Chapter 58
Viewers 9k

အပိုင်း (၅၈)




မီးခိုးလုံးများ ပြန့်ကွဲသွားပြီးနောက်တွင် ဒဏ်ရာရသွားတဲ့ ဝံပုလွေတွေက ကစဉ့်ကလျားနဲ့ ပုံပျက်ပန်းပျက် ခြေကားရား လက်ကားရား လဲနေကြတော့တယ်။


အဆုံးသတ်မှာတော့ ကျီရှောင်အုံး လေ့လာခဲ့တဲ့ ယမ်းမှုန့်က သိပ်အစွမ်းမထက်သေးပေ။ သူတို့တွေအား လွင့်ပျံသွားစေပြီးတော့ ဒဏ်ရာအပြင်းအထန်သာ ရစေနိုင်ပြီး သေတဲ့အထိ မဖြစ်လိုက်ပေ။


အကြီးအကဲဘာဆန်းနဲ့ ကျားသစ်အုပ်စုတို့ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိခဲ့ပြီး လျင်မြန်စွာဖြင့်ပင် ဝံပုလွေတွေအား သုံ့ပန်းအနေဖြင့် ချုပ်နှောင်ကာ မျိုးနွယ်စုသို့ ပြန်ခေါ်သွားခဲ့လိုက်ကြ၏။


တစ်ချိန်တည်းမှာပဲ တောင်ကြားအဝင်ဝတွင် ဒိုးက ခေါရီနဲ့ ပူးပေါင်း၍ တိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပါတယ်။


ဒီတစ်ကြိမ် သေဆုံးတဲ့သူတွေဟာ အရင်ကထက် ဒဏ်ရာတွေပို ရရှိခဲ့ကြ၏။


အကြီးအကဲ ဘာဆန်းက သမားတော်တွေအား ချက်ချင်းလှမ်းခေါ်လိုက်ပြီး သူတို့အား ဆေးကုဖို့ တာဝန်ပေးလိုက်ခဲ့၏။


တောင်ကြား၏အခြားတစ်ဖက်က ပန်ဒါဝက်ဝံမျိုးနွယ်စုဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ အိုးလီက ကျားသစ်မျိုးနွယ်ထံသို့ သမားတော်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နိုင်လောက်အောင် သဘောထားကြီးသူဖြစ်၏။


*


အခု ချောက်ကမ်းပါးအောက်တွင်တော့။


ရမ် တစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရလိုက်ခဲ့ပေ။ ပြုတ်ကျလာတုန်းက ပြုတ်ကျတဲ့ အရှိန်ကြောင့် သစ်ပင်က သစ်ကိုင်းတွေကျိုးကျသွားခဲ့တယ်။ သူ့ပခုံးနဲ့ နောက်ကျောဘက်သာလျှင် ကျောက်တုံးတွေနဲ့ ခြစ်မိသွားခဲ့တယ်။


ဆန့်ကျင်ဘက်တွင်တော့ လောရန့်ကတော့ ကံဆိုးရှာသူပင် ဖြစ်တော့၏။


ရမ်ရဲ့ အမြီးက သူ့ ခြေထောက်တွေနဲ့ ရစ်ပတ်မိထားတာမို့ သူ ပြုတ်ကျလာတဲ့အချိန် ဟန်ချက်ကို မထိန်းနိုင်လိုက်ခဲ့ပေ။ သူ့ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ အများကြီးရရှိသွားလိုက်ပြီး သူ့နောက်ခြေထောက်အား တောင်ပေါ်က ပြုတ်ကျလာတဲ့ ကျောက်တုံးကြီးတစ်တုံးက တည့်တည့်ကို ဖိမိလိုက်ခဲ့သည်။ သူ့ဝမ်းဗိုက်တွင်လည်း ရမ့်ကြောင့် ဒဏ်ရာရသွားခဲ့ပြီး 


