Chapter 80
Viewers 9k

အပိုင်း(၈၀)


အံဩစရာကောင်းတာက ဆန်ပြုတ်က အဆိပ်ခပ်မထားခဲ့ပါဘူး. လင်ရှန်းတစ်ယောက် နှစ်ဇလုံတောင်မှ ကုန်အောင် စားသောက်ခဲ့လေသည်. သူမတစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတိုင်းက သွေးထွက်တာလဲမရှိသလို တစ်စစီဖြစ်သွားတာမျိုးလဲ မရှိခဲ့ပေ. သူမဆီကို အစားအသောက်လာပို့တဲ့ အစေခံတောင်မှ သူမကိုတိတ်တိတ်လေးပဲချန်ထားရစ်ခဲ့သည်။ အဲဒီကနေကြည့်ရတာကတော့ ဘာမှထွေထွေထူထူး မဖြစ်တော့သည့်ပုံစံပင်။


လင်ရှန်း မသိပေမယ့် တစ်ခုခုက မူမမှန်သလိုမျိုး ခံစားနေမိသည်။


ကျီဟောင်လင်းက သူ့ရဲ့နတ်ဘုရားတီကောင်တွေ အသတ်ခံလိုက်ရတာကို တကယ်ပဲ မေ့ထားနိုင်တယ်တဲ့လား။ နိုး..နိုး..နိုး..! အဲလို မေ့ပစ်လိုက်မယ့် လူတွေအများကြီးထဲမှာ ကျီဟောင်လင်းပါဝင်နေတာတော့ လုံးဝကိုမဟုတ်နိုင်ဘူး! သူမက စိတ္တဇဖြစ်နေတာလေ.. ဒါကို လွယ်လွယ်လေးနဲ့တော့ လုံးဝအလွှတ်ပေးမှာမို့ဘူး.. သူမအပေါ်မှာ သူမဘာလုပ်ချင်နေတာများလဲ။'


လင်ရှန်း ဒီအကြောင်းတွေကို အချိန်အကြာကြီး တွေးတောလိုက်တော့ သူမခေါင်းတွေတောင် ထူပူကိုက်ခဲလို့လာခဲ့သည်။ ကြိုးတုတ်ခံထားရတဲ့နေရာတွေက တဒုတ်ဒုတ်နဲ့ စတင်ကိုက်ခဲလာတော့သည်. ထိုကိုက်ခဲမှုကြောင့် သူမ မျက်ရည်တောင် ထွက်ကျမတတ်ဖြစ်သွားတော့သည်။ သူမမျက်ခွံတွေက တဖြေးဖြေးနဲ့လေးလံပြီးရင်းလေးလံလို့လာခဲ့သည်. အဆုံးတွင်တော့သူမ ကြာကြာမတောင့်ခံထားနိုင်တော့ဘဲနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလိုက်ခြင်းတစ်ခုထဲသို့ ကျဆင်းသွားတော့သည်။


လင်ရှန်းတစ်ယောက် အိပ်မက်တစ်ခုကို မက်ရှိနေခဲ့တယ်.. သူမ အိမ်မက်ထဲတွင် သူမက လက်ထပ်ရတော့မည်. သူမက အနီရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားကာ လူတိုင်းကလဲ ဖားယားဖားယားနှင့် သူမအားဂုဏ်ပြုစကားလာ လာပြောနေကြလေသည်. သူမမိဘတွေက သူမလက်တွေကို ကိုင်ထားကြကာ သူတို့ရဲ့မျက်နှာပေါ်တွင် မျက်ရည်ရွှဲလဲဖြစ်နေကြသည်. သူတို့က သူမနဲ့ခွဲခွာဖို့ရာ ဝန်လေးနေကြလေသည်. မော်ဒန်ကမ်ဘာက သူမ သူငယ်ချင်းတွေတောင်မှ ရှေးခေါတ်ဝတ်ရုံတွေ ဝတ်ဆင်ထားရှိကြကာ သူမပျော်ရွှင်စေဖို့ဝိုင်းဝန်းဆုတောင်းပေးနေကြသည်။


