ဘာသာပြန်သူ - tartarmoon
သူမက လူသားဆန်မှုအရ ကူညီပေးလိုက်ကတည်းက
လင်ရှန်းတစ်ယောက် အရမ်းကို စိတ်ချမ်းသာသွားရတော့လေသည်. သူမခေါင်းထဲက
အိမ်မက်ဆိုးတွေက လုံးဝကို ထွက်ခွာသွားခဲ့ပါပြီ. နောက်ထပ် နှစ်ရက်တွင်တော့
သူမက အိပ်လိုက် စားလိုက်လုပ်နေခဲ့တယ်. သူမ ပျင်းလာရင်တော့ သူမက
သူမရဲ့ရတနာသေတ္တာကို ကြည့်လိုက်ကာ သူမရဲ့လက်ရှိပိုင်ဆိုင်မှုတန်ဖိုးတွေကို
တွက်ချက်နေလိုက်သည်။
“ဒီ ချက်လက်မှတ်က ကျန်းနန်မှာ အိမ်တစ်လုံးလောက် ဝယ်လို့ရနေပြီပဲ”
လင်ရှန်းက နောက်ထပ်တစ်ရွက်ကို လှမ်းယူလိုက်ကာ စားပွဲပေါ်တွင် တင်ထားလိုက်ကာ-
“ဒီတစ်ရွက်ကတော့ ငါတို့အတွက် မြေဧကတော်တော်များနဲ့ လုပ်ကိုင်စားဖို့ နွားတစ်ရှဉ်းလောက်တော့ ဝယ်လို့ရတယ်၊
ဒီတစ်ရွက်ကတော့…ရှောင်လုရေ.. ငါ အရက်ဆိုင်တစ်ဆိုင် ဖွင့်သင့်လား စားတော်ဆက်
ဆိုင်တစ်ဆိုင်ပဲ ဖွင့်သင့်လားဟင်”
ရှောင်လုက လင်ရှန်းကို ချက်ချင်းပြန်
စူးစိုက်ကြည့်လိုက်ပြီးတော့- “သခင်ရယ်၊ ရှင်ပြောတော့
ပျော်တော်ဆက်အိမ်တစ်လုံးဖွင့်ချင်တယ်ဆို”
“အဲဒါက အရင်ကလေ!” လင်ရှန်းက ရှောင်လုကို မျက်စောင်းထိုးလိုက်ကာ- “ငါ
အဲဒါကို စဉ်းစားပြီးသွားပြီ၊ အပျော်အိမ်မှာ အလှလေးတွေ အများကြီးရှိနေမှာလေ၊
ဆွဲဆောင်နိုင်စွမ်းကလည်း တအားကောင်းနေလိမ့်မယ်၊ ငါ ငါ့လူကို
လာဖျားယောင်းမှာကို ငါမလိုချင်ဘူး၊ ပြီးတော့လဲ ပျော်တော်ဆက်အိမ်တွေက
အရမ်းလူသိများနေတာ၊ ငါအရက်ဆိုင်တစ်ဆိုင်ပဲ ဖွင့်တော့မယ်! နာမည်ကိုတော့ နဂါးဂိတ်ဝ အရက်ဆိုင်လို့ ပေးလိုက်မယ်။ အထူးထုတ်ကုန်အနေနဲ့ ဘိန်းမုန့်တွေ
လုပ်ပြီးရောင်းလိုက်မယ်”
ရှောင်လုက သိသိသာသာပင်
ခြောက်ခြားသွားတော့လေသည်.- “……သခင်၊ တကယ့်ကို သူမတူတဲ့လူတစ်ယောက်ပဲ”
“ဒါပေါ့ !” လင်ရှန်က သူမကိုယ်သူမ အလွန်မြင့်မြင့်ပင်
တွေးတော ကြံစည်ထားလေသည်- “ငါ
အာမခံပစ္စည်းပို့တဲ့ဌာနတစ်ခုလည်း ဖွင့်ဖို့ စီစဉ်ထားသေးတယ်!”