အဲဒီဒဏ်ရာတွေက သူ မြေပြင်ပေါ်မှာ လှဲနေရင်းတောင် သွေးတွေစိမ့်ထွက်နေခဲ့တယ်။


ရမ် သူ့သွားစွယ်တွေကို ထုတ်ဖော်ပြလိုက်ပြီး သူ့ခြေလက်တွေအား ဖြောင့်မတ်လိုက်ကာ သူ့လျှာကို ထုတ်၍ သူ့ရှေ့ခြေသည်းပေါ်ရှိ ပွန်းပဲ့ ဒဏ်ရာတွေအား လျှာနဲ့ လျက်လိုက်ခဲ့၏။ အဲဒီနောက် လောရန့် ဆီသို့ သူ လျှောက်လာလိုက်ခဲ့တယ်။


လောရန့် သူ့နောက်ခြေထောက်ကို ဆွဲထုတ်ဖို့ ကြိုးပမ်းလိုက်ပေမယ့် ကျောက်တုံးက တင်းကြပ်စွာ ဖိချထားပြီး ဆွဲထုတ်လို့ မရနိုင်ခဲ့ပေ။ အဆုံးတွင် သူ လက်လျှော့လိုက်ရတယ်။


"ဂုဏ်ယူပါတယ် ရမ် မင်း ငါ့ကိုသတ်ပြီး မင်းရဲ့ခေါင်းဆောင်နေရာကို အောင်အောင်မြင်မြင်နဲ့ ကာကွယ်နိုင်သွားပြီပေါ့" လို့ လောရန့်က ပြောလိုက်တော့၏။


ရမ်က သူ့အား ပတ်ချာလည် ပတ်လျှောက်လိုက်ကာ မတူမတန်သလိုနဲ့ ပြောလိုက်၏။ " စိတ်မကောင်းပါဘူး မခုခံနိုင်တဲ့ ပြိုင်ဘက်တစ်ယောက်ကို ငါ စိတ်မဝင်စားဘူး " 


"ဒါပေမယ့်..." ကျောက်တုံးပေါ် ခုန်တက်လိုက်ပြီး သူ့ရဲ့ စူးရှတဲ့ မျက်လုံးပြာတွေနဲ့ သူ့ကို စိုက်ကြည့်ကာ ရမ်က ပြောလိုက်တယ်။ "ငါ့ကို ပြောစမ်း မင်း သူ့နောက်ခံကို ဘယ်လိုသိသွားတာလဲ"


ကျောက်တုံးကြီးက ရုတ်ခြည်းပင် ပိကျသွားလိုက်ပြီး လောရန့်ရဲ့မျက်နှာထားက မဲ့ရွဲ့သွားလိုက်ကာ သူ့လည်ချောင်းက ဆဲဆိုမှုတစ်ခုနဲ့အတူ အထက်အောက် ဆန်တက်သွားလိုက်တယ် "ငါ့ဆီက ဖယ်စမ်း..."


ရမ်က မလှုပ်ရှားခဲ့ပေ။ "အမှန်အတိုင်းပြောဖို့ ငါ အကြံပေးလိုက်မယ် ဒါမှမဟုတ်ရင်တော့ မင်းခြေထောက်ကို မင်း နှုတ်ဆက်နိုင်ပြီ"


လောရန့် မြေကြီးပေါ်တွင် ကုတ်ခြစ်လိုက်ပြီး သူ့ ပါးစပ်ထောင့်စွန်းတွေက သရော်ပြုံး ပြုံးလိုက်မှုနဲ့အတူ တွန့်ကွေးသွားခဲ့ကာ "သူ့မှာ သားရဲပုံစံမှမရှိတာ အဲဒါက သက်သေပြဖို့ မလုံလောက်ဘူးလား"


ဘော်နီးယားကုန်းမြေတိုက်ကြီးရှိ တိရိစ္ဆာန်တွေက လူသားအသွင် ပုံသဏ္ဍာန်အနေနဲ့ ပြောင်းလဲနိုင်ပေမဲ့လည်း သူတို့တွေ ဒဏ်ရာပြင်းပြင်းထန်ထန်ရချိန်တွင် သူတို့ရဲ့ မူလပုံစံသို့ အလိုအလျောက် ပြောင်းလဲသွားမည်ဖြစ်၏။


သို့ပေမဲ့လည်း ကျီရှောင်အုံး ကတော့ လောရန့်ကြောင့် ဒဏ်ရာရခဲ့ပြီး လူသားပုံစံအဖြစ်သာ ရှိနေတုန်းပင်။


