Chapter 77
Viewers 11k



အပိုင်း(၇၇)


ကျီပိုင်ယုက ထိုအချိန်တွင်တော့ ဟင်းလျာများအား တစ်ခုချင်းစီမိတ်ဆက်ပြနေခဲ့လေသည်- " မင်း ဒီအဖြူရောင် ကြက်သားပြုတ်ကိုတွေ့တယ်မို့လား။ အဲဒီထဲကို အသည်းတွေအူတွေကိုယ်တွင်းကလီစာတွေကို တဖြည်းဖြည်းချင်းဆွေးမြေ့စေတဲ့ အဆင်းအရောင်မရှိတဲ့အမှုန့်ကို ငါ ထည့်ထားတယ်၊ မင်း အဲဒီဟင်းကိုစားလိုက်ရင်တော့ မင်းရဲ့အူတွေက တဖြေးဖြေးနဲ့ဆွေးမြေ့လာလိမ့်မယ်၊ နောက်ဆုံးကျရင် ကိုယ်ထဲက အူတွေအားလုံး ပုပ်သွားလိမ့်မယ်။"


လင်ရှန်း.- "............"


" ဒီဘိန်းမုန့်ကိုရော မင်းတွေ့တယ်မို့လား။ သူ့အထဲမှာ ငါတို့ရဲ့ အနီရောင်မီးစုန်းခန်းမက အထူးဖော်စပ်ထားတာတဲ့ဟာကိုထည့်ထားတာ၊ အဲဒါကို "သေဆုံးခြင်းအတွက် ခြေတစ်လှမ်း" လို့ခေါ်တယ်၊ မင်းအဲဒါကို စားမိလိုက်ရင်တော့ မင်း ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ မင်းဗိုင်းခနဲလဲကျပြီးသေမှာပဲ၊ အဲဒါတင်မကဘူးနော်.. မင်းမျက်နှာပေါ်မှာ အပြုံးတစ်ပွင့်က ရှိနေအုံးမှာ"


'အမေရေ! "ခြေလှမ်းတစ်ဝက် အပြုံးရှုးသွပ်ဆေး" မဟုတ်ဘူးလား" လင်ရှန်းက လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားတော့လေသည်။


"ဒီအပိုပန်းကန်ထဲက နံရိုးတွေကို တွေ့လား။ မင်း အဲဒါကို စားပြီးသွားတာနဲ့ မင်းရဲ့ကြွက်သားတွေက တဖြည်းဖြည်းလေးနဲ့ အားနည်းလာလိမ့်မယ်၊ အပြင်ပန်းမှာတော့ မင်းကဘာလဲဆိုတာ ပြောနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်ဆုံးကျရင် မင်း သာသာလေးဆောင့်ဆွဲဖို့ပဲ လိုလိမ့်မယ်၊ အရေပြားတစ်ခုလုံးကလဲ....."


"ဆက်မပြောနဲ့တော့!" လင်ရှန်းက သူ့စကားကိုဖြတ်တောက်လိုက်ခဲ့သည်. သူမက ရှုးသွပ်သွားတော့မလို ခံစားလာရလို့ပါပဲ. " နောက်ထပ် ထပ်မပြောနဲ့တော့! ကျွန်မကို သတ်ချင်ရင်လည်း... တစ်ချက်တည်းနဲ့သာ သတ်လိုက်ပါတော့"


ကျီပိုင်ယုက သူ့ခေါင်းကို ခါရမ်းလိုက်ကာ- "ဒါ မပြီးသေးဘူးနော်၊ ငါ ကစားလို့ မဝသေးဘူး၊ ငါတို့ ဒီနံရိုးနဲ့ ဘာဖြစ်လို့ အရင် မစရမှာလဲ?" ပြီးနောက် သူက တူတစ်စုံကောက်ကိုင်လိုက်ပြီးတော့ လင်ရှန်းရဲ့ပါးစပ်ပေါက်ထဲကို အတင်းထိုးထည့်ပေးရန်ကြံရွယ်လိုက်လေသည်။


