အပိုင်း(၇၈)
ကျီပိုင်ယုက မှုန်ကုပ်ကုပ်မျက်နှာပေးဖြစ်သွားခဲ့ပေမယ့် တစ်ခွန်းမှတော့ ဝင်မပြောလိုက်ခဲ့ပေ. တစ်ခြားဘက်မှ လင်ရှန်းကတော့ ဘာမှမစဉ်းစားဘဲ အော်ချလိုက်လေသည်- " မဖြစ်နိုင်ဘူး!"
ကျီဟောင်လင်းက ပြုံးလိုက်ကာ- "သဘောတူတာ မတူတာ နင်ဆုံးဖြတ်ရမယ့်ကိစ္စမို့လို့လား"
လင်ရှန်းရဲ့မျက်နှာအမူအရာက ချက်ချင်းပင် တောင့်ခဲသွားတော့လေသည်။
အိုး.. ဒီမိန်းမကြီးတော့ တော်တော်ကိုဂြိုလ်မွှေတဲ့ မိန်းမကြီးပဲ! ချက်ချင်းပဲသူမစိတ်က အပြောင်းအလဲမြန်လိုက်တာ သူမ သားကိုတောင်မှ ငါနဲ့လက်ထပ်ဖို့ ဖိအားပေးတာပဲလား။ ဒါ တော့်တော့်ကို အဓိပ္ပာယ်မရှိဘူး! ဒီမိန်းမကြီးက ထင်ရာစိုင်းတတ်တဲ့မိန်းမတစ်ယောက်ပဲ။
လင်ရှန်းက ချက်ချင်းပင် သူမအကြည့်တွေအား ကျီပိုင်ယုဆီဦးတည်လိုက်တယ်။
'အစ်ကိုကြီးရေ.. ရှင်က ယောက်ျားတစ်ယောက် မဟုတ်ဘူးလား။ ရှင့်အမေက ရှင်အဆိပ်ခပ်ဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေးကို ရှင်နဲ့လက်ထပ်စေချင်နေတာလေ.! ထွက်ပြီးတော့ တစ်ခုခုပြောပါတော့လားလို့!?!'
ကျီပိုင်ယုက သူမအား တစ်ချက်လေးတောင် အရေးပြန်မလုပ်ပေ. အဲဒီအစား သူက လေးလေးစားစားဖြင့် ကျီဟောင်လင်းအားပြောလိုက်တယ်- "ဒီသားက အမေ့ရဲ့အမိန့်ကို လိုက်နာပါ့မယ်"
ထိုအခိုက်တွင်တော့ လင်ရှန်းတစ်ယောက် ကြက်သေ သေသွားတော့လေသည်. သူမက ကျီပိုင်ယု၏ ဝတ်ရုံအနားစအား ဆွဲလိုက်ကာ - "ရှင် ရှုးနေတာလား။ ရှင်က ဘာဖြစ်လို့ ဒါကို သဘောတူလိုက်တာလဲ! ရှင် ကျွန်မကို အဆိပ်ခပ်ပြီးတော့တောင် သတ်ဖို့ကြိုးစားထားတာ မဟုတ်ဘူးလား။ ကျွန်မကို အဆိပ်သာပေးလိုက်ပါတော့! ကျွန်မရှင့်ကို လက်မထပ်ချင်ဘူး!"
ကျီပိုင်ယုရဲ့ပါးစပ်ထောင့်က တွန့်ကွေးသွားတော့လေသည်။
"ယုအာ.. စုန့်မိန်းကလေးပြောနေတာ အမှန်ပဲလား" ကျီပိုင်လင်းက အပျင်းပြေဖို့ ရယ်စရာတွေ့သွားသည့်ပုံပေါက်သွားသည်။
"ဒီသားက အဲဒီလိုမျိုးလုပ်ခဲ့မိပါတယ်" ကျီပိုင်ယုက ခံစားချက်မရှိစွာ အဆိုပြုလိုက်သည်။
"တကယ်လို့ သားအဲဒီလို လုပ်ချင်တယ်ဆိုလဲ သားတို့နှစ်ယောက် လက်ထပ်ပြီးသွားတဲ့အခါကျရင် သား ကြိုက်သလိုမျိုး သူမကို လုပ်လို့ရတယ်"
"အမေ့ရဲ့ ခွင့်ပြုပေးမှုအတွက် ကျေးဇူးတင်ပါတယ်.. အမေ!"
