Chapter 81
Viewers 9k

"အရှင့်သား ကျွန်တော်မျိုးမှားမှန်းသိပါပြီ"ဘာသာပြန်သူ - tartarmoonအပိုင်း(၈၁)


လင်ရှန်းရဲ့နိမိတ်ရချက်က မှန်ကန်နေလေသည်။ ကျီဟောင်လင်းက တကယ်ပင် လေးလေးနက်နက်ကြီးထားကာ လုပ်ဆောင်နေလေသည်. လင်ရှန်းတစ်ယောက် ခြေချော်ပြီးတော့ သူမရဲ့အမြတ်တနိုးထားရသည့် နတ်ဘုရားပိုးတီကောင်တွေကို သတ်မိသွားတာတောင်မှ ဇွတ်တရွတ်နိုင်သည့်အမျိုးသမီးကြီးက သူမသားနဲ့လက်ထပ်ပေးဖို့တောင်လုပ်ဆောင်နေသည်၊ ဘာဖြစ်လို့လဲဆိုတော့ သူမက လက်ရှိအင်ပါယာဘုရင်အား လက်စားချေချင်နေခဲ့လို့ပါပဲ။


အတိတ်တုန်းက အင်ပါယာက သူမအား စွန့်ပစ်ခဲ့လေသည်. အခုတော့ကျီဟောင်လင်းက အင်ပါယာ၏သားတော်ကို စိတ်ဒဏ်ရာရသွားအောင် လုပ်ဆောင်တော့မည်။


တစ်ခါတစ်လေမှာ လူသားတစ်ယောက်ရဲ့ဆုံးဖြတ်ချက်က အမှန်တကယ်ပင်ကြောက်ဖို့ကောင်းလှပေသည်. အဆိုးရွားဆုံးအရာကတော့ ထိုလူက ဘာအပြစ်မှမရှိသည့် ဓားစားခံတွေကိုတောင်မှ ဒုက္ခပေးတတ်ကြလို့ပင်။


လင်ရှန်းဟာလည်း စတေးခံလိုက်ရသည့် ဓားစားခံတစ်ယောက်ပင်ဖြစ်လေသည်. လောလောဆယ်တွင်တော့ သူမက အဆိပ်ခပ်ခံရပြီးတော့ သူမချစ်ရသူက ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းလဲမသိပေ. ပြီးတော့လည်း သူမက သူမ မချစ်မနှစ်သက်ရတဲ့ယောက်ျားတစ်ယောက်ကိုမှ အတင်းအကျပ်ကြီးလက်ထပ်စေဖို့ ဖိအားပေးခံရသေးတယ်. ဒါကြီးက ဘယ်လိုတောင်စောက်ရေးမပါတဲ့ဇာတ်လမ်းမျိုးကြီးလဲ။'


အနီရောင်သတိုးသမီးဝတ်စုံက သူမလက်ထဲသို့ ရောက်ရှိလာခဲ့သည်။ သူမစိတ်ကူးထားတာထက် အကြိမ်တစ်ထောင်မက ပိုလှပနေပါသေးတယ်. ထပ်ပြီးတော့လည်း နဂိုကတည်းက သူမကိုယ်လုံးကိုယ်ပေါက်က အဝေ့အဝိုက်အသွယ်သွယ်ရှိခဲ့တော့ ပိုလို့တောင်မှ ဆွဲဆောင်ညို့ငင်မှုရှိသွားသည်။ သို့သော်လည်း လင်ရှန်း စိတ်ထဲတွင် မည်သို့မျှမခံစားရပေ။ သူမက သေမင်းတောင်ကြားတစ်ခုထဲသို့ ဝင်ရောက်တော့မှာလိုလို စိတ်ထဲတွင်ခံစားနေရသည်။ သူမစိတ်ထဲမှာ လိန်ဖန်တစ်ဦးတည်းသာလျှင်ရှိသည်။ ဒါပေမယ့် သူမအချစ်ဆုံးဖြစ်တဲ့လူကိုရှာဖွေဖို့ သူမမှာ ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးတောင်မရှိခဲ့ပါဘူး။


ဖယောင်းတိုင်နီနီတွေက ယိမ်းယိမ်းနွဲ့နွဲ့ရှိနေခဲ့သည်. ချောမောလှပတဲ့သတိုးသမီးလေးက သူမမျက်လွှာကိုချထားခဲ့ကာ သူမကိုကြည့်လိုက်တိုင်း မြင်သူတကာ အသည်းဘဝင်ခိုက်မတတ် ရက်ရက်စက်စက်လှပနေအောင်လို့ လုပ်ဆောင်နေခဲ့သည်။


