Chapter 84***
Viewers 9k

အပိုင်း(၈၄)***


(*** ပြထားပါတယ်။ Esubအတိုင်းအတိအကျပဲ ပြန်ထားပါတယ်ရှင့်။ )


...........


ဆေးမိထားတာကြောင့်ပဲလား လင်ရှန်း၏အတွင်းစိတ်စွမ်းအားကြောင့်ပဲလားတော့ မသိပေ. ဒီတစ်ခါမှာတော့ လင်ရှန်းက သူ့တစ်ကိုယ်လုံးကိုပုံပြီးတော့ ပေးအပ်နေလေသည်. လိန်ဖန်ရဲ့တုံ့ပြန်ချက်ကိုတောင်မှ မစောင့်နိုင်တော့ဘဲနဲ့ သူမက လိန်ဖန်အား ထပ်မံ၍ ပြင်းပြင်းပြပြဖြစ်စွာနဲ့ အငမ်းမရဝါးမျိုနေလေသည်. အဲဒီနောက်မှာတော့ လိန်ဖန်က သူမမျက်နှာလေးကို ဆွဲယူလိုက်ရကာ နက်ရှိုင်းသည့်အသံနှင့် - "ရှန်းရှန်း... မင်း တကယ်ပဲ ဒီလိုလုပ်ချင်နေတာ သေချာပါတယ်နော် ကိုယ့်ကိုပြောပေးပါ"


လင်ရှန်းက သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးတော့ ပြောလိုက်လေတယ်.- " ကျွန်မ လုပ်မယ်! ပုလဲတစ်လုံးထက်တောင်မှ စစ်မှန်သေးတယ်!" သူမ စကားပြောလို့မဆုံးခင်မှာပဲ လိန်ဖန်က သူမကို လှဲချလိုက်ပြီးတော့ သူမအပေါ်တွင် နေရာယူလိုက်လေသည်။


အရင်ကထက်စာရင် အနမ်းက ပိုမိုလို့ အတွင်းကျကျနဲ့ များစွာနက်ရှိုင်းလို့လာခဲ့သည်. ဒီတစ်ကြီမ်တွင်တော့ လိန်ဖန်ရဲ့နှုတ်ခမ်းသားက ခွဲခွာသွားမည့်ရည်ရွယ်ချက်မျိုး လုံးဝမရှိခဲ့ပေ. အဲဒီအစား သူကဖြည်းဖြည်းချင်းဖြင့် သူ့အနမ်းအား သူမပါးပြင်ပေါ်ဆင်းသက်လိုက်သည်. သူ သူမလည်တိုင်တွင်လည်း ကိုက်ရာသေးသေးလေးတစ်ခုကိုလည်း ချန်ရစ်ထားလိုက်ခဲ့ကာ.......


လင်ရှန်း သူမကိုယ်သူမ အမြင့်ရောက်သွားသလို ခံစားလိုက်ရသည်. သူမစိတ်က ဟာလာဟင်းလင်းဖြစ်သွားပြီးတော့ သူမကိုယ်ခန္တာကလည်း ထိန်းချုပ်မှုလွတ်ထွက်သွားသလိုပင်. သူမလက်မောင်းတွေနဲ့ လိန်ဖန်ရဲ့လည်တိုင်းကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားနေလေသည်. ဒါပေမယ့် ခဏကြာပြီးနောက်မှာတော့ တစ်ခုခုတော့ မှားနေပြီဆိုတာ သူမနားလည်လိုက်လေသည်. သူမတို့က ဘာဖြစ်လို့ နမ်းဘဲဆက်နမ်းနေရတာလဲ။ အနဲဆုံးတော့ အဝတ်လေးဘာလေးချွတ်သင့်တယ်မဟုတ်ဘူးလား။ သူမက သိချင်စိတ်နဲ့ သူမမျက်လုံးကိုဖျတ်ခနဲဖွင့်ကြည့်လိုက်တော့ လိန်ဖန်တစ်ယောက် ဘဝင်မကျသလိုမျိုး မျက်မှောင်ကြုတ်နေတာကို သတိထားမိသွားလေသည်. သူ့ကိုကြည့်ရတော့ ဘာဆက်လုပ်ရမှန်း မသိတော့ပုံစံပါပဲ။


