Chapter 57
Viewers 9k

အပိုင်း (၅၇)


'လောရန့် မသေသေးဘူးလား???'


လောရန့်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တာကို ကျီရှောင်အုံး သတိရသွားလိုက်တယ်၊ သူမ နိုးလာတဲ့အချိန်ရောက်တော့လဲ သူ ဘယ်ရောက်နေလဲဆိုတာ သူမ လုံးဝ မမေးမိခဲ့ဘူးပဲ။


ရမ်က သူ့ကို ဖြေရှင်းပေးလိုက်ပြီလို့သာ သူမ မသိစိတ်က တွေးတောလိုက်ခဲ့တာပဲ.... တကယ်လို့ သူ မသေဘူးဆိုရင် ဘာလို့ အခုကျမှ ပြန်လာတာများလဲ။


ကျီရှောင်အုံးရဲ့ရင်ထဲတွင် အတွေးများနဲ့ နစ်မြုပ်သွားလိုက်ပြီး သူမဘေးနားရှိ လက်လေးတွေပင် အနည်းငယ်လေး တုန်သွားလိုက်တယ်။ သူမရဲ့ ဗိုက်ကို အုပ်ဖို့ လက်ကို မြှောက်လိုက်ခဲ့တယ်။


အမာရွတ်က မှိန်ဖျော့သွားလိုက်ပေမဲ့ ကြောက်စရာကောင်းတဲ့ လက်သည်းအစင်းကြောင်း သုံးခုက ထင်ရှားနေလေတယ်။


သူမ ရေချိုးတဲ့အချိန်တိုင်း ဒီအမာရွတ်ရာတွေကို မြင်နေခဲ့ပါတယ်။ သူမရဲ့ ချက်အထက် တစ်လက်မလောက်မှာ သူမ အမာရွတ်တွေက အကျဉ်းတန်နေခဲ့ပြီး ကျန်တဲ့ သူမ အသားအရေနဲ့ ယှဉ်ရင်တော့ ဆီနဲ့ရေလို တခြားဆီဖြစ်နေခဲ့ပါတယ်။


ကျီရှောင်အုံး ဘက်ဟမ်ကို အမာရွတ်တွေ ဖယ်ရှားပေးဖို့ တစ်ခါ တောင်းဆိုခဲ့ဖူးပြီး အမာရွတ်တွေ မှိန်အောင်ကူပေးနိုင်တဲ့ ဆေးဖက်ဝင်အပင် တော်တော်များများကို သူမကို ပြောပြပေးခဲ့ပါတယ်။


ကျီရှောင်အုံး ဆေးပင်တစ်ပင်ပြီး တစ်ပင်နဲ့ စမ်းကြည့်ခဲ့ပေမဲ့ ဝမ်းနည်းဖို့ကောင်းတာက အမာရွတ်က နည်းနည်းသာ မှိန်ဖျော့သွားပြီး ပန်းရောင်ပြောင်းသွားပေမဲ့ အမာရွတ်တွေက ရှိနေဆဲဖြစ်ပြီး ကြည့်လိုက်ရင် မြင်ရနေတုန်းပဲ။


အမာရွတ်ဖယ်ရှားတဲ့ လေဆာမရှိတဲ့ ဒီနေရာက ဆေးဝါးက အလွန်ကို အကန့်အသတ်နဲ့ ရှိနေတာပဲ။ အဲဒီအမာရွတ်သုံးခုလုံးကို အပြီးဖျက်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပေ။


အခုလို လောရန့် အကြောင်းပြောလိုက်တာတောင် အဲဒီနေရာမှာ စူးအောင့်နေတုန်းပဲ။


ကျီရှောင်အုံးက ဘာပြဿနာလဲလို့ မေးလိုက်ချင်ပေမယ့် သားရဲလူအမျိုးသားက ရမ့်ကို ဆက်ရှာဖွေဖို့ လှည့်ထွက်သွားလိုက်တယ်။


ကျီရှောင်အုံး ခြံဝင်းထဲတွင်ပဲ နေနေခဲ့ပြီး ရမ့်ကို သတင်းပေးဖို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလိုက်တော့တယ်။


ထိုအချိန်တွင်တော့ ကမူဒါ တောင်ကြားအစွန်းဖျား၌။


သစ်ပင်တစ်ပင်၏ထိပ်တွင် ပေါ့ပါးဖျတ်လတ်တဲ့ အမည်းရောင်ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေပြီး သူ၏အမြီးက သူ့နောက်တွင် ငြိမ်သက်စွာဖြင့် လွှဲရမ်းနေခဲ့သည်။ သူ၏ ပယင်းရောင် သူငယ်အိမ်များက သူ့ဆီသို့ လျှောက်လာနေတဲ့ ကျားသစ်သားရဲလူအား ကြည့်လိုက်ခဲ့၏။


ရုတ်ခြည်းဆိုသလို သူ့မျက်လုံးတွေက ရှေ့မှာမတ်တပ်ရပ်နေတဲ့ ကျားသစ်ဆီကို လွှဲပြောင်းသွားလိုက်ပြီး သူ့ရဲ့ချွန်ထက်တဲ့သွားစွယ်တွေကို မာန်ဖီလိုက်ရင်း သူ ခုန်ဆင်းချသွားလိုက်၏။


ကျားသစ်နက်က သတိပေးချက်မရှိပါဘဲ ရမ့်အား လျှပ်တပျက် ဝင်တိုက်ခိုက်ခဲ့လိုက်၏။ ရမ်က ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားလိုက်ရတယ်။


ကျားသစ်နက်က သူ့အား ဗလာသက်သက်ဖြင့် လှမ်းကြည့်ကာ ရှေ့ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ခဲ့တယ်။


ရမ် မြဲမြံစွာ မတ်တပ်ရပ်လိုက်ရင်း သူ့ရှေ့ရှိ ကျားသစ်နက်ကို ကြည့်ရှုလိုက်ပြီး မျက်တောင်ခတ်လိုက်၏ "လောရန့်လား"


နောက်တခဏတွင်တော့ လောရန့် သူ့ရဲ့ လူသားပုံစံအဖြစ် အသွင်ပြောင်းလဲလိုက်ခဲ့တယ်။ သူက ကျစ်လျစ်ပြီး အနက်ရောင်သားရေအင်္ကျီကို ၀တ်ဆင်ထားကာ သူ၏မျက်နှာသွင်ပြင်ကတော့ ဥပက္ခာပြုစွာနဲ့ အေးစက်နေခဲ့၏။


သူ့နှုတ်ခမ်းတွေက ကွေးညွှတ်တက်သွားပြီး သူ ပြောလိုက်၏ "မင်းကို စိတ်ပျက်စေမိတာ စိတ်တော့မကောင်းဘူး ရမ်။ ငါ အသက်ရှင်နေတုန်းပဲ" 


သူ့ဦးခေါင်းက ရမ်ရဲ့ လက်သည်းတွေနဲ့ တစ်ကြိမ်ကုတ်ဆွဲခံရပြီး သူ တောင်စောင်းကနေ ပစ်ချခံခဲ့ရကာ အဲဒီနေရာမှာ သုံးရက်သုံးည တိုင်တိုင် သေလုမြောပါး သတိလစ်မေ့မြောနေခဲ့ရတယ်။


ကံကောင်းထောက်မစွာပဲ တောင်ကုန်းအောက်တွင် လှိုဏ်ဂူတစ်ဂူရှိနေခဲ့ပြီး အထဲမှာ ပုပ်ပွနေတဲ့ နှင်းကျားသစ်ရုပ်လောင်းတစ်လောင်း ရှိနေခဲ့၏။


နှင်းကျားသစ်က သေသွားခဲ့တာ ရက်အတော်ကြာခဲ့ပြီဖြစ်၏။ လှိုဏ်ဂူက ကောင်းကောင်းကြီး ပုန်းကွယ်နေတာကြောင့် ဖြစ်နိုင်သည်၊ အလောင်းအား သားကောင်အဖြစ် သယ်ယူသွားခြင်း 


