာ သူ သူ့ကို ဂရုမစိုက်ပါက မရပ်ဘဲနေမည်မှာ သေချာသည်။
ငါး၊ ပုစွန်နှင့် ဥများသည် ပရိုတင်းဓာတ်များပြီး အဆီနည်းသည်။ သူက ကျောက်ကျင်းကောကို ထိုအရာတွေ ပိုစားစေချင်ပြီး အချိုပွဲတွေကို မေ့ပစ်လိုက်စေချင်သည်။
"ကိုယ်ဝန်ရှိနေချိန် ဝတာ ကောင်းပါတယ်"
"အနာဂတ်မှာ ကိုယ်အလေးချိန် မချနိုင်ရင် ဘယ်လိုလုပ်မလဲ"
ကျန်းကျန့်က ထပ်မေး၏။
၎င်းကြားသောအခါ ကျောက်ကျင်းကော အေးခဲသွားသည်။ သူသာ အကြီးကြီး ဝဝတုတ်တုတ်ကြီး ဖြစ်လာရင်...ကျန်းကျန့်က သူ့ကို ကြိုက်ဦးမှာလား...
ကျောက်ကျင်းကော ကျန်းကျန့်ခွင့်ပြုထားသော အချိုပွဲအနည်းငယ်ကိုပါ မစားတော့ဘဲ ချက်ချင်းရပ်လိုက်သည်။
မှန်ပေသည်၊ဤအတွက်အကြောင်းပြချက်တစ်ခုရှိခဲ့၏. . . ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုပြီးနောက်တွင် သူ ပျို့အန်ခြင်းရပ်သွားသည်။ရက်အနည်းငယ်ကြာသော် အသားနံ့ကြောင့် မအန်ချင်တော့ဘဲ ရပ်တန့်သွားသည်။ ထို့နောက် သူက အသားကို အချိုထက် အမှန်တကယ် ပိုနှစ်သက်ပြီး အသားမျိုးစုံကို စားချင်ကြောင်း တွေ့ရှိခဲ့သည်။
စိတ်မကောင်းစရာက. . . ကျန်းကျန့်က ကြက်၊ ဘဲ၊ အဆီနည်းအသားများကိုသာ စားခွင့်ပြုခဲ့သော်လည်း အဆီများသော အသားများကို မစားရပေ။
ကျောက်ကျင်းကော အနည်းငယ် စိတ်ဓာတ်ကျသော်လည်း ပို၍ပင်ပျော်လာသည်။
ကျန်းကျန့်က သူ တစ်နေ့လုံးစားနေသည်ကိုကြည့်ပြီး စိတ်ပူနေခဲ့သည်။ ခင်ပွန်းသည်က သူမကို အရမ်းဂရုစိုက်တယ်လို့ ရွာက ဘယ်အမျိုးသမီးက ပြောနိုင်လို့လဲ...ကောတွေရောပဲ...
