Chapter 56
Viewers 9k

အပိုင်း (၅၆)


". . ."


သူမ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောထားတာကို သူမမှာ အပြစ်ရှိသလိုခံစားရကာ သူ့မြင်ကွင်းကနေ ပုန်းအောင်းဖို့ အလုအယက်ကြိုးစားလိုက်ခဲ့တာကို ကျီရှောင်အုံး သတိရသွားလိုက်တယ်။


ရမ်က သူ့ကို လှည့်ကြည့် လှည့်ကြည့်လုပ်နေတဲ့ သူမကို မသင်္ကာသလို ကြည့်လိုက်ကာ မေးလိုက်တယ်။ "မျိုးနွယ်စုက လူတွေက ပြောတယ် မင်း ရွှံနွံတောဘက် သွားခဲ့တယ်ဆို"


စိမ့်မြေရွှံ့တောက ဝံပုလွေမျိုးနွယ်နဲ့ ခြားနားထားတဲ့ နယ်နိမိတ်စည်းဖြစ်၏။


ကျီရှောင်အုံးက ရိုးသားစွာ ခေါင်းညိတ်လိုက်တယ်။


"မင်း ဘာလုပ်ဖို့ သွားတာလဲ" ရမ်က သူမရဲ့ ရေချိုးပြီးကာစ နူးညံ့တဲ့မျက်နှာလေးကို ကြည့်ရှုဖို့ ကျီရှောင်အုံး ဆီသို့ လျှောက်လာလိုက်တယ်။


ကျီရှောင်အုံး တုံ့ဆိုင်းသွားတော့တယ်။ သူမ ဟိုလ်ဒန် ကိုတွေ့ခဲ့တယ်လို့ ပြောရမလား မပြောပြရင်ကောင်းမလား မသိဖြစ်သွားလိုက်တယ်။ သူမ ခဏလောက် တွေးပြီး ဘာမှ ပြန်မပြောတော့ဘဲ "ငါ..... ငါ ယမ်းမှုန့်အသစ်ကို စမ်းသပ်ဖို့ သွားခဲ့တာ။ အဲဒီက စိမ့်မြေရွှံ့တောက ယမ်းမှုန့်ရဲ့ စွမ်းအားကို လေ့လာကြည့်ဖို့ သင့်တော်လို့"


ရမ် က ခဏလောက် နှုတ်ဆိတ်သွားလိုက်ပြီးတော့ မေးလိုက်တယ်။ "ဘာကျန်သေးလဲ" 


'ရှိသေးတယ်....'


ကျီရှောင်အုံးက သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခေါင်းကို တွင်တွင် ခါလိုက်တယ် "မရှိတော့ဘူး"


ရမ်၏ မျက်လုံးပြာများက နက်မှောင်သွားလိုက်ပြီး သူ ကျီရှောင်အုံးရဲ့ လည်တိုင်ဆီ နီးကပ်လာလိုက်တယ်။ သူ့နှာခေါင်းဖျားက သူမလည်ပင်းကို ပွတ်တိုက်သွားလိုက်ပြီး သူမကို သတိပေးလိုက်တယ်။ "နောက်တစ်ခါ မင်းကိုယ့်ကို လိမ်ပြောမယ်ဆို မင်းအပေါ်က တခြားယောက်ျားတွေရဲ့ အနံ့တွေကို ပြောင်အောင် ဆေးကြောလိုက်ဦး" 


ကျီရှောင်အုံးရဲ့ မျက်နှာက ဖြူဖတ်ဖြူရော့ဖြစ်သွားလိုက်ကာ သူမမျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။


သူ့နှာခေါင်းက ထိလွယ်ရှလွယ်တယ်ဆိုတာ သူမ သိပေမဲ့ ဒီလောက်ထိတော့ ထိလွယ်ရှလွယ် ဖြစ်မယ်လို့ သူမ မထင်မှတ်ထားလိုက်ပေ။ သူမ အကြိမ်ပေါင်းများစွာ တိုက်ထားတာကို သူ ဘယ်လိုလုပ် အနံ့ခံနိုင်ရတာလဲ။


