Chapter 86
Viewers 9k

အပိုင်း(၈၆)


တုရီတစ်ယောက် စုန်းစုန်းပျောက်ကွယ်သွားပြီးနောက် တုဟောင်က လူအင်အားအများအပြားကို အသုံးပြုကာ တုရီဘယ်ရောက်သွားလဲဆိုတာကို ခြေရာကောက်ဖို့ ကြိုးပမ်းလိုက်ခဲ့ပါတယ်. တစ်ချိန်တည်းမှာပဲ သူ့ကို ဆန့်ကျင်ဘက်လုပ်နေသည့် မှူးမတ်အိုကြီးအိုမအားလုံးကို ဖြေရှင်းရန်လုပ်ဆောင်နေခဲ့သည်. ပင်ကိုအားဖြင့်တော့ သူ့တွင် သူ့ရဲ့အနာဂတ်အင်ပါယာ ဘုရင်လောင်းလျာတစ်ယောက်ဆီသွားရမည့် အတားအဆီးတွေအားလုံးကို မောင်းထုတ်ရန်နှင့် ရည်မှန်းချက်တွေကို ပြန်လည်တစ်ကျော့ပြန်လှန်နေရလေသည်။


တစ်ချိန်တည်းတွင် အင်ပါယာဘုရင်ကြီးကလဲ ဖြေဆေးကိုသောက်သုံးနိုင်ခဲ့ကာ အခြေအနေပိုမိုကောင်းမွန်လာခဲ့သည်. သို့သော်လည်း ကြာရှည်စွာအဆိပ်မိထားရခြင်းကြောင့် သူ့ကိုယ်ခန္တာက အရင်အခြေအနေလိုတူညီတဲ့ အခြေအနေတစ်ခုထဲသို့ ချက်ချင်းပြန်ရောက်ဖို့မဖြစ်နိုင်ခဲ့ပေ. သူက အရှင်ဘုရင်တစ်ပါးဖြစ်နေဆဲဖြစ်သော်လည်းပဲ အိမ်ရှေ့မင်းသားဖြစ်သူအား တာဝန်အမြောက်အများကို လွှဲပြောင်းထားခဲ့လေသည်. နှစ်ဝက်အတွင်းမှာပင် အိမ်ရှေ့မင်းသားဟာ တရားဝင် အင်ပါရာဘုရင်ဖြစ်လာတော့မည်ဟု အများစုကတော့ ကြိုတင်ခန့်မှန်းနေကြလေသည်။


ရွှေနန်းတော်ထဲက အမိန့်အာဏာက အချိန်မရွေးပြောင်းလဲတော့မလို ဖြစ်နေကာ ဆူပူလှုပ်ရှားမှုတွေကိုလဲ ဦးတည်သွားလို့နေလေသည်။ တုရီက ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မသတ်မှတ်နိုင်တော့သော်လည်း တုဟောင်ကတော့ သတိချပ်နေဆဲပင်. တစ်စုံတစ်ရာဖြစ်ပွားလာနိုင်မှာကို သူကလုံးလုံးလျားလျား ကြိုတင်ပြင်ဆင်နေလေသည်. တော်ဝင်နန်းတွင်းတစ်ခုလုံးကလဲ အဆုံးသတ်နားကတ်သီးလေး အခြေအနေတစ်ခုသို့ ဝင်ရောက်နေလေသည်။


တော်ဝင်နန်းတွင်းက အာဏာအပြောင်းအလဲတစ်ခုအတွက် အဆင်သင့်ဖြစ်နေစဉ်မှာ လင်ရှန်းနဲ့လိန်ဖန်က အတွေ့အကြုံများစွာ ရှာဖွေပြီးနောက် နောက်ဆုံးတော့ အတူတကွရှိသွားကြလေပြီ. ဘယ်လိုပဲဖြစ်ဖြစ် တုဟောင်ကတော့ ကြင်ယာတော်မင်းသားနှင့် သူ့ရဲ့တော်ဝင်ကိုယ်ရံတော်တို့ ဘယ်ရောက်နေလဲဆိုတာကို လိုက်ဖမ်းနေတာကို လိုက်မရှာတော့ရန် အင်ပါယာအား လက်ခံယုံကြည်လာအောင် သိမ်းသွင်းနိုင်ခဲ့လေသည်. သို့သော်လည်း အင်ပါယာက သူ့သမီးတော်ဖြစ်သူကိုတော့ တော်တော်လေးပင် သတိရနေခဲ့လေသည်။


