အပိုင်း(၇၂)
ယခုလောလောဆယ်တွင်တော့ တုဟောင်က မင်ယွဲ့၏နန်းဆောင်တော်တွင်းတွင် ကြောက်စိတ်မွှန်ထူစွာနဲ့ ရောက်ရှိနေလေသည်. တော်ဝင်သမားတော်က လင်ရှန်းရဲ့ လက်ကိုကိုင်ကာ သွေးကြောစမ်းသပ် ကြည့်နေခဲ့သည်။
"အရှင့်သား၊ ကျေးဇူးပြုပြီးတော့ မစိုးရိမ်ပါနဲ့၊ ကြင်ယာတော်မင်းသားက အထိတ်တလန့်ဖြစ်သွားတာကြောင့် မေ့လဲသွားတာပါ၊ ဒါပေမယ့် သူ ဘာမှဖြစ်မသွားရပါဘူး၊ သူ အနားယူလိုက်ပြီးတော့ ဆေးသောက်လိုက်ရင်တော့ ကောင်းကောင်းပြန်ပြီးတော့ ထူထူထောင်ထောင်ဖြစ်သွားမှာပါ" ပြီးနောက် တော်ဝင်သမားတော်က ဆေးပုလင်းလိုက်ယူစေရန် ရှောင်လုနဲ့အတူ အခန်းထဲကနေပြီးတော့ ထွက်ခွာသွားတော့လေသည်။
တုဟောင်က ကုတင်ဘေးသို့ သွားလိုက်တော့ လင်ရှန်းရဲ့ ဖြူဖတ်ဖတ်ဖြစ်နေတဲ့မျက်နှာလေးကို တွေ့လိုက်ရသည်. သူမ မျက်လုံးတွေက တင်းတင်းကျပ်ကျပ် ပိတ်လို့နေခဲ့ကာ သူမနှုတ်ခမ်းပါးတွေကလဲ ဘာအသွေးအရောင်မျှ မရှိတော့ပေ. သူ့နှလုံးသားတစ်ခုလုံး ပြာချလိုက်ခြင်းခံလိုက်ရလေသည်. ထိုအချိန်တွင်တော့ သူ သဝန်တိုသွားတော့လေသည်. သူက လိန်ဖန်ရဲ့အတိတ်၊ သူနဲ့လင်ရှန်းနဲ့ ဆုံးဆည်းမှု၊ ချိုင့်ဝှမ်းထဲက မြစ်ထဲကို ပြုတ်ကျသွားခဲ့သည့်အချက်ကိုတောင်မှ သူ မနာလိုအားကျနေလိုက်တော့သည်။
'တကယ်လို့များ ပြုတ်ကျသွားတဲ့သူက သူ ဆိုရင်ရော သူမ ဒီလိုမျိုး ဖြစ်နေမှာလား။'
သူ မနေနိုင်မထိုင်နိုင်ဖြစ်သွားကာ လင်ရှန်းရဲ့မျက်နှာလေးကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်လိုက်မိတော့သည်. သူ့နှလုံးသားထဲတွင် ခါးခါးသီးသီးနဲ့ စွဲထင်ရှိနေတော့သည်။
ထိုအချိန်တွင် လင်ရှန်းတစ်ယောက် သူမ မျက်လုံးတွေက ရုတ်တရက် ပွင့်လာခဲ့ကာ တုဟောင်အား မတုန်မလှုပ်နဲ့ စူးစိုက်ကြည့်လိုက်ခဲ့သည်။
"လိန်ဖန်လားဟင်" သူမက တိုးတိုးလေးပြောလိုက်တယ်. သူမ အသံက တိုးလျှနေခဲ့သည်။