"ငါ တောင်းပန်ပါတယ် ရမ်..." ကျီရှောင်အုံးက သူ့မျက်နှာက ဆိုးရွားနေတာကို မြင်လိုက်တော့ စိတ်လှုပ်ရှားစွာနဲ့ သူ့လက်ကို ကိုင်ဆွဲဖို့ လက်ဆန့်လိုက်ပြီး "ငါ နင့်ကို လိမ်ဖို့ မရည်ရွယ်ပါဘူး"


သူမ မသိစိတ်က တွေးတောလိုက်တာက သူမသာ အမှန်အတိုင်းပြောလိုက်ရရင် သူ ပိုပြီး မပျော်မရွှင် ဖြစ်သွားလိမ့်မယ်လို့ပင်။


"ဟိုလ်ဒန်က ငါ့ကိုဘာမှမလုပ်ခဲ့ပါဘူး။ သူက ငါ့ကို ဝံပုလွေတွေဆီ ပြန်ခေါ်သွားချင်ပေမယ့် ငါ သူ့ကိုခြောက်လန့်ဖို့ ပေါက်ကွဲတဲ့ ပစ္စည်းတွေ သုံးလိုက်ခဲ့တယ်" ကျီရှောင်အုံးက ပြန်ပြောလိုက်တယ် ။


ရမ်က မျက်မှောင်နည်းနည်း ကြုတ်သွားလိုက်ကာ "ပေါက်ကွဲတာလား"


ထိုအကြောင်းကို ပြောရင်း ကျီရှောင်အုံး၏ မျက်လုံးများက တောက်ပသွားလိုက်တယ်။ "ဟုတ်တယ်၊ ကျောက်တုံးကြီးတစ်တုံးကို ချေမွပစ်နိုင်တဲ့ အစွမ်းထက်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ငါ တီထွင်ခဲ့တယ်... ငါ ဘယ်ကလာတယ်ဆိုတာ နင် သိပါတယ်၊ ဒိုင်းနမိုက်က အရမ်း အစွမ်းထက်တဲ့ လက်နက်တစ်ခုပဲ သူ့ကို စစ်တပ်ဘက်မှာ သုံးတာ။ အဲဒါက မြို့တစ်မြို့ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကိုတောင် ဖျက်ဆီးပစ်နိုင်တယ်..."


"အခြားသူတွေရှေ့မှာ ဒီလိုမျိုးအရာတွေ မသုံးနဲ့" ရမ်က ကျီရှောင်အုံးရဲ့ စကားကို ကြားဖြတ်ပြောလိုက်ပြီး ခဏအကြာတွင် ထပ်ထည့်ပြောလိုက်တယ်။ "ကိုယ် မင်းနဲ့ အတူ ရှိမနေဘူးဆိုရင်ပေါ့" 


လေးများ၊ လှံများ၊ ကျောက်ပုဆိန်များနဲ့ နှိုင်းယှဉ်လိုက်ရင် ဖောက်ခွဲရေးပစ္စည်းတွေက အမှန်တကယ်ပင် အလွန်ပြင်းထန်တဲ့ လက်နက်တစ်ခုဖြစ်ပေမဲ့ သူတို့က ဒီဘက်ခေတ်နဲ့ သက်ဆိုင်တဲ့ အရာတွေ မဟုတ်ပေ။


အကယ်၍သာ အခြားမျိုးနွယ်စုတွေက ဒီလက်နက်ရဲ့ အစွမ်းကို ရှာတွေ့သွားခဲ့ရင် ကျီရှောင်အုံး အတွက် ကောင်းတဲ့အရာ ဖြစ်လာမည်မဟုတ်ပေ။


ကျီရှောင်အုံးလည်း ဒါက အမှန်ပဲဆိုတာ သိပါတယ်။ သူမရဲ့ မူလရည်ရွယ်ချက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာဖြစ်တော့ သူမ နာခံစွာနဲ့ ခေါင်းညိတ်လိုက်တယ်။


