Chapter 68
-----------------------
ကျင်းစစ်သည် အဓိကအဆောက်အဦး [ မူရင်းပိုစ့်တင်သူ ]နှင့် reply မှ အကြောင်းအရာများကို တစ်ချက်ကြည့်လိုက်ပြီး ရှက်လွန်း၍ ကြက်ဥခွံတစ်ခုကို ရှာပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ချင်မိသည်။
တစ်ဦးတည်းသော အတွင်းလူယင်းကျောင်းမှာ စားပွဲပေါ်တွင် လှဲနေပြီး ကျင်းစစ်၏ ရှက်သွေးဖြာနေသော မျက်နှာကိုကြည့်၍ သူ့ခေါင်းကို လက်မောင်းထဲတွင် မြှုပ်ထားကာ ကျယ်ကျယ်လောင်လောင် ရယ်မောနေတော့၏။
ဟယ့်ကျိုးကတော့ ထိုနှစ်ယောက် ဘယ်လိုဂိမ်းတွေ ကစားနေလဲဆိုတာကို နားမလည်နိုင်ပေ။ ဟိုကြည့်ဒီကြည့်ဖြင့် မမြင်ရတဲ့ single dog တစ်ကောင်လို အပြင်ဘက်မှာ အထီးကျန်နေတယ်လို့ ခံစားနေရသည်။ သူ့နှလုံးသားကို တိတ်တဆိတ် နစ်မြှုပ်လိုက်ပြီးနောက် ဖုန်းကို ချကာ ထိုင်ခုံကို ပြန်သွားပြီး ဂိမ်းကစားနေလိုက်တော့သည်။
“ဟုတ်ပါပြီကွာ...”
ယင်းကျောင်းသည် ကျင်းစစ်၏ မျက်နှာကို ခဏကြာအောင်ကြည့်နေပြီးနောက် တိတ်တိတ်မနေနိုင်တော့ဘဲ ရယ်မောကာ သူ့ကို နှစ်သိမ့်လိုက်သည်။
“မင်းက ကြိုးစားပြီး သူတို့အတွက် နမူနာဖြစ်လာတာလေ... အများကြီးမတွေးပါနဲ့ကွာ...”
ကျင်းစစ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ယင်းကျောင်း၏ အရေထူထူကို အားကျမိသွားသည်။
(Mm T/n: အရေထူတယ်ဆိုတာ အရှက်မဲ့တာ... မျက်နှာပြောင်တာပါ...)
“ဆုလက်ခံဖို့ ဒီနေ့လည် သွားမှာလား...”
ယင်းကျောင်းက သဘာဝတွင်းထွက်ရေသန့်ဘူးအဖုံးကို လှည့်ဖွင့်ပြီး တစ်ငုံသောက်ကာ အကြောင်းရာအကိုပြောင်းလိုက်တော့သည်။
“ဒါဆို စကားနည်းနည်းပြောဖို့ လိုလား...”
ထိုကိစ္စကိုပြောတော့ ကျင်းစစ်မှာ ပိုနေလို့ကောင်းလာသလိုခံစားရပြီး သူ့ခေါင်းကို ခါလိုက်၏။
“မလိုဘူး... ဆုလက်ခံပြီး ဓာတ်ပုံရိုက်ရုံပဲ...”
“အဲလောက်တောင် ရိုးရှင်းတာလား...”
ယင်းကျောင်းက ရေသန့်ဘူးခွံကို အမှိုက်ပုံးထဲထည့်လိုက်ပြီး ထိုင်ခုံကိုမှီရင်း မကျေမနပ်ပြောလာသည်။
“ဘယ်လိုတောင်မွဲနေတဲ့ကျောင်းလဲ... ဆုကြေးကလည်း တွန့်တိုလိုက်တာ... ၃၀၀၀တည်း... ချီးမြှင့်တဲ့အခမ်းအနားကလည်း ရိုးရှင်းလွန်းတယ်... အနည်းဆုံးတော့...
သူဆုံးအောင်မပြောလိုက်နိုင်ခင်မှာဘဲ ခေါင်းကို ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရတော့သည်။
ဆရာလျိုက မည်းမှောင်နေသောမျက်နှာကြီးဖြင့် ဘေးတွင်ရောက်နေသည်။
“မင်းအတွက် ကော်ဇောနီတစ်ချက်ခင်းပေးပြီး ပန်းပွင့်ချပ်လေးတွေပါ ကျဲပေးစေချင်သေးလား... ဟမ်...”