ဒီတစ်ကြိမ်တွင်တော့ လင်ရှန်းတစ်ယောက် ဆန့်တငင်ငင်ဖြစ်ရမယ့် အလှည့်ပင်. ဘယ်လိုရှုထောင့်နဲ့များ...ဘယ်လိုမျိုး လူမှုဆက်ဆံရေးအခြေအနေတွေကများ... ဒီအမေနဲ့ဒီသား အစုံလိုက်ကို ဖန်တီးလိုက်တာလဲ။ ဒါ အဆင့်မြင့်အရည်သွေးရှိတဲ့ လေယာဉ်တင်သင်္ဘောနဲ့တောင် လုံးဝကိုနိုင်းယှဉ်လို့ ရနေပြီမဟုတ်လား!
ထိုအခိုက်တွင်တော့ လင်ရှန်းတစ်ယောက် တအားကိုဒေါသထွက်သွားတော့လေသည်. သူမ သွားတွေကိုတင်းတင်းစေ့လိုက်ပြီးတော့ ဒေါသသံဖြင့် ကြိမ်းဝါးမိလိုက်တော့သည်.- "စုန်းမအိုကြီး. လက်လျော့လိုက်တော့။ ရှင် ကျွန်မကိုပဲ သတ်ပစ်လိုက်စမ်းပါ။ ရှင့်သားနဲ့လက်ထပ်ရမယ့်အစား ကျွန်မသေပစ်လိုက်တာမှ ပိုကောင်းသေးတယ်!"
လင်ရှန်းတစ်ယောက် အအေးဓာတ်တစ်ခုရိုက်ခတ်လာသလိုခံစားလိုက်ရာကာ သူမလည်မြိုက ချွန်ထက်သည့်လက်သည်းတွေနဲ့ တင်းကျပ်စွာညစ်ဆုပ်ထားလိုက်ခြင်း ခံလိုက်ရလေသည်- " နင် ဘယ်သူ့ကို စုန်းမအိုကြီးလို့ ခေါ်လိုက်တာလဲ." ကျီဟောင်လင်းရဲ့အသံက အန္တရာယ်ပြုတော့မည့်လေသံပေါက်သွားသည်. သူမ မျက်လုံးတွေကိုကြည့်ရသည်မှာ လူသားတစ်ယောက်ကို အစိန်းလိုက်ဝါးစားလိုက်ချင်သည့်ပုံပေါက်နေခဲ့သည်. "နင် နောက်တစ်ခါ ထပ်ပြောရဲရင် ပြောကြည့်လိုက်စမ်း.. နင့်ကို သတ်ပစ်မယ်ဆိုတာ နင်သတိထားနေလိုက်။"
အတွင်းစိတ်ထဲတွင်တော့ လင်ရှန်းက စိတ်ငြိမ်ငြိမ်ထားလိုက်ဖို့ သူမကိုယ်သူမ နားချနေခဲ့သည်. ဒါပေမယ့် ဒီလိုမျိုး အခြေအနေအောက်မှာတော့ သူမ မတတ်နိုင်ခဲ့ပေ။ သူမကျောကုန်းမှ ချွေးသီးချွေးပေါက်တွေ တရပ်စပ်စီးကျနေကာ သူမနှုတ်ခမ်းသားတွေကပါ တစ်ဆတ်ဆတ်တုန်ရီလို့နေ နေခဲ့လေသည်. သူမလဲ နောက်ထပ်မပြောရဲတော့ပေ. ဒါပေမယ့်ကျီဟောင်လင်းက သူမကို လွှတ်မပေးခဲ့ပေ. ကျီဟောင်လင်းက သူမရဲ့ချွန်မြတဲ့လက်သည်းတွေကိုသုံးပြီးတော့ လင်ရှန်းရဲ့လည်ပင်းကို စူးဖောက်နေလေသည်. လင်ရှန်းရဲ့နူးညံ့ပါးလွှာတဲ့ အရေပြားက ချက်ချင်းပင် နီမြန်းလာခဲ့ကာ စူးဝင်မှုမှ သွေးတွေစိမ့်ထွက်လာခဲ့သည်။