ရှေးခေါတ်အခါက လူပျိုတစ်ယောက်အတွက်ကတော့ တကယ့်ကိုပဲ ကံဆိုးတဲ့အဖြစ်လေးတစ်ခုပင်. ဘယ်သူကမှလဲ သင်ကြားပေးမယ့်သူမရှိ.. ပွန်းစာအုပ်တွေလဲ ဖတ်ဖို့မရှိနဲ့ ပွန်းကားတွေလဲကြည့်စရာမရှိလို့လေ! သူ့ဘာသာသူ ဘယ်လိုလုပ်ပြီးတော့ သင်ကြားလို့ရမှာလဲ။ အရမ်းကို ခက်ခဲမှာတော့ ကျိန်းသေပေါက်ပင်. ဒီလို အခြေအနေမျိုးအောက်မှာတော့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မော်ဒန်ကမ္ဘာက လင်ရှန်းကတော့ ပိုမိုသင်ကြားပြသပေးခြင်းခံခဲ့ရတာတော့ သေချာလေသည်။


'ပြဿနာမရှိဘူး! ကျွန်မတို့ ဝက်သားလုံးဝမစားဖူးတာတောင်မှ ကျွန်မတို့ ဝက်တွေပြေးလွှားတာကို မြင်ဖူးတာပဲလေ!? ကျွန်မက စာအုပ်အတိုင်းပဲလိုက်လုပ်လိုက်မှာပေါ့.. တစ်ကြိမ်ကို တစ်လှမ်းလှမ်းမယ်! ကျွန်မတို့ အဲဒီနေရာကိုတော့ ရောက်မှာပဲလေ!'


စွမ်းအားတစ်ခုကထိုးတက်လာသလို လင်ရှန်းခံစားလိုက်ရကာ သူမဝတ်ရုံလက်စကို မတင်လိုက်ပြီးတော့ လိန်ဖနအဝတ်တွေအား စတင်ခွာချွတ်လိုက်လေသည်. စက္ကန့်ပိုင်းအတွင်းမှာပဲ သူမ အကုန်လုံးပြောင်စင်ကို ချွတ်ချပြီးလိုက်လေသည်. လိန်ဖန်၏သန်မာထွားကြိုင်းသော ကြွက်သားနဲ့ရင်အုပ်ကထွက်ပေါ်လို့လာခဲ့တော့ လင်ရှန်းတစ်ယောက် မူးဝေလို့သွားတော့သည်. ဆေးအရှိန်က ထပ်မံအစွမ်းပြလာကာ သူမသွားရည်တွေကို မြိုချလိုက်ကာ ရက်စက်ကြမ်းကြုတ်သည့်သားရဲအသွင်ဆောင်သွားခဲ့ကာ......


ဖြစ်စဉ်ကဘယ်လိုပင်လွန်စွာမှ မချောမွေ့ပေမယ့်လည်း... လှုပ်ရှားမှုတွေက အရမ်းပင်စံနှုန်းမကျပေမယ့်လည်း... သူတို့တွေ ထိုအရာကို အဆုံးအဆမရှိ လုပ်ဆောင်ခဲ့ကြလေသည်။


လိန်ဖန်ရဲ့မွေးရာပါပစ္စည်းက ထောင်မတ်လာပြီးတော့ သူမကိုယ်ထဲသို့ ထိုးသွင်းဝင်ရောက်သည့် အခိုက်တွင်တော့ လင်ရှန်းတစ်ယောက် နာကျင်မှုတစ်ခုကို တဒုတ်ဒုတ်နဲ့ခံစားလိုက်ရလေသည်. သူမ အော်ဟစ်ပစ်လိုက်ချင်ပေမယ့် အဲဒီအစား ညီးထွားလိုက်ခဲ့သည်. ထိုအသံက အလွန်အားရကျေနပ်နေလေသည်။


မိန်းမောရိဝေစွာနဲ့ ကောင်းကင်ကြီးကို သူမကြည့်ရှုနေခဲ့သည်. မိုးကောင်းကင်ကြီးက အဆုံးအဆမရှိသော ကြယ်ရောင်စုံများနဲ့ ပြည့်နှက်နေလေသည်. ကြယ်ရောင်စုံတွေက တဖြည်းဖြည်းချင်း တစ်ခုချင်းစီက သူမ သူငယ်အိမ်ထဲသို့ အလင်းပြန်နေခဲ့သည်. အတွင်းစိတ်နက်နက်ထဲတွင်‌တော့ ထိုအရာက သူမရဲ့အမှတ်တရများထဲတွင် မေ့ပျောက်လို့မရနိုင်ဆုံးဖြစ်သော အမှတ်တရတစ်ခု ဖြစ်ခဲ့ကာ......


