Chapter 73
Viewers 11k

အပိုင်း(၇၃)


လင်ရှန်းရဲ့စကားလုံးက ရှောင်လုအား အံအားသင့်သွားစေလိုက်သည်။


'အိုး..ဗုဒ္ဓမြတ်စွာဘုရား...သွားပါပြီ!! သွေးလန့်သွားတာများသွားတော့ သခင် စိတ်မထိန်းနိုင်တော့ဘူးနဲ့တူတယ်! နန်းတော်ကြီးရဲ့ ရိုးသားဖြောင့်မတ်ဆုံးယောက်ျားလို့ လူသိများလှတဲ့ ကုဇောင်ကိုယ်တိုင်တောင်မှ ချိုင်ဝှမ်းထဲက မြစ်ထဲကို လိန်ဖန်ပြုတ်ကျသွားတာကို သူ့မျက်စိနှစ်လုံးနဲ့ မြင်လိုက်ရပါတယ်လို့ ပြောထားတာပဲ. အရာရှိလိန်က ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နေမှာလဲ။ သခင်က ငါတို့ လိန်ဖန်ကို သွားရှာမယ်လို့ မရမက တောင်းဆိုနေတယ်. သူမ စိတ်နှောက်များသွားပြီလား မသိဘူး'


ထိုအခိုက်တန့်တွင်တော့ လင်ရှန်းက သူမစိတ်ထဲမှာ မူလအနေအထားအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။


'လိန်ဖန် သေသွားပြီလို့ ဘယ်သူပြောလို့လဲ။ သူသေသွားရင်တောင်မှ ငါ သူ့ ခန္တာကိုယ်ကို ကြည့်ကို ကြည့်ရမှ ရမယ်. ဒီလောက်ဝေးလှတာ သူတို့က သူ့ခန္တာကိုယ်ကို ရအောင် မရှာနိုင်ခဲ့ဘူး..ဒီအဓိပ္ပာယ်က သူ အဲဒီနေရာမှာ အသက်ရှင်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိနေတာပဲလေ! ထိုနေရာမှာ မျှော်လင့်လို့ရနေသ၍က သူမက လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ပါဘူး.. သူ့မှာ အသက်ရှင်ဖို့ ဖြစ်နိုင်ချေတစ်ခု ရှိနေသ၍ကတော့ သူမက သူ့ကို ရှာရလိမ့်မှာပဲ! သူ့ကို ရှာဖွေမယ့် အခွင့်အလမ်းက တစ်သောင်းပုံ ပုံရင် တစ်ပုံလောက်ပဲ ဖြစ်နေအုံးတော့ သူမက ကမ်ဘာမြေအဆုံးထိုကျော်ဖြတ်ပြီးတော့ ရှာရလိမ့်မှာပဲ ဖြစ်လေသည်။


သူမရဲ့ ယုံကြည်ချက်တွေက သူမအား ရုတ်ချည်းပင် ခန္တာကိုယ်တွင်းမှ အားအင်တစ်ခုက ထိုးတက်လာ တော့တယ်. သူမက အိပ်ရာထဲမှ ကုန်းရုံးထလိုက်ခဲ့တော့သည်. လင်ရှန်းက ရှောင်လုအား အမိန့်ပေးလိုက်တော့တယ်. _ "ငါတို့ ပစ္စည်းတွေ သွားထုတ်လိုက်တော့ ...ငါနဲ့ နန်းတော်ထဲကနေ ထွက်သွားကြမယ်၊ ငါတို့တွေ လိန်ဖန်ကို သွားရှာကြမယ်"


..........


သူမရဲ့ အသည်းတွေ ကလီစာတွေ အပိုင်းပိုင်းအစအစဖြစ်တော့မတတ် ငိုယိုနေတဲ့ မိန်းခလေးတစ်ယောက်က ဒီလောက်လျင်လျင်မြန်မြန်နဲ့ ပြန်နလံထူနိုင်သွားမယ်ဆိုတာကို တုဟောင်တစ်ယောက် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ. အဲဒီအချိန်တုန်းကတော့ လင်ရှန်းက သူမရဲ့သောကမီးတောက်လောင်နေတဲ့အခြေအနေကနေပြီး လုံးဝရုန်းမထွက်နိုင်တော့သလို ထင်နေရတာပါ. လင်ရှန်းဟာ ကောင်းကင်ဘုံဆန္ဒကိုတောင် ငိုင်ငိုင်တွေတွေနဲ့အညံခံမည့်သူ မဟုတ်တာကို သူနားလည်သွားသည့်အခါတွင်တော့ သူအသိနောက်ကျသွားခဲ့ပါပြီ။


