Chapter 85
Viewers 9k

အပိုင်း(၈၅)


သူတို့တွေ လမ်းတွင်ပဲ 'ဝူရင်း' ကိုရှာတွေ့သွားကြကာ လိန်ဖန်က အဖြစ်ပျက်အကြောင်းစုံတွေကို လင်ရှန်းအား ရှင်းလင်းပြောကြားလိုက်ခဲ့လေတယ်။


အင်ပါယာ အပြင်းအထန်နေထိုင်မကောင်းဖြစ်တုန်းက လိန်ဖန်က နဂါးနက်တောင်တွင် ဖြေဆေးအားရှာဖွေရန် အမိန့်ပေးလိုက်ခြင်းခံလိုက်ရလေသည်. သူတို့စိတ်ထဲတွင်တော့ သူနဲ့တုဟောင်တို့ နှစ်ဦးလုံးပင် သိနေခဲ့တာက တုရီရဲ့ရည်ရွယ်ချက်တွေက သွေးရိုးသားရိုးမဟုတ်ခဲ့တာပဲဖြစ်လေသည်. တုရီသည် အကြီးဆုံးမင်းသားတစ်ယောက်ဖြစ်လေသည်. သို့ပေမယ့် သူ့မှာက နယ်ခြားပတ်ပတ်လည်တွင် အမြဲလိုလို နေထိုင်နေခဲ့ရလေသည်. အင်ပါယာ အလွန်နေမကောင်းဖြစ်တာကြောင့်ဆိုပြီးတော့ အရေးပေါ်လာသည့်အချိန်တွင်မှ သူပြန်ရောက်လာခဲ့တာက တိုက်ဆိုင်မှုတစ်ခုဆိုတာတော့ သေချာပေါက်ဖြစ်နိုင်ချေမရှိချေ. ဖြစ်နိုင်တာက တုရီက အင်ပါယာရဲ့ကောက်ခါငင်ခါထဖြစ်သည့် ဖျားနာမှုတွင် တစ်ခုခုနဲ့တော့ ပါဝင်ပတ်သတ်နေမှာက ပိုဖြစ်နိုင်ချေရှိပေသည်။


ထိုအချိန်တွင် တုရီက နန်းမြို့တော်သို့ စစ်သည်တော်တစ်သောင်းနဲ့အတူ ပြန်ရောက်ချလာခဲ့လေသည်. တုရီ၏စစ်သည်တော်တွေက နန်းမြို့တော်အပြင်ဘက်တွင် စခန်းချထားခဲ့လေသည်. တုဟောင်တွင်သာ နန်းမြို့တော်ကို စောင့်ကြပ်နေတဲ့ လူတစ်ထောင်နီးပါးသာရှိမယ်ဆိုရင်တော့ ထိုအရာကတော့ အရမ်းကြီးစိတ်ပူစရာတော့ မဟုတ်ပေ.. အကယ်၍ အင်ပါယာသာ သေဆုံးသွားခဲ့မယ်ဆိုရင်တော့ တုရီက ရွှေနန်းတော်ကို စီးနင်းဝင်ရောက်ပြီးတော့ နောက်တက်မည့် အင်ပါယာ ဖြစ်လာဖို့ ပုန်ကန်မှာကတော့ မလွဲဧကန်ပင်. ဒီလိုအခြေအနေမျိုးအောက်မှာတော့ တုဟောင်ဘက် ရှုံးနိမ့်မှာတော့ အသေအချာပင်ဖြစ်လေသည်။


ဒီလိုမျိုးအရေးပေါ်နေခိုက်တွင်မှ လိန်ဖန်က ဖြေဆေးကို သွားရှာရတာက ဇာတ်လမ်းကို နောက်တစ်ပြန် ကျိန်းသေပေါက် အလှည့်ပြောင်းနိုင်ပေလိမ့်မည်. ဒါပေမယ့် သိသာတာကတော့ တုရီက သူ့နှစ်ပေါင်းများစွာ ကြံစည်လာခဲ့ရသော သူ့ရဲ့ထီးနန်းကိုလောဘတက်နေသည့် အကြံစည်ကိုတော့ လိန်ဖန်အား ဖျက်စီးခွင့်ပြုလိမ့်မည်မဟုတ်ပေ. ဒါ့ကြောင့် လိန်ဖန်နန်းတော်ထဲက မထွက်ခင်ကတည်းက သူ့လက်အောက်ကလူတစ်ယောက်အား လိန်ဖန်၏အဖွဲ့ထဲသို့ ထည့်ထားနှင့်ပြီးလေသည်။