လင်ရှန်းတစ်ယောက် အရမ်းကိုကြောက်လန့်သွားခဲ့သည်. သူမက သူမကိုယ်ထဲက လိပ်ပြာတောင် အပြင်လွင့်ထွက်မတတ်ပင် ဖြစ်သွားရသည်. သူမက ကျီပိုင်ယုအား ရှိသမျှအားအင်အားလုံးနဲ့ ပြန်တိုက်လိုက်ရန် ကြိုးပမ်းလိုက်ခဲ့သည်. ဒါပေမယ့် သူက သူမခါးအောက်ပိုင်းအား လွယ်လွယ်ကူကူ ချုပ်ကိုင်ထားလိုက်သည်. တူက လည်ချောင်းထဲသို့ ရောက်တော့မလို ဖြစ်နေချိန်တွင်တော့ ရုတ်တရက် တံခါးခေါက်သံတစ်ခုက ထွက်ပေါ်လာခဲ့တော့သည်။


"သခင်လေးရှင့်၊ သခင်လေးကို သခင်မကြီးက သူ့ကို ချက်ချင်းလာတွေ့စေချင်နေပါတယ်"


"ကောင်းပြီ" ကျီပိုင်ယုက စိတ်ဆိုးသွားသည့် အသံတစ်ခုဖြင့် လှမ်းဖြေလိုက်ခဲ့တယ်. သူက နောက်ဆုံးတော့ သူမကို ဖြေလျော့ပေးလိုက်ရသည်. သူ လွှတ်ပေးလိုက်တာနဲ့တစ်ပြိုင်နက် လင်ရှန်းက စားပွဲခုံအောက်ထဲသို့ ဝင်ပြေးပုန်းလိုက်လေသည်. လင်ရှန်း အထိတ်တလန့်ဖြစ်စွာဖြင့် လေကို အသည်းအသန်ရှုသွင်းရှူထုတ်လိုက်ရလေသည်။


"မင်းနဲ့ကစားရတာ ပျော်စရာမကောင်းတော့ဘူး" ကျီပိုင်ယုက သူ့မျက်လုံးတွေဖြင့် သူမအားလှည့်စောင်းကြည့်လိုက်ပြီးတော့ သူ့ဝတ်စုံအား သပ်ရပ်အောင်ပြုပြင်လိုက်ကာ ထွက်သွားလိုက်သည်။


ကွေ့မိန်က အခန်းအပြင်ဘက်ရောက်တော့မှ ပြောလိုက်ခဲ့တယ်.- "သခင်လေး.. သခင်မကြီးက စုန့်သခင်မလေးကို သခင်လေးနဲ့အတူ ခေါ်လာဖို့ ပြောလိုက်ပါတယ်"


ထိုအခိုက်တွင်တော့ လင်ရှန်းက ကျီပိုင်ယုရဲ့မျက်နှာပေါ်တွင် စိတ်အနှောက်အယှက်ဖြစ်သွားသည့်ပုံရိပ်ကို ထင်းထင်းကြီးမြင်လိုက်ရသည်။


အနီရောင်မီးစုန်းခန်းမက မြေအောက်ထဲတွင်တည်ရှိနေလေသည်. အထဲကိုဝင်ရောက်ဖို့က အလွန်တရာပင် ရှုတ်ရှက်ခက်လို့နေ နေသည်. ပြီးတော့လဲ လျို့ဝှက်ထောင်ချောက်များစွာကလဲ ရှိနေသေးပြန်သည်. ကျီပိုင်ယုက ရှေ့မှ ခေါ်ဆောင်သွားပြီး လင်ရှန်းက နောက်မှ လိုက်ပါသွားခဲ့သည်. သူမနောက်တွင်တော့ ကွေ့မိန် ရှိနေလေသည်။ သူမ ထွက်ပြေးချင်ရင်တောင်မှ ပြေးလို့မရနိုင်ချေ. လင်ရှန်းက ထွက်ပေါက်ပိတ်နေသည့် အကျဉ်းသားတစ်ယောက်ဆိုတာ သေချာနေလေသည်။


