Chapter 66
သူ၏ စိတ်ထဲတွင်မူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူသည် ထိုကဲ့သို့သောအခြေအနေတွင်တောင် အတန်းသို့ ပြန်လာသည်အတွက် ကောင်းမွန်သောအဆင့်များဖြင့် အမှန်စင်စစ်ထိုက်တန်လေ၏။
တက္ကသိုလ်ဝင်ခွင့်အတွက် အိုလံပစ်မှ အပိုရမှတ်များကို ရနိုင်တော့မည် မဟုတ်ကြောင်း တရားဝင်ဆုံးဖြတ်လိုက်သည့်အတွက် မူလပြိုင်ပွဲအတန်းမှကျောင်းသားများသည် ဆက်၍ သင်ယူရန် အားလျော့ စိတ်ပျက်နေကြလေသည်။ ၎င်းကိုတွေ့သောအခါ ကျောက်ဖုန် သည် သင်္ချာအိုလံပစ်အတန်းကို ရပ်ဆိုင်းလိုက်ကာ ကျောင်း၏ စီမံခန့်ခွဲမှုအရ ဆက်လုပ်မည် မလုပ်မည်ကို ဆွေးနွေးပြီးသည်အထိ စောင့်ဆိုင်းလေသည်။
ထို့ကြောင့် ယခု စာသင်ခန်းငယ်ထဲတွင် ကျင်းစစ်နှင့် ဖိုင်နယ်သို့ဝင်နိုင်သွားသော အခြားကျောင်းသား သုံးယောက်သာ ရှိလေသည်။
လူအနည်းငယ်သာ ရှိသောကြောင့် ကျင်းစစ်၏ နီရဲနေသောမျက်နှာက ပို၍သိသာမြင်သာ၏။
ထို့ကြောင့် ကျောက်ဖုန်သည် ကျင်းစစ်ကို နေကောင်းရဲ့လား အတန်းမှနားမလားဟု မေးလိုက်သည်။
ကျင်းစစ် ငြင်းပြီးသောအခါ ကျောင်ဖုန်သည်လည်း ကျိုးချောင်ကဲ့သို့ပင် တူညီသော စိတ်အခြေအနေကို ဖော်ပြလာသည်။
ကောင်းမွန်သောအဆင့်များရရန် လွယ်လွယ် ကြိုးစားခဲ့ရခြင်း မဟုတ်သည်မှာ အသေအချာပင်။ ကျင်းစစ်၏ အဆင့်များသည် အမြဲတမ်း အရမ်းကောင်းလွန်းသော်လည်း သူက ကျင်းစစ် မည်မျှကြိုးစားခဲ့ရသည်ကို မသိတော့ပေ။
ကျင်းစစ်သည် သူတို့၏ စိတ်ထဲတွင် မည်ကဲ့သို့ တွေးနေသည်များကို မသိနိုင်ဘဲ သူ၏ထိုင်ခုံတွင် ထိုင်ကာ ကျောက်ဖုန်ပေးသော မေးခွန်းစာရွက်များကို စိုက်ကြည့်နေလေသည်။ သူသည် မေးခွန်းများကို ဖတ်နေပုံပေါ်သော်လည်း အမှန်တွင် သူ၏ စိတ်တစ်ခုလုံးက ဗလာဖြစ်နေပြီး ယင်းကျောင်း၏ မေးခွန်းကိုသာ နားထဲတွင် ထပ်ကာထပ်ကာ ကြားနေရလေသည်။
(မင်း ချစ်သူကောင်လေး တစ်ယောက်လောက်လိုချင်လား...)