“အာမခံပစ္စည်းပို့တဲ့ဌာနကိုရော ဘာနာမည်မှည့်ဖို့ သခင် စီစဉ်ထားသေးလဲ”
လင်ရှန်းက နာမည်ကို စဉ်းစားလိုက်ခဲ့ကာ- “ငါ သိပြီ!
ရွှေဓားစလွယ် အာမခံပစ္စည်းပို့ဆိုင်!”
ရှောင်လုက သူမ ပါးစပ်ထဲက လက်ဖက်ရည်ကိုပင်
ထွေးထုတ်လုနီးပါးဖြစ်သွားတော့သည်. သူမက လင်ရှန်းကို မနှစ်မြို့သည့်
အကြည့်တစ်ခုဖြင့် ကြည့်လိုက်ကာ- “သခင်ရယ်.. ရှင် ရွှေဓားစလွယ်ကို
မမေ့နိုင်သေးဘူးလား.အမ်”
“ဉာဏ်နည်းလိုက်တာ၊ အဲဒါက ရွှေလေ!” လင်ရှန်းက ပုံမှန်လိုပင်
ခေါင်းညိတ်ပြလိုက်သည်။
ရှောင်လုမှာ ပြောစရာစကား မဲ့သွားခဲ့တော့တယ်.
ခေတ္တခဏကြာပြီးကာမှ . သူမက- “ ရွှေဓားစလွယ် အကြောင်းပြောရရင်တော့ အရာရှိလိန်
ဒီနေ့လောက်ဆို ပြန်ရောက်လာသင့်နေပြီနော်”
“အင်း” လင်းရှန်းက ခေါင်းညိတ်လိုက်ကာ တည်ငြိမ်အေးဆေးနေသလို
ဟန်ဆောင်လိုက်သည်။
ရှောင်လုက စိတ်လှုပ်ရှားသွားကာ- “သခင်၊
ကျွန်တော်မျိုးမတို့ နန်းတော်ဂိတ်တံခါးဝမှာ အရာရှိလိန်ကို ဘာဖြစ်လို့
သွားမစောင့်တာလဲဟင်”
“ဖူး! နင် မရင့်ကျက်သေးဘူးလား၊ ဘယ်လို မိန်းကလေးမျိုးကများ သူ့ကိုယ်သူ
အဲလိုနေရာမျိုးမှာ ပစ်ဝင်မှာလဲဟဲ့။
ထိန်းထိန်းသိမ်းသိမ်းနေရမယ်လေ၊
နားလည်လား”
ရှောင်လုက အမှားလုပ်မိသွားတဲ့ပုံစံပေါက်သွားနဲ့
တီးတိုးရေရွတ်လိုက်ကာ- “နှုတ်ဆက်ဖို့အတွက်နဲ့ ကျောက်ဆစ်ရုပ်တစ်ရုပ်နောက်ကနေ
ပုန်းလျိုးနေတာ ဘယ်တစ်ယောက်လဲ မသိဘူး။ ဖူး…. ထိန်းသိမ်းရမယ်တဲ့”
“နင်…ဘာပြောလိုက်တယ်”
“ဒီအစေခံက ဘာမှ မပြောရပါဘူး!” ရှောင်လုက ချက်ချင်းပင်
သူမခေါင်းကို ခါရမ်းလိုက်လေသည်။
“ဟွန့်….. အဲလိုမှပေါ့!” လင်ရှန်းက ‘ဟွန့်’တစ်ချက်လုပ်လိုက်ကာ သူမရဲ့
ငွေချက်လက်မှတ်တွေကို ပြန်လည်ရေတွက်နေလိုက်တော့သည်. သူမ ငွေချက်လက်မှတ်တွေကို
သုံးကြိမ်သုံးခါတိတိ ရေတွက်ကြည့်ပြီးနောက်တွင်တော့ သူမက ငွေလက်မှတ်တွေကို
သေတ္တာထဲသို့ လေးပင်စွာဖြင့် ပြန်ထားလိုက်ခဲ့ကာ အဖုံးကို ပိတ်ချလိုက်သည်.