တုဟောင်က သူ့ခေါင်းကို မခါရမ်းလိုက်ခဲ့ပေ. အဲဒီအစား သူက လင်ရှန်းလက်လေးကိုသာ ဆုပ်ကိုင်လိုက်တယ်. သူမက သူ့ကို အကိုင်မခံလိုက်ခဲ့ဘဲ သူ့လက်တွေကို တွန်းထုတ်လိုက်ခဲ့သည်။
"ရှင်က လိန်ဖန် မဟုတ်ပါဘူး....." လင်ရှန်းက သူမကိုယ်သူမ ပြောနေသလိုမျိုး "လိန်ဖန်က ဖြေဆေးသွားယူတာ၊ သူ ပြန်ရောက် မလာသေးဘူး၊ ကောင်းကင်က မှောင်နေပြီ၊ သူ လမ်းပျောက်နေရင် ဘယ်လိုလုပ်မလဲ။ သူ ဒီလို လမ်းအဝေးကြီးကို သွားရတော့ သူ ဗိုက်ဆာနေလိမ့်မယ်၊ ကျွန်မ သူစားဖို့ အစားအစာတစ်ချို့ သွားပြင်ထားလိုက်အုံးမယ်" ပြီးနောက် လင်ရှန်းက အိပ်ရာထဲမှ ကုန်းထဖို့ကြိုးစားလိုက်တော့ သူမ ယိမ်းထိုးသွားတော့လေတယ်။
သူမရဲ့စကားလုံးတိုင်း စကားလုံးတိုင်းက သူ့ရဲ့ရင်ဘတ်ကို ဇာချုပ်အပ်နဲ့ တစ်စွပ်စွပ် ထိုးသွင်းနေသလိုပင်. တုဟောင် နာကျင်မှုကို အောင့်ထားလိုက်ကာ သူက လင်ရှန်းအား ပြန်ဖိချလိုက်ပြီးတော့- " မင်းက အခုမှ နိုးလာတာလေ၊ မင်း ထလို့မရသေးဘူး"
"ကျွန်မကို လာမတားနဲ့၊ ကျွန်မ သစ်ကြားသီးတွေ အခွံခွာရဦးမယ်၊ လိန်ဖန်က သစ်ကြားသီးစားရတာ ကြိုက်တယ်၊ သူက အဲလိုသေးသေးလေးတွေကို ကြိုက်တာ၊ အဲဒါကို သူကြိုက်တာက ကျွန်မ သူ့အတွက် နွှာပေးထားတာကို ကြိုက်တာ....."
လင်ရှန်းဖြစ်ပုံက သူမရဲ့ ကမ္ဘာငယ်လေးတစ်ခုလုံးက ထွက်သွားခဲ့သလိုပင် ဖြစ်နေတော့သည်. တုဟောင် သူမကို တားဖို့ကြိုးစားတာကို အရေးမလုပ်ဘဲနဲ့ သူမက အိပ်ရာထဲမှ မရမက ထဖို့လုပ်လိုက်သည်. သူမက သစ်ကြားသီးထည့်ထားသည့် သေတ္တာနဲ့ ဗူးတွေကို သွန်ချလိုက်ခဲ့သည်။
" ဟမ်? သစ်ကြားသီးတွေ ဘယ်ရောက်ကုန်တာလဲ။ ရှောင်လု အဲဒါတွေအားလုံးကို ကုန်အောင်စားလိုက်ပြီလား၊ ကျွန်မ သူ့ကို ဆုံးမ လိုက်မှ...."
"စုန့်လောင် ၊ တော်ပါတော့ .. လောင်လောင်!" တုဟောင်က လင်ရှန်း ရှောင်လုကို ရှာနေတာကို စိုးရိမ်တကြီးဖြင့် တားမြစ်လိုက်ခဲ့သည်. "ဒီလိုမလုပ်ပါနဲ့တော့၊ မင်း အိပ်ရေးမဝသေးဘူး မဟုတ်လား။ နည်းနည်းလောက် အိပ်လိုက်ပါဦးလား ..နော်" လိမ္မာပါကွာ....."