“ကောင်းပြီ..”
ယင်းကျောင်းက နှုတ်ခမ်းများကို ပင့်မြှောက်လိုက်သည်။
“ကျွန်တော်မစောင့်နိုင်တော့ဘူး...”
ဆရာလျိုမှာ အသက်ရှူကြပ်သွားတော့သည်။
“ကျင်းစစ်အရှေ့မှာ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့... ကိုယ့်စာကိုပဲ အာရုံစိုက်စမ်းပါ... ဒီတစ်ခေါက်နောက်ဆုံးသင်္ချာစာမေးပွဲမှာ အမှတ်ပြည့် ဒါမှမဟုတ် အမှတ်မြင့်မြင့်ရအောင် ဖြေပေးရမယ်...
ယင်းကျောင်းကခေါင်းညိတ်သည်။
ဆရာလျိုက သူ့ကို မှုန်ကုပ်ကုပ်ကြည့်လိုက်ပြီး စင်ပေါ်ကိုသွားကာ အတန်းစလေ၏။
နေ့လည်ပိုင်း ဆုပေးပွဲမစခင် ဆရာလျိုသည် အတန်း၇ရှိကျောင်းသားများကို အထူးမှာကြားလိုက်သည်။
“နောက်ပြီးရင် ဒီနေရာမှာ ထိုင်ပြီး မင်းတို့ခေါင်းဦးအိပ်ဖို့ အသုံးမဝင်လောက်ဘူးလို့ထင်တဲ့ စာအုပ်တစ်အုပ်ကို ယူလာခဲ့ကြ... မမေ့ကြနဲ့...”
အောက်မှာရှိနေေသော ကျောင်းသားကျိုးတိုးကျဲတဲက ပြန်ဖြေလေသည်။
“သိပါပြီ—”
ဆရာလျိုက အောက်ကို တစ်ချက်ကြည့်လိုက်သည်။ ကျောင်းသားတချို့က “May 3”ကို ယူလာကြပြီး တချို့က မှတ်စုစာအုပ်များ ယူလာကြသည်။ တချို့ကတော့ ပန်းချီစာအုပ်များ ယူလာကြသည်။
ဆရာလျိုမှာတော့ သုန်မှုန်နေသော မျက်နှာရှိနေပြီး ကျောင်းသားများကို May 3 စာအုပ်ကို ပြောင်းခိုင်းနေစဥ် ယင်းကျောင်းကတော့ စာအုပ်အထပ်ထဲမှ သင်္ချာစာအုပ်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်ကို တွေ့လိုက်ရ၏။
ဆရာလျို : “....”
‘သူ့ကိုမတားကြနဲ့ ... ဒီကောင်စုတ်လေးကို သတ်မိတော့မယ်...’
ကျင်းစစ်က ယင်းကျောင်းကို မှုန်တေတေကြည့်သည်။
“မင်း သင်္ချာစာအုပ် ယူလာလား...”
ယင်းကျောင်းသည် ခဏတာ ကြောင်အသွာပြီး ကျင်းစစ်က သင်္ချာကို အကြိုက်ဆုံးဆိုတာကို သူမေ့သွားခဲ့သည်။
ပြင်းပြသော ရှင်သန်လိုစိတ်နှင့်အတူ သူသည် သင်္ချာစာအုပ်ကို စားပွဲပေါ်သို့ တည်ကြည်စွာတင်လိုက်တော့သည်။ ပြီးနောက် မတုန်မလှုပ်ဖြင့် ပြောသည်။
“ဒီမှာ... ဒါက နောက်မှ self-study အချိန်ကျရင် ဖတ်မလို့... ကိုယ် ပန်းချီစာအုပ်ယူလာပေးမယ်...”
