Chapter 55
Viewers 9k

အပိုင်း (၅၅) 




ကျီရှောင်အုံး သူမနှလုံးသားက လှစ်ခနဲခုန်မြည်သွားပြီး သူမ ချက်ချင်း နောက်ပြန်ဆုတ်သွားကာ သတိနဲ့မေးလိုက်တယ်။ "ရှင် ဒီမှာ ဘာလုပ်နေတာလဲ"


ဒါက ကျားသစ်နယ်မြေဖြစ်နေဖြစ်ပြီး ဝံပုလွေတွေရဲ့ပိုင်နက်နဲ့ အဝေးကြီးမလို့ ကျီရှောင်အုံး လာလိုက်တာပဲဖြစ်တယ်။ ဟိုလ်ဒန်က ဒီကို ဘယ်လိုလုပ် ရောက်နေရတာလဲ။


ဟိုလ်ဒန်က သစ်ပင်ပေါ်မှ ခုန်ဆင်းချလာပြီး သူမဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာလိုက်ပြီး သူ့ပါးစပ်ထောင့်စွန်းတွေက ကွေးညွှတ်သွားကာ "မင်းကိုတွေ့ဖို့လာတာပေါ့ ကျားသစ်တွေနဲ့ မင်း ဘယ်လိုနေနေလဲလို့"


"... ရှင့်ကိစ္စမဟုတ်ဘူး" ကျီရှောင်အုံး ပြောလိုက်တယ်။ ဟိုလ်ဒန်နဲ့ သူမဆက်ဆံရေးက အဲ့လောက်ထိ ကောင်းနေတယ်လို့ မထင်ပါဘူး။ "ဒီကို မလာခဲ့နဲ့ မဟုတ်လို့ရှိရင် ကျွန်မ ယဉ်ကျေးနေမှာ မဟုတ်ဘူး"


"မင်းက ဘာလုပ်ချင်လို့လဲ" ဟိုလ်ဒန်က အစိတ်စိတ်အမွှာ ကွဲကြေနေတဲ့ ကျောက်တုံးကြီးကို စိတ်ဝင်စားမှုကြီးစွာနဲ့ လှမ်းကြည့်လိုက်ကာ "ဒီလိုမျိုးလား"


ကျီရှောင်အုံး နှုတ်ဆိတ်နေလိုက်တယ်၊ ဟိုလ်ဒန် က သူမပါးစပ်ကနေ စကားလုံးတွေ အစ်အောက်ထုတ်ဖို့ ကြိုးစားနေပေမဲ့ သူမကတော့ သူ့အား အဲဒါ ဘာဆိုတာ ပြောမှာမဟုတ်ဘူးပဲ။


ယမ်းမှုန့်က ဒီကမ္ဘာကနေ ကျော်ထွက်နေတဲ့ခေတ်တစ်ခုက အရာတစ်ခုဖြစ်သည်။ ဒီနေရာက သားရဲလူတွေက ဒါကို တစ်ခါမှ လေ့လည်း မလေ့လာဖူးသလို မြင်လည်း မမြင်ဖူးဘူးထားကြပေ။ သူမက ဒါကို အပြည့်အဝ တိုးတက်အောင်မလုပ်ရသေးခင် 


သူမလုပ်နေတဲ့အရာကို တစ်ယောက် ပိုသိသွားတာနဲ့ သူမကိုယ်တိုင်အား အန္တရာယ်တွေ ပေါင်းထည့်မိနိုင်မှာပဲဖြစ်တယ်။


ဒါပေမဲ့ ဟိုလ်ဒန်ကလည်း သာမန်လူတစ်ယောက်တော့ မဟုတ်၊ အထူးသဖြင့်ကို အရှုး မဟုတ်ပေ။


"ကိုယ့်ကို အဲဒီလိုမျိုး မကြည့်ပါနဲ့၊ ကိုယ်မင်းကို ထိခိုက်အောင်မလုပ်ပါဘူး" ဟိုလ်ဒန်က သူ့လက်ကို အရှုံးပေးသလို လက်မြှောက်လိုက်ကာ "ကိုယ်က ရှုခင်းလျှောက်ပတ်ကြည့်ဖို့ ရောက်လာရုံပါပဲ"


