Chapter 82
Viewers 9k

အပိုင်း(၈၂)


လင်ရှန်းတစ်ယောက် အချိန်အကြာကြီးတစ်ခုတိုင်အောင် သတိလစ်မေ့မြောနေခဲ့ပါတယ်. တံခါးဖွင့်သံကြားလိုက်ရပြီးတော့ မူးနောက်နောက်နဲ့ နိုးလာတဲ့အချိန်မတိုင်မီအထိပါပဲ. သူမတစ်ကိုယ်လုံးကမှာ ထူးဆန်းသည့် အပူလှိုင်းတစ်ခုက တရှိန်ရှိန်တက်နေတာကို သူမခံစားသိလိုက်ရလေသည်. အတွင်းပိုင်းတစ်နေရာမှ တစ်စုံတစ်ခုက လှုံ့ဆော်နေသလိုပင်. ထိုအရာက သူမတစ်ကိုယ်လုံးအား ချုပ်ကိုင်နေလေသည်. သူမ ဘာတွေဖြစ်မှန်း မှန်မှန်ကန်ကန် မတွေးတောနိုင်ခဲ့ပေ။


ကျီပိုင်ယုက လင်ရှန်း ဆေးခပ်ခံထားခဲ့ရမှန်း မသိခဲ့ပေ. သူမက သတိုးသမီးခေါင်းဆောင်းပါဝါ နှင့်အတူ အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်သောအခါ သူ စိတ်ရှုပ်သွားခဲ့သည်. သူ စုန့်လောင်ကို အမှန်တကယ်ပင် မုန်းတီးလေသည်. 'သူ လက်စားချေဖို့အတွက်နဲ့ နှိပ်စက်ချင်နေပေမယ့် သူ သူမကို လက်ထပ်ချင်နေတာ မဟုတ်ဘူး! အား..... အခုတော့ ဒီမိန်းကလေးကို သူ လက်ထပ်လိုက်ရပြီပဲ.. သူမက သူ့ကို မင်္ဂလာဆောင်တွင် လူအားလုံးရဲ့ရှေ့မှောက်မှာ မျက်နှာပျက်အောင် လုပ်ခဲ့လေသည်. ပြီးတော့ သူမ ဘာလုပ်နေလိုက်တာလဲ။ တရေးတမော အိပ်နေတာတဲ့လား?!?'


သူ သည်းမခံနိုင်အောင် စိတ်တိုသွားတော့လေသည်. သူ အိပ်ရာဘေးကို လျှေက်သွားလိုက်ကာ လင်ရှန်းအား ကြမ်းကြမ်းတမ်းတမ်းဖြင့် လှုပ်နိုးလိုက်လေသည်- " ဟေး...ထစမ်း!"


လင်ရှန်းက နဂိုကတည်းကမှ ပူလောင်နေခဲ့သည်. အခုတော့ သူမ လှုပ်ရမ်းခံလိုက်ရတော့ သူမ ပိုလို့တောင် ပူလောင်လာတော့သည်. သူမလက်တွေက ခြုံစောင်ထည်အား တင်းတင်းဆုပ်ကိုင်ထားကာ တစ်ကိုယ်လုံးက စတင် တုန်ရီလာခဲ့သည်။


တစ်ခုခုမှားနေတယ်ဆိုတာ ကျီပိုင်ယုက နားလည်သွားတော့တယ်. သူ လျင်မြန်စွာဖြင့် သူမအားတစ်ဖက်သို့ဆွဲလိုက်ခဲ့သည်. သူ ကြည့်မိလိုက်တော့ အလွန်အံ့အားသင့်သွားတော့တယ်. လင်ရှန်းရဲ့မျက်လုံးများက ရီဝေဝေပုံစံပေါက်နေကာ သူမ ပါးပြင်တွေကလဲ ပန်းသွေးရောင်ဖြစ်လို့နေ နေသည်. သူမက သူမရဲ့ဝတ်ရုံအပေါ်ပိုင်းအား ဆွဲလွဲပစ်လိုက်ကာ စိတ်ရှုတ်ထွေးနေသည့်ပုံမျိုး ဖြစ်လာခဲ့သည်. သူမ ညည်းထွားလိုက်ကာ- " ပူ...ပူလိုက်တာ......"


