Chapter 83
Viewers 9k

အပိုင်း(၈၃)


မူးဝေနောက်ကျိစွာနဲ့ပင် လင်ရှန်းတစ်ယောက် သူမနားထဲကို တိုးဝင်လာသည့် ဆူညံသံတွေကို ကြားလိုက်ရသည်. သူမ နောက်တစ်ခါ စိတ်ကြွဆေး အခပ်ခံလိုက်ရပြီလို့ လင်ရှန်းထင်သွားခဲ့သည်။ သူမ အသံထွက်လိုက်ချင်ပေမယ့် သူမပါးစပ်ဖွင့်လိုက်သည့်အခိုက်တွင် တင်းတင်းကျပ်ကျပ် ပါးစပ်အပိတ်ခံထားရလေသည်. တစ်စုံတစ်ယောက်က သူမနားထဲသို့ "ရှူး" ဟု ပြောလိုက်ခဲ့သည်။


ညင်သာပျော့ပြောင်းသည့်လေသံတိုးတိုးလေးက ဖျော့တော့သောလေပြေလေးတစ်ခုအား သဘာဝအလျောက်သယ်ဆောင်လာပေးခဲ့သည်. ထိုလေပြေက အရမ်းသက်တောင့်သက်သာရှိတာပဲလို့ လင်ရှန်းတွေးလိုက်ပြီး ထိုလူကျောကုန်းအား ပွတ်တိုက်လိုက်သည်. စောစောတုန်းက သူမ ကျီပိုင်ယုနဲ့ အပြင်းအထန်ဆန့်ကျင်တိုက်ခိုက်ထားတော့ သူမလည်ပင်းနေရာမှာ လစ်ဟလျော့လျဲနေလေသည်. တိုက်ဆိုင်စွာပင် ထိုလူ၏လက်မောင်းကလဲ လစ်ဟနေသည့် သူမလည်တိုင်တွေကို ထိတွေ့မိသွားတော့သည်. ထိုအရာက သူမစိတ်အာရုံတွင် အလွန်ပင်ခိုးလိုးခုလုဖြစ်သွားခဲ့သည်. သူမ ထိုနေရာကို ပိုပြီးတော့ ပွတ်တိုက်ချင်နေမိတော့သည်. လင်ရှန်းက ထိုလူ၏ကျောကုန်းအား စတင်ပွတ်တိုက်လိုက်တော့သည်. ဒါပေမယ့် အကြိမ်ရေအနည်းငယ်လောက် ပွတ်တိုက်ပြီးနောက် လက်မောင်းက တင်းကျပ်သွားကာ သူမနောက်ထပ်လှုပ်လို့မရတော့ဘဲ ဖြစ်သွားခဲ့သည်။


"လှုပ်ရွမနေနဲ့" ထိုလူက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။


'သူလား။ ဒါတကယ် သူပဲ! လင်ရှန်းက သူမမျက်လုံးတွေကို အားစိုက်ပြီးဖွင့်ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာကို တွေ့လိုက်ရတော့သည်. သူမ ဝမ်းသာရလွန်းလို့ ငိုမိမတတ်ပင် ဖြစ်သွားသည်. ဒါပေမယ့် သူမ စိတ်က လျင်မြန်စွာပြောင်းသွားခဲ့သည်.- ဒါ ဆေးမိထားလို့ ငါထင်ယောင်ထင်မှားဖြစ်နေတာနေမှာပါ.. လိန်ဖန်က ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရမှာလဲ? သူက သေပြီး... ဒါကို တွေးမိသွားလိုက်တော့ လင်ရှန်းတစ်ယောက် ငိုချင်သွားတော့တယ်။


လင်ရှန်း ရဲ့ ရှုံ့တွသွားလိုက်တဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတော့ သူမ နာသွားတယ်လို့ လိန်ဖန်ထင်သွားပြီး ချက်ချင်းပင် သူ့ပွေ့ဖက်ထားတာကို ပြေလျော့ပေးလိုက်သည်. ဒါပေမယ့် သူပြေလျော့လိုက်သည့်အခါတွင်တော့ လင်ရှန်းက သူမလည်တိုင်ကို သူ့ကျောကုန်းနဲ့ ထပ်မံပြီးတော့ ပွတ်တိုက်နေပြန်သည်. ထိုအချိန်တွင်တော့ လင်ရှန်းဟာ လုံးလုံးလျားလျားပင် အသိစိတ်ရှိမနေတော့ပါဘူး။ အခြေခံအားဖြင့်ပြောရရင်တော့ သူမကိုယ်ခန္တာက ဘယ်လိုပဲလုပ်လုပ် ထိုသို့လုပ်နေတာကိုက ကျေးဇူးတင်ရမလိုပင်။