ကျီရှောင်အုံးက ဟိုလ်ဒန်ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို မယုံခဲ့ဘဲ "နင်တို့ ဝံပုလွေပိုင်နက်မှာလည်း ရှုခင်းတွေ ကြည့်စရာ မရှိဘူးလား။ ဘာလို့ ဒီကို လာကြည့်တာလဲ။"


"သေချာတာပေါ့ ဒီက ရှုခင်းက ပိုကောင်းပြီး ပျင်းစရာ မကောင်းဘူးလေ" ဟိုလ်ဒန်ရဲ့အပြုံးက မရိုးဖြောင့်မှုနဲ့ ကောက်ကျစ်လာခဲ့တယ်။


ဟိုလ်ဒန်က လိမ်ခဲ့တာမဟုတ်ပေမဲ့လဲပေါ့။ သူ တကယ်ပဲ လှည့်ပတ်ကြည့်ရုံပါပဲ ဒါပေမယ့် လှည့်ပတ်ရုံ သက်သက်တော့ မဟုတ်ဘူးပေါ့။ ပိုင်နက်နယ်မြေကို လေ့လာဖို့လည်း ပါတာပင်။


ဟိုလ်ဒန်က ကျားသစ်နယ်မြေအား ယှဉ်ပြိုင်ဖို့ စိတ်ကူးကို မစွန့်လွှတ်ခဲ့ပေ။


ဝံပုလွေအရေအတွက်က ကျားသစ်တွေထက် ဆယ်ဆပိုပေမဲ့ ပိုင်နက်ကတော့ ကျားသစ်နယ်မြေရဲ့ ဆယ်ပုံတစ်ပုံအောက်သာရှိ၏။


ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့တွေမှာ လူဦးရေ တိုးပွားလာပေမဲ့ ပိုင်နက်နယ်မြေကိုတော့ မချဲ့ထွင်နိုင်ခဲ့ပေ။ နောင်အနာဂတ်မှာ သူတို့ရဲ့ သားစဉ်မြေးဆက်တွေ နေထိုင်ဖို့ နေစရာနေရာရှိမှာ မဟုတ်တော့ဘူးပဲ။


ရမ်က ကျားသစ်မျိုးနွယ်၏ စည်းမျဉ်းတွေကို ပြောင်းလဲလိုက်ကြောင်း ဟိုလ်ဒန် သိသွားခဲ့ပြီး အဲဒါက သူ့အတွက်တော့ သတင်းကောင်းပင်။


ခေါင်းဆောင်တစ်ဦးအနေနဲ့ ဟိုလ်ဒန်က မျိုးနွယ်စုလူတွေရဲ့ ဥပဒေများကိုပြောင်းလဲဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ကြောင်း သဘာဝကျစွာပင် သူ သိပေသည်။


သူတို့မှာက မိန်းမပျိုတွေ အနည်းငယ်သာရှိတာပင်။ ရမ်က အိမ်ထောင်ဖက်စနစ်ကို ကျင့်သုံးသည်နှင့်တစ်ပြိုင်နက် ယောက်ျားသား အများစုက မိန်းမပျိုတစ်ဦးစီ မရရှိနိုင်ပေ။ သည် အိမ်ထောင်ဖက်မရတဲ့ အမျိုးသားများက ဒေါသထွက်လာကာ ရမ့် အပေါ် သူတို့၏ သစ္စာစောင့်သိမှုကလည်း လျော့နည်းသွားမည်ဖြစ်သည်။


တကယ်လို့သာ သူသာ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ရင် အောင်မြင်မည့် အခွင့်အလမ်းများ ပိုကောင်းလာမည်ဖြစ်၏။