ကွေ့မိန်ရဲ့မျက်လုံးများတွင် သူမရင်ထဲမှ ဒဏ်ရာဒဏ်ချက်တွေက တဒုတ်ဒုတ်မြည်လာခဲ့မှုကြောင့် ငုံ့လျိုးသွားခဲ့သည်။


'ဒီမိန်းကလေးနဲ့သခင်လေးက လက်တောင် လက်ထက်တော့မှာပါလား။ သူမက အရမ်းလှတာပဲ.. သူမက သူမကိုယ်တိုင်(ကွေ့မိန်)တောင် ရှက်ရွံ့ရလောက်အောင်ကို အရမ်းကိုလှပလွန်းတယ်. သူမ မျှော်လင့်ချက်တွေက အခုတော့အဆုံးသတ်ပျောက်ကွယ်သွားပြီပေါ့.. သူမ သိခဲ့သင့်တယ်. ဒီဂုဏ်ဒြပ်အဆင့်အတန်းတွေက လုံးလုံးလျားလျား ကွာခြားတယ်ဆိုတာကိုပေါ့.. သူ့အတွက်ကတော့ သူမ ဆိုတာက သူ့နောက်ကိုအချိန်အကြာကြီးလိုက်ပါနေခဲ့ရတဲ့ နောက်လိုက်အစေပါးတစ်ယောက်သာသာ ဖြစ်ရုံလေးပဲမို့လား.. သူမတို့ဆက်ဆံရေးက သခင်တစ်ယောက်နဲ့ အစေခံတစ်ယောက် ဆက်ဆံရေးပဲလေ.. ဘာတွေကို မျှော်လင့်တောင့်တနေရဦးမှာလဲ။'


ဒီလောကကြီးထဲတွင် ဒီလိုဆင်းရဲဒုက္ခမျိုး နာကျင်ခံစာရရင်ဖြင့် အခြားသူတွေကတော့ သူတို့ထက်ပိုပြီး ပျော်ရွှင်နေရလိမ့်မယ်လို့ ထင်မြင်ယူဆလေ့ရှိကြတာပဲ.. အမှန်တရားကတော့ လူတိုင်းလူတိုင်းက အတူတူပါပဲ။


လင်ရှန်းအကြောင်းကိုပြောရမယ်ဆိုရင်ဖြင့် တကယ့်ကိုပင်ထူးခြားဆန်းပြားလွန်းပါတယ်။ သူမက နောက်တစ်ခါလက်ထပ်ရတော့မည်. ပထမတစ်ကြိမ်တုန်းက သူမ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့သည်. မကြာမီမှာပဲ သူမက ယောက်ျားလေးတစ်ယောက်နဲ လက်ထပ်ရတော့မည်. သူမ သတိုးသားတစ်ဦး တစ်ခါဖြစ်ခဲ့ပြီး အခုတစ်ခါ သတိုးသမီးတစ်ယောက် ဖြစ်ခဲ့ရပြန်သည်. သမိုင်းတစ်လျှောက်မှာတော့ ယောကျ်ားရော၊ မိန်းမရော မွေ့လျော်တတ်တဲ့ လူကတော့ အထီးကျန်တဲ့သူတွေသာ ဖြစ်နိုင်ပေလိမ့်မည်။


ပြီးတော့လဲ သူမဟာ ဘဝနှစ်ခုမှာနေထိုင်ခဲ့ရပြီး နှစ်ကြိမ်တိုင်တိုင်လက်ထပ်ရတော့မည်. သူမ မလိုချင်သည့် ယောက်ျားတစ်ယောက်ဖြစ်နေပေမယ့်ပေါလေ။ ထိုလူတွေကတော့ ရိုင်းစိုင်းသည့်မင်းသမီးတစ်ပါးနဲ့ ရှုးသွပ်နေသည့်သခင်လေးတစ်ယောက်ဖြစ်နေလေသည်. ရှေ့ရှေ့တုန်းကတော့ သူမကို ဆူပူအော်ငေါက်နေပြီးတော့ သူမကို အသည်းတွေအူတွေအထိ မုန်းတီးနေသည့်လူတွေပင်. နောက်ပိုင်းမှာ ပိုပိုပြီးဆိုးရွားလာတာက သူက လက်စားချေဖို့အတွက်သာလျင် သူမကို လက်ထပ်ခဲ့လေသည်. သူမကို လက်ထပ်ပြီးနောက် သူက သူမကို ပြန်ကွာပြဲတော့လေမည်။