အိပ်ရာပေါ်သိပ်မကျမ်းမမာဖြစ်လျက်ပင် အင်ပါယာက တော်ဝင်အမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်လိုက်ခဲ့လေသည်. သူ့အချစ်ဆုံးသမီးတော်ဖြစ်သူအား ရှာနိုင်သည့်မည်သူ့ကိုမဆို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ခဲ့လေသည်။


အသိပေးကြေငြာစာလွှာအား နန်းမြို့တော်နေရာအနှံပြားသို့ ဖြန့်ဝေလိုက်ခဲ့သည်. မင်းသမီးပျောက်ဆုံးနေတာကို လူတိုင်းက သိရှိသွားကြလေသည်။ မြို့နေလူထုအကြားတွင် လူသူပြောများသော ခေါင်းစဉ်တစ်ခုဖြစ်ခဲ့တော့သည်. အသိပေးကြေငြာစာလွှာက နန်းမြို့တော်၏ဆင်ခြေဖုံးရပ်ကွက်တွင်တောင်မှ ကပ်ထားခဲ့လေသည်။


မင်းသမီး၏ကြောက်မက်ဖွယ်ကောင်းသော ပုံတူပန်းချီအား ကြည့်နေရင်းနဲ့ ဆုလာဒ်ကို မက်မောနေစဉ်တွင် တစ်ကိုယ်တော်နေထိုင်နေသည့် လင်ရှန်းက စတင်ပြီးတော့ ဂနာမငြိမ်ထပ်ဖြစ်လာတော့လေသည်။


"ဒီမှာ ကျွန်မတို့ မင်းသမီးကို ဘာဖြစ်လို့သွားမရှာရမှာလဲ? ကျွန်မတို့ ခိုင်းနွားအစုံတွေကို ပိုပြီးလဲလို့ရသွားတာပေါ့!"


တကယ်လို့ တုမင်ယွဲ့သာ သူမယောက်ျားဖြစ်သူက နွားတွေနဲ့ သူမကို ဈေးဖြတ်နေတာ သိလို့ကတော့ သူမ က သူမခေါင်းကို တိုဖူးလိုမျိုး လက်ဝါးနဲ့မွှမွှချေပြီးတော့ သေသွားပေလိမ့်မည်။


လိန်ဖန်က သူ့လက်တွေနဲ့ လင်ရှန်းမျက်နှာလေးကို ချိတ်ယူလိုက်ပြီးတော့ သူမမျက်နှာနဲ့ ကြေငြာစာရွက်ကို လွှဲလိုက်ခဲ့လေသည်. –" အိမ်မက် မက်မနေနဲ့တော့"


"ဟေး.ဟေး..ဟေး..! ကျွန်မမျက်နှာကို မဆွဲပါနဲ့၊ ကျွန်မမျက်နှာက ငွေတွေအများကြီးရအောင်လုပ်ဖို့ လိုသေးတယ်!!!" လင်ရှန်းက တီတိုးတီးတိုးပြောလိုက်တယ်. ရုတ်တရက် သူမခြေထောက်တွေက ပျော့ခွေသွားကာ သူမ လဲကျလုနီးပါးဖြစ်သွားခဲ့သည်. ကံကောင်းစွာနဲ့ လိန်ဖန်က အမြန်လေး သူမကို ဖမ်းထိန်းထားနိုင်လိုက်လေသည်. မဟုတ်ရင်‌တော့ သူမမျက်နှာက မြေကြီးနဲ့တိုက်ရိုက်ကျသွားပေလိမ့်မည်။


