အပိုင်း (၁၃)
Viewers 5k

သူတို့နှစ်ယောက်က Sports ကားပေါ်တွင် ထိုင်နေခဲ့ပြီး လုချီမင်က ကားစက်နှိုးရန် နှစ်ကြိမ်သုံးကြိမ်ခန့် စမ်းလိုက်သည်။ ထို့နောက် သူက အရှိန်မြှင့်ကာ မောင်းထွက်လိုက်၏။


ကျန်းမြောင်မြောင်က ထိုမျှ​မြန်ဆန်သည့်ကားမျိုး မစီးဖူးခဲ့ပေ။ သူမက တစ်စုံတစ်ယောက်အား ဝင်တိုက်မိမည်ကိုပင် စိုးရိမ်နေခဲ့သည်။ သူမက ထိုင်ခုံခါးပါတ်ကို မြန်မြန်ဆန်ဆန် ပတ်လိုက်ရသည်။ သူမ ခါးပတ်ပတ်ပြီး၍ ခေါင်းပင်မမော့လိုက်ရသေးခင် သူမဘေးမှလူ၏ စကားသံကို ကြားလိုက်ရ၏။ "ငါတို့ရောက်ပြီ။"

 



ရောက်ပြီလား။ အဲဒီလောက်မြန်တာလား။



သူမက ကြည့်လိုက်သည်။ သေချာပေါက်ပင် စတိုးဆိုင်၏ ရင်းနှီးသော အနီရောင်ဝင်ပေါက်က သူမရှေ့တွင် ရှိနေခဲ့သည်။ ဆိုင်တံခါးက ပွင့်​နေခဲ့သည်။ သိသာစွာပင် ထိုလူများက သူတို့မြို့မှ ထွက်သွားသည့်အချိန် ဂရုမစိုက်ခဲ့ခြင်း ​ဖြစ်သည်။ အဝေးတွင် ဇွန်ဘီများစွာက လှည့်လည်သွားလာနေခဲ့သည်။ နေရောင်က ပူပြင်းစွာ တောက်လောင်နေခဲ့ပြီး ဇွန်ဘီများက သူတို့ကို သတိမပြုမိခဲ့ကြပေ။



လုချီမင်က ခပ်တိုးတိုးပြောလိုက်သည်။ "ဆင်း... မင်း သယ်နိုင်သလောက် သယ်လာခဲ့။ ငါတို့မှာ သုံးမိနစ်အချိန်ရှိတယ်။" 



ကားပေါ်မှ ဆင်းပြီးနောက် ဇွန်ဘီများတွေ့သွားခဲ့လျှင် သူမ ပြန်သွားနိုင်လိမ့်တော့မည် မဟုတ်ပေ။



မေ့လိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ရောက်နေပြီပဲ။ ဆက်လုပ်ကြတာပေါ့။



ကျန်းမြောင်မြောင်က အံကြိတ်ကာ ပြေးထွက်လိုက်သည်။ လုချီမင်က သူမနောက်မှ လိုက်ကာ ကားထဲမှ ထွက်လာပြီး တမင်သက်သက်လိုလို မတော်တဆလိုလိုဖြင့် သူမကို ကာကွယ်ပေးခဲ့သည်။ 



သူတို့ စတိုးဆိုင်ထဲ ဝင်ပြီးသွားသောအခါ သူက ချက်ချင်း တံခါးပိတ်ပစ်လိုက်သည်။ သူက ငွေရှင်းကောင်တာမှ အိတ်ဒါဇင်ကျော်ခန့် ထုတ်ယူလိုက်ပြီး တစ်ဝက်ကို ကျန်းမြောင်မြောင်ထံ တစ်ဝက်ပေးလိုက်သည်။


ကျန်း​မြောင်မြောင်က ပြောလိုက်သည်။ "အရမ်းကျွမ်းကျင်နေတာပဲ။ ဓားပြတိုက်တာက နင့်ရဲ့ ကျွမ်းကျင်မှုလား။" 



"စတိုးဆိုင်ကို ဓားပြတိုက်ဖို့ ကျွမ်းကျင်စရာလိုလို့လား။ ပစ္စည်းကို ဆွဲယူပြီးတာနဲ့ ထွက်ပြေးလိုက်ရုံပဲ မဟုတ်ဘူးလား။ အခုဆို ဘဏ်ကို တန်းပြီး ဓားပြတိုက်လို့တောင် ရနေပြီမို့ ကွန်ဖူးသင်ဖို့တောင် မလိုတော့ဘူး။" 



