အပိုင်း(၇၉)
လင်ရှန်း သူမတံတွေးတွေကို မျိုချလိုက်ကာ ခြေလှမ်းတစ်လှမ်းချင်းတစ်လှမ်းချင်းလျှောက်လှမ်း၍ အခန်းထဲသို့ဝင်ရောက်သွားခဲ့သည်. သူမ ဝင်ရောက်သွားလိုက်တာနှင့် သူမနောက်က ကျောက်တုံးတံခါးက ဂျိုင်းခနဲပိတ်သွားလေသည်. ကွေ့မိန်က ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်တော့ အခန်းက ချက်ချင်းပင်လင်းထိန်လာခဲ့သည်. သူမပတ်ပတ်လည်တွင် ကြေးနီမှန်ရှစ်ချပ်က ဝန်းရံထားသည်ကို လင်ရှန်းတွေ့လိုက်ရသည်။
သူမရှေ့က ကျောက်တုံးစားပွဲခုံပေါ်တွင် ရွှေပိုးချည်ငွေပိုးချည်တွေဖြင့် ရက်လုပ်ထားသော အမျိုးမျိုးသောဝတ်ရုံတွေ တင်ထားသည်ကိုတွေ့လိုက်ရသည်. ဝတ်ရုံတွေက အလွန်လှပပြီး လက်ရာမြောက်လှစွာပင် မြင်လျှင်လိုချင်စရာကောင်းသည့်ပုံစံတွေပင်။ ပိတ်ဆေးရောင်စုံစုံတွေက အလွန်တောက်ပသစ်လွင်နေကာ မျက်စိကျစရာတွေချည်းဖြစ်လို့နေသည်။
"မမလေး.. ကျေးဇူးပြုပြီးတော့ ဝတ်ရုံတစ်ထည်ရွေးလိုက်ပါရှင့်"
အိုးဟိုး စုန်းမက ရက်စက်တတ်ပေမယ့်လဲ သူက တော်တော်လေးတော့ ရက်ရောတတ်သားပဲ!
လင်ရှန်းက ကြုံရာကျပန်းဝတ်ရုံတစ်ထည်ကိုကောက်ရွေးလိုက်ကာ အသေးစိတ်ကအစ လက်ရာတော်တော်မြောက်တာကြောင့် မနှစ်ခြိုက်ပဲမနေနိုင်တော့ပေ။
ဒီနေရာကအဖိုးတန်ပစ္စည်းတွေက ရွှေနန်းတော်ကပစ္စည်းတွေတောင် တုပလို့မရဘူးဆိုတာတော့ ငါလောင်းရဲတယ်. ဒီလိုရတနာတွေကိုတောင် ရအောင်ရှာဖွေစုဆောင်းနိုင်တဲ့ ကျီဟောင်လင်းရဲ့စွမ်းရည်က တော်တော်အံဩဖို့ကောင်းတာပဲ!!'
"ကျေးဇူးပြုပြီးတော့ အဝတ်လဲလိုက်ပါ မမလေး" ကွေ့မိန်က ဘေးမှ ပြောလိုက်သည်။
" နင် ငါ့ကို ဘယ်ကရော ညာကရော မမလေး...မမလေးလို့ လာလာမခေါ်စမ်းပါနဲ့၊ ငါဖိအားပေးခံရတာ နင်မမြင်ဘူးလား" လင်ရှန်းက စိတ်တိုစွာနဲ့ သူမကို မျက်လုံးလှန်ကြည့်လိုက်ကာ ပြောလိုက်တယ်. " အခန်းထဲက ထွက်လိုက်တော့၊ ငါ အခု အဝတ်လဲလိုက်အုံးမယ်"
"ဒီငယ်သားက မမလေး အဝတ်လဲဖို့ အထဲမှာနေပြီး ကြည့်ပေးပါ့မယ်"
လင်ရှန်းတစ်ယောက် အံအားသင့်နေသည့်ပုံစံဖြင့်. – "ဟမ်... ငါ့မှာရှိတာ နင့်မှာလဲ ရှိတာပဲကို၊ နင်က ဘာဖြစ်လို့ ငါ့ကို ကြည့်မှာလဲ? မှန် သွားကြည့်ပြီးတော့ နင့်ကိုယ်နင်ဘဲ သဘောကျနေလိုက်ပါလား!"
