အပိုင်း၇၂
Viewers 14k

Chapter 72

Chapter 72


ယင်းကျောင်းက သူ့ကို အလျင်စလို မလုပ်ဘဲ သူ၏ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။


သူ့၏ နှာခေါင်းနားတွင် အနံ့ဖျော့ဖျော့လေးကို ရနေပြီး ၎င်းသည် သူဆီကလား ကျင်းစစ်ဆီလား မသိပေ။ ထိုအပြင် လှမ်းထားသော အဝတ်စများဆီမှ ဆပ်ပြာနံ့ ပြင်းပြင်းကိုလည်း ရနေလေသည်။


ယင်းကျောင်းသည် သူတို့နှစ်ယောက်လုံးဆီမှ တူညီသော အနံ့ကို ရှုလိုက်မိပြီးနောက် သူ့နှလုံးသားသည် ပျော့ပျောင်း နူးညံ့သွား၏။


သူက ထပ်မေးလိုက်သည်။


" ကိုယ့်ကို သဘောကျလား"


အချိန်အတော်ကြာပြီးနောက်မှ ကျင်းစစ်က ဖြေးညှင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။


ယင်းကျောင်း၏ နားများမှာ တဖြည်းဖြည်း နီရဲလာသည်။


သူ၏ လည်စေ့က လှုပ်ရှားသွားပြီး အသက်ကို အောင့်ထားလိုက်ကာ ထပ်မေးလိုက်မိ၏။


" မင်းအခု ချစ်သူကောင်လေး လိုချင်လား"


ကျင်းစစ်၏ နှလုံးသားသည် တုန်ယင်နေပြီး အလင်းရောင် မှိန်မှိန်အောက်တွင် သူ၏ ရှက်ရွံ့မှုများကို ထိန်းချုပ်လိုက်ပြီး ခေါင်းမော့ကာ ယင်းကျောင်းကို ကြည့်လိုက်သည်။


သူသည် ကြည့်ကောင်းပြီး ပြုံးမနေချိန်တွင်ပင် အနည်းငယ်အေးစက်သော ရန်လိုသည့်ပုံစံဖြင့် ကြည့်ကောင်းလေသည်။ ထိုအခိုက်အတန့်တွင် ယင်းကျောင်းသည် သူ့ကို မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေပြီး အဖြေကို စောင့်မျှော်နေ၏။


အမြဲတမ်းစဥ်းစားဆင်ခြင်နိုင်သော ကျင်းစစ်သည် ပထမဆုံးအကြိမ်အဖြစ် ဘာလုပ်ရမည်ကိုမသိ ဖြစ်သွားရသည်။


ချစ်သူကောင်လေး လိုချင်လားတဲ့...


ဒါပေမဲ့ အခု သူ့မှာ ဘာမှ မရှိဘူးလေ နောက်တပ်စာသင် နှစ်ဝက်အတွက် ကျောင်းလခတောင် အလုံအလောက် မရှိဘူး...


သူ ယင်းကျောင်းကို သဘောကျတယ်...အရမ်း အရမ်းကိုသဘောကျတယ်...။ 


ခေါက်ဆွဲဆိုလျှင် သူယင်းကျောင်းကို အကောင်းဆုံး သက်ရှည် ခေါက်ဆွဲသာပေးချင်သည်။ 


ထို့ကြောင့် သူ ယင်းကျောင်းနှင့် စောစောစီးစီးအချိန်မကုန်ဆုံးချင်သေးပေ။ 


အနည်းဆုံး သူ အကောင်းဆုံး တက္ကသိုလ်သို့ ဝင်ခွင့် ရပြီး အလားအလာကောင်းသော အနာဂါတ်ဖြင့် လူနှစ်ယောက်ကို တာဝန်ယူနိုင်သော အစွမ်းအစ ရှိသည့်အချိန်အထိ စောင့်ဆိုင်းရန်လိုအပ်ပေမည်။ 


သို့သော် ယင်းကျောင်း၏ မျှော်လင့်နေသော အကြည့်များအောက်တွင် ကျင်းစစ်၏ အကြံအစည်များနှင့် ဆင်ခြင်တုံတရားများက သဲလွန်စပင် မကျန်အောင် ပျောက်ကွယ်သွားရသည်။