ပန်းတိုင်ကတော့ လိန်ဖန်အား အသက်ရှင်လျက်ပြန်မလာစေဖို့ သေချာဖို့ပဲဖြစ်လေသည်. ဒါကပဲ သူတို့ရဲ့ခရီးစဉ်အတွင်းမှာ ဘာကြောင့် သစ္စာဖောက်တစ်ယောက် ရှိနေရလဲဆိုသည့် အဖြေဖြစ်ပေသည်။


ဒါပေမယ့် ထိုသစ္စာဖောက်က အပြင်ဘက်ကနေသာ ထွက်ပေါ်လာခဲ့တာသာလျှင်ဖြစ်သည်. တုရီက တုဟောင်ကို လျှော့တွက်ခဲ့လေသည်. အမှန်ကတော့ တုဟောင်က တုရီအတွက် သည်တစ်လျှောက်လုံးပင် ကြိုတင်ပြင်ဆင်နေခဲ့လေသည်. သူက နန်းမြို့တော် အစွန်အဖျားနားတွင် စစ်သည်တော်နှစ်ထောင်အား ကိုယ်ရောင်ဖျောက်ပြီးတော့ လူသူမသိအောင် လေ့ကျင့်သင်ကြားပေးနေခဲ့တာပဲဖြစ်သည်။


နှစ်ထောင်ဟူသောပမာဏက မများပြားပေမယ့်လဲ ဒီစစ်သားတွေက ကျွမ်းကျင်မှုရှိပြီးတော့ အမိန့်နာခံမှုရှိကြလေသည်. သူတို့က လျို့ဝှက်လုပ်ငန်းများစွာတွင်လဲ ပူးပေါင်းပါဝင်ကြပြီးတော့ လုပ်ဆောင်ချက်မှာလဲ လွန်စွာကောင်းမွန်လေသည်. သူတို့တတွေမှာ စွမ်းဆောင်နိုင်စွမ်းနှင့် တိုက်ပွဲစစ်ထိုးရာတွင် အင်အားကြီးမာလာကတည်းက သူတို့ကို "စွမ်းအားရှင်တပ်မ" လို့တောင် အမည်ခေါ်တွင်ကြတာပင်ဖြစ်သည်။


သို့သော်လည်း ဒီကိုယ်ယောင်ဖျောက်ထားတဲ့စစ်သားတွေက အလွန်သိုသိပ်ကြလေသည်. တုဟောင်က စစ်တပ်နှင့်ပြန်ရောက်လာကတည်းက သူတို့တတွေက တစ်စွန်းတစ်စမှ သဲလွန်စမကျန်ရှိဘဲ ပျောက်ကွယ်သွားကြလေသည်. တကယ့်အဖြစ်မှန်ကတော့ တုဟောင်က သူတို့ကို သူ့ရဲ့နောက်လာမည့်အစီအစဉ်အတွက် ဝှက်ထားလိုက်တာပဲဖြစ်သည်. အမှားအယွင်းတစ်ခုခုသာရှိခဲ့ရင်တော့ သူတို့ကို အသုံးပြုရမည့် အချိန်တန်လာမည်ဖြစ်သည်။


ဒါပေမယ့်လဲ တုရီကလည်း တုံးအနေသည့်လူမဟုတ်ပေ. ဘုရင်တစ်ပါးဖြစ်လာမည့် သူ့အစီအမံ ကျရှုံးခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ရွှေနန်းတော်အနှံ့တွင် သူ့၏သူလျှိုတွေကို ဖြန့်ကျက်ထားခဲ့ပါတယ်. ခြင်တစ်ကောင်တောင် သူ့မြင်ကွင်းထဲမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ. နန်းတော်အပြင်ဘက်က မည်သူတစ်ဦးတစ်ယောက်နှင့်ရော ဆက်သွယ်နိုင်လိမ့်မှာတဲ့လဲ။