..........


ဆောင်းဦးရာသီ၏ အစောပိုင်းကာလဖြစ်ပေသည်. လေအဝေ့က သစ်ရွက်ခြောက်အဝါလေးတစ်ရွက်ကို လေထဲတွင် ပတ်ချာလှည့်၍ ဝဲပျံနေခဲ့ကာ လင်ရှန်းမျက်နှာပေါ်သို့ ကျဆင်းသွားခဲ့လေသည်. သစ်ရွက်ခြောက်လေးတစ်ရွက်က သူမအား အိမ်မက်ထဲမှ လန့်နိုးလာအောင် လုပ်လိုက်တော့လေသည်။


လင်ရှန်း သူမ၏မျက်စိကို ဖွင့်ကြည့်လိုက်ကာ ပတ်ချာလည်အား ဝေ့ဝဲကြည့်လိုက်ပြီးတော့ သူမမျက်နှာက ချက်ချင်းပင် အနီရောင်သို့ပြောင်းသွားတော့သည်. သူမက လိန်ဖန်၏လက်မောင်းထဲတွင် ခရုပက်ကျိလေးတစ်ကောင်လို ဖြစ်နေပါရောလား။


'ဒါစစ်မြေပြင်တစ်ခုပဲ.. စစ်မြေပြင်တစ်ခုပဲလို့ ကျွန်မ ရှင့်ကိုပြောလိုက်မယ်!' လုပ်ငန်းစဉ်က တကယ်တမ်းကျတော့ ကျွန်မ စိတ်ကူးထားတာနဲ့ အတော်လေးကွဲပြားခြားနားတယ်။ စာအုပ်ထဲက ပြောထားသလောက်လဲ သိပ်ကောင်းတယ်လို့လဲ မခံစားရဘူး..... ဒါပေမယ့်လဲ ကျွန်မတို့ အဲဒါကို လုပ်ခဲ့တယ်! ကျွန်မတို့ အကုန်လုံးလုပ်သွားပြီးတော့ ကျွန်မတို့မှာ ရှိတဲ့အရာအားလုံး ပေးဆပ်လိုက်ရတာပဲ.. အခုထက်ထိတောင်မှ မနေ့ညကဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတိုင်းကို ကျွန်မကွက်ကွက်ကွင်းကွင်းကြီးကို သတိရနေတုန်းပဲနော်... ရှင်ပြောတဲ့စကားလုံးတိုင်းနဲ့ ကျွန်မတို့အသားချင်းထိတွေ့မိတဲ့အခေါက်တိုင်းကိုလဲ......


ဒီလိုတွေးတောလိုက်ပြီးတော့ လင်ရှန်း သူမနှာခေါင်းထိပ်ဝက စီးဆင်းလာတဲ့ဖိအားတစ်ခုအား သူမခံစားလိုက်ရကာ သူမ နှာခေါင်းတစ်ဖက်ပေါက်မှ နှာခေါင်းသွေးယိုစီးကျလာတော့လေသည်။


လိန်ဖန်က လင်ရှန်းရဲ့ဟိုလှုပ်ဒီလှုပ် လုပ်လိုက်တာကြောင့် နိုးလာခဲ့သည်. သူ့ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ လင်ရှန်း၏နှာခေါင်းတစ်ဖက်မှ သွေးတွေယိုစီးကျနေတာကို တွေလိုက်ရလေတော့ သူ တုန်လှုပ်သွားခဲ့တော့တယ်.- "ဘာဖြစ်တာလဲ" သူ အရမ်းစိုးရိမ်သွားခဲ့ကာ သူ့ရဲ့လက်ကိုင်ပုဝါအား အမြန်ဆွဲယူလိုက်ကာ သူမမျက်နှာလေးကို သုတ်ပေးလိုက်ခဲ့သည်။


