အပိုင်း၇၀
Viewers 13k

Chapter 70

Chapter 70


ယင်းကျောင်းက စာလုပ်သည့်အချိန်တိုင်း မူးနောက်လာပြီး ဟိုနားကယားသလို ဒီနားကယားသလို ဖြစ်နေသည်။ သူက ကျင်းစစ် တစ်ရက်ပြီးတစ်ရက် စုပေးထားသော လက်ရေးစာများကို ကြည့်နေသ၍ နောက်ထပ် မေးခွန်းအစုံအနည်းငယ်ကိုတောင် ထပ်ရေးနိုင်ဦးမည်ဟု ခံစားနေရသည်။


နောက်ထပ်မနက်ခင်းတွင်ဖြစ်သည်။ 


ကျင်းစစ် မနက်စာစားပြီးနောက် ယင်းကျောင်း၏စာအုပ်ကို ထားပေးရန် မနက်၇နာရီတွင် အတန်းကိုသွားခဲ့ပြီး ထို့နောက်တွင်တော့ စာသင်ဆောင်၂ ကိုဆင်းသွားလိုက်သည်။


သူက ယနေ့ နောက်ဆုံးမှရောက်သွားသည်။ သူလာနေတာကို မြင်ပြီး ကျောက်ဖုန်က သူ မထိုင်လိုက်နိုင်ခင် စင်ပေါ်သို့ လျှောက်သွားကာ ကြေငြာလိုက်၏။


“ဆရာ မင်းတို့အတွက် နိုင်ငံခြားအကူတစ်ယောက်တွေ့ထားပြီးပြီ...”


နိုင်ငံခြားအကူမှာ ကျောက်ဖုန်သူငယ်ချင်း၏ သားဖြစ်သူ ရှောင်လေ့ယွဲ့ဖြစ်သည်။ သူက ဒီနှစ်တွင် စီနီယာတစ်ယောက်ဖြစ်ပြီး ယန်းပြည်နယ်တွင် ပြည်နယ်အသင်းအားကစားသမားတစ်ယောက်ဖြစ်သည်။ တစ်ချိန်က သူ့ကို အမျိုးသားအထက်တန်းကျောင်းပြိုင်ပွဲတွင် အမျိုးသားလေ့ကျင့်ရေးအသင်းသို့ စေလွှတ်ခဲ့ပြီး ချင်းဟွာတက္ကသိုလ်သို့ ထောက်ခံပေးခြင်းခံခဲ့ရသည်။ သူက အမျိုးသားလေ့ကျင့်ရေးအသင်းအတွက် ပထမအကျော့တွင် ဖယ်ထုတ်ခြင်းခံခဲ့ရသော်လည်း အလားအလာကောင်းများရှိနေဆဲဖြစ်၏။


“နောက်လဝက်အတွင်းမှာ သားတို့ကို ဖုန်းတွေ ကျောင်းကိုယူလာခွင့်ပေးမယ်...”


ကျောက်ဖုန်က စင်ပေါ်တွင်မတ်တပ်ရပ်နေရင်း ပြောသည်။


“သားတို့အားလုံး ဆရာ့ရဲ့  WeChat ကို လာအပ်ထားကြပါ... ပြီးရင် သားတို့နဲ့ ရှောင်းရှောင်းကို WeChat group တစ်ခုထဲ ထည့်ပေးမယ်... သားတို့မှာ မေးချင်တာရှိရင် group ထဲမှာ သူ့ကိုမေးရုံပဲ...”


သူတို့အားလုံး ခေါင်းညိတ်ကြတာကို မြင်တော့ ကျောက်ဖုန်က ဆက်ပြောသည်။


“ရှောင်းရှောင်းက ဒီနေရာမှာ ဆရာ့ထက်ပိုပြီး ကိုယ်ပိုင်အတွေ့အကြုံရှိတယ်... ရှက်မနေကြနဲ့... သားတို့မှာ မေးစရာရှိရင် မေးသာမေးလိုက်... တခြားလူတွေရဲ့ အတွေ့အကြုံကနေ လေ့လာတာက ပိုပြီး အရေးကြီးတယ်...”


ကျင်းစစ်နှင့် တခြားသုံးယောက်က တုံ့ပြန်လိုက်ကြသည်။


“ကောင်းပါပြီ...”


