အပိုင်း (၅)
Viewers 5k

သူမ နိုးလာသည့်အချိန်က မနက်ခင်းအစောပိုင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုလူက အချိန်အတော်ကြာသည်အထိ ရေချိုးနေခဲ့သည်။


ကျန်းမြောင်မြောင်က သူ့ကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ပြီး ဧည့်ခန်းထဲသို့ သွားကာ မနက်စာလုပ်စားရန် ရှာဖွေလိုက်သည်။ သူက ကြီးမားသည့် ပုဝါတစ်ထည်ကို ခန္ဓာကိုယ်၌ ပတ်ထားခဲ့သည်။ နူးညံ့သည့်အဖြူရောင်ပုဝါက သူ၏ ပိန်ပါးကျစ်လျစ်ကာ သန်မာသည့် ခါးတစ်ဝိုက်တွင် ရစ်ပတ်ထား၏။


၎င်းမှလွဲ၍ သူ့တွင် အခြား မည်သည့် အဝတ်မှရှိမနေခဲ့ပေ။ သူက ကိုယ်တစ်ဝက် အဝတ်ဗလာနှင့်ဖြစ်ကာ ခြေထောက်ကလည်း ဗလာဖြစ်နေခဲ့သည်။



ကျန်းမြောင်မြောင်က နှာခေါင်းသွေးလျှံလုနီးပါးပင်။



"နင်... နင့်အဝတ်တွေ ဘယ်မှာလဲ။"



ထိုအမျိုးသားက စကားမပြောသော်လည်း သူမအရှေ့သို့ လျှောက်လာကာ ခါးတွင်ပတ်ထားသည့် ပုဝါအား ဆွဲဖြုတ်လိုက်သည်။


သေစမ်း! ဒါက အရမ်း ဒုက္ခရောက်စေတာပဲ။


သူမက မျက်လုံးများကို ကာလိုက်ပြီး အော်ဟစ်ချင်သော်လည်း ဇွန်ဘီများကို ဆွဲဆောင်မိသွားမိအား စိုးရိမ်သောကြောင့် ခပ်တိုးတိုးဆူညံသံသာ ပြုလုပ်လိုက်ပေသည်။ 


ဘယ်လိုလုပ်ရမလဲ။ သူမ အတင်းအကျပ် ဖိအားပေးခံရတော့မည်လား။



သို့သော် အချိန်တချို့ ကြာပြီးနောက်၌ပင် တစ်ဖက်လူက သူမအား ထိမလာခဲ့ပေ။ သူမက သတိထားရင်း မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ထိုလူက တည်ငြိမ်စွာဖြင့် သူမရှေ့တွင် တစ်ပတ်လှည့်ပြလိုက်ပြီး သူ့အသွင်သဏ္ဌာန်က အလွန် တက်ကြွနေပေသည်။ သူက လက်များကိုမြှောက်ကာ ခြေထောက်ရှည်များကို ဆန့်ထုတ်လိုက်သည်။



ကျန်းမြောင်မြောင် "...နင် ဘာလုပ်နေတာလဲ။"



"ငါ့မှာ ဘာဒဏ်ရာမှ မရှိတာကြောင့် ငါ ဇွန်ဘီဖြစ်လာမှာကို မင်း စိုးရိမ်စရာမရှိဘူးလို့ ပြတာလေ။"



အဲဒီတော့ ဒီလိုကြောင့်ပေါ့။.... သူမက အကြီးအကျယ် စိတ်သက်သာရာရသွားပြီး အကြောပျော့ရောဂါ စွဲကပ်သွားသကဲ့သို့ ထိုင်ခုံကျောမှီကို မှီချလိုက်သည်။



"တော်သေးတယ်။ ငါ ထင်နေတာက...."