မခံခဲ့ရပေ။ လောရန့် တောရိုင်းတိရိစ္ဆာန်တွေ ကိုက်ခံရလို့ သေရမှာနဲ့ ဘယ်လိုအကြောင်းရင်းမျိုးပဲဖြစ်နေပါစေ သူ ဂရုမစိုက်နိုင်အားတော့ပေ။ သို့သော် သူ သူ့ရဲ့ရဲဘော်ရဲဘက် အလောင်းပေါ်တွင် အမှီပြုလိုက်ခဲ့ပြီး ထိုအလောင်းကြောင့်ပင် သုသာန်တစပြင်ပမာ နေ့ရက်တွေနဲ့ အသက်ဆက်ရှင်သန်ခဲ့၏။


ရမ်ရဲ့သွင်ပြင်လက္ခာဏာက မပြောင်းလဲခဲ့ဘဲ သူ့သွားတွေကို ပြန်လျက်လိုက်ကာ "ဒါပေါ့။ နည်းနည်းတော့ စိတ်ပျက်သွားမိတယ်"


လောရန့် သူ့အကြည့်အား တစ်ဖက်ရှိ ရိုင်ယန်၏နောက်မှ လူများဆီ ကျရောက်သွားလိုက်ကာ မထီမဲ့မြင်နဲ့ ပြောလိုက်တယ်။ "မင်းက ဘယ်လိုလုပ် ခေါင်းဆောင်အဖြစ် ရှိနေသေးတာလဲ။ မျိုးနွယ်ဝင်တွေက မင်းကို မစိန်ခေါ်ရဲလောက်အောင် ကျားသစ်တွေရဲ့ ခွန်အားက ဒီလောက်ထိ နိမ့်ကျသွားပြီလား"


ရမ်၏ ရှည်လျားတဲ့ အစင်းကျား အမြီးက သူ့နောက်တွင် တွဲလောင်းချိတ်ဆွဲလျက်ရှိပြီး သူ့ကိုယ်နေဟန်ထားအတိုင်း မြေပြင်နဲ့ 


ဆန့်ကျင်လျက် တည်ငြိမ်စွာ ပျော့ခွေကျနေခဲ့၏။ "ဒါပေါ့" လို့ ရမ် ပြောလိုက်သည်။ "သူတို့ ငါ့ကို ကျော်နိုင်ဖို့က အကြောင်းပြချက်ပေါ် မူတည်တယ်လေ" 


လောရန့်၏ မျက်လုံးများက စူးရှပြီး အေးစက်သွားလိုက်ကာ "ဒီလိုဆို တစ်ယောက်လောက် မရှိလို့တော့ ဘယ်ဖြစ် ပါ့မလဲ"


သူ ပြောလိုက်၏ "မင်း စိတ်မရှိရင် မင်းရဲ့ခေါင်းဆောင်နေရာကို ငါ ယူလိုက်ပါ့မယ်"


ရမ် သူ၏အပြာရောင်မျက်လုံးများထဲတွင် သွေးဆာနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတစ်ခု ပုန်းကွယ်ထားလိုက်ပြီး ပြုံးလိုက်ကာ တိုက်ခိုက်မှုကို စိတ်လိုလက်ရ သူ လက်ခံလိုက်တယ်။ "တကယ်လို့ မင်းမှာ အစွမ်းရှိရင်ပေါ့" 


"မနက်ဖြန်မနက်၊ ပြိုင်ပွဲ ကုန်းပြင်မြင့်မှာ မင်းမပြုတ်ကျဖို့ ငါမျှော်လင့်တယ်" လောရန့် က သူ့စကားဆုံးသွားတာနဲ့ ကိုယ်ကိုလှည့်ကာ သစ်ပင်ပေါ် နောက်ပြန်ခုန် သွားလိုက်ပြီး ထွက်ခွာသွားလိုက်တယ်။


******


လောရန့်၏အိမ်က ရမ်ရဲ့အိမ်နဲ့ သိပ်မဝေးဘဲ တံတိုင်းတစ်ခုသာ ခြားနားတာဖြစ်၏။ ဒါကပဲ ရမ်နဲ့ သူ့ရဲ့သဘောထားကွဲလွဲမှုအတွက် အဓိကအကြောင်းရင်း တစ်ခုပါပဲ။


တောင်တစ်တောင်မှာ ကျားနှစ်ကောင် မအောင်းနိုင်ဘူး။ မြေကွက်တစ်ကွက်တွင် သန်မာတဲ့ ကစားသမားနှစ်ဦးကို ဘယ်လိုလုပ် ထားရှိနိင်မှာတဲ့လဲ။


လောရန့် ရမ်ရဲ့ခြံတံခါးကို ဖြတ်သွားသောအခါတွင် ခေတ္တရပ်လိုက်ကာ ဘာကို တွေးတောမိလိုက်မှန်းမသိဘဲ 


ရုတ်တရက် တံတိုင်းပေါ်သို့ ခုန်တက်ကာ ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်တယ်။


ခြံဝင်းက လွတ်လပ်နေပြီး တိတ်ဆိတ်လျက်ရှိ၏။


ခြံဝင်းအလယ်တွင် ဝါးဘောင်ခွေတစ်ခု တည်ရှိကာ အခြောက်ခံထားတဲ့ မျှစ်ခြောက်များနဲ့ ဝါဂွမ်းချည်များဖုံးလွှမ်းနေတဲ့ စင်တွေရှိနေခဲ့တယ်။


ထို့အပြင် ခြံဝင်းတစ်ခုလုံးက သပ်ရပ်ရှင်းသန့်နေပြီး နေရာတိုင်းတွင် မိန်းမပျိုတစ်ဦးစီမံမှုရဲ့ ခြေရာလက်ရာတွေ ရှိနေခဲ့တယ်။


လောရန့်၏ လက်သည်းတွေက နံရံကို ထိုးဖောက်သွားလိုက်ကာ သူ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ခဲ့ပြီး ခြံအတွင်း မည်သည့်လှုပ်ရှားမှုမျိုးကိုမှ မမြင်ရခဲ့ပေ။


သူ ပြန်ထွက်တော့မလို့ လုပ်လိုက်ချိန်မှာတော့ ရုတ်တရက် အိပ်ခန်းတံခါးက ဆွဲဖွင့်ခြင်း ခံလိုက်ရပြီး မိန်းမပျိုတစ်ဦး အပြေးလေးထွက်လာခဲ့ကာ တံခါးအား အံ့အားစွာနဲ့ ကြည့်ရှုလိုက်ပြီး "ရမ်... "


သူမ နောက်က တံခါးပိတ်ကျသွားလိုက်ပြီး ရမ် ကလည်း ခုထိပြန်မရောက်သေးပေ။


ကျီရှောင်အုံး စိတ်တိုသွားလိုက်တယ်၊ ခုနလေးတင် သူမ ခြေသံတွေ သေသေချာချာ ကြားလိုက်ရပါတယ် ဘယ်လိုလုပ်ပြီး ဒီမှာ ဘာမှမရှိတာများလဲ။


သူမ နာရီကို ကြည့်လိုက်တော့ ၅နာရီ ၅၀တောင် ရှိနေပြီဖြစ်တယ်။ ရမ် လုံးဝ ပြန်ရောက်မလာခဲ့ဘဲ မှောင်တောင် မှောင်လာခဲ့ပြီပဲ။


လောရန့် တစ်ယောက် ကျီရှောင်အုံးရဲ့ဘေးက နံရံတွင် ရပ်နေပြီး သူ့ရှေ့တွင် ခေါင်မိုးတစ်ခုရှိနေခဲ့တယ်။ ကျီရှောင်အုံးက သူ့ကို မမြင်နိုင်ပေ။


ရာသီဥတုက ချမ်းစိမ့်ပြီး နွေဦးပေါက်လာပြီဖြစ်၏။ ကောင်မလေးက အရှေ့တွင် သမင်ပုံစံ ပန်းထိုးထားတဲ့ အရပ်မြင့်တစ်ဝက်လောက်ရှိတဲ့ မီးခိုးရောင် ဆိတ်မွေးဆွယ်တာအင်္ကျီကို ၀တ်ဆင်ထားခဲ့တယ်။ ဂျင်းဘောင်းဘီနှင့် ခြေထောက်တွင် စနပ်ကာ ရှူးဖိနပ်တစ်ရံကို ဝတ်ထားခဲ့တာဖြစ်တယ်။ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားတာက လောရန့် အား သဘောကျစွာနဲ့ အံအားသင့်စေလိုက်ခဲ့တယ်။ သူမက မသေသေးသွားဘူးပဲ၊ အသက်တော်တော်ပြင်းတာပဲ။