ထိုအချိန်တွင်မှ လိန်ဖန်က သူ၏ပုံရိပ်အစစ်မှန်ကို တုဟောင်ထံတွင် ထုတ်ဖော်လိုက်ခဲ့လေသည်. တကယ်တမ်းတော့ ထိုအရာက တုဟောင်အတွက်တော့ အကျိုးရှိလာပေသည်. လိန်ဖန်က သူနဲ့ အလဲအလှယ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ခဲ့သည်. အလဲအလှယ်ကတော့ လိန်ဖန်က တုဟောင်အား နောက်တက်လာမည့် အင်ပါယာဘုရင်ဖြစ်လာအောင်လို့ ထောက်ပံ့ကူညီဖို့နှင့် သူ့အား အနှောက်အယှက်ပေးနေသော ရန်သူတွေကို ရှင်းလင်းပေးဖို့ ဆန္ဒရှိနေသရွေ့ နောက်ပိုင်းတွင် သူနှင့်လင်ရှန်းကို တရားဝင်လွတ်လပ်ခွင့်ပေးလိုက်ဖို့ရန်ပင်ဖြစ်လေသည်. ဒါကပဲ သူ့ဘာကြောင့်.- "ကျုပ် ခင်ဗျားကို လူတစ်ယောက်အတွက်နဲ့ လောကကြီးတစ်ခုလုံးကို ဆောင်ကျဉ်းပေးနိုင်တယ်" လို့ပြောလိုက်တာပဲ ဖြစ်လေသည်။


တုဟောင်ကလဲ ထက်မြက်သည့်လူတော်တစ်ယောက်ပင်. တကယ်လို့ အာဏာနဲ့အချစ်ကိုသာ ရွေးချယ်ခိုင်းခဲ့ရင်တော့ နောက်ဆုံးတွင်တော့.. သူကမိန်းကလေးတစ်ယောက်အတွက်နဲ့ အရှုံးပေးမည့်လူ တစ်ယောက်မဟုတ်ခဲ့ပေ. ထို့ကြောင့် သူက လိန်ဖန်၏အဆိုပြုချက်ကို လက်ခံခဲ့လိုက်တယ်. သူတို့က အတူတကွပူးပေါင်းလိုက်ကြပြီးတော့ လိန်ဖန်၏သေဆုံးခြင်းကို သတင်းပို့လိုက်ခဲ့သည်. ထို့နောက်တွင်တော့ လိန်ဖန်က သူ့ရဲ့လျို့ဝှက်အင်အားစုတွေနဲ့ ဆက်သွယ်လိုက်ခဲ့ကာ တုရီ၏တပ်မတော်ကြီးကို ချောင်းမြောင်းတိုက်ခိုက်ခဲ့လေသည်။


တုဟောင်က သူ့တာဝန်အတွက် မှန်ကန်သည့်လူကို ရွေးချယ်ထားခဲ့တာက ရှင်းလင်းသွားလေသည်. လိန်ဖန်က သူနဲ့တစ်ပုံစံတည်းတူကတည်းက လိန်ဖန်အား ကျောက်စိမ်းဆွဲပြားကို ယူဆောင်သွားစေလိုက်ကာ စစ်တပ်ရှေ့တွင် ကိုယ်ထင်ပြလိုက်သည့်အချိန်တွင်တော့ စစ်တပ်၏စိတ်ဓာတ်ခွန်အားတွေက များစွာတိုးတက်လာခဲ့တော့သည်။


နှစ်သောင်းသော စစ်သည်တော်တွေက တောင်ပေါ်ဓားပြအဟောင်းတွေနှင့် တွေ့ဆုံပူးပေါင်းလိုက်ကြပြီးနောက်တွင်တော့ သူတို့တွေနဲ့ ရင်းနှီးကျွမ်းဝင်နေသည့် မြေပြင်အနေအထားက အကောင်းဆုံးချုံခိုတိုက်ခိုက်သည့်အစီအစဉ်ဖြစ်လာတော့သည်. ညတွင်းချင်းမှာပဲ သူတို့တတွေက တုရီရဲ့ စစ်သည်တစ်သိန်းအား အနိုင်ယူတိုက်ထုတ်နိုင်ခဲ့ကြလေသည်။