လင်ရှန်းတစ်ယောက် တော်တော်လေးနာကျင်သွားရပေမယ့် သူမ အသံမထွက်ရဲခဲ့ပေ. အဲဒီအစား သူမက မြေကြီးပေါ်တွင်မတ်မတ်ရပ်နေကာ ကျီဟောင်လင်းနဲ့ မျက်လုံးချင်း အကြိတ်အနယ် အကြည့်ချင်းပြိုင်နေခဲ့သည်. လက်သည်းတွေက သူမလည်ပင်းကို ဖြတ်ဖောက်သွားတော့မတတ် ဖြစ်လို့နေသည်။
ရုတ်တရက် ကျီပိုင်ယုက ကောက်ခါငင်ခါ ထပြောလိုက်လေသည်.- "အမေ.. အမေ ဘာဖြစ်လို့ သူ့ကိုဒီလို အပူတပြင်းသတ်ပစ်ဖို့လုပ်နေတာလဲ။ ဒီသားက သူနဲ့ကစားလို့တောင် မဝသေးဘူး" သူ ပြောလိုက်နေချိန်တွင် သူက လင်ရှန်းမျက်လုံးထဲကို နင့်နင့်နဲနဲစိုက်ကြည့်ပြီးတော့ ပြောလိုက်ခဲ့သည်။
ကျီဟောင်လင်းက နောက်ဆုံးတော့ သူမကိုလွှတ်ပေးလိုက်သည်. လင်ရှန်းတစ်ယောက် အသက်ရှူဖြောင့်သွားသလို ခံစားလိုက်ရကာ အောက်သို့ပုံလျက်သားလဲကျသွားပြီး မရပ်မနား ချောင်းဆိုးနေလိုက်သည်. စက္ကန့်အနည်းငယ်လောက်က သူမအမှန်တကယ်ပင် သေသွားတော့မလို တွေးတောလိုက်မိပြီး သူမစိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်လို့သွားတော့သည်. အခုလိုမျိုး ကျီဟောင်လင်းက သူမကိုလွှတ်ပေးလိုက်တော့ သူမ နှလုံးသားက အားမလိုအားမရနဲ့ဒေါသတွေနဲ့ ပြည့်နှက်လို့သွားတော့သည်.- လိန်ဖန်... ရှင် ဘယ်ရောက်နေလဲ။ ကျွန်မသာ ဒီလိုမျိုးသေသွားမယ်ဆိုရင် ရှင် ကျွန်မကို နောက်ထပ်ဘယ်တော့မှ တွေ့ခွင့်ရတော့မှာ မဟုတ်ဘူး!'
လင်ရှန်းက ဝမ်းနည်းသွားရပေမယ့် သူမ မငိုလိုက်ခဲ့ပေ. လင်ရှန်းက ခါးခါးသီးသီးပင် အမေနဲ့သားနှစ်ယောက် ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေလိုက်သည်။
ကျီဟောင်လင်းက စိတ်ရွှင်သွားပုံရသွားကာ ညစ်ကျယ်ကျယ်ပြုံးလိုက်ကာ- "မှန်တယ်၊ တကယ်လို့ သူ ဒီလို...သေသွားမယ်ဆိုရင် ပျော်ဖို့မကောင်းတော့ဘူးပဲ.. ကွေ့မိန်!"