ကျန်းမြောင်မြောင် ထိတ်လန့်သွားသည်။ "နင် ဘဏ်ကို ဓားပြတိုက်ဖူးတာလား။" 



သူက မျက်လုံးကို လှိမ့်လိုက်ပြီး သူမ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။ "အချိန်ဖြုန်းနေတာရပ်လိုက်။ မြန်မြန်ယူစရာရှိတာယူ။"


ကျန်းမြောင်​မြောင်က ဘယ်က စယူသင့်လဲ မသိတော့ပေ။ ပစ္စည်းတင်သည့် စင်က တောက်ပနေပြီး အရသာရှိသော အစားအစာအပြည့်နှင့် ဖြစ်သည်။


ကျန်းမြောင်မြောင်က နှစ်စက္ကန့်လောက်တွေဝေနေပြီးမှ သူမ ရှော့ပင်းထွက်နေခြင်းမဟုတ်ကြောင်း သတိပြုမိလိုက်သည်။ သူမက အိတ်ကို ဖွင့်ကာ စင်ပေါ်မှ ပစ္စည်းအချို့ကို ဆွဲယူပြီး အထဲသို့ထည့်လိုက်သည်။



သူတို့နှစ်ယောက်တွင် လက်လေးဖက်သာရှိသော်လည်း မကြာခင်၌ သူတို့၏ အိတ်များက ပြည့်လျှံသွားပေသည်။



သူမက ထွက်သွားရန်ပြင်လိုက်ပြီး ငွေရှင်းကောင်တာကို ဖြတ်လျှောက်သွားသည့်အခါ ကောင်တာပေါ်တွင် အစိမ်းရောင်တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ သူမ အနီးကပ်ကြည့်လိုက်သည့်အခါ ၎င်းတို့က ပဲစေ့များရှိနေသည့် အိုးတစ်အိုးဖြစ်နေကြောင်း မြင်လိုက်ရပေသည်။



ထိုစတိုးတွင် ပဲနို့ရောင်းသည့်အတွက် အရောင်းစာရေးမက ဇလုံထဲ​တွင် ပဲစေ့များကို ရေစိမ်ကာ ထည့်ထားခဲ့ပြီး သို့မှသာ ၎င်းတို့က သောက်သုံးနိုင်အသင့်ဖြစ်နေနိုင်သည်။ 



သူမက ထွက်သွားနိုင်ရန် အလွန် ပူပန်နေခဲ့သည့်အတွက် ထိုပဲစေ့ဇလုံကို ဂရုမစိုက်နိုင်ခဲ့ပေ။



လုချီမင်က တံခါးကို ဖွင့်ပြီး ကားထဲသို့ အိတ်များ ထည့်လိုက်သည်။



ကျန်းမြောင်မြောင်က ပြေးလာပြီး သူမ၏ အိတ်များကို ကားထဲ ပစ်ထည့်ကာ အမြန်ပြောလိုက်သည်။ "ငါ့ကို သုံးစက္ကန့်လောက်စောင့်ပေး။"


ထို့နောက် သူမက ပြန်ပြေးသွားခဲ့သည်။



သူမ ပြန်ထွက်လာသည့်အခါ လက်ထဲတွင် ပဲပင်ဇလုံကို ကိုင်ထားခဲ့ပြီး ပဲပိစပ်တစ်အိတ်နှင့် အမြန်ချောပို့ ပုံးများကို သယ်ဆောင်လာခဲ့သည်။ 



သူမက ကားထဲဝင်ထိုင်ကာ တံခါးပိတ်လိုက်ပြီး အသက်မရှူဘဲပြောလိုက်သည်။ "မောင်း! ဇွန်ဘီတွေ ငါ့ကို မြင်သွားပုံရတယ်။" 



လုချီမင်က ဇဝေဇဝါ ဖြစ်နေမှုကို ဖိနှိပ်လိုက်ပြီး သူတို့ပြန်ရောက်သည့်အခါမှ စကားပြောရန် ဆုံးဖြတ်လိုက်သည်။ 