ဒီတစ်ကြိမ်တည်းပါပဲ...သူတွေးလိုက်မိ၏။


သူ့ ဘဝတစ်လျှောက်လုံးတွင် ယခုတစ်ကြိမ်တည်းသာ စိတ်လိုက်မာန်ပါ လုပ်မည် ဖြစ်သည်။


သူ ကြိုးစား၍ စာလေ့လာမည်ဖြစ်ပြီး သူ့ကိုယ်သူ ပို၍ ကောင်းအောင် ကြိုးစားပေမည်။ တစ်နေ့တွင် သူက ယင်းကျောင်း လိုအပ်သမျှကို ပေးနိုင်၊ထောက်ပံ့နိုင်တဲ့သူမျိုးဖြစ်ရမည်။


" ရပါတယ် " 


ယင်းကျောင်းက သူ့ကိုယ်သူ တည်ငြိမ်သည့် ပုံပေါက်အောင် အသက်ပြင်းပြင်း ရှူလိုက်ရသည်။ 


ကျင်းစစ်၏ အတွေးများကို သူနားလည်၏။ သူ့ ဘဝတွင် ထိုကဲ့သို့ကောင်းသောသူ ရှိပါက သူသည် ဘယ်လောက်ကြာကြာစောင့်နိုင်ပေသည်...။


ယင်းကျောင်း၏ မျက်စံအိမ်က ရုတ်တရက် ကြုံ့သွားသည်။


အပြာရောင် အဝတ်စသည် လေတိုက်ခံလိုက်ရချိန်တွင် သူ့မျက်လုံးများက ရုတ်တရက် တောက်ပသွားလေသည်။ ဆောင်းတွင်း၏ ရှားရှားပါးပါး နေသာသော နေ့လေးတွင် ကျင်းစစ် ခေါင်းငြိမ့်လိုက်တာကို သူတွေ့လိုက်ရ၏။


သူတို့နှစ်ယောက် အတန်းသို့ ပြန်လာကြသောအခါ နေ့လည်စာစားချိန်ပင် ရောက်ခါနီးနေပြီဖြစ်သည်။


တစ်လမ်းလုံးတွင် ကျင်းစစ်၏ မျက်နှာပေါ်မှ နီရဲနေမှုက ပျောက်ကွယ်မသွားပေ။ သူက ထိုင်ခုံတွင် ထိုင်လိုက်သောအခါ ခုံပေါ်တွင် တစ်ခါမျှ မှောက်မအိပ်ဖူးသော သူသည် ပထမဆုံးအကြိမ်အဖြစ် လှဲလိုက်မိသည်။


ယင်းကျောင်းက သူ၏ မျက်နှာချင်းဆိုင်တွင် ဖြစ်၏။


ယင်းကျောင်း၏ နှုတ်ခမ်းထောင့်စွန်းများမှာ ထိန်းမရနိုင်စွာ မြင့်တက်သွားပြီး တကယ်ကို ပျော်နေပုံပေါ်သည်။


သူသည် ပျော်လွန်းသောကြောင့် ဖုန်သာ့တူ ၏ ချိုကိုပင် ကိုင်ချင်နေပြီး နိုင်ငံ၏အလံတော်အောက်တွင် ရပ်ကာ ကျင်းစစ်က သူ့ကောင်လေး ဖြစ်ကြောင်း ကြေငြာချင်နေသည်။ ကျင်းစစ်အနားသို့ ကပ်ချင်နေသော ပျားနှင့် လိပ်ပြာလေးများကို ပြောပြလိုက်ချင်မိ၏။


သို့သော် သူ လုပ်လို့မရပေ။ သူသည်းခံရန် လိုအပ်ပေသည်။ ပြင်းပြင်းထန်ထန် သည်းခံရပေမည်။  


ယင်းကျောင်းသည် ကျင်းစစ်၏ လက်ကို ထိုင်ခုံအောက်တွင် အချိန်အတော်ကြာသည်အထိ တည်ငြိမ်စွာ ကိုင်ထားလိုက်သည်။ သို့သော် သူတောင့်မခံနိုင်ပေ။ သူ့အခြားလက်ဖြင့် ဖုန်းကို ထုတ်ကာ wechat groupကို ဖွင့်လိုက်ပြီး စတင် စာရိုက်လိုက်သည်။


[ကျောင်း] : ငါတော့ ဒီgroupက ထွက်သင့်ပြီ ထင်တယ်


ဟယ့်ကျိုးနှင့် အခြားသူများသည် ၎င်းကို တွေ့သောအခါ သူတို့သည် နားလည်ရခက်စွာ အချင်းချင်းကြည့်လိုက်မိကြပြီး လျို့ဝှက်စွာ တိုးတိုးလေး ဆွေးနွေးကြလေသည်။