"ဒီငယ်သား ရှိပါတယ်!" ချက်ချင်းပင် ကွေ့မိန်က ဘယ်နေရာမှန်းမသိတဲ့နေရာကနေ ရောက်ချလာခဲ့တယ်. သူမနာမည်အတိုင်းပင် သူမက သရဲတစ်ကောင်လိုမျိုး အမှောင်ထဲမှရောက် ရောက်လာလေသည်။ (ကွေ့ဆိုတာက တရုတ်လို့ သရဲလို့အဓိပ္ပာယ်ရလို့ပါတဲ့ရှင့်...တရုတ်ကားတွေမှာပါတတ်ပါတယ်)
ကျီဟောင်လင်းက သူမ လက်ကိုဝေ့ရမ်းပြလိုက်လျက်- " မိန်းကလေးဝတ်ရုံတစ်စုံ လဲဝတ်ပေးဖို့ စုန့်မိန်းကလေးကို ခေါ်သွားလိုက်စမ်း၊ သူ့လက်ရှိဝတ်စုံက ငါ့ကို စိတ်တိုအောင်လာလုပ်နေတယ်"
"ဒီငယ်သား သခင်မရဲ့အမိန့်ကို လိုက်နာပါ့မယ်!" ကွေ့မိန်က ပြန်ဖြေလိုက်ကာ လင်ရှန်းလက်မောင်းအား ဆုပ်ကိုင်လိုက်တယ်။
" ငါ မလဲဘူး!" လင်ရှန်းက ထိတ်လန့်နေသော်လည်းပဲ သူမက သေတဲ့အထိပြန်တိုက်ဖို့ စီစဉ်ထားခဲ့သည်။
" နင့်မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်များ မှတ်နေတာလား?" ကျီဟောင်လင်းက ရယ်မောလိုက်သည်. – " မင်းလည်ပင်းက ခံစားရရဲ့လား"
လည်ပင်းလား? လင်ရှန်းတစ်ယောက် အေးခဲသွားတော့လေသည်. အလိုအလျောက်တုံပြန်လိုက်ခဲ့ကာ သူမ လည်ပင်းအား ထိတွေ့ကြည့်လိုက်သည်. သူမ လက်ချောင်းမှ စေးပျစ်နေတဲ့ အရာတစ်ခုကို ထိမိလိုက်သလို ခံစားလိုက်ရသည်. သူမ ကြည့်မိလိုက်တော့ သူမလည်ပင်းပေါ်က သွေးတွေက အနက်ရောင်ပြောင်းလဲနေမှန်း သိလိုက်သည်. စုန်းမအိုကြီးက သူမ ကို အဆိပ်ခပ်လိုက်တာလား! လင်ရှန်းမျက်နှာ မဲမှောင်ကျသွားတော့သည်။
"မပူပါနဲ့" ကျီဟောင်လင်းက စိတ်အနှောက်ယှက်ပင် မဖြစ်သည့်ပုံစံဖြင့် - "အဆိပ်က ချက်ချင်းတော့ မသက်ရောက်သေးပါဘူး၊ နင် ငါ့အမိန့်ကို လိုက်နာပြီးတော့ ယုအာကို လက်ထပ်လိုက်သရွေ့ကတော့ ငါ နင့်ကို ဖြေဆေးပေးနိုင်တယ်၊ တကယ်လို့ နင် ငါ့စကားကို နားမထောင်ဘူးဆိုရင်တော့ အခုကနေ နောက်သုံးလကြာရင် နင့်ဆံပင်တွေအကုန်လုံး အဖြူရောင်ပြောင်းသွားပြီးတော့ နင့်မျက်နှာတစ်ပြင်လုံးလဲ ရွန့်တွသွားပြီးတော့...... နင်..နင့်ကိုယ်နင် သေဖို့စောင့်နေရလိမ့်မယ်..."