သေချာတာပေါ့ သူ ဒါကိုတော့ ကျီရှောင်အုံးကို ဘယ်ပြောလိုက်ပါ့မလဲ။


ဘာလို့ဆို သူ ကျီရှောင်အုံးရဲ့ "ချေးဘောလုံး" တစ်လုံးနဲ့ တူညီလုနီးပါရှိတဲ့ အနက်ရောင်အလုံးကို သူ စိတ်ဝင်စားနေလို့ပါပဲ။


ကျီရှောင်အုံးက ကျောက်တုံးအောက်တွင် ထိုအရာကို မြှုပ်နှံပြီး မီးရှို့ခဲ့တာကို ဟိုလ်ဒန် သူ့မျက်စိနှစ်လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျကို မြင်ထားခဲ့တာပင်။ အဲဒီနောက် ကျောက်တုံးက ကျယ်လောက်တဲ့ ဆူညံသံတစ်ခုပြုလုပ်လိုက်ကာ အစိတ်စိတ်ကွဲကြေ ထွက်သွားလိုက်တာပင်။


အကယ်၍သာ ကျားသစ်နယ်မြေကို သိမ်းပိုက်ဖို့ ဒီလို စွမ်းအားကြီးမားတဲ့ အရာတစ်ခုကို သူတို့တိုက်ခိုက်မည့်ဘက်မှာ သုံးမယ်ဆိုပါက ပြဿနာရှိလိမ့်မည် မဟုတ်ပေ။


"ဒါကို ဘယ်လိုလုပ်ထားတာလဲ ကိုယ့်ကို ပြောပြပါလား" သူ ပြောလိုက်တယ်။ ဟိုလ်ဒန်က သူမဆီ လှမ်းလာပြီး လက်တစ်ဖက်ကို ပင့်လိုက်ပြီး ချုံပုတ်ပတ်ချာလည်အား မရိုက်မိစေဘဲ သူနှင့် ပင်စည်ကြားတွင် သူမအား ညှပ်ထားလိုက်ခဲ့တယ်။


ကျီရှောင်အုံးက သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်တယ် "ငါ မပြောချင်ဘူး" 


ဟိုလ်ဒန် ရယ်မောလိုက်၏။ "ပျော့ညံ့တဲ့အသေးလေး မင်း နာခံဖို့ ငါ အကြံပေးချင်တယ်။ ဒီနေရာမှာ ငါတို့နှစ်ယောက်ပဲရှိတာနော် အဲဒါ မင်းအတွက် မကောင်းဘူးလေ..."


"အရမ်းစည်းကမ်းမဲ့မလာနဲ့။ ဒါက ကျားသစ်နယ်မြေ မကြာခင် နင့်ကို ရှာတွေ့သွားလိမ့်မယ်........"


"သူတို့ တွေ့နိုင်မှာတဲ့လား" ဟိုလ်ဒန်က သူ့လျှာကို ထုတ်လိုက်ပြီး ကျီရှောင်အုံးရဲ့ နားရွက်ကို လျှာနဲ့ လျက်လိုက်ပြီး "သူတို့က ကိုယ့်တို့လောက်မှ မတော်တာ။ ဘယ်သူက အရင်လာမှာလဲ၊ ကျားသစ်တစ်ကောင်ကပဲ လာမလား ဒါမှမဟုတ် ကိုယ်ကပဲ မင်းကို ခေါ်ထုတ်သွားနိုင်မလား......"