ပြီးနောက် သူမခေါင်းကို မော့လိုက်ကာ ရှောင်လုကို ကြည့်လိုက်ပြီး- “ငါတို့
အပြင်ထွက်ပြီးတော့ ဘာဖြစ်လို့ လမ်းမလျှောက် ရတာလဲ”
“…….သခင်၊ သခင် ထိန်းထိန်းသိမ်းသိမ်း နေဖို့လိုတယ်လေ!”
“နင့် ညီမကြီးပဲ ထိန်းသိမ်းနေလိုက်ပါလား! ငါ ရွှေဓားစလွယ်ကို
နှုတ်ဆက်မလို့၊ လူတစ်ယောက်ကို နှုတ်ဆက်ဖို့ မဟုတ်ဘူးဟဲ့!”
သူမက စေ့စပ်သေချာစွာဖြင့် သေတ္တာကို ပြန်သိမ်းထားလိုက်ကာ ရှောင်လုကို
သူမနဲ့အတူဆွဲခေါ်သွားလိုက်တော့သည်။
သနားဖို့ကောင်းတဲ့ရှောင်လုကတော့
သူမရဲ့လက်ဖက်ရည်ကို တစ်ဝက်သာလျင် သောက်ရလိုက်ပါတယ်. ဒါပေမယ့် သူမက လင်ရှန်းရဲ့
သွေးရှုးသွေးတန်း
ဆွဲခေါ်သွားလိုက်ခြင်းကို ခံလိုက်ရပါတော့တယ်။
ညနေစောင်းကတည်းက အောက်ဘက်ဧရိယာတစ်ခုတွင်
တုဟောင်က သူ့လူတစ်စုကိုခေါ်ဆောင်ကာ သူနဲ့အတူ စောင့်ဆိုင်းနေခဲ့သည်။
သူရှိတဲ့နေရာကနေပြီးတော့ အတော်ဝေးဝေးကို လှမ်းမြင်လို့ရနေသည်. သူက ပြန့်ပြူးနေသည့်
အဓိကလမ်းမကြီးတွေကို
နန်းတော်ဂိတ်တံခါးအပြင်ဘက်တည့်တည့်ကနေပြီးတော့ မြင်နိုင်နေတာပဲဖြစ်သည်.
အဓိကလမ်းမကြီးက နန်းမြို့တော်ကို ဖြောင့်တန်းစွာ ဖြတ်သန်းဖောက်လုပ်ထားလေသည်. တိုင်းပြည်၏
စည်ပင်ထွန်းကားနေသည့် ခရိုင်ဒေသတွေ အားလုံးကိုခြုံငုံပြီးတော့ မြင်နိုင်လေသည်.