ရှောင်လေ့ယွဲ့သည် လူကောင်းတစ်ယောက်ဖြစ်နိုင်သည်။ သို့မဟုတ် ကျောက်ဖုန်၏ မျက်နှာကြောင့်လည်းဖြစ်နိုင်သည်။ သူက သူရဲ့ အတွေ့အကြုံများကို လုံးဝဖုံးကွယ်ထားခြင်းမရှိဘဲ သူတို့၏ မေးခွန်းများကို အလွန်ပင် အသေးစိတ်ကျစွာဖြေပေးခဲ့သည်။ ကျင်းစစ်နှင့် ကျိုးချောင်မှာ သူ့အပေါ်အမြင်ကောင်းများ ရှိလေသည်။


ရက်အနည်းငယ်ကြာဆက်သွယ်ပြီးနောက် တဖြည်းဖြည်းနှင့် နောက်ဆုံးပွဲအကြောင်းများကို မေးရာတွင် အကန့်အသတ်မရှိတော့ပေ။ တစ်ခါတစ်ရံတွင် သူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့ရပြီး သူတို့နှစ်ယောက်လုံးတွင်အဖြေမရှိသည့်အခါ သူတို့က ရှောင်လေ့ယွဲ့နှင့် ဆွေးနွေးရန် group ထဲသို့ ပို့ထားကြသည်။


ရှောင်လေ့ယွဲ့သည် ကျင်းစစ်အားနည်းသည့် နည်းစနစ်ကျသော အိုလံပစ်လေ့ကျင့်ရေးကို ထောက်ပြပေးခဲ့သည်။ အကြိမ်များစွာပင် ရှောင်လေ့ယွဲ့၏ ပြဿနာဖြေရှင်းပုံ ideaများသည် သူ့အား လုံ့ဆော်မှုများစွာကို ဆောင်ကြဥ်းပေနိုင်၏။


ထို့ကြောင့် ကျင်းစစ်သည် ဖုန်းပေါ်တွင် ပို၍ အချိန်ကုန်ဆုံးခဲ့သည်။


နောက်ဆုံးစာမေးပွဲမတိုင်မီ ရက်အနည်းငယ်တွင် ကျောက်ဖုန်သည် သူတို့ကို စာသင်ခန်းငယ်လေးထဲမှာပင် ချောဆွဲမထားတော့ဘဲ စာမေးပွဲအတွက် ပြင်ဆင်ရန် အားလုံးကို ပြန်လွှတ်လိုက်သည်။


နောက်ဆုံးတွင်မူ နောက်ဆုံးပြိုင်ပွဲက အရေးကြီးသလို နောက်ဆုံးစာမေးပွဲသည်လည်း ပို၍ပင် အရေးကြီးလေသည်။


ယင်းကျောင်းက ကိုယ်ပိုင်စာကြည့်ချိန်တွင် ကျင်းစစ်ဖုန်းကိုင်နေတာကို တွေ့တော့ ဝတ္ထုဖတ်နေတယ်လို့ထင်နေသဖြင့် နောက်ထပ်မေးခွန်းတစ်ခုမမေးဘဲ မနေနိုင်တော့ချေ။


“ဆရာကျောက်က အမျိုးသားပြိုင်ပွဲလေ့ကျင်းရေးအသင်းမှာ ရှိခဲ့ဖူးတဲ့ စီနီယာတစ်ယောက်ကိုတွေ့ခဲ့တယ်လေ...”


ကျင်းစစ်က ပြဿနာဖြေရှင်းနည်းများကို ကူးနေရင်း သူ့ကိုရှင်းပြသည်။


“ငါတို့က အမြဲတမ်း သင်္ချာအိုလံပစ်ပုစ္ဆာတွေကို WeChat ကနေ ဆွေးနွေးကြတယ်...”


ယင်းကျောင်းက သဘောပေါက်သွားပြီး ဆံပင်ကို ပွတ်ကာ ပြုံးလိုက်သည်။


“ကိုယ်က မင်းစာမလုပ်ဘူးထင်နေတာ...”


ကျင်းစစ်က သူနှုတ်ခမ်းများကို တွန့်လိုက်ပြီး သူ့ကိုပြုံးပြသည်။


“မဟုတ်ပါဘူး...”