ဟယ့်ကျိုး : " မင်းတို့ နှစ်ကောင် သူ့ကို သွားရှုပ်မိသေးလား"


ကျန့်ချွယ်က မှားယွင်းစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရသည်။


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ လူအိုကြီးဖန်ကနေ့တိုင်း စကားတစ်လုံးမှ မပြောဘဲ တိတ်ဆိတ်နေတာလေ...ငါကဘာလုပ်နိုင်မှာတဲ့လဲ နောက်ပြီးတော့ သူက စာလုပ်ရင်လုပ် မဟုတ်ရင် ကျင်းစစ်ကို ကပ်နေတာလေ သူဘယ်လိုပုံလဲ ဆိုတာတောင် မမှတ်မိချင်တော့ဘူးရယ်..."


ဟယ့်ကျိုး : " ဒါဆို ဘာလို့ သူက ရုတ်တရက်ကြီး ရူးသွားတာလဲ" 


ကျန့်ချွယ်သည် wechat ကို ဂရုမစိုက်သလိုပင် ဖွင့်လိုက်ပြီး ပြောလိုက်သည်။


"ဘယ်သိမတုန်း မေးကြည့်လိုက်မယ်လေ"


[ကျန့်ချွယ်က မမှန်ဘူး] : ဘာဖြစ်လို့လဲ အစ်ကိုကျောင်း...


[ကျောင်း] : ငါ မင်းတို့နဲ့ အခု အဆင်မပြေလောက်တော့ဘူး


[ဖန်ချန်းချန်း] : ??


[ဦးလေးဟယ့်] : မဟုတ်သေးပါဘူး ဘာကို ပြောချင်တာလဲ...မင်း လူစကား ပြောလို့ မရဘူးလား...


[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုကျောင်း အစ်ကို အာရုံစိုက် ခံချင်လို့လား...


[ကျောင်း] : ငါတို့ကြားမှာ ကွာဟချက်ရှိတာကို နားမလည်ဘူးလား...ဘယ်ဘက်မှာ မင်းတို့က တစ်ကိုယ်တည်း သမားတွေ ညာဘက်မှာကတော့ ငါနဲ့ ငါ့ကောင်လေးလေ


[ကျန့်ချွယ်က မမှန်ဘူး] : ...


[ဦးလေးဟယ့်] : ...


[ဖန်ချန်းချန်း] : ...


[ဦးလေးဟယ့်] : ဟီးဟီး မင်းက ကောင်လေး ရသွားတယ် ဟုတ်လား ကျင်းစစ်ကို တစ်ဖက်သတ် ရသွားတာကို ပြောချင်တာလား


ယင်းကျောင်းသည် ကျင်းစစ်၏ လက်ကို ဖြေးဖြေးလေးခါလိုက်ပြီးနောက် သူ့မျက်နှာပေါ်မှ အပြုံးက ပိုမို နက်ရှိုင်းလာကာ စာဆက်ရိုက်လိုက်သည်။


[ကျောင်း] : တစ်ဖက်သတ် မဟုတ်ဘူး နှစ်ဖက်စလုံးကကြိုက်တာ


နောက်ကွယ်တွင် ဟယ့်ကျိုးနှင့် တခြားလူများသည် သူတို့၏ ဖုန်းများပင် မြေပြင်ပေါ်သို့ လွတ်ကျသွားကြတော့၏။


"ဖာခ့်" 


ဟယ့်ကျိုးသည် မထိန်းနိုင်စွာ ဆဲရေးလိုက်ပြီး တစ်ခုခု ပြောချင်ပေမဲ့ ကျင်းစစ်ထံသို့ အကြည့်ရောက်သွားသောအခါ သူ့ပါးစပ်မှ ထွက်ခါနီးစကားလုံးများကို ပြန်လည် မြိုချလိုက်ရသည်။ သူ့ ဖုန်းကို ကောက်လိုက်ကာ group ထဲတွင် စာပြန်လိုက်သည်။


[ဦးလေးဟယ့်] : တကယ်ကြီးလား ? ? ?


[ကျန့်ချွယ်က မမှန်ဘူး] : အမှန်လား အမှားလား...ငါတော့ မယုံဘူး...