ကျီပိုင်ယုက သူငယ်ငယ်ကတည်းက ကျီဟောင်လင်းမွေးစားတာကို ခံခဲ့ရလေသည်. သူက ဒီနေရာက အဆိပ်တွေအားလုံးကို သူ တွေ့မြင်ဖူးလေသည်. တစ်ချက်ကြည့်လိုက်ရုံနဲ့ လင်ရှန်းတစ်ယောက် ကာမအားတိုးဆေး အတိုက်ခံလိုက်ရတာကို သူပြောနိုင်လေသည်. ပြီးတော့လဲ ထိုဆေးက အလွန်ကို ပြင်းထန်သည့် အမျိုးအစားမျိုး ဖြစ်နေလေသည်. ဆေးက ပုံမှန်ဆေးထက်အဆတော်တော်များများ ပြင်းနေခဲ့သည်. တကယ်လို့ ဆေးခပ်ခံလိုက်ရတဲ့သူဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ တစ်ယောက်ယောက်နဲ့ အတူမနေလိုက်ရဘူးဆိုရင် ဆေးခပ်ခံလိုက်ရတဲ့လူရဲ့စိတ်လွတ်သွားပြီးတော့ သေသည်ထက်ဆိုးလောက်အောင်ပင် ခံစားရပေမည်။


သေချာတာကတော့ ကျီပိုင်ယုက လင်ရှန်း ဒုက္ခရောက်နေတာကို မြင်ရတော့ သူပျော်ရွှင်သွားလေသည်. ဒါပေမယ့် လင်ရှန်းကိုမြင်ရသည်မှာ ဒီလောက်တောင် အသက်ရှူမှားလောက်ဖွယ်ရာကောင်းလောက်အောင်ဖြစ်လိမ့်မယ်လို့တော့ သူမမျှော်လင့်ထားခဲ့ပေ. နဂိုမူလကတော့ သူတွေးထားတာက သူမက ယောက်ျားလေးအဝတ်အစားနဲ့ ဆွဲဆောင်မှုမရှိဘူးလို့ပင်. ဒါပေမယ့် အခုခါမှာတော့ သူ့ရှေ့မှာရှိနေတဲ့ သည်မိန်းကလေးကတော့ အလွန်ဆွဲဆောင်ငြို့ငင်နေလေသည်. သူမက အရမ်းအရမ်းပင် စွဲမက်ဖွယ်ကောင်းသည့် ပုံပေါက်နေခဲ့ပါတယ်။


ဘယ်သူ့ရဲ့ အတွေးမှန်မှန်ကရော သူ့မျက်စိရှေ့မှောက်မှာ ရှိနေတဲ့ ဒီလိုမျိုးအသက်ရှူမှားလောက်တဲ့ မိန်းမလှလေးတစ်ယောက်ကို စားသောက်ဖို့ရာငြင်းဆန်နိုင်မှာလဲ။ ကျီပိုင်ယုက ဘာမှတွေဝေမနေတော့ဘဲနဲ့ သူမအပေါ်သို့ ခုန်အုပ်လိုက်တော့သည်။


သူမရင်သားတွေပေါ်သို့ လေပြေအေးတစ်ခုက လာဟပ်သွားသလို လင်ရှန်းခံစားလိုက်ကာ ဆင်ခြင်ဉာဏ်လေးတစ်ချို့က ပြန်ရောက်လာခဲ့သည်. သူမ မျက်လုံးဖွင့်ကြည့်မိလိုက်တော့ ကျီပိုင်ယုက သူမအဝတ်အစားကို ချွတ်ယူနေတာကို မြင်လိုက်ရသည်. သူမ ချက်ချင်းပင် သူမမှာ ရှိသမျှအားအင်ကို စုရုံးလိုက်ကာ သူ့အားတွန်းထုတ်လိုက်တော့သည်။