ချမ်းသာကြွယ်ဝမှုအားလုံးက မြို့အတွင်းထဲတွင် ရောထွေးပွေလီနေခဲ့သည်။
လမ်း၏အဆုံးရှိ မြို့တော်အပြင်ဘက်တွင်တော့
တုရီရဲ့တစ်သောင်းသော စစ်သည်တော်တွေပါရှိသည့် စစ်တပ်က
တပ်ဆွဲထားခဲ့သည်. စစ်သည်တော်တစ်ဦးချင်းစီရဲ့ ဓားသွားများက နယ်ခြားတွင်ရှိသော ရန်သူတွေနဲ့အနည်းဆုံး
တစ်ကြိမ်တစ်ခါမျှ စီးချင်းထိုးကာ မျက်နှာချင်းဆိုင်ဖူးကြလေသည်. ဒါပေမယ့်
အခုသူတို့တွေက သူ့တို့ရဲ့တိုင်းပြည်၊ သူ့ရဲ့လူမျိုးတွေနဲ့ သူ့ရဲ့ ဂုဏ်ပုဒ်အတွက်
မျက်နှာချင်းဆိုင်ဖို့ရာ အဆင်သင့်ဖြစ်နေကြပေသည်။
‘တော်ဝင်နန်းသွေးတစ်ပါးမွေးဖွားလာဖို့က ဒီလောက်တောင်ပဲ
အဖိုးပေးဆပ်ရသည်တဲ့လား။ ချစ်ခြင်းမေတ္တာနဲ့နွေးထွေးသည့်
မိသားစုလို့ ခေါ်ဆိုလောက်သည့် အရာဆိုတာမျိုးဆိုသည်မှာ
မရှိပေ. “သွေးက ရေထက် ပျစ်သည်တဲ့လား” ထိုအရာက အင်ပါယာဘုရင်ဆိုသည့် ခေါင်းစီး၏
သွေးဆောင်ဖြားယောင်းမှုအောက်တွင်တော့ ထပ်တူ မညီနိုင်ခဲ့တော့ချေ. တစ်အူထုံဆင်းခဲ့ကြသည့်
ညီအစ်ကိုမောင်နှမရင်းတွေဆိုတာကို ဘေးချိတ်ထားပြီး နောက်ဆုံးတွင်တော့ သူတို့တွေလည်း
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်
သတ်ဖြတ်ရတော့ပေမည်။
တုဟောင်က သူ့ရဲ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီးတော့
ရှည်လျားတဲ့သက်ပြင်းတစ်ခုကို ချလိုက်ခဲ့သည်. သူက သူ့ရဲ့နောက်ဆုံးသော
ငြိမ်းချမ်းသည့် အခိုက်အတန့်တွေကို မွေ့လျော်လို့နေလေသည်. လေထုက စတင်ပြီးတော့
မတည်မငြိမ်ဖြစ်လာတော့မည်. မီးတောက်မီးပွားတွေက အချိန်အခါမရွေး
လွင့်စင်တောက်လောင်နိုင်လေသည်။
“အရှင့်သား.၊ သူတို့တွေ ရောက်လာပါပြီ!” အစောင့်တစ်ဦးက
မျက်လုံးကောင်းကောင်းနဲ့ မျှော်ကြည့်လိုက်တော့ နန်းတော်မုဒ်ဦးကို ဦးတည်လို့လာတဲ့
မြင်းတွေကို မြင်လိုက်ရသည်။
“အောက်ဘက်ကိုဆင်းပြီးတော့ သူတို့ကို ကြိုဆိုလိုက်!” တုဟောင်က
သူ့ရဲ့သာယာငြိမ်းချမ်းနေသည့် အခိုက်အတန့်ထဲမှ ရုန်းထွက်လိုက်သည်.
ဒီရလဒ်ကနေပြီးတော့ အောင်နိုင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းက
ဆုံးဖြတ်ချက်ချနိုင်ပေလိမ့်မည်။
တုဟောင်နောက်ပါးမှ ကိုယ်ရံတော်တပ်စုတစ်စုက လိုက်ပါလို့သွားကြကာ
နန်းတော်မုဒ်ဦးပေါက်ဝ ကို ဖြည်းငြင်းစွာဖြင့် ဖွင့်လိုက်ခဲ့သည်. မြင်းနှစ်ကောင်က
မုန်တိုင်းလိုမျိုး တရကြမ်းဝင်လာခဲ့ပါတယ်. သူတို့ထဲမှ တစ်ယောက်က သူ့ခါးတွင်
ရွှေဓားစလွယ်ကို ချိတ်ဆွဲထားခဲ့သည်. ဓားက နေရောင်နဲ့ ရောင်ပြန်ဟပ်ကာ
တလက်လက်တောက်ပနေခဲ့သည်။
ရှောင်လုက လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ကာ
ရုတ်တရက်တီးတိုးရေရွတ်လိုက်ခဲ့သည်- “သခင်..၊ ကြည့်! ရွှေဓားစလွယ်!”