လင်ရှန်းရဲ့လက်တွေက စတင်ပြီးတော့ ဟိုသွားဒီသွားလုပ်လာခဲ့တော့သည်. သူမက လိန်ဖန်ရဲ့အင်္ကျီထဲသို့ စတင်ပြီးတော့ တဖွဖွပွတ်သပ်ကိုင်နေလေသည်. ပြီးနောက် သူမလက်တွေက တဖြည်းဖြည်းနဲ့ အောက်ပိုင်းသို့ နိမ့်ဆင်းသထက် နိမ့်ဆင်းလာတော့သည်။


လိန်ဖန်က လင်ရှန်း၏လုပ်ဆောင်လိုက်မှုကြောင့် တုန်ရီသွားတော့သည်. သူ သူမကို တားလိုက်ချင်ပေမယ့် ရှာဖွေနေသည့်အဖွဲ့တစ်ဖွဲ့က သူတို့အနားသို့ လျှောက်လာခဲ့သည်. သူတို့ကို သတိပြုမမိစေချင်တာကြောင့် သူတစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေးနေလိုက်တော့သည်. သူ့ရဲ့နောက်ကျောမှာတော့ ရေခဲတမျှအေးစက်သည့် ကျောက်နံရံမျက်နှာပြင်ချောကရှိနေလေသည်. ဒါပေမယ့်သူ့လက်မောင်းထဲမှာတော့ အလွန်ပူနွေးပျော့ပြောင်းနေသည့် မိန်းကလေးငယ်လေးတစ်ယောက်၏ ကိုယ်ခန္တာက ရှိနေလေသည်။


နောက်ပြီးတော့လဲ လင်ရှန်းက သူခန္တာကိုယ်အနှံ့အပြားအား လိုက်လံရှာဖွေစမ်းသပ်နေလေသည်. လိန်ဖန်တစ်ယောက် ရေခဲနှင့်မီးတောက်ကြားထဲတွင် ဘေးကျပ်နံကျပ်ရောက်နေပြီးတော့ ထိုအဖြစ်က သူ့အား ကြီးစွာညှဉ်းပန်းနှိပ်စက်နေလေသည်။


လိန်ဖန်နောက်ထပ်ကြာကြာ တောင့်ခံမထားနိုင်တော့ကာ လင်ရှန်းအား သတိလစ်သွားအောင်လုပ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်. ဒါပေမယ့် သူ အကြာမပိတ်ခင်တွင် လင်ရှန်းက စတင်ညည်းညူလိုက်တော့ အသံက သူတို့ဆီကိုရောက်လာအောင် ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့တော့သည်။


ချက်ချင်းပင် လူတစ်ယောက်က သူတို့ရှိတဲ့နေရာကို ဦးတည်လာနေတော့သည်။


လိန်ဖန် တစ်ယောက် စိတ်ဖိစီးသွားတော့သည်. သူ့၏ ဓားရှည်ပေါ်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်တော့သည်. သူတို့တွေကို မိသွားတော့မယ်ဆိုတာ သိလိုက်ပါပြီ. သို့ပေမယ့် ရုတ်တရက်တွင် ထိုလူအား တစ်စုံတစ်ယောက်က တားလိုက်ခဲ့သည်။


"သူတို့တွေ ရှေ့နားမှာလို့ ငါထင်တယ်၊ သွားမယ်!"


ထိုလူက ဦးတည်ရာပြောင်းလိုက်ကာ သူ့ကိုပြောသည့်လူနောက်သို့ ပြေးလိုက်သွားခဲ့သည်. မကြာမီတွင် အဖွဲ့တစ်ဖွဲ့လုံး ထွက်သွားကြတော့သည်။


အမှောင်ထဲမှ လိန်ဖန်က သက်သာရာ ရသွားကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ခဲ့တော့သည်. အဲဒီနောက်မှာတော့ သူ လုံးဝထိတ်လန့်လုနီးပါးဖြစ်သွားခဲ့ရသည်. လင်ရှန်းက သူ့ရဲ့ခါးစည်းကြိုးကို ဖြည်ချွတ်နေလို့ပါပဲ. သူမက သူ့ကိုယ်အောက်ပိုင်း၏ အစိတ်အပိုင်းတွေအား လိုက်လံထိတွေ့နေလေသည်. ဒီလိုသာဆိုရင်တော့ သူတို့ ထွက်မပြေးနိုင်ခင်မှာပဲ သူကိုယ်တွင် အဝတ်မဲ့ရချေတော့ပေမည်!


အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက် လိန်ဖန်က လင်ရှန်း၏အကြောကို ပိတ်လိုက်ကာ သူမအားသယ်ဆောင်၍ ထွက်ပေါက်ဆီသို့ ဦးတည်လိုက်တော့သည်။


အနီရောင်မီးစုန်းခန်းမရဲ့ အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံက ရှုတ်ထွေးပွေလီလှပေသည်. ဒါပေမယ့် လူတစ်ယောက်ကိုတော့ လွယ်လွယ်ပင် ရှာဖွေတွေ့ရှိနိုင်လေသည်. လိန်ဖန်က အလွန်တရာဂရုစိုက်ခဲ့ပေမယ့်လဲ မကြာမီတွင် သူ့အားအစေခံတွေ ရှာတွေ့သွားတော့သည်. အစေခံတွေက သူတို့နောက်ကနေလိုက်ဖမ်းလိုက်ကြကာ လိန်ဖန်က သူ့၏ဓားရှည်အား ဆွဲထုတ်လိုက်တော့သည်. ဓားသွားက အလင်းရောင်တစ်ချက်ထွက်သွားခဲ့ကာ လူအုပ်စုကို ဦးဆောင်နေသည့်လူက မြေပေါ်သို့ စတင်လဲကျသွားတော့သည်။


ရန်သူပထမအုပ်စုက လဲကျသွားပြီးနောက် သူတို့ရှိရာသို့ လူတွေပိုပိုကာ ပြုံခဲလာခဲ့သည်. လက်တစ်ဖက်ထဲနဲ့ လိန်ဖန်က သူတို့အား ခုခံတိုက်ခိုက်နေရလေသည်. အခြားတစ်ဖက်တွင် ထွက်ပေါက်ဆီသို့ ဆုတ်ခွာနေခဲ့သည်။


ထိုအချိန်ခိုက်တွင် နောက်ထပ်လူတစ်ယောက် ဓားရှည်တစ်ချောင်းနှင့်အတူ သူ့ဆီသို့ တဟုန်ထိုးပြေးလာခဲ့သည်. လိန်ဖန်က နောက်ပြန်လှည့်လိုက်ပြီးတော့ ထိုသူ၏တိုက်ခိုက်မှုအား ဟန့်တားလိုက်ခဲ့သည်. ထိုလူက မြေကြီးပေါ်သို့ ပြိုလဲကျသွားပေမယ့် နောက်ထပ်တစ်ယောက် နောက်ကျောမှနေ၍ လိန်ဖန်အား အလစ်ချောင်းတိုက်လိုက်လေသည်။


လောလောဆယ်တွင်‌တော့ လင်ရှန်းဟာ ပတ်ချာလည်နေကာ အလွန်တရာပင်မူးဝေနောက်ကျိနေခဲ့သည်. သူမခေါင်းကိုမော့ကြည့်လိုက်တော့ နေရာတိုင်းတွင် ဓားအရောင်တွေက တဖြက်ဖြက်လက်နေခဲ့သည်. ဘာမှမစဉ်းဘဲနဲ့ သူမလက်သီးအားဆုပ်လိုက်ကာ တစ်စုံတစ်ယောက်၏မျက်နှာသို့ ပိတ်ထိုးချလိုက်လေသည်. သနားစရာထိုလူကတော့ သူ့မျက်နှာကို ဆုပ်ကိုင်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့လေသည်. လင်ရှန်း နောက်ပြန်လှည့်လိုက်ပြီးတော့ လိန်ဖန်၏မျက်နှာအား ပြုံးပြလိုက်လေသည်. ပြီးနောက် သူမ နောက်ထပ်ပြန်သတိလစ်သွားတော့သည်။