သို့ပေမဲ့ လောရန့် မထွက်ခွာလိုက်ခဲ့ပေ။


နွေးထွေးသော နေရောင်ခြည်က ခြံဝင်းကို လွှမ်းခြုံသွားပြီး သူမရဲ့ ခေါင်းပေါ်တွင် ရွှေရောင်အလွှာများဖြင့် အုပ်သွားလိုက်တယ်။


သူမရဲ့ ဖြူဖွေးသော ပါးပြင်မို့မို့တွေက နေရောင်ကြောင့် ထွန်းလင်းနေကာ ကြည်လင် ရှင်းသန့်နေခဲ့တယ်။


သူမရဲ့ထူထဲတဲ့မျက်တောင်တွေက ညွှတ်ကိုင်းကျသွားလိုက်ကာ သူမပါးပြင်ပေါ် အရိပ်တစ်ခု ထင်ဟပ်သွားလိုက်တယ်။ မျက်တောင်တွေ ပင့်ကြည့်လိုက်တော့ နက်မှောင်တဲ့ မျက်လုံးတွေက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ဝင်းခြံတံခါး အပေါက်ကနေ သူမ မထွက်ခွာသွားခဲ့လိုက်ပေ။ ကောင်မလေးက ခဏကြာအောင် မတ်တပ်ရပ်နေခဲ့လိုက်ပြီးတော့ တံခါးခုံပေါ်တွင်ထိုင်နေရင်း သူမရဲ့ပါးမို့အား ရိုးရှင်းစွာ ထောက်ထားလိုက်ကာ ရမ် ပြန်လာတာကို စောင့်ဆိုင်းနေလိုက်ခဲ့ပါတယ်။


နေက အရမ်းနွေးထွေးနေတာကြောင့်နေမယ် ကြာကြာမထိုင်နိုင်တော့ပဲ သူမ မျက်လုံးတွေ တဖြည်းဖြည်း 


ငိုက်စင်းကျလာပြီးတော့ သူမရဲ့မျက်ဝန်းလဲ့လဲ့တွေကို ဖုံးအုပ်လိုက်ချိန်မှာတော့ သူမခေါင်းက ဘေးကိုစောင်းကာ အိပ်ပျော်သွားလိုက်တော့တယ်။


လောရန့် ထောင့်စွန်းကနေ လှမ်းထွက်လိုက်ကာ ကောင်မလေးရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးအား ခဏလောက် စိုက်ကြည့်ပြီး အဲဒီနောက် နောက်လှည့်လိုက်၍ တံတိုင်းပေါ်မှ သေသပ်စွာ ခုန်ဆင်းကာ သူ့အပိုင်အိမ်ဆီသို့ လျှောက်သွားလိုက်ခဲ့တယ်။


. . .


ကောင်းကင်ကြီးက မှောင်မဲနေပြီး ည၏ ကန့်လန့်ကာတွင် ဖုံးကွယ်ထားရသော ကျားသစ်မျိုးနွယ်စုဟာ ဆိတ်ငြိမ်သက်နေခဲ့၏။


ကျီရှောင်အုံး လက်မောင်းတစ်စုံထဲတွင် နိုးထလာခဲ့ပြီး အိမ်သို့ ပြန်ပွေ့သယ်လာခြင်း ခံလိုက်ရတယ်။


သူမ လက်ကို ဆန့်၍ မျက်လုံးတွေကို ပွတ်လိုက်တော့ ရမ် ၏မျက်နှာကိုမြင်လိုက်ရပြီး ချက်ချင်းဆိုသလို နိုးကြားသွားပြီး "ရမ် ဒီနေ့ နင့်ကိုရှာနေတဲ့သူတစ်ယောက်ရှိနေတယ်..."


ရမ်၏ ခြေတံရှည်များက တံခါးဖိနပ်ခုံကို ဖြတ်ကျော်သွားကာ သူ့အသံနိမ့်နိမ့်က ညက်ညောနေခဲ့တယ် "ကိုယ် သိတယ်"


ကျီရှောင်အုံးက သူ့ကို မော့ကြည့်ပြီး "နင် လောရန့်နဲ့ တွေ့လိုက်သေးလား။ သူ နင့်ကို တစ်ခုခု လုပ်လိုက်သေးလား၊ ခေါင်းဆောင်နေရာအတွက် နင့်ကို သူ စိန်ခေါ်ချင်တယ်လို့ ငါ ကြားခဲ့တယ်။ အဲဒါ အမှန်လားဟင်"


ရမ်က ကျီရှောင်အုံးအား ကုတင်ပေါ်တင်ပြီး သူ့ခေါင်းကို ငုံ့လိုက်တော့ သူမမျက်လုံးထဲက ပုန်းကွယ်နေတဲ့ စိုးရိမ်ပူပန်မှုတွေကို တွေ့ရှိလိုက်ရတယ်။ သူက ရုတ်တရက် ပြုံးလိုက်ပြီး "မင်းက ကိုယ့်ကို စိတ်ပူနေတာလား"


ကောင်မလေးက ရှက်မသွားလိုက်ပဲ သူမခေါင်းကို ငုံ့ကာ စဉ်းစားတွေးတောလိုက်တယ်။ သူမ မျက်နှာသေးလေးကို မော့လိုက်ကာ သူမ လေးလေးနက်နက် ခေါင်းညိတ်ပြရင်း "အင်း"


သူမ သူ့ကို စိတ်ပူနေမိတယ်။


လောရန့်က သူ့ကို ဒုက္ခရောက်စေမှာကို စိတ်ပူတယ်။ သူ ဒဏ်ရာရသွားမှာကို စိတ်ပူတယ်၊ သူ့ရဲ့ အရာအားလုံးကို စိတ်ပူနေမိတယ်။‌


ရမ်ရဲ့ နှလုံးအိမ်က ပူလောင်လာပြီး သူ ကျီရှောင်အုံးရဲ့ ခါးလေးကို တအားဆုပ်ကိုင်ထားလိုက်မိတယ်။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက သူမလေးအား လွှမ်းခြုံ ဖိထားပြီး သူမလေးအား နွေးနွေးထွေးထွေး နမ်းရှိုက်ဖို့ သူ့ကိုယ်ကို ကွေးညွှတ်လိုက်ခဲ့တော့တယ်။


ကျီရှောင်အုံး ထိုအနမ်းအား မရှောင်တိမ်းလိုက်ပဲ တော်တော်ကြာတဲ့အထိကို မက်မက်စက်စက်ကို နမ်းရှိုက်ခဲ့လိုက်တယ်။


သူမလျှာက သူ့ကြောင့် အချဉ်ပေါက်လာပြီး သူမရဲ့ အသက်ရှုသံတွေ ပိုပိုအဆောတလျင်ဖြစ်လာတဲ့အထိပင်၊ အဲဒီနောက် ကျီရှောင်အုံး သူ့အား နှင်လွှတ်လိုက်ပြီး ပြန်သတိပေးလိုက်တယ်။ "ဟေး နင် ငါ့မေးခွန်းကို မဖြေပေးရသေးဘူးလေ........"


ရမ်ရဲ့နဖူးက သူမပခုံးနဲ့ ရိုက်မိသွားလိုက်ပြီး သူ့အသံက ကြမ်းတမ်းတဲ့ အသက်ရှုရှိုက်သံတစ်ခုနဲ့အတူ ပါရှိလာခဲ့ကာ ကျီရှောင်အုံးရဲ့နားထဲသို့ စိမ့်ဝင်သွားလိုက်တယ် "ဟမ်"


ခုနက ကျီရှောင်အုံး က မေးလိုက်တာကို သူ လုံးလုံးမေ့သွားတာပဲ။


အဆုံးသတ်မှာတော့ သူ သူမလေးနဲ့ ကိုယ်လက်နှီးနှောချင်နေခဲ့တာပဲ။


ကျီရှောင်အုံးက ထပ်မေးလိုက်တယ်။ "လောရန့်က နင့်ရဲ့ခေါင်းဆောင်နေရာအတွက် သူ နင့်ကို စိန်ခေါ်ချင်တယ်လို့ ငါကြားခဲ့တယ်......"