ကျင်းစစ်က တခြားလူကို မကြိုက်ဖူးပေ။ သူ့တွင် ကြိုက်ရန်လည်း အချိန်မရှိပေ။ သူတစ်ဘဝလုံးတွင် အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းသာ နေချင်သည်။ သူသည် ငယ်ငယ်တုန်းကလို အရှက်ရမှူများ အကူအညီမဲ့မှုများဖြင့် ရှင်သန်နေတော့မည် မဟုတ်တော့ဘဲ သူ၏ အင်အား အချိန် အားလုံးကို စာသင်ရာတွင်သာ မြှပ်နှံထားလေသည်။
အမှတ်အမြင့်ဆုံးရရှိရန်နှင့် အကောင်းဆုံး တက္ကသိုလ်တက်နိုင်ရန် တို့သည်သာ သူ၏ အထက်တန်းတက်နေချိန်တွင် ပန်းတိုင်ဖြစ်လေ၏။
ယခုမူ ယင်းကျောင်းက မတော်တဆဖြင့် သူ့ဘဝထဲတွင် ပေါ်လာသည်။
စာအုပ်ထဲမကူးပြောင်းခင်တွင် ကျင်းစစ်ထံ၌ သူငယ်ချင်း မရှိပေ။ စာအုပ်ထဲသို့ ကူးပြောင်းပြီးနောက်တွင်လည်း သူသည် ၎င်းအား ပြောင်းလဲရန် အစီအစဥ်မရှိပေ။ ဇာတ်လမ်းဇာတ်ကွက်ကို ရှောင်ရှားရန်အတွက် တစ်ချိန်က သူသည် ယင်းကျောင်းနှင့် ခပ်ကွာကွာ နေချင်ခဲ့၏။
သို့သော် ယင်းကျောင်းသည် သူ့အပေါ်တွင် အလွန်ကောင်းသည့်အတွက် လုံးဝတောင့်မခံနိုင်တော့ပေ။ ထို့ကြောင့် ဆယ်စုနှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ နှလုံးသားကို ယင်းကျောင်းအား ထုတ်ပြပြီး လက်ခံချင်လာသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်မိသားစုအရှုပ်အရှင်းများကို တစ်ယောက်သိကြပြီး အခြား လျို့ဝှက်ချက်များကိုပင် သိနေကာ အိပ်ယာတစ်ခုတည်းတွင်လည်း အိပ်ခဲ့ဖူးလေသည်။
ကျင်းစစ်၏ မျက်လုံးများသည် တဖြည်းဖြည်း အတွေးထဲတွင် နစ်မျောသွား၏။
သူ၏စိတ်အခြေအနေများကို တစ်ခြားတစ်ယောက်အပေါ် ဖွင့်ပြလိုက်လျှင် သူ့အားမလုံခြုံသလို ခံစားရစေသည်။ ထို့အပြင် ကျောင်း၏ စည်းမျဥ်းများကိုလည်း မချိုးဖောက်ချင်ပေ။
သို့သော် သူ ယင်းကျောင်းကို အမှန်တကယ် သဘောကျပြီး မဆုံးရှုံးချင်ပေ။
ကျင်းစစ် သူ၏ ဘယ်ဘက်လက်ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ယင်းကျောင်းဆီမှ အကြိမ်ရေများစွာ အနမ်းခံထားရသည့် အနမ်းများက ချက်ချင်း ပြန်ပေါ်လာသလိုပင် ခံစားလိုက်ရသည်။ သူ၏ လက်ဖဝါးသည် မီးခဲကို ကိုင်ထားသကဲ့သို့ပင် ပူနွေးနေလေသည်။ သူ၏ ခန္ဓာကိုယ်မှ အပူချိန်သည် နှလုံးသားဆီသို့ပါ ပျံ့နှံ့သွားပြီး သူတစ်ကိုယ်လုံး အငွေ့ပျံတော့မတတ်ပင်။
မင်းကိုယ်မင်းသာ မရပ်တန့်ရင် ယင်းကျောင်းနဲ့ အတူတူရှိသွားမယ့် တစ်ယောက်က...
မဟုတ်ဘူး အဲ့ဒီအကြောင်း မတွေးနဲ့တော့...
