အခန်း၂၂
Viewers 30k

Chapter 22

Chapter 22


ကျိယွီရှောင်က လင်းလော့ချင်း သူ့ဘေးတွင်ထိုင်ပြီး စာအုပ်သေချာဖတ်‌နေသည်ကို ကြည့်နေလေသည်။ လင်းလော့ချင်း၏မျက်တောင်မွှေးများက နိမ့်ဆင်းနေပြီး သူ့၏ဖြူဖျော့သည့် အသားအရေက အကောင်းဆုံး ကျောက်စိမ်းတုံးကဲ့သို့ပင်ဖြစ်သည်။ ထို့အပြင် သူ့မျက်နှာက ရေချိုးထားသည့်အတွက် နီမြန်းနေဆဲဖြစ်ပြီး သူ့ကို ကြည့်ရသည်မှာ ဖြူစင်တောက်ပနေရုံ သာမက ညှို့ယူဖမ်းစားနိုင်စွမ်းပါ ရှိလေသည်။


ကျိယွီရှောင် မျက်လုံးကို မြန်မြန်မှိတ်လိုက်ပြီး ခေါင်းအုံးကို ပြန်မှီလိုက်သည်။ 


သူ ပြတင်းပေါက်အပြင်ဘက်မှ ညကောင်းကင်ကြီးကိုသာ ကြည့်လိုက်ပြီး သူ့ဘေးမှ လူကို ထပ်မကြည့်တော့ပေ။


လင်းလော့ချင်း စာပိုဒ်ကို ဖတ်ပြီးသွားသောအခါ သူ ယင်းအပိုဒ်အား မည်သို့သရုပ်ဆောင်ရမည်ကို သိလုနီးနီး ဖြစ်နေပြီဖြစ်၏။ 


ဤအပိုဒ်တွင် စာကြောင်း အနည်းငယ်သာသော်လည်း ထိုစာကြောင်းများကို အလွတ်ကျက်ရန် မတွေးထားသည့်အတွက် ကျိယွီရှောင်ဘက် လှည့်လိုက်ပြီး တောင်းဆိုလိုက်သည်။


“ငါ စာအုပ်ကိုင်ပြီး သရုပ်ဆောင်လို့ရလား...အခု အရမ်းနောက်ကျနေပြီ...ငါ စာကြောင်းတွေကို မကျက်ချင်‌တော့ဘူး…”


“ရတယ်…”


လင်းလော့ချင်း ကုတင်ဘေးတွင်ရပ်လိုက်သည်။


ကျိယွီရှောင်က တစ်ဖက်လူကို မျှော်လင့်စောင့်စားစွာကြည့်နေလေသည်။


သူ့မျော်လင့်ချက်များ အလကားမဖြစ်သွားခဲ့ပေ။


လင်းလော့ချင်း၏ သရုပ်ဆောင်မှုတစ်၀က်ခန့်တွင်ပင် သူ အိပ်ငိုက်လာလေသည်။


ကျိယွီရှောင် စိတ်ကျေနပ်စွာဖြင့် မျက်လုံးကို မှိတ်လိုက်ပြီး လင်းလော့ချင်း၏ရှေ့တွင်ပင် အိပ်ပျော်သွားလေသည်။


သရုပ်ဆောင်ပြီးနောက် လင်းလော့ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။


“ဒီအပိုင်းက တော်တော်ခက်ခဲတယ်...သူက တစ်ရစ်ချင်း သရုပ်ဆောင်ပေးဖို့ လိုအပ်တယ်...မင်းရွေးထားတာ အ‌‌တော်ကောင်းတယ်..."


သို့သော် သူ  ကျိယွီရှောင်ကို ကြည့်လိုက်သောအခါ တစ်ဖက်လူက အိပ်ရာပေါ်တွင် ထိုင်နေပြီး ခေါင်းငိုက်ကျနေကာ ဘာမှမပြောပေ။


‘မဟုတ်ဘူး...မဟုတ်ဘူး...သူထပ်အိပ်ပျော်သွားတာတော့ မဟုတ်ဘူးမလား...'