လင်ရှန်းတစ်ယောက်လဲ ပီတိဖြာဝေစွာပြုံးရွှင်နေခဲ့သည်. သူမ နောက်ဆုံးတော့ လိန်ဖန်နဲ့ လက်ထပ်ရပြီပဲ! လူတိုင်းလူတိုင်းကလဲ သူမတို့တတွေ ဘဝသက်ဆုံးတိုင်ထိပေါင်းဖက်နိုင်လိမ့်မယ်လို့ ပြောဆိုနေကြသည်. သူမရဲ့သတို့သမီးခေါင်းဆောင်းပါဝါ အောက်ထဲတွင်တော့ သူမက စိတ်လှုပ်ရှားရင်ခုန်မှုရော၊ စိတ်ပင်ပန်းနေတာရော နှစ်ခုလုံးကရောပြွန်းလို့နေသည်. သူမက သူမရဲ့သတိုးသမီးခေါင်းဆောင်းအား သတို့သားဖြစ်သူ မြန်မြန်လာပြီး မတင်ပေးဖို့စောင့်ရတာကို စိတ်မရှည်နိုင်တော့ချေ။


နောက်ဆုံးတော့ သတိုးသားဖြစ်သူ ရောက်ရှိလာခဲ့ပါတယ်. သူမက သူ့ရဲ့ခြေလှမ်းသံတွေကို ကြားနေရလေသည်. ထိုအသံက သန်မာပြီး မယိမ်းယိုင်ဘဲ မြဲမြံနေလေသည်. သူမမျက်နှာကို လာရိုက်ခတ်နေသည့် သူ့ရဲ့အသက်ရှူထုတ်နေသည့် လေပူငွေ့တွေကို သူမခံစားရနေသည်. လက်ရှိတွင် သူမက လိန်ဖန်ရဲ့မျက်နှာအမူအရာကို စိတ်ကူးယဉ်လို့နေ နေသည်။


သတို့သမီးခေါင်းဆောင်းက နောက်ဆုံးတွင် မတင်ခြင်းခံလိုက်ရကာ သူမရှေ့တွင်ရှိနေသည့် ရုပ်ပုံရိပ်တွေက ရုပ်လုံးပေါ်လာခဲ့သည်. လိန်ဖန်ကိုတွေ့မြင်ရမယ့်အစား သူမကျီပိုင်ယုရဲ့ မထိတထိပြုံးနေသည့်အပြုံးကိုသာလျှင် မြင်လိုက်ရလေသည်. သူ့နှုတ်ခမ်းထောင့်စွန်းကလဲ အပေါ်တက်ချိတ်နေခဲ့ကာ သူ့ကိုကြည့်ရသည်မှာ သူမအား လှောင်ပြောင်သရော်နေသည့်ပုံပေါက်နေခဲ့သည်။


လင်ရှန်းတစ်ယောက် အလွန်ရှော့ရသွားခဲ့ကာ အားခနဲအော်ဟစ်လိုက်ကာ သူ့အားဖျန်းခနဲ ပါးချလိုက်မိလေသည်. ဒါပေမယ့် အဲဒီအစား မိန်းမတစ်ယောက်ရဲ့ 'အား!" ဆိုသည့် အသံကို သူမကြားလိုက်ရလေသည်။


ဘယ်လိုဖြစ်ပြီး မိန်းကလေးတစ်ယောက် အသံဖြစ်နေတာလဲ။' 


လင်ရှန်း လန့်နိုးလာလိုက်တော့ ဒေါသထွက်နေပုံပေါက်သည့် အနီရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်အား မြင်လိုက်ရလေသည်. သူမ မျက်နှာပေါ်တွင်တော့ သူမရဲ့ လက်ငါးချောင်းအရာက ထင်ရှားပေါ်လွင်လို့နေခဲ့ပါတယ်။


"အမ်း....တောင်း..တောင်းပန်ပါတယ်! ငါ တမင်ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူးဟာ" လင်ရှန်းက ကိုးရိုးကားရားပြုံးလိုက်ကာ တောင်းပန်လိုက်တယ်. သို့သော်လည်း အမျိုးသမိးက ဒေါသချောင်းချောင်းထွက်သွားကာ သူမလက်ကိုမြှောက်လိုက်ကာ လင်ရှန်းပါးအား ပြန်ချရန်ရွယ်လိုက်တယ်။


ကံကောင်းစွာဘဲ လင်ရှန်းက အလျင်အမြန်ရှောင်တိမ်းလိုက်နိုင်လေသည်. သူမက သူမခေါင်းကို ရှောင်လိုက်တော့ အမျိုးသမီးက အိပ်ရာကုတင်စောင်းအား ရိုက်မိသွားခြင်းနဲ့သာ မိတ်ဆတ်မိသွားလေသည်. သူမလက်က ချက်ချင်းပင်နီရဲလာခဲ့သည်. တော်တော်နာသွားသည့်ပုံပေါက်သွားကာ သူမက အလွန်စိတ်တိုသွားပြီးတော့ သွေးဆူသွားကာ - "ဒီမိန်းမပျက်ကို ချုပ်ထားလိုက်ကြစမ်း၊ ငါ သူ့ကို သေအောင် ရိုက်ပစ်မယ်!"