သူတို့အနိုင်ရလိုက်တာက အလွန်အံဩဘနန်းဖြစ်ရပ်လို့ ထင်လိုက်ရသော်လည်း ထိုဖြစ်ရပ်က အသိတရားတစ်ခုတော့ ပြန်ရလိုက်လေသည်. လိန်ဖန်က အချိန်မှန်နေရာမှန်ကို သူ့အတွက် လုပ်ဆောင်ပေးလိုက်ခဲ့သည်. ပြီးတော့လဲ စစ်သားတွေက သူတို့ရဲ့ "အိမ်ရှေ့စံမင်းသား" နှင့်အတူ ဘေးကနေတစ်လျှောက်လုံး တိုက်ခိုက်ရတာက သူတို့အတွက် အားအင်အပြည့်ဖြစ်သွားခဲ့ကြလေသည်. ထိုစဉ်တွင် သူ့တို့၏ရန်သူတွေကတော့ သူတို့တည်ရှိနေခဲ့တာကိုတောင် မသိခဲ့ကြပေ. သူတို့မှာ အမိန့်ပေးသည့် အကြီးအကဲကလဲမရှိတော့ သူတို့တွေ ကြိုတင်ပြင်ဆင်မထားနိုင်ခဲ့ကြပေ. ထို့ကြောင့်ပင် တုရီ၏စစ်တပ်မတော်က ငါးဆလောက်တောင်ပိုများပြားစွာရှိတဲ့ စစ်သားတွေရှိနေခဲ့ကာမူ ရှုံးသွားရသည်ဆိုတာ အံဩစရာတော့ မဟုတ်တော့ပေ။


သူ့စစ်တပ်၏ရှုံးနိမ့်မှုက တုရီကို အံအားသင့်သွားစေခဲ့သည်. သူကနောင်တက်မည့် အင်ပါယာဘုရင်ဖြစ်တော့မလိုပင် နီးစပ်မှုရှိလာခဲ့သည်။


အမှန်ပင်.. သူဟာ အင်ပါယာ ဖျားနာမှု၏နောက်ကွယ်မှ လူဖြစ်ခဲ့သည်. အကြီးဆုံးမင်းသားတစ်ယောက်အနေဖြင့် သူသည်သာ နန်းတက်မင်းသားဖြစ်သင့်သည်. ဒါပေမယ့် သူ့၏မယ်တော်ဖြစ်သူက သာမာန်အရပ်သူတစ်ယောက်ဖြစ်ခဲ့ကတည်းက သူ့မှာ အခွင့်အရေးမရခဲ့ပေ. အတိတ်တုန်းက သူထင်ထားခဲ့တာက သူသာ သူ့ညီတော်ထက် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ လက်တွေ့ပြနိုင်ခဲ့ရင် အင်ပါယာဘုရင်နှင့် ဘုရင်မက သူတို့စိတ်တွေပြောင်းလဲလာ သူ့ရဲ့တည်ရှိမှုကို တန်ဖိုးထားလာမယ်လို့ပင်။


သို့ပေမယ့် သူ့အထင်အမြင်တွေက မှားယွင်းခဲ့လေသည်။


အင်ပါယာဘုရင်က သူ့ရဲ့ကိုယ်စွမ်းကိုယ်စအောင်မြင်မှုတွေကြောင့် သူ့ကို ပိုပြီးတော့ကောင်းကောင်းမဆက်ဆံခဲ့ရုံသာမက သူ့ကို တုဟောင်ရဲ့ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ထင်မြင်ခဲ့ကာ တော်ဝင်အမိန့်ပြန်တမ်းတစ်စောင်ရေးသားတော်မူ၍ သူ့အားနယ်ခြားစောင့်တပ်သို့ စေလွှတ်လိုက်ခဲ့သည်. အင်ပါယာဟာ မသိရင်တော့ တရားမျှတမှုရှိသယောင်နှင့် (တုဟောင်ကိုလဲ စစ်ထဲလွှတ်တာကိုပြောချင်တာပါတဲ့ရှင့်) တကယ့်အဖြစ်မှန်တွင်တော့ တုဟောင်တွင်သာ စစ်တပ်အာဏာရရှိသွားလေသည်။