ဒီလိုအချိန်တွင်တော့ သူတို့တတွေ ပင်မခန်းမဆောင်ထဲသို့ ရောက်ရှိသွားခဲ့သည်. ဖြေးဖြေးချင်းဖြင့် ကျောက်တုံးတံခါးက ပွင့်သွားခဲ့သည်. ရေမွေးနံ့ ပြင်းပြင်းရှရှတစ်ခုက လင်ရှန်းမျက်နှာတည့်တည့်သို့ လာရိုက်ခတ်လိုက်လေသည်. မွေးရနံ့က အလွန်ရနံ့ပြင်းတာကြောင့် အသက်ရှူရကျပ်ကာ မွန်းတောင်မွန်းသွားတော့သည်။


'ဒါက လူတွေနေနိုင်လို့ရတဲ့နေရာတဲ့လား? လင်ရှန်းက သူမဘာသူမ တစ်ယောက်တည်းတွေးလိုက်တယ်။


ကျောက်တုံးတံခါးနောက်တွင်တော့ ကြီးမားသည့် ကျောက်အိမ်တစ်လုံးက ထွက်ပေါ်လာခဲ့တယ်. အခန်းပတ်ပတ်လည်အားလုံးတွင် ပန်းပွင်းရနံ့များ လတ်ဆတ်မွှေးပျံ့နေလေသည်. ပန်းပွင့်များက အခန်းထဲတွင် နေရောင်ခြည်မရရှိတာတောင်မှာ ပွင့်လန်းနေခဲ့သည်. သိုသော်လည်း ပန်းပွင့် အရောင်ကိုကြည့်ရသည်မှာ ပုံမှန်အတိုင်းမဟုတ်သည့်ပုံစံမျိုးပေါက်နေခဲ့သည်။


လင်ရှန်း အခြားတစ်နေရာကို အကြည့်ရောက်သွားခဲ့ချိန်တွင်တော့ ငုတ်လျိုးသွားသည့် ချွေးအေးတွေ ပြန်ထွက်လာခဲ့တော့သည်. 'အိုး မြတ်စွာဘုရား! ပန်းတွေနောက်မှာ မြွေသေးသေးလေးတွေပါလား... မြွေတွေက သူမလက်သည်းလုံးအရွယ်အစားလောက်တော့ ရှိနေသည်. လင်ရှန်းက မြွေတွေကို ထုတ်ဖော်လို့မပြောရဲဘဲ ငေးစိုက်ကြည့်နေသည်. အခန်းထဲမှာရှိတဲ့ ပန်းပွင့်အရေအတွက်ကို အခြေခံရရင်ဖြင့် အနဲဆုံးတော့ မြွေတွေ ရာနဲ့ချီပြီးတော့ ရှိလောက်ပေမည်။


အဲဒီလိုစဉ်းစားလိုက်မိတဲ့အခါတွင်‌တော့ လင်ရှန်းတစ်ယောက် ကျီပိုင်ယုအတွက် စိတ်မကောင်းတောင် ဖြစ်မိသွားရသည်. ဒီနေရာက ဘယ်လောက်တောင် စိတ်ဆင်းရဲဖို့ကောင်းတဲ့နေရာမျိုးလဲ? သူအပြင်ထွက်ဖို့ လမ်းရှာချင်နေတာ အံဩစရာမကောင်းတော့ပါဘူးလေ.. သူ ရွေးချယ်လို့ မရခဲ့တာဘဲ။


သူတို့တတွေ ဝင်ရောက်သွားချိန်တွင်တော့ ကျောက်တုံးတံခါးက ပြန်ပိတ်သွားခဲ့တယ်. အခန်းအလယ်တွင် မတ်တပ်ရပ်နေသည့် အမျိုးသမီးက နောက်ပြန်လှည့်လိုက်ခဲ့သည်. လင်ရှန်းက မသိလိုက်ဘာသာနဲ့ တစ်ချက်ချောင်းကြည့်လိုက်တော့ ကျီဟောင်လင်းရဲ့ချောမောလှပမှုကြောင့် ချက်ချင်းပင် တုန်လှုပ်သွားရတော့သည်။