ထို့အပြင် ကျီရှောင်အုံး သူမကိုယ်ပေါ်မှာ အရာဝတ္ထုများစွာလည်း ရှိနေခဲ့တယ်။ လျှပ်စစ်ကျင်စက်၊ စစ်တပ်သုံး ဓား၊ သံလိုက်အိမ်မြှောင် အစရှိသည်ဖြင့်ပင်။ သည်အရာတွေအားလုံးက သားရဲလောကမှာ မရှိနိုင်တဲ့ အရာတွေပင်ဖြစ်၏။


အဲဒီနာက် ကျီရှောင်အုံး၏ "ပျောက်ကွယ်သွားမှု" စွမ်းရည်နှင့် "လေထုထဲတွင် ထွက်ပေါ်လာမှု"လည်း ရှိနေခဲ့တာပင်။ ထိုအရာက မယုံကြည်နိုင်လောက်ပေမဲ့လည်း သူ့မျက်စိနှစ်လုံးနဲ့ ကိုယ်တိုင် မြင်ဖူးလိုက်ရတာပဲမလား။


လောရန့် သူ့မျက်လုံးတွေကို ပင့်ကြည့်ကာ တမင်သက်သက် မေးလိုက်တယ်။ "တကယ်လို့ မျိုးနွယ်စုကသာ မင်း လူသားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ရှာတွေ့ခဲ့တာကို သိသွားခဲ့ရင် သူတို့ ဘယ်လို တုံ့ပြန်လိမ့်မလဲ"


ရမ်က သက်ညှာမှုမရှိဘဲ ပြောလိုက်၏။ "ငါ့မိန်းမပျိုကို ဂရုစိုက်နေမဲ့အစား မင်း တစ်ရက်တောင် အသက်ရှင်နိုင်ဦးမလားဆိုတာ စဉ်းစားလိုက်ပါဦး"


အဲဒီနောက် ရမ် ကျောက်တုံးပေါ်မှ ခုန်ဆင်းကာ လောရန့်ကို လျစ်လျူရှုပြီးတော့ ချိုင့်ဝှမ်းပတ်လည်အား လျှောက်သွားလိုက်ခဲ့တယ်။


ကမူဒါတောင်ကြားက ကျောက်တုံးကျောက်ဆောင်များဖြင့် ဝန်းရံထားတာဖြစ်ပြီး တောင်ပေါ်တက်တဲ့လမ်းက အလွန်နည်းပါးတာပင်။


ပတ်ပတ်လည်အား လမ်းလျှောက်ပြီး ထိုနေရာကို ပြန်လာလိုက်ပြီးနောက် လောရန့်ကတော့ ကျောက်တုံးကြီးအောက်တွင် ပိမိနေတုန်းပင်။


လောရန့်ရဲ့သွေးတွေက ခွေးအများစွာကို ဆွဲဆောင်လိုက်ခဲ့ပြီး မနီးမဝေးတွင် မျက်လုံးများစွာက သူ့ကို စောင့်ကြည့်နေခဲ့တယ်။


လောရန့်အား စိုက်ကြည့်နေသော ခွေးအများထဲမှ တစ်ကောင်က ရှေ့သို့ တိုးလာလိုက်တယ်။


လောရန့် အေးစက်စက် မျက်လုံးများဖြင့် ပစ်လွှင့်လိုက်ကာ "ထွက်သွား"


ကံမကောင်းစွာပဲ သူက ဒဏ်ရာပြင်းထန်စွာ ရနေပြီး ကျောက်တုံးတစ်တုံးအောက်တွင် ပိမိနေတာကြောင့် သူ့အနေဖြင့် ခုခံနိုင်တဲ့ အားရှိမနေခဲ့ပေ။


ခွေးအက လောရန့် ရှေ့တွင် ရပ်တန့်ကာ သူ့သွားတွေကို ထုတ်ဖော်၍ ကိုက်ရန် အသင့်ပြင်လိုက်ခဲ့တော့တယ်။ သူ 


မော့ကြည့်လိုက်ချိန်တွင်တော့ ကျားသစ်တစ်ကောင်ကို မြင်လိုက်ရပြီး သူ လှည့်ကာ ထွက်ပြေးသွားတော့၏။


