Chapter 70
Viewers 9k

အပိုင်း(၇၀)


"အား!" လင်ရှန်း သူမအိမ်မက် မက်နေရာကနေပြီးတော့ မျက်ရည်ရွှဲလဲဖြင့် လန့်နိုးလို့လာခဲ့ပါတယ်. သူမတစ်ကိုယ်လုံးလဲ ချွေးစီးတွေဖြင့် ရွှဲရွှဲစိုနေတော့သည်။


"တစ်ခုခုဖြစ်လို့လား။ ဘာဖြစ်တာလဲ။ သူခိုးကပ်နေလို့လား။ မီးလောင်လို့လား။ ရေကြီးလို့လား။ ငလျင်လှုပ်တာလား။ ကျွန်တော်မျိုးမတို့ ထွက်ပြေးရတော့မလားဗျို့!!!!" ရှောင်လုက လင်ရှန်းအော်သံကြောင့် လန့်နိုးလာခဲ့ကာ အခန်းအပြင်ဘက်သို့ တုန်လှုပ်နေသည့် မြင်းပျံတစ်ကောင်လိုမျိုး ပျံထွက်သွားလိုက်ခဲ့သည်. သူမ စိတ်အေးအေးလူလူဖြစ်သွားဖို့ရာ ခေတ္တမျှအချိန်ယူလိုက်ရကာ လင်ရှန်းကိုစစ်ဆေး ကြည့်ရှုလိုက်ခဲ့သည်။


ရှောင်လုက လင်ရှန်းတစ်ယောက် မျက်လုံးအပြူးသားနဲ့ ငုတ်တုတ်ထထိုင်လျက်နဲ့ ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်နှာအမူအရာဖြင့် ငေးတိငေးကြောင်စွာ သူမကို စိုက်ကြည့်နေတာကို သတိထားမိသွားတယ်. လင်ရှန်းရဲ့နံဖူးပေါ်တွင်တော့ ချွေးသီးချွေးပေါက်များ သီးခဲနေလေသည်။


"ဟူး......" ရှောင်လုက သက်သာရာ ရသွားတဲ့ သက်ပြင်းရှည်တစ်ချက် ချလိုက်ခဲ့ကာ- "သခင်ရယ်.. သခင် အိမ်မက် မက်နေတာမို့လား။ သခင်ခြောက်လိုက်တာလေ ကျွန်တော်မျိုးမတော့ သေလုမတတ်ဖြစ်သွားတော့တာပဲ....." သူမက လင်ရှန်းကိုယ်ပေါ်သို့ ခြုံစောင်ကို ပြန်လွှမ်းခြုံပေးရန် လင်ရှန်းထံသို့ သွားလိုက်ခဲ့သည်. သို့ပေမယ့် သူမ နီးကပ်သွားသည့်အခိုက်တွင် လင်ရှန်းက သူမလက်ကောက်ဝတ်ကို ဖမ်းဆုပ်ကိုင်လိုက်ခဲ့သည်။


"ရှောင်လု..၊ လိန်ဖန်ကို ငါစိတ်ပူလိုက်တာ"


ရှောင်လုက ရယ်မောလိုက်ကာ- "အားရား.. သခင်ရယ်! အရာရှိလိန်သွားတာမှ နှစ်ရက်တည်းပဲရှိသေးတာကို သခင်က ဒီလိုတွေတောင် ဖြစ်နေပြီလား၊ အရာရှိသာ သိရင်တော့လေ သူ သခင့်ကို ရယ်သွမ်းသွေးနေလိမ့်မယ်နော်"


အံ့ဩစရာကောင်းတာက လင်ရှန်းက ချေပချက်တစ်ခုမှ ပြန်ပြီးမပြောခဲ့ပေ. အဲဒီအစား သူမက အိပ်ရာကနေ ကောက်ထလိုက်ပြီးတော့- "အဲဒါက အဲလိုမျိုး မဟုတ်ဘူး၊ ငါ့ ရင်တွေ တုန်နေတယ်၊ ငါ အပြင်ထွက်ပြီးတော့ လမ်းလျှောက်လိုက်အုံးမယ်၊ ငါ့ နောက်လိုက်မလာခဲ့နဲ့!" ပြီးနောက် ရှောင်လု ပြန်တုန့်မပြန်လိုက်ခင်မှာပဲ လင်ရှန်းက အပြင်ဝတ်ရုံကို သူမကျောပေါ်သို့ လွှမ်းလိုက်ပြီးတော့ အခန်းအပြင်သို့ ထွက်သွားခဲ့လိုက်သည်။


..........