ယင်းကျောင်းက သူ့အပြုံးကြောင့် အူယားသွားပြီး သူတစ်ခုခုပြောဖို့လုပ်လိုက်ချိန်တွင် ဟယ့်ကျိုးက ရုတ်တရတ်ပေါက်ချလာပြီး လက်ဆောင်ဘူးအနည်းငယ်ကို သူ့စားပွဲပေါ်သို့ ပစ်တင်လိုက်၏။


“အစ်ကိုကျောင်း မွေးနေ့မှာ ပျော်ရွှင်ပါစေ...”


ဟယ့်ကျိုးက ဘူးတွေထဲက တစ်ခုကို ပြကာ ပြောသည်။


“ဒီဟာက ကျွန်တော်ပေးတာ... ခါးပတ်လေ... လောင်ကျန့်က မီးခြစ်တစ်ခုနဲ့ လောင်ဖန်က နာရီဝယ်ဖို့ မောလ်မှာ ကိုယ်တိုင်သွားရွေးခဲ့တယ်... ကျွန်တော်တို့အားလုံး သူ့ကို အဲ့ဒါက ရုပ်ဆိုးတယ်လို့ ပြောခဲ့ပါတယ်... သူက မယုံဘူးလေ... အစ်ကိုကြည့်လိုက်တာနဲ့ သိလိမ့်မယ်... ဟားဟားဟားဟား...”


ယင်းကျောင်းက သူတို့ကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။


“လက်ခံတယ်... ကျေးဇူးပဲ...”


“သေးသေးလေးပါ...”


ဟယ့်ကျိုးနှင့် တခြားသူများက အူမြူးပြီး အုပ်စုလိုက် ထွက်သွားကြတော့သည်။


“မင်းမွေးနေ့က ဒီနေ့လား...”


ကျင်းစစ်က ဘောပင်ကိုချလိုက်ပြီး ယင်းကျောင်းကို မော့ကြည့်သည်။


ယင်းကျောင်းက လက်ဆောင်ဘူးတွေကို စားပွဲအောက်ကိုထားကာ မထူးခြားစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။


“ဟုတ်တယ်...”


“မွေးနေ့မှာ ပျော်ရွှင်ပါစေ...”


ကျင်းစစ်က နည်းနည်းစိတ်ညစ်သွားသည်။


‘သူ စောပြီးသာသိခဲ့မယ်ဆိုရင်... အခုတော့ ဘာလက်ဆောင်မှ မပြင်ခဲ့ရဘူး...’


ယင်းကျောင်းက သူ့ရဲ့ ချစ်စရာကောင်းတဲ့ ဇနီးလေးကို မစနောက်နိုင်ခဲ့တာ အချိန်အတော်ကြာပါပြီ။ ယင်းကျောင်းက သူ့နှလုံးသားထဲတွင် ရယ်ချင်စိတ်များပြည့်နေတော့သည်။ သူက လက်ကိုဆန့်ထုတ်လိုက်ပြီး ကျင်းစစ်၏မျက်နှာကို ဆွဲရင်းပြောလိုက်သည်။


“အတန်းဖော်လေး ကိုယ့်ကိုမစပါနဲ့...”


ကျင်းစစ်က သူ့လက်များကိုရှောင်ရန် ခေါင်းကိုလွှဲလိုက်ပြီး အပြစ်ကိုဝန်မခံဘဲ စိတ်အားထက်သန်မှုများပြည့်နှက်နေသော မျက်နှာဖြင့် ပြောသည်။


“ငါ... ငါ မင်းကို ဘယ်တုန်းကစလို့လဲ... အဓိပ္ပာယ်မရှိတာတွေမပြောနဲ့...”


“ကိုယ်က နောက်တာပါကွာ... ဒါပေမယ့် ကိုယ်ဘယ်မှာ အဓိပ္ပာယ်မရှိတာကို ပြောလို့လဲ... ကိုယ့်မှာ သက်သေရှိပါတယ်နော်...”


ယင်းကျောင်း၏မျက်နှာက အံ့အားသင့်နေသလိုပင်။


“နေ့ခင်းကြောင်တောင်ကြီး မင်းကိုယ့်ကို မွေးနေ့ဆုတောင်းပေးခဲ့တာ မဟုတ်ဘူးလား ...”