သူကတော့ စစ်ဗိုလ်ချုပ်ဆိုသည့် ခေါင်းစဉ်တစ်ခုအောက်မှာ အမည်တပ်ပေးခြင်းခံရသော်လည်း တကယ့်အဖြစ်မှန်မှာတော့ သူ့မှာ လုပ်ပိုင်ခွင့်မရှိပေ. သူဟာ အနောက်မြောက်ဘက်စွန်းနယ်ခြားစောင့်၏ အကြမ်းတမ်းဆုံးအခြေအနေတွေရှိသည့်နေရာကို စေလွှတ်ခြင်းခံခဲ့ရကာ ထိုနေရာတွင် သူ့ဘဝတစ်ခုလုံးကို အရင်းခံလိုက်ရလေသည်။


သူ့အိမ်မက်တွေက သူ့ခမည်းတော်၏ဆုံးဖြတ်ချက်နဲ့တင် လုံးလုံးလျားလျား ကျေမွဖျက်ဆီးခံလိုက်ရလေသည်. နယ်ခြားတွင်ရှိနေသော သူ့အချိန်တွေတွင် တုရီက ပြင်းထန်သောပြောင်းလဲမှုတစ်ခုကို ကျော်ဖြတ်ခဲ့ရလေသည်. သူသည် တဖြည်းဖြည်းဖြင့် ပိုမိုသွေးအေးရက်စက်တတ်လာပြီးတော့ ရုန့်ရင်းခက်ထန်လာခဲ့လေသည်. သူ့တွင်ရှိနေသာ အရာမှန်သမျှကို ပြန်လည်ရယူနိုင်ဖို့ရာကို သူ သစ္စာအဓိဌာန် ပြုခဲ့လေသည်။


ထိုအချိန်တွင် တုရီက အဆိပ်တစ်မျိုးအား မတော်တဆနဲ့ ရှာဖွေတွေ့ရှိခဲ့လေသည်. ဒီအဆိပ်က အရောင်လဲမရှိ အရသာလဲမရှိပေ. ငွေဇွန်းနဲ့တောင်မှ ထိုအဆိပ်အားသက်ရောက်နိုင်စွမ်းမရှိခဲ့ပါဘူး. တစ်စုံတစ်ယောက်က သူ့အား အစာဖြစ်စေ ရေထဲဖြစ်စေ ရောထည့်လိုက်ရင်ဖြင့် နောက်ဆုံးတွင် အဆိပ်က ရောဂါပိုးတစ်မျိုးလိုမျိုး ဖြစ်ပေါ်သွားလေသည်. ဘယ်သူကမှ သူတို့ကိုယ်သူတို့ အဆိပ်ခပ်ခံလိုက်ရတယ်ဆိုတာ သိနိုင်မည်မဟုတ်ပေ။


တုရီက ထိုအဆိပ်အား ရှာဖွေတွေ့ရှိချိန်တွင်တော့ နောက်ဆုံးတွင် အခွင့်အရေးက သူထံသို့ ဆိုက်ရောက်လာကြောင်းကို သူသဘောပေါက်လိုက်ခဲ့လေသည်. သူ့နဲ့တစ်လျှောက်လုံး အတူလုပ်ကိုင်နေသည့် အရေးပါသည့်စစ်ဗိုလ်ချုပ်များနှင့်လူများကို ပြန်ခေါ်ယူလိုက်ကာ စစ်တပ်အာဏာအား ပြန်လည်ကိုင်ဆောင် ခွင့်ရရှိခဲ့လေသည်. ထို့နောက်တွင် သူ့လူတွေအား နဂါးနက်တောင်တွင် အဆိပ်အားစမ်းသပ်ရန် တိတ်တဆိတ်စေလွှတ်လိုက်ခဲ့သည်. သူက ဒီအဆိပ်အား မတူညီသည့်ရာသီဥတုနှင့်နေရာဒေသတစ်ခုတွင်ရော အကျိုးသက်ရောက်မှုရှိသလားဆိုတာ သေချာအောင်လို့ စမ်းသပ်ချင်ခဲ့တာပဲဖြစ်လေသည်။


