အပိုင်း(၇၆)
လင်ရှန်းတစ်ယောက် လူတစ်ယောက်နှင့်ခွေးတစ်ကောင်ကြောင့် အူကြောင်ကြောင်ဖြစ်သွားတော့လေသည်. သူမက ခရုလေးတစ်ကောင်လိုမျိုး ကျုံ့ကျုံ့လေးဖြင့် နောက်သို့ ရုတ်ချည်းဆုတ်ခွာသွားခဲ့ကာ သူမကိုယ်သူမပြောသလိုမျိုး တီးတိုးလေးရေရွတ်လိုက်တယ်.-" ရှင်က လှတဲ့မိန်းကလေးကိုရော ယောက်ျားလေးကိုရော စိတ်မဝင်စားဘူးဆိုတော့က.. ရှင်က ဘာများဆက်လုပ်ချင်တာလဲ" ထိုအခိုက်တွင်တော့ သူမရဲ့အကြည့်တွေက ဂနာမငြိမ်ဖြစ်နေသည့်ခွေးထံတွင် အကြည့်ရောက်သွားတော့လေသည်. သူမ အေးခဲသွားတော့လေသည်။
'ဝိုး....bro.. ရှင့် အရသာခံတတ်မှုက အရမ်းပြင်းလွန်းတာပဲ!
လင်ရှန်း ထိုယောက်ျားအား ကြည့်ရှုလိုက်သည့်ပုံစံက သူ့တစ်ကိုယ်လုံးရှိတဲ့ အရာအားလုံးပင် ကြက်သီးမွေးညင်းထကာ ထောင်တက်လာသလိုပင် သူ့အား ခံစားသွားရလိုက်စေသည်. သူ အသားကုန် ဟစ်အော်လိုက်လေ၏ - "စုန့်လောင့်!"
နားလျက်ပါးလျက်လာ၍ တသပ်သပ်လာလျက်နေသည့်ခွေးက တုံ့ပြန်မှုတစ်ခု လုပ်လိုက်သည့်အခါတွင်တော့ လင်ရှန်းက တစ်ခုခုပြောထွက်လိုက်ချင်နေသည်. ပြီးနောက် ခွေးက လိမ္မာရေးခြားရှိစွာဖြင့် ထောင့်တစ်ထောင့်နားသို့ ပြန်သွားလိုက်လေသည်။
လင်ရှန်းတစ်ယောက် မျက်လုံး အပြူးသားဖြစ်သွားတော့လေသည်. သူမ ခဏကြာမှ ပြန်ပြီးအသိဝင်လာခဲ့သည်. ဒါပေမယ့် သူမ နောက်ဆုံး လုံးဝ သဘောပေါက်နားလည်သွားသည့်အခိုက်မှာတော့ သူမ တော်တော်လေးကို စိတ်ကုန်သွားခဲ့သည်ပုံစံပေါက်သွားခဲ့ကာ - 'ရှင် ကျွန်မကို လာနောက်နေတာလား။ ခွေး နာမည်ကို ရှင်က အဲဒီလိုကြီး ပေးထားတယ်ပေါ့လေ.။ အနည်းဆုံးတော့ သိက္ခာရှိတဲ့နံမည်လေးတစ်ခုတော့ ရှင်ရှာပေးသင့်တယ်..မဟုတ်ဘူးလား? အို့......ငါ့နှယ့်......အံအော့ပါ့! မြင်ရတာဝမ်းနည်းစရာပဲ....မြင်ရတာဝမ်းနည်းစရာကောင်းလိုက်တာရှင်... ကျွန်မ ရှင့်ကိုအဲလိုပဲပြောလိုက်တော့မယ်!'
