Chapter 74
Viewers 9k

အပိုင်း(၇၄)


မြင်းလှည်းကလဲ ပလုံစွပ်သွားခဲ့လေပြီ။ မြင်းလှည်းမောင်းသမားကလဲ ဆုံးဆုံးမြုပ်သွားခဲ့လေပြီ။ အရေးကြီးဆုံးက သူမတို့ရဲ့ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေအားလုံး အပြောင်ပါသွားခဲ့တာပါပဲ. အဲဒါတွေက သူမရဲ့ မြေတွေ...သူမရဲ့ နွားတွေ သူမ ရဲ့အိမ်တွေ..... အာမခံပို့ဆောင်ရေးဌာနတစ်ခုဖွင့်ဖို့ဆိုတဲ့ သူမ စိတ်ကူးအိမ်မက်တွေ.! လင်ရှန်းတစ်ယောက် သေသာ သေပစ်လိုက်ချင်တော့သည်။


လင်ရှန်းမျက်နှာပေါ်က ဝမ်းနည်းပက်လက်နဲ့ ယူကျုံးမရဖြစ်နေတဲ့ပုံကို တွေ့လိုက်တော့ အားယုတ်လျော့နေသည့် ရှောင်လုက ဘေးကနေပြီးတော့ နှစ်သိမ့်ပေးဖို့ ကြိုးပမ်းလိုက်ခဲ့ပါတယ်. – "သခင်..... စိတ်မညစ်ပါနဲ့....ကျွန်တော်မျိုးမ အမြဲတမ်း ရတနာတွေကို ကျွန်တော်မျိုးမ ကိုယ်ပေါ်မှာပဲ သယ်ထားတာပါ.... သူ အဲဒါကို မယူသွားနိုင်ခဲ့ဘူး....."


'ဘာပြောတယ်' လင်ရှန်းရဲ့မျက်လုံးလေးက လင်းလက်လို့သွားတော့တယ်. ရတနာတွေ ဟုတ်လား? ရှောင်လုက သူမခါးစည်းကြိုးနောက်ထဲကနေပြီးတော့ အရွယ်စားကြီးမားတဲ့ အိတ်တစ်လုံးကို ထုတ်လိုက်ပါတယ်. သူမကိုကြည့်ရသည်မှာ အလွန်တရာပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပင်.- "သခင်..ကြည့်...."


"အိုးဟိုး! အဲလောက်တောင် ကြီးတာလား! လင်ရှန်းရဲ့မျှော်လင့်ချက်လင်းရောင်ခြည်က စတင်ပြီးတော့ ထတောက်လာတော့လေသည်. ဒီလောက်ကြီးတဲ့အိတ်တစ်လုံးဆိုရင်တော့ အဲဒီထဲမှာ အနည်းဆုံးငွေစက္ကူတွေ တစ်ရာလောက်တော့ရှိမှာပဲ! ငါ့အထင်တော့ ငါတို့ရဲ့ အာမခံပို့ဆောင်ရေးဌာနက မျှော်လင့်လို့ရတုန်းပဲနေမှာ! ပြီးတော့ ငါ့ရဲ့နွားတစ်ရှဉ်းနဲ့ လယ်ကွက်ကလဲ .. အိုးဟိုး!


လင်ရှန်းက မျှော်လင့်ချက်အပြည့်ဖြင့် အိတ်ကို ဖွင့်ကြည့်လိုက်လေသည်. ဒါပေမယ့် အထဲက အရာကို သူမ မြင်လိုက်ရတဲ့အချိန်မှာတော့ သူမ မျက်နှာက မှင်တက်သွားတော့လေသည်။


ရှောင်လုပြောတဲ့ "ရတနာ"က အိတ်ထဲတွင် အလွန်ကိုလုံခြုံစွာဖြင့် ထုတ်ပိုးထားလေတယ်. ထိုအရာကတော့ အင်ပါရာဘုရင်က သူမကို ချီးမြှင့်ထားတဲ့ ကောင်းကင်ဘုံကျောက်တုံးပင်ဖြစ်လေသည်. အဲဒီအပေါ်မှာရေးထားတာကတော့" ငြိမ်းချမ်းခြင်းနှင့် ကြွယ်ဝချမ်းသာခြင်း"ဆိုတဲ့စာသားပင်. ရွှေရောင်စာလုံးလေးလုံးက သူမအား မှိတ်တုတ်မှိတ်တုတ်နဲ့တောက်ပပြနေလေသည်။


