Chapter 75
Viewers 9k

အပိုင်း(၇၅)



ထိုအချိန်တွင်တော့ လင်ရှန်းတစ်ယောက် ဒေါသတွေက တအားကိုဆူပွက်သွားတော့လေသည်။


"ခင်ဗျားက ****ပဲ၊ ခင်ဗျားမှာ စောက်ရှက်မရှိဘူးလား ခင်ဗျား အသက်ကဖြင့် ဒီလောက်ကြီးနေပြီ.. ခင်ဗျား ခုထိ လောင်းကစားလုပ်နေတုန်းပဲလား။ ခင်ဗျား အမေက ခင်ဗျားကို မွေးပြီးတော့ ဒီလောက်ခက်ခက်ခဲခဲ အလုပ်လုပ်ပြီးတော့ ပျိုးထောင်ပေးလာခဲ့ရတာ.. ခင်ဗျားက သူ့ကို ဒီလိုပုံစံနဲ့ ပြန်ဆပ်လိုက်တယ်ပေါ့? ခင်ဗျားက တော်တော်စက်ဆုပ်ဖို့ကောင်းတဲ့ လူသားတစ်ယောက်ပဲ၊ ခင်ဗျား အသက် တစ်ဆယ်...နှစ်ဆယ်..သုံးဆယ်....ထဲက လောင်ကစားသမားတစ်ယောက်၊ ခင်ဗျား အခု အသက်ခုနှစ်ဆယ်ရှိနေပြီ! ခင်ဗျားကိုယ် ခင်ဗျား မရှက်ဘူးလား၊ ခွေးတစ်ကောင်ရဲ့ဘဝတောင်မှ ခင်ဗျားတို့ထက် ပိုပြီးတော့ အဓိပ္ပာယ် ရှိနေဦးမယ်!


လင်ရှန်းရဲ့ပွက်ပွက်ညံအောင်လုပ်လိုက်မှုက လူများစွာ ရှုတ်ထွေးနေတဲ့မြို့ထဲမှာ အတော်လေးလှုပ်လှုပ်ရွရွဖြစ်စေလိုက်ခဲ့သည်. အဘိုးကြီးပင် ကြက်သေ သေနေရုံသာမက ဘေးပတ်ဝန်းကျင်မှာရှိနေသည့် လောင်းကစားသမားတွေကလဲ မှင်တက်စွာနဲ့ အလွန်အံ့အားသင့်နေခဲ့ကြသည်. မူလကတော့ သူတို့က ညသန်းခေါင်ယံကြီးတွင် တိတ်တိတ်လေးလောင်းကစားရရုံမှာ လာကစားဖို့ စီစဉ်နေကြတာပဲဖြစ်လေသည်. ဒါပေမယ့် လူရွယ်လေးရဲ့စကားကလဲ အတော်ကို မှန်ကန်လွန်းနေခဲ့တယ်. သူတို့တတွေခမျှာ ကစားဖို့တောင် တုံ့ဆိုင်းသွားကြတော့လေသည်။


နောက်ထပ်ပိုပြီးတော့က အပျော်အိမ်မှ အမျိုးသမီးတွေကတောင်မှ လမ်းကြားကိုဖြတ်ပြီးတော့ အပျော်သဘောနဲ့ လာပူးပေါင်းကာ လောင်းကစားလာလုပ်ချင်နေကြတာပဲ ဖြစ်သည်. သူတို့တတွေက လင်ရှန်းရဲ့ လောင်းကစားသမားတွေကို လမ်းပေါ်မှာ ပြောင်ပြောင်တင်းတင်း အော်ဟစ်ရန်တွေ့နေတာကို တွေ့ခဲ့ကြတော့သည်. သူမတို့တွေရဲ့ အသည်းငယ်ငယ်လေးက စိတ်လှုပ်ရှားကာ ယိမ်းယိုင်သွားတော့လေသည်။


မကြာခင်တွင် သူတို့ပတ်လည်ကို လူတွေ ပိုပိုပြီး ဝိုင်းအုံလာကြတော့သည်. ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်လာတာက လောင်းကစားရုံသူဌေးကိုတောင်မှ သတိထားမိလာစေတော့သည်. လူရွယ်လေးတစ်ယောက်က သူ့လောင်းကစားရုံအပြင်ဘက်မှာ လောင်းကစားသမားတစ်ဦးအား အော်ဟစ်ကာရန်တွေ့နေလေသည်ကို သူကြားလိုက်ရသောအခါတွင်တော့ သူ ဒေါသတထောင်းထောင်း ထွက်သွားတော့လေသည်။