ဘယ်လောက်တောင်မှ စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ ဇာတ်လမ်းလေးလဲ။


ကျီဟောင်လင်းက လက်စားသာချေချင်သော်လည်းပဲ သူမက ဖြစ်စဉ်အပေါ်မှာတော့ ပေါ့ပေါ့တန်တန်မလုပ်ခဲ့ပေ. နေရာတစ်ခုလုံးက အလှဆင်လို့ထားပြီးတော့ ဧည့်သည်များစွာအားလည်း ဖိတ်ကြားထားခဲ့သည်. အသက်ကင်းမဲ့လျက်ရှိသည့် မြေအောက်နန်းတော်ကြီးက ရုတ်ချည်းပင် အလွန်ပျော်ရွှင်စရာကောင်းလာတော့သည်။


လင်ရှန်းတစ်ယောက် သေသွားမတတ်ပင်ဖိ အားတွေကိုခံစားလိုက်ရသည်. အကြိမ်အနည်းငယ်လောက် ထွက်ပြေးဖို့လည်း သူမ ကြိုးစားခဲ့သည်. ဒါပေမယ့် အစေခံတွေက သူမအား အလွယ်တကူပင် ပြန်ဖမ်းမိခဲ့ကာ သူမကို ပြန်ပြီးခေါ်လာခဲ့သည်. အဆုံးမှာတော့ သူမရဲ့စိတ်ဆန္ဒမပါရှိမှုကို လိုက်လျောလာအောင်လို့ အစေခံတွေခမျှာ ကွေ့မိန်နဲ့ဆွေးနွေးခဲ့ကာ သူမပါးစပ်ထဲသို့ ဆေးတစ်လုံးတိုက်ကြွေးလိုက်ရလေသည်။


အနီရောင်မီးစုန်းခန်းမက သူတို့ရဲ့အဆိပ်စွမ်းရည်ကြောင့် လူသိများလှပေသည်. ဆေးက ကိုယ်ထဲမှာ ချေဖျက်ပြီးနောက်တွင် လင်ရှန်းတစ်ယောက် သူမ အားတွေအကုန်လုံး ချက်ချင်းယုတ်လျော့သွားခဲ့လေသည်. သူမက ကြိုးဆွဲရုပ်သေးရုပ်လေးတစ်ရုပ်လိုမျိုးဖြစ်သွားကာ သူမအား အစေခံတွေက မျက်နှာချေလိမ်းခြယ်ပေးခြင်းခံရကာ သူမခေါင်းပေါ်တွင် သတိုးသမီးခေါင်းဆောင်းကို ဆောင်းပေးလိုက်ကြလေသည်။


နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ အရာအားလုံးက နောက်ဆုံးတော့ အဆင်သင့်ဖြစ်သွားကြသည်. မင်္ဂလာရှိတဲ့အချိန်အခါက တဖြည်းဖြည်းနီးကပ်လို့လာခဲ့ကာ သတို့သမီးခေါင်းဆောင်းပုဝါအား သူမခေါင်းပေါ်သို့ လွှမ်းခြုံပေးလိုက်ကာ သူမ အပြင်ထွက်နိုင်ရန် အစေခံတစ်ဖက် တစ်ယောက်စီဖြင့် တွဲထားပေးခဲ့သည်။


ကျီပိုင်ယုက အချိန်ခဏကြာမျှ စောင့်ဆိုင်းနေခဲ့လေသည်. သူက သတိုးသားဝတ်ရုံကို ဝတ်ဆင်ထားရှိကာ သူ့ကိုကြည့်ရသည်မှာ သတို့သားတစ်ယောက်အနေနဲ့ ပျော်ရွှင်နေတယ်လို့ မထင်ရပေ. တစ်ဖက်က ကျီဟောင်လင်းကတော့ အလွန်ပင်စိတ်ကျေနပ်အားရနေသည့် ပုံပေါက်နေကာ ခန်းမအလယ်ဗဟို နောက်ဘက်ရှိ ထိုင်ခုံမြင့်တစ်လုံးပေါ်တွင် ထိုင်နေခဲ့လေသည်။


လင်ရှန်းက သူမဒူးခေါင်းအား ကြမ်းပြင်ပေါ်သို့ဒူးထောက်သွားအောင် ဖိချခြင်းခံလိုက်ရသည်. ပြီးနောက် အခမ်းအနားကျင်းပသူမှ ကျယ်လောင်စွာအော်ပြောလိုက်လေသည်.- "ကောင်းကင်နှင့်မြေကြီးအား ချီးမြှောက်ရန် ပထမအကြိမ်ဦးညွတ်အရိုသေပြုပါ!" 