ကွေ့မိန်ရဲ့ပါးစပ်ထောင့်တွင် တွန့်ကွေးသွားတော့လေသည်. သို့သော်လဲ သူမက စကားတစ်ခွန်းမှတော့ ပြန်မပြောခဲ့ပေ။
"ဘာလဲ.. နင့်မှာ မရှိတဲ့ဟာလဲ ငါ့မှာ မရှိဘူးလေ!" လင်ရှန်းက ကွေ့မိန်ရဲ့ရင်ဘတ်ကို စိုက်ကြည့်ကာ ပြောလိုက်တယ်. ချက်ချင်းပင် သူမ တစ်ခုခုကို နားလည်သွားလိုက်သည်. သူမက ကွေ့မိန်ရဲ့ပုခုံးပေါ်တွင် သနားကရုဏာသက်စွာဖြင့် လက်တင်လိုက်ကာ - " နင် ဘယ်လိုခံစားလိုက်ရလဲဆိုတာကို ငါ နားလည်နိုင်ပါတယ်၊ တစ်ခုကတော့ ငါ့မှာလဲ မရှိဘူးလေ၊ နေ့တိုင်းနေ့တိုင်း တစ်ခြားမိန်းမတွေကို မနာလိုစိတ်နဲ့ပဲ ငေးငေးကြည့်ပြီးတော့ပဲ နေနေရတယ်၊ အဲဒါကတော်တော်လေး စိတ်မသက်သာ......"
ကွေ့မိန်က နောက်ဆုံးတွင် တစ်စစနဲ့ခံနိုင်ရည်မရှိတော့ပေ။ သူမက တုံ့ပြန်လိုက်ခဲ့တော့သည်. "ဒီငယ်သား မမလေးကို အပြင်ဘက်ကနေပဲ စောင့်နေလိုက်ပါ့မယ်" ပြီးနောက် သူမ ရုတ်ခနဲပျောက်ကွယ်သွားတော့သည်။
"ဟေ့! နေပါဦးဟ! ငါ ပြောလို့မပြီးသေးဘူးလေ! တကယ်တော့ သေးတာကလဲ အကျိုးရှိပါတယ်ဟ၊ နင် ယောက်ျားလေးတစ်ယောက်လို ဟန်ဆောင်လို့ရှိရင် နင် အများကြီး လုပ်စရာမလိုတော့ဘူးလေ၊ နင်သိလား နင့်ရင်သားတွေကို ယောက်ျားတစ်ယောက်လိုမျိုး ဖြစ်အောင်လုပ်ဖို့က ဘယ်လောက်ခက်လဲဆိုတာကို....ဟေး!!?"
ကွေ့မိန်ထွက်သွားလိုက်တော့ လင်ရှန်း သူမ လျှာကို အထဲလိပ်တင်လိုက်တော့လေသည်. သူမက နှုတ်ခမ်းပိတ်လျက်နဲ့ သီချင်းတသည်းသည်းနဲ့သာ အဝတ်လဲလိုက်သည်။
ရိုးသားစွာပြောရရင်တော့ နောက်ဆုံးကြိမ်တုန်းက မိန်းမလေးတစ်ယောက်လို ဝတ်ဆင်ရတာက ဘယ်လိုလဲဆိုတာတောင် သူမ မှတ်တောင်မမှတ်မိတော့ပေ။ သူမက သူမရဲ့ရင်သားအတွင်းရင်ခံတွေကို ချွတ်ပစ်နိုင်ဖို့ အချိန်တော်တော်လေးယူလိုက်ရကာ ဟိုဘက်ကဟာ ဒီဘက်ကို လာပြီးပြောင်းလိုက်ရလေသည်။
အခက်အခဲများစွာနှင့်အတူ နောက်ဆုံး သူမအဝတ်လဲလှဉ်ဝတ်ဆက်နိုင်ခဲ့လေသည်. လင်ရှန်းက ကိုယ့်ကိုယ်ကို တစ်ပတ်လှည့်ကြည့်လိုက်ပြီးတော့ စုန်းမအိုကြီးဆီက အမြတ်ထုတ်လိုက်ရန် သူမ ဆုံးဖြတ်လိုက်ခဲ့သည်. သူမက သူမဆံပင်ထဲသို့ ပုလဲဆံထိုးတစ်ခုကို ထိုးထည့်လိုက်ပြီးတော့ အရည်သွေးမြင့်မားပြီးကြည့်လို့ကောင်းတဲ့ ကျောက်စိမ်းလက်ကောက်တစ်ရံကိုလဲ ယူလိုက်ခဲ့သည်. ကျောက်စိမ်းလက်ကောက်ကို သူမလက်မှာပတ်လိုက်ပြီးနောက် သူမမျက်လုံးလေးတွေက လောဘဇောကြောင့် ပိုပိုပြီးတော့ လင်းလက်လို့သွားသည်။