သရုပ်ဆောင်ပြတာ ငါးပွဲ မှာ လေးပွဲကအိပ်ပျော်သွားတယ်...ဒီလိုဖြစ်‌နေရင် ကျိယွီရှောင်က ဘယ်လိုလုပ်ပြီး သူ့သရုပ်ဆောင်စွမ်းရည်ကို တွေ့တော့မှာလဲ...


လင်းလော့ချင်း သတိထားပြီး ကျိယွီရှောင်ဆီ လျှောက်လာလိုက်သည်။


“‌ ကော…”


ကျိယွီရှောင် :"..."


“နတ်ဘုရား…”


ကျိယွီရှောင် :"..."


လင်းလော့ချင်း စိတ်တိုလာလေသည်။


 “ကျိယွီရှောင်…”


ကျိယွီရှောင်:"..."


အံ့ဩစရာ မရှိ‌တော့ဘူး...ဒီလူ ထပ်ပြီး အိပ်ပျော်သွားတာပဲ...


လင်းလော့ချင်း အနားကပ်သွားပြီး ကျိယွီရှောင်၏မျက်နှာကို ငုံ့ကြည့်လိုက်သောအခါ ကျိယွီရှောင်၏ မျက်လုံးများက မှိတ်နေပြီး အသက်ရှုသံကလည်း တည်ငြိမ်နေ‌လေသည်။ 


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပဲ...


လင်းလော့ချင်း ယင်းကို နားမလည်နိုင်ပေ။


ဘာလို့လဲ...ဘာဖြစ်လို့ သူက လူတွေကို အချိန်တိုင်း အိပ်ပျော်စေရတာလဲ...


သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ဆိုးဝါးနေတာမှ မဟုတ်တာ...


ဘာလို့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရှိနေတာလဲ...


ဘာလို့ဆို သူနဲ့ စေ့စပ်ထားသူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ပဲ...


အိပ်တယ်…


သူတို့ ပထမဆုံး အတူတူနေရတဲ့နေ့မှာ ကျိယွီရှောင်က ဒီလိုမျိုး အိပ်ပျော်နေတယ်...,(🤣🤣ဘာတွေမျှော်လင့်နေတာတုန်း)


အိပ်တာမှ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတာ...,


ဒါက သင့်တော်တယ်လို့များ ကျိယွီရှောင် ထင်နေတာလား...


လင်းလော့ချင်း လှောင်ပြောင်လိုက်သည်။ ထို့နောက် သူ စာအုပ်ကို ကုတင်ဘေးရှိ စားပွဲပေါ် တင်လိုက်ပြီး ကျိယွီရှောင်၏ ပခုံးများကို စောင်ထဲ ထည့်ပေးလိုက်သည်။


ကျိယွီရှောင်က သူ့၏ကိုယ်ဟန်အနေအထားအတိုင်း ဆက်လက်အိပ်ပျော်နေလေသည်။


‘မင်း တကယ့်ကို သက်တောင့်သက်သာ အိပ်ပျော်နေတာပဲ...’


သူ ကုတင်အစွန်းတွင် ထိုင်နေပြီး မကျေနပ်သေးချေ။ ထို့နောက် သူ ကုတင်ဘေးရှိ စားပွဲ‌ ပေါ်မှ စတစ်ကာnoteနှင့် ဘောပင်ကို မြင်လိုက်ပြီး သူ ဘောပင်ကို ကောက်ယူလိုက်သည်။ ထို့နောက် စတစ်ကာnote‌‌ပေါ်တွင် 'လူလိမ်'ဟု ရေးလိုက်ကာ စာရွက်ကိုဆုတ်ဖြဲလိုက်ပြီး ကျိယွီရှောင်၏နဖူးပေါ် ကပ်လိုက်သည်။


ဒီလူလိမ်က သူ့ကို လှည့်စားပြီး သရုပ်ဆောင်ခိုင်းတယ်...ပြီး‌တော့ သရုပ်ဆောင်လို့ မပြီးခင် အိပ်ပျော်သွားတယ်...သူ အချိန်အကြာကြီးသရုပ်ဆောင်ပြခဲ့တာ အလကားပဲ...