သူ့လက်ကို ဆန့်တန်းပြီး သူမအား သူ့ပခုံးဆီသို့ တိုက်ရိုက် တမ်းတင်လိုက်ပြီး ဝံပုလွေပိုင်နက်ဆီသို့ ဦးတည်လိုက်ချိန်တွင်တော့ သူ့အသံက တဖြေးဖြေး တိုးတိတ်သွားပြီး ရပ်တန့်သွားတော့၏။


ကျီရှောင်အုံး ထိတ်လန့်သွားလိုက်ပြီး သူမ အကြောက်အကန် ရုန်းကန်ရင်း "ဟေး.... ဟိုလ်ဒန် ငါ့ကို ချပေး--"


ဟိုလ်ဒန်က သူမရဲ့ မကျေနပ်ချက်တွေကို မကြားရ သယောင်ဆောင်လိုက်ကာ သူ့အရှိန်ကို မြှင့်တင်၍ ဝံပုလွေနှင့် ကျားသစ်နယ်မြေများဆုံရာ နယ်နိမိတ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့တယ်။


သူတို့ရှေ့တွင် ကျယ်ပြောသော စိမ့်မြေလွင်ပြင်ကြီးတစ်ခုရှိ၍ မြေဆီလွှာက ပုပ်သိုးနွံ့ထနေပြီး ပေါင်းမြက်တွေ တောထနေခဲ့သည်။ နှစ်ဖက်စလုံးတွင် ပြန့်ပြူးသော မြေသားပေါ်ကသာလျှင် ဖြတ်သန်းသွားလာနိုင်၏။


ဒီရွံ့နွံတောရဲ့ အလွန်တွင်တော့ ဝံပုလွေမျိုးနွယ်ပိုင်နက်ဖြစ်၏။


ကျီရှောင်အုံး အံတင်းတင်းကြိတ်လိုက်ရင်း ခဏအကြာ အကြံတစ်ခု ရသွားလိုက်တယ်။ ဟိုလ်ဒန်က ရွှံ့နွံထဲတွင် ကျော်လွှား ဖြတ်သန်းသွားလာနေချိန်တွင် သူမက သူမ၏နေရာလွတ်ထဲမှ 


နောက်ထပ်ဗုံးတစ်လုံးကို ယူလိုက်ပြီး သုံးဖို့ကြိုးပမ်းလိုက်ကာ စနက်တံကို မီးရှို့၍ ကုန်းစောင်းရဲ့ အနောက်ဘက်သို့ ချိန်ရွယ်လိုက်ခဲ့တယ်။ သူမ ဝက်သစ်ချပင်မြင့်မြင့်တစ်ပင်ဆီ ခက်ခက်ခဲခဲ ပစ်ပေါက်လိုက်တော့တယ်။


"ဒုန်း----" 


ဗုံးသီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံ ထွက်ပေါ်လာလိုက်တယ်။ သစ်ပင်က တစ်ပိုင်း ပျက် 


ကျိုးသွားပြီး သူတို့သွားနေတဲ့ လမ်းကြောင်းဆီ တည့်တည့် ကျလာလိုက်တယ်။


ဟိုလ်ဒန့် မျက်နှာက မဲမှောင်သွားပြီး သူ ဆဲရေးလိုက်ကာ ချက်ချင်းပဲ ဦးတည်ချက် ပြောင်းလိုက်ရတယ်။


တစ်ချိန်တည်းမှာပဲ ကျီရှောင်အုံး သူမ၏စစ်တပ်ဓားကို ထုတ်လိုက်ကာ သူမ ရှိသမျှအားကုန်သုံး၍ ဟိုလ်ဒန့်ပခုံးအား ဓားဖြင့်ထိုးစိုက်ချလိုက်တော့၏!