"ဘာလဲ။" 


သူက ပုဝါကို ပြန်ပတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးမေးလာသည်။



ကျန်းမြောင်မြောင်၏ မျက်နှာက ပူနွေးလာပေသည်။ "ဘာမှမဟုတ်ဘူး။ နင့်အဝတ်တွေက ဘယ်မှာလဲ။ အဲဒါ ငါ့ရဲ့ ရေချိုးပုဝါလေ။"



"အရမ်းညစ်ပတ်နေလို့။ လွှင့်ပစ်လိုက်ပြီ။"



သူက ကြောက်စရာကောင်းသည့် ပုံစံဖြင့်ဖြေရင်း မေးလိုက်သည်။ "ဒီမှာ အမျိုးသားဝတ် အဝတ်အစားတွေ ရှိလား။"



သူမက သတိလက်လွတ်ဖြင့် ခေါင်းခါယမ်းလိုက်၏။ "မရှိဘူး။"



သူမ ထိုသို့ပြောပြီးနောက် သူမကိုယ်သူမ ဖော်ထုတ်လိုက်မိကြောင်း သတိရကာ နောင်တရသွားခဲ့သည်။



သူမ၏ အဖြေကို ကြားသည့်အခါ ထိုသူက ရယ်သွမ်းသွေးလိုက်ပြီး သူမ ယခင်က သူ့ကို လိမ်လည်ထားသည်အား သရော်လိုက်ပုံရလေသည်။



အိမ်၌ ယောက်ျားသားများရှိသည်ဆိုလျှင် အမျိုးသားအဝတ်အစားများ မည်သည့်အတွက် မရှိဘဲ နေပါမည်နည်း။



ကျန်းမြောင်မြောင်က သူမနဖူးကို သူမ အုပ်ကိုင်လိုက်ပြီး အရူးဟု ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ရှုံ့ချလိုက်သည်။ သို့သော် မကြာခင်တွင် သူမက ထိုအကြောင်းအရာအား ထားလိုက်တော့ရန် ဆုံးဖြတ်ကာ အရေးကြီးသည့် မေးခွန်းတစ်ခု မေးလိုက်သည်။



"နင် ဘယ်အချိန် ထွက်သွားမှာလဲ။"



"ဘာလို့လဲ။"



"ဒါက ငါ့အိမ်ပဲ။ နင် ဒီမှာ တစ်သက်လုံး နေဖို့ ရည်ရွယ်နေတာတော့ မဟုတ်ဘူးမလား။"



ထိုသူက လက်များကို ဖြန့်ကာ ပခုံးတွန့်လိုက်သည်။ "မင်း အခု တံခါးဖွင့်ပြီး ငါ့ကို မောင်းထုတ်လိုက်လေ။"


"..."


လာလှည့်ဖြားနေတာလား။ အပြင်၌ ဇွန်ဘီများစွာရှိနေသည်။ သူမ တံခါးဖွင့်လိုက်လျှင် ၎င်းတို့က အတင်းတိုးဝင်လာကြလိမ့်မည် မဟုတ်ပါလား။


သို့သော် သူမက တွေးကြည့်လိုက်သောအခါ အမှန်တကယ် အခြားနည်းလမ်းမရှိပုံရလေသည်။ 


ပြတင်းပေါက်များအားလုံးကို သူခိုးကာကွယ်ရေးအတားအဆီးများ တပ်ဆင်ထားပြီး လေပိုက်လိုင်းကလည်း ပိတ်ဆို့လိုက်ပြီဖြစ်သည်။ ဤသို့ဖြစ်လာမည်ကိုသာ သူမ သိခဲ့လျှင် ထိုသူ ဝင်မလာနိုင်စေရန် လေပိုက်လိုင်းကို ပိတ်ဆို့ထားလိုက်သင့်ပေသည်။



ထိုလူက ပြောလိုက်သည်။ "မင်း ငါ့ကို မောင်းထုတ်ဖို့ အစီအစဥ်မရှိဘူးဆိုရင် အဝတ်အစားလေးတော့ ပေးသင့်တယ်။"



ကျန်းမြောင်မြောင်က ရွေးချယ်စရာမရှိဘဲ သူမ အိပ်ခန်းထဲသို့ ပြန်ကာ အဝတ်ဘီရိုအား ဖွင့်လိုက်သည်။