လင်ရှန်းတစ်ယောက် ဒေါသအခိုးအငွေ့တန်းတွေ ဖြစ်ပေါ်သွားလိုက်တာနှင့် ထိုလူရွယ်က ရုတ်တရက် သူမအား လှောင်သလို ပြုံးပြလိုက်ကာ- "မိန်းကလေး စုန့်... ဗိုက်ဆာနေပြီလား။"
ဒီအပြုံးက လင်ရှန်းအား အန္တာရာယ်ရှိနေပြီဆိုတာကို တတီတီမြည်လိုက်စေသည်. အလွန်အမင်းဗိုက်အဆာလွန်နေခဲ့တာကို ဘေးချိတ်လိုက်၍ သူမက ဂုဏ်သိက္ခာရှိသည့် အမျိုးကောင်းသမီးတစ်ယောက်လိုမျိုး ငြင်းဆန်လိုက်လေသည်.- "မဆာပါဘူးရှင့်!" ဒါပေမယ့် အဲဒီအချိန်ကျမှပဲ သူမဗိုက်ထဲကနေ တဂွီဂွီအော်သံက ထွက်လာခဲ့တော့လေသည်. အသံကို အရမ်းကျယ်လောင်လွန်းလှ၍ ထိုအသံက သူမ လေသံကိုပါ ဖုံးအုပ်သွားစေလိုက်သည်။
လင်ရှန်းတစ်ယောက် တော်တော်ရှက်သွား၍ ခေါင်းငုံ့ချလိုက်ကာ ဘာမှမကြားလိုက်သည့်အတိုင်း ဟန်ဆောင်လိုက်တော့လေသည်။
" မင်း စားချင်တယ်ဆိုရင် ငါမင်းကို စားခွင့်ပေးမှာပါ" ထိုလူရွယ်က အသာယာ ရယ်မောလိုက်ခဲ့ကာ သူ့ဝတ်ရုံလက်စအား ဝေ့ရမ်းလိုက်သည်. ချက်ချင်းပင် လင်ရှန်းရဲ့ကက်ကောက်ဝတ်ကို ချည်ထားသည့် ကြိုးအပတ်ပတ်က ပြေလျော့သွားလေသည်. လင်ရှန်းက နာနေသည့် သူမလက်ကောက်ဝတ်ကို ပွတ်လိုက်ပြီးတော့ ထူးဆန်းလွန်းသည့် ထိုယောက်ျားအား စိုက်ကြည့်လိုက်သည်။
"စားလေ... မင်း ဗိုက်ဆာနေတာ မဟုတ်ဘူးလား" လင်ရှန်းက သူမရှေ့တွင်ရှိသော ဝက်သားနီချက် အသားတစ်ဖက်အား တူဖြင့်ယူလိုက်ခဲ့သည်. ထိုဟင်းမှာတော့ အဆီတွေ အများကြီးရှိနေခဲ့လေသည်. ချိုမြိန်သည့် မွေးရနံ့က သူမ နှာခေါင်းဝတွင် လာတိုးလိုက်တော့ ဗိုက်ပေါက်မတတ်စားလိုက်ချင်သည့်စိတ်တစ်ခု လင်ရှန်းထံတွင် ဖြစ်တည်လာတော့လေသည်။
အမြဲတမ်းလိုလို ဒီလိုမျိုးအခြေအနေနဲ့ကြံတွေ့လိုက်ရရင်တော့ လင်ရှန်းတစ်ယောက် သူမဘာသူမ ပြန်စဉ်းစားကြည့်လိုက်ခဲ့သည်- "ငါ စားစား မစားစား သေရမဲ့ အတူတူပဲကို၊ အဲ့တော့ ဘာဖြစ်လို့ ငါမစားဘဲ နေနေရမှာလဲ၊ ငါ့ ဗိုက်ကို အရင်ပြည့်အောင်စားရမှာ မဟုတ်ဘူးလား" ဒါပေမယ့် ထူးဆန်းလွန်းသည့် အကြောင်းပြချက်တစ်ချို့ကြောင့် ဒီတစ်ကြိမ်မှာတော့ သူမစိတ်ထဲတွင် တစ်ချက်လေက်မေးကြည့်လိုက်ရန် ဆုံးဖြတ်လိုက်ခဲ့သည်. – " ရှင် ဒီထဲကို အဆိပ်ခပ်ထားသေးလား"