မိုးရွာသွန်းမှုက နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပါတယ်။


လင်ရှန်းက သူမအိပ်မက် မက်မှုကနေပြီးတော့ လေထဲကအထုံးတစ်ခုထဲကို ကူးပြောင်းလိုက်သလိုမျိုး ခံစားလိုက်ပြီး အဲဒါက ထွက်မသွားနိုင်ခဲ့ပေ. နန်းတော်ဝန်းကျင်တွင် သူမတစ်ယောက်တည်း ခြေဦးတည့်ရာ လျှောက်သွားလိုက်ခဲ့သည်. တဖြည်းဖြည်းချင်းဖြင့် သူမ စိတ်တွေ ပြန်လည်ကောင်းမွန်လာခဲ့သည်. ဒါပေမယ့်လဲ လိန်ဖန်ရဲ့ နောက်ဆုံးအမူအရာက သူမစိတ်ထဲတွင် မှတ်ထင်ရှိနေခဲ့သည်. ထိုအရာက ပျောက်ကွယ်လို့ မသွားခဲ့ပါဘူး။


'သူ အဆင်ပြေမှာပါ. အရမ်းကြီးတွေးမနေပါနဲ့! အရမ်းကြီးတွေးမနေနဲ့တော့ ဟုတ်ပြီလား?' လင်ရှန်းက သူမကိုယ်သူမ စိတ်သက်သာရာ ရသွားအောင် ကြိုးပမ်းလိုက်ခဲ့တယ်. သူ့အလိုလိုပင် သူမက ညသန်းခေါင်ယံအချိန်ကြီးတွင် ရေကန်ရှေ့တွင် ရပ်လိုက်ခဲ့သည်. ထိုနေရာက တိတ်ဆိတ်ပြီးတော့ ငြိမ်သက်နေသည်. ကောင်းကင်ယံတွင် လခြမ်းကွေးက ချိတ်ဆွဲလျက်ရှိကာ ငြိမ်သက်နေသည့် ကန်ရေပြင်ပေါ်တွင် အလင်းရောင်လဲ့လဲ့က ခပ်ရေးရေးလေး လင်းနေခဲ့သည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် ဒီအချိန်တွင်မှ ရင်းနှီးနေသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရလေသည်. မူလကတော့ သူမက ကန်ရေပြင်ကိုသာ ဗလာသက်သက် စိုက်ကြည့်နေခဲ့တာပဲ ဖြစ်သည်. ဒါပေမယ့် ရုတ်တရက် သူမ နောက်ဘက်မှ အသံဗလံတွေကို ကြားလိုက်ရသည်. လင်ရှန်း နောက်ပြန်လှည့်ကြည့်လိုက်တော့ တော်ဝင်ကိုယ်ရံတော်နှစ်ယောက်က အရက်မူးနေသည့် တုဂျင်ကို ဆွဲခေါ်လာတာကို တွေ့လိုက်ရသည်. အပျော်အပါးနေရာတွင် ပျော်ပါးနေရာမှ ပြန်ရောက်လာခဲ့တာက ရှင်းရှင်းကြီးပင်တွေးလို့ရနေသည်။


'လူတစ်ယောက်က ဘာလို့ ဒီလောက်ထိ အရှက်အကြောက်မရှိနိုင်ရတာလဲ။ ရှင့်အဖေက သေတော့မှာကို ရှင်က အပျော်အပါးမက်နေတုန်းပဲလား။ ဆန်ကုန်မြေလေးတစ်ယောက်ပဲ!


လင်ရှန်းက အားလုံးကို သူမစိတ်ထဲမှာပဲ ပြောလိုက်ပါတယ်. ဒါပေမယ့် တုဂျင်ရဲ့ မျက်လုံးစူးစူးတွေက သူမကို သတိထားမိသွားပါတယ်- "အိုး... ဒါက ကြင်ယာတော်မင်းသား မဟုတ်လား! ကျွန်တော့ကို တစ်သီးတသန့် လာစောင့်နေတာလား။ မင်းက အရက်အတူတူ‌သောက်ချင်လို့လား။ လာလေ၊ အရက်တစ်ခွက်လောက် သွားသောက်ရအောင်....."