" မင်းကလေ ဘာဖြစ်လို့ ဒီလောက် ဂရုမစိုက်ရတာလဲ။ လမ်းလျှေက်နေတုန်းတောင် ဘယ်လိုလုပ်ပြီးတော့ လဲသွားရတာလဲ....." လိန်ဖန်က သူမအားထိန်းရင်းနဲ့ ညည်းညူပြောလိုက်တယ်. သူက သူမလက်ကို တွဲလိုက်ပေမယ့် သူ့မျက်နှာက ချက်ချင်းပင် တောင့်တောင့်ကြီးဖြစ်သွားခဲ့ကာ- "မင်းရဲ့လက်..."


လင်ရှန်းလဲ ငုံ့ကြည်လိုက်တော့ ချက်ချင်းပင် ထိတ်လန့်သွားတော့တယ်. သူမ ဘယ်ဘက်လက်ဖဝါး၏အလယ်ခေါင်တွင် အမည်းရောင်အဖုထုံးလေးတစ်ခု ထွက်နေလေသည်။


လိန်ဖန်၏မျက်နှာအမူအရာက ပျက်ယွင်းသွားတော့ကာ- " မင်း အဆိပ်မိထားတာလား"


" ကျွန်မ......" လင်ရှန်းကကြောင်အနေသည့် ပုံပေါက်သွားခဲ့သည်. ခဏကြာပြီးနောက် သူမ ခေါင်းညိတ်လိုက်သည်။.. "အွန်း... ကျွန်မလည်း အဲလိုထင်....."


လိန်ဖန် ပျာပျာသလဲလဲဖြစ်သွားကာ သူမလက်ကောက်ဝတ်အားလှုပ်ရမ်းလိုက်လေတယ်.- " ဘယ်အချိန်ကလဲ? ဘယ်သူ ခပ်လိုက်တာလဲ။ မင်း ဘာလို့ ငါ့ကိုပြော မပြရတာတုန်း!"


လင်ရှန်းက သူ့အမူအရာကောင့် အံအားသင့်သွားကာ သူမ တီးတီုးရေရွတ်လိုက်လေတယ်- " လွန်ခဲ့တဲ့တစ်လလောက်က......အနီရောင်မီးစုန်းခန်းမမှာ....ကျီဟောင်လင်းရဲ့လက်သည်းက အဆိပ်နဲ့ ပြီးတော့ကျွန်မ...." ထိုအချိန်တွင်တော့ သူမရဲ့ ဒုတိယစကားနဲ့တင် လိန်ဖန်၏မျက်နှာအမူအရာက မြင်မကောင်းအောင်ပျက်ယွင်းသွားတော့လေသည်. လင်ရှန်းက ကမန်းကတန်း ရှင်းပြလိုက်လေသည်.- " ကျွန်မလဲ ရှင့်ကို ပြောမလို့ဘဲ ဒါပေမယ့် ကျွန်မ ရှင့်ကိုလဲ တွေ့လဲတွေ့လိုက်ရော ကျွန်မအရမ်း စိတ်လှုပ်ရှားသွားပြီးတော့ ကျွန်မ မေ့သွားတာ......"


"မင်း" လိန်ဖန်တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွားတော့လေသည်. ဒါက ဘဝရဲ့သေရေး ရှင်ရေးကိစ္စလေ.. သူမ ဘယ်လိုလုပ်ပြီး မေ့ထားနိုင်ရတာလဲ?! သူ သူမလက်လေးကို ဖမ်းဆွဲလိုက်ကာ ပြောလိုက်လေတယ်.- "သွားစို့!"


လင်ရှန်းက ပြန်ဆွဲဖို့ ကြိုးပမ်းလိုက်ကာ .-" ဘယ်ကိုသွားမှာလဲ?"