[ကျောင်း] : ဘာလို့ ငါလက်တစ်ဖက်တည်းနဲ့ စာရိုက်နေလဲ သိလား...ဘာလို့လဲဆိုတော့ တခြားလက်တစ်ဖက်က ငါ့ကောင်လေးလက်ကို ကိုင်ထားလို့လေ...


[ကျောင်း] : ကောင်းပြီ ငါမင်းတို့ကို ပြောမနေတော့ဘူး ငါ့ဖုန်းအားက 99% ပဲကျန်တော့တယ် ငါကောင်လေးနဲ့ ထိတွေ့နေဖို့လည်း လိုသေးတယ်လေ...သိတယ်မလား...


[ကျန့်ချွယ်က မမှန်ဘူး] : ...


[ဦးလေးဟယ့်] : ...


[ဖန်ချန်းချန်း] : ...


ဟယ့်ကျိုးသည် စိတ်တိုလွန်းလို့ ယင်းကျောင်း၏ ခေါင်းကို ဖုန်းဖြင့်ပင် ပစ်ပေါက်တော့မတတ်ပင်။


" ဖာခ့် သူ ရူးနေတာလား ! "


ကျန့်ချွယ်သည် သူ့ဖုန်း၏ မျက်နှာပြင်ကို ကယောင်ကတန်း စိုက်ကြည့်နေရင်း ရေရွတ်လိုက်မိသည်။ 


" အစ်ကိုစစ်ကို သနားလိုက်တာ ငယ်ငယ်ရွယ်ရွယ်နဲ့ မမြင်နိုင်ရှာတော့ဘူး ဒီလို လူရမ်းကားကို ကြိုက်ရတယ်လို့"


ဖန်ချန်းချန်းက အမူအရာမဲ့စွာ ပြောလိုက်သည်။


" အစတည်းက အဲ့ဒီလိုပဲလေ"


ဟယ့်ကျိုးနှင့် ကျန့်ချွယ်သည် အတော်ကြာတိတ်ဆိတ်နေပြီး အမှန်တွင် ယင်းကျောင်းကို အရင်စ၍ ပိုးပန်းခဲ့သည်မှာ ကျင်းစစ် ဖြစ်ကြောင်း သတိရသွား၏။


ဘာကြောင်မှန်းမသိပေမဲ့ ယခုကျင်းစစ်နှင့် အတိတ်က ကျင်းစစ်သည် နှိုင်းယှဥ်၍ပင် မရနိုင်အောင် မတူညီကြပေ။


ဟယ့်ကျိုးသည် ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။ 


" မေ့လိုက်တော့ အဲ့ဒါ ငါတို့ကိစ္စ မဟုတ်ဘူး group chat ကို မနှောက်ယှက်ရ mood on ထားလိုက်ကြရအောင်"


သူတို့အတူ မတွဲသေးတုန်းကတောင် သူတို့က နေ့တိုင်း ခွေးစာ ကျွေးနေတာ အခု သူတို့က တွဲနေကြပြီ !


ထိုစကားလုံးကြောင့် အိမ်မက်နိုးသွားကြသူများကဲ့သို့ ကျန့်ချွယ်နှင့် ဖန်ချန်းချန်းတို့သည် ရုတ်တရက် group chat ကို ဖွင့်လိုက်ကာ ရက်စက်စွာ အညှာအတာ မရှိစွာဖြင့် " မနှောက်ယှက်ရ" mood ကို onလိုက်ကြတော့သည်။


ပထမဆုံးချစ်သူ ဖြစ်သည့်နေ့တွင် ယင်းကျောင်းသည် ကျင်းစစ်နှင့်အတူတူ ရှိနေနိုင်မည်ဟု ထင်ခဲ့သော်လည်း နေ့လည်စာစားချိန် ပြီးဆုံးသွားသည်နှင့် ကျောက်ဖုန်သည် ကျင်းစစ်ကို ခေါ်ကာ ပြိုင်ပွဲ လျို့ဝှက်မေးခွန်းများကို ရခဲ့သည်ဟု ပြောရင်း သူတို့သုံးယောက်အား ပြိုင်ပွဲအတန်းသို့သွားရန် ပြောလာ၏။


ကျင်းစစ်သည် နေ့လည်က ခုံပေါ်တွင် လှဲနေသော်လည်း အိပ်မပျော်သည့်အပြင် သူ၏ အသိစိတ်များကိုပင် ပြန်မရသေးပေ။


ငါ တကယ် ယင်းကျောင်းနဲ့ စတွဲနေပြီလား...