အဲဒီအချိန်မှာတော့ လင်ရှန်းက အမှန်တကယ်ကို ထွက်သွားခဲ့ပြီပဲလေ. သူမက သူမခေါင်းအုံးအောက်က သူမရဲ့ရတနာသေတ္တာကိုပါ ယူဆောင်သွားခဲ့ပါပြီ. ဗလာဖြစ်နေသော စားပွဲခုံပေါ်တွင်တော့ စာတစ်စောင်သာ ရှိနေခဲ့ပါတယ်. အဲဒီစာကို ဖတ်ရတာက ကြောင်ချေးရေးကုတ်လက်ရေးလိုမျိုး ခြစ်ထားတာကတော့- 'ကျွန်မ လိန်ဖန်ကို ရှာဖို့ ထွက်သွားပြီ.. ကျွန်မတို့ ကံမကုန်သေးရင် တစ်နေ့ပြန်တွေ့ကြဦးမှာပါ။'


တုဟောင်က စာကို လုံးခြေပစ်လိုက်ကာ သူ့နံဖူးက သွေးကြောတွေတောင် ထောင်သွားတော့လေတယ်. သူ့လက်ချောင်းတွေကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ - "စုန့်လောင်.. မင်း ရှုးသွားပြီပဲ!"


"ဟတ်...ချိုး!" လင်ရှန်းတစ်ယောက် သူမရဲ့မိန်းမစိုးဝတ်စုံပေါ်ကို နှာချေ ချလိုက်ခဲ့သည်။


ရှောင်လုက စိုးရိမ်လို့သွားကာ- "သခင် ..အဆင်ပြေရဲ့လားဟင်"


" ငါဘာမှ မဖြစ်ပါဘူး" လင်ရှန်းက သူမခေါင်းကို ခါရမ်းလိုက်ခဲ့တယ်. သူမက အရင်တုန်းက ဒီလောက်ဆုံးဖြတ်ချက်ပြတ်သားမှုမျိုးကို ဘယ်တုန်းကမှ မခံစားဖူးခဲ့ပေ. သူမတစ်ကိုယ်လုံးတွင် အားတွေ အပြည့် ဖြစ်နေတော့သည်. " ငါတို့ ပစ္စည်းတွေကို နေရာချဖို့ တည်းခိုဆောင်တစ်ခု အရင်ရှာရအောင်၊ ပြီးရင် ငါတို့ အမည်းရောင်တောင်တန်းတွေဆီကို ခရီးဆက်ကြမယ်"


သူတို့နှစ်ယောက်သား နန်းတော်ထဲမှ လျင်လျင်မြန်မြန်ထွက်လာခဲ့ပြီးတော့ မိန်းမစိုးဝတ်စုံတွေကို စာသင်သားဝတ်စုံနဲ့ လဲလှယ်ဝတ်ဆင်လိုက်ကြပါတယ်. သူတို့က ပုံမှန် တည်းခိုဆောင်တစ်ခုကို နန်းမြို့တော် အနောက်ပိုင်းမှာ ရှာတွေ့ခဲ့ကာ သူတို့ခရီးဆက်သွားဖို့ ပိုပြီးတော့ အဆင်ပြေချောမွေ့သွားတော့တယ်။


လင်ရှန်းက စားပွဲထိုးကို ငွေအကြွေစေ့တစ်တွဲပေးလိုက်ပြီးတော့ သူမတို့အတွက် မြင်းလှည်းတစ်စီးကို ရှာဖို့ပြောလိုက်သည်. စားပွဲထိုးမျက်လုံးများက ငွေအကြွေစေ့ကို မြင်လိုက်တဲ့အခါမှာတော့ လက်ခနဲဖြစ်သွားခဲ့ပါတယ်. သူက ခေါင်းညိတ်လိုက်ကာ ငွေကိုယူလိုက်ပြီးတော့ မြင်းလှည်းတစ်စီးရှာဖွေဖို့ရန် အူရားဖားရားပြေးထွက်သွားလိုက်သည်။


ရှောင်လုက အံအားသင့်စွာစိုက်ကြည့်လိုက်ပြီးတော့- "သခင်. သခင်ဘာဖြစ်လို့ ငွေကို အရမ်းကြိုက်ရတာလဲဆိုတာ နောက်ဆုံးတော့ ဒီအစေခံနားလည်သွားပါပြီ၊ လတ်စသတ်တော့ ငွေဆိုတာက အရမ်းအရေးပါတာပဲကိုး!"