ထိုအခိုက်တွင်တော့ လင်ရှန်းတစ်ယောက် သူမခေါင်းကိုသူမ ကျောက်တုံးနဲ့ ကွဲသွားအောင်လို့ ထုရိုက်ပစ်ချင်နေသော ပြင်းပြင်းပြပြဆန္ဒတစ်ခုရှိလာလေသည်. 'ရှောင်လု...အိုး ရှောင်လုရယ်! နင်ဟာလေ ဒီကျောက်တုံးအစုတ်အပဲ့ကိုမှ ဒီလောက်အသေလာဖွက်ထားရတာလဲ? နင် ငါ့ကို လာကစားနေတာလား..ဟင်.. လင်ရှန်းတစ်ယောက် ရှောင်လုအပေါ်တွင် ပေါက်ကွဲပစ်လိုက်ချင်ပေမယ့် သူမ ကြည့်မိလိုက်သည့်အခါတွင်တော့ ရှောင်လုက သတိလစ်သွားခဲ့ပါပြီ. သူမ မျက်နှာပေါ်တွင်တော့ ထူးထူးကဲကဲအနိုင်ရလိုက်သည် မျက်နှာပေးမျိုးက ပြည့်ဝလုံလောက်စွာပေါ်လွင်ထင်ရှားလျက်ပင်။


လင်ရှန်း. – "............"


လင်ရှန်းတစ်ယောက် ပူပူနွေးနွေးဘောစိဖြစ်လာရာကနေပြီးတော့ ကျောက်တုံးအစုတ်အပဲ့တစ်တုံးသာရှိတဲ့ လူတစ်ယောက်အဖြစ်သို့ နေ့ချင်းညချင်း ပြောင်လဲလို့သွားခဲ့ပါတယ်. ထပ်ပြီးတော့လဲ သူမမှာ နေမကောင်းဖြစ်နေတဲ့လူမမာတစ်ယောက်ကို စောင့်ရှောက်ဖို့ပါ ရှိသွားခဲ့ပါတယ်. 'ဆိုးလိုက်တဲ့ကံရယ်....' လင်ရှန်းတစ်ယောက် သူမ ဘဝကိုသူမ ဒီလောက်ထိတော့ မဆိုးရွားလောက်တော့ပါဘူးလို့ ခံစားမိလိုက်လေတာနဲ့ ရှောင်လုက အဖျားတက်လာတော့လေသည်။


လောလောဆယ်တွင်တော့ လင်ရှန်းမှာ တသသတနုံ့နုံ့ဖြစ်နေရနေဖို့ရာ အချိန်မရှိပါဘူး. ရှောင်လုရဲ့နံဖူးက ပိုပြီးတော့ပူသထက်ပူပြင်းလာတာကို သူမခံစားလိုက်ရတာနဲ့ သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ နန်းမြို့တော်သို့ ပြန်ဖို့သာ ဦးလှည့်လိုက်ရလေသည်. လိန်ဖန်ကို ရှာဖို့ကတော့ စောင့်ဆိုင်းထားရပေဦးမည်။


ဒီလိုနဲ့ပဲ သူတို့တတွေ နေ့တစ်ဝက်လောက် ထွက်သွားခဲ့ပြီးနောက်မှာ ပြန်ရောက်ချလာခဲ့တော့သည်. ခြားနားချက်ကတော့ သူတို့တွေ ချမ်းချမ်းသာသာနဲ့ ထွက်သွားခဲ့ရာမှ လက်ဗလာနဲ့ပြန်လာခဲ့ရတာပဲဖြစ်တယ်။


သူမတို့ နန်းမြို့တော်သို့ ဦးတည်သည့် လှည်းလမ်းကြောင်းကို ရှာတွေ့သွားတာပဲ တော်တော်ကံကောင်းပေသည်။ ထို့ကြောင့် လှည်းလမ်းကြောင်းအတိုင်းပင် လင်ရှန်း သူမတို့ တစ်သက်လုံးထွက်ခွာဖို့ စီစဉ်ထားခဲ့သည့် နေရာသို့ နောက်တစ်ဖန် ပြန်လှည့်ခဲ့ရတော့သည်။