" အသိသာကြီးပဲလေ.. ဖြေဆေးအတွက် ကျီဟောင်လင်းကို သွားရှာဖို့ပေါ့!"


'ဘာပြောတယ်။ ပြန်သွားဖို့လား။ လင်ရှန်းတစ်ယောက် စတင်စိတ်ရှုတ်သွားတော့တယ်.- " ခဏနေပါဦး၊ အရမ်းလျှောက်မလုပ်ပါနဲ့! သူတို့မှာ လူတွေအများကြီးရှိပြီးတော့ သူတို့တွေက စိတ်ရှုးပေါက်နေကြတာလေ၊ သူက ယောက်ျားရှုး ရှုးနေတာ! အဲဒီတုန်းက ကျွန်မတို့တောင် ကံကောင်းလို့ လွတ်လာခဲ့တာလေ၊ ကျွန်မတို့ ပြန်သွားလိုက်ရင် ကျွန်မတို့ ထောက်ချောက်ထဲကို ခုန်ဆင်းသလို ဖြစ်နေမှာပေါ့၊ သူကရော ကျွန်မတို့ကို ဖြေဆေးပေးနိုင်မှာတဲ့လား" 


"ဖြေဆေးရဖို့ ခက်မှကို မင်းသိရဲ့သားနဲ့ မင်း ကိုယ့်ကို အချိန်မီမပြောခဲ့ဘူး!" လိန်ဖန်က အသိအသာပင် ဒေါသချောင်းချောင်းထွက်နေလေပြီ။


လင်ရှန်းက သူမလျှာတောင်ထစ်သွားခဲ့သည်. ပြီးနောက် သူမ အပြစ်မရှိသလို မူယာမာယာလုပ်လိုက်ကာ နှုတ်ခမ်းစူလိုက်လေသည်.- " ကျွန်မရှင့်ကို ပြောသားပဲ.. ကျွန်မမေ့သွားလို့ပါဆို...ကျွန်မရှင့်ကိုတွေ့လိုက်တော့ ကျွန်မ ရှင်နဲ့လုပ်ချင်နေတာလေ...ဟီးဟီးဟီး...အွန်း...ကျွန်မအရမ်းမျက်နှာပူနေပြီနော်!"


"........." လိန်ဖန်တစ်ယောက် သွေးတစ်ပွက်ပင် အန်ထွက်မတတ်ဖြစ်သွားရတော့သည်။


လင်ရှန်းက စိတ်အေးနေတယ်လို့ထင်ရသော်လည်းပဲ အဆိပ်မိထားတယ်ဆိုတာ ပြဿနာကြီးတစ်ခုဆိုတာကိုတော့ သူမသိပါတယ်. အဲဒီတုန်းက ကျီဟောင်လင်း သူမကိုပြောလိုက်တာက အဆိပ်က သုံးလအတွင်းမှာ အာနိသင်ပြလာလိမ့်မယ်လို့ ပြောထားခဲ့ပါတယ်. အချိန်ကလဲ အရမ်းကျဉ်းထဲကျပ်ထဲရောက်နေလေပြီ. သူတို့တတွေ မကြာမီအတွင်းမှာပဲ အဆိပ်ဖြေဆေးကို ရှာတွေ့မှကို ရလိမ့်မည်။


လက်ရှိအခြေအနေပေါ်မူတည်ရင်တော့ ကျီဟောင်လင်းက သူတို့ကို အဆိပ်ဖြေဆေးပေးနိုင်ဖို့ ဖြစ်နိုင်ချေ နည်းပါးလွန်းလေသည်. ထို့ကြောင့် လိန်ဖန်က အမည်းရောင်သစ်တောအုပ်ထဲက ကျန်းဟူသမားတော်တွေကို မေးမြန်းသင့်သည့်လို့ ဆုံးဖြတ်လိုက်ခဲ့လေသည်. အဲဒီနှစ်ယောက်က တုရီရဲ့အဆိပ်ကို ဖြေဆေးတစ်မျိုးတီထွင်ပြီးတော့ ဖြေရှင်းပေးနိုင်ခဲ့တာပဲ.. သူတို့က လင်ရှန်းရဲ့အဆိပ်အတွက်လဲ ဖြေဆေးတစ်ခု ဖော်နိုင်လိမ့်မယ်လို့ သူတို့ထင်မြင်မိရမှာပင်။