'တောက်! ဒီနေ့ ငါ့အလုပ်မကောင်းတာ အံဩစရာမကောင်းတော့ဘူးပဲ၊ ဒါမင်းအမှားကြောင့်ပဲ ဖြစ်ရမယ်! မင်းက ငါ့စီးပွားရေးကို လာပြီး ဖျက်လို့ဖျက်စီးလာလုပ်ရဲတယ်ပေါ့လေ!။ မင်းတော့ အသက်ရှင်နေရတာ ပင်ပန်းနေပြီထင်တယ်။'


လောင်းကစားရုံသူဌေးက သန်မာတဲ့ယောက်ျားကြီးတစ်အုပ်နဲ့အတူ ရုံအပြင်ဘက်သို့ ထွက်လာတော့သည်. သူက မုန်တိုင်းလိုမျိုး တဟုန်ထိုး၍ လူအုပ်ကိုတိုးဝင်လာလိုက်ကာ ထိုအချိန်တွင် သဲကြီးမဲကြီးပင် ဟောပြောပို့ချလျက်ရှိနေသော လင်ရှန်းအား ကြမ်းကြမ်းတမ်းတမ်းဖြင့် ဖမ်းလိုက်တော့လေသည်. လောင်းကစားရုံသူဌေးက လင်ရှန်းရဲ့ အင်္ကျီကော်လံအား ဆုတ်ဆွဲကိုင်လိုက်၍ ဘေးဘက်ခြမ်းသို့ ကိုင်ပေါက်ပစ်လိုက်တော့လေသည်။


သိသာစွာပင် လင်ရှန်းရဲ့ သေးသွယ်သည့် ကိုယ်ခန္တာလေးက လောင်းကစားရုံသူဌေးအား ထပ်တူကျစွာ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး.. သူမ ဟန်ချက်ပျက်သွားပြီးတော့ အုတ်နံရံနဲ့ တိုက်မိတော့မလို ဖြစ်သွားချိန်မှာတော့ ရုတ်တရက် လက်တစ်ဖက်က သူမခါးအား လှမ်းဖက်ယူလိုက်ကာ သူမ အား ထိခိုက်မှုမှ ကျုံးဝင်ခံပေးလိုက်ခဲ့သည်။


"ဪ.. သေရမှာ မကြောက်တဲ့ နောက်တစ်ကောင်ပါလား။ မင်းတို့ကောင်တွေ ငါ့စီးပွားရေးကို လာဖျက်စီးရဲတယ်ပေါ့လေ၊ မင်းတို့ သေချင်နေပြီလား။" လောင်းကစားရုံသူဌေးက သူ့လူတွေနဲ့အတူ သူမတို့ရှိရာသို့ ချဉ်းကပ်လာခဲ့ကာ အော်ဟစ်ခြိမ်းခြောက်လိုက်သည်။


လင်ရှန်းအား ကယ်လိုက်သည့်လူက အသာအယာပင် ရယ်မောနေလိုက်ခဲ့သည်. သူက သူတို့တွေကို အလေးအနက်ထား ခေါင်းထဲထည့်မထားတာ ရှင်းလင်းနေလေသည်။


ရယ်မောသံကို ကြားရတာ ရင်းရင်းနှီးနှီးဖြစ်လို့နေတော့ လင်ရှန်း သေချာကြည့်လိုက်ခဲ့သည်. ဒါပေမယ့် သူမ မြင်တဲ့မျက်နှာက သူမအရင်က လုံးဝ မမြင်ဖူးတဲ့ မျက်နှာတစ်ခု ဖြစ်လို့နေသည်. တစ်ဖက်တွင်တော့ သူက အလွန်ဆုံးရှိ အသက် နှစ်ဆယ်ဝန်းကျင်လောက် ရှိမယ်လို့ထင်လိုက်ရသည်. သူ့မျက်ခုံးမွှေးတွေက နက်မှောင်ကာ ဓားတစ်ချောင်းလိုမျိုး ထက်မြကာ ထင်းလင်းနေသည်. သူ့မျက်လုံးတွေကတော့ ငွေကြယ်လေးနှယ် တောက်ပလျက်ရှိနေကာ သူ့နှာတံကလဲ အတော်လေးပင် ဖြောင့်စင်းနေလေသည်. ခြုံကြည့်လိုက်ရင်တော့ သူ့အသွင်အပြင်က သူက အတော်အဆင့်အတန်းမြင့်မားသည့် ပေါ်ပေသည်. ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ရိုးရိုးသားသားပြောရရင် အရမ်းမာနကြီးသည့်ပုံပေါက်နေပေသည်. မျက်လုံးတွေက တုဟောင်ရဲ့မျက်လုံးတွေထက်တောင်မှ ပိုပြီးတော့ အထက်စီးဆန်နေပါရောလား!