ကျီပိုင်ယုက ယဉ်ကျေးစွာဖြင့် အမျိုးသမီးကို နှုတ်ဆက်အရိုသေပြုလိုက်ခဲ့သည်.- "အမေ"


'ဘာလဲဟ.... အသက်နှစ်ဆယ်တောင်ရှိနေတဲ့ ယောကျ်ားတစ်ယောက်က အမျိုးသမီးငယ်လေးကို အမေလို့ ခေါ်လိုက်တာလား?! ဒါကတော့ တော်တော်လေး ကမောက်ကမနိုင်သွားပြီပဲ! လင်ရှန်းက ကျီပိုင်ယုနောက်တွင် မတ်တပ်ရပ်လျက်ရှိနေကာ အသံတစ်ချက်မှ မထွက်ရဲခဲ့ပေ။ အတွေးကွန်ယက်တွေက သူမစိတ်ထဲမှာ အပြိုင်အဆိုင်ပြောဆိုနေကြသည်။


ကောင်းကင်ဘုံနတ်ဘုရားသားတော်လိုမျိုးအရာက ဒီဟာလိုမျိုးများ ဖြစ်နေမလား။ ထာဝရငယ်ရွယ်တဲ့ ပုံပေါက်အောင်လို့ နတ်ဆိုးမှော်ပညာတွေ ကျင့်ကြံကြလို့ အသက် ဆယ့်ခုနှစ် နှစ် ဒါမှမဟုတ် အသက်ဆယ့်ရှစ်နှစ်လောက် အရွယ်ပဲ ရှိနေတာလား? ကျီဟောင်လင်းက သေချာပေါက် အဲလိုအတန်းအစားမျိုး ကို ပိုင်ဆိုင်နေတာဖြစ်ရမယ်။


မျှော်လင့်ထားသလိုပင် ကျီဟောင်လင်းက " ထလိုက်တော့" ပြောလိုက်သည့်အချိန်တွင်တော့ သူမရဲ့အသက်အမှန်က ပေါ်ထွက်လာခဲ့သည်. သူမ အသံက သက်လတ်ပိုင်းခြားရှိနေသည့် အမျိုးသမီးတစ်ယောက် အသံလိုမျိုး ထွက်နေခဲ့သည်. သူမက ခြောက်ဆယ်လောက် မရှိရင်တောင်မှ အနဲဆုံး အသက်ငါးဆယ်အရွယ်လောက်တော့ ရှိနေသည်။


အိုးဟိုး.. တကယ်လို့ ဒီပညာရပ်သာ မော်ဒန်ကမ္ဘာက ဗျူးတီးစလွန်းတွေမှာ ရှိလို့ကတော့ အရမ်းရေပန်းစားလောက်မှာပဲ! လင်ရှန်း သူမဘာသူမ တစ်ယောက်တည်း‌ စဉ်းစားနေလိုက်သည်။


ထိုအခိုက်တွင် ကျီဟောင်လင်းက သူမရဲ့အာရုံအား လင်ရှန်းပေါ်သို့ ဖျန့်ကျက်လိုက်သည်။


"စုန့်သခင်မလေးလား" ကျီဟောင်လင်းက မေးလိုက်တယ်။


သူမ ရဲ့အရှိန်အဝါက အရမ်းပြင်းထန်လွန်းကာ လင်ရှန်းတစ်ယောက် ခေါင်းညိတ်လိုက်ရုံသာ တုံ့ပြန်လိုက်နိုင်သည်။


" မင်းက တော်တော့်လေးကို လှတဲ့အလှလေးတစ်ယောက်ပဲကိုး"


လင်ရှန်းတစ်ယောက် ရင်ထဲတွင် ခံစားသွားရတော့သည်. ကျီပိုင်ယု.. ရှင့်အမေကမှ ရှင့်ထက်ပိုပြီးတော့ အရသာခံတတ်သေးတယ်နော်!