ရှောင်လု၏အဖျားက ပိုတက်လာခဲ့ကာ သူမ၏အသက်ပင် အန္တရာယ်ရှိသည့် အခြေအနေသို့ရောက်သွားခဲ့သည်။ ဒါပေမယ့် လင်ရှန်းမှာ သူမအတွက်သုံးဖို့ ပိုက်ဆံလဲတစ်ပြားတစ်ချပ်မှ မရှိပေ။ သူမ ခက်ခဲသည့်ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရတော့မည်။


သူမက နန်းတော်ထဲကို ပြန်သွားမလား ဒါမှမဟုတ် သူမ၏မိဘတွေဆီပြန်သွားမလားဆိုတာပါပဲ။


ဒါပေမယ့်လည်း ဘယ်ဟာကမှ သူမဘဝအတွက် ကောင်းသောရွေးချယ်ခြင်းမဟုတ်ခဲ့ပါဘူး။ တကယ်လို့ သူမသာ နန်းတော်ထဲကို ပြန်သွားခဲ့ရင်တော့ သူမ နောက်ထပ်တစ်ခါလွတ်မြောက်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး. တကယ်လို့ သူမ အိမ်ပြန်သွားခဲ့ရင်လည်း တုဟောင်က သူမ မိသားစုကို ပြဿနာလာရှာမှာတော့ အသေအချာပင်ဖြစ်ပေသည်။


လင်ရှန်းတစ်ယောက် အလွန်ပင်စိတ်ထွေပြားနေတော့သည်။ ထိုအချိန်တွင်‌တော့ အဖျားတက်နေတဲ့ရှောင်လုက သတိမရတရဖြင့် ရုတ်တရက်သူမ အင်္ကျီလက်စကို လာဆွဲလိုက်ခဲ့တယ်. – "သခင်...ကျွန်မ..ကျွန်မ အဆင်..ပြေပါတယ်..... ပြန်မသွားပါနဲ့.....ကျွန်..မတို့တွေ.... အရာရှိလိန်ကို ရှာရအုံးမယ်လေ......." ရှောင်လုက စကားပြောဖို့တောင်မှ အားအင်မကျန်ရှိတော့ချေ. လင်ရှန်းရဲ့မျက်လုံးထဲ မျက်ရည်များဖြင့် ချက်ချင်းပြည့်အိုင်သွားတော့လေသည်။


ဒီအစေခံက သူမ ဒီကမ်ဘာကိုရောက်လာကတည်းက သူမနဲ့အတူ ရှိလာခဲ့တာပဲဖြစ်သည်. ရှောင်လုက အချိန်တိုင်း လုပ်ချင်ရာလုပ်တတ်သော်လည်း သူက သူမအပေါ်တွင်တော့ အလွန်အင်မတန်ရာကို သစ္စာရှိတဲ့သူတစ်ယောက်ဖြစ်တာတော့ အသေချာကြီးပင်. အရိုးသားဆုံးပြောရရင် သူမက ရှောင်လုကို ဒီလောက်တောင် ကောင်းကောင်း မဆက်ဆံပေးဖူးပါဘူး. တစ်ကြိမ်လောက် နိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ ရှောင်လုကသာ သူမအပေါ်ကို ပိုပြီးတော့ ကောင်းမွန်စွာစောင့်ရှောက်ပေးခဲ့တာပဲဖြစ်တယ်။


ဒီလိုတွေ တွေးတောလိုက်ပြီးတော့ လင်ရှန်းတစ်ယောက် နောင်တအလွှာတစ်ခုက ဖြစ်တည်သွားသလို ခံစားလိုက်ရသည်. သူမက လိန်ဖန်ကိုလဲ ဆုံးရှုံးလုနီးပါးပင် ဖြစ်နေပြီလေ. သူမ ရှောင်လုကိုတော့ လုံးဝ အဆုံးရှုံးခံနိုင်မည် မဟုတ်ပေ။


လင်ရှန်း ရှောင်လုရဲ့လက်ကလေးကို သူမလက်ထဲသို့ ဆွဲယူလိုက်ပြီးတော့ တင်းတင်းဆုပ်ကိုင်ထားလိုက်ကာ ပြောလိုက်တယ်.- " မဟုတ်ဘူး..၊ ငါတို့တတွေ နန်းတော်ကိုပဲ ပြန်မယ်၊ ငါ နင်နေပြန်ကောင်းသွားအောင် ကုပေးမယ်!"