"ရှင်....." လင်ရှန်းက လုံးလုံးလျားလျား ပြောစရာရှာမတွေ့တော့ချေ. သူမ အသိပြန်ဝင်ဖို့ အချိန်တော်တော်ယူလိုက်ရလေသည်. သူမက ပြန်လည်ခွန်းတုံ့ပြန်လိုက်ချင်ပေမယ့် စကားလုံးတွေကို သူမဖာသာပဲ ပြန်သိမ်းထားဖို့ ဆုံးဖြတ်လိုက်သည် ထိုအချိန်တွင်တော့ သူမက ကျီဟောင်လင်းက အမှန်အတိုင်းပြောနေတာကို သူမသိလိုက်ခဲ့ပါတယ်. သူမတစ်ဘဝလုံးနဲ့စွန့်စားလိုက်ရမယ့်အစား သူမက သူမ အသက်ရှင်နေသရွေ့ အချိန်ဆွဲဖို့ ကြိုးပမ်းနိုင်ပေလိမ့်မည်. သူမ လွတ်မြောက်နိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှာတွေ့ကောင်း ရှာတွေ့လိမ့်မည်ပဲဖြစ်သည်။
လင်ရှန်း ဆိတ်ဆိတ်နေလိုက်လျက် ကွေ့မိန်နောက်မှလိုက်ပါကာ ကျောက်တုံးအခန်းမှ ထွက်သွားလိုက်တော့လေသည်။
.........
လင်ရှန်းတစ်ယောက် အညံ့ခံလိုက်ရသည့်အချက်က ကျီဟောင်လင်းအား ခံစားချက်ကောင်းမွန်သွားစေခဲ့သည်. လင်ရှန်းထွက်သွားသည့်အခိုက်တွင်တော့ သူမက သူမသားရှိရာသို့လှည့်လိုက်ကာ - " ယုအာ.. အမေ ဒီနှစ်တွေမှာ ရှာနေတဲ့ နတ်ပိုးကောင်တွေကိုရော သား သတိရသေးရဲ့လား"
"ဒီသား မှတ်မိပါတယ်"
"နတ်ပိုးကောင်တွေရဲ့ မူလက hmong နယ်စပ်ကပဲ၊ သူတို့က အရမ်းအဆိပ်ပြင်းပေမယ့် မှန်မှန်ကန်ကန်အသုံးချလိုက်ရင် သူတို့က အသက်ရှည်ဖို့အချိန်ဆွဲထားနိုင်ပြီးတော့ ငယ်ရွယ်နုပျိုမှုကိုရှည်ကြာအောင်လုပ်နိုင်တယ်၊ အမေ ဆယ်နှစ်နီးပါးတောင် ရှာခဲ့ရတယ်. နောက်ဆုံး အမေက အထီးတစ်ကောင်နဲ့ အမတစ်ကောင် နှစ်ကောင်တောင် တွေ့ခဲ့တယ်၊ လာ.. အမေ မင်းကိုပြပေးမယ်"
"ဟုတ်ကဲ့ပါ" ကျီပိုင်ယုက ခေါင်းညိတ်လိုက်ကာ သူက ထိုဂုဏ်မောက်နေသည့် အမျိုးသမီးနောက်သို့ နတ်ဘုရား ပိုးကောင်အား ကြည့်ရှုရန် လိုက်သွားခဲ့သည်။
........