ကျင်းစစ်က မိုက်မဲစွာ ခေါင်းညိတ်လိုက်၏။


“အင်းလေ...”


‘ဒါပေမယ့် သူက မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ပြောခဲ့ရုံပဲလေ... အဲဒါနဲ့ပတ်သတ်ပြီး ဘာများမှားနေလို့လဲ...’


“အဲဒါပဲလေ...”


ယင်းကျောင်းက သူ့နှုတ်ခမ်းများကို ကွေးလိုက်ပြီး နားရွက်နားသို့ မှီကပ်ချ၍ သူ့အသံကို ခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။


“မွေးနေ့မှာပျော်ရွှင်ပါစေ... ပျော်ရွှင်စရာဘဝလေးပိုင်ဆိုင်ရပါစေ... ပျော်ရွှင်စရာနေ့ရက်ကလေးဖြစ်ပါစေ... မင်းကိုယ့်ကိုစနေတာ မဟုတ်ဘူလား ဒါမှမဟုတ် မင်းတစ်ခုခုကို စောင်းပါးရိပ်ခြေပြနေတာများလား...”


(Eng T/n: အဲဒီ Happy တွေက ယင်းကျောင်းပြောတဲ့အခါ သိပ်ပြီး မဖြူစင်ဘူးလို့ ငါထင်တာပဲ...)


ကျင်းစစ်၏ ပါးပြင်များသည် ချက်ချင်း ပူနွေးသွားပြီး ယင်းကျောင်းကို မသိစိတ်အရ တွန်းပစ်ချင်ခဲ့သည်။


ယင်းကျောင်းကလက်နှစ်ဖက်လုံးဖြင့် သူ့အားထိတွေ့ပြီးနောက် လွှတ်ပေးလိုက်သည်။


ထိုအချိန်တွင် ယင်းကျောင်းသည် ကျင်းစစ်ကို ပျင်းရိစွာ အသက်မဲ့သလို မှီထားသောကြောင့် ကျင်းစစ်သည် တွန်းလိုက်လျှင် သူလဲကျသွားမည်ကို စိုးရိမ်နေလေသည်။


ကျင်းစစ်က အသက်ပြင်းပြင်း ရှူလိုက်ကာ ထိုလူသားအား လျစ်လျူရှုရန် ကြိုးစားရင်း ပြောလိုက်သည်။


" အဲ့လိုမျိုးတွေ ခဏခဏ မပြောနဲ့"


"မင်းနားမလည်တာတွေ့လို့ ကိုယ်ရှင်းပြတာလေ" 


ယင်းကျောင်းက တစ်လက်မခန့် ရှေ့သို့ထပ်တိုးလိုက်ကာ ကျင်းစစ်၏ လက်ကို စားပွဲအောက်တွင် ကိုင်ထားရင်း ရဲတင်းစွာ ပြောလိုက်သည်။


" အဲ့ဒါပြသနာရှိလို့လား"


ကျောင်းယူနီဖောင်း၏ အင်္ကျီလက်ကျယ်ကျယ်ထဲတွင် လူနှစ်ယောက်၏ လက်ချောင်းလေးများက ယှက်နွယ်နေကြလေပြီး တစ်ဦး၏ကိုယ်မှအပူချိန်ကို တစ်ဦးဆီသို့ လဲလှယ်ကာ ကူးပြောင်းနေသလိုပင်။ ကျင်းစစ်၏ မျက်တောင်များသည် တုန်ယင်လာပြီး သူ့၏စိတ်ကို တည်ငြိမ်သွားစေရန် အတင်းဖိအားပေးလိုက်ရသည်။


" မလိုဘူး ရှင်းပြဖို့မလိုဘူး"


ယင်းကျောင်းကခခေါင်းငြိမ့်ပြလိုက်ကာ အလျင်အမြန် ဝန်ခံလိုက်သည်။


 " ဟုတ်ပါတယ် ကိုယ်က အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ"