လင်ရှန်းပြောတာကို ကြားလိုက်ရတော့ ရှောင်လုက ထိတ်ထိတ်ဖျာဖျာနဲ့- "သခင်.. သ.ခင်.. ပြန်သွားလို့ မရဘူး! တကယ်လို့ သခင် ပြန်သွားလိုက်ရင်.... သခင် ပြန်ထွက်လာလို့ ရတော့မှာ မဟုတ်ဘူး!" ရှောင်လုက စိတ်လောလျက်ရှိတာကြောင့် သူ့အသံနှုန်းက မြှင့်တက်သွားခဲ့ကာ- "တကယ်တော့ ....ကျွန်တော်မျိုးမ မြို့တော်ထဲမှာ ဆွေမျိုးတစ်ယောက်ရှိတယ်....."


'ဆွေမျိုးလား? လင်ရှန်းမျက်လုံးက လက်ခနဲဖြစ်သွားခဲ့ကာ- "ဘယ်ကဆွေမျိုးလဲ"


ရှောင်လုက ခဏလောက်စဉ်းစားလိုက်ပြီးတော့ - " မျိုးရိုးတော်စပ်ပုံအရဆိုရင်တော့....အဲဒါက ....ကျွန်မ အမေဘက်က သားရဲ့ အဒေါ်ရဲ့ ..ဒုတိယဦးလေးရဲ့..... ထင်တာပဲ"


လင်ရှန်း.- "........."


'လတ်စသတ်တော့ ရှောင်လုက ကယောင်ခြောက်ခြားတွေလျှောက်ပြောနေတာမဟုတ်ပေ။ နောက်ဖေးလမ်းကြား..လမ်းအကြိုအကြားတွေကို ဖြတ်သန်းခဲ့ပြီးနောက်တွင် သူတို့တတွေ လမ်းကြားသေးသေးလေးတွင် တစ်ဦးတည်းနေထိုင်လျက်ရှိသော အသက်ရှစ်ဆယ်အရွယ်လောက်နီးပါးရှိတဲ့ အဘွားအိုတစ်ယောက်ရှိတဲ့နေရာကို ရှာတွေ့တော့သည်. အဘွားအိုက ရှောင်လုကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့တာဖြစ်လေတော့ သူမက အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့တယ်. သူမ မျက်နှာပေါ်မှ မျက်ရည်တွေအလျှံအပယ်စီးကျလာခဲ့ကာ ရှောင်လုကို ပွေ့ဖက်လိုက်ခဲ့ပါတယ်. သူမက " ချွေ့ဟွာ.. သမီးရဲ့ဘွားဒေါ်လေးက သမီးကို အရမ်းသတိရနေတာ၊ သမီး ဘာလို့ ဒီလောက်တောင် ပိန်သွားတာလဲ။ မစိုးရိမ်နဲ့တော့နော်..အဘွား သမီးအတွက် သမားတော်ခေါ်ပေးမယ်!" လို့ ပြောပြီးတော့လဲ ရှောင်လုကို ဘာပဲဖြစ်နေနေလက်လွှတ်ပေးစေလိုစိတ်မရှိခဲ့ပေ။


လတ်စသတ်တော့ ရှောင်လုရဲ့နာမည်အရင်းက ချွေ့ဟွာကိုး. လင်ရှန်း တစ်ယောက် အံဩသွားတော့လေသည်. ထိုအခိုက်တွင် အဘွားက သမားတော်တစ်ယောက်နဲ့အတူ ပြန်ရောက်ချလာခဲ့သည်. သမားတော်က ရှောင်လု သွေးကြောကို စမ်းကြည့်လိုက်ပြီးတော့ သူမရဲ့အဖျားက အရမ်းစိုးရိမ်ဖို့ မလိုကြောင်းပြောလိုက်ခဲ့ပါတယ်. သို့သော်ငြားလဲ ရှောင်လုရဲ့ကိုယ်ခန္တာက အားနည်းနေခဲ့ပါတယ်. ဒါ့ကြောင့် သူတို့တွေက သူမ သက်သာလာစေဖို့ ပိုပြီးတော့ ဂရုစိုက်ပြုစုပေးရလိမ်မှာပဲဖြစ်သည်။