'ဘာ? ဖူး! * အထင်သေး စက်ဆုပ်သည့်အသံဖြင့်* ဘာအကြောင်းပြချက် ရေရေရာရာမရှိဘဲနဲ့ လင်ရှန်းတစ်ယောက် သူမစိတ်ထဲတွင် အကျောမတည့်သလို ခံစားလိုက်ရသည်. သူမက တုဂျင်ကို မျက်စောင်းထိုးလိုက်ပြီးတော့ ထွက်သွားဖို့ ပြန်လှည့်လိုက်တော့သည်. ဒါပေမယ့် တုဂျင်က နောက်ကနေ လှမ်းဆွဲလိုက်ကာ- "အစ်ကို.. မသွားပါနဲ့ဦး၊ ကျွန်တော်နဲ့ အရက်လာသောက်လှည့်ပါဦး၊ အိုးဟိုး......၊ ကျွန်တော် မှားသွားတယ်....ကျွန်တော်က အစ်မလို့ ပြောသင့်တာပဲ...."


တုဂျင်က အရက်မူးလွန်နေသလို ယောင်တိယောင်ဝါး ရေရွတ်လိုက်သော်လည်း လင်ရှန်းက ချက်ချင်းပင် တုံ့ပြန်လိုက်ခဲ့သည်. သူမက သူ့ကို ထိန်းကိုင်ပေးလိုက်သည်. ကိုယ်ရံတော်နှစ်ယောက်က တုဂျင်တစ်ခုခုကို ပြောလိုက်နိုင်တာကို မကြားနိုင်ခင်တွင် သူမက ပြောလိုက်သည်.- " မင်းတို့ တတိယမင်းသားကို ငါနဲ့ ထားခဲ့လိုက်တော့၊ မင်းတို့ အခုသွားနိုင်ပြီ"


"ဒါပေမယ့်...ကြင်ယာတော်မင်းသားခင်ဗျား.. အရှင့်သားက အမိန့်ပေးထား...."


ကိုယ်ရံတော်တွေက စိတ်ရှုတ်ထွေးနေသည့် အမူအရာတွေနဲ့ကြည့်လိုက်ခဲ့သည်။


"အသုံးမကျလိုက်တာ၊ ဘာအမိန့်လဲ? မင်းတို့က တတိယမင်းသားကို ငါနဲ့တောင်မှ စိတ်ချမထားနိုင်ဘူးလား? ကြင်ယာတော်မင်းသားနဲ့တောင်မှလေ"


"ဟုတ်ကဲ့ပါ၊ ဒီအမှုထမ်းတွေ အခုပဲသွားလိုက်ပါတော့မယ်!" ကိုယ်ရံတော်နှစ်ယောက်က ကြင်ရာတော်မင်းသားနဲ့ ပြဿနာတက်မှာ စိုးထိတ်သွားတာကြောင့် တုဂျင်ကိုထားခဲ့ကာ သုတ်သုတ်ဖျာဖျာနဲ့ ထွက်သွားလိုက်တော့လေသည်။


တုဂျင်ပြောလိုက်တာကို လင်ရှန်းကြားလိုက်ရချိန်တွင်တော့ တော်ဝင်ကိုယ်ရံတော်နှစ်ယောက်က ခပ်ဝေးဝေးတောင် မရောက်သေးပေ. "မဆိုးပါဘူး၊ မင်းက ကြင်ယာတော်မင်းသားတစ်ယောက်အနေနဲ့ အကြာကြီးနေလာခဲ့တော့လဲ မင်းမှာ အစွမ်းအစလေးတစ်ချို့တစ်လေတော့ ရှိသားပဲကိုး"


ဘာကြောင့်မှန်းမသိ အရက်မူးနေသည့် တုဂျင်က သူ့ရဲ့နဂိုအခြေအနေကို တစ်ကျော့ပြန်ရောက်လာခဲ့တယ်. သူ့ကိုကြည့်ရသည်မှာ အပြုံးတစ်ပွင့်နဲ့အတူ ရယ်စရာတွေ့သွားသလိုမျိုး သူမကို မခံချင်အောင် လာဆွနေလေသည်။


"ရှင် အရက်မူးနေတာ မဟုတ်ဘူးလား" လင်ရှန်း အနည်းငယ်လေးပင် အံ့အားသင့်လို့သွားခဲ့တယ်။


"ငါ မမူးပါဘူး" တဂျင်က သူ့ကိုယ်ကို ဖြောင့်မတ်လိုက်ကာ သူ့ဆံပင်နဲ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် လုပ်လိုက်သည်. ပြီးနောက် သူက တညည်းညူပြောလိုက်တယ်.- "ဒီကောင်က သူ့ကိုယ်သူ နန်တော်ကြီးတစ်ခုလုံးကို သူပဲပိုင်သလိုမျိုး လာလုပ်နေတယ်လေ၊ ငါတို့ကို လဲ ခွေးတွေအများကြီးနဲ့ စောင့်ကြည့်ခိုင်းထားသေးတယ်၊ အား.. တော်တော်စိတ်ပျက်ဖို့ကောင်းလိုက်တာ"