“ရင့်ကျက်စမ်းပါ!” လင်ရှန်းက အသက်လုပြောလိုက်သည်. ဒါပေမယ့် သူမ ပါးစပ်ထောင့်စွန်းကတော့ အပေါ်သို့ တက်ချိတ်ကာ
ကွေးညွှန့်နေပါတယ်. သူမက နန်းတော်မုဒ်ဦးအား တစောင့်တစားနဲ့မျှော်ကြည့်လိုက်ခဲ့သည်.
တဖြည်းဖြည်းဖြင့် မြင်းပုံသဏန်တွေက ရှင်းလင်းလာခဲ့သည်. မြင်းပေါ်က လူတွေက
ဖြောင့်မတ်ခိုင်မြဲစွာဖြင့် ထိုင်နေခဲ့သည်. သူတို့တွေက
မျှော်လင့်ချက်မြောက်များစွာကို သယ်ဆောင်နေကြသည်. ဒါပေမယ့် ထိုအခိုက်တွင်
လင်ရှန်းရဲ့အမူအရာက အေးခဲသွားတော့လေသည်။
‘ဒီမျက်နှာတွေမှာ မျက်နှာဖုံးတစ်ခုမှ မရှိဘူးပဲ!’
တစ်ချိန်တည်းမှာပဲ တုဟောင်ရဲ့မျက်နှာအမူအရာကလဲ
အနည်းငယ်လေးပျက်ယွင်းလို့ သွားခဲ့လေတယ်။
မြင်းတွေက နောက်ဆုံးရပ်တန့်လိုက်ကြကာ ကုဇောင်က
မြင်းပေါ်မှ ဆင်းလာခဲ့သည်. ကုဇောင်က သူ့ရဲ့မျက်နှာပေါ်တွင်တော့ အလွန်ကို
ပုံမှန်မဟုတ်သည့် အမူအရာတစ်ခုရှိနေခဲ့ကာ သူ့က တုဟောင်ရှေ့တွင်
ဒူးထောက်ချလိုက်ခဲ့သည်. သွေးကွက်တွေက သူ့ကိုယ်တစ်ကိုယ်လုံးပေါ်တွင် စွန်းထင်းနေခဲ့ကာ
သူ့မျက်နှာပြင်ကလည်း ပေကျံနေခဲ့လေသည်. သူဟာ ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို
ကျော်ဖြတ်လာခဲ့ရတာဟာ ရှင်းလင်းလို့နေပေသည်. သူ့နောက်ပါးတွင်တော့ ချောင်ယုရဲ့
အမူအရာကလည်းပဲ လေးနက်နေလေသည်။
“ဒီငယ်သား အကြိမ်တစ်သောင်းမက သေဖို့ထိုက်တန်ပါတယ်၊ ကျွန်တော်တို့တွေ
အရှင့်သား ပေးအပ်တဲ့တာဝန်ကို ပြီးမြောက်ဖို့ ရှုံးနိမ့်ခဲ့ကြောင်းပါ ၊
ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ!” ကုဇောင်ရဲ့အသံက
လူတိုင်းရဲ့နှလုံးကို ဗုန်းခနဲ
ခုန်ပေါက်စေလိုက်တော့လေသည်။
ချက်ချင်းပင် သက်ဝင်နေသည့်
နန်းတော်ဂိတ်တံခါးပေါက်ဝက သေလောက်အောင်ပင် တိတ်ဆိတ်သွားတော့သည်. တုဟောင်ရဲ့မျက်နှာ
ဖြူရော့သွားကာ သူ့ကိုကြည့်ရသည်မှာ အညိုရောင်ပေါက်သွားတော့သည်.