သမားတော်ရဲ့စကားက လင်ရှန်းကို သက်သာရာရတဲ့ သက်ပြင်းရှည်တစ်ချက် ချလိုက်ခဲ့တော့သည်. တစ်ချိန်တည်းမှာပဲ ရှောင်လုက သာမာန်မိန်းကလေးတစ်ယောက်ပဲဆိုတာကို သဘောပေါက်လိုက်သည်. တကယ်လို့သာ ရှောင်လုကို သူမနဲ့အတူ လျှောက်ခေါ်သွားရင်တော့ သူမရဲ့ကျမ်းမာရေးကို အလွန်ပင်ဆိုးရွားသွားစေမှာပဲ ဖြစ်ပေသည်။


တစ်ရက်ကြာ တွေးဆပြီးနောက် ရှောင်လု မနိုးခင်ကို လင်ရှန်းက ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ခဲ့သည်. ရိုးသားစွာပြောရရင်တော့ အတွင်းစိတ်ထဲတွင် သူမက လိန်ဖန်ကိုရှာနိုင်မလား မရှာနိုင်မလားလို့တော့ သေချာတော့ မပြောနိုင်ခဲ့ပေ. သူမရဲ့အခြေအနေအရ သူမက သူမနဲ့အတူ ဘယ်သူ့ကိုမှ ဆွဲမချသင့်ပါဘူး. သူမနဲ့ အနီးစပ်ဆုံးလူတစ်ယောက်ဖြစ်တဲ့ ရှောင်လုဆိုတာတောင်မှ ထည့်တွက်လို့မဖြစ်နိုင်ပေ။ ဒါ့ကြောင့် သူမက သူမဘာသူမပဲ ထွက်သွားလိုက်ရန် ဆုံးဖြတ်လိုက်ခဲ့တော့တယ်။


လင်ရှန်းက ညသန်းခေါင်ယံအချိန်ကြီးတွင် တိတ်တိတ်လေး ထွက်သွားဖို့ ဆုံးဖြတ်လိုက်ခဲ့ပါတယ်. သူမ မသွားခင်တွင် သူမက သူမ ကျန်ရှိနေသော ငွေစအနည်းငယ်နဲ့ ကောင်းကင်ဘုံကျောက်တုံးအား ရှောင်လုနဲ့သူ့ဘွားဒေါ်လေးအတွက် ထားရစ်ခဲ့သည်. သူမ ပေးနိုင်တာက ဘယ်လောက်မျှ မရှိဘူးဆိုတာသိပေမယ့်လဲ ဒီအချိန်မှာတော့ ထိုအရာက သူမမှာ ရှိသမျှအားလုံးပင်ဖြစ်သည်။


လမ်းကြိုလမ်းကြားတွေထဲက ပြန်ထွက်လာပြီးနောက် လင်ရှန်းက တလက်လက်ဖြစ်နေသည့် ကြယ်ရောင်စုံတွေကို မော့ကြည့်လိုက်ခဲ့သည်. သူမပတ်ချာလည်မှာရှိတဲ့ အဆောက်အဦးနိမ့်နိမ့်လေးတွေအောက်ဘက်မှာတော့ ကောင်းကင်ကြီးက ကျယ်ပြန့်လာသလိုပင် လမင်းကြီးကလဲ ပိုပြည့်ဝန်းလာသလို.. ကြယ်တွေက ပိုအရောင်စုံကာ လှပလာသလိုပင် သူမ ရုတ်တရက်ခံစားလိုက်ရသည်. ထိုအခိုက်တွင်တော့ သူမ ခေါင်းထဲမှာတော့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုချင်နေတဲ့ စိတ်ကပြင်းပြင်းပြပြဖြစ်သွားတော့လေသည်။


"ညှင်းလေအေးက ထွက်ခွာသွား..


ဆောင်းလမင်းမှာ အဖော်မရှိပေ..


ကိုယ့်ရဲ့လူကိုလွမ်းမိတာကြောင့်...


ရက်တစ်ရက်က နှစ်များစွာလိုပင်...


ကိုယ့်အလှတရားက..