လိန်ဖန် သူမမျက်နှာကိုသုတ်ပေးနေတာကို လင်ရှန်းမရုန်းလိုက်ခဲ့ပေ. သူက အလွန်ပင်အာရုံဝင်စားစွာဖြစ်နေခဲ့တော့ သူမလဲ သူ့အားငေးစိုက်ကြည့်လိုက်ကာ အချစ်ရှုးတစ်ယောက်လို ပြုံးနေလိုက်လေသည်။


မကြာမီပင် လင်ရှန်း၏အပြုံးကြောင့် လိန်ဖန်ပင်လျှင် အနည်းငယ်လေးရှက်ရွံ့သွားလေသည်. မနေ့ညက ဖြစ်ပျက်ခဲ့တာကို သူတွေးမိသွားတော့ သူ့မျက်နှာက စတင်ပြီးတော့ နီမြန်းလာတော့တယ်. ထိုအချိန်တွင်တော့ သူ့မျက်လုံးထောင့်စွန်းထဲကမှ မနေ့ညက ချွတ်ပစ်ထားတဲ့ လင်ရှန်းအဝတ်တွေကို သူဝိုးတိုးဝါးတား သတိထားမိလိုက်လေတယ်. သူရုတ်တရက်ကြီး သူမရဲ့ပျိုရွယ်နုနယ်မှုတွေကို ပြန်စဉ်းစားမိလိုက်တော့ မနေ့ညက မှတ်ဉာဏ်တွေက ဒီရေလှိုင်းတစ်ခုလိုမျိုး ဝေါခနဲမြင့်တက်လာခဲ့တော့သည်. ထိုအရာက သူ့ကိုယ်အပူချိန်အား အပူချိန်အမှတ်တော်တော်များများပင် ထိုးတက်လို့သွားစေတော့သည်။


လိန်ဖန်က ချက်ချင်းပင် မျက်လုံးချင်းဆုံမှာကို ရှောင်ရှားလိုက်ပြီးတော့ အဝတ်တွေကို ကောက်ယူလိုက်သည်. သူက လင်ရှန်းကို မတ်တပ်ရပ်နိုင်အောင် ဖေးမပေးလိုက်ပေမယ့် လင်ရှန်းက သူ့လက်ကို ပယ်ချလိုက်တယ်. အဲဒီအစားသူမက သူမလက်တွေနဲ့ သူ့လည်ပင်းကို တွဲခိုလိုက်ကာ သူ့အား နောက်တစ်ကြိမ်ခုန်အုပ်လိုက်တော့သည်။


ထိုအရာကတော့ မနက်ခင်းအနမ်းတစ်ခုလိုတော့ လုံးဝမညင်သာနိုင်ခဲ့ပါဘူး. လင်ရှန်းက သူ့အပေါ်တွင် ထိုင်မိလျက်သားပင်. သူမခြေထောက်တွေက သူ့၏ခါးတွင်ချိတ်ကာ သူတို့ခန္တာကိုယ်ချင်းကလဲ ကော်ကပ်နေသလိုတွဲကပ်နေလေသည်. လိန်ဖန်ကတော့ အောက်ဘက်တွင်ရှိနေစဉ်မှာတော့ သူမက အပေါ်တွင်ရှိနေလေသည်. ယုံမှားဖွယ်မရှိတဲ့နယ်ပယ်တစ်ခုကတော့ ဒီလိုမျိုးစိတ်လှုပ်ရှားစရာအခြေအနေကို မကိုင်တွယ်နိုင်ခဲ့ဘဲနဲ့ နောက်ထပ်စတင်ပြီးတော့ တုံ့ပြန်လာခဲ့တော့သည်။


လင်ရှန်းက ရုတ်တရက်ကြီးရပ်တန့်လိုက်သည့်အချိန်တွင်တော့ ကျိုးပျက်တော့မည့်ဆဲဆဲလိုပင် ပုံပေါက်သွားခဲ့သည်. သူမ မျက်လုံးထဲတွင် ကျီစယ်သည့်အလင်းရောင်ဖျော့တော့တော့လေးတစ်ခုရှိနေခဲ့ကာ သူမက အဆိုပြုလိုက်လေသည်.- " ရှင် ကျွန်မကို အရာအားလုံးပြောပြရင် ပိုကောင်းလိမ့်မယ်နော်.. မဟုတ်ရင်တော့ ကျွန်မတို့ ဆက်မလုပ်တော့ဘူးပဲ!"