*


ဒီမတော်တဆမှုက အဆုံးသတ်သွားပြီလို့ သူမ ထင်လိုက်ခဲ့ပါတယ်။ သူမ မထင်ထားတာက နောက် သုံးရက်အကြာမှာတော့ ဝံပုလွေတွေက ကျားသစ်မျိုးနွယ်ဆီ လာလည်ပတ်လိမ့်မယ်လို့ပင်။


တိုက်စစ်ဆင်ရန်တော့ မဟုတ်ပေ၊ သို့ပေမဲ့ အဲဒါက ထုတ်ဖော်ပြသဖို့ ထွက်ပေါ်လာလိုက်တာပဲ။


ဒါက အတော်လေးကို ရှားပါးပေ၏။ ဝံပုလွေခေါင်းဆောင်က ကျားသစ်နယ်မြေကို မက်မောနေမှန်း ဘယ်သူက မသိဘဲနေလို့လဲ။ ကျားသစ်တွေကို ဖမ်းဖို့ သူ နေ့တိုင်း တွေးနေတာပဲမလား။


'မသင်္ကာဖွယ်လက်ဆောင်ပစ္စည်းတွေ ပေးကမ်းလာရင် သတိထားပါတဲ့။' 


ကောင်းတာတော့ ဖြစ်မှာမဟုတ်ဘူးပဲ မှန်တယ်မလား။


ဒါတောင်မှ အကြီးအကဲ ဘာဆန်းက ထိုအထဲကို ကြည့်ရှုပြီး ဘာလဲဆိုတာကို မြင်ချင်နေတုန်းပဲ။


——ဝံပုလွေတွေက ဒီတခေါက် နယ်မြေပိုင်နက်အတွက် ရောက်လာတာ မဟုတ်ပေမဲ့ သူတို့ခေါင်းဆောင်ရဲ့ မိန်းမပျိုအတွက်ဖြစ်နေတာပဲ။


သူတို့တွေက ကျီရှောင်အုံးအား မိန်းမပျို အယောက်နှစ်ဆယ်နဲ့ လဲလှယ်ချင်နေကြ၏။


အကြီးအကဲဘာဆန်းက ဝံပုလွေခေါင်းဆောင်အား လေးလေးနက်နက် စိုက်ကြည့်ကာ ပြောလိုက်တယ်။ "ငါ ခေါင်းဆောင်နဲ့ အရင်ပြောဖို့ လိုတယ်" 


ကျားသစ်တွေက မိန်းမပျိုတွေ ချို့တဲ့နေရင်တောင်မှ သူတို့တွေ သူတို့ရဲ့မိန်းမပျိုတွေကိုတော့ မလွှဲပြောင်းရဲဘူး။ နောက်ဆုံးတစ်ခေါက် မိသားစုဥပဒေသတွေ ပြောင်းလဲပြီးနောက် ထိုမိန်းမပျိုက ခေါင်းဆောင်အတွက် မည်မျှအရေးပါသည်ကို မသိတဲ့မျိုးနွယ်ဝင် တစ်ယောက်မှ ရှိမနေချေ။


အကြီးအကဲဘာဆန်း က ဒီကိစ္စအား ရမ့်ကို ပြောပြပြီးနောက် ရမ်က သူ့မျက်တောင်တွေကို ပင့်မြှောက်လိုက်ပြီး ဗလာသက်သက် အမူအရာတစ်ခု ပြန်ပို့လွှတ်လိုက်၏--


"သူတို့ကို ခုချက်ချင်းပဲ ထွက်သွားဖို့ ပြောလိုက်"


အကြီးအကဲဘာဆန်းက ကျီရှောင်အုံး ဘက်သို့ လှမ်းကြည့်ကာ ချီတုံချီချ ဖြစ်သွားလိုက်ပြီး ထပ်ဖြည့်ပြောလိုက်တယ် "ဝံပုလွေတွေက ပြောတယ် မင်းသဘောမတူသေးဘူးဆိုရင် 