"နင် အခုမှသိတာလား" လင်ရှန်းက မျက်စောင်းထိုးပစ်လိုက်သည်. – "ငွေက အရာရာတိုင်းမဟုတ်ပေမယ့် ငွေမရှိရင် နင့် ဘာမှလုပ်လို့ရမှာ မို့ဘူး၊ ငါတို့တွေ လိန်ဖန်ကို သွားရှာမယ်ဆိုရင် ငွေတွေအများကြီးသုံးဖို့ လိုလိမ့်မယ်။ နင် သေချာကြည့်ပြီး သင်ယူလိုက်စမ်းပါ"


ရှောင်လုက နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်. ဒါပေမယ့် နောက်ပြီးတော့မှ သူမက တုံ့ဆိုးစွာနဲ့- "ဒါပေမယ့် သခင်ရယ်...တကယ်လို့ ကျွန်မတို့ အရာရှိလိန်ကို ရှာမတွေ့ဘူးဆိုရင် ကျွန်မတို့ တစ်သက်လုံးဆက်ရှာနေရမှာလားဟင်"


ရှောင်လုက စကားမပြောခင်ကို မစဉ်းစာမဆင်ခြင်ခဲ့လေတော့ လင်ရှန်းရဲ့စိတ်က ရုတ်ချည်းပင် ကျဆင်းသွားလေသည်. ရှောင်လုက သူမရဲ့ပျော့ကွက် ဖော်ထုတ်လိုက်တာကြောင့် လင်ရှန်း ရုတ်ချည်းပင် သူမခေါင်းကိုမော့လိုက်ကာ ပြတ်ပြတ်သားသားဖြင့်ပင် အကောင်းမြင်စိတ်အပြည့်နဲ့ စိတ်အားထက်သန်စွာဖြင့်.- "ဟုတ်တယ်၊ ငါတို့ သူ့ကို မတွေ့မချင်းဆက်ရှာမယ်!"


သူတို့တွေ ဘာတစ်ခုမှ မတွေ့သေးတာကို သူမ သိသော်လည်းပဲ ထိုအခိုက်မှာတော့ ရှောင်လုက လင်ရှန်းကို ယုံကြည်စပြုလာခဲ့ပါတယ်. အရာရှိလိန်များ အသက်ရှင်နေသေးတာလား......သူတို့တွေအမှန်တကယ် သူ့ကို ရှာတွေ့လိမ့်လေမလား...


တစ်ခါတစ်လေတွင် လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်က အလွန်တရာပင်ကြောက်စရာကောင်းသောအရာတစ်ခု ဖြစ်နိုင်ပေသည်. မုန်လာဥချိတ်ဆွဲထားတာကို နောက်ကနေလိုက်ပါနေတဲ့ မြည်းတစ်ကောင်လိုမျိုးပင် ဖြစ်နေသည်. အဲဒီမျှော်လင့်ချက်က ရှေ့ဆက်သွားဖို့ကို ဘယ်တော့မှ မရပ်တန့်နိုင်သလိုပင်. လင်ရှန်းက ဒီအခြေအနေထဲသို့ သူမစီးဝင်သွားသလိုပင် ခံစားလိုက်ရပြီး သူမ ရပ်တန့်လို့ မရတော့ပါဘူး. တကယ်လို့ သူမ ရပ်လိုက်တာနဲ့ သူမဟာ ချက်ချင်းပဲ စိတ်ကျရောဂါပြန်ရှိသွားမှာကိုလဲ သူမ သိပါတယ်. တကယ်လို့ သူမသာ အရှုံးပေးလိုက်မယ်ဆိုရင်တော့ အဲဒီနောက်မှာ သူမဟာ လိန်ဖန်ကို နောက်ထပ်တစ်ခါ လုံးဝကို မြင်နိုင်မှာမဟုတ်တာတော့ မလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်။