သူမက အဝတ်အစားအများကြီး မယူခဲ့သည့်အတွက် သုံးလေးစုံသာရှိလေသည်။ သူမက ပျက်ကပ်ဖြစ်ပွားပြီးနောက် အပြင်ထွက်ရန် အစီအစဥ် မရှိဘဲ မည်သို့ဖြစ်စေ သူမက သေဆုံးရမည်သာဖြစ်သောကြောင့် သူမပုံရိပ်ကိုလည်း ဂရုစိုက်စရာမလိုခဲ့ပေ။ ထို့ကြောင့် သူမက သက်သောင့်သက်သာအဖြစ်ဆုံး ညအိပ်ဝတ်စုံများကိုသာ ယူဆောင်လာခဲ့သည်။



သူမက အဝတ်ခံအဝတ်ပင် မဝတ်ဘဲ တစ်လကျော်အောင် နေထိုင်ခဲ့ကာ ၎င်းက အလွန် နေထိုင်ရသက်သောင့်သက်သာ ရှိလှပေသည်။ သို့သော် သူမထံ၌ ရှိနေသော အဝတ်အစားများက ထိုလူဝတ်ဆင်ရန် မသင့်တော်လှပေ။



ကျန်းမြောင်မြောင်က ဘီရိုထောင့်ဘက်တွင် ရှိနေသော စတော်ဘယ်ရီပုံလေးများ ရိုက်နှိပ်ထားသည့် ပန်းရောင်လက်တို ညအိပ်ဝတ်စုံလေးကို ကြည့်လိုက်ပြီး သူမစိတ်ထဲသို့ ညစ်စုတ်သော အတွေးလေး ရောက်ရှိလာသည်။



နှစ်မိနစ်ခန့်ကြာပြီးနောက် သူမက လှေကားမှဆင်းလာပြီး အရှေ့တွင်ရှိနေသည့် တစ်ဖက်လူထံ အဝတ်များ လှမ်းပေးလိုက်သည်။



"ဒီမှာ... ဒါ ငါ့မှာရှိတဲ့ တစ်ခုတည်းသော အပိုအဝတ်အစားပဲ။ ဒါကို ဝတ်လိုက်။"



ထိုလူ... "... မင်း.. ငါ့ကို လာနောက်နေတာလား။" 



သူမက ထိုလူကို စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း နှုတ်ခမ်းများထက် လက်များဖြင့် အုပ်ကာလိုက်သည်။



"ဝတ်စရာရှိတာပဲ ကံကောင်းနေပြီ။ ချေးများနေတာကို ရပ်လိုက်။ အခုအခြေအနေကိုကြည့်လိုက်။ နင့်ကိုယ်နင် နိုင်ငံရဲ့ သမ္မတလို့များ ထင်နေလား။"



တစ်ဖက်လူက ပင့်သက်ရှိုက်လိုက်ပြီးနောက် ရေချိုးပုဝါကို ချွတ်ကာ မည်သည့်အမူအရာမှ မပြဘဲ အဝတ်များကို ဝတ်ဆင်လိုက်သည်။



သူက ရှပ်အင်္ကျီလေးကို မဝတ်ခဲ့ပေ။ သူ၏ ကျယ်ပြောသော ပခုံးများက သူမ ရှပ်အင်္ကျီသေးသေးလေးနှင့် မဆန့်သည့်အတွက် သူမ၏ ဘောင်းဘီတိုကိုသာ ဝတ်ဆင်ခဲ့သည်။



သူ့တွင် သေးကျဥ်သော ခါးရှိပြီး ၎င်းကို ဝတ်ဆင်နိုင်သော်လည်း ဆိုဒ်က သူ့အတွက် အလွန်သေးငယ်နေသောကြောင့် သူ့ကို ဝတုတ်နေသယောင် ထင်မှတ်ရစေသည်။



ဘောင်းဘီတိုက သူ့တင်ပါးများကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး ရှည်လျားသော ခြေထောက်များ၊ ကျယ်ပြန့်သော ပခုံးများနှင့် ဆက်စီကျသော ကြွက်သားများကို လှစ်ဟပြသနေခဲ့သည်။


ကျန်းမြောင်မြောင်သည် ရုတ်တရက်ကြီး ၎င်းက သူမကိုယ်သူမ ညှင်းပန်းနှိပ်စက်နေခြင်းသာ ဖြစ်ကြောင်း သိရှိလိုက်ရပေသည်။