ငါ့မှာ ကောင်လေး ရှိသွားပြီလား...


ကျင်းစစ်သည် ချစ်သူရည်စားဆက်ဆံရေးတွင် မည်သို့ ပြုမူရမည်ကို မသိပေ။ သူ့တွင် အတွေ့အကြုံလည်း မရှိခဲ့ပေ။ သို့သော် သူသည်လည်း ယင်းကျောင်း သူ့အပေါ်တွင် ကောင်းသလိုမျိုး ပြန်ကောင်းနိုင်ရန် အကောင်းဆုံးကြိုးစားမည်ပင်။


ကျင်းစစ်၏ နှုတ်ခမ်းထောင့်စွန်းလေးများက အနည်းငယ် မြင့်တက်သွားပြီး လွင့်ပျံနေသော အတွေးများကို ဖယ်ရှားလိုက်ကာ မေးခွန်းများကို စိတ်နှစ်၍ စတင် ဖြေဆိုလိုက်၏။


မေးခွန်းစာရွက်ပေါ်တွင် မေးခွန်း သုံးပုဒ်သာ ရှိသော်လည်း ဖြေဆိုချိန်သည် လေးနာရီခွဲ ကြာသည်။ ဖြေဆိုပြီးသောအခါ စာရွက်များကို စုဆောင်းပြီးသည့်အခါ ညနေစာစားချိန်ပင်ရောက်တော့ပေမည်။


ကျင်းစစ်နှင့်ကျိုးချောင်သည် ကန်တင်းသို့ အတူသွားလိုက်ကြသည်။ သူတို့စားသောက်ပြီးချိန်တွင် သူတို့ ထိုင်ရန်နေရာရှာလိုက်ပြီးနောက် ခေါင်းလောင်းက လေးချိန်မြောက်အတွက် မြည်လေသည်။


"ပြိုင်ပွဲအတန်းလေးထဲမှာ ရှိရတာလဲ ကောင်းပါတယ်" 


ကျိုးချောင်က သက်ပြင်းချလိုက်သည်။


" အနည်းဆုံးတော့ အစာစားဖို့ တန်းစီပြီး လုစရာ မလိုတော့ဘူးပေါ့ အစ်ကိုစစ်ရော ဘယ်လိုထင်လဲ"


"အင်း" 


ကျင်းစစ်က စားနေရင်း အတန်းကို ဘယ်အချိန်ပြန်ရမည်ကို တွေးနေမိသည်။


ယင်းကျောင်း ဒီနေ့အတွက် မေးခွန်းတွေ အများကြီး ဖြေပြီးလောက်ပြီထင်တယ်...


ဘာဖြစ်နေမှန်း မသိပေ။ သူ ယခင်က ၎င်းကို လုပ်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် ကျင်းစစ် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ အစားစားပြီးသည်အထိ သူ့မှာ ဆုံးဖြတ်ချက်မချရသေးပေ။ 


"အစ်ကို အတန်းကို ပြန်မှာလား" 


ကျိုးချောင်သည် ပန်းကန်ပြားကို ဆေးကြောရန်နေရာတွင် ထားလိုက်ပြီး ကျင်းစစ်အား မေးလိုက်သည်။ 


" ပြန်ပြီး လွယ်အိတ်တွေကို ယူရဦးမယ် အဲ့ဒါမှ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးရင် အဆောင်ကို တန်းပြန်လို့ရမှာ"


တခြားတစ်ယောက်ပါနေသောကြောင့် ကျင်းစစ်၏ ရှက်ရွံ့မှုများက အတော်လေး ပျောက်ကွယ်သွားသည်။ 


သူကခေါင်းငြိမ့်ပြလိုက်ပြီး " ပြန်မှာ"


သူတို့နှစ်ယောက် ကန်တင်းမှ ထွက်လာချိန်တွင် ကျင်းစစ်၏ ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ သူ အမြန် ထုတ်ကြည့်လိုက်သောအခါ ကျန့်ချွယ် ဖြစ်နေတာကို တွေ့လိုက်ရသည်။


[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုစစ် အစ်ကိုကျောင်းနဲ့ အတူတူရှိနေတာလား...


[ကျင်း] : မရှိပါဘူး ဘာဖြစ်လို့လဲ...