အိပ်၍ မပျော်သော ညတစ်ည ဖြစ်ခဲ့သည်. နောက်တစ်နေ့မနက်တွင်တော့ စားပွဲထိုးက သူတို့တွေအား သူဝယ်ယူထားခဲ့တဲ့ မြင်းလှည်းအိမ်ရှိရာသို့ ခေါ်ဆောင်သွားခဲ့ပါတယ်. လင်ရှန်းနှင့် ရှောင်လုက မြင်းလှည်းကိုမြင်လိုက်ရသည့်အခါတွင်တော့ သူတို့နှစ်ယောက်လုံးပင် ကြက်သေ သေသွားကြတော့လေသည်။


ဒါ...ဒါကြီးက မြင်းလှည်းတစ်စီးလို့ စဉ်းစားလို့ ရလို့လား။ အဲဒါ ရိုးရိုးသားသားပြောရရင်တော့ ပျက်စီးနေတဲ့မြင်းလှည်းကိုယ်ထည်တစ်ခုပေါ်မှာ အဝတ်စတစ်ခု ဖုံးထားတာနဲ့ တူမနေဘူးလား.. မြင်းကလည်း အားနည်းပိန်လှိပြီးတော့ အရိုးအပြိုင်းပြိုင်းပုံပေါက်နေသည်. ပိုပြီးတော့ အဆိုးဆုံးဖြစ်သွားတာကတော့ အနဲဆုံးအသက်ရှစ်ဆယ်လောက်ရှိသည့် အဖိုးကြီးတစ်ယောက် မြင်းလှည်းမောင်းသည့်နေရာတွင် ထိုင်နေခဲ့လေသည်. သူ့တစ်ခေါင်းလုံး ဆံပင်တွေဖြူဆွတ်နေပြီးတော့ သူ့တွင် အလွန်တရာကိုဝဲလှသည့် တောင်ပေါ်လေသံတစ်ခုက ရှိနေခဲ့သည်. သူက လင်ရှန်းကို နှုတ်ဆက်လိုက်ခဲ့သည်..- "သခ...ဘယ် နေ..နေရာကိုသွားချင်တုန်း"


လင်ရှန်းတစ်ယောက် သူမကို မိုးကြိုးတစ်ချက် ပစ်ချလိုက်ခြင်းခံလိုက်ရသလို ခံစားလိုက်ရသည်.ရှောင်လုက စားပွဲထိုးရဲ့လက်ကို တင်းတင်းဆွဲထားပြီးတော့ ထွက်သွားခွင့်ပေးဖို့ အတင်းငြင်းဆန်နေခဲ့သည်- "နင်က တော်တော်ပဲ! ဒါ လာဘ်စားထားတာပဲ၊ ငါတို့တွေက နင့်ကို ငွေပြားတွဲတစ်တွဲတောင် ပေးထားတာလေ..နင်က ငါတို့တွေကို ဒီလို မြင်းလှည်းစုတ်ကို ရှာလာပေးတယ်ပေါ့"


စားပွဲထိုးက မာမာတင်းတင်းဖြင့်ပင်.- "ဒါ ကျွန်တော့်အမှား မဟုတ်ဘူးလေ၊ အင်ပါယာက ဖျားနာနေပြီးတော့ တိုင်းပြည်က ဒီလောက်ရှုတ်ရှုတ်ထွေးထွေးဖြစ်နေတာကို၊ ဒီနေရာမှာလဲ ပစ္စည်းတွေအကုန်ပြတ်လပ်နေတာဗျ၊ ငွေပြားတစ်တွဲလား။ ခင်ဗျားတို့ တစ်ယောက်ယောက်ကို ရွှေတစ်ပြားပေးရင်တောင်မှ ဒီလောက်ကောင်းတဲ့ဟာကို သူတို့ရှာပေးနိုင်မှာ မဟုတ်ဘူးဗျ၊ ဒီမြင်းကို ကြည့်လိုက်စမ်းပါဦးဗျာ! ဒီ မြင်းလှည်းကိုလဲ ကြည့်စမ်းပါဦး.. ဒီလောက် ခိုင်ခံ့နေတာကို!" ပြောရင်းဖြင့် သူကမြင်းလှည်းပေါ်သို့ ဆတ်ခနဲပုတ်လိုက်ခဲ့တော့ ပြတင်းပေါက်က ဒေါက်ခနဲပြုတ်ကျသွားတော့လေသည်။


လင်ရှန်း. ".........."


ရှောင်လု "..........."