လိန်ဖန်တစ်ယောက် ငိုရမည်လား ရယ်ရမည်လားတောင် မသိတော့ပေ. ဒါပေမယ့် လင်ရှန်းရဲ့ လက်သီးဆုပ်ကိုတော့ ကျေးဇူးတင်ရပေမည်ပဲ သူတို့တတွေနားတွင် ဘယ်သူရပ်မတည်နိုင်ကြတော့ပေ. လိန်ဖန်က လွှားခနဲခုန်ပျံလိုက်နိုင်ကာ အနီရောင်မီးစုန်းခန်းမမှ ထွက်ပြေးလွတ်မြောက်သွားတော့သည်။


လိန်ဖန်က လေချွန်လိုက်တော့ 'ဝူရင်'က ချက်ချင်းရောက်ချလာလေသည်. 'ဝူရင်'က အပြင်ဘက်တွင် တစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့သည်. လိန်ဖန်က မြင်းပေါ်သို့တက်လိုက်ပြီးတော့ သူတို့ကို လူတွေရှာမတွေ့နိုင်ခင် တောအုပ်ထဲသို့ ဝင်ရောက်ကိုယ်ရောင်ဖျောက်လိုက်တော့သည်။


မြင်း၏ခုန်ဆောင့်မှုကြောင့် လင်ရှန်းနိုးလာခဲ့သည်. ဆေးအရှိန်က သူမကိုယ်တွင်းတွင်တော့ ဆက်လက်သက်ရောက်မှုရှိနေတုန်းပင်ဖြစ်သည်. လေပြင်လေညင်းများက တဖြူးဖြူးတိုက်ခတ်လိုက်မှုကြောင့် အလွန်အေးချမ်းနေခဲ့ကာ သူမစိတ်ထဲတွင်လဲ အနဲငယ်လေးရှင်းလင်းပြတ်သားလာခဲ့သည်. သူမ ရုတ်တရက်စိုးရိမ်လာခဲ့သည်.-'အိုး ဘုရားဘုရား ငါပျံနေတာလား။ နေစမ်းပါဦး.. ငါ ပျံနေတာ မဟုတ်ဘူးပဲ.. ငါ မြင်းတစ်ကောင်ပေါ်မှာ ရောက်နေတာလား? ဟမ်... ဘယ်လိုဖြစ်ပြီးတော့ ဒီမြင်းက တော်တော်ရင်းနှီးနေသလို ဖြစ်နေတာလဲ။'


သူမ စတင်ပြီးတော့ သံသယဝင်လာပေမယ့် သူမ ဆေးမိထားလို့ ထင်ယောင်ထင်မှားဖြစ်နေတာလို့ပဲ ထင်လိုက်သည်. ဒီတစ်ခါမှာတော့ ထင်ယောင်ထင်မှားဖြစ်တာက တကယ်ဖြစ်နေသလိုကြီး ပိုပြီတော့အစစ်နဲ့ ပိုတူလာသလိုပင်။


ဒါ တကယ်ပဲလား။ နောက်ပြီး သူမကို ပွေ့ဖက်ထားသည့်လူကရော.ဖြစ်နိုင်......'


လင်ရှန်းတစ်ယောက် အလွန်ရှုတ်ထွေးသွားတော့သည်. သူနောက်ပြန်လှည့်ပြီးတော့ ကြည့်ချင်သွားမိသည် ဒါပေမယ့် သူမ ပြန်လှည့်လိုက်တာနဲ့ ပျောက်ကွယ်သွားမှာကိုလည်း သူမ ကြောက်နေမိပြန်သည်. ခဏကြာပြီးနောက် သူနောက်ဆုံး ပြန်လှည့်ကြည့်လိုက်ရန် စိတ်ပိုင်းဖြတ်လိုက်ကာ- ငါ သေချာအောင်လို့ လှည့်ကြည့်ရုံလေးပါပဲ.. အဲဒါက သိပ်မကြာလောက်ပါဘူး! ဒါ့ကြောင့် သူမက သွားကိုတင်းတင်းစေ့လိုက်ကာ နောက်ပြန်လှည့်လိုက်တော့သည်။