ကျင်းစစ်က သူ့ကို မော့ကြည့်လိုက်သည်။


ယင်းကျောင်းက ခပ်တိုးတိုး ရယ်ကာ ပြောလာသည်။


" ဘယ်သူကများမင်းကို ဒီလောက်ချစ်ဖို့ကောင်းအောင် လုပ်ထားတာလဲကွာ ကိုယ်ဘယ်လိုလုပ် စိတ်ထိန်းနိုင်ပါ့မလဲ"


ယခုတကြိမ်တွင်တော့ ကျင်းစစ်၏ နားများက နီရဲသွားတော့၏။


သူသည် ယင်းကျောင်း၏ လက်ထဲမှ သူ့လက်ကို ထုတ်ချင်သောကြောင့် လှုပ်လိုက်သည်။


အစောပိုင်း ကိုယ်ပိုင်စာကြည့်ချိန်က တရားဝင်မစတင်သေးပေ။ ယင်းကျောင်းသည် အချိန်နှင့်မမျှစွာ ရက်အတော်ကြာအောင် စာလုပ်ခဲ့သောကြောင့် ယခုအချိန်လေးတွင် အလွန်အမင်း ပျော်မွေ့နေတော့၏။


"မလှုပ်နဲ့" 


သူက အံကြိတ်ကာ ကျင်းစစ်ကို ပြောလိုက်သည်။


" ကိုယ့်ကို ခဏလောက် အားပြန်ဖြည့်ခွင်ပေး ကိုယ်တို့နှစ်ယောက်မတွေ့တာ ဘယ်နှစ်ရက်တောင် ကြာနေပြီလဲ" 


သူကသရော်ဟန်ဖြင့် ပြောလိုက်သည်။


" တစ်စားပွဲတည်းနဲ့ အထူးအတန်းတက်နေရတယ် မသိရင် နွားကျောင်းသားနဲ့ ရက်ကန်းသည်ကျနေတာပဲ"


(Eng T/n : နွားကျောင်းသားနဲ့ ရက်ကန်းသည် ဆိုတာက တရုတ် ရိုးရာ ပုံပြင်ပါ အဲ့ ပုံပြင်က ကျစ်နွီ နဲ့ နျိုလန့် တို့နှစ်​ယောက်ရဲ့ အချစ်ပုံပြင်ပါ သူတို့နှစ်ယောက်ရဲ့ အချစ်ကို ခွင့်မပြုတဲ့အတွက် ကောင်းကင်ဘုံမြစ်ရဲ့ တစ်ဖက်တစ်ချက်ဆီကို နယ်နှင်ဒဏ်ပေးခံထားရတာ )


တဝါးဝါးသန်းနေကြသော အတန်းဖော် အများအပြားသည် သူတို့ကို ဖြတ်သွားကြသော်လည်း သူတို့နှစ်ယောက်က ခုံအောက်တွင် တိတ်တဆိတ်လက်ချင်းကိုင်ထားကြလေသည်။ ကျင်းစစ်သည် နှလုံးသားထဲတွင် အနည်းငယ် ရှက်ရွံ့နေသော်လည်း အခြားသူများတွေ့သွားမည်ကို စိုးရိမ်သဖြင့် အရမ်းမရုန်းရဲပေ။ ထို့ကြောင့် ခွင့်ပြုထားရန်သာ တတ်နိုင်လေသည်။


"မင်းမွေးနေ့က ဘယ်တော့လဲ ဆိုတာတောင် ကိုယ်မမေးရသေးဘူး" 


ယင်းကျောင်းသည် စာအုပ်စင်မှ လေ့ကျင့်ခန်းစာအုပ်ကို ယူကာ ထိုစာအုပ်ကို လှန်နေရင်း အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။


ကျင်းစစ်က မစဥ်းစားဘဲ ပြောချလိုက်သည်။


"ဖေ​ဖော်ဝါရီ 19 " 


သူမှားပြောမိသည်ကို နားလည်သွားသည်နှင့် သူ၏ ပါးစပ်ကို ချက်ချင်း ပြင်ကာ ပြောလိုက်သည်။


" ဇန်နဝါရီ 31"


အတိတ်ဘဝတွင် ကျင်းစစ်အား မိဘမဲ့ဂေဟာကို ပို့သည့်နေ့မှာ ဖေဖော်ဝါရီ 19 ဖြစ်သောကြောင့် ဘုန်းတော်ကြီးက ဖေဖော်ဝါရီ 19 ရက်နေ့ကို သူ့မွေးနေ့အဖြစ် သတ်မှတ်ပေးထားခဲ့လေသည်။