"ရှင်က မင်းသားကြီးကို ပြောနေတာလား"


"အခြား ဘယ်သူ ရှိရဦးမှာလဲ"


လင်ရှန်း သူမမျက်ခုံးရိုးတွေတောင် တွန့်ခေါက်သွားတော့သည်. မင်းသားကြီး ပြန်ရောက်လာကတည်းက သူက နေရာတိုင်းမှာ အစောင့်တွေ အများကြီးချထားသည်လို့ ရှောင်လု ပြောထားတာပဲ. သူ့ရည်ရွယ်ချက်က အင်ပါရာကို ကာကွယ်ဖို့တော့ ပြောထားတာပဲ. ပြီးတော့လဲ ညအချိန်တွင် နန်းတော်ပတ်ဝန်းကျင်မှာ ပြည်သူတွေကို လွတ်လပ်စွာသွားလာဖို့ကိုလဲ ခွင့်ပြုမထားခဲ့‌ပေ။ ရှောင်လုပြောတာက အမှန်တွေပဲကိုး။


"ဟမ်း... အရမ်းညနက်နေပြီ၊ မင်းက ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေတာလဲ" တုဂျင်က ရုတ်တရက်မေးလိုက်သည်။


"ရှင့် အပူမပါ ပါဘူး!" လင်ရှန်းက သူ့ကို တုဂျင်ကို စူးရဲစွာ ပြန်ကြည့်လိုက်သည်။


" သေချာတာပေါ့ အဲဒါ ငါ့ အပူပဲလေ" တုဂျင်က စဉ်းလဲတဲ့မြေခွေးတစ်ကောင်လိုမျိုး ပြုံးလိုက်ပြီးတော့ သူ့ခေါင်းကို ငုံ့လိုက်ကာ သူမ နားနားသို့ ကပ်ခါ တီးတိုးပြောလိုက်တယ်.- "ဘာလို့လဲဆိုတော့ ငါ မင်းကို နှစ်သက်နေလို့လေ"


သူ့ အသံက သာယာနူးညံ့စွာနဲ့ စကားလုံးတွေကို ပြောထုတ်လိုက်လေသည်. ကြားရသူတစ်ဖက်သားကို စိတ်တိမ်းညွတ်လာအောင်လို့ ဆွဲဆောင်နေလေသည်. သို့သော်လည်း သူ့ရဲ့နောက်ထပ်စကားလုံးကတော့ နားထောင်နိုင်ဖို့ စိတ်ချမ်းသာဖွယ်ရာ မကောင်းတော့ချေ- "ငါတို့တွေ တွေ့ဆုံတာ ကံကြမ္မာကြောင့်ပဲ ဖြစ်ရမယ်၊ ငါ မင်းကို နှစ်သက်နေမှတော့ မင်း ဘာဖြစ်လို့ ငါ့အတွက် ကောင်းကင်ဘုံကျောက်တုံးကို စစ်ဆေးဖို့ ယူလာမပေးရတာလဲ? မင်း ဘယ်လိုထင်သလဲ"


'ဟမ်? ဖူးဟူး! လင်ရှန်းတစ်ယောက် သွေးပင် အန်ထွက်လုမတတ်ပင်. 'အောဟော ဒင်းကတော့ ဘယ်တော့မှ သင်ခန်းစာရမှာ မဟုတ်ဘူး! လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အရှက်မရှိနိုင်ရတာလဲ? ဒါ တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲမို့လား. လူသားတွေနဲ့ နတ်ဘုရားတွေတော့ ဒေါသထွက်သွားကြတော့မှာပဲ! မော်ဒန်ကမ်ဘာက အမျိုးသမီးတစ်ယောက်အနေနဲ့ အားနည်းနေတဲ့ စိတ်ကိုကာကွယ်စောင့်ရှောက်ပြီးတော့ စကြဝဏာရဲ့အမည်အောက်မှာ ရှင့်ကို အပြစ်ပေးရလိမ့်မယ်!'