သူတို့တတွေ မိန်းမပျို အယောက်နှစ်ဆယ်ကနေ ငါးဆယ်အထိ ထပ်တိုးပေးနိုင်တယ်တဲ့" 


မိန်းမပျိုအယောက်ငါးဆယ်၊ ဒါက အရေအတွက် နည်းနည်းပါးပါးမဟုတ်၊ အိမ်ထောင်ဖက် မရှိတဲ့ ယောကျ်ားပျိုများစွာကို ဖြေရှင်းဖို့ လုံလောက်နေတာပဲ!


မိန်းမပျိုတစ်ယောက်နဲ့ အယောက် ငါးဆယ်နှင့် လဲလှယ်ဖို့က တကယ့်ကို ခွတီးခွကျနိုင်ပြီး ကမ်းလှမ်းချက်တွေက အလွန်ဆွဲဆောင်နိုင်သည်ကိုတော့ သူ ဝန်ခံရပေမည်။


ရမ်က အကြီးအကဲ ဘာဆန်း ကို တည့်တည့်ကြည့်ကာ သူ၏ခြေတံရှည်များကို ထပ်လိုက်ပြီး "အဲဒီတော့ရော"


ဘာဆန်းက ရမ့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီး "အဲဒီလိုဆိုရင်တော့ ငါတို့ ဝံပုလွေမျိုးနွယ်နဲ့ စကားပြောနိုင်မယ်ထင်တယ်..."


"မင်းက ဘာတွေ ဆွေးနွေးချင်လို့လဲ" ရမ်က သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားလိုက်ရင်း "ငါတို့တွေ အဲဒီ ဝံပုလွေ မိန်းမပျို အယောက်ငါးဆယ်ကို ယူနိုင်ရင်တောင်မှ သူတို့တွေက ငါတို့ရဲ့သားစဉ်မြေးဆက်တွေကို ပြုစုပျိုးထောင်ပေးနိုင်မယ်လို့ အကြီးအကဲတွေက စိတ်ချချ ထားနိုင်ပါ့မလား။ ကျားသစ်တွေနဲ့ ဝံပုလွေတွေ ကြားထဲက ပြိုင်ဆိုင်မှုက ဒီမိန်းမပျိုတွေလောက်နဲ့ လွယ်လွယ်နဲ့ ဖြေရှင်းလို့ရတဲ့ အရာမဟုတ်ဘူး"


အကြီးအကဲဘာဆန်း သူ့နဖူးကိုသူ ပြန်ပုတ်ရိုက်လိုက်ကာ သူ့ကိုယ်သူ သတိထားမိသွားလိုက်တယ်။ 'သူ ဘာလို့ဒါကို မစဉ်းစားခဲ့မိပါလိမ့်!


သည်အမျိုးသမီးငါးဆယ်ကို လက်ခံလိုက်ရင် သူတို့မျိုးနွယ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်မှာပဲမလား။ သည်မိန်းမပျိုတွေက 


တစ်နေ့ကျ ကျားသစ်တွေကို ရုတ်တရက်ကြီး ထကိုက်မလားဆိုတာ မည်သူသိမည်နည်း။


အကြီးအကဲ ဘာဆန်း က "ခေါင်းဆောင် ပြောတာ မှန်ပါတယ်။ ငါ သူတို့ကို ပြန်မောင်းထုတ်ဖို့ မျိုးနွယ်စုကို ဦးဆောင်လိုက်မယ်။"


အကြီးအကဲဘာဆန်း ထွက်သွားပြီးနောက် ရမ် သူမရဲ့တည်ရှိနေမှုကို လျော့ပါးစေဖို့ ကြိုးပမ်းနေတဲ့ သူမရဲ့ဦးခေါင်းအား အခန်းထောင့်တွင် နစ်မြုပ်နေသည့် ကလေးလေးကို ငုံ့ကြည့်လိုက်တယ် ။