ကျီပိုင်ယုတစ်ယောက် အံ့အားသင့်သွားတော့သည်. လင်ရှန်းက ကာမအားတိုးဆေးသောက်ပြီးနောက်မှာတောင်မှ လင်ရှန်းတွင် ခုခံနိုင်ဖို့အားကျန်သေးလိမ့်မယ်လို့ သူ မထင်မှတ်ထားလိုက်ပေ. သူက ရယ်ချင်သွားသည့်ပုံပေါက်သွားကာ သူ့ရဲ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ခဲ့သည်. သူမကို ကြည့်လိုက်ပြီး သူမထိတထိပြုံးလိုက်ကာ- " ဘာလဲ... မင်း ဒုကရောက်နေတာ မဟုတ်ဘူးလား။ ငါ မင်းကို ကူညီပေးဖို့ ကြိုးစားနေတာလေ။"


"ငါ့ကို လွှတ်စမ်း!" လင်ရှန်းက သူမအဝတ်တွေအား တင်းတင်းပြန်ဆွဲထားလိုက်ကာ- " သောက်ကောင်စုတ်!"


" မင်း အဲလိုလုပ်မယ်ဆိုတာ သေချာလို့လား။ ကျီပိုင်ယုက ရယ်မောလိုက်တယ်. "မင်းကိုမင်း ကြည့်စမ်းပါဦး၊ ငါ မင်းကို ထိတွေ့ဖို့ကို မင်းစောင့်နေတာပဲလေ......" သူပြောပြီးတာနဲ့ သူက လင်ရှန်းရဲ့မျက်နှာအား သူ့လက်ချောင်းတွေဖြင့် ညင်သာစွာပွတ်သပ်လိုက်ခဲ့သည်. လင်ရှန်းက သူ့လက်အား ပြန်ရိုက်ထုတ်လိုက်လေတယ်။


" န..နင်... ငါ့ကို လာမထိနဲ့......" သူမက စကားပြောဖို့အတွက် အတော်လေးကြိုးစားလိုက်ရသည်. ဆေးက နောက်တစ်ဖန် ဆေးစွမ်းပြလာခဲ့လေသည်. သူမ တစ်ကိုယ်လုံးက ပုရွက်ဆိတ်လေးတွေ ထောင်နဲ့ သောင်းနဲ့ချီပြီးတော့ အကိုက်ခံနေရသလို ခံစားနေရသည်. သို့သော်လည်း သူမ အသိစိတ်ကတော့ ရှိနေဆဲပင်.. သူမက ကျီပိုင်ယုအား ပြန်မောင်းထုတ်နေခဲ့လေသည်။


ကျီပိုင်ယုကလဲ ဘယ်လိုလူစားမျိုးမို့လို့လဲ။ မိန်းကလေးတွေကသာ သူမတို့ကို ထိတွေ့ဖို့ သူ့ကိုပဲ ငိုယိုပြီးခခယယတောင်းပန်တတ်ကြတာလေ.. သူဆိုတာက ဘယ်တုန်းကမှ သူ့အထိအတွေ့ကို ငြင်းဆန်တဲ့ မိန်းကလေးမျိုးနဲ့ တွေ့ဖူးခဲ့ခြင်းမရှိတာပဲ.. လင်ရှန်းရဲ့ ထပ်ခါထပ်ခါ ငြင်းဆန်ခြင်းကို သူခံလိုက်ရတော့ သူစိတ်တိုသွားကာ.- "ကောင်းပြီလေ..၊ ငါ့ အကူအညီကိုမှ မင်းလက်မခံတာပဲ၊ ငါမရှိဘဲနဲ့ဆိုရင် ပိုပြီးတော့ နာကျင်ခံစားရလိမ့်မယ်နော်"