ကျင်းစစ်က အသက်ပြင်းပြင်း ရှူလိုက်ကာ သူ၏ ပူနွေးနေသော ပါးများကို ပုတ်လိုက်သည်။
သူက စိတ်တည်ငြိမ်သွားစေရန် သင်္ချာမေးခွန်းလွှာကို အရင်ပြီးအောင်လုပ်ရန်ဆုံးဖြတ်လိုက်သည်။ စိတ်တည်ငြိမ်သွားပြီးနောက် သူက နောက်ထပ် ဘာလုပ်ရမည်ကို တွေးနေလိုက်လေသည်။
တချိန်တည်းတွင် တန်းခွဲ 7 မှ ယင်းကျောင်းသည် စာကို ကြိုးစားပြီး အာရုံစိုက်သော်လည်း အာရုံမစိုက်နိုင်ဘဲ နောက်ဆုံးတွင် လက်လျော့လိုက်ရ၏။
သူ၏ မူလအကြံဥာဏ်မှာ ကျင်းစစ်ကို ဝန်ခံရန်အတွက် ရိုမန်တစ်ဆန်သောနေရာကို ရွေးပြီး ဝန်ခံမည်ပင်။
ကိုရီးယား ဒရာမာ တွေထဲမှာ အဲ့ဒီလိုလုပ်ကြတယ်မလား...
အဆင့်မြင့်မြင့်စားသောက်ဆိုင်ရဲ့ ကွင်းပြင်ကျယ်ထဲမှာ မီးရှူးမီးပန်းတွေပါ ပါရင်တော့ အကောင်းဆုံးပေါ့...
ဖွင့်ပြောခံလိုက်ရသူသည် အံ့အားသင့်သွားကာ ခံစားသွားရပြီး သူ၏ ခေါင်းကို သဘောတူသည့်အနေဖြင့် ချက်ချင်း ငြိမ့်လိုက်မည် ဖြစ်သည်။
သို့သော် ကျင်းစစ်၏ မြူဆွယ်မှုကြောင့် ယိမ်းယိုင်သွားပြီး သူ့ကိုယ်သူ မထိန်းနိုင်ဖြစ်ကာ သူ၏ စိတ်ဆန္ဒအရ နှလုံးသားထဲမှ စကားများကို ပြောလိုက်မိလေသည်။
ယင်းကျောင်းသည် သူ့နှုတ်ခမ်းကို လက်ဖြင့် ထိလိုက်ချိန်တွင် သူ့နှုတ်ခမ်းထောင့်စွန်းလေးများက ထိန်းမရနိုင်စွာ မြင့်တက်သွားတော့၏။
ကျင်းစစ်က သူကို ချက်ချင်း သဘောမတူသည့်အပြင် သူဝန်ခံပြီးသောအခါတွင်လည်း စကားတစ်လုံးမျှ မပြောခဲ့ပေ။
သို့သော် ယင်းကျောင်း ပျော်နေမိသည်။
ကျင်းစစ်ကို ရည်းစားစာပေးဖို့ သူတို့အတန်းကို ရောက်လာတဲ့သူ အများကြီးပဲ။
ဒါပေမဲ့ ကျင်းစစ်က ဘယ်တစ်ယောက်ကို မငြင်းဘဲနေလို့လဲ... သူ့ရဲ့ ဂရုမစိုက်တဲ့ ပုံစံက အဲ့ဒီလူတွေနဲ့ဆို နဲနဲလေးမှ ပြောင်းမသွားဘူးလေ...ဟမ့်...
ဒါပေမဲ့ ဒီနေ့ကျတော့ရော...