ပြီးတော့လဲ သူသည် သူ့အားအမြဲတမ်းထောက်ခံပေးခဲ့သည့် မူးကြီးမတ်ရာအိုတွေနဲ့ အဆက်အသွယ်လုပ်လိုက်ခဲ့သည်. တဖြည်းဖြည်းနှင့် သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်တော့ကာ တုဟောင်ရဲ့နေရာတွင် အနာဂတ်အင်ပါယာဘုရင်အဖြစ် အစားထိုးဝင်ရောက်မည်ဖြစ်လေသည်။


တုရီ၏အကြံအစည်က တစ်ဝက်အောင်မြင်ခဲ့လေသည်. သူ့အိမ်မက်ကို ပြီးမြောက်ဖို့ရာ ခြေလှမ်းတစ်လှမ်းသာလျှင် လှမ်းဖို့လိုတော့လေသည်. ဒါပေမယ့် နောက်ဆုံးခြေတစ်လှမ်းတွင်တော့ သူ အလွန်အမင်းကို အောက်ခြေလွတ်ကာ ပြုမူလိုက်ခဲ့လေသည်. သူထင်တာက သူသာလျှင် ကြီးမားတဲ့ပြောင်းလဲမှုတွေကို ကြုံကြိုက်လိုက်ရတဲ့ တစ်ဦးတည်းသောလူ လို့ထင်နေခဲ့လို့ပါပဲ.. တုဟောင်ဟာလဲ သူ့ကိုယ်ပိုင်အတွေ့အကြုံတွေကနေ ပြောင်းလဲလာပြီး အရွယ်ရောက်လာတယ်ဆိုတာကိုတော့ သူနားလည်ဖို့ ရှုံးနိမ့်ခဲ့လေသည်။


ဘာဖြစ်လို့ သူ့ရှုံးနိမ့်ခဲ့ရတာလဲဆိုတဲ့ အကြောင်းပြချက်ကတော့ သူ့က သူ့ကိုယ်သူ အထင်ကြီးလွန်းသွားပြီးတော့ သူ့ရန်သူတွေကို လျော့တွက်ခဲ့မိလို့ပါပဲ။


တုဟောင်က သူ့စစ်တပ်နဲ့ နန်းမြို့တော်ကို ရောက်ရှိလာသည့်အချိန်တွင်တော့ တုရီက နန်းတော်ထဲမှ တိတ်တဆိတ်ပြန်ထွက်ပြေးသွားနှင့်လေပြီ။


ဖြစ်နိုင်တာက သူက နာနာကျည်းကျည်းနဲ့ ပြန်လက်စားချေဖို့ စီစဉ်ထားခဲ့ပေမယ့် သူလုပ်ချင်တာတောင်မှ အခွင့်အရေးက နည်းပါးသွားခဲ့လေပြီ. လတ်တလောအတွက်ကတော့ အင်ပါရာဘုရင်ဖြစ်လာမည့် သူ့အိမ်မက်ကတော့ အိမ်မက်တစ်ခုအနေနဲ့သာ ကျန်ရှိတော့လေသည်။


လိန်ဖန်ရဲ့ရှင်းပြချက်ကိုကြားလိုက်ရတော့ လင်ရှန်းတစ်ယောက် အံ့ဩမှင်သက်စွာနဲ့ တုန်လှုပ်သွားတော့လေသည်. – " အဲဒါဆိုရင် ရှင်ပြောနေတာက ဒီတစ်ချိန်လုံး ဟန်ဆောင်ထားကြတာလို့ ပြောတာလား။ ရှင်နဲ့ အိမ်ရှေ့စံမင်းသားနဲ့က ဒီတစ်လျှောက်လုံး စီစဉ်နေကြတာလား"


"ဟုတ်တယ်" လိန်ဖန်က ခေါင်းညိတ်လိုက်တယ်။


တကယ်လို့ လင်ရှန်းမှာ စွမ်းအားသာရှိလို့ကတော့ သူမ လိန်ဖန်အပေါ် ခုန်အုပ်ပြီးတော့ သူ့ကို သေတဲ့အထိ ကိုက်ပစ်လိုက်တော့မှာပဲ။


လတ်စသတ်တော့ သူမက ညီအစ်ကိုတွေရဲ့ လှည့်စားလိုက်ခြင်းကို ခံလိုက်ရတာကိုး! ငါ့မျက်ရည်တွေတော့ အလကားဖြစ်ကုန်ပါပြီ! သူတို့ တော်တော်မျက်နှာပြောင်တိုက်လိုက်ကြတာ. အရှက်ကိုမရှိကြဘူး လို့ပဲ ကျွန်မပြောလိုက်မယ်!