လင်ရှန်းနောက်မှ အစေခံနှစ်ယောက်က ကြမ်းကြမ်းတမ်းတမ်း သူမခေါင်းအား ခေါင်းငုံ့ချစေလိုက်သည်. သူမ ဆေးကိုသောက်လိုက်ကတည်းက သူမတွင် အားတစ်စက်မျှမကျန်ရှိတော့ချေ. အတင်းထိုးသိပ်လုပ်ဆောင်ခြင်းခံနေရတာက ကြောက်မက်ဖွယ်ကောင်းသောခံစားချက်ပင်. ပြီးနောက် ဖယောင်းတိုင်နီနီအလင်းရောင်တွေက ယိမ်းနွဲ့စွာလှုပ်ရမ်းနေကာ သူမပတ်ပတ်လည်တွင် ရယ်မောသံတွေကို ကြားလိုက်ရသည်။


ထိုအခိုက်တွင်တော့ လင်ရှန်းတစ်ယောက် တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရလေသည်. သူမက တစ်စုံတစ်ယောက်အား အတင်းအကျပ်လက်ထပ်ဖို့ဖိအားပေးခံရရုံသာမကာ ရုတ်တရက်ကြီး လိန်ဖန်က သူမစိတ်ထဲတွင် ပေါ်ထွက်လာခဲ့လေသည်။


သူမကို လက်ထပ်မယ်လို သူ မပြောခဲ့ဖူးလား။ သူ နမ်းသင့်တဲ့နေရာတော်တော်များများကိုလဲ သူနမ်းခဲ့ပြီးသွားခဲ့ပြီပဲ.. သူ ထိသင့်တဲ့ နေရာတွေကိုလဲ သူထိတွေ့ပြီးသွားပြီပဲမို့လား.. သူ သူမရဲ့လက်ဖွဲ့ကိုတောင်မှ သူမဆီက ခိုးယူသွားခဲ့ပြီးသွားပြီလေ.. အခုကျမှ သူမက ဘာဖြစ်လို့ ဒီလိုမျိုးအခြေအနေထဲ လာရောက်နေရတာလဲ။'


တစ်ချက်လေးတော့ သူမ မှာ မျှော်လင့်စရာတော့ ရှိသေးသည်. အတွင်းစိတ်နက်နက်ထဲတွင်တော့ သူမကိုယ်တိုင်ကိုက သူမကိုပြောနေတာက လိန်ဖန် မသေ သေးဖူးဆိုတာပါပဲ.. တစ်နေ့ကျရင် သူ ပြန်ရောက်လာပြီးတော့ သူမကို လာရှာလိမ့်မည်.. ဒါပေမယ့် ဒီအချိန်မှတော့ သူမကိုယ်သူမ နောက်ထပ် မလိမ်ညာနိုင်တော့ပါဘူး.. အမှန်တရားက သူမရှေ့မှာ ကြမ်းတမ်းစွာဖြင့် ဖြတ်ရိုက်လိုက်သည်ပဲလေ။


သူ သေသွားပြီ.. သူ့ကိုယ်ခန္တာတောင်မှ ပြန်မရနိုင်တော့ဘူး. သူ ဘယ်လိုလုပ် ပြန်လာပြီးတော့ သူမကို လာရှာနိုင်မှာလဲ။'


ဒီလိုတွေတွေးတောလိုက်ခဲ့ပြီးတော့ လင်ရှန်းတစ်ယောက် ဝမ်းနည်းစရာအားလုံးက တစ်ခါတည်းနဲ့စုပြုံခံစားလာရသည်. သူမမှာ လှုပ်ရှားနိုင်ဖို့ အားမရှိသော်လည်းပဲ သူမ ငိုတော့ ငိုနိုင်သည်. သူမ စတင်ပြီးတော့ ဝမ်းနည်းပက်လက်ငိုကြွေးလိုက်တော့တယ်။