သူမ ပြောနေတုန်းမှာပဲ သူမရဲ့လက်အောက်ငယ်သားနှစ်ယောက် ရောက်လာနှင့်ပါပြီ. တစ်ယောက်က လင်ရှန်း ဘယ်ဘက်ခြမ်းကို ချုပ်ထားကာ နောက်တစ်ယောက်က ညာဘက်ခြမ်းကို ချုပ်ထားလေသည်. ပြီးနောက် ဒေါသထွက်နေသည့် အမျိုးသမီးက သူမလက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ မြှောက်လိုက်လေသည်. သူမ အားရပါးရ ရိုက်ပစ်ရန် ရွယ်လိုက်သည်။


လင်ရှန်းက လျင်မြန်စွာဖြင် အော်ဟစ်လိုက်တော့တယ်.- " နေဦး.. နင် ငါ့ကိုရိုက်လို့မရဘူး!"


အမျိုးသမီး၏လက်က လေတွင် တိုးလို့တန်းလန်းဖြစ်သွားသည်. သူမက လင်ရှန်းအား အထင်သေးသလို ပြုံးလိုက်ကာ - " ငါ က နင့်ကို ရိုက်လို့မရဘူးလား။ နင့်ကိုနင် ဘယ်သူလို့ ထင်နေလို့လဲ"


" ဪ..နင်ကရော ဘယ်သူမို့လို့လဲ" လင်ရှန်းက ပြန်လှန်မေးလိုက်လေသည်။


အမျိုးသမီးက လင်ရှန်းအပြုအမူကြောင့် အံအားသင့်သွားခဲ့တယ်. သူမက စိတ်ဆိုးမာန်ဆိုးနဲ့ ပေါက်ကွဲလိုက်လေတယ်.- "ငါ ဘယ်သူဖြစ်ဖြစ် နင့်အပူပါလို့လား!"


" ဒါငါနဲ့ဆိုင်တာ ကျိန်းသေတာပေါ့၊ ငါ က အကျဉ်းသားတစ်ယောက်လို နေ ရပေမယ့် ငါကနင့်ရဲ့ အနာဂတ်သခင်မလေး ဖြစ်တော့မှာလေ၊ နင့် သခင်မကသာ ငါ့ကို အလိုရှိနေတဲ့သူပဲလေ၊ နင့် ကိုယ်နင် ဘယ်သူလို့ တွေးနေတာလဲ။ နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ။" လင်ရှန်းက အမျိုးသမီးက ကျီဟောင်လင်း လွှတ်လိုက်တာမဟုတ်ဘဲ သူမသဘောနဲ့သူမ ရောက်လာတာလို့ မယုံသင်္ကာဖြစ်နေလေသည်။


မျှော်လင့်ထားသလိုပင် အမျိုးသမီးက နောက်ထပ်ပါးချရန် မရွယ်ရဲတော့ပေ. သို့သော်လဲ သူမ အပြုအမူကတော့ အလွန်ရွံရှာဖွယ်ကောင်းနေအောင် ပြုမူနေဆဲပင်. "ဖူး! သခင်မလေးတဲ့လား။ နင့်ကိုယ်နင် အဲဒီနေရာနဲ့ ထိုက်တန်တယ်များ မှတ်နေလား။ သခင်မက လက်စားချေဖို့ ကြိုးပမ်းနေတာလေ၊ မှန်ထဲကိုပဲ ပြန်ကြည့်စမ်းပါ၊ သခင်လေးက နင့်လိုမျိုးကို ဘယ်တော့မှ ဆွဲဆောင်ခံမှာ မဟုတ်ဘူး၊ နင်က အပေါစားမပဲ!"