"သေချာတာပေါ့" ထိုလူရွယ်က အမှန်တကယ်ပင် ခေါင်းညိတ်လိုက်ပြခဲ့သည်. သူက သူမရဲ့မျှော်လင့်ထားသည့်အမူအရာကို ပြန်ကြည့်လိုက်ကာ ပြောလိုက်ခဲ့သည်။
လင်ရှန်းရဲ့တူတစ်စုံက လေထဲတွင် တန်လန်းကြီးဖြင့် တောင့်ခနဲဖြစ်သွားခဲ့ကာ ထိုလူရွယ်အား ငေးမောကာ ကြည့်မိလိုက်တော့သည်. သူမ မျက်နှာကိုကြည့်ရသည်မှာ အလွန်စိတ်ရှုတ်သွားကာ- " ညီအစ်ကိုရေ...ရှင် ကျွန်မနဲ့ လာဆော့နေတာများလား။ အဲဒီထဲမှာ အဆိပ်ပါလို့ရှိရင် ရှင် ကျွန်မကို ဘာဖြစ်လို့ လာပြောနေသေးလဲ။ ရှင် ကျွန်မကို ပြောလိုက်ရင် ကျွန်မ အဲဒါကို စားလိမ့်မယ်လို့ ရှင်ထင်နေတာလား။"
" ရှင် ကျွန်မနဲ့ လာကစားနေတာ ဟုတ်တယ်မို့လား" လင်ရှန်းက မာမာတင်းတင်း မျက်ထောင့်နီကြီးဖြင့် ပြောလိုက်ခဲ့သည်။
"ငါ မင်းကို အသားထဲမှာ အဆိပ်ရှိတယ်လို့ ပြောလိုက်ရုံနဲ့ မင်းက ငါ မင်းနဲ့ လာဆော့နေတာလို့ မင်းတွေးလိုက်တာရောပဲလား၊ တကယ်လို့ အဆိပ်က ဝိုင်ထဲမှာရော ပန်းကန်တွေအားလုံးမှာပါ ရှိတယ်လို့ ပြောမယ်ဆိုရင်ရော ဘာဖြစ်သေးလဲ။ မင်းထိုင်နေတဲ့ ခုံတောင်မှာ အဆိပ်သုတ်ထားနိုင်သေးတာပဲလေ၊ ငါ မင်းနဲ့ ဆော့ကစားနေတာပါလို့ မင်းတွေးနေအုံးမှာပဲလား"
လင်ရှန်းတစ်ယောက် တုန်တုန်ယင်ယင်ဖြစ်သွားခဲ့ပြီးတော့ သူမ တူထဲမှာ ကိုင်ထားတဲ့အသားက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့လေသည်။
"စုန့်လောင်" ခွေးက ချက်ချင်းရောက်လာပြီးတော့ အသားတစ်ခုလုံးအား မြိုချလိုက်တော့လေသည်. ချက်ချင်းပင်.. "စုန့်လောင်"က လဲကျသွားကာ အဖြူရောင်အမြုပ်တွေ တစီစီထွက်လာခဲ့တော့သည်. ခွေးက ဆန့်ငင်ဆန့်ငင်ဖြစ်လာပြီးတော့ စက္ကန့်အနည်းညငယ်လောက် အကြောဆွဲနေခဲ့ပြီးနောက် နောက်ဆုံးအသက်ထွက်သွားတော့သည်. အဖြစ်အပျက်တစ်ခုလုံးက ငါး စက္ကန့်လောက်သာ ကြာလိုက်သည်. လင်ရှန်းရဲ့မျက်လုံးရော ပါးစပ်ရောက ထိတ်လန့်မှုကြောင့် အကြီးအကျယ်ပွင့်ဟသွားလေသည်။
"ရှင်....မကောင်းဆိုးဝါး!" သူမက ကုလားထိုင်ပေါ်မှ ထခုန်လုနီးပါးမတတ်ဖြစ်သွားကာ လူရွယ်အား လက်ညိုးထိုးလျက်ပင်- "ခွေးက ရုပ်ဆိုးပေမယ့်လဲ ရှင်ဒီလောက်တော့ မရက်စက်သင့်ပါဘူး။ ရှင်က လူရော ဟုတ်ရဲ့လား! ရှင်......"