ထိုအချိန်တွင်တော့ လောင်းကစားရုံသူဌေးနဲ့ သူ့လူတွေက လူငယ်လေးရဲ့ မထီမဲ့မြင် ပျက်ရယ်ပြုမှုကြောင့် အလွန်မခံမရပ်နိုင်စွာ ဒေါသထွက်နေတော့သည်. စကားတစ်ခွန်းမှ မဆိုဘဲနဲ့ သူတို့က သူမတို့တတွေကို တည့်တိုးပင် တဟုန်ထိုးတိုက်ခိုက်ကြလေတော့သည်။


လူရွယ်က ဂရုစိုက်သည့်ပုံ မပေါ်ပေ. သူ့ယပ်တောင်နဲ့ စတင် မဝေ့ရမ်းခင်တွင် သူ့ရှေ့မှာ ရှိနေတဲ့ လူအုပ်စုက ရှိမနေကြတော့ချေ. လတ်စသတ်တော့ သူက သူ့ယပ်တောင်ထဲမှာ လက်နက်ပုန်းတွေ ရှိတာပဲကိုး.. မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်နက်ပုန်းအားလုံးက သူမတို့ရန်ဘက်တွေနဲ့ ထိတွေ့မိသွားကြတော့သည်. ယောက်ျားအားလုံးပင် အခုတော့ မြေကြီးပေါ်သို့ နာကျင်မှုဖြင့် အော်ဟစ်ညည်းညူကာ လဲကျသွားတော့သည်။


သူတို့တတွေ ဒီလူကို မယှဉ်နိုင်မှန်း သိလိုက်ရတော့ သူမတို့ရန်သူတွေက ချက်ချင်းပင် ထွက်ပြေးသွားကြတော့လေသည်. ရပ်ကြည့်နေကြတဲ့သူတွေအဖို့ကတော့ သူတို့က ရန်ပွဲထဲမှာ မှားယွင်းပြီးတော့ ဝင်ရောက်မိကြမှာကို ကြောက်ရွံ့နေကြတော့သည်. ထို့ကြောင့် လူတိုင်းလူတိုင်းက ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်. စက္ကန့်ပိုင်းအတွင်းပင် အခြေအနေတစ်ခုထဲတွင်တော့ လင်ရှန်းနှင့် လူငယ်လေးသာ ကျန်ရှိနေတော့သည်. ထိုအချိန်တွင်‌တော့ သူက သူ့လက်များကို သူမခါးပေါ်တွင်ပဲ ရှိနေသေးကာ သူမ မလှုပ်ရှားနိုင်တော့ပေ။


လင်ရှန်းက သက်သာရာရသွားတဲ့ သက်ပြင်းရှည်တစ်ခုကို ချလိုက်ခဲ့ကာ ကောင်လေးရဲ့လက်မောင်းအတွင်းမှ ရုန်းထွက်လိုက်ကာ- "ဟေး.. ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲကွာ၊ လူစွမ်းကောင်းလေး၊ ငါ တကယ်ကိုပဲ ကျေးဇူးတင်လိုက်တာ၊ မင်း ငါ့ကို လွှတ်ပေးလို့ ရနိုင်ပြီလား။"


လူငယ်လေးက အသံတစ်ခုထွက်လိုက်ပေမယ့် သူမကို လျစ်လျူရှုထားခဲ့သည်။


လင်ရှန်းက စိတ်ထဲတွင် ရှုတ်ထွေးသွားတော့လေသည်. သူမက လုံလုံလောက်လောက် ကျေးဇူးမတင်ရသေးလို့ လို ထင်လိုက်ခဲ့သည့်. ထို့ကြောင့် သူမက အပြုံးတစ်ခု ထပ်တိုးလိုက်ကာ- " ဒီလိုပြောကြတယ်မဟုတ်လား.. "မင်း မတရားမှုကိုတွေ့တာနဲ့ မင်းဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပါတဲ့' .. ညီနောင်ရာ ငါ့မှာ သွားတွေ ရှိနေသရွေ့ ငါ မင်းရဲ့နက်နက်နဲနဲကြင်နာမှုကို ငါ ဘယ်တော့မှ မမေ့ပါဘူးကွာ၊ ကျေးဇူးပြုပြီးတော့ ငါ့ကို လွှတ်ပေးပါတော့ကွာ...ညီနောင်ရေ"