လင်ရှန်း၏မျက်နှာသွင်ပြင်အမူအရာက သိပ်ကောင်းသည့်ပုံမပေါ်တာ လိန်ဖန် သိလေသည်. သူ့ အခြေအနေကို သက်သာသွားရအောင် ရှင်းဖို့ကြိုးပမ်းလိုက်ခဲ့တယ်.- " ကိုယ်သိပါတယ် ကိုယ်ဒါတွေကိုအရင်ကတည်းက ကြိုတင်ပြီးတော့ ပြောထားသင့်တယ်ဆိုတာ.. ဒါပေမယ့် တုရီက အရမ်းပါးနပ်လွန်းလို့ပါ၊ ကိုယ်တို့ ကိုယ်တို့ရဲကြိုးပမ်းမှုတွေအကုန်လုံးက ဘာအမှားကြောင့်နဲ့ပဲ ဖြစ်ဖြစ် အပိုင်းပိုင်းစီဖြစ်မှာကို ကိုယ်တို့စိုးရိမ်ခဲ့လို့ပါ၊ အဲဒါကြောင့်ပဲ....."


"ဒီတော့ ရှင်တို့တွေက တုရီကိုလှည့်စားဖို့ ကျွန်မကို အသုံးချဖို့ ဆုံးဖြတ်ပြီးတော့ ရှင့်ကို တကယ်ပဲသေသွားသလိုမျိုး လုပ်ပြီးတော့ သူ့ရဲ့ကိုယ်ရံတော်တွေကို လျှော့ချစေလိုက်တာလား" လင်ရှန်းပုံစံက သူမတစ်ယောက်ယောက်ကို သတ်ဖို့အသင့်ဖြစ်နေသည့်အတိုင်းပင်။


လိန်ဖန်က တိတ်ဆိတ်သွားလိုက်ပေမယ့် သူ ခေါင်းကိုတော့ ညိတ်ပြလိုက်လေသည်။


လင်ရှန်းတစ်ယောက် အရမ်းဒေါသထွက်သွားရလွန်းလို့ မြင်းပေါ်ကနေ ခုန်ဆင်းမတတ်ဖြစ်သွားရကာ-" ရပ်လိုက်! ရပ်လိုက်တော့! ကျွန်မ နောက်ထပ်မသွားနိုင်တော့ဘူး၊ ကျွန်မနဲ့ ရှင်နဲ့ပြတ်ပြီ!"


သူတို့တွေ အရမ်းအဝေးကြီးသွားခဲ့သည်. သူတို့တွေ အရာအားလုံးကိုလျို့ဝှက်ကြံစည်ခဲ့ကြသည် သူမကတော့ ဘာမှမသိတဲ့ ငတုံးငအတစ်ယောက်လိုမျိုး ဆောက်တည်ရာမရ ငိုကြွေးရင်းနဲ့ အရုပ်ကျိုးပြတ်ကျန်နေခဲ့စဉ်မှာပေါ့.. သူမက လိန်ဖန်သေသွားပြီဆိုပြီးတော့ သူမကိုယ်သူမ သေကြောင်းကြံဖို့တောင်မှ တွေးတောခဲ့ဖူးလေသည်. သူမက အရှင်ဘုရင်မတစ်ပါးထက်တောင်မှ ပိုပြီးတော့ ကသိကအောက်ဖြစ်ခဲ့ရလေသည်. သူမ လုံးဝကို ခွင့်မလွှတ်နိုင်ဖူး! လုံးဝကိုပဲ! (အချစ်သူရဲကောင်မလေး လင်ရှန်း (:-) ) 


လင်ရှန်းက 'ဝူရင်' ရဲ့ကုန်နှီးပေါ်မှ လိမ့်ဆင်းလိုကာ တဟုန်ထိုးပြေးထွက်သွားလိုက်သည်. သူမ ဒေါသထွက်စွာဖြင့် ရေရွတ်နေလေသည်- " ကျွန်မကို လာတားဖို့မကြိုးစားနဲ့၊ ကျွန်မ ပြန်သွားပြီးတော့ ကျီပိုင်ယုနဲ့ပဲ လက်ထပ်လိုက်တော့မယ်....." 