"ငါသေချင်သေပါစေ.. ငါ ဂရုမစိုက်ဘူး။ ထ..ထွက်...သွား!!!" လင်ရှန်းက အားအင်က ကျန်ရုံမျှသာကျန်ရှိတော့လေသည်. ဒါပေမယ့် တစ်ချို့သောအကြောင်းပြချက်တွေကြောင့်နဲ့ သူမက ကန်ထုတ်နိုင်ဆဲပင်ဖြစ်သည်. သူမက ကျီပိုင်ယုအား အိပ်ရာပေါ်မှ ဆက်လက်ကြိုးစားပမ်းစားကန်ကျောက်ပစ်နေခဲ့သည်။


ကျီပိုင်ယုက သမာသမတ်ရှိတဲ့လူမဟုတ်ပေမယ့်လည်း လိင်အပျော်အပါးနဲ့ပတ်သတ်လာရင်တော့ သူ့မှာ စည်းအချို့တော့ရှိပါတယ်. မိန်းကလေးဖြစ်တဲ့သူကမှ သူ့ကိုမလိုချင်ဘူးဆိုရင်တော့ သူက သူမကိုဘယ်တော့မှ အတင်းအကျပ်ဖိအားပေးရယူမယ့်သူမဟုတ်ပါဘူး. လက်ရှိအခြေအနေပေါ်မူတည်ပြီးပြောရရင်တော့ စုန့်လောင်က နောက်ထပ်ကြာကြာတောင့်ခံနိုင်လောက်မှာ မဟုတ်တာပဲလေ.... ထိုအချိန်မှာတော့ ကျီပိုင်ယု စိတ်ချမ်းသာသွားသလို ခံစားလိုက်ရလေသည်။


သူနဲ့ဆုံလိုက်တဲ့ မိန်းကလေးတိုင်းက သူ့အစီအမံတွေအောက်မှာပဲ အညံ့ခံကြရလေသည်. အတွင်းစိတ်ထဲတွင်တော့ သူက ဟိုးအရင်ကတည်းက သူမအား သင်ခန်းစာတစ်ခု ပေးချင်နေခဲ့တာပင်.. သို့သော်ငြားလည်း သူမှာ လုံးဝအခွင့်အရေးမရခဲ့ပေ. အခုတော့ သူ့ရဲ့ကလဲ့စားကို နောက်ဆုံးသူပြန်ယူရတော့ပေမည်. ကျီပိုင်ယုက နောက်ကိုပြန်ဆုတ်လိုက်ကာ ကုလားထိုင်တစ်လုံးအားဆွဲလိုက်ကာ လင်ရှန်းတစ်ယောက် မရှုမလှခံစားနေရပုံကို စိတ်ရှိလက်ရှိထိုင်ကြည့်နေဖို့ ဆုံးဖြတ်လိုက်လေသည်။


အိုးဟိုး.. သူက ဒီလိုမျိုး မကောင်းဆိုးဝါးတစ်ကောင်ပဲ! တကယ်လို့ ငါ့မှာသာ အားရှိရင်တော့လား ငါ သူ့ကို သေသွားအောင်ကို ကိုက်ပစ်လိုက်မှာပဲ!