ထို့နောက် လင်းလော့ချင်း တစ်ဖက်ကုတင်အစွန်းဆီ လျှောက်သွားလိုက်ပြီး ကျိယွီရှောင်၏ဘေးတွင် လှဲအိပ်လိုက်၏။ ပြီးနောက် မီးကို ပိတ်လိုက်ပြီး မျက်လုံး မှိတ်လိုက်လေသည်။


တံခါးအပြင်ဘက်တွင် ကျိလဲ့ယွီက နံရံနားကပ်ကာ အခန်းထဲမှ လှုပ်ရှားမှုများကို တိတ်တဆိတ်နားထောင်နေလေသည်။


သူတို့ အိပ်ပျော်သွားကြပြီလား…


တံခါးကွဲရာကြားမှ အလင်းရောင်များကို မမြင်တော့သည့်အတွက် မီးတွေမှိတ်ပြီးအိပ်သွားကြပြီဟု သူထင်သည်။


ကျိလဲ့ယွီ နံရံကို မှီလိုက်ပြီး သူ ကြားရသမျှကို ပြန်တွေးလိုက်သည်။ သူ့ရှုရှုက လင်းလော့ချင်း ကို တကယ်ကြိုက်ပြီး လင်းလော့ချင်းကလည်း သူ့ရှုရှုကို ကြိုက်သည်ဟု ခံစားရသည်။ ထို့ကြောင့် သူ ခြေဖျားထောက်လျက် သူ့အခန်းဆီသို့ ကျေနပ်စွာ ပြန်သွားလိုက်သည်။


ကျိယွီရှောင် နောက်နေ့မနက် အိပ်ရာမှနိုးလာသောအခါ ထူးထူးခြားခြား လန်းဆန်းနေပြီး အားအင်အပြည့် ဖြစ်နေလေသည်။


အိပ်ဆေးကြောင့် အိပ်ပျော်သွားသည့် အိပ်စက်မှုနှင့် မတူပေ။ ဤတစ်ကြိမ်တွင် သူ ခေါင်းမကိုက်ဘဲ နိုးလာခြင်း ဖြစ်သည်။ သူ့တွင် နိုးထလာစဉ် ဖရိုဖရဲ စိတ်ခံစားချက်များလည်း မရှိ၊ အိပ်မက်ဆိုးများလည်း မရှိချေ။ သူ တစ်ညလုံးမည်သည့်အိမ်မက်မှ မမက်ခဲ့‌ပေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ သူယခု စိတ်ကျေနပ်ပြီး သက်တော့သက်သာရှိနေလေသည်။


ကျိယွီရှောင် အလွန် ပျော်ရွှင်နေသည်။ ဤခံစားချက်က သူ့အတွက် ရှားပါးခဲ့သည်။ လင်းလော့ချင်းက သူ့ထံ ဤအရာများကို သယ်ဆောင်လာပေးကြောင်း သူ သိလေသည်။


သူ  လင်းလော့ချင်းဘက် လှည့်ကြည့်ချင်သော်လည်း တစ်စုံတစ်ခုက သူ့နောက်‌ကျောတွင် ကပ်နေပြီး သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။


ကျိယွီရှောင်: "..."


ကျိယွီရှောင် မျက်လုံးကို ပင့်လိုက်ပြီး အသက်ရှုလိုက်သည်။ ထိုအခါ သူ့နဖူးတွင် ကပ်ထားသော  စတစ်noteက  ရွေ့လျားလာလေသည်။


သူ လက်ကို မြှောက်လိုက်ပြီး သူ့နဖူးပေါ် ကပ်ထားသော စတစ် note ကို ဆွဲခွာလိုက်ကာကြည့်လိုက်သောအခါ  စာလုံးကြီးကြီးရေးထားသည့် စကားလုံးကို တွေ့လိုက်ရလေသည််။


'လူလိမ်…'


မည်သူ‌ ရေးထားကြောင်း ခန့်မှန်းစရာပင် မလိုပေ။ 


လင်းလော့ချင်း ရေးထားခြင်း ဖြစ်သင့်ပေသည်။


ဒါပေမဲ့ ဘာဖြစ်လို့ သူက လူလိမ်လဲ...