သူမ စကားပြောလို့မဆုံးသေးခင်မှာတွင် သူမ လက်ကောက်ဝတ်က တင်းကျပ်စွာဖမ်းဆုပ်လိုက်ခြင်း ခံလိုက်ရလေသည်. ပြီးနောက် သူမ သစ်ပင်တစ်ပင်ကို နောက်ကျောကပ်ကာ တွန်းလိုက်ခြင်းခံလိုက်တော့တယ်. လိန်ဖန်က သူမအပေါ်ကု အုပ်မိုးလိုက်ကာ သူ့မျက်လုံးတွေကတော အေးစက်သည့်ပုံပေါက်နေခဲ့ကာ - " မင်း ဘာပြောလိုက်တာလဲ"


မူလကတော့ လင်ရှန်းက မကျေနပ်ချက်တွေကို ထွက်ပေါက်ရှာလိုက်ရုံပါပဲ. ဒါပေမယ့်လဲ လိန်ဖန်က သူမကို စူးစူးရဲရဲစိုက်ကြည့်လိုက်တော့ သူမကိုယ်သူမ ကျားရဲတစ်ကောင်နဲ့ ပက်ပင်းကြုံလိုက်သလိုမျိုး ခံစားလိုက်ရလေသည်. အခုတော့ သူမတွင် ဘာသတ္တိမှမကျန်ရှိတော့လဲ စတင်တိုးတိုးလေးပြောလိုက်တယ်.- " ကျ..ကျ. ... ကျွန်မ ရှင်နဲ့ ပြတ်ပြီးတော့...သွား...ကျီပိုင်ယုနဲ့...သွားလက်ထပ်မယ်....."


လိန်ဖန်၏မျက်နှာက မဲမှောင်သထက် မဲမှောင်သွားတော့သည်. သူ့ရဲ့နက်မှောင်နေသည့် မျက်ဆံနက်နက်က သူမဝိဉာဏ်တွေထဲအထိဝင်ရောက် စိုက်ကြည့်လိုက်ကာ- " ငါ မင်းကို လိမ်ပြောမိတာ ငါ့ အမှားပါ၊ ဒါပေမယ့် ငါ မင်းကို ငါနဲ့ ပြတ်စဲဖို့ကို ခွင့်မပြုနိုင်ဘူး၊ ပြီးတော့ ကျီပိုင်ယုနဲ့လည်း လုံးဝ လက်မထပ်ရဘူး၊ မင်း နားလည်လား"


'ဒါကြီးက တောင်းပန်မှုတစ်ခုတဲ့လား။ ကျွန်မ ဘယ်လိုဖြစ်ပြီးတော့ ခြိမ်းခြောက်ခံနေရသလို ခံစားနေရတာလဲဟင်......လင်ရှန်းတစ်ယောက် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရလေသည်. သူမကိုယ်တိုင်အတွက် သူမ မိစ္ဆာကောင်တစ်ကောင်ကိုများ ရှာပေးလိုက်မိတာများလား။ တစ်ညတည်းနဲ့ပင် သူမရဲချစ်လှစွာသော လူက အင်ပါယာတစ်ပါးလို ဖြစ်လာပါရောလား.. ထိုအချိန်တွင်တော့ သူမတစ်ဘဝလုံးကို ဒီလူရဲ့ထိန်းချုပ်ခြင်းကို ခံသွားရတော့မလို မကောင်းတဲ့ခံစားချက်တစ်ခု ရှိလာတော့သည်။


အမှန်တရားကတော့ သူမဟာ ထိန်းချုပ်ခြင်းခံရပြီးလေပြီ။ (အမှန်တရားက ခါးသီးလွန်းပါတယ် T---T)


Tobe continued.......