လမင်းနဲ့ ပန်းပွင့်တွေရဲ့အရိပ်အောက်ဝယ် မဖုံးကွယ်လဲ မဖုံးကွယ်ထားနိုင်...


ကျေးငှက်တွေနဲ့တောကောင်တွေ ညို့မဖမ်းစားနိုင်သော်လည်း...


ဒါပေမယ့်လည်း..ကိုယ်ကတော့


နှလုံးသားအကြီးကြီးတစ်ခုတော့ ရှိပါတယ်...


ပြီးတော့ ကိုယ်က.. 


ပျော်ရွှင်မှုကို ခံစားရင်း ကိုယ့်လူကို ကိုယ် အရှုံးပေးနေပါ့မယ်!"


(ကဗျာမစပ်တတ်ပါရှင့် သည်းခံပြီး ဖတ်ပေးကြပါ)


ရွှေရောင်သိပ္ပံဥပဒေတွေ၏ အချိန်နဲ့အမှီပြန်ရောက်လာမှုအရ ဒီလိုမျိုးအချိန်ဆိုရင် ဇာတ်လိုက်က ကဗျာတစ်ပုဒ် ရွတ်ဆိုပြီးနောက်တွင် အမြဲတမ်းလိုလို အလှလေးတစ်ယောက်နဲ့ တွေ့ဆုံလေ့ရှိပေသည်. လင်ရှန်းက အချစ်ကို မခံစားတတ်သော်လည်းပဲ သူမ စိတ်ထဲမှာ အရမ်းအရမ်း စပ်ဆိုချင်နေတော့လဲ မတတ်နိုင်တော့ပေ. သူမက ရွှေရောင်သိပ္ပံဥပဒေက မှန်သလား မမှန်သလားဆိုတာကိုတော့ သူမ သိချင်သွားသည်. ဒါ့ကြောင့် သူမ ကဗျာစပ်ပြီးနောက်တွင် သူမက သူမဘေးပတ်ဝန်းကျင်သို့ သေသေချာချာပင် လှည့်ပတ်ကြည့်ရှုလိုက်လေသည်။


တိုက်ဆိုင်သွားတာပဲဖြစ်ဖြစ် ရွှေရောင်ဥပဒေသက အကျိုးသက်ရောက်တာပဲဖြစ်မလားဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲလေ.. ပတ်ချာလည်ကို လှည့်ကြည့်လိုက်ပြီးသည့်နောက်မှာတော့ လင်ရှန်းက တကယ်ပင် သူမဆီကို ချဉ်းကပ်လာတဲ့ အရိပ်တစ်ခုကို သတိထားမိလိုက်လေသည်။


ထိုလူက လေပွေလိုပင် ကွေ့ကာပတ်ကာဖြင့် လမ်းလျှောက်လာသည့် လူတစ်ယောက်ပင်ဖြစ်သည်. သူက ဝါးခမောက်တစ်ခုကို ဆောင်းထားပြီးတော့ သူ့အဝတ်စားတွေက လျှောတွဲကျနေလေသည်. သူ့လက်ထဲတွင်တော့ ဆေးတံတစ်ချောင်းရှိနေကာ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပေမယ့် အထီးကျန်ဆန်လွန်းလှပေသည်။


.........


လင်ရှန်း ဆက်ကြည့်နေလိုက်သည်။ ဖြေးဖြေးချင်း ဖြေးဖြေးချင်းဖြင့် သူမ ထိုလူကိုကြည့်ရတာ ရင်းနှီးနေသလို ဖြစ်လာသည်။ ထိုလူက သူမနဲ့ကိုနီးလာတဲ့အခါ ထိုလူက ရုတ်တရက် သတိချပ်သွား၍ သရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုးဖြစ်သွားပြီး နောက်ပြန်လှည့်၍ အခြားဦးတည်ဖက်သို့ ထွက်ပြေးသွားတော့သည်။


ထိုအခါမှ လင်ရှန်းတစ်ယောက် သဘောပေါက်သွားတော့သည်။ တောက်! ဒီအဘိုးကြီးက ငါ့ပစ္စည်းတွေကို ခိုးသွားတဲ့ လူကြီးပဲကိုး!'