ရမ်က တောင်ကြားတွင် နာမည်ကျော်တဲ့ သားရဲတစ်ကောင်ဖြစ်၏။ သူ့ကို မသိတဲ့ အသားစားမျိုးစိတ်မှာ အနည်းအကျဉ်းသာ ရှိလေတယ်။


ရမ်၏ မျက်လုံးများက ဖျတ်ခနဲလင်းလက်သွားခဲ့ကာ သူ ချက်ချင်းပင် ရှေ့သို့ ပြေးတက်သွားကာ ခွေးအရဲ့ လည်မြိုအား သူ့သွားတွေကြားတွင် ဆတ်ခနဲ ကိုက်ဖြတ်လိုက်ကာ သူ့သွားစွယ်က အရေပြားအား ကိုက်ဖြတ်လိုက်၍ သူ စတင် စားသောက်လိုက်တော့တယ်။


အနီးနားတွင် အခြားမျိုးနွယ်စုတွေ မရှိတာကြောင့် စားစရာ ရှာလို့မတွေ့ခဲ့ပေ။ သည်ခွေးအက သူ့အိမ်တံခါးပေါက်ရှေ့ကို 


သူတို့ဘာသာသူတို့ လာနေတော့လည်း သူ သေချာပေါက် ယဉ်ကျေးနေမည် မဟုတ်ပေ။


ကျန်တဲ့ခွေးအတွေကတော့ သူတို့ရဲ့အပေါင်းအဖော်တွေ အစားခံလိုက်ရတာကို မြင်ပြီး ရှေ့ကို ထွက်မလာရဲတော့ပေ။ သူတို့တွေ ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေးသွားကြတော့တယ်။


ရမ် စားသောက်ပြီးစီးသွားခဲ့ပြီး အရိုးနဲ့ အရေခွံသာ ချန်ထားရစ်ခဲ့ကာ တောင်တက်လမ်းရှာဖို့ ထွက်သွားလိုက်ခဲ့တယ်။


ညနေအရောက်တွင်တော့ သူ အဲဒီနေရာကို မပြန်တော့ဘဲ နီးစပ်ရာက လှိုဏ်ဂူထဲမှာ နေနေ လိုက်ခဲ့တယ်။


နောက်နေ့မနက်စောစောတွင်တော့ ရမ် တောင်ပေါ်တက်တဲ့ လမ်းအား ရှာတွေ့လိုက်ခဲ့ပြီး လမ်းတွင် ဝင်းတားနဲ့ တခြားသူတွေကို ဆုံလိုက်ခဲ့တယ်။


ဝင်းတား က စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်၏။ "ခေါင်းဆောင် အရမ်းကောင်းတာပဲ! မင်း ဘာမှမဖြစ်ဘူးပဲ!"


ရမ်က သူ့နားကို ပွတ်လိုက်ရင်း "မင်း အရမ်းဆူတာပဲ ဝင်းတား"


ဝင်းတားက သူ့နောက်ကို လှမ်းကြည့်လိုက်ကာ "လောရန့်က မင်းနဲ့အတူ ရှိမနေဘူးလား"


"မင်း သွားကြည့် ကြည့်လိုက်ပေါ့ တကယ်လို့ သူ့ကို ဂရုမစိုက်ရင် သူ မကြာခင် သေတော့မှာ"


ဝင်းတား : "... "


ဝင်းတားက လောရန့်ကို ကယ်တင်ဖို့ လူတော်တော်များများအား လျင်မြန်စွာ စီစဉ်ပေးလိုက်ပေမဲ့ သူနဲ့လောရန့်တို့ ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် ဖြစ်ပွားခဲ့သော ဝံပုလွေတွေ လာတိုက်ခိုက်မှုအကြောင်းအား ရမ့်အား ပြောဆိုလိုက်ခဲ့တယ်။


"ဒိုးနဲ့ ခေါရီ တို့ဟာ မင်းလုပ်နေကျ နည်းအတိုင်း ဝင်ပေါက်တွေကို ပိတ်ဆို့ပြီးတော့ ဝံပုလွေတွေကို အောင်အောင်မြင်မြင် ချေမှုန်းပစ်ခဲ့တယ်..." ဝင်းတားက ရုတ်တရက် တစ်ခုခုကို သတိရသွားတယ်။ "ခေါင်းဆောင် မင်းရဲ့မိန်းမပျိုက ဒီလောက်သန်မာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ရွှံ့နွံတောကနေ ဝံပုလွေတွေ လာတိုက်တဲ့အချိန်တုန်းက သူမက 'ယမ်းမှုန့်' လို့ ခေါ်တဲ့ ဟာတစ်ခုကို သုံးပြီး သူတို့ကို အနိုင်တိုက်နိုင်တယ်လို့ ငါ ကြား............"