ရုတ်တရက် အခန်းထောင့်ရှိ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား သတိထားမိသွားလေသည်။
အိုးမို့အိုးမို့! ကြည့်ရတာ တော်တော်လေး တန်ဖိုးကြီးမယ့်ပုံပဲ! လင်ရှန်းရဲ့မျက်လုံးများက ဝင်းပသွားက စိတ်လှုပ်ရှားစွာဖြင့်ကောက်မလိုက်လေသည်. ဒါပေမယ့်ကျောက်စိမ်းရုပ်ပွားတော်က လှုပ်လို့တောင်မရချေ. သို့သော်လည်း လင်ရှန်းက စိတ်ပိုင်းဖြတ်လိုက်ခဲ့သည်. သူမက ရုပ်ပွားတော်အား နောက်တစ်ကြိမ်ထပ်မကြည့်လိုက်ခဲ့သည်. လုံးဝ လှုပ်တောင် လှုပ်မသွားခဲ့ပေ။
လင်ရှန်း အခုတော့ တော်တော်စိတ်တိုသွားပါပြီ. သူမ အားစိုက်လိုက်တော့ ရုပ်ပွားတော်က လည်ထွက်သွားကာ အသံတစ်သံကို ကြားလိုက်ရသည်. ရုတ်တရက် လျို့ဝှက်တံခါးက ရုပ်ပွားတော်နောက်ဘက်တွင် ဖြည်းညင်းစွာဖြင့် ပွင့်သွားခဲ့လေသည်။
အိုးဟိုး! ဒီဝင်ပေါက်က ဒာရီထဲက လျို့ဝှက်ဝင်ပေါက်လိုမျိုးလား?! လင်ရှန်းတစ်ယောက် ဝမ်းသာအားရဖြစ်သွားတော့လေသည်. ကွေ့မိန်ကလဲ အပြင်ဘက်မှာ ရှိနေတော့ သူမက အထဲဝင်ပြီးတော့ တစ်ချက်ကြည့်လိုက်ရန် ဆုံးဖြတ်လိုက်တယ်။
လျို့ဝှက်ဝင်ပေါက်နောက်ကွယ်တွင် လှိုဏ်ခေါင်းသေးသေးလေးတစ်ခုရှိနေခဲ့တယ်. လင်ရှန်းက လှိုဏ်ခေါင်းတစ်လျှောက် လျှောက်သွားလိုက်တော့ အထဲကိုဝင်နေသရွေ့ တဖြည်းဖြည်းနဲ့ အေးသထက်အေးလာခဲ့သည်. သူမ လမ်းအဆုံးရောက်သည့်အခါ ရေခဲသိုလှောင်ရုံတစ်ခုရှိနေတာကို သိလိုက်တယ်. အခန်းအတွင်းတွင် ကြီးမားသည့် ရေခဲအပိုင်းစကြီးတစ်ခု ရှိနေလေသည်. ထိုရေခဲက အရမ်းအေးစက်နေကာ သူမကို တုန်ခိုက်နေတော့တယ်။
ဖူး.. ငါက တော့ လျို့ဝှက်ထွက်ပေါက်တစ်ခုတွေ့ပြီလို့ ထင်ထားတာ... ဒီနေရာက ဘာကြီးလဲဟ?'
လင်ရှန်းတစ်ယောက် နည်းနည်း စိတ်ပေါက်သွားတော့တယ်. သူမ က ပြန်လှည့်လိုက်ရန် ဆုံးဖြတ်လိုက်တယ်. ရုတ်တရက် အခန်းအလယ်ခေါင်မှာရှိတဲ့ ကျောက်စိမ်းသေတ္တာလေးတစ်ခုကို သူမ သတိပြုမိသွားတယ်. ထိုအရာက တလက်လက်တောက်ပလို့နေကာ ဖောက်ထွင်းရွေ့ရနိုင်အောင် အရည်လဲ့နေတာကို တွေ့ရသည်. ထွင်းထုထားတာတွေကလဲ အလွန်ပင်လက်ရာမြောက်နေပေသည်. ထိုဟာက ဂရိတ် အေရှိမယ့် ပစ္စည်းဖြစ်မှာ ကျိန်းသေပေါက်ပင်။
ကြည့်ရတာ ငါ့အချိန်ကုန်ခံရတာ အလားဟားသတ်မဖြစ်တော့ဘူးပဲကိုး!