" သူက ငါ့ကို မကြိုက်ရင်တောင်မှ နင့်သခင်မရဲ့ဆုံးဖြတ်ချက်ပဲလေ၊ နင်က ငါ့ပါးကိုလာရိုက်ပြီးတော့ ငါ့ကို လက်မခံနိုင်သေးရင်တော့ နင့်သခင်မက နင့်ကိုခွင့်လွှတ်လိုက်မယ်လို့ နင်ထင်နေတာလား?"


"နင်!" အနီရောင်ဝတ်အမျိုးသမီးက နောက်ထပ်ဘာမှ ထပ်မပြောတော့ချေ. ဒါပေမယ့် သူမ အလွန်အမင်းဒေါသထွက်နေဆဲပင်. စက္ကန့်အနဲငယ်လောက်ကြာအောင် ငိုင်တွေးနေပြီးနောက်မှာတော့ သူမ မျက်လုံးအရောင်က ပြောင်းလဲသွားကာ သူမရဲ့ မလိုမုန်းထားစိတ်က ပြန်ထွက်ပေါ်လို့လာလေသည်. "ဟားဟားဟား...... နင့်အထင် နင်ဒီလိုတွေပြောလိုက်တာကြောင့် ငါ ငါနင့်ကို ဘာမှ မလုပ်တော့ဘူးလို့တွေးနေတာလား။ ဒီနေ့.. ဘာကြီးပဲဖြစ်နေဖြစ်နေ ငါ့အစ်မ အတွက် နင့်ကို ပြန်လက်စားချေကို ချေရမယ်!"


ပြီးနောက် သူမက ရုတ်ချည်းပင် စတီးအပ်ချောင်းသုံးချောင်းအား ဆွဲထုတ်လိုက်လေသည်။


လင်ရှန်းတစ်ယောက် ကြောင်အသွားတော့လေသည်. နင့်ငါ့ကို ကြောက်အောင်လာခြောက်နေတာလား။ နင့်ကိုနင် ရုန်မော့မော့များမှတ်နေလို့လား။ ဒီလိုမျိုးလျို့ဝှက်နေရာက လူတွေက ဘယ်လောက်တောင်မှ ရှုးသွတ်နေကြတာလဲမသိဘူး။' 


(ရုန်မော့မော့- ပြည်မကြီးက "ပုလဲမင်းသမီး" ဒရမ်မာကားထဲက ဇာတ်ဆောင်တစ်ဦးပါ။ သူမက မိဖုရားကြီး၏လက်ထောက်တစ်ယောက်ဖြစ်ပြီးတော့ အလွန်ရက်စက်သည့် အပြစ်ပေးနည်းတွေကြောင့် လူသိများသူတစ်ဦးပါ။)


လင်ရှန်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားရကာ အခြေအနေကနေပြီးတော့ သတိပြန်ဝင်ဖို့ ကြိုးပမ်းလိုက်သည်.- " နင် အမှားလုပ်မိပြီ၊ ဘာကလဲ့စားချေတာလဲ။ ငါ ကိုယ်ငါတောင်မှ မကယ်နိုင်ရကြားထဲ၊ ဘယ်လိုလုပ်ပြီးတော့ ငါက နင့်အစ်မကို ထိခိုက်အောင်လုပ်မိမှာတဲ့လဲ။ ငါ့ကို မသေမျိုးတစ်ယောက်လို့များ နင်ထင်နေတာလား"


" စောက်အရေးမပါတွေလျှောက်ပြောမနေနဲ့၊ နင်သာ ထွက်ပြေးဖို့မကြိုးစားခဲ့ရင် ငါ့အစ်မက ဘာဖြစ်လို့ အပြစ်ပေးခံရမှာလဲ။ ဒီနေ့ ငါနဲ့တွေ့ရတာနင်တော့တော်တော် ကံဆိုးပြီလို့ပဲ မှတ်လိုက်!"


"နေစမ်းပါအုံး.. နင့်အစ်မက ကွေ့မိန်လား" လင်ရှန်းက နောက်ဆုံးတော့ ရိပ်မိသွားသည်. ကျီဟောင်လင်းက ရေခဲသိုလှောင်ရုံထဲမှာ သူမလွတ်မြောက်သွားစေလိုက်ခြင်းအတွက် ကွေမိန်အား ကြီးလေးတဲ့အပြစ်တွေပေးပြီးတော့ အပြစ်ဒဏ်ပေးခဲ့တာပဲ ဖြစ်ရမည်။