"မစိုးရိမ်ပါနဲ့" လူရွယ်က အေးဆေးတည်ငြိမ်စွာဖြင့်ပင် ပြန်တုံ့ပြန်လိုက်ခဲ့သည်. " နောက်တစ်လှည့်က မင်းအလှည့်ပဲ၊ စိတ်အေးအေးထားစမ်းပါ"
လင်ရှန်း စကားပြောနေတာကို ချက်ချင်းပင်ရပ်တန့်လိုက်ခဲ့သည်. သူမ နံဖူးပေါ်တွင်တော့ ချွေးသီးချွေးပေါက်သေးသေးလေးတွေက စတင်ထွက်ပေါ်လာတော့သည်. သူမရဲ့နှလုံးခုန်နှုန်းကလဲ ဒေါသထွက်လွန်း၍ ခုန်ပေါက်လာခဲ့သည်။ အိုး..ဘုရား ဘုရား... ဒီလူက တကယ်ပဲ သူမကို သတ်ဖို့ စီစဉ်ထားတာများလား။ သူ လိုချင်တဲ့အတိုင်း ရသွားရင် ဘယ်လိုလုပ်မလဲ။'
သူမ တုန်လှုပ်ချောက်ချားနေစဉ်မှာတော့ လူရွယ်က လေသံတိုးတိုးလေးပြောလိုက်တယ်. _ "ဘာလဲ.. မင်း ကြောက်သွားပြီလား။ တကယ်လို့ မင်း ကောင်းကောင်းမွန်မွန်သေချင်ရင်တော့ ငါတို့တတွေ ဘာဖြစ်လို့ အလဲအလှယ်တစ်ခု မလုပ်ရမှာလဲ"
အခုတော့ လင်ရှန်းရဲ့ကျောပြင်တစ်ခုလုံးလည်း ကြောက်ရွံ့မှုကြောင့် ချွေးစေးတွေ ရွှဲရွဲစိုသွားတော့သည်. သူမက သူမ အဆင်ပြေနေသလို ဟန်ဆောင်လိုက်ကာ- "ရှင်....ရှင် ဘာလိုချင်လို့လဲ"
လူရွယ်က သတိမမူဘဲ ပြုံးလိုက်ကာ- " အရှင်မင်းမြတ်က မင်းကို ကောင်းကင်ဘုံကျောက်တုံး ချီးမြှင့်ထားတယ်လို့ ငါကြားထားရတယ် ဟုတ်လား" သူ က ဒီစကားကိုတော့ အလွန်တရာကိုပင်သာမာန်ကာလျှံကာဖြစ်သည့်ပုံတစ်ခုဖြင့် ပြောလိုက်လေတယ်. လွန်ခဲ့တဲ့ တစ်စက္ကန့်က မွန်းစတားက သူနဲ့ လုံးလုံးလျားလျားပင် ခြားနားလို့နေ နေသည်. ထပ်ပြီးတော့လဲ သူက စားပွဲခုံအား သံစဉ်ကျကျဖြင့် တီးတီးခေါက်ခေါက်လုပ်နေလေသည်။
ထိုအချိန်တွင်တော့ လင်ရှန်းရဲ့စိတ်ထဲတွင် တုန်လှုပ်ဖွယ်ရာတစ်ခုကို တွေးတောမိလို့သွားတော့သည်. သူမက နှစ်ခါပင် ပြန်မစဉ်းစားဘဲနဲ့ လက်လွှတ်စပယ်ပြောချလိုက်လေသည်. – "တုဂျင် မဟုတ်လား။ ရှင်က တုဂျင်ပဲ!"
သူမရဲ့ စွပ်စွဲချက်တွေ ထွက်လာတဲ့အခါမှာတော့ လူရွယ်က တခဏလောက် အံဩသွားသည့်ပုံပေါက်သွားခဲ့သည်. ဒါပေမယ့် လျင်မြန်စွာဖြင့် ပြန်တည်လိုက်လေသည်. သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု နက်နက်နဲနဲဖြစ်တည်သွားကာ- " မဆိုးပါဘူး၊ မင်း သိနေသားပဲ၊ ငါ့အထင် ငါ့မှာ ရွေးချယ်စရာမရှိတော့ဘဲ မင်းကို သတ်ရတော့မှာပဲ......"