"ဒီကို လာခဲ့ဦး" ရမ် သူ့အသံကို လျှော့လိုက်တယ်။


ကျီရှောင်အုံး သူမပုခုံးသားတွေက ကျုံ့ဝင်လို့သွားပြီး မကြားချင်ယောင်ဆောင်လိုက်ခဲ့တယ်။


ဟိုလ်ဒန်တစ်ယောက် ဒီလို ဖဲချပ်မျိုးရှိသေးတာကို ကျီရှောင်အုံး မသိခဲ့ပေ။ သူက သူမကို ဝံပုလွေမိန်းမပျိုတွေနဲ့ အလဲအလှယ် လုပ်ချင်နေတာတဲ့လား။ သူ ဘာတွေ တွေးနေတာလဲ။


အဲဒီနေ့က သူမ သူ့ကို ပြတ်ပြတ်သားသား ငြင်းခဲ့တာပဲမလား!


ကျီရှောင်အုံး မလှုပ်ရှားလာတာကြောင့်မို့ ရမ် သူမအား ကောက်ပွေ့လိုက်ပြီး သူမအား သူနဲ့မျက်နှာချင်းဆိုင်ဖို့ သူ့ ခြေထောက်တွေ ပေါ်တင်လိုက်ကာ သူမမေးစေ့လေးကို ပင့်တင်လိုက်တယ်။ "ကြည့်ရတာ ကိုယ့်မိန်းမပျိုက အရမ်းနာမည်ကြီးနေတဲ့ပုံပဲ။ လူတိုင်းက ကိုယ့်ဆီကနေ ခိုးယူချင်နေကြတာပဲ။"


ကျီရှောင်အုံး မှားယွင်းအထင်လွဲခံရတယ်လို့ ခံစားမိပြီး တစ်ခွန်းမှ ပြန်မဖြေနိုင်ခဲ့ပါဘူး။


"ကိုယ့်ကို ပြောပါဦး၊ မင်းနဲ့ ဟိုလ်ဒန် ဘယ်လိုဆက်ဆံရေးရှိလဲ" ရမ် ပြောလိုက်တယ်၊ သူ့လေသံက သာမန်ကလျှံကာလို့ ထင်ရ‌ပေမဲ့ သူ့မျက်လုံးတွေက သူမအား နည်းနည်းချင်းရွေ့ကာ စောင့်ကြည့်နေလေတယ်။


ကျီရှောင်အုံး ရမ်၏ အန္တရာယ်ရှိတဲ့ မျက်လုံးတွေအောက်မှာ သူမခေါင်းကို ခါယမ်းလိုက်ပြီး သဘာဝကျစွာပဲ ပြောလိုက်တယ် "ငါ သူနဲ့ ဘာမှ မပတ်သတ်ပါဘူးး" 


ရမ်က သူ့မျက်လုံးတွေကို ပင့်လိုက်ပြီး မျက်ခုံးရိုးက အနည်းငယ်လေးမြင့်တက်စွာနဲ့ "မပတ်သတ်ဘူးလား။ ဘာမှတော့ မပတ်သတ်ဘူး၊ ဒါပေမယ့် သူက မင်းနဲ့လဲလှယ်ဖို့ မိန်းမပျို ငါးဆယ်တောင် သုံးဖို့ ဆန္ဒရှိနေတာပဲ"


ကျီရှောင်အုံးရဲ့ ခါးက ရမ့်လက်ဖဝါးထဲတွင် ဆုပ်ကိုင်ခံထားလိုက်ရပြီး သူ အနည်းငယ် တင်းကျပ်စွာ ကိုင်လိုက်ခဲ့တယ်။ သူမ မျက်မှောင်ကြုတ်ကာ "တကယ်ပြောတာ... 