မထင်မှတ်ဘဲနဲ့ လင်ရှန်းက ရုတ်တရက်ကြီးနောက်ပြန်လှည့်လိုက်တဲ့အခါမှာတော့ 'ဝူရင်'က တောင်တက်လမ်းကို ဖြတ်နေသည့်အခိုက်တွင် ဖြစ်လေသည်. 'ဝူရင်'က ချက်ချင်းတုံ့ခနဲ ရပ်လိုက်တော့ လင်ရှန်းက မြင်းပေါ်မှ လွင့်ပျံထွက်သွားခဲ့သည်. မူလကတော့ လိန်ဖန်က လင်ရှန်းကို ကိုင်ထားနိုင်လေသည် ဒါပေမယ့် သူမက ဆတ်ခနဲဆိုသလိုနောက်လှည့်လိုက်တော့ သူ အံအားသင့်သွားကာ တုံ့ပြန်လိုက်မှုက နှေးသွားခဲ့တော့သည်. သူလုပ်နိုင်တာအကုန်လုံးကတော့ လင်ရှန်းဆီကို သူ့တစ်ကိုယ်လုံး ပစ်ဝင်သွားလိုက်ပြီး သူတို့နှစ်ယောက်လုံးပင် တောင်ကုန်းပေါ်မှ ဒလိမ့်ကောက်ကွေးလိမ့်ကျသွားတော့သည်။


လင်ရှန်းက ကောင်းကင်ကြီးပတ်ချာလည်သွားသလို ခံစားလိုက်ရကာ သစ်ကိုင်းတွေ ကျိုးကြေသံတွေနဲ့ လေတဟူးဟူးတိုးဝင်သံကိုသာ ကြားလိုက်ရသည်. သူမအူတွေအသည်းတွေ အပြင်ထွက်လုမတတ် လိမ့်သွားလိုက်ပြီးနောက် သူတို့နှစ်ယောက် နောက်ဆုံးတစ်နေရာတွင် ရပ်တန့်သွားတော့သည်။


သူမ အရိုးတွေအကုန်လုံး ကျိုးသွားပြီလို့တောင် လင်ရှန်းခံစားလိုက်ရလေသည်. ဒါပေမယ့် သူမ ဂရုမစိုက်နိုင်ပေ. သူမ ချက်ချင်းထရပ်လိုက်ပြီးတော့ ထိုယောက်ျားကို ကြည့်လိုက်ခဲ့သည်. သူတို့နှစ်ယောက်လုံးက တောင်စောင်းလေး၏အောက်ခြေတွင် ရောက်ရှိနေကြသည်. သူတို့နေရာမှ လမင်း၏လင်းရောင်ခြည်ကိုတောင် ကောင်းကောင်းမမြင်နိုင်ခဲ့ပေ. ဒါပေမယ့် လင်ရှန်းအတွက်ကတော့ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ လုံလောက်နေပါပြီ။


သူပဲ.. တကယ်ပဲ သူပဲကိုး!


လင်ရှန်း သူမ နှလုံးခုန်သံ တဒုန်းဒုန်းကို ပြန်ကြားနေရလေသည်. ထိုအရာက ပေါက်ကွဲထွက်တော့မည့်မတတ်ပင်. သူမက သူမရဲ့မီးတောင်ပေါက်ကွဲမတတ်ခံစားချက်တွေကို ဖိသိပ်လိုက်ဖို့ ကြိုးစားလိုက်ကာ အလောသုံးဆယ်လှမ်းမေးလိုက်လေတယ်- " ရှင်..လား" သူမ သတိရှိနေလေသည်. သူမ မျတ်တောင်ခတ်လိုက်ပြီးတော့ လိန်ဖန်မျက်လုံးထဲကို စိုက်ကြည့်လိုက်တယ်. ထိုသူက အမှန်မဟုတ်မှာကို သူမ စိုးရိမ်နေလေသည်။


လိန်ဖန်က သူမကို ပြန်စိုက်ကြည့်လိုက်ပြီးတော့ စကားတစ်ခွန်းမှ မဟခဲ့ပေ. သူ ညင်သာစွာခေါင်းညိတ်လိုက်ကာ လင်ရှန်း သူမစိတ်ခံစားချက်တွေကို ပြန်မရုတ်သိမ်းလိုက်တော့ပေ.. သူမ ရှိသမျှအားကို သုံးလိုက်ပြီးတော့ သူမလက်မောင်းတွေနဲ့ လိန်ဖန်အား တင်းတင်းပွေ့ဖက်ထားလိုက်တော့သည်. အရာအားလုံးက အစစ်အမှန်ဆိုတာကို သူမကိုယ်သူမ ယုံကြည်လိုက်ဖို့ ခွင့်ပြုလိုက်တော့သည်။


သူက တကယ်ပင် အသက်ရှင်နေခဲ့လေသည်. သူ အသက်ရှူနေလေသည်. သူ စကားပြောနိုင်လေသည်. ထိုအရာက စိတ်ကူးယာဉ်အိမ်မက်မဟုတ်ပေ။