သူ  လင်းလော့ချင်းကို မလိမ်ဘူးလေ...


ကျိယွီရှောင် စာရွက်ကို ဘေးချ လိုက်ပြီး သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကို လှုပ်လိုက်သော်လည်း လင်းလော့ချင်းက လှုပ်လှုပ်ရွရွ ဖြစ်လာပြီး သူ့ကို ပိုမိုတင်းကြပ်စွာ ဖက်လာလေသည်။


ကျိယွီရှောင် : "…”


သူ့ကျော အဆင်ပြေပါ့မလား...သူ လှုပ်တောင်မလှုပ်နိုင်ဘူး...


ဒါက တကယ် သက်တောင့်သက်သာ ရှိလို့များလား...


လင်းလော့ချင်းက သူ့ကျောကို နောက်မှ ဖိထားပြီး ကျောတစ်လျှောက် ဘယ်ညာ ပွတ်သပ်နေလေသည်။ ထို့နောက် လင်းလော့ချင်းက သူ့ကို  တစ်ဖန် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။


ကျိယွီရှောင် အံ့အားသင့်သွားလေသည်။ သူ နောက်ကို မဝံ့မရဲ လှည့်ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ 


သူ့ခါးကို ဖက််ထားသည့် လင်းလော့ချင်း၏ လက်များကို ဂရုတစိုက်ဖယ်ရှားလိုက်သော်လည်း လင်းလော့ချင်းက သူ့လက်ကို ဆုပ်ကိုင်လာပြီး သူ့‌ကျောကို မကျေမနပ် ပွတ်သပ်လာလေသည်။


“မလှုပ်နဲ့...”


အသံက အက်ကွဲနေပြီး အိပ်ချင်စိတ်များ ပါ၀င်နေလေသည်။ သူ့အသံက သတ္တိရှိပြီး ယုံကြည်ချက်ရှိသော်လည်း အနည်းငယ် ညုတုတု ဖြစ်နေလေသည်။


ကျီယွီရှောင် မလှုပ်ရှားတော့ပေ။ သူ့၏ လူသားခေါင်းအုံးဖြစ်ရန် ကံကြမ္မာကို လက်ခံခဲ့သည်။


လင်းလော့ချင်းက သူ့၏အထူးအိပ်ဆေး ဖြစ်ပြီး သူက လင်းလော့ချင်း၏ လူသား‌ခေါင်းအုံးဖြစ်သည်။


ဒါက တရားမျှတပြီး ကျိုးကြောင်းဆီလျော်တယ်...


လင်းလော့ချင်း သူ့ကို လွှတ်ပေးလိုက်သောအခါ ကျိယွီရှောင် နောက်လှည့်ကြည့်ရန် အခွင့်အရေး ရသွားပြီး တစ်ဖက်လူကို လှည့်ကြည့်လိုက်သည်။


သို့သော် မမျှော်လင့်စွာဖြင့် သူ လှည့်ကြည့်လိုက်သောအခါ လင်းလော့ချင်းက သူ့ကို တစ်ဖန်  တင်းတင်းကြပ်ကြပ် ဖက်လာလေသည်။


ကျိယွီရှောင် : “...”