ဒါပေမယ့် လက်ရှိမှာတော့ လင်ရှန်းက သူမကိုယ်သူမသာ ကယ်နိုင်ရုံလေး ဖြစ်နေပေသည်. ကံကောင်းနေတာက ဒီကျီပိုင်ယုက အခုဝေးဝေးမှာ ရှိနေလို့ပါပဲ. သူမရဲ့ ကိုယ်အပူချိန်က တဖြည်းဖြည်းနဲ့ ယုတ်လျော့လာလေသည်. ဟုတ်ပါတယ် ခဏလေးအတွင်းမှာပဲ သူမကိုယ်တွင်းထဲမှာ နောက်ထပ်မီးစတစ်စက တောင်လောင်လာတော့သည်. သူက သူမကိုယ်သူမက ရေခဲကန်ထဲသို့သာ ပစ်ဝင်လိုက်ချင်နေသည်။


မူလကတော့ ကျီပိုင်ယုက လင်ရှန်း ခံစားနေရတာကို အားရပါးရပျော်ပျော်ရွှင်ရွှင်ပင် ထိုင်ကြည့်နေခဲ့သည်. ဒါပေမယ့် သူ့ကိုခြောက်ခြားစရာဖြစ်လာနေတာက လင်ရှန်းက ခုခံနိုင်နေဆဲ ဖြစ်နေလို့ပင်. ပြီးတော့ အဲဒီအစားသူကသာ ပြဿနာရှိနေတဲ့သူတစ်ယောက် ဖြစ်နေလေသည်။


ထို့နောက်တွင် ညကတဖြည်းဖြည်းနက်လာခဲ့ကာ ဖယောင်းတိုင်နီနီတွေကလဲ မီးစာတောင်ကုန်ခမ်းတော့ပေမည်. လေထုက တက်ကြွသည့်စိတ်ဆန္ဒတွေကို အားဖြည့်ပေးနေကာ မက်မောစရာကောင်းသော မိန်းကလေးက သူ့ရှေ့မှောက်က အိပ်ရာပေါ်တွင် လဲလျောင်းပေးနေလေသည်. ဒီလိုအခြေအနေမျိုးအောက်မှာတော့ ခုခံနိုင်ဖို့ ခဲယဉ်းမယ်ဆိုတာကို လုပ်ဆောင်နိုင်စွမ်းရှိသည့် မည်သည့်ယောက်ျားသားမဆို သိပေလိမ့်မည်။


သိုသော်လည်း ကျီပိုင်ယုက ဒီလိုမျိုးကိုမှ ပြိုင်ပွဲတစ်ခုအနေနဲ့ ထင်မြင်ထားလေသည်. လင်ရှန်းက သူ့ကို လာခုပ်အုပ်မှသာ ဘာမှဂရုမစိုက်ဘဲ သူ့ဘက်ကလဲ ပြန်လည်ပွေ့ဖက်ရပေလိမ့်မည်. အဲလိုမဟုတ်ရင်တော့ သူ့ရဲ့ယောက်ျားမာနက များစွာထိခိုက်ရပေလိမ့်မည်။


ခံနိုင်ရည်အဆုံးစွန်မတိုင်မီအထိ ပစ်ထားစေဖို့အတွက် ကျီပိုင်ယုက လမ်းခဏထွက်လျှောက်ဖို့ ဆုံးဖြတ်လိုက်သည်. နောက်မကြာခင်မှာ ဆေးအာနိသင်က နည်းနည်းလောက်ပိုပြီးတော့ အစွမ်းပြလာရင်တော့ စုန့်လောင်က သူ့အလိုအလိုပင် သူ့ကို အနူးအညွှတ်ခစားတောင်းပန်လာလိမ့်မည်မဟုတ်ပါလား. ဒီလိုတွေတွေးတောလိုက်ပြီးတော့ ကျီပိုင်ယုက ထရပ်လိုက်ကာ သီးချင်းတအေးအေးနဲ့ အခန်းထဲမှ ထွက်သွားလိုက်တော့လေသည်။