ဆရာလျိုသည် ရုတ်တရတ် ဘရိတ်အုပ်လိုက်ပြီး ဘေးကနေ လမ်းလျှောက်နေတာကို ရပ်လိုက်၏။
ကျင်းစစ်နှင့် ယင်းကျောင်းနှစ်ယောက်လုံး အပြင်ရောက်ကုန်ကြတော့သည်။
ကစားကွင်းတွင် ကျောင်းတစ်ခုလုံးမှ ကျောင်းသားများ စုဝေးနေကြပြီး နှစ်အလိုက် တစ်တန်းစီ အုပ်စုလိုက်ရပ်နေကြသည်။
ရူပဗေဆရာသည် အသံချဲ့စက်ကိုခဏကြာအောင် ကိုင်ထားပြီး အားလုံးငြိမ်သက်သွားပြီးနောက် ဘေးဘက်တွင်ရပ်လိုက်သည်။
ယနေ့ဂုဏ်ပြုချီးမြှင့်ခြင်းအစည်းအဝေးသည် ကျင်းစစ်အတွက် အထူးကျင်းပပေးခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ပြီးတော့ အချိန်ကလည်း အရမ်းမကြာပေ။
ကျောင်းအုပ်ကြီးက အရင်ဆုံးရောက်လာကာ စတိတ်ပေါ်တွင် ကျင်းစစ်တို့တတွေ၏ အိုလံပစ်ရလဒ်များကို လေးနက်စွာ ချီးကျူး၍ ဖိုင်နယ်ပွဲအတွက် မျှော်လင့်နေကြောင်း စကားအနည်းငယ်ပြောပြီး နောက်ဆုံးတွင် သူတို့အား ဆုလက်ခံရန် စင်မြင့်ပေါ်သို့ ခေါ်လိုက်သည်။
ကျောင်းအုပ်ကြီးက နောက်ဆုံးအဆင့်ကနေစပြီး ခေါ်လိုက်သည်။
ကျန်းချုံးနှင့် ကျိုးချောင်တို့သည် မြင်နေကျမျက်နှာများဖြစ်ကြသည်။ သူတို့က နှစ်တိုင်း ပညာသင်ဆုများ ရနေကြဖြစ်သည်။
ကျင်းစစ်ထရပ်လိုက်သည်နှင့် အောက်ကကျောင်းသားများမှာ ဝမ်းသာအားရပေါက်ကွဲကုန်ကြတော့၏။
စီရင်စုအထက်တန်းကျောင်း၏ဖိုရမ်သည် အလွန်ကို အသက်ဝင်နေတော့သည်။ သို့သော်လည်း မိဘများ၏တင်းတင်းကျပ်ကျပ်ထိန်းကျောင်းမှုကို ခံရပြီး ဖုန်းသုံးလို့မရသော ကျောင်းသားအများအပြားလည်း ရှိနေသေးသည်။
ထိုလူများကတော့ ကျင်းစစ်၏နာမည်ကိုသာ ကြားနိုင်ကြပြီး မျက်နှာကိုတော့ တစ်ခါမှ မတွေ့ဘူးကြပေ။
သူ့ရဲ့အသွင်အပြင်ကို ရုတ်တရတ်မြင်လိုက်ရသောအခါ သူတို့မှာ ရှော့ခ်ရသွားတော့သည်။ အထူးသဖြင့် ကောင်မလေးများပင်။ အတန်းချုပ်ဆရာမကတောင် အဲဒါကို ဂရုမစိုက်နိုင်ဘဲ စိတ်လှုပ်ရှားလျက် ဝင်ပြောနေတော့သည်——
“ဘုရားရေ... ကျင်းစစ်က အရမ်းချောတာပဲလား...”
“အား အား အား... ကြည့်ကောင်းပြီး စာလည်းတော်တယ်... ”
“အရမ်းချောတာပဲ... အရမ်းချောတာပဲ... ငါတော့ချစ်မိသွားပြီ...”
“အမေရေ ... ရွယ်ပါ့ကို ချစ်မိသွားပြီ...”