ယင်းကျောင်းနှင့် အခြားသူများသည် ညနေစာကို မှာစားကြသည်။ ထို့ကြောင့် သူတို့မြန်မြန် စားနိုင်လေသည်။ မှာစားထားသောဘူးကို လွှတ်ပစ်ပြီးနောက် ကျန့်ချွယ်သည် သူ၏ ဖုန်းကို ချက်ချင်းထုတ်လိုက်ကာ ဟယ့်ကျိုးနှင့် ဖန်ချန်းချန်းကို ဂိမ်းကစားရန် ဖိတ်ခေါ်လိုက်သည်။ 


စာသင်နှစ်ဝက်၏ အဆုံးတွင် ဆရာသည် သူတို့ကို အနီးကပ်စောင့်ကြည့်နေသောကြောင့် သူ့ ဖုန်းကို မကိုင်ရဲသည့်အတွက် သူ၏ ဂိမ်းမှ အဆင့်များသည် ထိုးကျသွား၏။


ကျန့်ချွယ်နှင့် အခြားသူများအပါအဝင် စုစုပေါင်း သုံးယောက်သာ ရှိသည်။ လေးယောက်ကစားသည့် ပြိုင်ပွဲအတွက် အခြား အသင်းဖော်တစ်ယောက်ကို လိုအပ်နေသည်။


သူသည် ယနေ့တွင် ကံဆိုးမည်ကို မသိခဲ့ပေ။ ဂိမ်းသုံးပွဲ ကစားပြီးသောအခါ သူတို့သည် လူသစ်ကလေးများနှင့် တွဲပေးခံရသောကြောင့် သူတို့၏ အဆင့်များမှာ မမြင့်ရုံသာမက ပို၍ပင် ကျသွားတော့သည်။


ကျန့်ချွယ်မှာ အလွန် စိတ်တိုနေသောကြောင့် သူ့ ဦးရေပြား ကျွတ်သွားသည်အထိပင် ကုတ်လိုက်မိသည်။ ထို့ကြောင့် ယင်းကျောင်းကို သူတို့နှင့်အတူ တိုက်ခိုက်ကာ တွဲဆော့ပေးရန် ခေါ်ချင်လေသည်။ သို့သော် ယင်းကျောင်း ဘယ်သွားသည်ကို မသိသောကြောင့် wechat မှသာ မက်ဆေ့ချ်များကို ပို့လိုက်သော်လည်း ပြန်စာမရပေ။


ကျန့်ချွယ်သည် ကျင်းစစ်ကို သွားရှာသည်ဟု ထင်ခဲ့သော်လည်း သူမေးကြည့်လိုက်သောအခါ ရှိမနေပေ။ 


သူက အဆင်ပြေကြောင်း ပြောရန် မက်ဆေ့ချ်ပို့တော့မည့်အချိန်တွင် ယင်းကျောင်း၏ ဖုန်းအားသည် 99% တောင် ကျန်သေးတာကို သတိရလိုက်သည်။


အဲ့လူက တမင်တကာ သူ့ကို စာမပြန်တာများလား...ပြောမရဘူး သူက တကယ် အဲ့လိုလုပ်နိုင်တယ်...


ကျန့်ချွယ်သည် နောက်ဘက်သို့ မှီလိုက်ပြီး ဘာဖြစ်နေမှန်းသိရအောင် ရှာဖွေရန် လုပ်လိုက်သည်။


[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုစစ် ကျွန်တော့်ကို ကူညီပါဦး အစ်ကိုကျောင်းကို jjc ကိုသွားတာလားလို့ မေးပေးပါ့လား


သူသည် အာရီနာ ဂိမ်းကို ဆော့ရန် ဟုတိုက်ရိုက် မပြောရဲပေ။ ကျင်းစစ်သည် သူက ယင်းကျောင်းအား ဂိမ်းကစားရန် သွေးဆောင်ဖျားယောင်းနေသည်ဟု ထင်သွားမည် စိုးသောကြောင်ပင်။ ထို့ကြောင့် သူက တမင်တကာ ဂိမ်းကို အတိုချုံးကာ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုမှသာ ကျင်းစစ် နားမလည်နိုင်မည်ဖြစ်သည်။ 