"ဪ... အခုတော့ နင် သတိရသွားပြီလား? ကောင်းတယ်.. အဲဒါ အခုနောက်ကျသွားပြီ!" အနီရောင်ဝတ် အမျိုးသမီးက လင်ရှန်းလက်မောင်းထဲသို့ အပ်ချောင်းအားထိုးသွင်းလိုက်ခဲ့သည်။


ထိုအရာကအရမ်းရမ်းကို နာကျင်သွားလွန်းလို့ လင်ရှန်းတစ်ယောက် မေ့လဲမတတ်ဖြစ်သွားတော့သည်. အခုတော့ အမျိုးသမီးက နောက်ထပ်တစ်ချောင်းအား ထပ်ထိုးသွင်းလိုက်ရန် ရွယ်လိုက်တော့တယ်. ကံအားလျော်စွာပင် တစ်စုံတစ်ယောက်က တဟုန်ထိုးဝင်ရောက်လာခဲ့ကာ သူမအား ဟန့်တားလိုက်ခဲ့တယ်။


"ရပ်လိုက်စမ်း... ထင်လန်!" ကွေ့မိန်က အပြေးအလွှားဝင်ရောက်လာခဲ့သည်. သူမ မျက်နှာက ဖြူရော့နေကာ သူမကိုကြည့်ရသည်မှာ အရင်ကထက်စာရင် အားပျော့နေလေသည်. သို့သော်လဲ သူမအခြေအနေက အလွန်ပင်အားရှိနေဆဲပင်. သူမက တင်လန်မျက်နှာအား ဖြတ်ရိုက်လိုက်ကာ- " နင်ရှုးနေပြီလား။ သူက သခင်မလေးပဲ၊ နင် သူ့ကို သတ်မိသွားရင် ဘယ်လိုလုပ်မလဲ" ကွေးမိန်က အော်ဟစ်ကြိမ်းမောင်းလိုက်ခဲ့ပါတယ်။


တင်လန်ရဲ့မျက်လုံးတွေက ရုတ်ချည်းပင် နီရဲလို့လာခဲ့သည်။


"မမ၊ ညီမလေးက မမအတွက် ကလဲ့စားပြန်ချေဖို့ကူညီပေးတာလေ!"


" ဘာအတွက် ကလဲစားပြန်ချေမှာလဲ။ ငါ့အမှားပဲလေ၊ ငါဘာငါ ဂရုမစိုက်မိလို့ ဖြစ်သွားတာ၊ နင်က ဘာဖြစ်လို့ အခြားတစ်ယောက်ယောက်ကို အပြစ်ဖို့နေတာလဲ"


"မမ! ညီမလေး...." တင်လန်က တစ်ယောက် အရမ်းဒေါသထွက်သွားရလွန်းလို့ သူမ သွေးတစ်ပွက်တောင် အန်ထွက်ချင်သွားတော့သည်။ သူမက ကွေ့မိန်အား ခက်ထန်စွာစိုက်ကြည့်လိုက်၍ သတိမေ့လုနီးပါးဖြစ်နေတဲ့ လင်ရှန်းအား စိုက်ကြည့်လိုက်လေသည်. သူမက နီရဲသောမျက်လုံးများနဲ့ ခြေထောက်တွေက မုန်တိုင်းထန်သလိုမျိုး တဟုန်ထိုးနဲ့ ပြေးထွက်သွားလိုက်တော့သည်။


ထင်လန်ထွက်ခွာသွားပြီးနောက် ကွေ့မိန်က စိတ်သက်ရာရသွားခဲ့တယ်. သူမက နောက်ပြန်လှည့်လိုက်ပြီးတော့ လက်အောက်ငယ်သားနှစ်ယောက်အား အမိန့်ပေးလိုက်သည်. " သခင်မလေးကိုခေါ်ပြီးတော့ ငါ့နောက်လိုက်ခဲ့ကြစမ်း"


သူမဘယ်လောက်ကြာကြာ သယ်ဆောင်လာခံခဲ့ရမှန်းမသိပေ. သူမ ပတ်ဝန်းကျင်တွင် ပူနွေးသည့် ရေပူစမ်းလိုမျိုး ခံစားလိုက်သည့်အချိန်မတိုင်မီအထိ သူမ မျက်လုံးအား ဖွင့်မကြည့်ခဲ့ပေ. ထိုနေရာက ကျောက်တုံးအခန်းတစ်ခုထဲမှာဆိုတာကို သူမသိသွားလိုက်သည်. ကျောက်တုံးအခန်း အလယ်တွင်တော့ ရေငွေများတထောင်းထောင်းထနေသည့် ကျောက်တုံးတစ်တုံးက ရှိနေပါတယ်. ထိုအရာက အငွေ့တထောင်းထောင်းထကာ ပူနွေးနေလေသည်။