ယေဘူယျအားဖြင့်တော့ မင်္ဂလာပွဲကိုတက်ရောက်လာသည့်လူတွေက သိုင်းပညာစွမ်းမြင့်မားကြလေသည်. ခဏလေးအတွင်းပင် ရှုံးပွဲချငိုကြွေးနေသံကိုကြားရတာက အလွန်ပင် ကြောင်တိကြောင်တောင် ဖြစ်သွားကြလေသည်. သူတို့တတွေ ပိုအာရုံစူးစိုက်ကြည့်လိုက်တော့ ထိုအသံက သတို့သမီးဆီက အသံထွက်လာတာပါလား။ လူအားလုံးပင် အံဩသွားကြတော့သည်။


ကျီဟောင်လင်းရဲ့နံဖူးက အရေတွန့်သွားတော့လေသည်. လင်ရှန်းက စတင်၍ရိုက်ကြီးတငင်ဖြင့် ပိုကျယ်လောင်သထက် ကျယ်လောင်စွာ ငိုကြွေးနေတော့သည်. သူမ ကျယ်လောင်လာတာနဲ့အမျှ အသံဆိုးအသံကြောင်တွေက ထွက်ရှိလာတော့သည်။


ထိုအသံက နားဝင်ဆိုးလွန်းလှကာ အခမ်းအနားကျင်းပပေးသူတောင်မှ မခံစားနိုင်တော့ပေ. သတို့သမီးက သတိုးသမီးခေါင်းဆောင်း ဆောင်းထားပြီးတော့ သတိုသမီးပုဝါ မလွှမ်းခြုံထားခဲ့ဘူးဆိုရင်တော့ သူတော့ ဈပနပွဲတစ်ပွဲကို ရောက်နေတယ်လို့တောင် ထင်မိမှာပဲဖြစ်သည်. အတွေ့အကြုံများတဲ့ အခမ်းအနားကျင်းပသူတစ်ယောက်အနေနဲ့ မင်္ဂလာပွဲတစ်ခုကို ဒီလိုမျိုးအမှားမှားအယွင်းယွင်းဘယ်အဖြစ်ခံနိုင်ပါ့မလဲ။ ထို့ကြောင့် သူက နောက်ဆုံးသောစာသားအား မြိုချလိုက်ကာ.- " လင်ယောက်ျားနှင့်ဇနီး.. တစ်ယောက်နှင့်တစ်ယောက် ဦးညွှတ်ကြစေ"


ကျီဟောင်လင်းက စိတ်မရှည်နိုင်တော့ဘဲ- " ဘာကို စောင့်နေသေးတာလဲ? မြန်မြန်လုပ်လိုက်ကြလေ!"


အခမ်းအနားကျင်းပပေးသူက စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲ သူ့ခေါင်းကိုသာ ခါရမ်းလိုက်လေတယ်။


လင်ရှန်းတစ်ယောက် အော်ငိုနေတာက ပိုလို့တောင်မှရင်ဘတ်စည်တီးမတတ် ငိုကြွေးလာခဲ့သည်. သူမက စတင်ပြီးတော့ တိုင်တည်မြည်ကြွေးလာခဲ့ကာ- "ရှင့်ကို သေခွင့်မပြုနိုင်ဘူး! ဘယ်သူက သေဖို့ ခွင့်ပေးလို့လဲ။ တကယ်လို့ ရှင်သေသွားရင် ဘယ်သူက ကျွန်မကိုလက်ထပ်မှာလဲ။ ရှင် ကျွန်မကို လက်တောင် လက်မထပ်ရသေးဘဲနဲ့ ရှင်က ကျွန်မကို မုဆိုးမတစ်ယောက်ဖြစ်အောင်လုပ်လိုက်တယ်၊ ရှင့်မှာ စိတ်......!"


ကျီဟောင်လင်း ဒေါသချောင်းချောင်းထွက်သွာရုံသာမက အခုဆိုရင် ကျီပိုင်ယုမျက်နှာတောင်မှ အမည်းရောင်သို့ ပြောင်းသွားခဲ့လေသည်။


" သူ့ကို နောက်ထပ်မငိုစေနဲ့၊ အခမ်းအနားကို မြန်မြန်ပြီးအောင်လုပ်ပြီးတော့ သူ့ကို ခေါ်ထုတ်သွားလိုက်စမ်း!" ကျီဟောင်လင်းက အသံကုန်အော်ဟစ်လိုက်ကာ သူမလက်အား စိတ်ပျက်စွာနဲ့ ဝေ့ရမ်းလိုက်ခဲ့သည်. ဒါ့ကြောင့်ပင် အစေခံနှစ်ယောက်က အခမ်းအနားကျင်းပပေးသူ မပြောပါဘဲနဲ့ လင်ရှန်းခေါင်းအား အတင်းဖိနှိပ်ကာ သူမအား အခန်းအပြင်ဘက်သို့ ဆွဲထုတ်ခေါ်သွားလိုက်တော့သည်။