လူငယ်လေးက သူမ အား ဆက်လက်မသိချင်ယောင် ဆောင်နေပြန်လေသည်။


အခုတော့ လင်ရှန်းတစ်ယောက် စိတ်မရှည်နိုင်တော့ဘဲ.- "ဒီမှာကွ!။ ငါ့ကို လွှတ်ပေးလို့ ငါမင်းကို ပြောနေတယ်လေ၊ တကယ်လို့ ယောက်က်ျားကြီးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကို လူတွေမြင်ကြရင် သူတို့ တစ်မျိုးတစ်မည် ထင်သွားကြလိမ့်မယ်ကွ!။"


လူငယ်က နောက်ဆုံးတော့ တုံ့ပြန်လာခဲ့သည်. သူက သူမအား မတူမတန်သလိုနဲ့ ကြည့်လိုက်၍ ဟွန့်ခနဲနှာမှုတ်လိုက်ကာ- "မင်းက မင်းကိုယ်မင်း ယောကျ်ားတစ်ယောက်လို့ စဉ်းစားနေတာလား"


လင်ရှန်းတစ်ယောက် တုန်လှုပ်သွားတော့လေသည်. အင်း....ဒီကောင်လေးက ငါ့ပုံရိပ်အစစ်အမှန်ကို ဖောက်ထွင်းမြင်နိုင်နေတာလား? သူမက တစ်ခုခု ပြန်ပြောရန် လုပ်လိုက်ပေမယ့် သူမ လည်ပင်းဇာတ်ပိုးမှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်. သူမ သတိမေ့လျော့သွားတော့သည်။


သူမ သတိမေ့သွားတော့မည့် မတိုင်ခင်လေးတွင် သူ ထိုလူငယ်လေးရဲ့ လေလုံးထွားထွား ပြောဆိုလိုက်သံကို သူမကြားခဲ့ရပါတယ်. –"ငါ ပြောထားတယ် မဟုတ်လား...တစ်နေ့ ...မင်း ငါ့ လက်အောက် ရောက်စေရမယ်လို့!"


........


လင်ရှန်းတစ်ယောက် ဆာလောင်မှုနဲ့အတူ နိုးထလာခဲ့သည်. မူးဝေနှောက်ကျိမှုတစ်ခုထဲတွင် အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေက သူမ နှာခေါင်းကို လှုပ်နိုးလိုက်လေသည်. သူမ အနံ့နောက်သို့ လိုက်ပါချင်နေပေမယ့်လဲ သူမ ခြေတစ်လှမ်းမှ မရွေ့နိုင်တာကို ရှာဖွေတွေ့ရှိသွားလေသည်. အဲဒီတော့မှ သူမ မျက်လုံးတွေကို ရုတ်ခနဲပင် ဖွင့်ကြည့်မိလိုက်တော့သည်။


သူမ ရှေ့တည့်တည့်တွင် စားပွဲတစ်လုံးရှိနေလေသည်. ယောက်ျားတစ်ယောက်က စားပွဲခုံဘေးတွင် စတိုင်ကျကျဖြင့် ထိုင်နေလေသည်. ထိုယောက်ျားက အနီရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားလေသည်. အနီရောင်က သွေးအရောင်ကဲ့သို့ပင် ရဲရဲတောက်နီနေပြီး အောက်ခြေအနားရဲ့ထောင့်စွန်းတွင်တော့ အနက်ရောင် ပျိုနီပန်းပုံကို ပန်းထိုးထားလေသည်. ထိုပုံကိုကြည့်ရသည်မှာ ထူးခြားစွာပင် လူသားတိုင်း၏စိတ်နှလုံးကို ညို့ငင်လေနေသည်။