သူ ယနေ့ကျင်းစစ်ကို နမ်းခဲ့ချိန်တွင် သူသည်လည်း ကျင်းစစ်သူ့ကို ထိုကဲ့သို့ လုပ်မည်အားခံရန် အဆင်သင့်ဖြစ်နေသော်လည်း ကျင်းစစ်က ထိုကဲ့သို့ မလုပ်ခဲ့ပေ။
ထိုအရာတင် မဟုတ်၊ ကျင်းစစ်က စိတ်မတိုဘဲ ရှက်ပင် ရှက်နေခဲ့သေး၏။
သူကြိုက်နှစ်သက်သောသူသည်လည်း သူ့အပေါ်တွင် အခြားသူများနှင့် မတူသော သဘောထားရှိပုံရသည်။
ယင်းကျောင်းက သူ၏ နှဖူးကို ကိုင်ထားရင်း မထိန်းချုပ်နိုင်တော့ဘဲ ရယ်လိုက်မိသည်။
"ဘာရယ်စရာ ရှိလို့လဲ"
ဆရာလျိုသည် တင်းမာသော မျက်နှာထားဖြင့် လျှောက်လာကာ ယင်းကျောင်း၏ စားပွဲကို ခေါက်ပြီး ပြောလိုက်သည်။
" အပြင်ထွက်ခဲ့"
ယင်းကျောင်းက သူ၏ ဘော့ပင်ကို ပစ်ချလိုက်ကာ ထိုင်ခုံကို တွန်း၍ မတ်တတ်ထရပ်လိုက်သည်။
"ဟုတ်ကဲ့"
ကော်ရစ်ဒါတွင် ဆရာလျိုသည် စာရွက်အချို့ဖြင့် ပြတင်းပေါက်ဘောင်ကို ရိုက်လိုက်ပြီး မှောင်မဲနေသော မျက်နှာဖြင့် ပြောလိုက်သည်။
" ဘယ်လို သုံးသပ်ချက်တွေကို ရေးထားတာလဲ သုံးသပ်ချက်စာအုပ်လို့ ရေးထားတာကိုသာ မမြင်ရင် ကြီးမြတ်တဲ့ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရေးထားလို့တောင် ထင်မိမှာ ! "
ဆရာလျိုသည် စိတ်တိုစွာ ပြောလိုက်သည်။
" တစ်ခြားတစ်ယောက်ကို ရိုက်ရတာ အရမ်းကို ဂုဏ်ယူနေတာလား ဟမ်..."
လွန်ခဲ့သော ရက်အနည်းငယ်က ရုံးခန်းတွင် ကျောင်းအုပ်ကြီးသည် ကျင်းစစ်အပေါ်တွင်သာ အာရုံစိုက်ထားသည့်အတွက် အားကစားသမားကျောင်းသားများအပေါ် စိတ်တိုနေသောကြောင့် ယင်းကျောင်းကို အလွယ်တကူ လွှတ်ပေးလိုက်သလို ဖြစ်သွားလေသည်။
သို့သော် ဆရာလျိုသည် မမေ့လျော့သွားဘဲ ယင်းကျောင်းကို သုံးသပ်ချက် ရေးခိုင်းလိုက်သည်။ စာလုံးရေ သုံးထောင် မရေးခိုင်းသော်လည်း စာလုံးရေ ရှစ်ရာ တော့ ရေးရန်လိုအပ်လေသည်။
သို့သော် ထို သုံးသပ်ချက်ကို မရေးသည်ကမှ ပို၍ ကောင်းပေဦးမည်။ ဆရာလျို ထိုသုံးသပ်ချက်အား ပိုကြည့်လေ ပိုစိတ်တိုလာလေပင်။ အဆုံးတွင် သူ၏ ဒေါသများကို ထိန်းမထားနိုင်တော့ပေ။ သူသည် လက်သည်ကို ရှာရန်အတွက် အတန်းသို့ လာလိုက်ရ၏။
" ဒါကဘာလဲ"
ယင်းကျောင်းသည် စိတ်အခြေအနေကောင်းနေသောကြောင့် ဆရာလျိုဆီမှ အဆူခံရသည်ကိုပင် ဂရုမစိုက်ပေ။ ထို့ကြောင့် သူအေးဆေးသာ မေးလိုက်သည်။
" သူတို့အရင်ရန်စတာလေ မဟုတ်ရင် ကျွန်တော်လည်း သူတို့ကို ရိုက်ပါ့မလား"
"ဒါဆို မင်းကသေတဲ့အထိ ရိုက်မယ်ပေါ့လေ ဟုတ်စ... "
ဆရာလျိုက မျက်မှောင်ကြုံ့ကာ ပြောသည်။
" သူ ကျင်းစစ်ကို ရိုက်လိုက်တဲ့အတွက် သူမှားတယ် ဒါပေမဲ့ မင်းသူ့ကို တားလိုက်ရင် ကိစ္စပြီးပြီမလား"
ယင်းကျောင်းသည် ကြောင်တောင်တောင် ဖြစ်သွားကာ ဆရာလျိုကို မယုံကြည့်နိုင်စွာ ကြည့်လိုက်မိသည်။
" (Notre Dame de Paris) က မီးလောင်ပြာကျသွားတယ် ဆရာရော (Notre Dame) ရဲ့ ဝိညာဥ် ကို လွှတ်လိုက်နိုင်ရဲ့လား"
(Eng T/n : ဒီနေရာမှာ ပြောထားတာကို ငါလည်း သေချာမသိဘူး)
ဆရာလျို : "..."