တစ်ချိန်တည်းမှာပဲ လင်ရှန်းက လက်ရှိတွင် ရတနာအခန်းသို့ အဝတ်လဲလှယ်ရန် ကွေ့မိန်နောက်မှ လိုက်ပါသွားခဲ့တယ်။
အကွေ့အပတ်ပေါင်းမြောက်များစွာအား ဝင်ထွက်ခဲ့ပြီးနောက်တွင် လင်ရှန်းက သူမကိုယ်ခန္တာတစ်ခုလုံးက အမွှေးတွေ ထောင်တက်လာသလို ခံစားနေရလေသည်. သူမကွေ့မိန်ကို ခေါ်ဆိုနေတာ အကြိမ်ရေမည်မျှပင်ရှိနေသည်လဲတော့ မသိပေ. ကွေ့မိန်က သူမအား လျစ်လျူရှုထားခဲ့လေတယ်. သူမက ကွေ့မိန်ရဲ့ဝတ်ရုံလက်ရှည်စအား ဆောင့်ဆွဲလိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့သည်။
"မမလေး.. ကျေးဇူးပြုပြီးတော့ လွှတ်လိုက်ပါ" ကွေ့မိန်က ဘာခံစားချက်မရှိသောမျက်နှာအမူအရာတစ်ခုဖြင့် ပြောလိုက်သည်။
'မမ...မမလေးတဲ့လား။ လင်ရှန်းတစ်ယောက် ခေါင်းစီးနံမည်ကြောင့် ရှော့ရသွားလေသည်. သူမက သူမရဲ့ချွေးစေးတွေကို သုတ်ပစ်လိုက်ပြီးတော့ မေးလိုက်တယ်.- "ငါတို့ ဘယ်နေရာကို သွားနေတာလဲ? ဒီနေရာက အရမ်းကြီးတာပဲ၊ ငါ ဝင်လိုက်ထွက်လိုက်လုပ်ရလွန်းလို့ ခေါင်းတွေတောင် မူးနောက်သွားပြီ၊ နင် ငါ့ကို လေကောင်းလေသန့်ရှူလို့ရမယ့် တစ်နေရာ ရာကို ခေါ်သွားလို့မရဘူးလား?"
ကွေ့မိန် က ဘာမှပြန်မပြောခဲ့ဘဲ ကျောက်နံရံကိုသာ လက်ညိုးထိုး ညွှန်ပြလိုက်သည်။
လင်ရှန်း ဘာပြောချင်မှန်း နားမလည်ခဲ့ပေ. သူမက ကျောက်နံရံထုမာမာ ကြီးကို သူမလက်ဖြင့်စမ်းကြည့်လိုက်ကာ- "ဘာလဲ? ထွက်ပေါက်ရဖို့အတွက် ဒီနံရံကို ငါ့ခေါင်းကွဲသွားအောင် အရင်တိုက်ပစ်လိုက်ရမှာလား? မဖြစ်ဘူးထင်တယ်၊ ဒီနံရံက ဒီလောက်မာနေတာကို...."
ကွေ့မိန်ရဲ့ပါးစပ်က တွန့်ကွေးသွားခဲ့ကာ နံရံပေါ်မှာ ဖုထွက်နေတဲ့ ကျောက်တုံးကို သူမလက်ဖြင့် ဖိချလိုက်လေသည်. ကျောက်နံရံက ချက်ချင်းပွင့်ကျသွားချိန်တွင်တော့ လင်ရှန်းရဲ့မျက်စိထဲကို အလင်းရောင်ဖြိုးဖြိုးဖျက်ဖျက်က တိုးဝင်လာခဲ့လေသည်. သူမ နောက်ဆုံးအာရုံစိုက်မိသွားချိန်တွင် သူမမျက်စံလေးတွေတောင် အပြင်ဘက်သို့ပေါက်ထွက်မတတ်ဖြစ်သွားရတော့သည်။
Holy shit! ဒါ အရမ်းအရမ်းကို မိုက်လိုက်တာ!!
ကျောက်တုံးအခန်းက ရှားပါးရတနာများဖြင့် တစ်ခန်းလုံးပြည့်ကျပ်နေလေသည်. အလွန့်အလွန်တောက်ပဝင်းလက်သည့် အလင်းများနဲ့ ဖြိုးတိုးဖျက်တက် ကာလာစုံအရောင်များက အမှောင်ထုထဲမှ ပေါ်ထွန်းလို့နေလေသည်။
"မမလေး.. ကျေးဇူးပြုပြီးတော့!" ကွေ့မိန်က အဆိုပြုလိုက်လေသည်။
To be continued.......