အပိုင်း(၈၇)
လင်ရှန်း အနည်းငယ်ရှော့ရသွားခဲ့သည်. လိန်ဖန် သူမအတိတ်အကြောင်းကို ဒီလိုကြီးကောက်မေးလိုက်တာက ပထမဆုံးအကြိမ်ဖြစ်လို့ပါပဲ. ပုံမှန်ဆိုရင် သူက နားထောင်တဲ့သူဖြစ်ပြီးတော့ သူမကသာ မနားတမ်းတရစပ်ပြောတတ်တဲ့သူပင် ဖြစ်ပေသည်။
လင်ရှန်းက သူမမွေးရပ်မြေအကြောင်းကို တွေးဆလိုက်ကာ- " ကျွန်မမွေးရပ်မြေက...အမ်း၊ ကျွန်မရှင့်ကို ပြောပြလို့ရပေမယ့် ရှင်က အဲဒီအကြောင်းကို ယုံမှာမဟုတ်လောက်ဘူး......." သူမက သူမရဲ့ခေါတ်မှာနေတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအကုန်လုံးကို စတင်ပြောပြလိုက်ခဲ့သည်. သူမရှင်းပြနေစဉ်တော့ သူမက သူမရဲ့လက်ဟန်ခြေဟန်နဲ့ နှိုင်းယှဉ်မှုတွေအများကြီး ဖြင့် အားရပါးရပြောပြနေခဲ့သည်. သူ နားမလည်မှာကို သူမ တွေးပူနေခဲ့တာပင် ဖြစ်သည်။
" ကျွန်မလုပ်နိုင်တယ်လို့ ရှင်ထင်လားဟင်။ ကျွန်မဒီနေရာမှာနေလာတာလဲ အကြာကြီးရှိနေပြီဆိုတော့ ကျွန်မအတွက်တော့ အဲလိုတစ်နေရာနဲ့တစ်နေရာပြောင်းတယ်ဆိုတာကလေ နည်းနည်းတော့ ကြားဖူးနားဝဘဲရှိခဲ့တာ" လင်ရှန်းက တီးတိုးရေရွတ်လိုက်ခဲ့သည်. သူမထင်တာက လိန်ဖန်က သူမပြောတာကို တကယ်အလေးအနက်မယူဘူးလို့ ထင်နေခဲ့တယ်။
အဲဒီအစား လိန်ဖန်က သူမအားအလွန်အာရုံစူးစိုက်စွာနဲ့ ကြည့်လိုက်ကာ- "မင်းပြောတာသာဆိုရင် ကိုယ်ယုံတယ်"
စကားခြောက်လုံးသာလျှင်ဖြစ်ပေမယ့်လဲ ရင်ထဲတွင်လှိုက်ခနဲဖြစ်သွားတဲ့ နွေးထွေးမှုတစ်ခုကို လင်ရှန်းရုတ်ချည်းခံစားလိုက်ရပါတယ်. အဲဒါက ကိုယ့်ကို ယုံကြည်ခြင်းခံရလို့များ ဖြစ်လာတဲ့ ခံစားချက်ပဲလား? ဒီကမ္ဘာထဲမှာတော့ အရမ်းအဓိပ္ပာယ်မရှိဘူးလို့ ထင်ရတာတောင်မှ သူက သူမကိုယုံကြည်ဖို့ပဲ ရွေးချယ်နေဆဲပင်..... ဒီလိုတွေးလိုက်ပြီးတော့ သူမနှာခေါင်းက စတင်တင်းဆို့လာခဲ့သည်. သူမက သူ့အား ငေးစိုက်ကြည့်လိုက်ကာ သူတို့နှစ်ဦးသား တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံဆိုက်လိုက်ကြတယ်. လိန်ဖန်ရဲ့နှုတ်ခမ်းသားတွေက တစ်လက်မချင်းတစ်လက်မချင်း စတင်နီးကပ်လာခဲ့ပါတယ်။
သူတို့ရဲ့နှုတ်ခမ်းသားတွေ ထိတွေ့မိလိုက်ကြကာ ရုတ်တရက်လင်ရှန်းက ပြန်တွန်းဖယ်လိုက်၍ "အားရား! ကျွန်မရဲ့ရစ်ငှက်သားဟင်း!"