ဆရာလျိုသည် အလွန်ဒေါသထွက်လွန်းရတာကြောင့် သူ့အသည်းပင် နာကျင်သွားပြီး ယင်းကျောင်း၏ လက်မောင်းကို ရိုက်ကာ ပြောလိုက်၏။
" လေးလေးနက်နက် လုပ်စမ်း"
ယင်းကျောင်းသည် စုတ်တစ်ချက်သတ်လိုက်ပြီး ပြတင်းပေါက်ဘောင်ကို မှီကာ လက်မောင်းကို ပွတ်ပြီး ပြောလိုက်သည်။
" အိုကေ လေးနက်ပါတယ် တက်တက်ကြွကြွလည်း ရှိပါတယ် စိတ်ကိုလည်း စုစည်းထားပြီး နားထောင်နေပါတယ် ပြောပါ"
ဆရာလျိုသည် သူ့ကို ကြည့်ပြီး ခါးသက်စွာ ပြောလိုက်သည်။
" ငါမင်းကို ပြောလည်း မင်းနားထောင်မှာ မဟုတ်တဲ့အတွက် ငါမပြောတော့ဘူး ဒါပေမဲ့ ယင်းကျောင်း မင်းရဲ့ ဒေါသကို ထိန်းဖို့လိုတယ် ဒီတစ်ကြိမ်တော့ ဘာမှ မဖြစ်ပေမဲ့ တကယ်လို့ နောက်တစ်ကြိမ် တစ်ယောက်ယောက်နဲ့ စိတ်လိုက်မာန်ပါ ရန်ဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ"
" ဒီအတောအတွင်း မင်းကြိုးကြိုးစားစား လုပ်နေတာကို ဆရာမြင်တယ် မင်းအတွက်မင်းတွေးကြည့်လိုက် မင်းရဲ့ အနာဂါတ်ကို အသေးအဖွဲ ကိစ္စ တစ်ခုကြောင့် ပျက်ဆီးသွားစေချင်လို့လား"
ယင်းကျောင်းက ရယ်မောကာ တစ်ခုခုပြောလိုက်ချင်ပေမဲ့ ဆရာလျို၏ မျက်နှာပေါ်မှ အမှန်တကယ် စိုးရိမ်ပူပန်မှုများကို တွေ့လိုက်ရသောအခါ သူ၏ စကားလုံးများကို ပြန်မျိုချပြီး ပြောလိုက်သည်။
" ကျွန်တော် နားလည်ပါပြီ"
"နောက်ပြီးတော့" ဆရာလျိုသည် သုံးသပ်ချက်စာအုပ်ကို ချထားကာ ပြောလိုက်သည်။
" ခုနကလေးတင် မင်းရဲ့အဖေ ဆရာ့ကို ဖုန်းခေါ်တယ် ဆရာသူ့ကို အဲ့ဒီအကြောင်း ပြောပြလိုက်တယ် အဲ့တော့ မင်းကို သူ ဒီနေ့ဖုန်းခေါ်လိမ့်မယ် ထင်တယ်"
ယင်းကျောင်း၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နှာမှုတ်ကာ ဂရုမစိုက်စွာ ပြောလိုက်သည်။