လိန်ဖန်က လုံးဝမရွေ့လျားလိုက်ခဲ့ပေ. သူ့လက်များကို သူမပုခုံးတွေပေါ်သို့ ပြန်လည်ထွေးဖက်လိုက်ခဲ့သည်. သူလဲ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ရသည်. သူက သူသေသွားပြီဆိုတာကို တုရီအား လှည့်စားနိုင်ရန် တုဟောင်နဲ့ အချိတ်အဆက်လုပ်လိုက်ခဲ့သည်. သူ သူမနဲ့ အတူပေါင်းဖက်ဖို့ မစောင့်ဆည်းနိုင်တော့ပေ. ဟုတ်တယ် သူမက သူ့ကိုရှာဖို့ နန်းတော်ထဲကနေ တိတ်တိတ်လေးခိုးထွက်သွားလိုက်မယ်လို့တော့ သူမထင်မှတ်ထားခဲ့ပေ။


သူမ ဘယ်လောက်တောင်မှ နာကျင်ခံစားရတာကို သူသိလိုက်ရတော့ သူလဲ သူ့အသည်းတွေကွဲကျေမတတ် ခံစားလိုက်ရလေသည်. သူ့နှလုံးကို ဓားတွေနဲ့ တစွတ်စွတ်ထိုးသွင်းခြင်းခံလိုက်ရသလိုပင် နာကျင်ရသည်။ 


လိန်ဖန်က တီတီတာတာ ချိုသာစကားတွေ ပြောတတ်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး. သူလုပ်တဲ့ တစ်ခုတည်းသောအရာကတော့ တိတ်ဆိတ်စွာနဲ့ သူမကို ပြန်လည်ပွေ့ဖက်လိုက်တာပင်ဖြစ်လေသည်. သူ့လက်မောင်းတွင်းကနေပြီး သူမရဲ့ကိုယ်ပူငွေ့တွေကို ခံစားလိုက်ရသည်. ထိုအခိုက်တွင်တော့ လင်ရှန်းက သူ့အပိုင်ဆိုတာကို သူခံစားလိုက်ရသလိုပင်.. ဘယ်သူကမှ သူ့ဆီကနေ သူမကို ခိုးမသွားစေရေဘူးပဲ။


သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီးအတူတူပွေ့ဖက်နေခဲ့ကြသည်. လင်ရှန်းထံကနေ အနဲငယ်လေးတုန်ရီနေတာကို လိန်ဖန်ခံစားလိုက်ရသည်အထိပင် သူတို့ပွေ့ဖက်နေခဲ့ကြသည်. သူ သူမကို လွှတ်လိုက်ပြီးတော့ သူမမျက်နှာလေးကို ပင့်ယူလိုက်တယ်. သူမက ငိုကြွေးနေခဲ့သည်မှာ ထင်ရှားနေလေသည်. သူမမျက်လုံးတွေက မျက်ရည်များပြည့်လျှံနေပြီးတော့ သူမပါးမို့မို့ကလဲ ဆေးအရှိန်ကြောင့် နီရဲနေလေသည်. သူမအပေါ် သူ မကောင်းခဲ့ဘူးလို့ သူခံစားလိုက်ရကာ သူ့လက်တွေက သူမမျက်ရည်တွေကို သုတ်ပေးလိုက်ခဲ့သည်. ပြီးနောက် သူ့လက်ချောင်းတွေက ယုယကြင်နာစွာနဲ့ ချစ်စဖွယ်မျက်နှာလေးကို ပွတ်သတ်ပေးလိုက်တယ်. အံဩစရာကောင်းတဲ့ ခံားချက်တစ်ခုက သူ့အတွေးထဲမှ ထွက်ပေါ်လာခဲ့လေသည်။


မည်သည့်ဝန်လေးခြင်းမှမရှိဘဲနဲ့ လိန်ဖန်က လင်ရှန်းနှုတ်ခမ်းသားတွေပေါ်သို့ အနမ်းပေးလိုက်ခဲ့သည်။