ရမ်က ထိုမေးခွန်းကို မငြင်းဆန်လိုက်ပေ၊ သို့ပေမဲ့ သူ လက်တစ်ဖက်က ကျီရှောင်အုံးရဲ့ မျက်နှာလေးပေါ် ကို အုပ်ကိုင်လိုက်ပြီး "အဲဒါ အမှန်ပဲ"


" နင် သဘောတူလိုက်လား"


"ဒါက မျိုးနွယ်စုရဲ့ စည်းမျဉ်းပဲ။ ခေါင်းဆောင်ဖြစ်တဲ့သူက မျိုးနွယ်စုထဲက စိန်ခေါ်တဲ့ ဘယ်သူ့ကိုမဆို လက်ခံရမယ်။"


"... " ကျီရှောင်အုံး ရမ်ရဲ့ နက်မှောင်သော မျက်လုံးများကို စိုက်ကြည့်လိုက်ခဲ့ပြီး တုံ့ဆိုင်းသွားလိုက်ပေမဲ့ သူမ မမေးဘဲမနေနိုင်တော့ပေ။ "ဒါဆို......... နင် ရှုံးမှာလားဟင်" 


ရမ် သူမရဲ့ လျှောက်လျှောက်ပြောနေတဲ့ ပါးစပ်လေးကို လျှာနဲ့ လျက်လိုက်ပြီး "ဒီလိုကောင်စားမျိုးကို ရှုံးရမှာလား၊ မင်းက ကိုယ့်လူကို ယုံကြည်မှု မရှိဘူးလား"


ရမ်က သူ့လျှာပေါ်ရှိ ဆူးထစ်တွေကို ပြန်မသိမ်းဘဲ လျက်လိုက်တာကြောင့် ကျီရှောင်အုံးအား နာကျင်စေပြီး သူမ နောက်တွန့်သွားလိုက်ပြီး ညည်းထွားလိုက်တယ်။ "ငါ နင် ဒဏ်ရာ ရသွားမှာကို စိတ်ပူလို့ပါ" 


ရမ် တခါတလေ သူမလေးကို ဘယ်လိုလုပ်ရမှန်းကို မသိတော့ပေ။ သူမရဲ့ပါးစပ်သေးသေးလေးက ပျားရည်ပါတဲ့ တွယ်ချိတ်လေးတစ်ချောင်းလိုပဲ။ သူ့နှလုံးသွေးကို 


တို့ကနန်းဆိတ်ကနန်း ထိုးဖောက်ပြီး ချိုမွှေးစေကာ သူ့နှလုံးသား တုန်ရီသွားအောင် လုပ်လိုက်တာပဲ။


"စိတ်ချထားပါ။ မင်းရဲ့လူက မင်းကို စိတ်ပူအောင် မလုပ်ပါဘူး" ရမ် က သူမနှုတ်ခမ်းတွေကို လျှာနဲ့ ထပ်လျက်လိုက်ပြီး သူ့အသံက အောရှကာ လေးလံနေခဲ့တယ်။


*


ကျားသစ်မျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ဦးချင်းစီက မျိုးနွယ်စု အနောက်ဘက်မှာရှိတဲ့ ပြိုင်ပွဲကုန်ပြင်မြင့်မှာ ရွေးချယ်တာပဲဖြစ်တယ်။


ဒါက ရမ် သူ ခေါင်းဆောင်ရာထူးကို ရယူပြီးတဲ့နောက် ပထမဆုံးရရှိတဲ့ စိန်ခေါ်မှု မဟုတ်ပေမဲ့ ဒီတစ်ခါကတော့ သေချာပေါက်ကို အရေးပါဆုံးပင်ဖြစ်၏။


လောရန့်က ရန်နဲ့ ခွန်အားအရာတွင် တန်းတူတူညီမျှတယ်ဆိုတာကို မသိတဲ့သူ မျိုးနွယ်စုတွင် တစ်ယောက်မှ မရှိချေ။


လွန်ခဲ့တဲ့ ဆယ်နှစ်က သူ ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ချိန်တွင် လောရန့်က ရမ်နဲ့ အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ကွာဟချက် အနည်းငယ်မျှဖြင့် သူ့ကို ရှုံးနိမ့်သွားခဲ့တာဖြစ်လို့ပင်။


လောရန့်က ပြီးခဲ့တဲ့ ဆယ်နှစ်တာ အတွင်း ပိုနိမ့်တဲ့အဆင့်ရောက်ရှိချိန် သူ ဒီအကြောင်းကို အမြဲတမ်း မကျိတ်မခဲနိုင် တွေးတောနေခဲ့သည်။


ရမ် တစ်ယောက် ဒဏ်ရာတွေရပြီး အချိန်ခဏလောက် ပျောက်ကွယ်သွားခဲ့ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ ဘယ်မှာရှိတယ်ဆိုတာ မသိခဲ့ကြပေ။ လောရန့်က မျိုးနွယ်စုအား ခေါင်းဆောင်အသစ် ရွေးချယ်ရန် တိုက်တွန်းလိုက်ခဲ့၏။


မျိုးနွယ်စုက ရမ်၏ သေဆုံးမှုသတင်းကို တဖြည်းဖြည်းနဲ့ လက်ခံလာကြပြီး သူ့နေရာမှာ လောရန့်အား အစားထိုးမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။ ဒါပေမယ့် သူခေါင်းဆောင်အသစ် ဖြစ်လာတော့မဲ့အချိန်မှာတော့ လောရန့်ဟာ မထင်မှတ်ပဲ သတင်းအသစ်တွေကို ကြားသိခဲ့ရတယ်။ အံ့သြစရာကောင်းစွာပဲ ရမ် တစ်ယောက် မျိုးနွယ်စုကို ဘေးမသိရန်မခ ပြန်ရောက်ရှိလာခဲ့၏။


ယခုတွင်မူ ကျားသစ်နှစ်ကောင် ယှဉ်ပြိုင်ရပ်နေပြီး ဆယ်နှစ်အကြာ ယှဉ်ပြိုင်အနိုင်လုပွဲက နောက်တစ်ကြိမ် ထပ်မံဖြစ်ပျက်တော့ပေမည်ဖြစ်၏။


မနေ့ညနေက ရမ်က ကျီရှောင်အုံးအား သွားကြည့်ခွင့်မပေးဘူးလို့ ပြောခဲ့ပေမယ့် ကျီရှောင်အုံး စိတ်ချမထားနိုင်ပေ။ မနက်မိုးလင်းတော့ သူမ မျက်စိနှစ်လုံးဖွင့်ကြည့်လိုက်ချိန် ကုန်းပြင်မြင့်ဆီ တိတ်တိတ်ခိုး သွားခဲ့လိုက်တယ်။


ဒါပေမဲ့ ကျီရှောင်အုံး ရောက်ရှိသွားချိန် အဲဒီနေရာမှာ သားရဲလူတွေေ ကျိတ်ကျိတ်တိုးနေကြပြီဖြစ်သည်။


သားရဲလူတွေက သူမထက် အရွယ်အစားပိုကြီးတော့ ကျီရှောင်အုံး၏ မြင်ကွင်းမှာ လာပိတ်နေခဲ့တယ်။ သူမ ရှေ့ကို ဘာကိုမှ မမြင်နိုင်တော့ပေ။


ကံကောင်းစွာပဲ သူမက အကောင်သေးသေးကွေးကွေးဖြစ်တော့ သားရဲလူတွေရဲ့အောက်ကနေ ငုံလျိုးပြီး ရှေ့ကို တိုးဝှေ့ထွက်လို့ရသွားခဲ့တယ်။


သူမ လှမ်းကြည့်လိုက်တော့ အချိန်ကိုက်ပဲ ကျားသစ်နက်က အမြင့်ကြီးခုန်ပြီး တစ်ဖက်ကမ်းသို့ ပျံသန်းကာ သူ့လက်သည်းတွေနဲ့ တစ်ဖက်လူ၏ဝမ်းဗိုက်ကို ထိုးဆွဲလိုက်တာကို မြင်လိုက်ရသွားတယ်—


ကျီရှောင်အုံးရဲ့ နှလုံးသားက အံ့အားသင့်သွားပြီး လောရန့်ရဲ့ လှမ်းကုတ်ဆွဲလိုက်တဲ့ ပုံရိပ်က သူမမျက်လုံးထဲမှာ ထပ်တလဲလဲ ထင်ရှိသွားတယ်။ သူမ ပါးစပ်ကိုဖွင့်ပြီး "ရမ်"လို့ အော်လုနီးပါးပင်။


ရမ် လောရန့်၏ ထိုးစစ်ကို တားဆီးရန် သူ့လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။ သူ့နောက်ခြေထောက်ကို လောရန့်ရဲ့ ခန္ဓာကိုယ်ကို ချုပ်ထားလိုက်ခဲ့သည်။ သူက နောက်တစ်ပတ် ပြန်လှည့်ပြီး လောရန့်အား သူ့ခန္ဓာကိုယ်အောက်ကို ဖိချလိုက်ပြီး အခြေအနေအား ရုတ်ခြည်းပင် ပြောင်းပြန်လှန်လိုက်တယ်။


နက်ပြာရောင်မျက်လုံးတွေက လောရန့်ရဲ့လည်ပင်းကို စူးစိုက်ကြည့်ကာ လည်မြိုအတွင်းသို့ ကိုက်ချရန် သူ့ရဲ့သားရဲပါးစပ်ကို ဖွင့်လှစ်လိုက်ခဲ့တယ်!