"ပွဲကနောက်တစ်ပွဲရှိသေးတယ်ပေါ့လေ"
ဆရာလျိုသည် သူ့မိသားစုအခြေအနေ အနည်းငယ်ကို သိလေသည်။ ထိုသို့ကြားသောအခါ သူက ဘာမျှ မပြောဘဲ ယင်းကျောင်း၏ ပခုံးကို ပုတ်ကာ ပြန်ခွင့် ပေးလိုက်သည်။
ညနေခင်း ဒုတိယပိုင်းကိုယ်ပိုင်စာကြည့်ချိန် ပြီးဆုံးသွားပြီးနောက် ယင်းကျောင်းသည် အတန်းမှ ထွက်လာလိုက်သောအခါ သူ့ဖုန်းသည် တုန်ခါလာ၏။
သူယူလိုက်ကာ ဖုန်းခေါ်သူအမည်ကို ကြည့်လိုက်သည်။ ၎င်းက ယင်းရွှယ်လင်း ဖြစ်သည်မှာ အသေအချာပင်။
ယင်းကျောင်းက ဖုန်းဖြေသည့် ခလုတ်ကို နှိပ်လိုက်သည်။
"ကျောင်ကျောင်း"
အမျိုးသားတစ်ယောက်၏ အံအားသင့်နေသော အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။
" မင်းရဲ့ ညနေခင်း ဒုတိယပိုင်း ကိုယ်ပိုင်စာကြည့်ချိန် ပြီးသွားပြီလား"
ယင်းကျောင်းသည် သူ၏ စက်ဘီးသော့ကို ဆော့နေလိုက်ကာ အေးတိအေးစက် ပြောလိုက်သည်။
" ပြောစရာ ရှိလို့လား"
အဖေကျင်းသည် အောင့်သက်သက် ဖြစ်သွားပြီး အာစေးမိသွားလေသည်။ သို့သော် ယင်းကျောင်းသူ့ဖုန်းအား ဖြေသည်ကပင် အတော်လေးကံကောင်းနေပြီဖြစ်၏။
"မင်းရဲ့ အတန်းပိုင်က မင်းရန်ဖြစ်ခဲ့သေးတယ်လို့ ပြောတယ်"
သူကခဏရပ်လိုက်ကာ ယင်းကျောင်း ဒေါသထွက်သွားမည်ကို စိုးရိမ်သည့်အတွက် ခပ်မြန်မြန် ပြောလိုက်သည်။
" အဖေကမင်းကို အပြစ်တင်နေတာ မဟုတ်ဘူးနော် မင်းဆရာက အဖေ့ကို အကျိုးအကြောင်း ပြောပြလို့ပါ"
"ခင်ဗျားနဲ့ မဆိုင်ဘူးဆိုတာ နားမလည်ဘူးလား"
ယင်းကျောင်းက စက်ဘီးသော့ကို ဖွင့်လိုက်ကာ ဂရုမစိုက်စွာ ပြောလိုက်သည်။
" ခင်ဗျားသားကိုသာ ကောင်းကောင်းဂရုစိုက်နေစမ်းပါ"
"မင်းကလည်း အဖေ့သားပဲလေ"
အဖေယင်းသည် သူ့စကားကို သဘောမကျသလို ပြန်ပြောလိုက်သည်။
" ကျောင်း အဖေနဲ့ သား ကြားမှာ..."