ငါ နင့်ကို မလိမ်ပါဘူး။ ငါ သူနဲ့ မရင်းနှီးဘူး၊ သူ ဘာလို့ ငါ့ကို သူနဲ့ ပြန်ခေါ်နေချင်တာလဲ မသိဘူး"


ဒီနေရာတွင် ကျီရှောင်အုံး ရုတ်တရက် သူမ သူ့ရှေ့မှာ ယမ်းမှုန့်ကို စမ်းသပ်လိုက်မိတာကို သတိရသွားလိုက်တယ်။ အဲဒီအချိန်တုန်းက သူက စိတ်ဝင်စားမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး အဲဒါကို ဘယ်လို လုပ်ရမလဲဆိုတာ သူမကို မေးလိုက်တာပဲ။


ကျီရှောင်အုံးက သူမထင်တာကို ရမ့်ကို ပြောပြလိုက်တယ် "...သူက ငါ့ကို သူတို့ရဲ့ မျိုးနွယ်ကို ဖောက်ခွဲရေးပစ္စည်းတွေ ဘယ်လိုလုပ်ရမလဲ သင်ပေးစေချင်တာ ဖြစ်နိုင်လောက်တယ်"


ရမ်က သူ့လက်ကို ဖြည်လျော့လိုက်ပြီး သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြုံးလေး ပြုံးလိုက်ကာ "ငါ့မိန်းမပျိုကို သူ့လူမျိုး အကျိုးအတွက် အသုံးချချင်တယ်ပေါ့၊ ဒီဟိုလ်ဒန်က တစ်ခုခုတော့ တစ်ခုခုပဲ"


ကျီရှောင်အုံးက ရမ့် ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး အရည်လဲ့နေတဲ့ မျက်လုံးတွေကို ပင့်လိုက်ပြီး "ရမ် နင် ငါ့ကို ဝံပုလွေတွေဆီ ပေးပစ်မှာလားဟင်"


လုံခြုံစိတ်ချရတဲ့ စိတ်ခံစားမှု မရှိတော့ပေ။


ရမ်က ကိုယ်ကိုယ်တိုင်ရော ဘာသာစကားအရပါ ဖော်ပြခဲ့သော်ငြားလည်း သူမက အမျိုးသမီးတစ်ဦးဖြစ်ပြီး မိန်းမပျို ငါးဆယ်ဆိုတဲ့ မက်လုံးက ကျားသစ်တွေအတွက်ဆိုတာ ကျီရှောင်အုံး ရှင်းရှင်းလင်းလင်းသိပေတယ်။ အဆုံးတွင်တော့ အကြီးအကဲ ဘာဆန်းတောင်မှ လှုပ်ခါသွားခဲ့သေးတာပဲ။


ရမ် သူမရဲ့ မျက်နှာလေးကို မော့စေလိုက်ပြီး ပန်းနုရောင် နှုတ်ခမ်းသားတွေကို အုပ်ကာ "မင်း ကိုယ့်ကို လက်ခံဖို့ ငြင်းဆန်မယ်ဆိုရင်တော့ ကိုယ်လည်း မျှော်လင့်ချက်ကုန်သွားလိမ့်မှာပဲ"


ကျီရှောင်အုံး: " ..."


သူ ဒီလိုပြောရင်း ရမ် သူ့လက်သည်းတွေကို အောက်ဘက်ကို ရွှေ့ပြောင်းသွားပြီး သူမရဲ့အဝတ်စားတွေဆီ ဖြတ်ကျော်သွားလိုက်ကာ ဖိချလိုက်ခဲ့ပြီး "မင်း အဆင်သင့်ဖြစ်ပြီလား"


ကျီရှောင်အုံး တလှပ်လှပ်ခုန်မြည်သွားလိုက်ကာ ပျော့ခွေသွားလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ပြိုလဲကျသွားခဲ့တယ်။ မထင်မှတ်စွာပဲ သူမမျက်နှာက ရှက်သွေးဖြာသွားလိုက်ကာ "အင်း... "


အသံက ပျားရည်အလွှာကဲ့သို့ နူးညံ့ ပျော့ပြောင်းပြီး တစက်စက်ယိုကျနေတဲ့ ပျားဖယောင်းလိုပင်။