"ကျွန်မ နိုးနေပြီ၊ ကျွန်မရှေ့မှာလာပိတ်မနေပါနဲ့တော့! ကျွန်မ နန်းတော်ဂိတ်တံခါးမှာ လိန်ဖန်ကို သွားစောင့်ရအုံးမယ်၊ သူ ပြန်မရောက်သေးဘူး၊ ကျွန်မ ဂိတ်တံခါးပေါက်မှာ သူ့ကို စောင့်နေမှာကို သူလိုချင်မှာ ကျွန်မပြောရဲတယ်၊ သူ ပြန်လာတယ့်အခါကျရင် ကျွန်မ သူ့ကို စောင့်နေရမယ်၊ ကျွန်မသွားမယ်....." လင်ရှန်းရဲ့အသံက တဖြေးဖြေးဖြင့် အားပျော့သထက် ပျော့လာခဲ့သည်. နောက်ဆုံးတွင်တော့ သူမ မျက်ရည်တွေက ကျိုးပြတ်ကျလာတော့သည်. " ရှင်...ကျွန်မကို လာမပိတ်ထားနဲ့.....လာမပိတ်ထားနဲ့.....ကျွန်မ အနူးအညွှတ်တောင်းပန်ပါတယ်နော်.....ကျွန်မ ရှင့်ကို အနူးအညွှန့်တောင်းပန်ပါတယ်နော်....." သူမက ဟန်မဆောင်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့တော့သည်။
တုဟောင်က သူမအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တော့သည်. သူမထံမှ မျှော်လင့်ချက်မဲ့နေသည့် မျက်ရည်တွေကို သူခံစားရနေသည်. အသံတိုင်းက သူ့နှလုံးသားကို တစ်စစီ အပိုင်းပိုင်းအစအစ ဖြစ်သွားအောင်ကို ဆုတ်ဖြဲနေတော့သည်. သူ ချစ်မြတ်နိုးနေသည့် အမျိုးသမီးက တစ်ခြားယောက်ျားတစ်ယောက်အတွက် ငိုကြွေးနေသည်ပဲလေ. သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက သူမကို နီးကပ်စွာပွေ့ပိုက်ထားတာပဲ ဖြစ်လေသည်။
လင်ရှန်းတစ်ယောက် အချိန်အကြာကြီး အော်ငိုနေလိုက်ခဲ့သည်. သူမအတွေးတွေက လုံးလုံးလျားလျားပင် ရှုတ်ထွေးလို့နေခဲ့ကာ သူမ မျက်လုံးတွေကို ကြည့်ရသည်မှာ လမ်းပျောက်နေသလိုပင် ထင်လိုက်ရသည်. သူမက ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးနေခဲ့ကာ- " လိန်ဖန်! မတ်လ ၅ ရက်တုန်းက ကျွန်မ နန်းတွင်းထဲကို ဝင်ခဲ့တယ်၊ ရှင်က ကျွန်မကို လာခေါ်ပြီးတော့ မြင်းပေါ်ကို ပစ်တင်ပေးလိုက်ခဲ့တယ်. မတ်လ ၁၈ ရက်နေ့.. ရှင် ဝိုင်နဲ့ ကာမအားတိုးဆေးရဲ့ ခြားနားချက်ကိုတောင် ရှင် မပြောနိုင်ခဲ့ဘူး၊ ကျွန်မက ရှင့်ကို မင်းတုပ်နဲ့ ရိုက်ချလိုက်ရတယ်၊ ရှင် အဖေတစ်ယောက် မဖြစ်ချင်တော့ဘူးလား။ မတ်လ ၂၀ ရက်နေ့ ... ရှင် အရိုက်ခံရပြီးတော့ အပြစ်ပေးခံရတယ်..ရှင် ပြောတော့ ရှင် ဘာမှမဖြစ်ဘူးတဲ့၊ တကယ်လို့ ကျွန်မသာ ဆေးလိမ်းဖို့ မကူပေးခဲ့ဖူးဆိုရင် ရှင် နာကျင်ရတာကနေ ရှင် သေသွားတော့မလို စီစဉ်နေတာ မဟုတ်လား။