………………
ကျင်းစစ်မှာတော့ သူ့ကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုတွေကို မသိပေ။ သူက ကျောင်းအုပ်ကြီး၏လက်ထဲမှ ဆုကြေးများပါသည့် စာအိတ်ကို တည်ငြိမ်စွာ ယူလိုက်ပြီး လက်ဆွဲနှုတ်ဆက်ကာ ပရိတ်သတ်ဘက်သို့ မျက်နှာကို လှည့်လိုက်သည်။ သူ့မျက်နှာပေါ်မှ အမူအရာသည် လင်းလက်နေပြီး စိတ်လှုပ်ရှားမှုအနည်းငယ်ကိုတောင် မမြင်နိုင်ကြပေ။
အောက်ကနေ ဓာတ်ပုံရိုက်ရန်တာဝန်ယူထားသော ဆရာက သူ့ကို ပြုံးရန်သတိပေးလိုက်သော်လည်း ထိုအချိန်တွင် စကားပြောရန်ခက်ခဲနေသောကြောင့် ကင်မရာကို မြှောက်ရန်အင်တင်တင်ဖြစ်နေတော့သည်။
ကျင်းစစ်သည် အမှန်တကယ်ကို နှလုံးသားထဲကနေ ပျော်ရွှင်နေသော်လည်း ဆုများမှာ အတော်လေးကို အများကြီးလက်ခံခဲ့ရသည်။ ယတစ်ခေါက်ဆုငွေနည်းနည်းပိုပြီးရတာကလွဲရင် အရင်ကနဲ့ ကွာခြားမှုမရှိဘဲ အားရကျေနပ်မှုများများစားစားမရှိပေ။
သူက ဘယ်ဘက်ခပ်ဝေးဝေးတွင် အေးဆေးစွာရပ်နေပြီး ဆရာပြောသလို စာအိတ်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပို့စ်ပေးလိုက်သည်။
သို့ရာတွင် စင်အောက်သို့ အမှတ်တမဲ့ မျက်လုံးလှည့်လိုက်သောအခါ ရုတ်တရတ်ရပ်တန့်သွားသည်။
သူ ယင်းကျောင်းကို တွေ့လိုက်ရသည်။
လူတန်းအဆုံးနားရှိ ယင်းကျောင်းမှာ အရှေ့သို့ ပြေးလာပြီး ပြုံးနေသောမျက်နှာဖြင့် သူ့ကိုကြည့်ရင်း မြေပြင်ပေါ်တွင် ထိုင်နေ၏။
သူ စင်နားသို့ရောက်တဲ့အချိန်အထိ ကျင်းစစ်မှာ ပုံမှန်အတိုင်း အမူအရာမဲ့နေပြီး ယခုမူ သူ့ရဲ့ နှုတ်ခမ်းထောင့်များက နည်းနည်းနည်းနည်းချင်းစီ မြင့်တက်လာသည်။
ဓာတ်ပုံရိုက်နေသော ဆရာမှာ ခဏလောက်အံ့ဩသွားပြီး ချက်ချင်းဆိုသလို ရှားပါးလှသော အပြုံးကို မှတ်တမ်းတင်ရန် နှိပ်လိုက်တော့သည်။
ထို့နောက်တွင်တော့ ထိုဓာတ်ပုံမှာ ကျောင်း၏ ဂုဏ်ထူးဆောင်စာရင်းတွင် ချိတ်ဆွဲထားခြင်းခံရပေမည်။
အောင်မြင်သွားသော ကျောင်းသားများက ကျင်းစစ်၏ မြင့်မားသောတန်ဖိုးကို အံ့အားသင့်နေကြသည်။ တစ်ချိန်တည်းမှာပင် အဆင့်ကောင်းကောင်းရခဲ့သည့် ဒဏ္ဍာရီလာနတ်ဘုရားမှာလည်း သူတို့လို သာမန်လူတွေနဲ့ကွာခြားမှုမရှိဘူးဆိုတာကို မတွေးဘဲမနေနိုင်ချေ။ သူတို့က ပျော်ရွှင်နေကြ၏။
ကျင်းစစ်က တစ်စုံတစ်ယောက်ကိုမြင်သည်နှင့် ဘာကြောင့်ရယ်လိုက်မှန်း ဘယ်သူမှမသိချေ။
ဆုပေးပွဲအပြီးတွင် ကျောင်းသားများက လူစုခွဲလိုက်ကြပြီး ကန်တင်းသို့ စားသောက်ရန် ထွက်သွားကြတော့သည်။
ကျင်းစစ်က စာအိတ်ကို သယ်ထားရတဲ့အတွက် အဆင်မပြေဖြစ်နေသည်။ ထို့ကြောင့် လီကျိုးကို သူ့ပန်းကန်ကိုသွားမှာပေးဖို့ အကူအညီတောင်းလိုက်ပြီး ပထမရတဲ့ဆုကြေးငွေကို အတန်းထဲသွားထားလိုက်သည်။
ယခုလိုသွားလိုက်ပြန်လိုက်ဖြင့် အချိန်ကြာသွားပြီးနောက် ကျင်းစစ်နှင့် လီကျိုးတို့မှာ အတန်းကိုပြန်ရောက်သည့် နောက်ဆုံးလူနီးပါးဖြစ်သွား၏။
ကျင်းစစ် တံခါးအလယ်သို့ရောက်သည်နှင့် သူကို အခန်း၇မှ နွေးထွေးစွာ ကြိုဆိုကြသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးစစ်... အစ်ကိုစစ်က အရမ်းစွမ်းအားကြီးတာပဲ...”