"ကောင်းပြီလေ" လင်ရှန်းက ခေါင်းညိတ်ပြလိုက်သည်. "ဘာပဲဖြစ်ဖြစ် ကျွန်မလည်း အဲဒီကျောက်တုံးအစုတ်အပဲ့ကို လိုမှ မလိုတာ၊ ကျွန်မ ရှင့်ကို အဲဒီကျောက်တုံးကို ပေးလိုက်မယ်"


လင်ရှန်းက လွယ်လွယ်ကူကူနဲ့ လိုက်လျောလိုက်မယ်လို့ တုဂျင် မထင်မှတ်ထားခဲ့ပါဘူး. သူက သတိရှိစွာနဲ့ ပြောလိုက်တယ်.- "တကယ်ပြောတာနေလား"


"တကယ်ပေါ့" လင်ရှန်းက ခေါင်းညိတ်လိုက်သည်. သူမ မျက်နှာပုံပန်းကတော့ အတည်ပြောနေသည့်ပုံပင်. "ဒါပေမယ့်လည်း အလဲအလှယ်အနေနဲ့ ရှင်က ကျွန်မအတွက် မင်းသမီးကို ကူပြီးရှာပေးရမှာနော်၊ ရှင် အရင်ကလည်း ကျွန်မကို ကတိပေးထားတယ် မဟုတ်လား"


"ပြဿနာမရှိဘူး"


"ကောင်းပြီလေ၊ ရှင် ဒီကိုလာခဲ့" လင်ရှန်းက တုဂျင်ကို လက်ဝေ့ရမ်းကာ ခေါ်လိုက်သည်။


တုဂျင်က ရှေ့တိုးလာခဲ့သည်။


"ကျောက်တုံးက....ကွီစီကွစ..ဘာညာကွိက မှာ....."


"ဘာပြောတယ်"


ကျောက်တုံးက ကွီစီကွစ..ဘာညာကွိက မှာ....."


"ကျယ်ကျယ်လေး ပြောစမ်းပါ"


"ကျွန်မ ပြောမယ်! ကျောက်တုံးက _"


*ဘုန်း! လင်ရှန်းက သူမ ခြေထောက်ကိုမြှောက်လိုက်ကာ တုဂျင်အား ရေကန်ထဲသို့ ကန်ထည့်လိုက်တော့လေသည်။


"ကန်ထဲမှာ!" လင်ရှန်းက ရေနစ်သွားတဲ့ တုဂျင်ကို အော်ဟစ်ပြောလိုက်တယ်. သူ့ရဲ့ အဖိုးကြီးမားသည့် ဝတ်ရုံထည်က ရေရွှဲရွဲစိုသွားခဲ့ပြီးတော့ သူ့ဆံပင်တွေကလဲ ရှုတ်ထွေးပွေလီနေတာကို မြင်လိုက်ရတော့ လင်ရှန်းတစ်ယောက် မိမိကိုယ်မိမိ၏ ကျွမ်းကျင်ပြောင်မြောက်စွာလုပ်ဆောင်နိုင်မှုကို ဂုဏ်ယူဝင့်ကြွားသွားတော့လေသည်. သူမရဲ့ ဆိုးဝါးနေတဲ့ စိတ်အခြေအနေလေးတောင်မှ ရုတ်ချည်းပင် ပြောင်းပြန်လှန်သွားတော့လေသည်။


"အိုးဟိုး...! နင် စိတ်ဆင်းရဲနေလို့လဲ ရေကန်ထဲကို ခုန်ချသွားတာ အသုံးမဝင်ဘူးနော်. နင် တစ်စုံတစ်ယောက်ကို ရေကန်ထဲကို ကန်ချလိုက်ဖို့ပဲ လိုတယ်! လင်ရှန်း တုဂျင်ကို လက်ဝေ့ရမ်းကာ နှုတ်ဆက်ပြလိုက်ကာ.- " တတိယမင်းသား၊ ရှင် ဆက်ရှာနေလိုက်တော့နော်၊ ကျောက်တုံးက အောက်ခြေမှာလေ၊ တကယ်လို့ ရှင် ရှာလို့မတွေ့ရင်တော့ ကန်ထဲကနေ ပြန်တက်မလာခဲ့နဲ့တော့!" ပြီးနောက် သူမက ရိုးရာသီချင်းတစ်ပုဒ်ကို ညည်းဆိုလိုက်ရင်းနဲ့ ပျော်ပျော်ပါးပါးကြီး ထွက်သွားတော့လေသည်။


သနားဖို့ကောင်းတဲ့ တုဂျင်ကတော့ ကမ်းစပ်ကို ကုတ်ဖဲ့တက်လာရင်းနဲ့ တစ်ဦးတည်းကျန်နေခဲ့ရှာလေတော့သည်. သူက သူ့သွားတွေကို တင်းတင်းစေ့လိုက်ကာ- "စုန့်လောင်၊ မင်း စောင့်နေလိုက်အုံး၊ မင်း တစ်နေ့ ငါ့လက်အောက်ရောက်စေရမယ်!"


To be continued.....


End...