ထိုအချိန်တွင် မြင်းလှည်းမောင်းသမားအဖိုးအိုက ဝင်ပြောလိုက်လေသည်.- "သခင်.. သူ ပြောတာမှန်ပါတယ်.. မားမြင်းက အရမ်းမြန်ပါတယ်..အ..မြည်းတစ်ကောင်ထက်တောင် မြန်သေးတယ်ကွယ်!"


လင်ရှန်းတစ်ယောက် ငိုချလုနီးပါးတောင် ဖြစ်သွားခဲ့ပါတယ်. ဒီမြင်းက မြည်းတစ်ကောင်နဲ့ ပြိုင်လို့ရတယ် ဟုတ်လား... ကျွန်မ ခေါင်းကို ဖြတ်ပြီးတော့ဘဲ အဘိုး မြင်းလှည်းရဲ့ ထိုင်ခုံတစ်လုံးအဖြစ်သုံးလိုက်ပါတော့လားရှင်!'


မြင်းလှည်းက လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေသော်လည်းပဲ စားပွဲထိုးပြောသမျှကတော့ အမှန်တွေကြီးပါပဲ. အင်ပါရာ ဖျားနာလာခဲ့ကတည်းက ရှိရှိသမျှစီးပွားရေးအားလုံးကို ဒီလိုမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ အမြတ်ကြီးစားလုပ်ဖို့ အခွင့်ဖန်လာခဲ့တာပဲဖြစ်သည်. သူတို့က မြင်းတွေကို စုဆောင်းသိုလှောင်လာပြီးတော့ တန်ဖိုးနည်းနည်းလေး တန်တာကို ဈေးအမြင့်ကြီးတင်ဖို့လုပ်နေကြလေတော့သည်. အခုလိုမျိုး ဈေးတက်ပြီးတော့ သူတို့က ငွေများများဝင်အောင်လုပ်ကြလေသည်. ဒီလိုဈေးတွေကို မတတ်နိုင်တဲ့သူရှိတော့ရော ဘယ်သူကရော ဂရုစိုက်တော့မှာလဲလေ'


ရလဒ်တစ်ခုအနေနဲ့ကတော့ လင်ရှန်းနဲ့ရှောင်လုက မြည်းတစ်ကောင်ဆွဲတဲ့ မြင်းလှည်းထက် ပိုကောင်းတယ်လို့ ယူဆရလောက်တဲ့ မြင်းလှည်းတစ်စီးနဲ့သာ အဆုံးသတ်ကြရတော့လေသည်. လမ်းတစ်လျှောက်လုံးတွင် မြင်းလှည်းမောင်းသမားက သူတို့တွေ နားမလည်နိုင်သည့် ရိုးရာသီချင်း တညည်းညည်းဖြင့် မောင်းလာခဲ့တော့သည်။


လင်ရှန်းက မြင်းလှည်းစီးရင် မူးတတ်တာကြောင့်နဲ့ သူမအူတွေတောင် အန်ထွက်လုနီးပါး ခံစားနေတော့သည်. သူမ ရှောင်လုကို ကြည့်မိလိုက်တော့ သူမအစေခံက မလှုပ်မယှက်ဖြစ်နေတဲ့ ပုံပေါက်နေခဲ့သည်. ရှောင်လုက မတ်မတ်တောင်မှ ထိုင်မနေနိုင်ခဲ့ပေ. သူမက ထပ်ခါတလဲတလဲ ရေရွတ်နေခဲ့သည်- "ရေ....ရေ....."


လင်ရှန်းက ချက်ချင်းပင် ရေဘူးကို ယူလိုက်ပေမယ့် ရေက မရှိတော့ချေ. သူမက မြင်းလှည်းမောင်းသမားကို ရေရှာဖို့ အမိန့်ပေးလိုက်ခဲ့သည်. ဒါပေမယ့် အံဩစရာကောင်းတာက မြင်းလှည်းမောင်းသမားက အားလုံးကိုလုပ်ပေးပေမယ့် ဒီတစ်ခါကျတော့...