မေလ ၇ နေ့...ရှင် ကျွန်မကို စုတ်ပဲ့နေတဲ့ မြင်းတစ်ကောင်နဲ့ ထားသွားခဲ့တယ်၊ အဲဒီအစုတ်အပဲ့မြင်းက ကျွန်မစကားကို နားမထောင်ဘဲနဲ့ ကျွန်မကို ခါချခဲ့တယ်၊ ရှင့်လိုပဲလေ! ဇွန်လ ၁၅ရက်နေ့.. ရှင် ကျွန်မ သတိမေ့နေတုန်း ကျွန်မအဝတ်အစားတွေကို ကျွန်မ မသိအောင်လဲလိုက်တယ်၊ ရှင်..အကျင့်မကောင်းတဲ့လူ! ရှင်က ကျွန်မတို့ဖူးကို စားလိုက်ပြီးတော့ ရှင် ထွက်ပြေးသွားတယ်၊ ရှင့်အထင် ကျွန်မ ဘာမှမသိဘူး အောက်မေ့နေလား။ ဇူလိုင် ၆ ရက် ...ရှင် ကျွန်မ ကျောက်စိမ်းဆွဲပြားကို ယူသွားပြီးတော့ ရှင်ပြောတာက အဲဒါကို လက်ဖွဲ့တင်တောင်းတဲ့ပစ္စည်းအနေနဲ့ ယူတာတဲ့.....စက်တင်ဘာ ၁၆ရက်နေ့ ...ရှင် ကျွန်မကို ကတိပေးလိုက်တယ်လေ၊ ရှင် ဖြေဆေးသွားယူမယ်ဆိုပြီးတော့၊ ရှင်ပြောတော့ ရှင်ပြန်လာတာနဲ့ ကျွန်မကို အဝေးကို ခေါ်ထုတ်သွားပေးမယ်ဆို... အခု ၅ ရက်တောင်ရှိသွားပြီ....ဒါပေမယ့် ရှင် ပြန်ရောက်မလာသေးဘူး၊ ရှင် ယောက်ျားတစ်ယောက် မဟုတ်ဘူးလား။ ရှင် ပြောတဲ့စကားကို ရှင်တည်ရမယ်လေ? ကျွန်မ လက်ဖွဲ့ပစ္စည်းပြန်ပေး....ကျွန်မကို ပြန်ပေး....."
လင်ရှန်းက ငိုရှိုက်ရင်းနဲ့ ပြောလိုက်ဆိုလိုက် လုပ်နေခဲ့တာက သူမ ခြေကုန်လက်ပန်းကျကာ စကားတစ်ခွန်မျှ မပြောနိုင်တော့သည့် အထိပင်ဖြစ်ပေသည်. နောက်ဆုံးတွင်တော့ သူမ အိပ်မောကျသွားတော့လေသည်။
နောက်ဆုံးသော ရှိုက်ငိုလိုက်သည့်အသံက ပျောက်ကွယ်သွားသည့်အခါတွင်တော့ တုဟောင်လည်း စိတ်သက်သာရာ ရသွားခဲ့ကာ သက်ပြင်းရှည်တစ်ချက်ကို လိုက်တယ်. သူ့မျက်လုံးတွေကို စုံမှိတ်ချလိုက်မိတော့သည်. ထိုအခိုက်တန့်တွင် ဒီမိန်းကလေးက မှန်ကန်သည့်ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ဖြစ်တယ်ဆိုတာကို.....သူ နားလည်သလို ရှိသွားခဲ့ရလေသည်။
.........
လင်ရှန်း နိုးလာသည့်အချိန်တွင်တော့ တုဟောင်က ထွက်ခွာသွားခဲ့ပါပြီ။
ဖြေဆေးရဖို့ သူတို့ရှုံးနိမ့်သွားခဲ့ကတည်းက အင်ပါယာရဲ့ဖျားနာမှုက ပိုပို ဆိုးရွားလာခဲ့တော့သည်. အိမ်ရှေ့စံမင်းသားအနေနဲ့ကတော့ တုဟောင်တွင် သူ့ခမည်းတော်ရဲ့အခြေအနေကို ကောင်းကောင်း တော်ဝင်နန်းတွင်းအား ကောင်းမွန်စွာ ချက်ချင်းကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ရာ ရှိနေခဲ့ပါတယ်. သူ့မှာ ရွေးချယ်စရာမရှိဘဲ လင်ရှန်းဘေးနားမှာ အချိန်ပြည့်ရှိနေချင်ပေမယ့် ထွက်ခွာခဲ့ရသည်။