လင်ရှန်းရဲ့ ရှုးကြောင်ကြောင်အတွေးကြီးက မှန်ကန်သွားခဲ့လေသည်. သူ့အပြုအမူနှင့်စကားလုံးတွေကို အခြေခံရရင်ဖြင့် သူ့ရဲ့ကွဲပြားခြားနားနေတဲ့ နေထိုင်မှုပုံစံပါပေါင်းလိုက်လျှင် လုံးဝကို တုဂျင်ပုံစံကြီးနဲ့ ကွက်တိကွက်ကျဖြစ်နေသည်လေ. ပြီးတော့လဲ ဒီလူက သူ့ကိုယ်သူ လေလုံးလဲ ထွားတတ်သေးတာပဲ.. ထို့ကြောင့်သာ သူက ကျိန်းသေပေါက် တုဂျင်ပဲဖြစ်ရမည်. ဒါပေမယ့် သူ့မျက်နှာက ဘယ်လိုလုပ်ပြီးတော့ ခြားနားသွားတာများလဲ။'
"ရှုတ်သွားတာလား..အာ..." လူရွယ်က သဘောကျသွားသည့်ပုံပေါက်သွားကာ- " မျက်နှာပြောင်းလဲတဲ့ ပညာရပ်ဆိုတာကို မင်းကြားဖူးနားဝ ရှိလား"
လင်ရှန်းက သူမ သိကြောင်း ခေါင်းဆတ်လိုက်သည်။
"ဒါဆို တစ်လောကလုံးရဲ့အတော်ဆုံး မျက်နှာပြောင်းလဲတဲ့သူကိုရော မင်းကြားဖူးလား? ကျောင်းဟူရဲ့မျက်နှာတစ်ရာစာသင်သား..ကိုရော"
လင်ရှန်းက သူမခေါင်းကို ခါရမ်းလိုက်ပြသည်။
ထိုလူရွယ်ရဲ့ မျက်ခုံးရိုးတွေက မြင့်တက်သွားကာ- "ဘာ"
လင်ရန်းက အရမ်းကိုလန့်ဖျန့်သွားက ချက်ချင်းပင်ခေါင်းညိတ်လိုက်ရသည်.- " ကြားဖူးပါတယ်...ကျွန်မ ကြားဖူးပါတယ်.. ကျွန်မ ကြားဖူးတယ်...."
လူရွယ်က စိတ်ကျေနပ်သွားပုံပေါက်သွားကာ ဆက်လက်၍ - "ဟုတ်တယ်၊ ငါက အနီရောင်မီးစုန်းခန်းမရဲ့ ခန်းမသခင်လေး ကျီပိုင်ယုပဲ!"
အရိုးသားဆုံးပြောရရင်တော့ လင်ရှန်းက ကျီပိုင်ယုဆိုတဲ့ နာမည်ကိုတော့ လုံးဝကြားဖူးခြင်းမရှိပါဘူး။ သိုသော်ငြားလည်း သူမကအနီရောင်မီးစုန်းခန်းမ အကြောင်းကိုတော့ ရှောင်လုဆီကနေ မရေမတွက်နိုင်အောင်ကြားဖူးလေသည်. သိရသရွေ့ကတော့ အနီရောင်မီးစုန်းခန်းမက လျို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့က မကြာခင်လေးကမှ ကျန်းဟူအသိုက်အဝန်းတွင် ထွက်ပေါ်လာခဲ့သည်. ဒီအဖွဲ့အစည်းကလူတွေက အဆိပ်သုံးရာတွင် လွန်စွာကျွမ်းကျင်ကြပြီးတော့ သူတို့ရဲ့သိုင်းပညာစွမ်းအားကလဲ လွန်စွာမှလည်း ထူးခြားဆန်းပြားလှပေသည်။
လူသိများဆုံးပုဂိ္ဂုလ်ကတော့ ဒီနေရာရဲ့ဂိုဏ်းသခင်မဖြစ်သူ ကျီဟောင်လင်းပင်ဖြစ်သည်. သူမက မိန်းမတစ်ယောက်ဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်ပြီးတော့ အကြင်နာတရားကင်းမဲ့သူဖြစ်သည်. သူမက သိုင်းပညာရပ်တွင် အဆိပ်အမျိုမျိုးကို ထည့်သွင်းလေ့ကျင့်ပြီးတော့ သိုင်းပညာရှင်ပေါင်းများစွာကိုသတ်ဖြတ်ခဲ့သည်. ရှောင်လင်ဂိုဏ်းခေါင်းဆောင်ဖြစ်သူတောင်မှ သူမကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ရသည်။