သူတို့က စကားလက်ဆုံကြနေကြတော့ သူမက သူမရဲ့ရစ်ငှက်သားဟင်းကိုတောင် မေ့လုနီးပါးဖြစ်သွားခဲ့ပါတယ်. နဲနဲလေးပဲ တူးသွားခဲ့လို့တော်ပါသေးတယ်. အတွင်းပိုင်းကတော့ သိပ်မတူးသွားခဲ့ပါဘူး. သူမက ရစ်ငှက်သားဟင်းကို ခပ်ထည့်လိုက်တဲ့အခါမှာတော့ မွေးပျံ့တဲ့အနံ့က သူတို့ပတ်ဝန်းကျင်ကို ထွက်ပေါ်လာခဲ့တယ်. သူတို့ဘေးမှာရှိတဲ့ မည်သူမဆို သွားရည်တောက်တောက်ကျသွားလိမ့်မှာပင်။
လင်ရှန်းက အဲဒီဟင်းပေါ်မှာ အလွန်ဂုဏ်ယူလို့ နေလေသည်. သူမ လိန်ဖန်နဲ့ဆုံလိုက်တိုင်းပဲ အမြဲတမ်းသူမမှာ မျက်နှာပျက်ရပေါင်းများလေပြီ. အံဩဖို့ကောင်းတာက ဒီတစ်ခါမှာတော့ သူမအမှန်တကယ်ပဲ ကျော်လွှားနိုင်ခဲ့ပါတယ်. သူမဟင်းလျာကို သူမြည်းစားလိုက်ရုံနဲ့ သူက သူမကို မြှောက်ပင့်ချီးကျူးလိုက်မှာတော့ ကျိန်းသေပေါက်ပင်။
လင်ရှန်းက သူမမျက်လုံးတွေကို မှိတ်လိုက်ပြီးတော့ လိန်ဖန် ရစ်ငှက်သားဟင်းစားပြီးသွားတဲ့ လိန်ဖန်ရဲ့အမူအရာကို မှန်းကြည့်နေပါတယ်. ရုတ်တရက် သူမကို ကျယ်လောင်သည့်အသံတစ်ခုက နှောက်ယှက်လိုက်လေသည်။
"မွှေးလိုက်တာဟေ့! ဒါဘာအနံ့လဲ။ အနံ့ကတော့ အရမ်းအရမ်းအရမ်းကို မွှေးလိုက်တာ၊ ငါတော့ ဗိုက်ဆာလွန်းလို့ သေတောင်သေတော့မယ်!"
ဒီအသံက ဘာလို့ဒီလောက်တောင် ရင်းနှီးနေရတာပါလိမ့်။ လင်ရှန်း ဘာမှပြောနိုင်ခင် နောက်ထပ်အသံတစ်ခုက ထွက်လာလေတယ်.- " ဖူး.... ရှင့်အမှားကြောင့်လေ၊ ရှင်ဟာလေ ရစ်ငှက်တစ်ကောင်တစ်လေတောင်မှာ ရအောင်မပစ်နိုင်ဖူး၊ ရှင့်မှာ ဗလတွေရှိလဲ အလကားပဲ!"
"မင်းဟာလေ ရိုင်းစိုင်းတဲ့မိန်းကလေးပဲ၊ မင်းကဖြင့် ထမင်းချက်တာတောင်မှ မီးမမှုတ်နိုင်ဘဲနဲ့ ငါက ရစ်ငှက်တစ်ကောင် ဖြောင့်အောင်မပစ်နိုင်လို့ပါ၊ ငါ အဲလောက်တော့ အားမနည်းပါဘူး!"
"ဖူ! ရှင့်မှာ ကျွန်မကို အပြစ်လာပြောဖို့ အရည်အချင်းမရှိဘူး၊ ရှင် ယောက်ျားတစ်ယောက်မဟုတ်ဘူးလား!?"
" ငါက ယောက်ျားတစ်ယောက် မဟုတ်ဘူးဆို မင်းလည်း မိန်းမတစ်ယောက် မဟုတ်ဘူးပဲ....."