လောရန့် ရမ်ရဲ့ပခုံးတွေအား ဆုပ်ကိုင်ထားရန် သူ့လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး သူ့ခြေထောက်များအားထည့်ကာ ရမ်ရဲ့ ခန္ဓာကိုယ်အား အဝေးသို့ ကန်ထုတ်ပစ်လိုက်တယ်။


ရမ် မြဲမြံစွာ ဆင်းသက်လာပြီး စူးရှထက်မြက်သော သူ့လျှာကိုထုတ်ကာ သူ့သွားစွယ်တွေအား လျာနဲ့သပ်လိုက်ပြီး တွေးတွေးဆဆ ကြည့်ရှုလိုက်တယ်။


—— လောရန့်ရဲ့ ခွန်အားက အများကြီး တိုးတက်လာတာပဲ။


သူ ကျီရှောင်အုံးရဲ့နေရာလွတ်ထဲမှာ သူရဲ့ကိုယ်ကာယပိုင်းခွန်အားက အများကြီး တိုးမြှင့်လာလိုက်ပေမဲ့ လောရန့်က သူနှင့် တန်းတူယှဉ်နိုင်ဆဲပဲ။


လောရန့် ပျောက်ကွယ်သွားတဲ့အချိန်တုန်းက ဘာတွေဖြစ်ပျက်ခဲ့ပါလိမ့်။


ကျားသစ်နက် နဲ့ ကျားသစ်တို့က ပြိုင်ပွဲကုန်းမြင့်တစ်ဖက် တစ်ချက်စီကို သိမ်းပိုက်ထားကြကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည့် မြင်ကွင်းက အထက်စီးဆန်လှ၏။


ရုတ်တရက် လောရန့်က ခုန်လိုက်ပြီး ရမ့်အား ဘေးကနေ တိုက်ခိုက်လိုက်ခဲ့၏။


ရမ် လျင်မြန်စွာ ရှောင်ထွက်သွားလိုက်ပြီး သူ၏အမြီးရှည်က လွှဲရမ်းလိုက်ခဲ့ကာ လောရန့်ရဲ့မျက်နှာအား ဖြတ်၍ ပြင်းပြင်းထန်ထန် ထိမှန်သွားလိုက်၏။


တဖြည်းဖြည်းနဲ့ လောရန့်ရဲ့ခွန်အားက သိသိသာသာ ကုန်ခန်းလာပြီး သူ့ရဲ့ အသက်ရှူရှိုက်မှုက ကစဉ့်ကလျားဖြစ်လာခဲ့တော့၏။


တစ်ချီတိုက်ခိုက်ပြီးနောက် ရမ် က မြေပြင်ပေါ်သို့ အားနဲ့ လှဲသိပ်လိုက်ပြီး သူ့လက်သည်းတွေနဲ့ သူ့ (လောရန့်) ခေါင်းပေါ်အား ဖိချလိုက်ပြီးတော့ လက်ဖဝါးတစ်ဖက်က လက်သည်းတွေအားဆန့်ထုတ်လိုက်ခဲ့တယ်။ သူ့ ဝမ်းဗိုက်ကို ထိုးသွင်းတဲ့ အချိန်တုန်းကလိုပင်။


လက်သည်းတွေက အသားထဲကို ထိုးဖောက်ဝင်ရောက်လိုက်တော့ လောရန့် အလူးအလဲဖြစ်သွားလိုက်ပြီး သူ့မျက်လုံးတွေက သူ့ရှေ့မှာ ရပ်နေတဲ့ ကျီရှောင်အုံးဆီ လှည့်ကြည့်လိုက်တယ်။ ရုတ်တရက် သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ခုက ကွေးတက်သွားလိုက်ကာ 


သူ့လည်ပင်းအား စကားပြောဖို့ ရှင်းလင်းလိုက်ရင်း သူနဲ့ရမ် နှစ်ကိုယ်သာ ကြားနိုင်တဲ့လေသံနဲ့ "တကယ်လို့ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် အဲဒီ 'ကျီရှောင်အုံး' လို့ ခေါ်တဲ့ မိန်းမပျိုက လူသားပဲ မှန်တယ်မလား"


ရမ်ရဲ့ လက်သည်းတွေက သူ့ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ထိုးဖောက်သွားလိုက်ချိန်မှာတော့ သူ့အသံက တိတ်ကျသွားတယ်။


လောရန့်ရဲ့ပါးစပ်က သွေးများဖြင့် လျှံထွက်လာလိုက်ကာ သူ တုံ့နှေးခြင်းမရှိဘဲ ဆက်ပြောလိုက်တယ်။ "သူမအတွက် စည်းမျဉ်းများ ပြောင်းလဲခဲ့တယ်ဆိုတော့ ကြည့်ရတာ မင်း သူမကို တော်တော်ဂရုစိုက်တဲ့ပုံပဲ..." သူ ခဏရပ်ပြီး အံကိုတင်းတင်းကြိတ်လိုက်ကာ "ဒါပေမယ့် ရမ် လူတွေသာ ဒီအကြောင်းကို သိသွားကြရင် သူမ ဘယ်လိုဆက်ဆံခံလိမ့်ရမယ်လို့ မင်းထင်လဲ"


လူသားမျိုးနွယ်က ကမ္ဘာပေါ်တွင် ကာလအတန်ကြာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သော မျိုးစိတ်တစ်ခုဖြစ်ပြီး ဦးနှောက်အသိဉာဏ်၊ ဉာဏ်အမျှော်အမြင်ရှိမှုနဲ့ သဘာဝလောကကြီးကို ယှဉ်ပြိုင်အံတုနိုင်တဲ့ စွမ်းပကားရှိပေ၏။


တစ်ချိန်တည်းမှာပဲ သူတို့တွေက တိရစ္ဆာန်တွေရဲ့ သဘာဝရန်သူလည်း ဖြစ်ပေတယ်။


ရမ်၏ မျက်လုံးများက အရောင်ရင့်မှောင်သွားလိုက်ကာ "သေလမ်းမရှာဖို့ မင်းကို ငါ အကြံပေးလိုက်မယ် လောရန့်"


လောရန့်က ရမ်ရဲ့ တဒင်္ကမျှ လျှော့ပေါ့သွားလိုက်ခြင်းအား သတိပြုမိပြီး သူ့မျက်လုံးတွေက ဖျတ်ခနဲလင်းလက်သွားခဲ့တယ်။ ရမ်ရဲ့ ရှေ့ခြေသည်းတွေကို ဆုပ်ကိုင်လိုက်ရင်း သူ့နောက်ခြေထောက်တွေက ရမ့်အား ရက်စက်စွာ ကန်ထုတ်ဖို့ အပေါ်ကို တွန်းပို့လိုက်တယ်။


ရမ်၏ နောက်ကျောတွင်က မတ်စောက်သော ချောက်ကမ်းပါးတစ်ခုရှိပြီး အောက်ခြေတွင် ချွန်ထက်သော ကြမ်းတမ်းသော ကျောက်တုံးကျောက်ခဲများဖြင့် ဖုံးလွှမ်းထားသည်။


ရမ် တောင်ထွတ်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့အခိုက် သူ့အမြီးက လောရန့်ရဲ့ ရှေခြေထောက်တွေနဲ့ ငြိထွေးနေခဲ့ပြီး သူ့ကိုပါ ချောက်ကမ်းပါးပေါ်ကနေ ဆွဲချသွားလိုက်တော့တယ်-------


. . .