ကျောက်ကျင်းကော ကျန်းကျန့်က သူ့အကျိုးအတွက် လုပ်ဆောင်နေမှန်း သိပြီး ကျန်းကျန့်ကသူ့ကို မစားဘဲနေခိုင်းလျှင် မစားသင့်ကြောင်းလည်းသိသည်။သူ ကျန်းကျန့်၏ တောင်းဆိုချက်အရ သင်္ဘောတစ်ပတ် နေ့တိုင်း အကြိမ် လေးဆယ်လောက်လည်း လမ်းလျှောက်၏။
အမှန်တွင် သူက အမြန်ပြေးပြီး မြန်မြန်ပြီးချင်ပေမဲ့ ကျန်းကျန့်က သူ့ကို မနက် အကြိမ်နှစ်ဆယ်နှင့် နေ့လယ် အကြိမ်နှစ်ဆယ် လမ်းလျှောက်ခိုင်းသည်. . . လမ်းလျှောက်ရုံပဲ၊အမှန်တွင် ဘာမှမဖြစ်ပါချေ။
သူအပြင်ထွက်သည့်အခါ သူ့ကို ချီးကျူးဂုဏ်ပြုသည့်လူ အမြဲရှိနေမှာဖြစ်သည်။သူတို့ ၎င်းကို သူ့မျက်နှာထက်မှာ မမြင်ရသော်လည်း သူအလွန်ပျော်နေဆဲဖြစ်သည်။ ယခုအချိန်တွင် ကျန်းကျန့်ကို ထိပါးလိုသည့် မိန်းမများနှင့်ကောများမှလွဲ၍ အရာအားလုံးက မျက်စိပသာဒဖြစ်စေသည်။
ကျောက်ကျင်းကော ကိုယ်ဝန်ရှိနေကြောင်းတွေ့ရှိပြီးနောက် ဆယ်ရက်အကြာတွင် ကျန့်ရီ၏ရေယာဉ်စုသည် နောက်ဆုံးတွင် မြို့တော်သို့ရောက်ရှိခဲ့သည်။
ရေယာဉ်စုများသည် မြို့တွင်းသို့ မဝင်ရောက်နိုင်သောကြောင့် မြို့အပြင်ဘက်ရှိ ဆိပ်ကမ်းတွင် ရပ်နားခဲ့ကြသည်။ ရပ်တန့်ပြီးနောက် တစ်ယောက်ယောက်က ကျန့်ရီကို လာခေါ်သွား၏။ မြို့တော်ဘက်ခြမ်းရှိ ကျန့်မိသားစုမှ ကျန့်ရီမြို့တော်သို့ လာကြောင်း သတင်းရရှိပြီးနောက် ၎င်းတို့သည် ဆိပ်ကမ်းများကို စောင့်ကြည့်ရန် လူများကို ဆက်လက်စေလွှတ်ခဲ့သည်။ ထို့ကြောင့် ကျန့်ရီ၏ ရေယာဉ်စုများ ရောက်ရှိလာသည်နှင့် သူတို့ တန်းသိကြသည်။
ဤရေယာဉ်စုမှာ ကိုင်တွယ်ဖြေရှင်းရမည့် အရာတွေ အများကြီးရှိ၏။ကျန့်ရီကို လာခေါ်သည့် ဤလူတွေက သူ့ကို အနီးနားက အိမ်မှာ နေရာချပေးရန် ခေါ်သွားကြခြင်းဖြစ်သည်။ကျန့်မိသားစုသည် မြောက်မှတောင်သို့ စီးပွားရေးလုပ်လာခဲ့သောကြောင့် ဆိပ်ကမ်းအနီးတွင် အိမ်တစ်လုံးဝယ်ခဲ့သည်။
အိမ်က ကျန့်ရီ၏အမည်နှင့်ဖြစ်သောကြောင့် သူက အိမ်တော်သခင်ဖြစ်သဖြင့် ကျန်းကျန့်နှင့် သူ့လူများကို သူနှင့်အတူ အိမ်တွင်နေထိုင်ခိုင်းခဲ့သည်။
ထွက်သွားရန်က သူတို့အတွက် တော်တော်ဒုက္ခများသည်။သင်္ဘောပေါ်ရှိ ကုန်က လောလောဆယ်တွင် ချရန် မလိုအပ်သော်လည်း စောင့်ကြည့်ရန် တစ်စုံတစ်ဦးကို ရှာဖွေရန် လိုအပ်သည်။ကျန့်ရီက သူနှင့်အတူ ကတ်အားလုံးကို ယူသွားခဲ့သည်။