ထိုအချိန်တွင်တော့ လင်ရှန်းတစ်ယောက် သူမတစ်ကိုယ်လုံးပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားတော့သည်။ သူမ ကျယ်လောင်စွာဖြင့် ဟစ်အော်လိုက်တော့သည်။ " ရပ်လိုက်!" ပြီးနောက် သူမသည် သူ့နောက်ကို ပြေးလိုက်သွားတော့သည်။ သူမသည် သူ့နောက်သို့ မွန်းစတားတစ်ကောင် ကဲ့သို့ ပြေးလိုက်သွားခဲ့သည်။ သူမ၏ကိုယ်တွင်းစွမ်းရည်တွေကလဲ နိုးကြားတက်ကြွလာခဲ့သည်။


လင်ရှန်း အဘိုးကြီးနောက်သို့ ရှုတ်ထွေးပွေလီသည့် လမ်းသွယ်တွေကိုဖြတ်ကာ နောက်မှလိုက်ဖမ်းခဲ့သည်။ သူမ လမ်းသွယ်နှစ်လမ်းလုံးတစ်လျှောက်လုံးတောင် လိုက်ဖမ်းခဲ့သည်။ နောက်ဆုံးတွင် ထိုလူအား သူမ ဖမ်းမိသွားခဲ့သည်။


အဘိုးကြီးက သူမလက်မှ ဆက်မပြေးနိုင်တော့ပေ။ သူက အသက်ဟောဟဲလိုက်စွာရှူရှိုက်၍ သူမအား တောင်းပန်လိုက်ခဲ့သည်။ " ကျုပ်မှားပါတယ်။ ကျုပ်မှားသွားပါတယ်......ကျေးဇူးပြုပြီးတော့ သူဌေးမင်း...ကျုပ်ကို သွားခွင့်ပေးပါ.....အ...."


လင်ရှန်းကလဲ သူ့ကို လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်တာတော့ အသိသာကြီးပင်။ သူမက အဖိုးကြီး၏အင်္ကျီကော်လံစကို ဆွဲထားကာ အကြွေးတောင်းလိုက်သည်။ " ဘယ်မှာလဲ ကျွန်မ ငွေတွေ"


"မရှိတော့ပါဘူ....အာ့....."


"ဘာတွေ လာပြောနေတာလဲ။ ကျွန်မ ငွေတွေ ဒီလောက်အများကြီးကို။ ဘယ်လိုလုပ် ကုန်နိုင်မှာလဲ။ အခုပြောမလား မဟုတ်ရင် ကျွန်မ ရှင့်ကို တရားရုံးကို ခေါ်သွားရမလား!"


အဘိုးကြီး က သူမဆီမှ 'တရားရုံး' ဆိုသည့်စကားကို ကြားလိုက်ရသည့်အခါမှာတော့ လဲကျလုနီးနီးဖြစ်သွားခဲ့သည်။ သူက မျက်ရည်တွေ နှာရည်တွေထွက်လျက် ချုံးပွဲချငိုကြွေး၍ လူးလိမ့်ကာ- " အမှန်အတိုင်းပြောတာပါ။ ကုန်သွားပါပြီ..အား... ငွေတွေက အဲဒီမှာပါ အု..! အဲဒီနေရာမှာပါပဲ!"


လင်ရှန်းက အဘိုး ကြီး ညွှန်ပြသည့်ဖက်ကို ကြည့်လိုက်သည်။ အဘိုးကြီး အသက်ခုနှစ်ဆယ် ရှစ်ဆယ်ရောက်သည်အထိ အခုထိ လူလိမ်လူကောက်တစ်ယောက် ဖြစ်နေရလဲဆိုတာ နောက်ဆုံးတော့ လင်ရှန်းနားလည်သွားခဲ့သည်။ သူက လောင်းကစားသမားတစ်ယောက်ပဲကိုး!'


သူမ ရှေ့တွင်တော့ 'လောင်းကစားရုံ'ဆိုသည့် အမည်စာသားတစ်ခုကို မြင်လိုက်ရသည်။ သူမ ဒီလောက်တောင် အကြာကြီး ချစ်ကုပ်စုဆောင်းလာရသည့် ငွေတွေက တိမ်တွေ လေလွင့်သွားသလို ပျောက်ကွယ်သွားခဲ့လေပြီ။


..........


End.....