. . .


!!!


ခေါင်းဆောင်နဲ့ လောရန့်တို့ ချောက်ကမ်းပါးပေါ်ကနေ အတူတူ ပြုတ်ကျသွားတာလား?


ပတ်ဝန်းကျင်ရှိ သားရဲလူသားတွေလည်း ကြက်သေ သေသွားကြတော့တယ်။ ရက်စက်ပြင်းထန်တဲ့ တိုက်ပွဲကနေ ပြန်လည်အဆင်သင့်မဖြစ်သေးခင်မှာပဲ ဗလာဖြစ်နေတဲ့ ပြုင်ပွဲ ကုန်းပြင်မြင့်တွေရဲ့ ထိပ်မျက်နှာပြင်ပေါ်အား သူတို့တွေ မြင်လိုက်ရတယ်။ ရမ်နဲ့ လောရန့်တို့ကတော့ စုန်းစုန်း ပျောက်ကွယ်သွားခဲ့လေပြီ။


အကြီးအကဲဘာဆန်းက ချက်ချင်းပင် သူ့စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီး အမိန့်ပေးလိုက်ခဲ့၏။ "မြန်မြန် လူနည်းနည်းခေါ်ပြီး ခေါင်းဆောင်ကို ဆင်းရှာလိုက်ကြစမ်း!" 


ဝင်းတားက အမိန့်ကို နားထောင်လိုက်ခဲ့ပြီး ချက်ချင်းပင် ချောက်ကမ်းပါးကို ဆင်းမည့်လူများကို စီစဉ်ဖို့ ထွက်ခွာသွားလိုက်တယ်။


ကျီရှောင်အုံး မတ်တပ်ရပ်လိုက်ပြီး ဘေးသို့ အမြန် ခုန်ဆင်းလိုက်ခဲ့တော့တယ်။ လောရန့်က ရမ့်အား တစ်စုံတစ်ခု ပြောလိုက်တာကို မြင်လိုက်ရပြီး ရမ် ခေတ္တရပ်သွားတဲ့ အခွင်အရေးအား လောရန့်က အပြည့်အဝ အသုံးချလိုက်ခဲ့တာပင်။


လောရန့်ရဲ့စက်ဆုပ်ဖွယ် စရိုက်ကို ဂရုမစိုက်တော့ဘဲ ကျီရှောင်အုံး ကျားသစ်တွေနောက်သို့ လိုက်ချင်ပေမဲ့ ဝင်းတားက ဟန့်တားလိုက်ခဲ့တယ်။ "တောင်အဆင်းလမ်းက ကြမ်းတယ်။ မင်းက ဒီမှာနေပြီး သတင်းကိုပဲ စောင့်နေလိုက်ပါ။ ငါတို့ မင်းထိခိုက်သွားတာကို ခွင့်ပြုထားလိုက်ရင် ခေါင်းဆောင်က ငါတို့ကို အပိုင်းပိုင်းဆွဲဖြဲပစ်လိမ့်မယ်"


"ပြီးတော့..." ဝင်းတားက သူ့ခေါင်းကို ကုတ်ပြီး "မင်းက ငါတို့ရှာဖွေမှုကို နှောင့်နှေးစေလိမ့်မယ်"


"... " ကျီရှောင်အုံး လက်လျော့လိုက်ပြီး ချောက်ကမ်းပါးပေါ်တွင် စောင့်ဆိုင်းဖို့ပဲ နေနေလိုက်ခဲ့တော့တယ်။


တစ်နာရီလောက်ကြာသွားပြီးနောက် ဘာသတင်းမှ ရမလာခဲ့ချေ။


ကျီရှောင်အုံး ပိုလို့ ပိုလို့ စိုးရိမ်လို့လာတော့တယ်။ ဝင်းတားက တောင်ခြေက ကျောက်တုံးအကျိုးပဲ့တွေေရှိနေတယ်လို့ ပြောခဲ့တယ်။ ရမ် ဒဏ်ရာ ရမသွားနိုင်ပေဘူးလား။


လောရန့်လည်း အဲဒီအောက်မှာပဲ ရှိနေမှာပဲ။ သူ ရမ့်ကို မတိုက်ခိုက်နိုင်ပေဘူးလား။ ဝင်းတားက ရမ့်ကို ရှာမှ ရှာတွေ့နိုင်ပါ့မလား။


. . .


နာရီဝက်ကျော်ကျော် ကြာမြင့်ပြီးတော့ သားရဲလူအမျိုးသားတစ်ယောက် ရောက်ရှိလာပြီး အကြီးအကဲ ဘာဆန်း ထံသွားလိုက်ခဲ့ကာ "အကြီးအကဲ......"


အကြီးအကဲဘာဆန်း- "ခေါင်းဆောင် အကြောင်း သတင်းရတာလား"


သားရဲလူက သူ့ခေါင်းကို ခါရမ်းလိုက်ပြီး ကမူဒါတောင်ကြား ဝင်ပေါက်ဝကို လက်ညှိုးထိုးပြပြီး "ဟိုလ်ဒန်က ဝံပုလွေတွေကို ဦးဆောင်ပြီး ငါတို့ကို လာတိုက်တယ်!"


*


ကမူဒါတောင်ကြား၏ ဝင်ပေါက်တွင်တော့ ဝံပုလွေမျိုးနွယ်စု အတန်းလိုက်ကြီးက မျိုးနွယ်စုကို မျက်နှာမူပြီး တန်းစီကာ သူတို့ခေါင်းကို မြှောက်ကာ ကျယ်လောင်စွာ အူလိုက်ကြသည်။


"ဝူး--"


အသံက ချိုင့်ဝှမ်းဖြစ်နေတဲ့ တောင်ကြားထဲသို့ နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားပြီး အကြီးအကဲဘာဆန်းရဲ့ နားထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။


အကြီးအကဲက စစ်သည်တော်ဟောင်းတစ်ဦးဖြစ်ပေမယ့် ဒီလိုကိစ္စမျိုးကို သူ ပထမဆုံးအကြိမ် ကြုံဖူးတာပင်။ အခု ရမ်က ဒီမှာလဲ ရှိမနေတော့ သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ချေ။ သူ နောက်ထပ်ကျားသစ်တစ်ကောင်ကို အလျင်စလို လှမ်းမေးလိုက်ပြီး "မင်းတို့တွေ ခေါင်းဆောင်ကို ရှာတွေ့ပြီလား"


သားရဲလူအမျိုးသားက ပြောလိုက်၏ "မတွေ့ဘူး ဝင်းတား ခုထိ ပြန်ရောက်မလာသေးဘူး" 


ဝံပုလွေအူသံတွေက အကြာကြီး ဆွဲငင်ကာ အူနေပြီး အကြီးအကဲ ဘာဆန်း၏ ဦးခေါင်းကို လှည့်ပတ်သွားလာလိုက်သည့်အတိုင်း သူ့ဦးနှောက်ကို နာကျင်စေတဲ့အထိ ထပ်တလဲလဲ တင်းကျပ်စေလိုက်၏။


'ဒီဝံပုလွေကောင်တွေက နောက်ကျမှ ရောက်လာရုံတင်မကပဲ ဘာဖြစ်လို့ သူတို့တွေ အခုချိန်မှ ပြန်ရောက်လာတာများလဲ!'