ယင်းကျောင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။
" ပြောစရာရှိသေးလား ဖုန်းချလိုက်တော့မယ်"
"ဖုန်းမချသေးနဲ့ဦး ! " အဖေကျင်းသည် ကမန်းကတန်း ပြောလိုက်သည်။
" အဖေနဲ့ တူတူ ထမင်းစားကြမလား အိမ်မှာစားဖို့ ပြောတာမဟုတ်ပါဘူး မင်းစားချင်တဲ့ နေရာမှာ သွားစားကြမယ်လေ"
" မေ့လိုက်တော့"
ယင်းကျောင်းသည် သော့ကို သော့ပေါက်ထဲမှ ဆွဲထုတ်ကာ အေးစက်စွာ ပြောလိုက်၏။
" မဟုတ်ရင် ကျွန်တော်လည်း အမေ့လိုပဲ သေသွားရမှာ ကြောက်လို့"
ပြောပြီးနောက် အဖေယင်း၏ အဖြေကိုပင် မစောင့်တော့ဘဲ ဖုန်းကို ချပစ်လိုက်သည်။
ယင်းကျောင်းသည် သူ့ဖုန်းကို ဖျစ်ထားလိုက်ကာ ဂရုမစိုက်စွာ ခေါင်းငုံ့ထားလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် လုပ်ကာ စက်ဘီးကို ရုတ်တရက် ပစ်ချလိုက်ပြီး အဆောင်ထဲသို့ ဝင်သွားလိုက်သည်။
ယင်းကျောင်း တံခါးဖွင့်ကာ ဝင်သွားချိန်တွင် ကျင်းစစ်သည် ခြေလက်ဆေးပြီးသွားသောကြောင့် အိပ်ယာအစွန်းတွင် မှင်သေသေဖြင့် ထိုင်နေ၏။
အသံကြားသဖြင့် သူ့ခေါင်းကို မော့ကြည့်လိုက်ချိန်တွင် ယင်းကျောင်းကို တွေ့သောအခါ သူ့မျက်နှာသည် ရုတ်ချည်းဆိုသလို နီရဲသွားတော့သည်။
"မင်း...မင်း တစ်ခုခုလိုလို့လား..."
ကျင်းစစ်က တောင့်တောင့်ကြီး မတ်တတ်ရပ်လိုက်ကာ ထိတ်လန့်နေသဖြင့် သူ၏ လက်များကို မည်သည့်နေရာတွင် ထားရမည်ကိုပင် မသိတော့ပေ။
ဒီအချိန်ဆို ယင်းကျောင်း အိမ်ပြန်သင့်ပြီမလား...ဘာလို့ ငါ့အဆောင်ခန်းထဲရောက်နေတာလဲ...
သူ၏ ခေါင်းထဲတွင် ရှုပ်ထွေးနေကာ အဖြေရှာမရသေးခင် ယင်းကျောင်းသည် စကားတစ်ခွန်းမျှ မပြောဘဲ သူ့လက်ကိုဆွဲကာ အပြင်သို့ ခေါ်သွားတော့၏။
အိပ်ယာပေါ်တွင် ဂိမ်းထိုင်ဆော့နေသော လီကျိုးသည် သူ့တို့ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် အကြည့်ရုတ်လိုက်ကာ သူဘာမျှ မမြင်သလို ဟန်ဆောင်လိုက်သည်။
ယင်းကျောင်း ဘာလုပ်တော့မည်ကို ကျင်းစစ် မသိသော်လည်း သူ၏ မျက်နှာသည် အနည်းငယ် အုံ့မှိုင်းနေကာ သူ၏ စိတ်အခြေအနေက သိသာစွာ မကောင်းသည့်အတွက် သူလည်း ကော်ရစ်ဒါတွင် ဘာမေးခွန်းကိုမျှ မမေးတော့ဘဲ သူ့နောက်သို့ လိုက်ကာ အဆောင် 303 ရောက်သွားတော့သည်။
"မင်း..."