[ကျန့်ချွယ်က မမှန်ဘူး] : ခုနက ကျွန်တော် သူ့ကို မေးသေးတယ် သူက စာမပြန်ဘူး သူကစာပြန်ရမှာ ပျင်းလို့လား ဒါမှမဟုတ် မတွေ့သေးတာလား မသိဘူး ကျွန်တော် အလျင်လိုနေလို့ပါ ကူပြီး မေးပေးပါနော် သူက အစ်ကို့ မက်ဆေ့ချ်ကို ဆိုရင် တွေ့တာနဲ့ ချက်ချင်း စာပြန်မှာ


ကျန့်ချွယ်က ... ဘယ်လိုလုပ် ယင်းကျောင်းက သူ့မက်ဆေ့ချ်ကို တွေ့တာနဲ့ စာပြန်မယ်လို့ ကျန့်ချွယ်က သိနေတာလဲ...


ကျင်းစစ်၏ ပါးများသည် အနည်းငယ် ပူနွေးသွားရသည်။ jjc က ဘာလဲဟုပင် မေးရန်မေ့သွားပြီး ချက်ချင်း သဘောတူလိုက်သည်။


[ကျင်း] : အိုကေ


ယင်းကျောင်း၏ ပုံကို နှိပ်လိုက်ပြီး ကျန့်ချွယ် ပြောသည့်အတိုင်း မက်ဆေ့ချ် ပို့လိုက်သည်။


[ကျင်း] : ကျန့်ချွယ်က မင်း jjc ကိုသွားတာလားတဲ့ မေးခိုင်းလို့


အထက်တန်းကျောင်း၏ သိပ္ပံ ရုံးခန်းတွင် ယင်းကျောင်းသည် တံခါးဖွင့်လိုက်ကာ အဆောင် ပြောင်းလဲခြင်း လျောက်လွှာ စာရွက်ဖြင့် လျှောက်ထွက်လာလိုက်သည်။ သူ့ခေါင်းကို ငုံ့လိုက်ကာ သူမေးခွန်းဖြည့်ရန် နေရာများကို ကြည့်လိုက်ပြီးနောက် တခစ်ခစ်ရယ်ကာ အကြိမ်ရေများစွာ တုန်ခါနေသော ဖုန်းကို ထုတ်ကြည့်လိုက်သည်။


ယင်းကျောင်းသည် wechat ကို ဖွင့်လိုက်ပြီး ကျင်းစစ်၏ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။ထို့နောက် အောက်ဖက်မှ ကျန့်ချွယ်၏ မက်ဆေ့ချ်ကိုလည်း တွေ့လိုက်ရလေသည်။ ကျန့်ချွယ်သည် သူ့ကို ရှာမတွေ့သောကြောင့် ကျင်းစစ်ကို တမင်တကာ မေးခိုင်းခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည် သွား၏။


ကျန့်ချွယ်က ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ခြင်း မဟုတ်သော်လည်း သူသည် ကောင်းမွန်သောအရာကို ရှားရှားပါးပါး လုပ်ခဲ့လေသည်။


ယင်းကျောင်းသည် မျက်နှာပေါ်မှ အပြုံးလေးဖြင့် စားပြန်လိုက်၏။


[ကျောင်း] : jjc ?


ကျင်းစစ်က ချက်ချင်း စာပြန်လာသည်။


[ကျင်း] : ဟမ်


ယင်းကျောင်းသည် စိတ်အခြေအနေကောင်းနေသောကြောင့် လေချွန်လိုက်ပြီး သူ့လက်ထဲမှ အဆောင်အခန်းပြောင်းလဲရန် လျောက်လွှာကို ကြည့်လိုက်ပြီး စာရိုက်လိုက်သည်။


[ကျောင်း] : 18 စင်တီမီတာ


[ကျောင်း] : မင်း ပစ္စည်းတွေကို လာပြီး စစ်ဆေးချင်သေးလား


_____


စာရေးသူမှာ ပြောစရာ ရှိတယ်~


ပြဇာတ်ရုံငယ်ထဲတွင် ~


ယင်းကျောင်း : အရမ်းကောင်းတယ် ကျင်းစစ်က အခု ငါနဲ့ အတွင်းကျကျ စကားတွေပြောဖို့ အဆင်သင့်ဖြစ်နေပြီ


(Eng T/n : jjc ဆိုတာ စကားပုံ တစ်ခုလို့ ထင်တယ် ဒါပေမဲ့ မှန်ရဲ့လားတော့ မသေချာဘူး)


_____


Translated By IQ-Team.