ရမ့် မျက်လုံးတွေက အမှောင်ကျသွားလိုက်ကာ သူမဗိုက်ပေါ်မှာရှိတဲ့ လက်ချောင်းတွေက မနေနိုင်စွာပဲ 


အနည်းငယ်လေး အားထည့်မိလိုက်ကာ သူမအား ပိုလို့တောင် တုန်ရီသွားစေလိုက်တယ်။


သူမ သူ့အား မတုံ့ပြန်တာ မဟုတ်တာကို နားလည်သွားလိုက်တော့ သူ သူမခါးကနေ မြှောက်တင်လိုက်ကာ ကုတင်ဘက်သို့ ရွှေ့ပြောင်းလိုက်ခဲ့တယ်။


ကျီရှောင်အုံးက သူ့ကို ကမန်းကတန်း တားမြစ်လိုက်ပြီး "မဟုတ်ဘူး ရမ်။ ငါ အဆင်သင့် မဖြစ်သေးဘူး"


ရမ်ကတော့ သူမကို ကုတင်ပေါ် ဆက်သယ်ဆောင်သွားလိုက်တယ်။


ကျီရှောင်အုံးက သူ့ဗိုက်ကို တွန်းကန်ဖို့ သူမခြေထောက်ကို ဆန့်တန်းလိုက်ပြီး "နင် အဲဒီနေ့က ကတိပေးထားတာကို 


မေ့သွားပြီလား။ ငါ ပြင်ဆင်ပြီးတဲ့အချိန်ထိ ငါ့ကို မထိဘူးလို့ နင် ကတိပေးထားတယ်လေ"


"မင်း အခုလေးတင် တုံ့ပြန်ခဲ့တယ်လေ" ရမ်က ပြောလာတယ်။


ကျီရှောင်အုံး မျက်နှာက လျင်မြန်စွာ ရှက်သွေးဖြာသွားလိုက် ကာ "ဒါက မတူဘူးလေ..."


ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ။


ကျီရှောင်အုံးက သူမတို့နှစ်ဦးနဲ့ ရမ်ရဲ့အပြုအမူတွေကို တားမြစ်ချက် ကြားထဲက ကွာခြားချက်တွေကို သေချာအောင် ရှင်းလင်းဖို့ 


ဉာဏ်စွမ်းရှိသလောက် သဘောတူညီမှုကောင်းတစ်ခုကို ထုတ်သုံးလိုက်တယ်။


ရမ်က ကျီရှောင်အုံးရဲ့ နှုတ်ခမ်းသားကို ကိုက်ခဲလိုက်ပြီး သူ့လည်ချောင်းထဲက မကျေနပ်တဲ့ အသံကို ညှစ်ထုတ်လိုက်ပြီး "သုံးခါထက် ပိုလို့မရဘူး။ ဒီစကားက မင်းတို့ လူသားတွေ ချမှတ်ခဲ့တာပဲ"


"ဒါမျိုး တတိယအကြိမ် ကိုယ် မဖြစ်စေချင်တော့ဘူး" လို့ ရမ်က ပြောလိုက်၏။


******


ဝံပုလွေတွေရဲ့ မိန်းမပျိုလဲလှယ်တဲ့ တောင်းဆိုချက်က ကျားသစ်တွေရဲ့ ပယ်ချခြင်းကို ခံလိုက်ရပြီးကတည်းက ရက်အနည်းငယ်ကြာသည့်တိုင် ဘာလှုပ်ရှားမှုမှ ရှိမလာခဲ့ပေ။


အဲဒီနောက်တွင်တော့ ကျီရှောင်အုံး သန့်ရှင်းရေးလုပ်ရင်းနဲ့ ပက်၏ မြေးထံမှ ဝင်းတား ပြန်ယူလာတဲ့ ကျောက်တုံးကို ရှာတွေ့လိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ သူမ ဒီဟာရဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ဘူးပဲ။ ရက်အနည်းငယ်ကြာပြီးသွားတော့ သူမ အဲဒါက ဘယ်မှာလဲ ရှာမတွေ့ခဲ့တော့တာပဲ။