ထိုသူနှစ်ယောက်၏ဘာမဟုတ်တာလေးနဲ့ ငြင်းခုန်နေကြသည်မှာ တဖြေးဖြေးနဲ့ နီးကပ်လာခဲ့တယ်. သူမမြင်ကွင်းထဲမှ ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုကို မြင်လိုက်သည့်အခါတွင်တော့ လင်ရှန်းတစ်ယောက် အသိပြန်ဝင်သွားတော့တယ်. သူတို့လေးယောက်သား တစ်ယောက်နဲ့တစ်ယောက် အံအောမှင်သက်နေသည့် အနေအထားနဲ့ ကြောင်ပြီးကြည့်နေမိကြသည်။
လင်ရှန်းက ပထမဆုံး အသိပြန်ကပ်လိုက်ကာ တုံ့ပြန်နိုင်လိုက်သည့်တစ်ယောက်ဖြစ်ကာ ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်ခဲ့တယ်.- "မင်းသမီး!"
တုမင်ယွဲ့က တုန်တုန်လှုပ်လှုပ်နဲ့ကြောင်ကြည့်နေရာမှ အသိပြန်ဝင်သွားကာ ဟယ်လောင်စန်းလက်ကိုကိုင်ဆွဲလိုက်ကာ ပြေးသွားတော့သည်။
သို့သော်လည်း သူတို့နှစ်ယောက်က ဆာလောင်နေတာကြောင့် သူတို့မှာ အားအင်မရှိခဲ့ပေ. ခြေလှမ်းအနည်းငယ်အတွင်းမှာပင် လိန်ဖန်က သူတို့အား ပြန်ဆွဲခေါ်လိုက်ကာ မြေကြီးပေါ်သို့ တွန်းပစ်ပေါက်နိုင်လိုက်ခဲ့တယ်။
လင်ရှန်းက နောက်ဆုံးမှ သူတို့နှစ်ယောက်ကို နီးနီးကပ်ကပ် လေ့လာကြည့်မိလိုက်တယ်. ဟယ်လောင်စန်းက သူ့ရဲ့နဂိုပုံစံအတိုင်း ကြမ်းကြမ်းတမ်းတမ်းပုံစံအတိုင်းပဲ ဖြစ်နေသေးတယ်. သို့သော်လည်း တုမင်ယွဲ့ကတော့ များစွာပြောင်းလဲသွားခဲ့တယ်. သူမက သူမဝတ်ဆင်နေကျ ဆွဲဆောင်မှုရှိတဲ့ဝတ်စုံလေးကို မဝတ်တော့ဘဲ သူမရဲ့ဆံပင်ကိုလဲ လက်ထပ်ပြီးတဲ့အမျိုးသမီးတစ်ယောက်လို ထုံးဖွဲ့ထားတယ်. တကယ်လို့ လင်ရှန်း သူမကို အရင်ကမသိခဲ့ဘူးဆိုရင်တော့ ဒီအမျိုးသမီးငယ်လေးက ဆိုးသွမ်းလွန်းတဲ့မင်းသမီးလေးနဲ့ အတူတူပဲဆိုတာကို လုံးဝယုံကြည်နိုင်မှာ မဟုတ်ပါဘူး.။
"နင်က ဘယ်သူလဲ။ နင်က ငါ့ကို ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းလုပ်ရဲတယ်ပေါ့လေ" တုမင်ယွဲ့က စတင်ကြိမ်းမောင်းအော်ဟစ်လိုက်တယ်. ရုတ်တရက် သူမမျက်လုံးတွေက လိန်ဖန်ပေါ်ကို ကျရောက်သွားတယ်. ရုတ်ချည်းပင် သူမမျက်လုံးထဲတွင် ကြောက်လန့်သွားတော့တယ်....- "အစ်..ကိုတော်လား! ညီမတော်ကို ပြန်ခေါ်မသွားပါနဲ့၊ ညီမ ပြန်မလိုက်နိုင်ဘူး! ညီမတော်ကို သတ်ရင်တောင်မှ ညီမပြန်လိုက်မှာမဟုတ်ဘူး!" ပြီးနောက် တုမင်ယွဲ့က ဟယ်လောင်စန်းရဲ့လက်ကိုဆွဲကာ နောက်ကိုပြေးသွားဖို့ ကြံရွယ်လိုက်တော့တယ်။
ဟယ်လောင်စန်းက လိန်ဖန်၏မျက်နှာအစစ်ကို မြင်ဖူးခြင်းမရှိခဲ့ပေ. သူက လိန်ဖန်ဟာ တုမင်ယွဲ့ကို နန်းတော်ကိုပြန်ခေါ်သွားချင်တယ်လို့ပဲ သူထင်လိုက်တယ်. ထို့ကြောင့် သူက သူ့ရဲ့နှစ်ဖက်ဓားသွားရှည်ကို ရွှမ်းခနဲဆွဲထုတ်လိုက်ကာ လိန်ဖန်နဲ့သေတဲ့အထိခုခံတိုက်ဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။
အခြေအနေတွေက ဦးတည်ချက်မှားကို အရှိမ်မြှင့်နေတာကို လင်ရှန်းသိလိုက်ပေသည်. သူမက ချက်ချင်းပင် ဒီလူတွေကြားကို ဝင်လိုက်ပြီးတော့ အသားကုန်အော်ဟစ်လိုက်တော့တယ်.- " ရပ်လိုက်! ကျွန်မတို့ ဒီနေရာကိုလာတာ ဘယ်သူ့ကိုမှ အတင်းအကျပ်ခေါ်သွားဖို့ မဟုတ်ဘူး!"