"အရမ်းဆိုးတယ်၊ နင်က အခုလိုမျိုး ရက်ရက်စက်စက်လှနေတော့ အသက်ကြီးသွားတာနဲ့ ယောက်ျားတွေက နင့်ကို နောက်ထပ်လိုချင်မှာ မဟုတ်တော့ဘူးပဲ"


'အိုး...... မိန်းမတစ်ယောက်တော့ နှလုံးဖောက်ပြန်သွားတာကနေ စိတ်ထိခိုက်သွားတာနဲ့တူတယ်.. သူမက သေချာပေါက်ကို ဝူရှနိုဘယ်ထဲက ဗီလိန်တွေနဲ့ ထပ်တူကျနေပြီပဲ! လင်ရှန်းတစ်ယောက် သူမရဲ့ အကြောင်းပြချက်ကောင်းကောင်းရှာနိုင်တဲ့စွမ်းရည်ကို အတော်လေး ဂုဏ်မောက်သွားရတော့လေသည်။


သူမ တွေးနေတုန်းမှာပဲ ကျီဟောင်လင်းက သူမဘေးကိုရောက်လာခဲ့သည်. သူမက လင်ရှန်းရဲ့မေးစေ့ကို ပင့်လိုက်ကာ ထိုအခိုက်တွင်တော့ လင်ရှန်းတစ်ယောက် သူမ အကြောပိတ်ခံရသလို ခံစားလိုက်ရသည်. သူမ လုံးဝလှုပ်ရှားလို့မရတော့ချေ. ကျီဟောင်လင်းက က သူမ မျက်နှာကို ပင့်ပြီးတော့ မတူညီတဲ့ထောင့်တွေနေ လှည့်လည်ကြည့်ရှုနေတာကို သူမ ဘာမှလုပ်လို့မရနိုင်တော့ပေ။


ခဏကြာပြီးနောက်တွင် ကျီဟောင်လင်းက တီးတိုးပြောလိုက်တယ်. " မင်းက အတော်လေးလှတယ် ဒါပေမယ့် မလုံလောက်သေးဘူး၊ မင်းနဲ့ မိမစစ်ဖမစစ်ကောင်ကြားထဲမှာတော့ ကွာခြားမှုတစ်ချို့တလေတော့ ရှိတုန်းပဲ၊ ကြည့်ရတာတော့ တုယောက်ျားတွေရဲ့ အရသာက ပိုပိုဆိုးရွားလာတာပဲ......"


ကျီပိုင်ယုက ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေကာ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။


"ယုအာ... မင်းပြောတော့ တုဟောင်က သူ့ကို နှစ်သက်တယ်ဆို" ကျီဟောင်လင်းက မေးလိုက်တယ်။


"ဒီသား မျက်လုံးနဲ့ တည့်တည့်မြင်လာခဲ့တာပါ၊ သူ သူမကို နှစ်သက်နေတယ်ဆိုတာ ဒီသား သေချာပြောနိုင်ပါတယ်"


" နင် တုဟောင်ကို ကြိုက်တာလား။ ကျီဟောင်လင်းက ရုတ်တရက်လှည့်လိုက်ကာ လင်ရှန်းအား မေးလိုက်တယ်။


လင်ရှန်းက သူမ ခေါင်းအား ချက်ချင်းခါရမ်းလိုက်ကာ- "မကြိုက်... ကျွန်မ သူ့ကို မကြိုက်ဘူး!"