လင်ရှန်းတစ်ယောက် ချက်ချင်းပင် လူတစ်ယောက်ကို တွေးမိသွားတော့လေသည်. ဒါပေမယ့် သူမ သူ့ကို သေချာကြည့်လိုက်ပြန်တော့လဲ ထိုလူက လုံးဝကို အစိမ်းသက်သက်ဖြစ်နေလေသည်။


လင်ရှန်းတစ်ယောက် စိတ်ထဲတွင်ဝေခွဲမရဖြစ်သွားတော့သည်. သူမ မှာ ငွေလည်း မရှိပါဘူး.. သူမ က ဒီလူကိုလဲ မသိပါဘဲနဲ့ ဘာဖြစ်လို့ ဒီလူက သူမကို သတိမေ့အောင်လုပ်ပြီးတော့ ပြန်ပေးဆွဲတာလဲ'


ဒါ အမှန်ပဲ.... လင်ရှန်းရဲ့ ကိုယ်ခန္တာအောက်ပိုင်းက ဒီလိုအချိန်တွင်တော့ ထိုင်ခုံတစ်လုံးတွင် ပူး၍ ချည်နှောင်ထားခြင့်း ခံထားရလေသည်. သူမ လုပ်နိုင်တာအားလုံးက သူမရှေ့မှာရှိနေတဲ့ အရသာရှိတဲ့ အစားအသောက်တွေကို သူမ ဝမ်းဗိုက်လေး တဂွီဂွီနဲ့ ကြည့်နေရတာပါပဲ. ထိုအရာက ညှင်းပန်းနှိပ်စက်မှု တစ်ခုပင်ဖြစ်တော့သည်။


ထိုယောက်ျားက လှုပ်ရှားမှုတစ်ခုအသံကို သူ့အသိအာရုံကနေအာရုံခံလိုက်မိတော့ သူ့ရဲ့ဓူဝံကြယ်လို လင်းလက်နေသည့်မျက်လုံးတွေက သူမ ရှိရာသို့ လှမ်းကြည့်လိုက်လေသည်. သူ့ကိုကြည့်ရသည်မှာ ရယ်စရာရှာတွေ့သွားသလိုပင် ထိုပုံက လင်ရှန်းအား ဒေါသချောင်းခနဲ ထွက်သွားစေလိုက်သည်။


" ရှင်က ဘယ်သူလဲ။ ရှင် ဘာဖြစ်လို့ ကျွန်မကို ပြန်ပေးဆွဲတာလဲ။ ကျွန်မကို လွှတ်ပေး!" လင်ရှန်းက အသားကုန်အော်ဟစ်လိုက်လေသည်. ဝမ်းနည်းစရာကောင်းတာက သူမ အရမ်းဗိုက်ဆာနေတာပဲ.. သူမမှာ အော်ဟစ်လိုက်တော့ သူမမှာ အားပင်မရှိတော့ချေ. ထိုသို့အော်ဟစ်လိုက်တာက ကျိန်းသေပေါက်ပင် ဘာမျှကို မဆွဲဆောင်နိုင်ခဲ့ပေ။


ထိုလူက သူမကို လှောင်ရယ်မောနေလိုက်ပြီးတော့ သူမမေးခွန်းတွေကို မကြားချင်ယောင်ဆောင်နေလိုက်သည်. သူ့ဝိုင်ကို စတင်ပြီးတော့ သောက်သုံးနေခဲ့သည်. ဒါတင်မကသေးပါဘူး.. သူက လွန်စွာမှလွတ်လပ်ပေါ့ပါးသော အမူအရာတစ်ခုဖြင့် သောက်စားနေလိုက်သည်. ဒီအပြင်ကို စားပွဲခုံပေါ်တွင် ခွေးတစ်ကောင်က ရှိနေလေသည်. ခွေးက ကြက်ဆင်ဒူးဆစ်တစ်ချောင်းအား ကိုက်ခဲနေလေကာ လင်ရှန်းရဲ့တည်ရှိမှုကို လုံးလုံးလျားလျား ဥပေက္ခာပြုထားလေသည်။


ခွေးတစ်ကောင်က သူမအား မထီမဲ့မြင်ပြုထားတာကတော့ လင်ရှန်းအတွက်တော့ တော်တော်များလွန်းအားကြီးသွားလေပြီ.. သူမ စတင်ပြီးတော့ ဒေါသူပုန်ထသွားတော့လေသည်. သူမက စတင်ပြီးတော့ ရိုင်းရိုင်းပြပြ ပယ်ပယ်နယ်နယ် ဆဲရေးလိုက်တော့သည်. 'မိမစစ်ဖမစစ်ကောင်! ရှင်က လိပ်တစ်ကောင်ရဲ့မြေး'