ဒီလိုမျိုးတွေးတောလိုက်ပြီးတော့ သူတို့နှစ်ယောက်က ညမကူးခင်ပင် အမည်းရောင်သစ်တောအုပ်ထဲသို့ သွားလိုက်ကြတော့လေသည်။


အမှန်တကယ်ကတော့ အမည်းရောင်သစ်တောအုပ်ထဲက ကျန်းဟူသမားတော်တွေက တစ်ချိန်တုန်းက အတော်လေးကျော်ကြားခဲ့ဖူးလေသည်. လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူတို့ကို "သဘာဝလွန်ငှက်ဆေးသမားတော်"လို့ ခေါ်ဆိုကြပြီးတော့တောင် ဂျိန်းဟူတွင် လူသိများခဲ့လေသည်။ သို့သော်လည်း ဒီလိုသဘာဝလွန်စွမ်းရည်မျိုးက တကယ်တမ်းကျတော့ အားလုံးက 'ဝူရှနိုဗယ်' တွေတွင် တီထွင်ဖန်တီးထားခြင်းနှင့် ချဲ့ကားပြောဆိုကြခြင်းသာ ဖြစ်သည်. အဖြစ်မှန်ကတော့ ဒီသမားတော်တွေက တစ်ခါတစ်လေမှသာ လူနာတွေကို ကုသနိုင်လေသည်. ဒါပေမယ့် သူ့တို့ရဲ့ကုသပေးမှုကြောင့် လူနာများ သေဆုံးသွားကြသည်က တော်တော်များပေသည်. မကြာမီမှာပင် ဒီသမားတွေက သူတို့နောက်သို့ ရန်သူများစွား လိုက်ဖမ်းခံရခြင်းနဲ့သာ အဆုံးသတ်ရခဲ့လေသည်. ဒါ့ကြောင့်ပင် " သဘာဝလွန်စွမ်းသတ္တိရှင် ငှက်ဆေးသမားတော်" တွေက ရွေးချယ်စရာမရှိ အမည်းရောင် သစ်တောအုပ်အတွင်းတွင် ပုန်းလျိုးကွယ်လျိုးနေလိုက်ရတော့သည်။


သမာရိုးကျပြောရရင်တော့ ဒီစုံတွဲက အမည်းရောင်တောအုပ်အတွင်းတွင် အချိန်ကြာမြင့်စွာ မှီခိုနေထိုင်ခဲ့ရလေတော့ သူတို့ကျွမ်းကျင်မှုတွေကလဲ တိုးတက်သင့်နေပါပြီ. ဒါပေမယ့် လင်ရှန်းရဲ့လက်ဖဝါးကို အမျိုးသမီးသမားတော် ယူကြည့်လိုက်ပြီးနောက် သူမက သူမခေါင်းကို ခါရမ်းလိုက်ခဲ့ကာ- "ငါ.. သဘာဝလွန်ငှက်လေးက အဆိပ်တွေအများကြီးကို တွေ့ခဲ့ဖူးတယ်၊ ဒီအဆိပ်ကိုတော့ ငါ မဖြေရှင်းနိုင်မှာဘဲ စိုးရိမ်မိတယ်"


လင်ရှန်းတစ်ယောက် သွေးတစ်ပွက်ပင် အန်ထွက်လုနီးပါးဖြစ်သွားတော့တယ်.- 'ဘာလဲဟ သဘာဝလွန်ငှက်လေးတဲ့လား! အဘွားက သဘာဝလွန်ကြက်ရင့်အိုမကြီး မဟုတ်ဘူးလား!