ခဏကြာပြီးနောက်တွင်တော့ သူက ကွဲအက်သည့်အသံဖြင့် မေးလိုက်ခဲ့သည်- “ အရာရှိလိန်ရော
ဘယ်မှာလဲ”
“အရှင့်သားကို တင်ပြရရင် ကျွန်တော်မျိုးတို့ အမည်းရောင်သစ်တောထဲကို
ဝင်သွားခဲ့ပေမယ့် ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရကြောင်းပါ။ နည်းပြချီဖိန်က
ကျွန်တော်မျိုးတို့ကို သစ္စာဖောက်သွားတယ်။ အရာရှိလိန်က
ဓားနဲ့အထိုးခံလိုက်ရပြီးတော့ ချိုင့်ဝှမ်းထဲက မြစ်ထဲကို ပြုတ်ကျသွားတယ်။
ကျွန်တော်မျိုးတို့ သူ့ကိုရှာဖို့ ကြိုးစားပါသေးတယ် ဒါပေမယ့် ရေစီးက အရမ်းသန်လွန်းနေခဲ့တယ်။
ကျွန်တော်မျိုးတို့ အရာရှိလိန်ရဲ့ ရွှေစလွယ်ကိုပဲ ရှာတွေ့နိုင်ပြီးတော့…….”
ကုဇောင်က သူပြောနေတာကို ရပ်လိုက်သည်။
အဲဒီအစား သူက ရွှေဓားစလွယ်နှင့်လိန်ဖန်၏မျက်နှာဖုံးအား တုဟောင်ကို
ဆက်သလိုက်သည်။
ထွန်းသစ်စနေရောင်ခြည်က ငွေမျက်နှာဖုံးအား ရွှေရောင်ဝင်းလဲ့လဲ
အလွှာတစ်ခုအား ပေးစွမ်းနေလေသည်။ ဝင်းလဲ့တောက်ပမှုအောက်မှ
အလွန်ကိုကြေကွဲဝမ်းနည်းဖွယ်ရာပုံပေါက်နေခဲ့သည်။
တုဟောင်က ပစ္စည်းတွေကို သယ်လာပေးဖို့
သူ့ဘေးနားကို မိန်းမစိုးကုန်းကုန်းအား မမေးခဲ့ပေ။ အဲဒီအစား
ရှေ့ကိုခြေလှမ်းအနည်းငယ်သွားလိုက်ပြီး ကုဇောင်လက်ထဲကက ပစ္စည်းတွေကို
ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာဘဲ ရုတ်တရက် ဆူညံသံတစ်ခုကြားလိုက်ရတော့သည်။
ရှောင်လု၏အသည်းအသန်အော်ဟစ်နေသည့် အသံနောက်တွင်တော့.- “ အိုး လုပ်ကြပါဦး။ မြန်မြန်လာပြီး ကူညီပေးကြပါဦး။ ကြင်ယာတော်မင်းသား မေ့လဲသွားလို့ပါ”
လင်ရှန်းအား သူ့နန်းဆောင်တော်သို့
ပွေ့ချီခေါ်ယူသွားချိန်တွင်တော့ တုဟောင်၏မျက်လုံးများက စိုးရိမ်မှုတွေ
ပြည့်နှက်လိုနေလေသည်။ သူ့နောက်တွင်တော့ ဆူညံပွက်လောရိုက်နေလေသည်။ တစ်ချို့က
အော်ဟစ်နေလေကာ တစ်ချို့က ငိုကြွေးနေလေသည်။ နန်းတော်ကြီးတစ်ခုလုံးက