ကျီပိုင်ယုထွက်သွားခဲ့တော့ လင်ရှန်းတစ်ယောက် အနည်းငယ်လေးပိုမိုလို့ စိတ်အေးသွားရသည် သို့ပေမယ့် ဆေးက သူမဦးနှောက်တွင်းတွင် အသိစိတ်တွေဆုတ်ယုတ်လို့လာအောင် မရပ်မနားတစ်စတစ်စတိုက်စားလို့နေလေသည်. သူမနောက်ထပ်ခံနိုင်ရည်မရှိတော့ဘူးလို့ ခံစားလိုက်ရသည် သူမအတွေးတွေက စတင်ခြောက်ခြားလာတော့သည်. သူမရဲ့ စိတ်ကူးယဉ်နယ်မြေထဲတွင် လိန်ဖန်က ဖြည်းညင်းစွာဖြင့် သူမအဝတ်တွေအား ချွတ်ယူနေလေသည်. သူက သူမလည်တိုင်အား ညင်ညင်သာလေး အနမ်းပေးလိုက်ခဲ့ကာ.....ဒါပေမယ့်အတွေးအမျှင်တွေက ဗြုန်းခနဲကြီး ပျောက်ကွယ်သွားလေသည်. အဲဒီအစား ထိုနေရာတွင် ထိန်းချုပ်၍မရနိုင်သော ဆာလောင်မွတ်သိပ်မှုတစ်ခု အစားထိုးရောက်လာခဲ့လေသည်။


လင်ရှန်းသိလိုက်ပါပြီ..သူမနောက်ထပ်ကြာကြာတောင့်မခံထားနိုင်တော့ဘူးဆိုတာကိုပါပဲ.. တကယ်လို့ကျီပိုင်ယုကသာ အခုနေပြန်ရောက်လာလို့ကတော့ သူမရဲ့အပျိုစင်ဘဝဆုံးရှုံးသွားအောင် သူ့အပေါ် အမှန်တကယ်ထိုးကြွေးမိတော့လေမည်ဖြစ်ပေသည်. ထိုအချိန်တွင်တော့ တံခါးဝမှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်. လင်ရှန်း ထိတ်လန့်သွားတော့သည်. သူမစိတ်တွေလွတ်ထွက်မသွားခင်တွင် သူမကိုယ်သူမ မတ်တပ်ရပ်နိုင်အောင်ဖိအားပေးလိုက်ကာ ဝိုင်ပုလင်းအား ဆွဲယူလိုက်ခဲ့သည်. သူမက တံခါးပေါက်ဝနားသို့သွား၍ မတ်တပ်ရပ်လိုက်ကာ သေတဲ့အထိ တိုက်ခိုက်သွားရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။


ခြေလှမ်းသံတွေက ပေါ့ပါးနေပေမယ့် သူတို့တွေက သူမဆီကို တည့်တည့်ကြီးဦးတည်လို့လာနေသည်. တံခါးဖွင့်လိုက်သည့်အခိုက်တွင် လင်ရှန်းက သူမရှိသမျှအားကို အသုံးပြုလိုက်ကာ ဝိုင်ပုလင်းဖြင့် ထိုလူ၏ခေါင်းအား ရိုက်ခွဲလိုက်တော့သည်။


ညည်းညူသံပျော့ပျော့လေးတစ်ခုက ထွက်ပေါ်လာခဲ့ပေမယ့် ကျူးကျော်သူက ပစ်လဲမကျသွားခဲ့ပေ. လင်ရှန်းက သူမရှိသမျှအားတွေက ကုန်စင်သွားခဲ့တော့ ထိုလူ၏လက်မောင်းအတွင်းသို့ ပြိုလဲကျသွားတော့သည်။


.........


ကျီပိုင်ယုက ဟိုနားဒီနားတစ်ဝိုက်အား ဦးတည်ရာမရှိ လမ်းလျှောက်နေဆဲပင်ဖြစ်သည်. သူ၏မာနနှင့်အတ္တက သူ၏အလိုအလျောက်တုံ့ပြန်လာတဲ့ အတွင်းစိတ်ရိုင်းတွေနဲ့ အကြိတ်အနယ်ပင်တိုက်ပွဲဆင်နွှဲလို့နေလေသည်. သူစိတ်ထဲတွင် အခန်းတွင်းက ပုံရိပ်တွေနဲ့ ပြည့်လျှံနေလေသည်. သူ ခက်ခဲစွာကြိုးစားမိလေလေ ထိုပုံရိပ်တွေကို သူမတွေးမိအောင်လုပ်ဖို့ ခက်ခေလေလေဖြစ်နေခဲ့သည်။