အသေအချာပေါ့ ဟိုလ်ဒန်က ဒီအချိန်ကို အားကိုးအားထား စောင့်ဆိုင်းနေတယ်ဆိုတာတော့ အကြီးအကဲ ဘာဆန်း မသိခဲ့ပါပေ။


အပြင်းအထန် ဒဏ်ရာတွေရနေတဲ့ လောရန့်က နှင်းဖုံးနေသော တောင်တန်းကနေ ဘယ်လိုလုပ် လွတ်မြောက်လာနိုင်မှာလဲ။ ဟိုလ်ဒန်က သူ ပြန်လာဖို့ သူ့ကို ကူညီပေးခဲ့တာပင်။


လောရန့်ရဲ့ ခွန်အားက ရမ်နဲ့ ညီမျှပြီး သူ(လောရန့်) ဒဏ်ရာရပြီးတဲ့ နောက် ကျားသစ်မျိုးနွယ်ထံသို့ ပြန်လာကာ ရမ့်ကို စိန်ခေါ်လိမ့်မည်ဟု ဟိုလ်ဒန် ခန့်မှန်းလိုက်ခဲ့တာပဲဖြစ်၏။


လောရန့်က ရမ့်ကို အနိုင်တိုက်နိုင်ဖို့ထိတော့ ဟိုလ်ဒန် မမျှော်မှန်းထားပေ၊ သူ(လောရန့်)က ရမ့်ကို ထိန်းထားနိုင်သရွေ့ နှစ်ဖက်စလုံး ရှုံးနိုင်မှာပင်။


အခုလိုမျိုး ရမ် မရှိတဲ့ ကျားသစ်မျိုးနွယ်ကို သိမ်းပိုက်ယူဖို့ကာ ပိုလွယ်ကူသွားမည်ဖြစ်သည်။


တစ်ဖက်တွင်လည်း အကြီးအကဲဘာဆန်းက စိတ်တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး ပြောလိုက်တယ်။ "မျိုးနွယ်ထဲက လူငယ်စစ်သည်တော်တွေကို စုစည်းပြီး ငါ့ရဲ့ညွှန်ကြားချက်တွေကို နားထောင်ကြ။ ဒိုး၊ ခေါရီ မင်းတို့က လူတွေကို ကမူဒါတောင်ကြား ဝင်ပေါက်ဝကို ဦးဆောင် ခေါ်သွားလိုက်။ ခေါင်းဆောင် ပြန်ရောက်မလာခင်ထိ ဝံပုလွေတွေရဲ့တိုက်ခိုက်မှုကို သေချာထိန်းထားကြ!"


ဒိုးနဲ့ ခေါရီတို့က သူတို့ကိုပေးလိုက်တဲ့ အမိန့်တွေကို ယူလိုက်ကြပြီး မျိုးနွယ်စုရဲ့စစ်သည်တော်တွေအား ဝင်ပေါက်ဝသို့ ဦးဆောင်လိုက်ခဲ့တယ်။


သူတို့နှစ်ဦးစလုံးက ကျားသစ်မျိုးနွယ်၏ သန်မာအားကောင်းတဲ့ စစ်သည်တော်များဖြစ်ကြ၏။ ဒိုး၏ စိတ်က တက်ကြွနေပြီး သူက ခုခံတိုက်ခိုက်ရာတွင် အားသာသည်။ ခေါရီက ဖြိုခွင်းရေး အားကောင်းပြီး တိုက်ခိုက်ရာတွင် အားသန်သည်။


ကျားသစ်နှစ်ကောင်က တောင်ကြား ဂိတ်ပေါက်ဝတွင် စောင့်ကြပ်ဖို့ လူအုပ်တစ်စုကို ဦးဆောင်လိုက်ခဲ့၏။


ရမ်က စစ်ပွဲကို ဦးဆောင်ခဲ့တုန်းကလိုပဲ သူတို့ဟာ စည်းစနစ်ကျနေခဲ့၏။


အကြီးအကဲဘာဆန်းက မျိုးနွယ်ဝင်ရဲ့ သတင်းတင်ပို့တာကို နားထောင်လိုက်ခဲ့တယ်။ ဒိုးနဲ့ ခေါရီတို့က ပြဿနာကို ယာယီချုပ်ကိုင်ထားပြီဖြစ်တော့ အခုမှပဲ သူ့မှာ သက်သာရာရစွာ သက်ပြင်းချနိုင်ပြီဖြစ်သည်။


ဒါပေမယ့် ဒီအသက်ဖြောင့်ဖြောင့်ရှူတာက ကြာရှည်မခံခဲ့ဘဲ သိပ်မကြာခင်မှာပဲ အခြားမျိုးနွယ်ဝင်တစ်ဦးက ရောက်လာပြီး ပြောလာလိုက်၏။ "အကြီးအကဲ ဝံပုလွေတွေ စိမ့်မြေတောကို ဖြတ်လာနေကြပြီ!"


စိမ့်မြေရွှံ့တောက ဝံပုလွေနှင့် ကျားသစ်နယ်မြေပိုင်နက်ကြား နယ်နိမိတ်စည်းဖြစ်သည်။ ရွှံ့နွံတောကို ဖြတ်သန်းလာပြီးနောက် ကျားသစ်မျိုးနွယ်တွေရဲ့ နေထိုင်ရာပိုင်နက်နဲ့ သူတို့တွေ သိပ်မဝေးကြတော့ပေ။


ရမ်က ဒီမှာ အမြဲရှိနေတော့ ဝံပုလွေတွေက စိမ့်မြေတောထဲကို ခြေမချရဲကြတာဖြစ်၏။


ဘာဆန်းက အံ့သြသွားပြီး "သူတို့ကို သွားမတိုက်ကြဘူးလား"


မျိုးနွယ်ဝင်က ပြောလာ၏ "မတိုက်တာ မဟုတ်ပါဘူး။ မျိုးနွယ်စုမှာ ကျန်တဲ့အထီးတွေက စိမ့်မြေတောမှာ ဝံပုလွေတွေကို တွန်းလှန်တိုက်ခိုက်ကြပါတယ် ဒါပေမဲ့......."


ဝံပုလွေတွေက ကြိတင်ပြင်ဆင်ထားကြတာပဲဖြစ်၏။ တိုက်ခိုက်လာတဲ့ အရေအတွက်က အလွန်များပြားခဲ့ပြီး ကျန်ရှိတဲ့ ကျားသစ်မျိုးနွယ်ဝင်များက လုံးလုံး မတွန်းလှန်နိုင်ခဲ့ကြပေ။


ဒါကို အကြီးအကဲဘာဆန်း သိသွားတော့ သူ မနေနိုင်စွာပဲ ဆဲဆိုလိုက်ခဲ့တော့၏။ သူ့မှာ နည်းလမ်းမရှိတော့လေပြီ။


. . .


ကျီရှောင်အုံးက အကြီးအကဲဘာဆန်း ဘေးနားမှာ မတ်တပ်ရပ်နေခဲ့တော့ သူတို့ပြောဆိုကြတာအား အစအဆုံး ကြားသိလိုက်ခဲ့ပါတယ်။


အချို့ စကားလုံးတွေက ပြောသွားတာ မြန်လွန်းတာမို့ ကျီရှောင်အုံး နည်းနည်းပါးပါးသာ ရိပ်ဖမ်းသိလိုက်ပေမဲ့လည်း သူတို့ပြောတာအား အကြမ်းဖျင်း နားလည်နိုင်လိုက်ပါတယ်။


"အကြီးအကဲ တကယ်လို့ ရှင် စိတ်မရှိဘူးဆိုရင် ကျွန်မ ရှင်တို့ကို ကူညီခွင့်ပေးမလား" ကျီရှောင်အုံး ချီတုံချီချ ဖြစ်လိုက်ပေမဲ့ ဘာပဲဖြစ်ဖြစ် ရှေ့ပဲတိုးသွားလိုက်တော့တယ်။


တခြားသူတွေရှေ့မှာ ဒိုင်းနမိုက် မသုံးတော့ပါဘူးလို့ သူမ ရမ့်ကို ကတိပေးထားခဲ့ပေမယ့် တကယ်လို့ မသုံးခဲ့ရင် ဒီတစ်ကြိမ်မှာ ကျားသစ်မျိုးနွယ်က ဝံပုလွေတွေ သိမ်းပိုက်တာခံရတော့မှာပဲ။


ရမ့်ရဲ့ မျိုးနွယ်စုကို တခြားသူတွေလက်ထဲ ကျရောက်မှာကိုတော့ သူမ မကြည့်ရက်ပေ။


*


ပြီးခဲ့တဲ့ရက်တွေတုန်းက နောက်ဆုံးတစ်ခေါက် မှတ်တမ်းတင်ထားတဲ့ ပေါင်းစပ်တဲ့အချိုးအစားအပေါ် အခြေခံပြီး ဖောက်ခွဲရေးပစ္စည်းအများအပြားကို ကျီရှောင်အုံး တီထွင်ထုတ်လုပ်ထားခဲ့တာဖြစ်တယ်။