လင်ရှန်းတစ်ယောက် စိတ်လှုပ်ရှားရင်ခုန်သွားတော့သည်. သူမက ကျောက်စိမ်းသေတ္တာဆီသို့ အပြေးအလွှားသွားလိုက်၍ ပါးလွှာကွဲကြေလွယ်သည့် ပန်းပုလက်ရာအား ပွတ်သတ်ကိုင်တွယ်လိုက်ခဲ့တယ်. ပြီးနောက် သူမက အထဲမှာဘာတွေများ ထည့်ထားမလဲလို့ သေတ္တာကို ဖွင့်ကြည့်လိုက်တယ်. လတ်စသတ်တော့ အထဲတွင် ပိုးတီကောင်ဖြူနှစ်ကောင်က အထဲတွင် လူးလိမ့်နေကြလေသည်. ကြည့်ရတာနဲ့ တော်တော်လေးမျက်စိနောက်စရာပင်။
အော့...ရွံဖို့ကောင်းလိုက်တာ!
လင်ရှန်းက လွှင့်ပစ်ချင်သွားကာ ရုတ်ချည်းပင် သေတ္တာက လွတ်ကျသွားတော့လေသည်. ပိုးတီကောင်နှစ်ကောင်လဲ အထဲမှထွက်ကျလာပြီးတော့ အမတစ်ကောင်က သူမဖိနပ်ပေါ်သို့ လာတင်သွားခဲ့သည်။ လင်ရှန်း အလန့်တကြားအော်ဟစ်လိုက်ပြီးတော့ သူမဖိနပ်ပေါ်မှာရှိတဲ့ တီကောင်ကို အားကြီးနဲ့ ကန်ကျောက်ပစ်လိုက်လေသည်. ကျွတ်ခနဲ အသံတစ်ခုကြားလိုက်ရကာ တီကောင်က ဘဝကူးသွားလေသည်။
"နင် ဘာလုပ်နေတာလဲ" တစ်ချိန်တည်းတွင် ကျီဟောင်လင်းရဲ့ ဒေါသတကြီးအသံကို ကြားလိုက်ရတော့သည်။
လင်ရှန်း ခေါင်းလှည့်ကြည့်လိုက်တော့ သူမ ကျီဟောင်လင်းရဲ့ ရွှန့်တွနေသည့် မျက်နှာကို မြင်လိုက်ရတယ်. သူမ တော့ ပြဿနာအကြီးကြီးတစ်ခုကို အမွှေစိန်လုပ်လိုက်မိပြီဆိုတာ သိလိုက်ပါတယ်. လင်ရှန်းက ကြောက်ကြောက်လန့်လန့်နဲ့ နောက်ခြေလှမ်းပြန်ဆုတ်လိုက်မိသွားကာ တိုက်တိုက်ဆိုင်ဆိုင်ပဲ တီကောင်ထီးပေါ်တွင် သူမ ခြေချမိလေသည်။
နောက်ထပ်ကျွတ်ဆိုသည့် အသံကို ကြားလိုက်ရကာ အခုတော့ လင်ရော မယားရော နှစ်ဆောင်ပြိုင်သေဆုံးသွားလေတော့တယ်။
ကျီဟောင်လင်းရဲ့ မျက်နှာက ရေခဲထက်ပင် အေးစက်သွားတော့လေသည်. သူမ အသိပြန်ဝင်သွားဖို့ရာ အချိန်တော်တော်ယူလိုက်ရလေတယ်. ပြီးနောက် သူမက ရင်ဘတ်စီတီးမတတ် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်တယ်- " သူ့ကို ကြိုးတုတ်ထားလိုက်စမ်း.၊ သူ့ကို ကြိုးတုတ်ထားလိုက်ကြစမ်း!!!"