သူမရဲ့ကြားဝင်ဖြေရှင်းလိုက်မှုက လူတိုင်းကိုငြိမ်ကျသွားစေလေသည်. ဒါပေမယ့်တုမင်ယွဲ့က ဟယ်လောင်စန်းနောက်မှာ ဝင်ပုန်းလိုက်ပြီးတော့ လင်ရှန်းကိုတော့ မယုံကြည့်နိုင်သေးတဲ့အမူအရာနဲ့ စိုက်ကြည့်လိုက်ကာ- " နင်ဘယ်သူလဲ။ နင်က ငါ့ကို ဘယ်လိုလုပ်သိနေတာလဲ။"
လင်ရှန်းက နောက်ပြန်လှည့်လိုက်ပြီးတော့ လိန်ဖန်ကို ကြည့်လိုက်တယ်. လိန်ဖန်က ခေါင်းညိတ်ပြလိုက်တော့ သူမက တုမင်ယွဲ့ကို မျက်နှာချင်းပြန်ဆိုင်လိုက်၍ သက်ပြင်းချလိုက်ကာ- "မင်းသမီး.... ငါ စုန့်လောင်ပါ"
တုမင်ယွဲ့ရဲ့မျက်ခုံးတွေက လုံးဝမြင့်တက်သွားတယ်. သူမ ကြက်သေ သေသွားခဲ့ပါတယ်။
" ဒီတော့ နင်ပြောနေတာက နင်က ဒုတိယစုန့်သခင်လေးလား။ နင်က မိန်းကလေးတစ်ယောက်ပဲပေါ့" တုမင်ယွဲ့က သူမကို မေးခွန်းထုတ်လိုက်ကာ လင်ရှန်းရဲ့ရင်ဘတ်ကို သေချာစေဖို့ စိုက်ကြည့်လိုက်တယ်။
လင်ရှန်းက သူမရင်ဘတ်ကိုအုပ်လိုက်ကာ နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်လိုက်ပြီးတော့- " အတုလုပ်ထားခဲ့တာတောင် အစားထိုးထားတာက အာမခံချက်ရှိတယ်၊ တကယ်လို့ နင်မယုံလို့ရှိရင် သူ့ကိုမေးကြည့်လိုက်!" သူက လိန်ဖန်ကို ညွှန်ပြလိုက်တယ်။
လိန်ဖန်ရဲ့အမူအရာက တောင့်တောင့်ကြီးဖြစ်သွားခဲ့တယ်. သူ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခင် တုမင်ယွဲ့က မျက်ရည်တွေ တတောက်တောက်နဲ့ကျဆင်းလာတော့တယ်။
"နင်နဲ့ပတ်သတ်ပြီးတော့ တစ်ခုခုမှားနေတယ်ဆိုတာက ငါသိသားပဲ! ဝါး! ငါလက်ထပ်ရဖို့ ဒီလောက်ခက်ခဲ ခဲ့တာကို နောက်ဆုံးတော့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မိတာနဲ့ အဆုံးသတ်သွားတာပေါ့! နင်က မိန်းကလေးတစ်ယောက်ဖြစ်ရုံတင်မကဘူး... နင်က ငါ့အစ်ကိုတော်နဲ့တောင် အချစ်ဇာတ်ခင်းထားလိုက်သေးတယ်၊ ငါနောက်ထပ်အသက်မရှင်ချင်တော့ဘူး...၊ ငါ့ကိုယ်ငါပဲ သတ်သေပစ်လိုက်တော့မယ်......"