Sports ကားကို ဗီလာသို့ ပြန်မောင်းလာခဲ့ကြသည်။ ရွှေတင်ပါးတစ်ခြမ်းနှင့် အခြားဇွန်ဘီများက ပြန်ရောက််လာသေးသော်လည်း သူတို့က တံခါးကို အောင်မြင်စွာ ​ဖွင့်၍ အိမ်ပြန်ရောက်လာခဲ့ကြပြီ ဖြစ်သည်။



အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် သူမ၏ ဦးနှောက်က တုန့်ပြန်နိုင်ခြင်းမရှိသေးပေ။ သူတို့က ပစ္စည်းများကို အောင်မြင်စွာ ပြန်ဖြည့်နိုင်ခဲ့ကြပြီ ဖြစ်သည်။



ကျန်းမြောင်မြောင်က သူမရှေ့မှ ဒါဇင်ချီသည့် ပလတ်စတစ်အိတ်များကို ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လှိမ့်ကာ ရယ်တော့သည်။ 



လုချီမင်က စီးကရက်မီးညှိလိုက်ရင်း ကြမ်းပြင်ပေါ်၌ ထိုင်ချကာ ပြောလိုက်သည်။ "အရူးထမနေနဲ့။ ငါတို့ ဘာတွေ ယူလာကြလဲ ကြည့်ရအောင်။"



သေချာပေါက် ကောင်းမွန်သည့် တစ်စုံတစ်ခုရှိလျှင် သူမက ၎င်းတို့ကို ချက်ချင်း ဖွက်ထားလိုက်မည်ဖြစ်ကာ လုချီမင်ကို သူမထံမှ လုယက်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။



ကျန်းမြောင်မြောင်က ထထိုင်လိုက်ပြီး ပထမဆုံး ပလတ်စတစ်အိတ်ကို ဖွင့်လိုက်သည်။



အာလူးကြော်နှစ်ထုပ်၊ ဘီစကစ်သုံးထုပ်၊ တို့ဟူးခြောက် ခြောက်ထုပ်နှင့် ကြက်ဥအစပ်ဆယ်ထုပ် ရှိပေသည်။ [Note: ကြက်ဥအစပ်ထုပ်ကလေ လက်ဖက်ကြက်ဥလိုမျိုး Ready Made အထုပ်လေးတွေနဲ့ ရောင်းတဲ့ Curry မျိုး ​ဖြစ်ပါလိမ့်မယ်နော်။]



ဒုတိယအိတ်ထဲ၌ ခေါက်ဆွဲခြောက်ထုပ် ငါးပါကင်၊ ကွတ်ကီး လေးဘူး၊ ဒိန်ချဥ်ခြောက်ပုလင်း ပါဝင်သည်။



တတိယပလတ်စတစ်အိတ်ထဲတွင် ပီကေရှစ်ဘူး၊........ 



သူမသည် လေးထောင့်ဘူးလေးများစွာကို မြင်လိုက်သည့်အခါ ၎င်းကို ပီကေဟု တွေးလိုက်မိသည်။ ထို့နောက် အပေါ်မှစာကို ဖတ်လိုက်မိသည့်အခါ သူမမျက်နှာက နီရဲသွားပြီး ၎င်းတို့ကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့သည်။


[Note: အမှားကောင်းဟေ့ 🤣🤣] 



"နင် ဘာတွေကြည့်နေတာလဲ။ မကြည့်နဲ့။ အဲဒါကအမှိုက်တွေပဲ။"



ကျန်းမြောင်မြောင်က ပြောလိုက်သည်။



လုချီမင်က ဘာတွေဖြစ်နေလဲ နားလည်သွားကာ ပြောလိုက်သည်။ "ဆက်ပြီးဟန်ဆောင်နေလိုက်။"



"ငါ မဟုတ်ဘူး။"



သူက သူမနှင့် ငြင်းခုန်ရန် အလွန်ပျင်းရိနေသည်။ သူက သူမရှေ့သို့ ပစ္စည်းအပြည့်နှင့် ​အိတ်နှစ်အိတ်ကို ပစ်ပေးလိုက်၏။



"ဒါက မင်းဟာတွေ။"



ကျန်းမြောင်မြောင်က သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်သည့်အခါ အိတ်ထဲတွင် လစဥ်သုံးပစ္စည်းများ အပြည့်ရှိနေသည်ကို မြင်လိုက်ရလေသည်။