လင်ရှန်း အခုဆိုလျှင် ကြိုးတုတ်လျက်သားဘဝရောက်သွားရှာပါပြီ. သူမ လက်ချောင်းလေးတွေတောင်မှ ချည်ထားခြင်းခံရပါတယ်. အဖမ်းခံထားရတဲ့ ဂဏန်းတစ်ကောင်နဲ့တောင် နှိုင်းယှဉ်မယ်ဆို နှိုင်းယှဉ်လို့ရနေပါပြီ. သူမ ပုံစံကို ကြည့်ပြီးတော့ ကျီပိုင်ယုက သရော်တော်တော်ပြုံးလိုက်သည်။
"စုန့် ဒုတိယ မိန်းကလေးက သူမကိုယ်သူမ ဒီလိုမျိုးအဆုံးသတ်မှာကို ဘယ်လိုမှထင်မထားဘူးမို့လား..ဟင်.. ကြိုးတုတ်ခံလိုက်ရတော့ ဘယ်လိုမျိုးခံစားရလဲ" သူပုံကိုကြည့်ရတာ ဟားတိုက်ရယ်ချင်နေသည့်ပုံပေါက်နေခဲ့တယ်။
"အား ဖူး!" လင်ရှန်းက သုန်မှုန်စွာနဲ့ သူမသွားတွေကို ကြိတ်လိုက်ကာ- " နင့်ကိုနင် ငါ့ရှေ့မှာ သိသလိုတတ်သလို လာလုပ်နေတာလား၊ နင့်အမေက နင့်ကို ငါနဲ့လက်ထပ်ဖို့ ဖိအားပေးတဲ့အချိန်တုန်းကတော့ နင် အီးတောင်တစ်ချက်လေးထမပေါက်ရဲဘဲနဲ့များ.. နင်က ယောက်ျားတစ်ယောက်တဲ့လား?!"
လင်ရှန်းရဲ့စကားလုံးက ကျီပိုင်ယုမျက်နှာအား အရှိုက်မိစေလိုက်သည်။ သူ့မျက်လုံးများက သူ့ရဲ့ လူသတ်ချင်သည့်အရိပ်ယောင်ထွက်ပေါ်လာခဲ့ကာ သူမအင်္ကျီကော်လံအား ဆွဲကိုင်လိုက်လေသည်. သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေ တစ်ယောက်နဲ့တစ်ယောက် လွန်စွာမှနီးကပ်သွားကာ သူဘယ်လောက်တောင်မှ ဒေါသချောင်းချောင်းထွက်သွားလဲဆိုတာ လင်ရှန်းမြင်လိုက်ရသည်. သူ ဟန်လုပ်ပြနေတာ လုံးဝမဟုတ်ခဲ့ပေ. သူမ ရိုးသားစွာပင် ကြောက်လန့်သွားရပေမယ့် အပြင်ပန်းအရမှာတော့ သူမက သန်မာသည့်မိန်းကလေးတစ်ယောက်ပင်။ ထို့ကြောင့် သူမက သူ့မျက်လုံးနက်စံကိုသာ စူးစူးစိုက်ကြည့်ကာ လုံးဝနောက်ပြန်မဆုတ်ခဲ့ပေ။
သူတို့နှစ်ယောက် အချိန်ကြာမြင့်သည်အထိ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စူးစိုက်ကြည့်နေကြတယ်. လင်ရှန်းက နှုတ်ထွက်ချင်သည့်အချိန်တွင်တော့ ကျီပိုင်ယုက သူမပါးပြင်ပေါ်သို့ ဖွဖွလေးအနမ်းပေးလိုက်လေသည်။
လင်ရှန်းတစ်ယောက် ဒီလိုမျိုးအမူအရာကြောင့် အန်းတန်းတန်းဖြစ်သွားတော့လေသည်. အိုးဟိုး..သူ ငါနဲ့ လာကစားနေတာလား။ သူမ စိတ်ထဲတွင်တော့ ထိန်းမရအောင် ဒေါသူပုန်ထနေတော့တယ်. သူမ အောက်ဟစ်ပေါက်ကွဲလိုက်တော့မည့်တွင် ကျီပိုင်ယုက သူမအား ကြားဖြတ်ကာ ထပြောလိုက်သည်.- " တကယ်လို့ ငါ ယောက်ျားတစ်ယောက် ဟုတ် မဟုတ် မင်းသိချင်တယ်ဆိုရင်တော့ ငါတို့ မင်္ဂလာပွဲကျရင် မင်းတွေ့ရမှာပေါ့" ကျီပိုင်ယုက သူမအား ရန်စသလိုပြုံးပြလိုက်သည်. သူ့ကိုကြည့်ရတာ အစောလေးက သူ့ရဲ့ကြောက်စရာကောင်းသည့်ပုံစံနဲ့ လုံးဝကွဲထွက်နေသည်။