ရမ်က ဒါတွေကို မသုံးဖို့ တားမြစ်ထားတာကြောင့် ကျီရှောင်အုံးက သူမရဲ့နေရာလွတ်ထဲမှာပဲ ဝှက်ထားပြီး စမ်းတောင် မစမ်းကြည့်ရသေးပေ။


သူတို့က ဘယ်လောက်အစွမ်းထက်မလဲ သူမ မသိပေမယ့် ဝံပုလွေတွေကို ကြောက်လန့်တကြား နောက်ဆုတ်စေပြီး ကျားသစ်တွေကို အချိန်တစ်ချို့လောက် အချိန်ဆွဲဖို့တော့ သေချာပေါက် ကူညီပေးနိုင်လိမ့်မှာပင်။


ကျီရှောင်အုံးနဲ့ အကြီးအကဲဘာဆန်း တို့ စိမ့်မြေနွံတောဆီသို့ အတူတူ သွားလိုက်ကြတော့သည်။


မလှမ်းမကမ်းတွင်တော့ ကျားသစ်တွေက ဝံပုလွေကျူးကျော်မှုကို တားမြစ်ဖို့ ကြိုးစားနေကြ၏။


ကံမကောင်းတာက သူတို့တွေက အရေအတွက်များလွန်းနေပြီး ကျားသစ်တွေကတော့ ရှုံးခါနီးဆဲဆဲဖြစ်နေခဲ့ပါတယ်။


ကျီရှောင်အုံး သားရဲလူလေးယောက်ကို ရွှံ့နွံတော၏ တစ်ဖက်တစ်ချက်စီတွင် ယမ်းမှုန့်များစိုက်ထားရန် အလောတကြီး ဦးဆောင်လိုက်ခဲ့ပါတယ်။


စိမ့်မြေတောရဲ့ စိုစွတ်တဲ့ ရွှံ့နွံတွေက ပုပ်သိုးနေပြီး ခြေတစ်လှမ်းချလိုက်တာနဲ့ နစ်မြုပ်သွားမှာဖြစ်ပြီး ရုန်းကန်လေလေ ပိုနစ်မြုပ်လေဖြစ်နေခဲ့တယ်။ တကယ်လို့ ဝံပုလွေတွေ ဖြတ်သန်းလာချင်ရင် သူတို့တွေ တစ်ဖက်တစ်ချက်စီကနေ လမ်းသာ လျှောက်လာနိုင်လေတယ်။


သားရဲလူလေးယောက်က ကျီရှောင်အုံး သူတို့ကို ဘာတွေ မြုတ်နှံခိုင်းလည်း မသိကြပေ၊ သူတို့ မေးကြည့်ချင်ပေမယ့် ကျီရှောင်အုံးက သူမနှုတ်ခမ်းကို ကိုက်ထားတာကို မြင်လိုက်ရတာမို့ သူတို့ မမေးနိုင်တော့ဘဲ သူ့တို့ပဟေဠိတွေအား ဗိုက်ထဲကိုသာ ပြန်မျိုချလိုက်ရလေတယ်။


ကိစ္စမရှိပါဘူးလေ..... သူမက ခေါင်းဆောင်ရဲ့ မိန်းမပျိုပဲ သူမ လုပ်ချင်တာ လုပ်ပါစေလေ။


လမ်းနှစ်ဖက်စလုံးကို ယမ်းမှုန့်တွေ မြှုပ်နှံလိုက်ပြီးတာနဲ့ ကျီရှောင်အုံး ချက်ချင်းပင် အကြီးအကဲဘာဆန်းထံသွားလိုက်ပြီး အနားက ကျောက်တုံးကြီးတစ်ခု၏ နောက်ကွယ်တွင် သွားပုန်းနေလိုက်တယ်။


အကြီးအကဲဘာဆန်းက သူတို့အားလုံး၏ စိတ်ထဲတွင် ပဟေဠိများစွား ဖြစ်တည်လိုက်မှုနဲ့အတူ မေးမြန်းလိုက်ခဲ့တယ်။ "မင်း ခုနက မြုပ်ခိုင်းတဲ့ဟာက ဘယ်လိုသုံးဖို့ရည်ရွယ်ထားတာလဲ"


ကျီရှောင်အုံး ပြောလိုက်တယ်။ "....အဲဒါက ဝံပုလွေတွေကို ခဏတစ်ဖြုတ်လောက်တော့ အချိန်ဆွဲထားနိုင်တယ်"


"... "


အမှန်အတိုင်းပြောရရင်တော့ ဘာဆန်းက ကျီရှောင်အုံးအား အယုံအကြည်မရှိပေ။


အမျိုးသမီးလေးက လူကောင်သေးသေးကွေးကွေးနဲ့ အားနည်းတဲ့ ပုံပေါက်နေတာ။ သူ့ကိုယ်သူတောင် ခုခံဖို့တောင် အနိုင်နိုင်ကို သူမက ဝံပုလွေရဲ့ ခြေလှမ်းကို ဘယ်လိုလုပ် အချိန်ဆွဲနိုင်မှာလဲ။


သို့ပေမဲ့လည်း သူ အခုတော့ ဒီပျော့ညံ့ပြီး သေးသွယ်တဲ့ အမျိုးသမီးလေး လက်ထဲ အပ်လိုက်တာကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။


မကြာခင်မှာပဲ တစ်ဒါဇင်ထက်ပိုတဲ့ ကျားသစ်တွေအား ဝံပုလွေတွေက အနိုင်ယူလိုက်ခဲ့တယ်။ သူတို့တွေ ပတ်ပတ်လည်ကိုဖြတ်ကျော်၍ စိမ့်မြေတောဆီသို့ တဟုန်ထိုး ပြေးလာကြတော့သည်!


အကြီးအကဲဘာဆန်းက စိုးရိပ်သောကရောက်သွားခဲ့ပြီး သူ့လက်တွေက ချွေးစေးတွေပင် ထွက်ရှိလာကာ သူ့အမြီးက မြေပြင်ကို ရိုက်နေတာကို မနားတော့ပေ။ "မိန်းမပျိုလေး ဝံပုလွေတွေ လာနေပြီ!"


"ရှူး" ကျီရှောင်အုံးက ဘာဆန်းအား တိတ်တိတ်လေးနေရန် လက်ဟန်ပြလိုက်ပြီး မြေပြင်ကို ငုံ့ကာ သူမရှေ့က ကြိုးစအား မီးညှိလိုက်ခဲ့တယ်။


ကြိုးအဆုံးမှစတင် လောင်မြိုက်မှုနဲ့အတူ "ချစ်ချစ်...." ဆိုတဲ့မြည်သံက လိုက်ပါလာခဲ့ကာ မြေပြင်တစ်လျှောက် အတန်းလိုက် လောင်မြိုက်သွားခဲ့ပြီး မြှုပ်နှံထားတဲ့ ယမ်းမှုန့်တွေနား ရောက်ရှိသွားလိုက်တော့တယ်။


နောက်အခိုက်အတန့်တွင်တော့


"ဝုန်း--"


မြက်ပင်တွေက ကြီးမားသောပေါက်ကွဲသံနဲ့အတူ မြည်ဟီးလာလိုက်ကာ အဲဒီနေရာကို ရောက်ရှိနေတဲ့ ဝံပုလွေသားရဲနှစ်ဦးအား နောက်ပြန်လဲကျသွားစေလိုက်၏။


ပေါက်ကွဲသံ ဆက်တိုက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး မီးခိုးလုံးများ ဖုံးလွှမ်းသွားခဲ့ကာ ယမ်းမှုန့်များအလယ်တွင် ဝံပုလွေတွေ ပိတ်မိသွားကြကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားလိုက်ကြတော့၏။


ယမ်းမှုန့်ကြောင့် ဒဏ်ရာရနေတဲ့ ဝံပုလွေတွေကို မြင်လိုက်ရချိန်မှာတော့ ကျောက်တုံးကြီးနောက်တွင် မတ်တပ်ရပ်နေတဲ့ အကြီးအကဲ ဘာဆန်းနဲ့ အခြားကျားသစ်တွေက မှင်တက် သွားကြတော့သည်။


'ဒါက ဘယ်လို မှော်ပညာမျိုးပါလိမ့်'


'တခဏလေးနဲ့ ဒီလောက်များတဲ့ ဝံပုလွေသားရဲလူတွေကို ဘယ်လိုလုပ်ပြီး သတ်နိုင်ရတာများလဲ'


TheEnd....