လင်ရှန်း သူမစဉ်းစားလို့ရသလောက် ရိုင်းစိုင်းသည့်အဆဲအဆိုတွေမှန်သမျှကို ဆဲရေးလိုက်ခဲ့သည်. ဒါပေမယ့်လဲ ထိုလူကတော့ သူမ ဆဲဆိုနေတာအား မကြားသယောင် ပြုမူနေခဲ့သည်. သူက ဘာမှ မဖြစ်သလိုမျိုးပင် ဆက်လက်စားသောက်နေခဲ့လေသည်။


နောက်ဆုံးတွင်တော့ လင်ရှန်းတွင် အော်ဟစ်စရာ အားမကျန်ရှိတော့ပေ. သူမက ခေါင်းငိုက်စိုက်ကျသွားကာ နောက်ထပ်နည်းတစ်မျိုးပြောင်းသုံးလိုက်ပြန်သည်. သူမ ပျက်တောင်းပျက်တောင်းဖြင့် အသံသွင်းထားသလိုမျိုး ဆဲရေးလိုက်သည်.- " ရှင်စားနေတာက ထမင်း မဟုတ်ဘူး.. အဲဒါက နွားချေးတွေ နွားမစင်တွေ.. ရှင်သောက်နေတာကလဲ ဝိုင်မဟုတ်ဘူး...မြင်းသေးတွေပဲ မြင်းသေးတွေ....၊ အား...အရမ်းရွံစရာကောင်းလိုက်တာ......"


ဒီဆဲရေးမှုက်တော့ ထိုလူလဲ အေးအေးလူလူ မနေနိုင်တော့ချေ. သူက သူ့ရဲ့ဝိုင်ခွက်အား စားပွဲခုံပေါ်သို့ ပေါက်ခွဲလိုက်ကာ သူ့ သွင်ပြင်လက္ခဏာကလဲ သိပ်ကောင်းပုံမရတော့ချေ. သူ့ သွားတွေကို တင်းတင်းစေ့လိုက်ကာ ပြောလိုက်သည်.. "မင်း မတော်နိုင်သေးဘူးလား"


"မတော်နိုင်ဘူး!" လင်ရှန်းက ဆက်လက်ရေရွတ်လိုက်သည်- "နွားချေး..နွားချေး..နွားချေး..၊ မြင်းသေး..မြင်းသေး..မြင်းသေး....."


သနားဖို့ကောင်းတဲ့လူပါပဲ.. သူ့မှာ သူ့သောက်ပြီးတဲ့ဝိုင်တောင် ပြန်အန်ထွက်လုနီးပါးတောင် ဖြစ်သွားတော့လေသည်. သူက အလွန်ရွံရှာစက်ဆုပ်စွာဖြင့် လင်ရှန်းရဲ့ လည်ချောင်းက အသံကြောကို လှမ်းပိတ်လိုက်လေသည်. ချက်ချင်းပင် လင်ရှန်းထံမှ အသံတစ်သံမှ ထွက်မလာတော့ပေ. သူမက အကြောပိတ်ခံလိုက်ရတာကြောင့် ပလတ်စတစ်တိပ်တစ်စနဲ့ ပိတ်ခြင်းခံလိုက်ရသလိုပင်ဖြစ်သွားသည်. သူမ လုပ်နိုင်တာအားလုံးကတော့ သူ့အား မုန်းတီးစွာ မကျိတ်နိုင်မခဲနိုင်ဖြင့် စူးစူးရဲရဲစိုက်ကြည့်လိုက်ရသည်. သူမ က မျက်လုံးနဲ့တင် စကားပြောနိုင်လေသည်။


ထိုလူငယ်က အသန့်ကြိုက်သောလူထူးလူဆန်းပင် ဖြစ်ပေလိမ့်မည်. သူက သူ့ရဲ့ရှည်လျားသွယ်ပြောင်းသော လက်ချောင်းတွေ နဲ့ သူမ မျက်လုံးအပေါ်အား ပွတ်လိုက်လေသည်. လင်ရှန်းတစ်ယောက် အရမ်းတုန်လှုပ်သွားကာ ချက်ချင်းပင် သူမ မျက်လုံးအား မှိတ်လိုက်ရသည်။


'အိုး ဘုရားရေ အံဩလိုက်တာ.. ငါ.... လိင်စိတ်ပြောင်းနေတဲ့သူနဲ့ တွေ့လိုက်တာပဲ! ငါတော့ ဂြိလ်ဆိုးဝင်နေပြီ!!'