"ဟားဟားဟားဟားဟား......" ကျီဟောင်လင်းက ကျယ်လောင်စွာဖြင့် အသံထွက်ကာရယ်မောလိုက်ခဲ့သည်. "ချောင်ယွမ်... အိုး ချောင်ယွမ်ရယ်.. ရှင်က ဒီလောက် မိန်းမတွေအများကြီးနဲ့ လှည့်ပျော်ပါးပြီးတော့ ရှင့်ကိုယ်ပိုင် ကလေးတွေအများကြီးတောင် ရှိနေပြီပဲ။ ဟုတ်သား... ရှင်က ဒီလိုမျိုး သူရဲဘောကြောင်တဲ့သူ တစ်ယောက်ပဲလေ၊ ဒါက ရှင့်ရဲ့ ကလဲ့စားခြေခြင်းပဲလား!"


'ဝိုး... သူမက ချစ်သူရည်းစားဆက်ဆံရေးတစ်ခုကနေ စိတ်ဒဏ်ရာရခဲ့ရရုံတင်မကသေးဘူး. အဲဒါကတုဟောင်ရဲ့ အဖေဆီကနေရခဲ့တာတဲ့လား။'


လင်ရှန်းတစ်ယောက် မိုးကြိုးပစ်ချခြင်းခံရသောကြောင့် တူးခြစ်သွားသလို ခံစားသွားရသည်. သူမ က ဒီဇာတ်လမ်းရဲ့ခေါင်းစဉ်ကိုတော့ သူမ လုံးဝကိုကျိန်းသေပေါက်ပြောနိုင်လေသည်. အင်ပါရာ က ကျီဟောင်လင်းနဲ့ ကျီဟောင်လင်းရဲ့သူ့အပေါ်ကို ချစ်တဲ့အချစ်ကို အမှိုက်ပစ်သလို ပစ်ထားခဲ့ရာကနေ အမုန်းတရားအဖြစ်ကို ပြောင်းသွားတာကိုး.. အခုတော့ အလိမ်ညာခံလိုက်ရတဲ့ သူမက အင်ပါရာကို ကလဲ့စားပြန်ချေချင်နေတာပဲ။


ဒါပေမယ့် လင်ရှန်း မမျှော်လင့်ထားတာက ကျီဟောင်လင်းက သူမအား ရက်စက်ကြမ်းကြုတ်သည့်ပုံစံဖြင့် လှည့်ကြည့်လိုက်ခဲ့ကာ- " မဟုတ်ဘူး! ဒါက လုံးဝပြီးပြည့်စံတဲ့ ကလဲ့စား မဟုတ်ဘူး! ငါ မကျေနပ်ဘူး!"


လင်ရှန်းက အလွန်ပင်မကောင်းသည့် အာရုံတစ်ခုကိုရလိုက်သည်.- အန်တီရယ်.. ရှင် ကျွန်မဆီက ဘာကိုလိုချင်နေတာလဲဟင်'


" ငါ ငါ့လိုမျိုးတူညီတဲ့ နာကျင်မှုကို သူ့ရဲ့သွေးသားကိုပါ ခံစားသွားရစေချင်တယ်၊ သူ ချစ်မြတ်နိုးတဲ့သူက အခြားတစ်ယောက်နဲ့ လက်ထပ်ထိမ်းမြှားတာကိုကြည့်နေရမယ်၊ ငါ သူ့ကို သေတဲ့အထိခံစားသွားရစေချင်တယ်၊ ငါ သူ့တစ်ဘဝလုံးကို အထီးကျန်စွာနဲ့ ကုန်ဆုံးသွားစေချင်တယ်!"


လင်ရှန်း အတွေးထဲတွင်တော့- 'အိုး မဟုတ်ဘူး! ဒီအန်တီတော့ ရှုးနေပြီပဲ!


သူမ မျှော်မှန်းထားသလိုပါပဲ ကျီဟောင်လင်းက သူမနဲ့ ကျီပိုင်ယုကို လက်ညွှန်းထိုးလိုက်ကာ- " အမေ သားကို လက်ထပ်ထိမ်းမြှားဖို့ နေ့ကောင်းရက်သာ ရွေးချယ်ထားစေချင်တယ်!"


Tobe continued......