"သခင်၊ သခင်နိုးလာပြီလား" ရှောင်လုက အခန်းထဲသို့ ဆေးခွက်ကို သယ်လာခဲ့သည်. သူမက အိပ်ရာပေါ်တွင် လင်ရှန်း ထထိုင်နေတာကို သတိထားမိသွားပါတယ်. ရှောင်လုက ပျော်သွားပြီးတော့ လျင်မြန်စွာဖြင့် သူမဆီကို ပြေးလာခဲ့သည်. သို့သော်လည်း အနားရောက်သွားတဲ့အခါတွင်တော့ သူမ ရပ်တန့်သွားတော့တယ်။
ရှောင်လုက အရင်တုန်းက သူမ သခင်ကို ဒီလိုပုံစံမျိုးဖြစ်နေတာကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ. လင်ရှန်းရဲ့မျက်လုံးများကို ကြည့်ရသည်မှာ ဗလာသက်သက်ဖြစ်လို့နေကာ မျှော်လင့်ချက်ကင်းမဲ့နေလေသည်. သူမ စိတ်ဝိညာဉ်က ထုတ်ယူလိုက်ခြင်း ခံလိုက်ရသလိုပင်ဖြစ်နေသည်. သူမက ပုံမှန်အသက်ရှင်နေတဲ့ လင်ရှန်းနဲ့တော့ လားလားမျှ သက်ဆိုင်ခြင်းမရှိတော့ပေ. ရှောင်လုက အရမ်းထိတ်လန့်တုန်လှုပ်လို့သွားကာ သူမ လက်တွေပင် တုန်ရင်လို့လာခဲ့သည်. သူမက ဂရုတစိုက်ဖြင့်ခေါ်လိုက်တော့လေသည်- "သခင်.. သခင်... သခင်ရေ....."
ငါးခါ ခြောက်ခါလောက်ခေါ်ပြီးသွားတော့မှ လင်ရှန်းထံမှ နောက်ဆုံး တုံ့ပြန်မှုလေးတစ်ခုပြန်ရလိုက်ခဲ့သည်. သူမက မျက်နှာပေါ်တွင် ခံစားချက်ဗလာဖြစ်နေသည့် အမူအရာမျိုးဖြင့် သူမဘက်သို့ ဖြည်းညင်းစွာဖြင့် လှည့်ကြည့်လိုက်ခဲ့သည်။
ထိုပုံစံကြောင့် ရှောင်လုရဲ့မျက်လုံးတွေ အနီရောင်သို့ ပြောင်းလဲသွားတော့သည်. သူမက လင်ရှန်းရဲ့ အော်ဟစ်ဆူပူပြီးတော့ သူမသေချင်တယ်လို့ ပြောပြီးတော့ ငိုယိုနေရင်တောင်မှ သူမလက်ခံလို့ရသေးသည်. ဒါပေမယ့် သူမ သခင်ဖြစ်သူက ရှင်လျက်နဲ့သေနေတာကို မြင်နေရတာကတော့ အရမ်းလွန် လွန်းနေပါပြီ. ရှောင်လုရဲ့နှလုံးသားက ကွဲအက်သွားကာ မျက်ရည်တွေက သွန်စီးထွက်လာခဲ့တော့တယ်. သူမက သူမမျက်လုံးကို သူမရဲ့ဝတ်ရုံလက်နားစဖြင့် သုတ်ပစ်လိုက်ခဲ့ကာ လင်ရှန်းအား ဆေးတိုက်လိုက်ခဲ့သည်။
"သခင်၊ ဆေး အရင်သောက်လိုက်ပါဦးလား"
လင်ရှန်းက ရှောင်လုထံမှ ဆေးခွက်ကို တို့တောင် မတို့ခဲ့ပေ. သူမ မျက်လုံးတွေက သူမရှေ့မှာရှိနေတဲ့ သတ္တုထူထူကို မျက်စိမလွှဲဘဲ စိုက်ကြည့်နေလိုက်ခဲ့သည်။
ရှောင်လုက လင်ရှန်း တစ်ယောက် ရှုးများရှုးသွားပြီလားလို့ဆိုပြီး ထိတ်လန့်သွားခဲ့ကာ သူမက အလျင်မြန်ပင် ဖိခေါ်လိုက်ခဲ့သည်.- "သခင်... သခင့်! ဆေးသောက်လိုက်ပါနော်! လာပါ...သောက်လိုက်ပါနော် သောက်လိုက်ရင် ကောင်းသွားလိမ့်မယ်နော်......"