"သခင်မလေးကို သူမ အဝတ်တွေချွတ်ဖို့ ကူပေးလိုက်ကြ" ကွေ့မိန်က အမိန့်ပေးလိုက်ခဲ့တယ်. အမျိုးသမီးအစေခံနှစ်ယောက်က ရောက်ရှိလာခဲ့ကာ လင်ရှန်းအား အဝတ်တွေ ပြောင်တလင်းခါအောင်လာချွတ်နေတော့သည်။


အခုကျမှ လင်ရှန်းတစ်ယောက် နောက်ထပ်သိပ်နာလဲမနာတော့ချေ. သူမကို ဘယ်လိုတွေ အဝတ်လာချွတ်နေတာကို မြင်လိုက်ရတော့ သူမ ချက်ချင်းပင် ရုန်းလိုက်ကာ- "နင်တို့တွေ ဘာလုပ်ကြတာလဲ။ ငါ့ကိုလွှတ်! ငါ့ကိုလွှတ်စမ်း......"


သေချာတာပေါ့.. အစေခံမိန်းကလေးနှစ်ယောက်က သူမစကားကို ဘယ်နားထောင်လိုက်ပါ့မလဲ.. သူတို့က သူမ အဝတ်အစားတွေ အကုန်လုံးကို ချွတ်ချလိုက်ပြီး သူမကို ရေပူစမ်းထဲသို့ ပစ်ချပေးလိုက်လေသည်. ရေတွေက နေရာအနှံ့ ဗွမ်းခနဲလျှံတက်လာပြီးတော့ လင်ရှန်းပင် တစ်လုတ်စာလောက်ရေကို မြိုချမိလျက်သားဖြစ်သွားတယ်. သူမက ပြန်တက်ချင်ပေမယ့် တစ်စုံတစ်ယောက်က သူမလက်တွေနဲ့ ခြေထောက်တွေကို လာချုပ်ထားကာ အခြားတစ်ယောက်က သူမအား ရေချိုးသန့်စင်ပေးနေလေသည်။


ဒါကြီးက ဘယ်လို ခံစားချက်မျိုးကြီးပါလိမ့်။ သူမကိုယ်သူမ မကြာမီ အမဲဖျတ်ခံရတော့မှာကို အဆင်သင့်ပြင်နေသည့် ဝက်တစ်ကောင်လို ခံစားသွားရတော့သည်။ သူမက ဘယ်လောက်တောင်မှ ကံဆိုးရှာတဲ့ ဝက်ပါလိမ့်... သူမ သန့်ရှင်းပြီးနောက် သူမက ခုတ်ဖြတ်ခံရတော့ပေမည်. သူမ ရဲ့ဈေးကွက်နှုန်းထားက ဆယ့်ငါးဒေါ်လာ တစ်ပေါင်လောက်တော့ ဖြစ်သွားလိမ့်မှာပဲ။


ဒါပေမယ့် ပြုစုခံရတဲ့ဝက်ကတော့ အတော်လေးကောင်းပေသည်! ရေချိုးပြီးနောက် သူမက နှိပ်တောင် အနှိပ်ခံရလေသည်! သူတို့က သူမလက်သည်းတွေကို တိုက်စဉ်းပေးကြကာ လက်သည်းနီတောင်ဆိုးပေးနေလေသည်. လက်သည်းနီအရောင်ကလည်း ပန်းပွင့်ကနေရလာတဲ့ အရောင်ဖြစ်သည်. ထိုအရောင်က အနီရောင်ဖြစ်ပြီးတော့ ထိုအရောင်က အရာအားလုံးအား အိမ်မက်ဆန်ဆန်ခံစားချက်မျိုးပင် ရသွားစေတော့သည်။


ရုတ်တရက် လင်ရှန်းတစ်ယောက် သူမ အိမ်မက်ကို ပြန်စဉ်းစားလိုက်မိကာ သူမတွင် အလွန်မကောင်းသည့် အတိတ်နိမိတ်တစ်ခုရှိလာတော့မလို ခံစားလိုက်ရလေသည်။


'..... သူမ လက်ထပ်ရတော့မှာလား။'


Tobe continued......