'အိုးမို့အိုးမို့... သူမက တစ်ညတည်းနဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုခြိမ်းခြောက်ရမလဲဆိုတာပါ သိသွားပြီလေ.. ဘယ်လောက်တောင်မှ စမတ်ကျလိုက်တဲ့ကောင်မလေးလဲ။'


သူ ရယ်ဘဲရယ်သင့်လား ငိုပဲငိုသင့်လားလို့တောင် လိန်ဖန်မသိတော့ပေ. သူ့ပစ္စည်းကို တိုးလို့တန်းလန်းနဲ့ အလယ်မှာရပ်ထားတာကတော့ မလွယ်ကူခဲ့ပေ. ဒါပေမယ့် သူ လင်ရှန်းရဲ့ဒေါသကိုသိနေခဲ့တော့ သူရှင်းရှင်းလင်းလင်းမလုပ်နိုင်ခဲ့ရင် သူမက အနာဂတ်မှာဒီလိုပုံစံမျိုးနဲ့ပဲ သူ့ကို မကြာခဏခြိမ်းခြောက်တော့မှာတော့ သူသိလေသည်. သူ့မွေးရာပါပစ္စည်းကံကြမ္မာအတွက် လိန်ဖန် ဝမ်းနည်းစွာနဲ့ သူ့အပေါ်မှ သူမကို ချလိုက်ရလေသည်။


"ပြောရရင် အရှည်ကြီးပဲ.. မင်းအဝတ်တွေကို အရင်ဝတ်လိုက်နော်.. ကိုယ် မင်း အအေးပတ်သွားမှာ မလိုချင်ဘူး"


သူမက နှုတ်ခမ်းစူလိုက်ပေမယ့် နာခံစွာဖြင့် သူမနောက်က အဝတ်တွေကို ယူဝတ်လိုက်တယ်.. သူမက မနေ့ညက မင်္ဂလာဆောင်ဝတ်စုံရဲ့ အတွင်းဝတ်ကို ဝတ်လိုက်ပေမယ့် အင်္ကျီဒီဇိုင်းက သူမဘာသူမ ဝတ်ရတာ အလွန်တရာပင် ရှုတ်ထွေးနေခဲ့တော့ လင်ရှန်းတစ်ယောက် စတင်ပြီးတော့ ပွစိပွစိလုပ်လိုက်တော့တယ်.- " ကျွန်မ ကျိန်ဆိုရဲတယ်... အခုကနေစပြီးတော့ ကျွန်မ ယောကျ်ားလေးတစ်ယောက်ပဲ လုပ်တော့မယ်.. မိန်းကလေးတစ်ယောက်လို အဝတ်စားဝတ်ကတာ တော်တော်အလုပ်ရှုတ်တာပဲ"


ရုတ်တရက် လိန်ဖန်က သူမလက်ကိုဆွဲလိုက်ကာ သူမအင်္ကျီကြယ်သီးတွေကို ကူတပ်ပေးလိုက်တယ်. သူ့မျက်လုံးတွေကို ကြည့်ရသည်မှာ အလွန်ညင်သာနူးညံ့နေကာ.- " မိန်းကလေးလိုဝတ်တာက မင်းနဲ့ ပိုပြီးသင့်တော်ပါတယ်.၊ မင်းက အမျိုးသမီးတစ်ယောက်နဲ့တောင် တူသွားတယ်။"


လင်ရှန်းတစ်ယောက် အချိုတွေလွန်လွန်ကဲကဲစားလိုက်မိသလို ချိုမြိန်သွားခဲ့ပေမယ်. သူမနှုတ်ခမ်းကတော့ ဆက်ထော်လန်ထားလိုက်သေးကာ.- "ရှင်က ကျွန်မယောက်ျားဆန်တယ်လို့ပြောနေတာလား။ ကျွန်မက ကြည့်မကောင်းဘူးပေါ့လေ။"


" ကိုယ် အဲလိုမျိုးရည်ရွယ်တာမဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့......"