ထိုအချိန်တွင် ယင်းကျောင်းက အသိမပေးထားဘဲ မေးလိုက်သောကြောင့် ကျင်းစစ်သည် သူ၏ စိတ်ထဲကအတိုင်း သတိမမူဘဲ ပြန်ဖြေမိသွား၏။


ယင်းကျောင်း၏လက်သည် စာအုပ်ကို အတော်ကြာသည်အထိ လှန်နေပြီး သူက ကျင်းစစ်၏ စကားများထဲမှ အမှားကို မတွေ့လိုက်သလို ဟန်ဆောင်ကာ သဘာဝကျကျပင် ပြောလိုက်သည်။


" ကိုယ့်ထက် တစ်လပဲ ငယ်တာပေါ့"


ကျင်းစစ်က ခေါင်းငြိမ့်သည်။


 " အင်း"


"ဒါဆို မင်းက ကိုယ်နဲ့ အတူရှိဖို့ မွေးဖွားလာတာပေါ့" 


ယင်းကျောင်းက ပြုံးလိုက်ကာ တီးတိုးလေး​ဆိုလိုက်သည်။


" ကိုယ့်ရဲ့ ဇနီးလေး ဖြစ်လာဖို့ပေါ့"


ကျင်းစစ်၏ နားရွက်များသည် နီရဲသွားကာ ယင်းကျောင်း၏ လက်ထဲမှ သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ဘေးသို့ လှည့်လိုက်ကာ သူ့ကို လျစ်လျူရှုပစ်လိုက်သည်။


ယင်းကျောင်းသည် ပြုံးလိုက်ပြီးနောက် သူ့ကို ဆက်ပြီး မနှောက်ယှက်တော့ပေ။ ယင်းကျောင်းသည် သူ၏ စားပွဲခုံအပေါက်ထဲမှ စာရွက်အစုံလိုက်ကို ရှာတွေ့သွားသောကြောင့် စားပွဲပေါ်တင်ကာ ဖြန့်လိုက်၏။


သူခေါင်းကိုငုံ့လိုက်ပြီးနောက် သူ၏ အကြည့်များသည် မေးခွန်းစာရွက်ပေါ်သို့ ကျရောက်သွားလေသည်။ သူသည် အပြင်ပိုင်းတွင် မေးခွန်းစာရွက်များကို ဂရုတစိုက်ဖတ်နေပုံ ပေါ်သော်လည်း သူ၏ အတွေးများသည်တော့ တခြားနေရာသို့ ပျံ့လွင့်နေလေသည်။


အရင်တစ်ခေါက်က သူ့အိမ်တွင် ယင်းကျောင်းသည် ကျင်းစစ်၏ ပြိုင်ပွဲရလဒ်များကို ကူကြည့်ပေးရန်အတွက် ကျင်းစစ်၏ မှတ်ပုံတင်ကတ်ကို ကြည့်ခဲ့လေသည်။


မွေးနေ့သည် ဇန်နဝါရီ 31 ရက်နေ့ ဖြစ်သည်ဟု ရှင်းရှင်းလင်းမှတ်မိ​လေသည်။ သို့သော် ကျင်းစစ်ကို မေးလိုက်သောအခါတွင် ကျင်းစစ်၏ ပထမဦးဆုံးတုန့်ပြန်မှုမှာ ဖေဖော်ဝါရီ 19 ရက်ပင်။


ဒါဆို ကျင်းစစ်ရဲ့ မွေးနေ့က ဖေဖော်ဝါရီ 19 မှာပေါ့...