ပွက်လောရိုက်နေတော့သည်။ လူအုပ်ကြီးထဲမှ
မိန်းမစိုးလေးတစ်ယောက်က တိတ်တဆိတ်ခိုးထွက်လာပြီးတော့
မင်းသားကြီး၏နန်းဆောင်တော်သို့ ဦးတည်သွားလိုက်တယ်ဆိုတာ ဘယ်သူကမှ သတိမထားမိလိုက်ပေ။
“အရှင့်ကို သတင်းပို့ရင်တော့ ဒီငယ်သားက အဲဒါတွေကို
ဒီငယ်သားရဲ့မျက်စိနှစ်လုံး လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ကြောင်းပါ၊ အဲဒါက
ကျိန်းသေပေါက်ကို မှန်ကန်ကြောင်းပါ” ဟန်ချင်း နန်းတော်ထဲတွင် တုရီက
သူ့ရဲ့ယုံကြည်ရတဲ့ လူယုံတွေကိုနေရာချထားခဲ့ကာ အရှေ့နန်းတော်တွင်မှာတော့ ဟန်ရင်ကို
တာဝန်ချထားခဲ့တယ်. ဟန်ရင်က က တုရီအား သူမြင်သမျှ ကြားသမျှအားလုံးကို
မကြွင်းမကျန်ပြောပြလိုက်ခဲ့တယ်။
“ဪ” တုရီက ဝက်တစ်ကောင်လိုမျက်နှာတစ်မျိုးဖြစ်သွားကာ စိတ်အေးလက်လူဖြင့်
ပြောလိုက်တယ်- “ အဲတော့ ကြင်ယာတော်မင်းသားက တကယ်ပဲ မူးလဲသွားတာလား”
“ဒီငယ်သား ပရမ်းပတာတွေဖြစ်နေတုန်းမှာ အဲဒါကို မြင်ခဲ့ရပါတယ်၊ အဲဒါ
သေချာပေါက်ကို မှန်ကန်ကြောင်းပါ၊ သူမ လိမ်လို့မရပါဘူး”
တုရီက စဉ်းလဲစွာဖြင့် ပြုံးလိုက်ကာ-
“အိမ်ရှေ့မင်းသားနဲ့ တော်ဝင်ကိုယ်ရံတော်တစ်ယောက် မိန်းကလေးတစ်ယောက်အတွက်နဲ့ တိုက်ခိုက်ကြတယ်တဲ့လား၊ စိတ်ဝင်စားစရာပဲ၊ တကယ့်ကို
စိတ်ဝင်စားလောက်စရာပဲ!”
“အရှင့်သား… အရှင်မင်းမြတ်သာ နတ်ရွာစံသွားခဲ့ရင် ကောင်းမယ် ပြီးတော့
ကျွန်တော်မျိုးတို့ အပြင်ဘက်က စစ်သည်တွေကို ဘာဖြစ်လို့…..”
တုရီရဲ့မျက်လုံးများက ဖျတ်ခနဲဖြစ်သွားခဲ့ကာ-
“ဘယ်အချိန်တည်းက မင်းမှာ ပြောပိုင်ခွင့်ရှိသွားတာလဲ”
ဟန်ရင်က အလွန်ကြောက်ရွံ့လို့သွားကာ သူက
ချက်ချင်းပင် ဒူးထောက်ချလိုက်ခဲ့ကာ- “ဒီငယ်သား စကားအများကြီးပြောမိသွားကြောင်းပါ၊
ဒီငယ်သား သူ့အမှားသူ သိပါတယ်၊ ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးကို
အပြစ်ပေးတော်မူပါ!”