“ထင်းရှူးစေ့တွေက အရမ်းမွှေးတာပဲ... ကျေးဇူးတင်ပါတယ် အစ်ကိုကျင်းစစ်...”[ထင်းရှူးစေ့က စားလို့ရတာလား??ကောင်းလား ??😁😁]
“ထင်းရှူးစေ့တွေတင်မဟုတ်ဘူး... ကိတ်မုန့်ကလည်း အရမ်းအရသာရှိတယ်... အား အား ... ကျေးဇူးတင်ပါတယ် အစ်ကိုစစ်...”
………………
ကျင်းစစ်မှာ ခဏလောက် ကြက်သေသေသွားတော့သည်။
‘ဘာတွေဖြစ်နေကြတာလဲ...’
ဤသည်ကိုမြင်တော့ ကျန့်ချွယ်က သူဖော်ထုတ်ခံရမှာကို ကြောက်ပြီး သူ့ကို အတင်း ထိုင်ခုံပေါ်သို့ တွန်းလိုက်ကာ နားနားသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။
“မင်းဆုကြေးမရခဲ့ဘူးလား... လူတိုင်းဒါကို မြင်တယ်လေ... ဒါက လုံးဝမကောင်းတာတော့မဟုတ်ပါဘူး... အစ်ကိုကျောင်းက မင်းအတွက် ဒကာခံပေးဖို့ ယူလာတယ်... အတွေးမချော်ပါနဲ့ အစ်ကိုစစ်... တစ်ယောက်ယောက်က အစ်ကို့ကို ကျေးဇူးတင်ဖို့လာရင် ဒီအတိုင်းလက်ခံလိုက်ပါ...”
ကျင်းစစ်က ယင်းကျောင်းကို ဗလာကျင်းစွာလှည့်ကြည့်လိုက်မိသည်။
“မင်း...”
“ရှူး...”
ယင်းကျောင်းက အခွံခွာထားသော လက်တစ်ဆုပ်စာအပြည့် ထင်းရှူးစေ့များကို သူ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး တီးတိုးလေးပြော၏။
“ကိုယ့်ကို ပြန်ပေးမယ်လို့ ပြောခွင့်မပြုဘူး... မင်းရဲ့ပိုက်ဆံကို သိမ်းထား... နားထောင်ပါကွာ... စကားမပြောနဲ့... ”
ကျင်းစစ်၏ လက်ချောင်းထိပ်ကလေးများက လှုပ်ခတ်သွားသည်။ သူက ထင်းရှူးစေ့ကို လက်အပြည့်တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး တစ်ခုခုပြောချင်နေခဲ့သည်။ သို့သော်လည်း သူ့လည်ချောင်းမှာ တစ်ဆို့နေပုံပေါ်ပြီး တစ်လုံးတောင် မပြောနိုင်ပေ။
“အစ်ကိုစစ် မင်းမှာအချိန်ရှိလား... မေးခွန်းတစ်ခုလောက်မေးဖို့လိုလို့...”
ဝူးဝေချန်၏ အသံမှာ အချိန်ကိုက်ထွက်လာသည်။
ကျင်းစစ်၏နှာခေါင်းမှာ အနည်းငယ်မွှန်နေသည်။ ယင်းကျောင်းရှေ့တွင် သူ့စိတ်တွေ မထိန်းနိုင်တော့မှာကို ကြောက်တဲ့အတွက် ခပ်မြန်မြန်ပြန်ဖြေလိုက်သည်။
“ရတယ်လေ...”