မူလက သူတို့သည် အရာများစွာကိုကူညီရန် ပေါ်တာများကို ငှားခဲ့ရသော်လည်း ကျန်းကျန့်က လူများစွာကို ပင်လယ်ဓားပြများလက်မှ ကယ်တင်နိုင်ခဲ့သောကြောင့် နောက်ဆုံးတွင် ၎င်းတို့တွင် လူအင်အား အလုံအလောက်ရှိခဲ့သည်။
နှစ်နာရီကြာအောင် ရုန်းကန်ပြီးနောက် ကျန့်ရီ နှင့် ကျန်းကျန့်တို့က အဖွဲ့ကို အသီးသီးစီစဉ်ပြီး ၎င်းတို့၏ လက်အောက်ငယ်သားများကို ကုန်ချခိုင်းကာ ကျန့်မိသားစုအိမ်သို့ သွားကြသည်။
လမ်းလျှောက်နေသည့်အဖွဲ့ကို ကြည့်ပြီး ကျန့်ရီက ကျန်းကျန့်ကို ခေါ်၍ပြောသည်။
"ကျန်းကျန့်... ဒီမှာ ရထားလုံးတစ်စီးရှိတယ်...ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပါ"
"ကျေးဇူးတင်ပါတယ် သခင်လေးကျန့်"
ကျန်းကျန့်သည် အပြင်မှာ နေရောင်က အလွန် တောက်ပနေသောကြောင့် ကိုယ်ဝန်ဆောင် ကျောက်ကျင်းကောကို အပြင်မှာ လမ်းမလျှောက်ခိုင်းချင်ပေ။
ရထားလုံး အလွန်လက်ရာမြောက်ပြီး ဈေးကြီးသည်။အစေခံအနည်းငယ်ကို ပြုစုပျိုးထောင်ရန်ထက် ရထားလုံးကို ထိန်းသိမ်းရန်က ငွေပိုကုန်ကျသည်။သို့ပေမဲ့ အမှန်တွင် ရထားလုံးစီးရသည်က အဆင်မပြေပါချေ။
ရထားလုံးက အလွန်ဆောင့်သည်ကို တွေ့ရှိပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောကို စိုးရိမ်တကြီးကြည့်ရှုခဲ့သည်။ခုန်နေတာကို သူ သည်းမခံနိုင်ရင်. . . တီဗီဒရာမာတွေထဲမှာဆိုလူတွေက မကြာခဏ ကိုယ်ဝန်ပျက်ကျတတ်တာမို့ လမ်းက ခဏခဏခုန်နေတာမကောင်းဘူးမလား...
ကျန်းကျန့်က စိုးရိမ်နေပေမဲ့ ကျောက်ကျင်းကောက လုံးဝ ဂရုမစိုက်ပါချေ။
ယခင်က ပျို့အန်ခြင်းကဲ့သို့ တုံ့ပြန်မှု ရှိခဲ့သော်လည်း ယခုအချိန်တွင် လုံးဝမခံစားရပေ။ ကလေးရှိသည်က ကိုယ်ဝန်မရှိသည့်အချိန်နှင့် ဘာမှ မကွာဘူးဟု သူအမြဲတမ်းခံစားရသည်။
ယခုအချိန်တွင် ကျောက်ကျင်းကောက သူ၏ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုနေပြီး သူစီးနေသောရထားလုံးနှင့် ဆွဲနေသောမြင်းများအကြောင်းကို အလွန်သိချင်နေသည်။
မြင်းများသည် ယန့်ကျီမြစ်၏တောင်ဘက်တွင် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်ပြီး ဟယ်ချောင်စီရင်စုတစ်ခုလုံးတွင် ရထားလုံးစီးသူ အလွန်နည်းပါးသောကြောင့် ၎င်းတို့ကို များစွာမတွေ့ခဲ့ရပေ။
"ကျောက်ကျင်းကော ရထားလုံးစီးရတာကြိုက်လား...ကျန်းကျန့်ကို ခင်ဗျားအတွက်တစ်ခုဝယ်ပြီး ပြန်ယူခိုင်းလို့ရတယ်"
ကျန်းကျန့်က ပြုံးပြုံးလေးပြောလိုက်သည်။ “ဒီမှာ ရထားလုံးတစ်စီးက ယန့်ကျီမြစ်တောင်ဘက်ထက် အများကြီး ပိုစျေးသက်သာတယ်"
"မလိုပါဘူး..."