“ထတော့” တုရီက သူ့ဝတ်ရုံလက်တွေကို ဝေ့ရမ်းပြလိုက်တယ်။
“ အရှင့်ရဲ့ ခွင့်လွှတ်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းပါ၊
ကျေးဇူးတင်ရှိကြောင်းပါ ,
အရှင့်သား!” ဟန်ရင်က ထိတ်လန့်စွာဖြင့်
ပြန်ထလိုက်ခဲ့သည်. သူက ချွေးသီးတွေဖြင့် ဖုံးလွှမ်းနေခဲ့တော့သည်။
“မှတ်ထားပါ၊ ငါ မင်းကို တစ်ခုခု တာဝန်ပေးတိုင်း ဘယ်တော့မှ မင်း
ပြန်မေးတာမျိုး ပြန်ပြောတာမျိုး မလုပ်လိုက်နဲ့၊ ငါပြောသလိုသာလုပ် ၊ မင်း
နားလည်ရဲ့လား”
“ဒီငယ်သား နားလည်ပါပြီ”
“ကောင်းတယ်။ မင်း သွားနိုင်ပြီ”
“ဒီငယ်သား သွားပါတော့မယ်……” ဟန်ရင်က စိတ်အေးစွာဖြင့်
သက်ပြင်းချလိုက်ခဲ့ကာ လှည့်ထွက်သွားလိုက်တော့သည်. ဒါပေမယ့် သူ
လှမ်းထွက်ခဲ့သည့်အခိုက်တွင် နောက်ထပ် လက်အောက်ငယ်သားတစ်ယောက်က
တည့်တည့်ဝင်ရောက်လာခဲ့ကာ ဓားရှည်ဖြင့် သူ့နှလုံးတည့်တည့်ကို ဖြတ်ကျော်လိုက်ခဲ့သည်.
ဟန်ရင် မြေကြီးပေါ်သို့ အရုပ်ကြိုးပျက် လဲကျသွားတော့လေသည်။
သူမသေဆုံးခင်လေးတွင် ဟန်ရင်က
နောက်ပြန်လှည့်လိုက်ကာ တုရီအား ခံစားချက်မဲ့နေသည့် အမူအရာဖြင့်
စိုက်ကြည့်လိုက်ခဲ့ကာ- “အရှင့်သား… အရှင် ဘာ..ဖြစ်လို့……”
တုရီက ဖြည်းညင်းစွာဖြင့် သူ့နားကို
သူ့မျက်နှာပေါ်တွင် စိတ်ပျက်လွန်းနေသည့် အကြည့်တစ်ခုနဲ့အတူ
လျှောက်လှမ်းသွားလိုက်ကာ - “ဘယ်တော့မှ မေးလဲမမေးနဲ့ ပြောလဲမပြောနဲ့ ၊ မင်းပဲ
ငါ့ကို ကတိပေးခဲ့တယ် မဟုတ်လား.. မင်း ဘာဖြစ်လို့ နားမလည်နိုင်သေးရတာလဲ”
အခြား လက်အောက်ငယ်သားက သူ့ဓားရှည်ကို
ဆွဲထုတ်လိုက်ခြံတော့ ဟန်ရင်က စက္ကန့်အနဲငယ်အတွင်းပင် အကျောဆွဲနေခဲ့ပြီးတော့
သူ့မျက်လုံးများက မှိတ်ချသွားလိုက်ကာ သေဆုံးသွားတော့လေသည်။
“ဘယ်တော့မှ မေးလဲမမေးနဲ့ ပြောလဲမပြောနဲ့၊ သေသွားတဲ့အချိန်အထိပဲ၊
နားလည်ရဲ့လား” တုရီက စူးရှစွာဖြင့် အသတ်ခံလိုက်ရတဲ့
လူကို ကြည့်လိုက်ခဲ့သည်။
“ဒီငယ်သား နားလည်ပါပြီ”
ဟန်ရင်ရဲ့ကိုယ်ခန္တာကို အပြင်ဘက်သို့
ဆွဲထုတ်သွားတော့သည်. လှေခါးထစ်ပေါ်တွင် ကျန်ရှိနေသည့် သွေးရေကန်တစ်ခုက
သွေးအလိမ်းလိမ်းတိုက်ပွဲတစ်ခု ဖြစ်ပွားလာတော့မှာကို ဟောကိန်းထုတ်နိုင်သလိုပင်။
To be continued……