ဟိုလ်ဒန် နာကျင်မှုဖြင့် စစ်ခနဲ အသံပြုလိုက်ပြီး ယိုင်လဲကျသွားတော့တယ်—


မကြာမီ သူ နွံတောထဲသို့ လဲကျသွားတော့၏။


ကျီရှောင်အုံးက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ လဲကျနေစဉ် အခွင့်အရေးကို အမိအရယူကာ နွံတောအစွန်းသို့ အောင်မြင်စွာ ခုန်လိုက်နိုင်ခဲ့တယ်။


ဟိုလ်ဒန်ရဲ့ ခါးက စိမ့်ရေများဖြင့် နစ်မြုပ်သွားလိုက်ပေမဲ့ သူ့ပခုံးကိုထိရန် သူ့လက်ကိုဆန့်လိုက်တယ်။ သူ့လက်ဖဝါးပြင်ပေါ်မှ သွေးတွေကို မြင်လိုက်တော့ သူ ငုံ့ကြည့်လိုက်ခဲ့တယ်။ အမျိုးသမီး၏လက်နဲ့ အရိုက်ခံရမယ်လို့ သူ မမျှော်လင့်ထားဘဲ သူ့ကိုယ်သူ အထင်ကြီးတဲ့စိတ်လေးက အနည်းငယ်လေးလွင့်စင်သွားလိုက်တယ်။


"အသေးလေး" ဟိုလ်ဒန် သူ့မျက်လုံးတွေကို ပင့်သွားလိုက်ပြီး စိတ်ဝင်စားတဲ့ ပုံပေါက်သွားလိုက်ကာ "ကျားသစ်တွေက မင်းကို ဘာတွေပေးနေလို့ မင်းက သူ့တို့အပေါ် ဒီလောက် သစ္စာရှိနေရတာလဲ" 


သူသိသလောက်တော့ ကျားသစ်အထီးတွေက သူတို့မိန်းမပျိုတွေကို ကြင်နာတတ်ကြတဲ့သူတွေ မဟုတ်ဘူးပဲ။


'သူတို့ရဲ့ မိန်းမပျိုတွေကို မျှဝေခံစားတဲ့အတွက် လူသိများတဲ့ မျိုးနွယ်တစ်ခုဖြစ်ပြီး အဆုံးသတ်မှာတော့ ကျီရှောင်အုံးအတွက် သနားစရာပဲ။'


'ဒီလိုဆို ဘာအကြောင်းကများ ကျီရှောင်အုံးက သူ့ရဲ့ဖိတ်ကြားချက်ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ပြီး ကျားသစ်တွေနဲ့အတူနေဖို့ စိတ်ပိုင်းဖြတ်ထားလိုက်တာများလဲ။'


"တကယ်လို့ ကျားသစ်တွေက မင်းကို တစ်ခုခု ကတိပေးထားရင် ငါ မင်းကို အဲဒီ့ထက် အများကြီး ပိုပေးနိုင်မှာပါ" ဟိုလ်ဒန်က ပြောလိုက်တယ်။ "မင်း ငါ့မျိုးနွယ်နဲ့အတူ ရှိနေသရွေ့ပေါ့"


ကျီရှောင်အုံး သူ့ကို တည့်တည့်ကြည့်လိုက်ပြီး "ရှင် ကျွန်မကို ဘာပဲပေးပေး ကျွန်မတော့ ရှင်နဲ့အတူ လိုက်မှာမဟုတ်ဘူး"


ဟိုလ်ဒန်က မျက်ခုံးပင့်ကာ "ဘာလို့လဲ"


'ဘာလို့လဲ' ကျီရှောင်အုံး အဲဒါကို တစ်ခါမှ မတွေးတောဖူးဘူး။


သူမ ရမ်နှင့်အတူတူ ကျားသစ်များနှင့် အတူနေဖို့ ဆန္ဒရှိပေမဲ့ ဟိုလ်ဒန် နှင့် ဝံပုလွေများဆီသို့ လိုက်သွားရတာထက် သေပဲ သေပစ်ချင်သည်။


ရမ်က သူမကို ဆွဲခေါ်ပြီး ပြန်ခေါ်သွားလိုက်တဲ့အချိန် သူမ ခုလည်း မခုခံသလို ရုန်းလည်း မရုန်းကန်ခဲ့ပေ။ သူမ ကြိုးစားရင်း သေသွားနိုင်လို့လား။