ကျီပိုင်ယုက ဒီလောက်တဲ့တိုးကြီးပြောချလိုက်တော့ လင်ရှန်းရဲ့မျက်နှာက ပန်းသွေးနီရောင်ပြောင်းသွားတော့လေသည်. သူမ အိုးတိုးအန်းတန်းဖြစ်သွားကာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်. သူမ ပါးစပ်ကို တစ်ဖန်ပြန်ဖွင့်မလို့ လုပ်လိုက်ပေမယ့် တစ်စုံတစ်ယောက်က တံခါးလာခေါက်လိုက်တယ်။
"သခင်လေးရှင့်" လက်အောက်ငယ်သားတစ်ယောက်က ဝင်ရောက်လာခဲ့ကာ ကျီပိုင်ယုနား နားသို့တိုးကပ်ခါ ပြောလိုက်တယ်. ကျီပိုင်ယုရဲ့မျက်နှာအမူအရာက ချက်ချင်းပျက်သွားကာ သူထွက်သွားရန် ထလိုက်လေသည်။
"ဟေး.. နင့်မှာ သတ္တိရှိရင် ထွက်မသွားနဲ့!" လင်ရှန်းက သူမပါးစပ်ကို ဖွင့်လိုက်တော့ ကော်တွန်ပိတ်စတစ်စက သူမပါးစပ်အားလာဆို့ထားလိုက်တယ်။
"မင်းက အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ငါ့ မှာ သတ္တိ ရှိ မရှိ မင်း နောက်ထပ် ရက်နည်းနည်းကြာရင် သိရတော့မှာပါ!" ကျီပိုင်ယုက သူမအား စိုက်ကြည့်ပြောလိုက်ကာ ထွက်သွားခဲ့တယ်။
ကျီပိုင်ယု က ထွက်သွားခဲ့တာ တော်တော်ကြာသွားခဲ့တယ်.. တော့်တော့်ကိုအကြာကြီးဖြစ်သွားခဲ့တယ်။
ဒီနေရာက မြေအောက်ထဲမှာဖြစ်တော့ နေရောင်လဲ မရချေ. လင်ရှန်းတစ်ယောက် နေ့မှန်းလဲမသိ ညမှန်းလဲ မသိ ဖြစ်နေခဲ့တယ်. သူမသိတာကတော့ သူမ အရမ်းဗိုက်ဆာလွန်းလို့ သူမစိတ်ရှုးတောင် ပေါက်သွားမတတ်ဆိုတာပါပဲ။
အစေခံမိန်းခလေးတစ်ယောက်က အစားအစာကိုသယ်ယူလာခဲ့ကာ သူမအား ကြိုးလာဖြည်ပေးခဲ့သည်. သူမ လက်တွေနဲ့ခြေထောက်တွေက အချိန်အကြာကြီးထုံထိုင်းထိုင်းဖြစ်နေခဲ့တယ်. သူမစိတ်ထဲတွင်တော့ သူမက ဂဏန်းတစ်ကောင်ဘဝကနေပြီးတော့ ကြက်တုပ်ကွေးရောဂါခံစားနေရတဲ့ ကြက်တစ်ကောင်ဘဝလို ဖြစ်လို့နေသည်. သူမက တစ်ခုခုလှုပ်ရှားနိုင်ရန် အားရှိဖို့ရာကို စားပွဲခုံပေါ်တွင် အချိန်အကြာကြီး အမှီပြု၍လှဲနေခဲ့ရသည်။
သူမအတွင်းစိတ်နက်နက်ထဲတွင်တော့ လင်ရှန်းက အမေနဲသားစုံတွဲရဲ့ ရက်စက်မှုအပေါ်ကို ကျိန်ဆဲနေခဲ့တော့သည်. တစ်ချိန်တည်းတွင် သူမက သူမအိနြ္ဒေပင်မဆယ်နိုင်တော့ဘဲ ပန်းကန်လုံးကို လက်နှစ်ဖက်စလုံးနဲ့ဆုပ်ကိုင်ထားကာ သူမရှေ့မှာရှိနေတဲ့ဆန်ပြုတ်ကို အငမ်းမရမျိုချစားသောက်နေလေသည်. အဆိပ်ပါတာမပါတာလည်း ဂရုမစိုက်နိုင်အားတော့ပေ။ ဒီလိုမျိုးအခြေအနေအောက်မှာတော့ သူမသည် သရဲစစ်စစ်တစ်ကောင်ဖြစ်ရမည့်အစား ငတ်ပြတ်နေသည့်သရဲတစ်ကောင်ဖြစ်သွားတော့လေသည်။
Tobe continued.....