ထိုအနမ်းက ပြင်းပြသောအနမ်းတစ်ခုတော့ မဟုတ်ပေ. ဒါပေမယ့် လဲ ထိုအနမ်းက ညင်သာပြီး အလွန်ရှည်ကြာလေသည်. ထိုအနမ်းက လွမ်းဆွတ်တမ်းတမှုတွေပြည့်နှက်နေမှုနှင့်အတူ သူကိုယ်ခန္တာနှင့်စိတ်ဝိဉာဏ်အား ဖြည်းညင်းစွာဖြင့် သိမ်းပိုက်နေရာဝင်ယူလိုက်လေသည်. စိတ်ကြွဆေးက ချက်ချင်းပင် ပြန်အစွမ်းပြလာခဲ့ကာ လင်ရှန်း နောက်ထပ်ကြာကြာထိန်းမထားနိုင်တော့ပေ. သူမ လက်နှစ်ဖက်စလုံးနဲ့ လိန်ဖန်ရဲ့လည်ပင်းကို ဆွဲယူလိုက်ကာ အနမ်းတွေကို နက်နက်ရှိုင်းရှိုင်းမြုတ်နှံလိုက်တော့သည်။


လိန်ဖန်က သူမ အရမ်းတုံ့ပြန်လာလိုက်မယ်လို့ မထင်မှတ်ထားခဲ့တော့ သူအနဲငယ်လေးပင် အံအားသင့်သွားခဲ့ရသည်. မျက်စိတစ်မှတ်အတွင်းမှာပင် သူမက သူ့အပြင်ဝတ်ရုံအား ချွတ်နှင့်ပြီးသွားတော့သည်. သူတို့ရဲ့အရေပြားတွေ အချင်းချင်း ထိတွေ့မိလိုက်ကြကာ လင်ရှန်းကိုယ်တွင်းက မီးတောက်က ပိုပိုပြီးတော့ ပြင်းထန်လာတော့သည်. သူမတုံ့ပြန်မှုတွေက ပိုပိုပြီးတော့ ကြမ်းသထက် ကြမ်းတမ်းလာခဲ့တော့သည်။


လိန်ဖန်က သူမဆေးခပ်ခံထားရတယ်ဆိုတာ သိထားခဲ့တော့ သူ လျင်မြန်စွာဖြင့် သူမလက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်ခဲ့ကာ သူမအားတားမြစ်လိုက်လေသည်. – " ရှန်းရှန်း.. ရှန်းရှန်း.. မလုပ်နဲ့!"


သူမ မရပ်မချင်း သူဆက်အော်ပြောနေလိုက်သည်. လင်ရှန်းက အသက်တစ်ချက်ရှူထုတ်လိုက်ကာ လည်ချောင်းသံတစ်ခုနဲ့ ပြောလိုက်တယ်.- " ဘာလို့လဲ"


" မင်း ဆေးအခပ်ခံထားရတယ်၊ အရမ်း လျှောက်မလုပ်လိုက်နဲ့နော်၊ စိတ်ကိုအေးအေးထား!" လိန်ဖန်က စိတ်ပါနေပေမယ့်လည်း သူ့ရဲ့ကျင့်ဝတ်တစ်ဖက်ခြမ်းကတော့ သူ့ဦးနှောက်ထဲတွင် နေရာများစွာ ယူထားခဲ့လေသည်. လင်ရှန်းကို သတိပေးဖို့ သူ့စိတ်ခံစားချက်တွေကို ဖိနှိပ်ခဲ့ပါတယ်။


လင်ရှန်းကတော့ တကယ့်ကိုပင် လင်ရှန်းပင်.. သူမ ထိန်းမရနိုင်အောင် ဒေါသထွက်သွားခဲ့ကာ.- 'ရှင့်ခေါင်းကြီးပဲ အေးအေးထားနေလိုက်ပါလား! အရင်တုန်းက ရှင်အရမ်းအအေးလွန်နေတာကြောင့်လေ.. ကျွန်မမှာတော့ အခြားတစ်ယောက်နဲ့တောင် လက်ထပ်လိုက်လုနီးပါးဖြစ်သွားခဲ့တာ.. ဒီအခွင့်အရေးက အရမ်းရှားတာပဲကို.. အကောင်းဆုံးအချိန်တွေ နေရာတွေဘာတွေ ရွေးမနေနိုင်တော့ဘူး.. ဒါပေမယ့်လဲ ကျွန်မတို့နှစ်ယောက်လုံးက ဒီနေရာထိတောင် ရောက်နေပြီပဲလေ.. ကျွန်မတို့နောင်တမရခင် ကျွန်မတို့ မြန်မြန်လုပ်မှကို ရမယ်!'


Tobe continued......