ကျောက်ကျင်းကောက ကမန်းကတန်းပြောလိုက်သည်။
ကျန်းကျန့် သူ့စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ရထားလုံးက ရပေမဲ့ မြင်းတစ်ကောင်က. . . သူတကယ်လိုချင်ခဲ့တာ. . .
မော်ဒန်ခေတ်မှာဆို သူသေချာပေါက် မြင်းမွေးရန် မစဉ်းစားဘဲ ကားကောင်းကောင်းတစ်စီးဝယ်ချင်လိမ့်မည်ဖြစ်သည်။သို့ပေမဲ့ ဤခေတ်မှာ ကားမရှိသဖြင့် မြင်းတွေအကြောင်းပဲ တွေးနိုင်ပေလိမ့်မည်။
ကျောက်ကျင်းကောက အလွန်သီးသန့်ဆန်သည်မှာ ထင်ရှားသည်။ကျန့်ရီက သူ့အား စကားအနည်းငယ်ပြောပြီးနောက်တွင် သူနှင့် စကားစမြည်မပြောဘဲ ကျန်းကျန့်နှင့် အခြားအရာများအကြောင်းပြောခဲ့သည်။
"သင်္ဘောပေါ်ကနေ ကုန်ပစ္စည်းတွေကို သယ်ချဖို့ မလိုဘူး... ဝယ်သူကို ရှာတွေ့ပြီးရင် သူတို့ကို ချခိုင်းလိုက်ပါ... ငွေနဲ့ပတ်သက်ရင် ကမ်းဘေးမှာ သိုလှောင်ရုံတစ်ခုချန်ထားပေးမယ်...ပိုက်ဆံတွေကို အဲဒီနေရာမှာ သိမ်းထားပြီး စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ရှာလို့ရတယ်"
ကျန့်ရီက ပြောလိုက်သည်။
ကျန်းကျန့်က ခေါင်းညိတ်ပြီး ကျန့်ရီကို ကျေးဇူးတင်စကားဆိုလိုက်သည်။အမှန်တွင် ကျန့်ရီက သူ့ကို သိုလှောင်ရုံတစ်ခု ချေးမပေးပါက ငွေနှင့်ပတ်သတ်ပြီး ဘာလုပ်ရမှန်းကို မသိပေ။
တချီမှာ ငွေကို ဘဏ်မှာ အပ်နှံပြီး ဘဏ်ငွေစက္ကူတွေနှင့် အရောင်းအဝယ်လုပ်နိုင်သည်ဟု အမြဲထင်ထားပေမဲ့ ၎င်းက လုံးဝမဟုတ်ခဲ့ပါချေ။
ဤခေတ်မှာ ဘဏ်တွေနှင့်ဆင်တူသည့် နေရာတွေရှိခဲ့ပြီး ထိုအဖွဲ့အစည်းတွေက ငွေထုတ်လက်မှတ်တွေ ထုတ်ပေးပေမဲ့ နယ်တွင်းမှာသာ သုံး၍ရသည်။ ဆိုလိုသည်မှာ သင်သည် စီးပွားရေးလုပ်ရန် ဝေးဝေးသွားလိုပါက ငွေအစစ်အမှန် သို့မဟုတ် ကုန်ပစ္စည်းများကို ယူဆောင်လာရပါမည်။
ဤခေတ်တွင် ကူးသန်းရောင်းဝယ်မှုက ဖွံ့ဖြိုးမှု နည်းပါးပြီး ကုန်သည်ကြီးများ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
(ဒီမြို့ကထုတ်ပေးတဲ့လက်မှတ်က ဒီမြို့မှပဲ သုံးလို့ရမယ် တခြားမြို့မှာသုံးမရလို့ ငွေသားအစစ်ကိုပဲယူသွားမှရမယ်လို့ဆိုတာပါ)ရေးထားတာမရှင်းမှာစိုးလို့