ယင်းကျောင်းသည် ထိုရက်ကို သူ့နှလုံးသားထဲတွင် တိတ်တိတ်လေး မှတ်ထားလိုက်ပြီး အတွေးများကို ပြန်ရုတ်သိမ်းလိုက်ကာ စာရေးရာ၌သာ အာရုံစိုက်ထားလိုက်လေသည်။ 


သူသည် ကျင်းစစ်၏ နှလုံးသားထဲမှ လျို့ဝှက်ချက်ကို သိခွင့် မရသေးသော်လည်း ယနေ့တွင် မနေ့ကထက် ကျင်းစစ်၏ အကြောင်းကို ပိုသိလာပြီဖြစ်၏။ နည်းနည်းချင်းစီဖြင့် တစ်နေ့ရောက်လျှင် သူ၏စိတ်ရှည်မှုများကြောင့် ကျင်းစစ်နှင့် သူ့ကြားတွင် လျို့ဝှက်ခြားနားမှုများ ရှိတော့မည် မဟုတ်ပေ။


___


နောက်ဆုံးစာမေးပွဲ နီးကပ်လာပြီ ဖြစ်သောကြောင့် ဘာသာရပ်ဆရာများက သင်ခန်းစာများ ထပ်မပို့ချတော့ပေ။ အတန်းချိန်များတွင် အစမ်း ​ဖြေခိုင်းခြင်းသို့မဟုတ် ကျောင်းသားများအား ကိုယ်ပိုင်စာကြည့်ချိန်များ ပေးထားကြလေသည်။ ကျောင်းသားများတွင် မေးစာရာရှိလျှင် သူတို့၏ လက်များကို တိုက်ရိုက်ထောင်ကာ မေးနိုင်လေသည်။


တစ်မနက်ခင်းလုံး မေးခွန်းများအားလုံးကို ဖြေဆိုပြီးသောအခါ အတန်းသားတိုင်းသည် ဆက်တောင့်မခံနိုင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းသည် ပို၍ လူဆန်သောကြောင့် အခြားကျောင်းများကဲ့သို့ ကာယအတန်းများကို မရပ်တန့်ခဲ့ပေ။


တတိယအချိန် ပြီးသော ခေါင်းလောင်းသံကြားလိုက်ရသောအခါ တန်းခွဲ 7 မှ ကျောင်းသားများသည် စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ကြ၏။


"အစ်ကိုစစ် သွားရအောင်" 


လီကျိုးသည် သူ၏ ထမင်းစားကတ်ကို အိတ်ထဲသို့ ထည့်လိုက်ကာ ကျင်းစစ်ကို ပြောလိုက်သည်။


" နောက်အတန်းက ကာယ​အတန်းပဲ ပစ္စည်းတွေထားတဲ့ အတန်းကိုသွားပြီး ဘတ်စကတ်ဘောလုံး အရင် သွားယူရအောင်"


"အိုကေ"


ကျင်းစစ်က သူ၏ဘောပင်ကို ချလိုက်ပြီး သူ့ဘေးမှ မေးခွန်းများကို ဖြေနေသေးသော ယင်းကျောင်းကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။


" ဝူဝေ့ချန်း ကိုလည်း ခေါ်လိုက်"


လီကျိုးက နားမလည်နိုင် ဖြစ်သွားရသည် ။


" ဘတ်စကတ်ဘောကစားတာက လူသုံးယောက်လိုလို့လား"


ကျင်းစစ်က သူ၏ အကြံအစည်အရ အပြင်းအထန် တောင်းဆိုသောအခါ လီကျိုးသည် ရွေးစရာ မရှိဘဲ ဝူဝေ့ချန်းကို သွားရှာရတော့၏။


သူအတန်းမှ ထွက်ထွက်ချင်း ကျင်းစစ်သည် လီကျိုးကို ပြောလိုက်သည်။


" နောက်ပြီးရင် ငါလုပ်စရာ ရှိသေးလို့ မင်းနဲ့ မလိုက်တော့ဘူး" 


လီကျိုးမေးတာကို မစောင့်ဘဲဆက်ပြောလိုက်သည်။


" တကယ်လို့ အဲ့ဒီ အားကစားသမားကျောင်းသားတွေ မင်းကို ပြသနာရှာရင် ငါ့ကို ချက်ချင်း ဖုန်းဆက်လိုက်နော်"


ထိုအချိန်မှသာ ကျင်းစစ်သည် သူ့အား ဝူဝေ့ချန်း ကို အတင်းခေါ်ခိုင်းသည့်အကြောင်းကို နားလည်သွားလေသည်။ ဘတ်စကတ်ဘောကွင်းသို့ သူတစ်ယောက်တည်း သွားလျှင် အားကစားသမားကျောင်းသားများ လာရောက် နှောက်ယှက်ပါက မဖြေရှင်းနိုင်မည်ကို စိုးရိမ်သောကြောင့်ပင်။