ကျိယွီရှောင် မလှုပ်ရဲတော့ပေ။


သူ ယခင် မှီခဲ့သည့် နေရာကို ရှာမတွေ့၍ ဖြစ်နိုင်ပြီး လင်းလော့ချင်း ကျိယွီရှောင်၏လက်မောင်းကို ပွတ်သပ်နေလေသည်။ ထို့နောက် ကျိယွီရှောင်၏ ရင်ဘတ်ကို မှီလိုက်ပြီး စိတ်ကျေနပ်စွာ အေးအေးချမ်းချမ်း ပြန်အိပ်ပျော်‌သွားလေသည်။


ကျိယွီရှောင် ကူရာမဲ့စွာ ရယ်မောလိုက်သည်။


သူ သူ့ရင်ခွင်ထဲမှ နီရဲနေသော မျက်နှာနှင့်အိပ်ပျော်နေသော လင်းလော့ချင်းကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို လှည့်ကာ စားပွဲပေါ်ရှိ စတစ်note ကို ယူလိုက်ပြီး ရေးလိုက်သည်။


' ၀က်ပျင်း…'


ထို့နောက် ဆွဲဖြဲလိုက်ပြီး လင်းလော့ချင်း၏နဖူးပေါ် ကပ်လိုက်လေသည်။


လင်းလော့ချင်းက‌ ဆက်လက်အိပ်ပျော်နေဆဲဖြစ်သည်။


ကျိယွီရှောင် တစ်ဖက်လူ၏နဖူးပေါ်မှ စတစ်noteကို ပြုံးကြည့်‌နေပြီး သူ့မျက်နှာပေါ်မှ အပြုံးက ပိုမို နက်ရှိုင်းလာလေသည်။


သူ ကြည့်နေစဉ် သူ့မျက်လုံးများက အလိုလို အောက်ဆင်းသွားပြီး တစ်ဖက်လူ၏ အနီရောင်ဖျော့ဖျော့ မျက်နှာသို့ ကျဆင်းသွားကာ ထိုမှတစ်ဆင့် လှပသောနှုတ်ခမ်းပေါ်သို့ ရောက်သွား၏။


ကျိယွီရှောင် မနေ့ည၌ လင်းလော့ချင်း သူ့ဘေးတွင် ထိုင်နေစဥ်က ပုံစံကို ချက်ချင်းသတိရသွားပြီး သူ့ရှေ့မှ လူကို စိုက်ကြည့်လိုက်လေသည်။ လေထုက တိတ်ဆိတ်နေပြီး  လင်းလော့ချင်း၏ညှင်းညှင်းရှုနေသော အသက်ရှုသံကို မပြတ်မသား ကြားနေရလေသည်။


သူ အထိန်းအကွပ်မဲ့လုနီးပါး ဖြစ်သွားပြီး လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ကာ လင်းလော့ချင်း၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။


သူ့ရဲ့ အသားအရေက အရမ်းကောင်းတာပဲ…ချောမွတ်ပြီး နူးညံ့တယ်...ချိုမြိန်တဲ့ အချိုပွဲတစ်ခုလိုပဲ…


သူက ချိုမြိန်မှုများကို အဝေးကပင် ခံစားနိုင်လေသည်။


ကျိယွီရှောင် တစ်ဖက်လူကို စိုက်ကြည့်နေပြီးကြင်နာစွာ ပွတ်သပ်နေလေသည်။


အခန်းက တိတ်ဆိတ်နေပြီး သူ့နှလုံးသားကလည်း ခုန်ပေါက်လေသည်။


ထိုစဉ် ရုတ်တရက် အခန်းတံခါးက ပွင့်သွားပြီး ကျိလဲ့ယွီ၏ ကြည်လင်‌သော အသံကိုကြားလိုက်ရသည်။


 “ပါးပါး ဒီမနက်…”


ကျိလဲ့ယွီ စကားမဆုံးသေးမီ သူ့ရှုရှုက သူ့ကို ကူရာမဲ့စွာ လှည့်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူ့ရှုရှု၏ ညာဘက်လက်က မ‌နေ့က ပြောင်းလာသည့်  သူ့အနာဂတ်အန်တီ၏ နားကို ဖုံးအုပ်ထားပြီး သူ့အနာဂတ်အန်တီက သူ့ရှုရှု ရင်ဘတ်ကို မှီထားကာ ရှုရှုခါးကို ဖက်ထားလေသည်။


ကျိလဲ့ယွီ လက်ကို လျင်မြန်စွာ  မြှောက်လိုက်ပြီး သူ့မျက်လုံးကို အုပ်လိုက်သည်။


“သား ဘာမှ မမြင်ဘူးနော်...”