တံခါးပိတ်သွားသောအခါ ကျင်းစစ်သည် စကားပြောရန် ပြင်လိုက်ချိန်တွင် ယင်းကျောင်းက သူ့အား ရုတ်တရက် ရင်ခွင်ထဲသို့ အားဖြင့် ဆွဲကာ ထည့်လိုက်လေသည်။
သူတို့နှစ်ယောက် ပန်းခင်းနားတွင် ပြောခဲ့သည်များကို တွေးလိုက်မိသောအခါ ကျင်းစစ်သည် ခေါင်းမှ မီးခိုးများထွက်လာကာ ရုန်းကန်ချင်လာ၏။
"မလှုပ်နဲ့ ကိုယ့်ကို ခဏလေး ဖက်ထားခွင့်ပေး"
ယင်းကျောင်းသည် သူ့ဦးခေါင်းကို ကျင်းစစ် ပခုံးကြားတွင် နှစ်ထားလိုက်ပြီး သူ၏ ပျောက်ကွယ်လုနီးပါး ရှန်ပူနံ့လေးကို ရှူရှိုက်နေလိုက်ပြီးနောက် သူ့နှလုံးသားထဲမှ စိတ်တို ဒေါသထွက်မှုများက အနည်းငယ် တည်ငြိမ်သွားလေသည်။
ယင်းကျောင်းသည် သူ့စိတ်ခံစားများကို လွှတ်သွားသည်မှာ ဖြစ်ခဲသောကြောင့် ကျင်းစစ်က စိုးရိမ်ပူပန်မှုများ ဖြင့် မေးလိုက်သည်။
" ဘာဖြစ်တာလဲ"
"ဘာမှ မဟုတ်ပါဘူး"
ယင်းကျောင်းသည် သူလက်ချောင်းများဖြင့် ကျင်းစစ်၏ ဆံပင်များကို ဆော့နေလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
" ကိုယ့်အဖေက ကိုယ့်ကို ခုနက ဖုန်းခေါ်တော့ ကိုယ် ဝမ်းနည်းနေတာ"
ယင်းကျောင်းအဖေ...အသက်နှစ်နှစ် အရွယ် တရားမဝင်ကလေး ရှိတဲ့လူ...
ကျင်းစစ်သည် တိတ်ဆိတ်နေကာ ယင်းကျောင်းကို သူ့အား ဆက်ဖက်ခွင့်ပေးထားလိုက်၏။
ယင်းကျောင်း၏ နှလုံးသားလေးသည် ချက်ချင်းနူးညံသွားကာ ခေါင်းမော့လိုက်ပြီး ကျင်းစစ်၏ လည်ပင်းလေးကို သူ့ညာလက်ဖြင့် ပွတ်သပ်ကာ ခပ်တိုးတိုးရယ်ရင်း ပြောလိုက်သည်။
" ဖက်လို့ကောင်းတာ"
ကျင်းစစ်က သဘာဝမကျစွာ အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။
" မင်း... မင်း ဝမ်းနည်းနေတာ မဟုတ်ဘူးလား"
ယင်းကျောင်း၏ နှလုံးသားသည် လှုပ်ရှားသွားပြီး ခေါင်းငြိမ့်ပြလိုက်၏။
" ကိုယ် ဝမ်းနည်းနေတာ အရမ်း ဝမ်းနည်းနေတာ"
ကျင်းစစ်က သူ့ကို မော့ကြည့်မိသည်။
ယင်းကျောင်းက သူ၏ နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး" ဖက်တာနဲ့တင် မလုံလောက်ဘူး"
ယင်းကျောင်းသည် ကျင်းစစ်ကို အိပ်ယာပေါ်သို့ ဆွဲလှဲလိုက်ပြီး အသံ ခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။
" ကိုယ့်ရဲ့ ခံစားချက်တွေကို ကုဖို့ ဒီည ကိုယ်နဲ့ အတူအိပ်ပေးပါ့လား"
_____
စာရေးသူမှာ ပြောစရာ ရှိတယ် : နေ့တိုင်း ငါသက်ပြင်းချနေရပါတယ် အစ်ကိုကျောင်းနဲ့ အစ်ကိုစစ်က အရမ်းကောင်းတာပဲ
___
Translated By IQ-Team.