အဲဒီနောက် သူမ တအောင့်လောက် စဉ်းစားလိုက်ခဲ့တယ်။ ဒါက ပက်ရဲ့ အမွေအနှစ်ဖြစ်တာဆိုတော့ သူမအတွက်မှ အသုံးမ၀င်တာပဲ ပက်ရဲ့ မြေးအတွက်က ပိုအရေးပါပေလောက်မှာပဲ။


ဒါကို ရှာတွေ့သွားပြီးတော့ ကျီရှောင်အုံး ဒါကို ထားဖို့ ဘယ်နေရာမှ ရှာမတွေ့တော့တာနဲ့ သူမ အိပ်ခန်းထဲက ဗီရိုရဲ့ တတိယဆင့်ပေါ်မှာ တင်ထားလိုက်တော့တယ်။


ကျီရှောင်အုံး ကျောက်တုံးကို နေရာချသွားပြီးချိန်မှာပဲ တံခါးက အရှိန်နဲ တွန်းဖွင့်ခံလိုက်ရကာ ကျားသစ်တစ်ကောင်ဝင်လာပြီး "ခေါင်းဆောင်!"


ကျီရှောင်အုံး တံခါးပေါက်ကို လျှောက်သွားလိုက်ပြီး ကျားသစ်ဘာသာစကားကို သုံးပြီး ဆက်သွယ်ဖို့ ကြိုးပမ်းလိုက်ခဲ့တယ်။ "ရမ် တောင်အနောက်ဘက်သို့ သွားတယ်" 


သားရဲလူအထီးက အိမ်မှာ ကျီရှောင်အုံး ကိုသာလျှင် မြင်လိုက်ရတော့ ဦးညွှတ်ကာ ပြန်ဖို့ လှည့်ထွက်သွားလိုက်တယ်။ "ဒါဆို ကျွန်တော် ခေါင်းဆောင်ကို သွားရှာလိုက်ဦးမယ်" 


ကျီရှောင်အုံးက သူ့ပုံကြည့်ရတာ စိုးရိမ်တကြီး ဖြစ်နေတာကို တွေ့လိုက်တော့ ရုတ်တရက် ကောက်ခါမေးလိုက်တယ်။ "ရမ့် ကိုရှာတာ ဘာကိစ္စအထွေအထူးရှိလို့လဲ" 


သားရဲလူအထီးက ကျီရှောင်အုံးအား လိမ်ပြောဖို မကြိုးစားလိုက်ပဲ "လောရန့်က ပြန်ရောက်လာပြီး ခေါင်းဆောင်ရာထူးကို စိန်ခေါ်ဖို့ ခြိမ်းခြောက်နေတယ်။ သူ နေရာတိုင်းမှာ ခေါင်းဆောင်ကို လိုက်ရှာနေတယ်!"


ဘာကြီး?!


"လောရန့်" ဆိုတဲ့ နာမည်ကိုကြားတော့ ကျီရှောင်အုံး အေးခဲသွားတော့တယ်။


ဒီနာမည်က သူမကို အလွန်နက်နက်ရှိုင်းရှိုင်းကိုပဲ အရိပ်တစ်ခုအနေနဲ့ ချန်ရစ်ထားခဲ့ပြီး ဒီတစ်သက်လုံး မေ့ဖျောက်လို့ မရနိုင်လောက်အောင်ပင်။


ပယင်းမျက်လုံးတွေနဲ့ ရေခဲနဲ့နှင်းတွေတမျှ အေးစက်မှုနဲ့အတူရှိတဲ့ ကျားသစ်နက်နဲ့ သူမ အရေပြားကို ထိုးဖောက်သွားသော ချွန်ထက်သော လက်သည်းတွေကိုရောပင်။


'သူ သေသွားပြီ မဟုတ်ဘူးလား??'


TheEnd......