သူ ပြောပြီးသည်နှင့် လျင်မြန်စွာ ပြေးထွက်သွားလေသည်။


ကျိယွီရှောင် ကျိလဲ့ယွီ၏ပုံစံကို သဘောကျသွားပြီး ပြုံးရယ်လိုက်လေသည်။ သို့သော် ခဏအကြာတွင် ကျိလဲ့ယွီ ပြန်ပြေးလာသည်ကို တွေ့လိုက်ရသည်။


သူ တံခါးလက်ကိုင်ကို ကိုင်ထားပြီး ကြင်နာစွာ ပြောလာလေသည်။


“‌ပါးပါး ဆက်အိပ်နော်...ဆက်အိပ်...”


သူ့အသံက အိပ်ပျော်နေသည့်  လင်းလော့ချင်း အား အနှောင့်အယှက် ပေးမိမည်ကို စိုးရိမ်နေသလို တိုးတိုးပြောလာလေသည်။


ကျိယွီရှောင် ယခု တကယ် အံ့ဩသွားပြီဖြစ်သည်။


ဒီကလေး ဒါတွေကို ဘယ်က သင်လာတာလဲ…တကယ် မကောင်းတဲ့ က‌လေးပဲ...


သူ ခေါင်းကို ခါနေစဉ် လင်းလော့ချင်း၏ ညုတုတုရေရွတ်သံကို ကြားလိုက်ရလေသည်။


“ဘာဖြစ်လို့လဲ...”


“ဘာမှ မဖြစ်ဘူး...” 


ကျိယွီရှောင် သူ့ကို ချော့လိုက်သည်။


“မင်း ဆက်အိပ်လေ...”


လင်းလော့ချင်း သတိလက်လွတ်ဖြင့် ကျိယွီရှောင်၏လက်မောင်းကို ပွတ်သပ်‌‌နေသောကြောင့် နဖူးပေါ်မှ စတစ်noteပြုတ်ကျသွားလေသည်။ သူ ကျိယွီရှောင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ပြောလိုက်သည်။ 


 “ငါ မအိပ်ချင်တော့ဘူး...ထတော့မယ်...”


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်ပြီး ပြုတ်ကျသွားသည့် စတစ်noteကို တစ်ဖက်လူ၏ ဆံပင်ပေါ် ကပ်ပေးလိုက်သည်။


“ထရင် မင်းနတ်ဘုရားရဲ့ လက်မောင်းကို အရင်လွှတ်ပေးလေ...”


လင်းလော့ချင်း :"..."


လင်းလော့ချင်း တစ်ဖက်လူကို စိတ်ရှုပ်‌ထွေးစွာ ကြည့်လိုက်သည်။ ထိုအခါ ကျိယွီရှောင်က ခေါင်းဖြင့် ညွှန်ပြလိုက်ပြီး လင်းလော့ချင်းက သူညွှန်ပြသည့်နေရာကို ငုံ့ကြည့်လိုက်လေသည်။


တစ်စက္ကန့်... နှစ်စက္ကန့်...ကြာပြီးမှ သူ တစ်ခုခုကို သဘောပေါက်သွားပြီး အမြန် ထထိုင်လိုက်သည်။


ကျိယွီရှောင် သူ့နားကို ချဉ်းကပ်လာပြီး နား နားကပ်ကာ တီးတိုးပြောလိုက်သည်။


“မင်းနတ်ဘုရားရဲ့ ခါးနဲ့ ဗိုက်ကို ဖက်ထားရတာ စိတ်ချမ်းသာလား...မင်း တစ်ညလုံး ငါ့ကို ဖက်ထားတာလေ...”


လင်းလော့ချင်း : “...”


“ဪ ဒီမနက်လည်း ဖက်ထားသေးတာပဲ...” 


ကျိယွီရှောင် ထပ်ဖြည့်ပြောလိုက်သည်။