ရုတ်တရက် သူ တစ်ခုခုကို နားလည်သွားလိုက်သလို ထင်လိုက်သည်. သူက ဘာဖြစ်လို့ ဒီလောက်ရှုတ်ရှုတ်ထွေးထွေးသွားနေရတာလဲ။


ဒီလမ်းကြောင်းကို ငါပဲ ဖွင့်ခဲ့တာ.. ငါဒီမိသားစုမှာပဲ ကြီးပြင်းခဲ့တာ.. ငါ ဒီမိန်းကလေးနဲ့ လက်ထပ်ပြီးသွားခဲ့ပြီပဲ.. အခန်းထဲမှာရှိတဲ့ မိန်းကလေးကလည်း ငါ့ သတိုးသမီးပဲ မဟုတ်လား.. ငါ က ဘာဖြစ်လို့ အထိအတွေ့ကို ရှောင်နေသင့်တာလဲ။ ဒီလိုမျိုးတွေးလိုက်ကာ ကျီပိုင်ယုက သူ့ရဲ့ယပ်တောင်ကို ပြန်ချိုးခေါက်လိုက်ပြီးတော့ အခန်းထဲသို့ပြန်ဝင်ရန် အလျင်စလို ပြေးသွားလိုက်တော့သည်။


သူ အခန်းတံခါးကို ဖွင့်လိုက်သည့်အခိုက်တွင်တော့ သူ့မျက်နှာက မဲမှောင်ကျသွားတော့သည်။


အိပ်ရာက နေရာတွင်ရှိနေခဲ့သည်. စားပွဲခုံကလဲ သူ့နေရာတွင် ရှိနေခဲ့သည်. ဖယောင်းတိုင်တွေက သူ့နေရာတွင်ရှိနေခဲ့သည်. ဒါပေမယ့် သတိုးသမီးက မရှိတော့လေပြီ!


မင်္ဂလာဆောင်ညမှာပဲ သတိုးသမီးက ပျောက်သွားတယ်.. ဒီသတင်းတွေက အနီရောင်မီးစုန်းခန်းမတစ်ခုလုံးသို့ လျင်မြန်စွာပင် ပြန့်နှံ့သွားတော့လေသည်. ကျီပိုင်ယုတစ်ယောက် အလွန်ဒေါသထွက်နေကာ သူ့မျက်နှာက အစိမ်းရောင်တောင်ပေါက်သွားခဲ့သည်. လင်ရှန်းက အဆိပ်ခပ်ခံထားရတယ်ဆိုတာ သူသိပါတယ်. ဒီတော့ သူမ ဝေးဝေးတော့ မပြေးနိုင်လောက်ဘူးပဲ.. သူ့လူတွေအား သူမအား မရရတဲ့နည်းနဲ့တွေ့အောင်ရှာဖို့ အမိန့်ပေးလိုက်ခဲ့တော့သည်။


အမွေးတိုင်တစ်တိုင်လောင်ကျွမ်းသည့် အချိန်တောင်ကြာမြင့်သွားခဲ့ကာ အနီရောင်မီးစုန်းနီခန်းမတစ်ခုလုံးက သူတို့လက်ထဲတွင် မီးတုတ်များဆွဲကိုင်ကာ နေရာအနှံပြေးလွှားနေခဲ့ကြသည်. ခြေလှမ်းများက အလျင်စလို ဖြစ်နေကြသည်. လူအားလုံးကလည်း ပျောက်ဆုံးနေသည့် သတိုးသမီးအား လိုက်လံရှာဖွေနေကြတော့သည်။


Tobe continued......