သူမငိုနေတုန်းမှာတော့ လင်ရှန်းနဲ့ဟယ်လောင်စန်းတို့နှစ်ယောက် တစ်စစီပြိုလဲချင်နေလေသည်. သို့သော်လည်း လိန်ဖန်က သူမကိုစိတ်ရှင်းသွားအောင် ကြားဖြတ်ပြောလိုက်တယ်. – " အထင်မလွဲပါနဲ့၊ ငါက တုဟောင် မဟုတ်ပါဘူး"
"ဝါး! အစ်ကိုတော်က တုဟောင်မဟုတ်ရင် ဘယ်သူလဲ။ ရှင့်အထင် ကျွန်မကို သုံးနှစ်ကလေးများမှတ်နေလို့လား......ဝါး!"
သူမရဲ့ရှိုက်ကြီးတငင်ငိုကြွေးမှုတွေက နားကွဲမတတ်ဖြစ်နေတော့ လိန်ဖန်က နားမခံနိုင်တော့ဘဲ နဲ့ မျက်ခုံးများတောင် တွန့်ချိုးသွားရသည်.- "ငါက လိန်ဖန်"
လိန်ဖန်.... ကျွန်မကန်းနေတယ်လို့ ရှင်ထင်နေတာလား။ ရှင်........" ရုတ်တရက်တုမင်ယွဲ့က အငိုရပ်လိုက်တယ်. သူမက လိန်ဖန်ရဲ့ရွှေဓားစလွယ်ကို ကြည့်လိုက်ပြီးတော့ သူမစိတ်ထဲမှာ ရှုတ်ထွေးသွားခဲ့သည်. ပြီးနောက် သူမက ခေါင်းမော့လိုက်ပြီးတော့ သူမရှေ့မှောက်မှာ ရှိနေတဲ့လူကို သေသေချာချာစူးစမ်းကြည့်လိုက်တယ်. သူမက လေသံပျော့ဖြင့်ပြောလိုက်သည်.- "ဘာ... ရှင်က တကယ်ပဲ လိန်ဖန်ပဲလား"
လိန်ဖန်က ခေါင်းညိတ်ပြလိုက်ပြီးတော့ လင်ရှန်းကိုလှည့်ကြည့်လိုက်တယ်။
လင်ရှန်းလဲ ချက်ချင်းပင် လိန်ဖန်အတွက်ရပ်တည်းပေးလိုက်ပါတယ်. " ဟုတ်တယ်။ သူက တကယ်ကို လိန်ဖန်ပါ။ ငါ့လိုပဲ ...... အတုဖြစ်ရင်တောင် အစားထိုးတာက ခိုင်မာတယ်!"
တုမင်ယွဲ့တစ်ယောက် အလွန်ပင်ရှုတ်ထွေးနောက်ကျိသွားတော့လေသည်။
'ဒီလူက လိန်ဖန်ပဲလား.. ဘယ်လိုလုပ်ပြီးတော့ သူက တုဟောင်နဲ့တူနေရတာလဲ.. ပြီးတော့ စုန့်လောင်ကရော..... ဘာဖြစ်လို့ လိန်ဖန်နဲ့တူတူရှိနေရတာလဲ.. သူက တုဟောင်နဲ အချစ်ဇာတ်လမ်းတစ်ခု ရှိနေတာ မဟုတ်ဘူးပေါ့'
တုမင်ယွဲ့တစ်ယောက် အာရုံထွေပြားသွားတော့တယ်. သူမက နောက်ပြန်လှည့်လိုက်ပြီးတော့ ဟယ်လောင်စန်းကို မေးချင်လိုက်ပေမယ့် ဟယ်လောင်စန်းက ရစ်ငှက်သားကိုကြည့်ကာ သားရေယိုကျကာ အလုပ်များနေလေသည်. – " သူတို့ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူကဂရုစိုက်မှာလဲ။ ငါတို့ ဘာဖြစ်လို့ အရင်မစားရမှာလဲ?!"
တုမင်ယွဲ့.- "........."
လင်ရှန်း.- "............"
လိန်ဖန်-"............"