"မဟုတ်ဘူး..မဟုတ်ဘူး၊ ငါ့အထင် ငါ ဒီအဆိပ်ကို ဖြေရှင်းနိုင်တယ်လို့ထင်တယ်!"


လင်ရှန်းမျက်လုံးများက တောက်ပသွားခဲ့ကာ- "သဘာဝလွန်သမားတော်တွေဆိုတာ တကယ်ပဲသဘာဝလွန်သမားတော်တွေပဲကိုး! သူတို့က ကြည့်လိုက်ရုံနဲ့တင် ငါ့ကို ကုသနိုင်တယ်လို့ ပြောလိုက်တာပဲ!


အဖိုးကြီးက ဖြည်းငြင်းစွာဖြင့်သူ့ခေါင်းကို ညိတ်လိုက်ကာ-" ငါ့ကိုအချိန် သုံးနှစ်သာပေးလိုက်စမ်းပါ.. ငါ ဆေးတစ်ဖုံဖော်ပြီးတော့ ဒီအဆိပ်ကို ကုပေးလိုက်မယ်!"


လင်ရှန်းတစ်ယောက် မျက်ရည်တွေသာ ညှစ်ထုတ်ကျလိုက်ချင်သွားတော့သည်.. ရှင်တိုနှစ်ယောက်က ကျွန်မကို လာကစားနေတာ ဟုတ်တယ်မို့လား'


လင်ရှန်းက မျက်ရည်ခမ်းခြောက်လောက်အောင် စိတ်တော်တော်တိုနေစဉ်မှာပဲ လိန်ဖန်ကတော့ အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်တယ်.- " ခင်ဗျားတို့နှစ်ယောက်မှာ အံဖွယ်စွမ်းရည်တွေရှိတယ်ဆိုတာ ကျုပ်သိပါတယ်၊ ကျေးဇူးပြုပြီးတော့ သူမ ဒီအဆိပ်ကိုကျော်လွှားနိုင်အောင်လို့ အဖြေတစ်ခုစဉ်းစားပေးပြီးတော့ ကျုပ်တို့ကို ကူညီပေးပါဦးခင်ဗျာ"


"အမ်း....." သမားတော်နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံလိုက်ကြကာ သူတို့ခေါင်းတွေကို တပြိုင်နက်တည်းခါရမ်းလိုက်ကြပါတယ်။


သမားတော်ကသူ့ခေါင်းကို ပုတ်ရိုက်လိုက်ကာ.- " ငါ အခုချက်ချင်းတော့ ဘာမှစဉ်းစားလို့မရသေးဘူး၊ မင်း သူ့ကို ခေါ်ပြီးတော့ သူ့ဘဝအဆုံးမသတ်ခင်လေးမှာ တစ်ချို့နေရာတွေကို လျှောက်သွားကြည့်ရင်လဲသွားကြည့်လိုက်ပါလား........အား! မင်းမိန်းမ ငါ့ကိုလာကိုက်နေတယ်! အိုက်းယား...ရှင်မရေ! ဒီမိန်းကလေးက ခွေးရှုးရောဂါရနေပြီ...ကယ်ကြပါ!!!"


"သဘာဝလွန်ရဲစွမ်းသတ္တိရှိငှက်ဆေးသမားတော်"လဲ ချက်ချင်းပင် ပျံထွက်ပြေးသွားတော့သည်။


"ဖီ!" လင်ရှန်း က သူမပါးစပ်ကို သုတ်လိုက်ကာ.- " တကယ်လို့ ရှင့်တို့မှာ ဘာစွမ်းရည်မှမရှိဘူးဆိုရင်လဲ ဝန်ခံလိုက်ပါတော့ ဟန်လုပ်မနေနဲ့တော့၊ နောက်တစ်ခါ ကျွန်မ ရှင်ကိုတွေ့လို့ကတော့ ကျွန်မရှင့်ကို သေအောင်ကို ထပ်ကိုက်ပစ်လိုက်မယ်!" သူမတောင်ကော်မြောက်ကော် လျှောက်ပြောလိုက်တော့သည်. သူမ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူမက လိန်ဖန်၏စိတ်ဖိစီးနေသည့်မျက်နှာကြီးနဲ့ မျက်နှာချင်းဆိုင်မိသွားတော့လေသည်။