သူက ဝူးဝေချန်၏ ထိုင်ခုံဆီသို့ အပြေးနှင်လိုက်သည်။
ယင်းကျောင်းက သူ့ကို မတားလိုက်ဘဲ ခေါင်းငုံ့ကာ ထင်းရှူးစေ့များကို အခွံဆက်ခွာနေလိုက်၏။
လက်အပြည့်ခွာပြီးတဲ့အထိ ကျင်းစစ်က ပြန်မလာသေးပေ။
ယင်းကျောင်းက ခေါင်းလှည့်ကာ မျက်စောင်းကနေလှည့်ကြည့်လိုက်ပြီး ဟယ့်ကျိုးလက်ထဲသို့ အစေ့များထည့်ပေးလိုက်သည်။
“အာ ဒါကဘာလို့ ဒီလောက်ရှက်စရာကောင်းနေရတာလဲ...”
ဟယ့်ကျိုးက ရှက်ကိုးရှက်ကန်းဖြင့် တစ်ဖက်သို့လှည့်ပြီး ထင်းရှူးစေ့များကို ယူရန်လက်လှမ်းလိုက်သည်။
“ကျေးဇူးတင်ပါတယ်... အစ်ကိုကျောင်း...”
ယင်းကျောင်းက သူ့ကို မှုန်တေတေကြည့်လိုက်သည်။
“မင်း ညနေက ဘယ်နှခွက်တောင် သောက်ခဲ့တာလဲ... အဲဒါတွေကို ကျင်းစစ်ဆီကို သွားပေးပေး...”
ဟယ့်ကျိုး : “...”
ဟယ့်ကျိုးက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ကျင်းစစ်ရဲ့အရှေ့တွင် ထင်းရှူးစေ့များကို ဘန်းကနဲချပေးလိုက်သည်။
ကျင်းစစ်က စာသင်ပေးနေတုန်းမှာ အစားစားလေ့မရှိပေ။ ထို့ကြောင့် ထိုင်ခုံဆီပြန်ရောက်သည်အထိ လက်ထဲတွင် တစ်ဝက်ကျော်လောက် ကျန်နေသေးသည်။
ယင်းကျောင်းက ယင်းကို အာရုံမထားဘဲ သူပြန်လာတာကို မြင်တော့ အသေးတစ်ဆုပ်စာ ထပ်ပေးသည်။
ထိုအခိုက်အတန့်တွင် ကျင်းစစ်၏နှလုံးသားထဲမှ ခံစားချက်များမှာ တည်ငြိမ်လုနီးပါးဖြစ်နေပြီး ယင်းကျောင်းကို လက်ဖဝါးဖြန့်ပြလိုက်သည်။
“ဟင့်အင်း... ငါ့မှာ အများကြီးကျန်သေးတယ်...”
ယင်းကျောင်း ဘာတွေတွေးနေသလဲတော့ မသိပေ။ သူကရုတ်တရက်ပြုံးသည်။
“မရတော့ဘူးလား...”
ကျင်းစစ်က အများကြီးမတွေးလိုက်ဘဲ ရိုးရိုးသားသားခေါင်းညိတ်သည်။
“အင်း...”
ယင်းကျောင်းက သူ့နားကို ကပ်လာပြီး ပြောသည်။
“ဒါဆို ကိုယ့်ကို တောင်းဆိုလေ...”
ကျင်းစစ်: “…”
ကျင်းစစ်မှာ မွန်းကျပ်သွားသလို ခံစားနေရပြီး သူ့ကို တွန်းထုတ်ကာ အာရုံစိုက်ဖို့ အတော်လေးပျင်းနေတော့သည်။
ကျင်းစစ်က စားပွဲအံထဲက စာအုပ်တစ်အုပ်ကို ရှာဖို့ ခေါင်းငုံ့လိုက်တော့ အထဲမှာ ပန်းရောင်ပန်းတစ်ပွင့်ကို တွေ့လိုက်ရသည်။
သူက ပန်းကို ရှုပ်ထွေးစွာ ထုတ်ကြည့်လိုက်သည်။
“ယင်းကျောင်း... ဘယ်သူထားသွားလဲ မြင်လိုက်သေးလား...”