ရှောင်လုက လင်ရှန်းရှေ့သို့ ဆေးခွက်ထူထူကို ထိုးပေးလိုက်ခဲ့လိုက်တော့ ဆေးနံ့ပြင်းပြင်းကို သူမနှာခေါင်းဝသို့ ဝင်ရောက်လာခဲ့သည်. လင်ရှန်းက သူမခေါင်းကို မော့လိုက်ကာ မေးလိုက်တယ်- "ဒီဆေးက ဘာဆေးကြီးလဲ?"
ရှောင်လုက လင်ရှန်း ဒီလိုမျိုးကြီးတုံ့ပြန်လိုက်ခဲ့မယ်လို့ မထင်ထားခဲ့ပေ. ချက်ချင်းပင် သူမ က ပြန်ပြောလိုက်ခဲ့တယ်.- "ဒီဆေးက သမားတော်စန်း သခင့်အတွက် ဖော်ပေးထားတဲ့ဆေးလေ၊ သူပြောတာက သခင် ဒီဆေးကို သောက်လိုက်ရင် သခင်သက်သာသွားလိမ့်မယ်တဲ့"
'သက်သာမှာလား? လင်ရှန်းက စကားလုံးကို ပြန်ရေရွတ်လိုက်ခဲ့သည်. ပြီးနောက် သူမက သူမခေါင်းကို ရုတ်ချည်းမော့လိုက်ပြီးတော့ ပြောလိုက်တယ်. _ " ငါ မှ နေမကောင်း မဖြစ်တာပဲ၊ ငါ ဒီဆေးကို မသောက်နိုင်ဘူး"
ရှောင်လုက လင်ရှန်းတစ်ယောက် တုန်လှုပ်သွားရာကနေပြီးတော့ စိတ်ဆင်းရဲနေပြီးတော့ သူမက လက်မခံနိုင်တာကို သိပါတယ်. ထို့ကြောင့် သူမက အံဩတုန်လှုပ်လို့သွားခဲ့ကာ သူမက ချော့မြူပေးလိုက်တယ်.- "သခင်ရယ်.. ဒီဆေးက ခါးတယ်ဆိုတာ ဒီအစေခံက သိပါတယ်၊ ဒါပေမယ့်လဲ ဆေးကောင်းဆိုတာ ခါးမှ ထိရောက်တာလေ၊ ဆေးသောက်ပြီးတော့ အိပ်လိုက်ပါနော်၊ သခင် အိပ်ရာနိုးလာရင် အရာအားလုံးက အဆင်ပြေသွားလိမ့််မှာပါ၊ ကျေးဇူးပြုပြီးတော့ ဆေးသောက်လိုက်ပါနော်....."
"ငါ ဒီဆေးကို မသောက်ချင်ဘူး!" လင်ရှန်းက ငြင်းချက်ထုတ်လိုက်ကာ သူမခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ခဲ့သည်. "ငါ အိပ်လဲ မအိပ်ချင်ဘူး၊ ငါ နန်းတော်ထဲကနေပဲ ထွက်သွားချင်တယ်" လင်ရှန်းက ခိုင်မာပြတ်သားစွာနဲ့ ဆုံးဖြတ်ပြီးပုံရနေတော့တယ်. သူမကိုကြည့်ရသည်မှာ အလွန်ပင် ခေါင်းရှင်းနေပုံရနေလေသည်။
ရှောင်လုက အလွန်တရာအံအားသင့်လို့သွားခဲ့ပါတယ်. သူမက လင်ရှန်းကို ကြည့်လိုက်တော့ သူမရဲ့စိတ်ဝိဉာဏ်က ပြန်ရောက်လာတာကို တွေ့လိုက်ရသည်. လင်ရှန်းရဲ့မျက်လုံးများက ဆုံးဖြတ်ချက်ချပြီးနေကာ ခိုင်မြဲနေတော့သည်. သူမက ရှောင်လု လက်ကို ဆွဲလိုက်ပြီးတော့ ပြတ်ပြတ်သားသားပင် ပြောကြားလိုက်ခဲ့တယ်.- "ရှောင်လု နန်းတော်ကနေ ထွက်ပြီးတော့ လိန်ဖန်ကို သွားရှာရအောင်!"
Tobe continued......