"အိုးလီ... မြင်းတစ်ကောင်တည်းပါ... တကယ်လို့ ကျုပ် သွားရင် မင်းတို့နှစ်ယောက် ကျုပ်မြင်းကို ခိုးမှာလား အာ့"


မြင်းလှည်းမောင်းသမားပြောတာကို နားလည်ဖို့ သူမ တော်တော်လေးစဉ်းစားယူလိုက်ရသည်. နောက်ဆုံးတော့ မြင်းလှည်းမောင်းသမားအဘိုးကြီး ဘာပြောလိုက်တယ်ဆိုတာ သူမ နားလည်သွားလိုက်သည်. မြင်းလှည်းမောင်းသမားအဘိုးကြီးက သူမတို့တတွေ သူ့မြင်းကို ယူပြီးတော့ ထွက်ပြေးသွားမှာကို စိုးရိမ်နေတာပဲ ဖြစ်သည်။


လင်ရှန်းက မြက်ခြောက်တောင်မှ ဝါးမနေရတဲ့ မြင်းကို ကြည့်လိုက်ခဲ့သည်. သူမက တွန့်ခနဲတောင် ဖြစ်သွားရသည်. 'အမ်း ပလိစ် မစ်စတာရယ်..ကျွန်မက ရှင့်မြင်းထက်စာရင်တော့ မြည်းတစ်ကောင်တောင်မှ ပိုခိုးနေချင်သေးတယ်ရှင့်!'


ဘယ်လိုပဲဖြစ်ဖြစ် မြင်းလှည်းမောင်းသမားအဖိုးကြီးက တော်တော်လေး ဇွတ်တရွတ်နိုင်လွန်းကာ လင်ရှန်း ဘာပြောပြော သွားဖို့ငြင်းဆန်နေခဲ့ပါတယ်. လင်ရှန်းလဲ ရွေးချယ်စရာမရှိဘဲ သူမဘာသာပဲ ရေရှာဖို့ သွားလိုက်ရတော့သည်. ကံအားလျော်စွာဘဲ မြို့တော်အစွန်အဖျားတွင် ရေရနိုင်တဲ့နေရာတစ်ခုက ရှိနေခဲ့ပါတယ်. လင်ရှန်းက စမ်းချောင်းတစ်ခုကို ခဏလေးနဲ့ရှာတွေ့သွားခဲ့ကာ ရေဘူးကို ရေဖြည့်လိုက်ခဲ့တယ်။


သူမက ရှောင်လုဆီ ပြန်လာလိုက်တော့သည်. ဒါပေမယ့် သူမ ပြန်ရောက်တဲ့အခါမှာတော့ သူမ မျက်လုံးများ ပေါက်ကွဲလုနီးပါး ပြူးထွက်သွားတော့လေသည်။


'ဘာလဲဟ။ မြင်းလှည်းက ဘယ်ရောက်သွားတာလဲ"


သူတို့ရပ်ထားတဲ့ တောင်ကုန်းလေးပေါ်တွင် ဘာမျှကို မရှိတော့ချေ. အားနည်းနေသည့် ရှောင်လုသာလျင် သစ်ပင်လေးတစ်ပင်ဘေးနားတွင် ထိုင်နေခဲ့လေသည်. သူမကိုကြည့်ရသည်မှာ ဘာအသိမှ ရှိမည့်ပုံမပေါ်ပေ။


လင်ရှန်း သူမစိတ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်သွားသလို ခံစားလိုက်ရသည်. သူမက ချက်ချင်းပင် ရှောင်လုအား လှုပ်ခါ ခေါ်ဆိုလိုက်ခဲ့သည်. – "ရှောင်လု! ရှောင်လု! ထတော့!!"


ရှောင်လုက အားပျော့စွာဖြင့် သူမ မျက်စိတွေကို ဖွင့်လိုက်ကာ သူမ သေတော့မည့်အတိုင်းပင် မေးလိုက်ခဲ့သည်- "သခင်.. ရေ ရခဲ့လားဟင်"


"နင့် ခေါင်းကြီးပဲ ရေ!" လင်ရှန်းက မျက်ရည်အဝဲသားနဲ့ဖြစ်သွားကာ- "ဘယ်မှာလဲ မြင်းလှည်း။ ဘယ်မှာလဲ မြင်းလှည်းမောင်းသမား။ ဘယ်မှာလဲ ငါတို့ ပစ္စည်းတွေ"


ရှောင်လုက အသိစိတ်မဲ့နေသလိုမျိုးပင် သူမက သူမပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ခဲ့သည်. သူမက သူမခေါင်းကို ခါရမ်းလိုက်ခဲ့ကာ.- "ကျွန်မ မသိဘူးလေ......."


ထိုအခိုက်တွင်တော့ လင်ရှန်း သိလိုက်ခဲ့ပါပြီ. သူတို့တတွေ တစ်ပါတ်ရိုက်စားခံလိုက်ရပြီဆိုတာပါပဲ။


Tobe continued......