“ကိုယ်လေ...”
ယင်းကျောင်းက ထိုင်ခုံကို နောက်ဆုတ်ကာ မတ်တပ်ထရပ်ပြီး မေးကိုအသာအယာပွတ်သပ်လိုက်သည်။
“ပထမက ကိုယ်ကိတ်သွားယူတာကို သူဌေးက မင်းနဲ့ကစားဖို့ ပေးလိုက်တာ...”
“လှတယ်...”
ကျင်းစစ်က ပန်းကို စားပွဲပေါ်တင်လိုက်ပြီး ငုံ့ကာ စာအုပ်ကို ဆက်ရှာနေတော့သည်။
ယင်းကျောင်းက ဘာမှမပြောပေ။ လက်တစ်ဖက်ကနေ ထင်းရှူးစေ့များ ဆက်ခွာနေတော့သည်။ သူက တခဏလောက် မသက်မသာခံစားလိုက်ရသောကြောင့် လက်ဆေးရန်ထွက်သွားတော့သည်။
ကျင်းစစ်က စာအုပ်ထုတ်လိုက်ပြီး ပြန်မတ်ကာ ပန်းပေါ်သို့ ခဏကြာအောင် စိုက်ကြည့်နေပြီး ယင်းကို ခုံထဲကို ပြန်ထည့်ချင်နေသည်။
သူ့က ပန်းများကို မကြိုက်ပေ။ သို့ပေမယ့်လည်း ဒီပန်းက ယင်းကျောင်းပေးထားတာဖြစ်တဲ့အတွက် လက်ဆောင်တစ်ခု ဆိုလျင်တောင် သူ ရင်ဝယ်ပိုက်ထားလိမ့်မည်ပင်။
“အား အား အား...”
ထိုအချိန်တွင် ချန်မြောင်မြောင်က ရုတ်တရတ်ထအော်ပြီး ပြေးထွက်သွားကာ စိတ်လှုပ်ရှားလျက် အော်ဟစ်နေတော့သည်။
“အစ်ကိုစစ် နှင်းဆီပန်းပန်းရောင်လေးကို ဘယ်ကနေရတာလဲ...”
အဲဒါက တကယ်ကို နှင်းဆီတစ်ပွင့်...
ကျင်းစစ်မှာ ယင်းကို ယင်းကျောင်းက ပေးတာလို့ပြောရန် ရှက်ရွံ့နေတော့သည်။ ထို့ကြောင့် သူက ချန်မြောင်မြောင်ကို ပြုံးကာပြောလိုက်သည်။
“တစ်ယောက်ယောက်ကပေးသွားတာ...”
ချန်မြောင်မြောင်မှာ ထိုသို့ကြားတော့ ပို၍ပင်စိတ်လှုပ်ရှားလာပြီး သူမမျက်နှာပေါ်တွင် ကျင်းစစ်ကို အတင်းအဖျင်းပြောချင်ကြောင်းအပြည့်ဖြစ်နေ၏။
“အဲဒါဘယ်သူလဲ... ဘယ်သူပေးတာလဲ... အားးးး... အရမ်းရိုတာပဲ...”
ကျင်းစစ်က နားမလည်ပေ။
“...ဘာကြီး”
ချန်မြောင်မြောင်က သူမဖုန်းကို ထုတ်၍ Browser ကိုဖွင့်ကာ စကားလုံးအနည်းငယ်ကို ရိုက်ရှာလိုက်ပြီး ကျင်းစစ်ကို ပြလိုက်သည်။
ကျင်းစစ်မှာ အံ့ဩမှင်တက်သွားတော့သည်။
ပန်းရောင်နှင်းဆီ၏ အဓိပ္ပာယ်မှာ—
ပထမဆုံးအချစ်။
_____
စာရေးသူမှာ ပြောစရာရှိတယ်: — မင်းတွေ့ဖူးသမျှထဲမှာ ဘယ်သူက အကောင်းဆုံးနဲ့ တာဝန်အယူတတ်ဆုံးသူလဲ...
___
Translated By IQ-Team.
[ FA ဖြစ်လာတာ Since I was born တည်းကဆိုတော့ သာသာရဲ့အမေးကိုဖြေစရာအဖြေရှိမနေဘူးလို့! 🤧 ]