သူ ဘယ်လောက်တောင် စိုးရိမ်နေလဲဆိုတာကို တွေ့လိုက်ရတော့ လင်ရှန်း သဘောကျစွာ တစ်ခစ်ခစ်ရယ်မောလိုက်ကာ- " ကျွန်မ တမင်တကာပြောလိုက်တာ...ကျွန်မလဲ မယုံ.....အွန်း....."


သူမ အနမ်းခံလိုက်ရလေသည်။


ထို့နောက် လိန်ဖန်က သူမဝတ်ရုံအား သပ်သပ်ရပ်ရပ်ဖြစ်သွားအောင်လုပ်ပေးလိုက်ပြီးတော့ ပျော့ပြောင်းစွာပြန်ပြောလိုက်တယ်.- " ငါ ကတော့ တမင်တကာ နမ်းလိုက်တာ"


လင်ရှန်း..- "................"


ဝတ်ရုံနောက်ဆုံးအထပ်ကတော့ တောက်ပသစ်လွင်သည့် အနီရောင်ဝတ်ရုံပင်ဖြစ်သည်. လိန်ဖန်က ထိုဝတ်ရုံကိုတော့ လင်ရှန်းအား ထပ်ဝတ်မပေးခဲ့ပေ. အဲဒီအစား သူ့ဘေးကိုသာ လွှင့်ပစ်လိုက်ခဲ့သည်။


လင်ရှန်းတစ်ယောက် စိတ်ထဲမကောင်းဖြစ်သွားရကာ.- "အဲဒါကို လွှင့်မပစ်ပါနဲ့၊ ပစ္စည်းတွေက အများကြီးအဖိုးတန်တာပဲကို၊ ကျွန်မ ယူသွားပြီးတော့ လျှော်လိုက်မယ်၊ နောက်တစ်ခါ ကျွန်မ လက်ထပ်တဲ့အခါကျရင် ကျွန်မအဲဒါကို ထပ်ပြီးတော့ဝတ်......"


သူမ ပြောပြောဆိုဆိုနဲ့ ဝတ်ရုံကို ပြန်ကောက်ယူမလို့ လုပ်လိုက်ခိုက်တွင် လိန်ဖန်က သူ့ဓားရှည်အား ရွှမ်းခနဲဆွဲထုတ်လိုက်ခဲ့ကာ ဝတ်ရုံအားမြှောက်လိုက်ကာ လေထဲတွင် နှစ်ကြိမ်ခုတ်ဖြတ်လိုက်လေသည်. ပွဲတက်မင်္ဂလာဝတ်ရုံက အပိုင်းအပိုင်းအစအစဖြစ်သွားတော့လေသည်.- "နောက်တစ်ခါကျရင် မင်းက ကိုယ့်သတိုးသမီးဖြစ်သွားပြီ.၊ အခြားတစ်ယောက်ရဲ့မင်္ဂလာဝတ်ရုံကို ဝတ်စရာမလိုဘူး"


လိန်ဖန်လေသံ၏ အေးစက်မှုကြောင့် လင်ရှန်းတစ်ယောက်ရှော့ရသွားတော့လေသည်. သူမက ရုတ်တရက် တစ်ခုခုကို နားလည်သွားသလို ရှိလိုက်သည်။


'ဒီလူက စကားတွေအများကြီးမပြောပေမယ့်လဲ သဝန်မတိုတတ်ဘူးလို့တော့ မဆိုလိုဘူးပဲ..' နောက်ဆုံးတစ်ခါတုန်းက သူမ တောင်ပေါ်ဓားပြတွေနဲ့ မတော်တဆဖြစ်ရပ်ဖြစ်ကတည်းက သူမ ပြောနိုင်နေလေသည်။


လင်ရှန်းက တံတွေးတွေကို မြိုချလိုက်တော့သည်. သူမက ဈေးကြီးတဲ့ဝတ်ရုံကိုသာ ဆက်ပြီး နှမြှောတသစွာစိုက်ကြည့်နေလေသည်. အလားဟသတ်ဖြစ်သွားပြီပေါ့။


"သွားရအောင်!" လိန်ဖန်က လင်ရှန်းလက်ကို ဆွဲလိုက်ခဲ့သည်. "ဝူရင်က အနီးနားမှာပဲ ရှိနေဦးမယ်၊ ကိုယ်တို့ စကားပြောရင်း သွားကြတာပေါ့"


Tobe continued.....