အစေခံနှစ်ယောက်က လင်ရှန်းအား အခန်းထဲသို့ ခေါ်ဆောင်လာခဲ့ပေမယ့် လင်ရှန်းက အငိုမရပ်နိုင်သေးပေ. သူမက သူတို့အခြေအနေကို ခက်ခဲအောင်လုပ်နေခဲ့လေသည်. အစေခံနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်. အစေခံ (၁)က ပြောလိုက်တယ်.- " သခင်မက ငါတို့ကို သူမ ငိုတာရပ်အောင်လုပ်ဖို့ အမိန့်ပေးလိုက်တယ်၊ ဒါပေမယ့် သူမ အငို မရပ်နိုင်သေးဘူး၊ ငါတို့ ဘာဆက်လုပ်ကြမလဲ"


" ငါတို့ ဘာများလုပ်နိုင်မှာတဲ့လဲ။ ငါတို့ သူ့ကို အဆိပ်သုံးပြီးတော့ သူမပါးစပ်ပိတ်အောင်လုပ်လိုက်ရင်ရော။ သခင်လေးက သူမကို ဘာပဲလုပ်လုပ် တကယ်အရေးယူမှာ မဟုတ်ပါဘူး"


"နင်ရှုးနေတာလား။ နင်လဲ သခင်လေးရဲ့ဒေါသကို သိရဲ့သားနဲ့၊ တကယ်လို့ တစ်ခုခု လုပ်မယ်ဆိုရင် သူကသာ အဆိပ်ခပ်မယ့်လူလေ ၊ ငါတို့မဟုတ်ဘူးဟ"


"အမ်း....." အစေခံ(၂) က စိတ်ပျက်သွားတော့သည်. ခဏကြာပြီးနောက်တွင် သူမက တစ်စုံတစ်ခုကို တွေးမိသွားလေသည်. သူမ သူခေါင်းကိုမော့လိုက်ပြီးတော့ အစေခံ(၁) အနားသို့အလွန်တိုးသွားလိုက်ကာ - " ငါတို့ ဒါကို သုံးမယ်ဆိုရင်ရော......"


"ဒါလား"


"ဟုတ်တယ်! အဲဒီဆေးလေ! အစေခံ(၂)ဖြစ်သူ၏ မျက်နှာပေါ်တွင် ဉာဏ်နီဉာဏ်နက်အကြံတစ်ခုက ရှိနေလေသည်။


"!" တစ်ခြားတစ်ယောက်က အလင်းပေါက်သွားခဲ့သည်. _ "အဲဒါ အဆင်ပြေမယ်ဆိုတာ နင်သေချာလို့လား။ အဲဒါ အဆင်ပြေနိုင်ပါ့မလားဟာ"


"ဘာဖြစ်နိုင်မှာ မို့လို့လဲ။ ပြီးတော့လည်း ဘာပဲဖြစ်ဖြစ် သူတို့လုပ်ကြမှာပဲလေ၊ တကယ်လို့ သခင်လေးသာ သူ့သတို့သမီးဖြစ်သူက အရမ်းတုံ့ပြန်မှုကောင်းနေရင် သူ ငါတို့ကို ဆုတောင် ချီးမြှင့်ရင် ချီးမြှင့်နေဦးမှာ!"


အစေခံ(၁)က တစက္ကန့်လောက် ချီတုံချီချဖြစ်သွားခဲ့လေသည်. ပြီးနောက် သူမက ခေါင်းညိတ်လိုက်ကာ.- " လုပ်လိုက်ကြရအောင်!"


နဂိုမူလကတော့ လင်ရှန်းက ငိုကြွေးနေခဲ့လေသည်. ရုတ်တရက် တစ်စုံတစ်ယောက်က သူမ သတိုးသမီးပုဝါအား မတင်ကာ သူမပါးစပ်ထဲသို့ ဆေးတစ်လုံးထိုးထည့်လိုက်လေသည်. အစေခံက သူမလက်ကို မြှောက်လိုက်ပြီးတော့ ကရာတေးလက်ဝါးစောင်းဖြင့် သူမလည်ပင်းအားရိုက်လိုက်လေသည်. လင်ရှန်းကိုယ်ခန္တာက ပျော့ခွေကျလာကာ သူမ သတိမေ့မြောသွားတောလေသည်။


Tobe continued......