ဒီအချိန်တွင်တော့ လင်ရှန်းက သူမဟာ အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့လိုက်သည်. သူမနဲ့ ကျီပိုင်ယုကြားထဲက ကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုက လဲ ရိုးရှင်းတော့မှာ မဟုတ်တော့ပေ. အဲဒီအစား ပိုပြီးနက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သတ်နေခဲ့ပြန်သည်. ပြီးတော့လဲ သူမက အထင်ကရအလွန်ဆိုးရွားလှသည့် အနီရောင်မီးစုန်းခန်းမနဲ့မှ ပါဝင်ပတ်သတ်နေမိပြန်လေသည်. ဒီဖြစ်ရပ်ရဲ့နောက်ကွယ်တွင်လဲ ကြီးမားတဲ့မြုတ်ကွက်တစ်ခုက ရှိနေဖို့ရာ ပို၍ဖြစ်နိုင်ချေရှိနေလေသည်. အဲဒါက ဘာပဲဖြစ်ဖြစ် သူမ လွင့်ပစ်လုနီးပါးဖြစ်ခဲ့တဲ့ ကျောက်တုံးစုတ်နှင့်တစ်ခုခုလုပ်ဖို့ရှိနေလေသည်။
'အမေရေ! အဲဒါကျောက်တုံးအစုတ်အပဲ့တစ်တုံးပဲမို့လား.. အဲဒီထဲမှာ ဘာလျို့ဝှက်ချက်များ ရှိနေမှာမို့လို့လဲ။' လင်ရှန်းက သူမ အတွေးရိုးရိုးဖြင့်ပင် လုံးဝမစဉ်းစားတတ်တော့ပေ။
သူမ သေချာနေတာတစ်ခုကတော့ ဒီကျီပိုင်ယူက အဲဒီကျောက်တုံးအတွက်နဲ့ အားလုံးကိုတောင် စွန့်စားခဲ့သေးတာပဲ. သူက တုဂျင်လိုမျိုးပုံစံတောင်မှ ဟန်ဆောင်ထားခဲ့သေးသည်ပဲ. ဒီအဓိပ္ပာယ်က ကောင်းကင်ဘုံကျောက်တုံးက သူ့အတွက် အဓိပ္ပာယ်အများကြီးရှိနေတာမို့လား.. ဟိုခွေးရဲ့ကံကြမ္မာကိုကြည့်လိုက်ရင် သူက အဲဒီကျောက်တုံးရှိတဲ့နေရာကိုသိတာနဲ့ သူမကို သတ်လိမ့်မှာကတော့ သေချာပေါက်ပင်။ သူမရဲ့ကံတရားလေးအတွက် လင်ရှန်းတစ်ယောက် လိမ်ညာပြီးပြောလိုက်ဖို့သာ သူမ စိတ်ပိုင်းဖြတ်လိုက်လေသည်။
"ကျွန်မ မသိဘူး" လင်ရှန်းက ထွက်ဆိုလိုက်ခဲ့သည်။
"မင်း နှုတ်ခမ်းပေါက်က တင်းတင်းပိတ်နေမှာမှန်း ငါသိသားပဲ" ကျီပိုင်ယူက ဒီရလဒ်အား သေချာပေါက်ကြိုတင်မှန်းဆထားပြီးသားဖြစ်သည်. သူက ပြုံးလိုက်ကာ - " ဒါကြောင့်ပဲ မင်းဖို့ ဒီဟင်းပွဲတွေကို ငါ ကြိုပြင်ထားခဲ့ပဲ မိန်းခလေးစုန့်"
လင်ရှန်းက ခွေးသေကောင်ကို ကြည့်လိုက်ပြီးတော့ ချွေးသီးချွေးပေါက်တွေ ဗုန်းပေါလောထွက်လာခဲ့တော့လေသည်။
Tobe continued.......