ဒါပေမယ့် သူမ မလုပ်ခဲ့ပေ။


လွတ်မြောက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပေမယ့် သူမ မလုပ်ခဲ့တုန်းပဲ။


မသိစိတ်ထဲကနေ သူမ အမြဲတမ်း ရမ်နဲ့ အတူတူ နေချင်ခဲ့တယ်။


ကျီရှောင်အုံး သူမနှုတ်ခမ်းသားကို ကိုက်လိုက်ပြီး သူမ မျက်လုံးတွေက တစ်စုံတစ်ခုကို နားလည်သွားလိုက်ပုံရကာ ဖျက်ခနဲ လက်သွားလိုက်တယ်။


'—— သူမ ရမ့် ကို ကြိုက်နေတာ ကြာနေပြီများလား။'




ကျားသစ်မျိုးနွယ်စုကို ပြန်ရောက်တော့ ကျီရှောင်အုံး ရေချိုးလိုက်ပြီး အဝတ်အစားတွေ လဲဖယ်လိုက်တယ်။


ဒါကပဲ ရမ့်အတွက် သူမရဲ့စိတ်ခံစားချက်ကို အသိအမှတ်ပြုခြင်းပဲလား ဒါမှမဟုတ် ဟိုလ်ဒန်နဲ့ တွေ့မိတာကို အပြစ်ရှိသလို ခံစားမိသလားတော့ သူမ မသိဘူးပဲ ဒါပေမဲ့ ကျီရှောင်အုံး ရမ့်ကို မကြည့်နိုင်ဘဲ မနေနိုင်တော့ပေ။


ရမ်က အမဲလိုက်လာတဲ့ တောင်ဆိတ်တစ်ကောင်အား အမဲဖျက်နေခဲ့တယ်။ သူ အရေခွံတွေ ဆုတ်ပစ်ပြီး ကလီစာတွေကို ဆေးကြောကာ မီးထဲထည့်လိုက်တယ်။


ရမ် အရင်တုန်းကတော့ အသားတွေ မချက်ပြုတ်တတ်ပေမဲ့ ကျီရှောင်အုံး ရောက်ရှိလာပြီးကတည်းက သူမ စားတဲ့အရသာကို စောင့်ကြည့်ပြီးတော့ မီးနှင့်ချက်ပြုတ်တဲ့နည်းကို ဖြည်းဖြည်းချင်း သင်ယူလိုက်ခဲ့တယ်။


ရမ်ရဲ့ပခုံးပြင်တွေက ကျယ်ပြန့်ပြီး သူ့ခြေထောက်တွေက ရှည်လျားတယ်။ သူ့ခန္ဓာကိုယ် ကောက်ကြောင်းက ဖြောင့်စင်းပြီး အချိုးကျကာ သူ၏ သန်မာအားကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထုတ်ဖော်ပြနေခဲ့တယ်။


ရမ်က အရမ်းကြည့်ကောင်းတဲ့သူတစ်ယောက်ဆိုတာကို ကျီရှောင်အုံး တွေ့ရှိခဲ့လိုက်ခဲ့တယ်။ သူ့မှာ နက်မှောင်တဲ့ မျက်လုံးမျက်ဆံတွေနဲ့ နှာတံရှည်ရှည် သူ့နှုတ်ခမ်းတွေက အမြဲတမ်း အောက်ကို ကွေးညွှတ်နေပြီး လျစ်လျူရှုတဲ့ ခံစားချက်ကို ပေးစွမ်းနေလေတယ်။


"ကိုယ့်ကို ထပ်ကြည့်ဦးလေ" ရမ်က စကားပြောလိုက်ပေမယ့် သူ မလှုပ်ရှားခဲ့ပဲ သူ့အသံနှုန်းက နိမ့်သွားလိုက်ကာ "ပြီးတော့ ကိုယ်အထင် မင်းကိုယ့်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီပဲ"


TheEnd......