"အဆင်ပြေပါတယ်" 


လီကျိုးက နွေးနွေးထွေးထွေးလေးပြုံးပြလိုက်ပြီး" ကျန့်ချွယ်ပြောတာ ကြားရတာတော့ အဲ့အားကစားသမားကျောင်းသားတွေက ကျောင်းအုပ်ကြီးဆီက အခြောက်လှန့် ခံလိုက်ရလို့ အတန်းထဲမှာပဲ စာလုပ်နေရတော့တယ်တဲ့ သူ ကျွန်တော်တို့ကို ဘယ်လိုလုပ် ပြသနာ ရှာရဲတော့မှာလဲ"


ကျင်းစစ်က ခေါင်းခါကာ ပြောလိုက်သည်။


 "ဘာပဲဖြစ်ဖြစ် ဂရုစိုက်"


သူက အနည်းငယ် စိုးရိမ်ကြောင့်ကြနေသောကြောင့် ဒုတိယနှစ် အထက်တန်း၏ သိပ္ပံ ရုံးခန်းသို့ အလျင်လိုစွာ ဝင်သွားလိုက်သည်။


၎င်းကို တွေ့သောအခါ လီကျိုးသည် ဝူဝေ့ချန်းဘက်သို့လှည့်ကာ ပြောလိုက်သည်။


 " အစ်ကိုစစ် ဘာလုပ်နေတာလဲ သူဘာလို့ အရမ်းလျို့လျို့ဝှက်ဝှက် လုပ်နေတာတုန်း"


ဝူဝေ့ချန်းက တွေးဆဆဖြင့် ပြောလိုက်သည်။


 " ပြိုင်ပွဲကိစ္စဖြစ်မယ် ထင်တယ် မင်းလည်း မတွေ့တာမှ မဟုတ်တာ အစ်ကိုစစ်က အခုရက်ပိုင်း အတန်းထဲမှာပဲ အချိန်ကုန်နေတာကို"


လီကျိုးက ခေါင်းငြိမ့်လိုက်သည်။


 " ဟုတ်လောက်မယ် " 


ထပ်မတွေးနေတော့ဘဲ သူသည် ဝူဝေ့ချန်းနှင့်အတူ ပခုံးချင်းယှဥ်ကာ လှေကားပေါ်မှ ဆင်းသွားတော့သည်။


___


အတန်းပြီးဆုံးချိန် ဖြစ်သောကြောင့် အချိန်ဆွဲကာ အီရောအီရော လုပ်နေသော ဆရာများမှအပ အခြားဆရာများသည် ရုံးခန်းသို့ ပြန်ရောက်နေကြပြီ ဖြစ်၏။


ကျင်းစစ် တံခါးဖွင့် ဝင်လိုက်သည်နှင့် သူသည် ဆရာလျိုကို ဦးစွာ နှုတ်ဆက်လိုက်ပြီး ကျောက်ဖုန်၏ စားပွဲသို့ သွားကာ ပြောလိုက်သည်။


"ဆရာကျောက် ကျွန်တော် ဆရာနဲ့ လုပ်စရာလေးရှိလို့"


ငါးမိနစ် ကြာသောအခါ ကျင်းစစ်သည် သူ့အိတ်ကပ်ထဲရှိ ဆရာများ၏ ထမင်းစားခွင့်ကတ်ပြားနှင့်အတူ ရုံးခန်းထဲမှ ထွက်လာလေသည်။


အမှန်စင်စစ်တွင် ဆရာများ၏ ကန်တင်းသည်လည်း အရမ်းမကောင်းပေ။ ကျောင်းသားများ၏ ကန်တင်းထက် ပိုကောင်းသည်မှာ မီနူးကို ကြည့်ကာမှာယူနိုင်ပြီး တန်းစီစောင့်စရာ မလိုပေ။ 


နိုင်ငံ့လေ့ကျင့်ရေးဝင်ခွင့်အတွက် ဖိုင်နယ်ပြိုင်ပွဲ မတိုင်ခင် အတောအတွင်းတွင် ကျင်းစစ်သည် ကျောက်ဖုန်၏ စောင့်ရှောက်မှုအောက်၌ရှိပေ၏။