ကံအားလျော်စွာဘဲ ထိုလိင်စိတ်ဖောက်ပြန်သည့်သူက အရမ်းရှုးသွပ်မနေဘူးလို့တော့ ထင်လိုက်ရသည်. ခဏကြာပြီးနောက် လင်ရှန်း နောက်ထပ်ဘာလှုပ်ရှားမှုမျှ မခံစားရတော့ သူမ တိတ်တိတ်လေး မျက်လုံးဖွင့်ကြည့်လိုက်သည်. ဒါပေမယ့် သူမ သေလုမတတ် ထိတ်လန့်ကြောက်ရွံ့သွားတော့လေသည်။


'ဘာလဲဟ! နောက်တစ်ခါ ရှင် အနီရောင်ကြီးဝတ်ထားပြီးတော့ ကျွန်မအနား နီးနီးကပ်ကြီး လာမရပ်ပါနဲ့လား။ ရှင် အရမ်းချောနေတာတောင်မှ ရှင်က ကျွန်မကို သေလုမတတ် ကြောက်အောင်လုပ်နိုင်သေးတယ်!


ထိုလူငယ်က သူမအား ခဏကြာတဲ့အထိ သေသေချာချာစွာ စိုက်ကြည့်လိုက်သည်. ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်ကာ တီးတိုးရေရွတ်လိုက်ခဲ့သည်. – "ရုပ်ဆိုးလိုက်တဲ့ မိန်းကလေး" ပြီးနောက် သူက မတ်တပ်ထရပ်လိုက်ကာ သူ့ဝတ်ရုံလက်စအား သူမဆီသို့ လွှဲရမ်းလိုက်ခဲ့သည်. လင်ရှန်းရဲ့ အသံကြောက ပြန်ပွင့်သွားတော့လေသည်။


လင်ရှန်းတစ်ယောက် သူမ စကားပြန်ပြောလို့ရကြောင်းကို သိလိုက်ချိန်တွင် သူမ အထိတ်အလန့်မရှိ ပြောချလိုက်လေသည်.- " ဟုတ်တယ်၊ ကျွန်မက ရုပ်ဆိုးတယ်..၊ ကျွန်မက အရမ်းအရမ်းအရမ်းအရမ်းကို ရုပ်ဆိုးတယ်! လူကြီးမင်း..ရှင်က ဒီလောက်ရုပ်ဆိုးတဲ့မိန်းခလေးတစ်ယောက်ကို ပြန်ပေးမဆွဲသင့်ဘူးလေ၊ ရှင့်ရဲ့အရသာကို စိတ်ပျက်စေလိမ့်မယ်၊ ကျွန်မကို လွှတ်ပေးပြီးတော့ အဲဒီအစား ရုပ်ချောတဲ့ မိန်းခလေးတစ်ယောက်ကို ဘာဖြစ်လို့ သွားမရှာရတာလဲ!"


"ငါက လှတဲ့မိန်းကလေးတွေကို စိတ်မဝင်စားဘူး" 


လင်ရှန်းက အဖြေတစ်ခု ထွက်ရှိလာသလို ပုံပေါက်သွားသည်. "အိုး.. ကျွန်မ သိပြီ! ရှင် ရုပ်ချောတဲ့ကောင်လေးတွေကို စိတ်ဝင်စားနေတာ မဟုတ်လား!"


"ပါးစပ်ပိတ်ထားစမ်း!" ထိုလူရွယ်ရဲ့ မျက်နှာအမူအရာက မဲမှောင်ကျသွားတော့လေသည်. သူက ဒေါသအမျက်ခြောင်းခြောင်းဖြင့် သူမအား စူးစိုက်ကြည့်လိုက်လေသည်. တစ်ချိန်တည်းမှာပဲ စားပွဲခုံပေါ်တွင် ရှိနေသည့် ခွေးက ရုတ်တရက် ခုန်ပေါက်ထလာလိုက်ကာ လင်ရှန်းအား မြူးတူးစွာနဲ့ နားလျက်ပါးလျက်လာလုပ်တော့လေသည်။


Tobe continued.....