သူတို့က တစ်ယောက်စီဖို့ ရစ်ငှက်သားကို အပိုင်းပိုင်း ပိုင်းလိုက်ကြသည်. ဒါပေမယ့် သနားစရာလင်ရှန်းကတော့ အနည်းငယ်လေးသာ ဝေစုရလိုက်လေတယ်. သူမခေါင်းကိုမော့လိုက်သည့်အခါတွင်တော့ ဟယ်လောင်စန်းနဲ့တုမင်ယွဲ့ကတော့ တစ်ကောင်လုံးနီးပါးကို အပြတ်ရှင်းလိုက်ပြီးလေပြီ။
လင်ရှန်းတစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ. ဒါပေမယ့် လိန်ဖန်က သူမပေါင်ပေါ်သို့ တို့လိုက်ကာ- " မင်းက ကိုယ့်ဝေစုစားလို့ရတယ်"
လင်ရှန်းတစ်ယောက် ရင်ထဲထိရှသွားတော့လေတယ်. ပြီးနောက် သူမက တုမင်ယွဲ့ရဲ့ တပူပူတဆူဆူလုပ်နေတာကို ကြားလိုက်ရတော့သည်.- " ရှင့်ကို ကြည့်စမ်းပါဦး ရှင့်ကိုကြည့်စမ်းပါဦး! ကျွန်မတော့ ရှင်နဲ့အတူရှိနေချင်တာ ကျွန်မကန်းနေလို့ပဲ။ ကျွန်မ ရှင်နဲ့ ပြတ်ပဲ ပြတ်လိုက်လိုက်ချင်တယ်!"
ဟယ်လောင်စန်း၏ပါးစပ်က ရစ်ငှက်သားတွေ ပလုပ်ပလောင်းနဲ့ အဆီဝေ့နေတဲ့သူ့ပါးစပ်ကိုသုတ်လိုက်ကာ- "ဟမ့်၊ မင်းက ဘာမှမသိဘဲနဲ့များ၊ ဒါကို အပျော်တစ်လှည့် နာကျင်တစ်လှည့်နဲ့ အတူဖြတ်သန်းသွားမယ့် စုံတွဲတစ်တွဲလို့ ခေါ်တယ်"
"ရှင့်ရဲ့ခေါင်းကြီးပဲ ဟမ့်နေလိုက်၊ ဘယ်အချိန်ကတည်းက ရှင်က ဒီအရပ်စကားပုံတွေကို စသုံးနေတာလဲ..ဟင်"
"မင်းပဲ ငါ့ကိုသင်ပေးခဲ့တာလေ... ဇနီးလေး!"
".......ဘယ်သူကရှင့်ဇနီးလဲ။ ကျွန်မနဲ့ရှင်နဲ့ ပြတ်စဲမယ်၊ ကျွန်မပြန်တော့မယ်!"
ပြန်သွားမလို့လား။ လင်ရှန်းရဲ့မျက်လုံးလေးက လင်းလက်လို့သွားတယ်. သူမက ကြော်ငြာသင်ပုန်းပေါ်က ဆုအကြောင်းကို တွေးလိုက်မိသွားတော့တယ်.- "ငါ ခေါ်တုန်းက နင်ဘာလို့မလိုက်ရတာလဲ!?"
သူမပြောလိုက်ပြီးချက်ချင်းမှာပင် တုမင်ယွဲ့က ဟယ်လောင်စန်းနောက်ကို အလင်းလိုအလျင်မြန်ဆုံးနဲ့ ပြေးပုန်းလိုက်လေသည်. သူမက လင်ရှန်းကိုလဲ သတိပေးလိုက်ပါတယ်.- " ကျွန်မ ပြန်မလိုက်ဘူးနော်၊ ရှင်တို့ ကျွန်မကို သတ်ချင်သတ်ပစ်လိုက်!"
လင်ရှန်းတစ်ယောက်ပြောစရာစကားမရှိဖြစ်သွားတော့တယ်။ ဖူး.... ဒါတုမင်ယွဲ့ပဲလား... သူမပဲ ပြန်ချင်တယ်ပြောပြီးတော့လေ... ပြီးတော့ သူမကပဲသူမပြောတဲ့စကားကို ချက်ချင်းပြန်ပြောင်းသွားလိုက်တာများ။
လိန်ဖန်က သူ့လက်ကို ဝေ့ရမ်းလိုက်ကာ.. တုမင်ယွဲ့ စိတ်အေးစေဖို့ ပြောကြားလိုက်တယ် ။ " မစိုးရိမ်ပါနဲ့၊ ငါတို့လည်း နန်းတော်ထဲကို ပြန်မသွားတော့ပါဘူး"
Tobe continued......