"စိတ်အေးအေးထားပါဦး" သူက သူမဆံပင်လေးကို ဖွဖွလေးသပ်တင်လိုက်ခဲ့ကာ ညင်သာစွာမေးလိုက်တယ်-" မင်း ဗိုက်ဆာနေပြီလား။ ကိုယ် မင်းအတွက် တောင်ရစ်ငှက်တစ်ကောင်လောက် သွားဖမ်းမယ်လေ"


သူက အစားအသောက်ကို ပြောလိုက်တော့မှ လင်ရှန်းလဲ စိတ်လှုပ်ရှားသွားကာ- " အင်း! ကျွန်မ ရှင့်အတွက် ဟွာဂျီ လုပ်ပေးရမယ်! အဲဒါ အရမ်းအရသာရှိတာ!" (T/N- ဟွာဂျီကို တရုတ်လိုရှာရင်တော့ အသားဟင်းချက်တဲ့နည်းတစ်မျိုးပါ)


ဒါနဲ့ပဲ လိန်ဖန်တစ်ယောက် ရစ်ငှက်ကို ဖမ်းလိုက်ခဲ့သည်. ဟင်းခတ်အမွှေးအကြိုင်တွေကတော့ သမားတော်တွေ၏အိမ်ထဲမှပင် ရခဲ့လေသည်. မီးကို တော့ သူတို့ဘာသာ မွှေးလိုက်ခဲ့ပါတယ်. လင်ရှန်းကရွှေဓားစလွယ်နဲ့ ကျင်းတစ်ကျင်းတူးလိုက်လေသည်. ..... နေ့တစ်ဝက်လောက် ပြင်ဆင်ပြီးနောက် လင်ရှန်းတစ်ယောက် နောက်ဆုံး သူမရဲ့ဟွာဂျီကို ချက်ပြုတ်ခဲ့ပါတယ်။


လိန်ဖန်က ဘေးတွင် ထိုင်နေလေသည်. သူက တိတ်ဆိတ်စွာနဲ့ သူမကို ကြည့်နေကာ သူ့မျက်လုံးတွေကတော့ စိတ်သက်သာရလို့နေခဲ့သည်။


" ခနနေရင် ကျက်တော့မယ်!" လင်ရှန်းက သူမလက်က မြေကြီးတွေကို ခါထုတ်လိုက်ခဲ့သည်. သူမက ယုံကြည်မှုရှိစွာနဲ့ လိန်ဖန်ဘေးတွင် ထိုင်ချလိုက်ကာ ဂုဏ်ယူစွာနဲ့ ကြွားလုံးထုတ်လိုက်ပါတယ်. " ကျွန်မရဲ့ ဟင်းချက်စွမ်းရည်ကို လျှော့မတွက်နဲ့နော်၊ ကျွန်မတို့ မွေးရပ်မြေမှာတုန်းက ကျွန်မအဖေက စားဖိုမှုးတစ်ယောက်လေ၊ သူက အရမ်းတော်တာ၊ ကျွန်မမှာလဲ သူ့ရဲ့စွမ်းရည်တွေကို အမွေဆက်ခံထား....... လင်ရှန်း မရပ်မနားကြွားလုံးထုတ်နေလိုက်သည်. သူမက လိန်ဖန်၏အကြည့်နက်နက်ရှိုင်းရှိုင်းတွေကိုတောင် သတိမပြုမိတော့ပေ။


"မင်းရဲ့မွေးရပ်မြေက ဘယ်လိုမျိုးလဲ" လိန်ဖန်က ရုတ်တရက် ကောက်မေးလိုက်ခဲ့ပါတယ်။


Tobe continued.....