ရမ်က သူ့ခြေလှမ်းတွေ ရပ်တန့်သွားလိုက်ပြီး "ဘာပြောတယ်"


ဝင်းတားက သူ မကြားလိုက်ဘူးလို့ ထင်လိုက်ကာ ထပ်ပြောလိုက်ခဲ့တယ်။ "ယမ်းမှုန့်၊ အဲဒါက အဲလိုခေါ်တယ်လို့ ငါ ထင်တာပဲ။ ထူးဆန်းတယ်နော် ခေါင်းဆောင် မင်း မင်းရဲ့ မိန်းမပျိုနဲ့ နေ့တိုင်းနေနေတာ မင်းမသိဘူးလား......"


ရမ်ရဲ့ မျက်နှာ ပျက်ယွင်းနေတာကို ဝင်းတား မြင်လိုက်‌တော့ တစ်ခုခုမှားနေပြီလို့ တွေးလိုက်မိကာ သူ အလျင်စလို ပါးစပ်ပိတ်လိုက်တော့တယ်။


*


ကျားသစ်တွေနဲ့အတူ ပြန်လာလိုက်ခဲ့ပြီး ရမ် အိမ်သို့ လျှောက်လာလိုက်တော့ အကြီးအကဲ ဘာဆန်းက သူ့အိမ်ရှေ့တွင် ရပ်နေကာ သူ့မိန်းမပျိုနှင့် စကားပြောနေသည်ကို တွေ့လိုက်ရ၏။


ဘာဆန်းက ယမ်းမှုန့်၏ အစွမ်းကို မြင်ပြီးကတည်းက ကျီရှောင်အုံး အား ကျားသစ်တွေကို လုပ်ပုံလုပ်နည်းကို သင်ပေးဖို့တောင်းဆိုမလို့ တွေးတောလိုက်ခဲ့တာဖြစ်တယ်။


ကံမကောင်းစွာပဲ မိန်းမပျိုက ခေါင်းမာသူတစ်ယောက်ဖြစ်ပြီး သူ ဘယ်လိုပင် ဆွဲဆောင်နေပါစေ သူမ မလိုက်လျောခဲ့ပေ။


"မင်းက ကျားသစ်မျိုးနွယ်က ခေါင်းဆောင်ရဲ့ မိန်းမပျိုပဲ။ ကျားသစ်မျိုးနွယ်ကို ကာကွယ်ပြီး ပိုတည်ငြိမ်တဲ့ ဘဝဖြစ်အောင်လုပ်ဖို့ဆို အဲဒါက အထောက်အကူ ဖြစ်စေမှာပဲမလား။" အကြီးအကဲ ဘာဆန်းက ကျီရှောင်အုံးရဲ့ တွေးခေါ်ပုံကို နားမလည်ဘဲ ခေါင်းတောင် နည်းနည်းကိုက်သွားလိုက်တယ်။ "အဲဒါက အဲ့လောက်ကြီး မခက်ပါဘူး။ မင်း ငါတို့ကို နည်းလမ်း သင်ပေးရင် မျိုးနွယ်တစ်ခုလုံးကလည်း မင်းကို ကျေးဇူးတင်နေမှာပါ..."


ကျီရှောင်အုံးက တံခါးကို ဖွင့်ရုံသာ ဖွင့်ထားပြီး သူမ၏ခန္ဓာကိုယ်က တံခါးနောက်တွင် ပုန်းကွယ်နေကာ သူမရဲ့ ဖြူဖတ်ဖြူရော့မျက်နှာလေးကိုသာ ထုတ်ဖော်ထားခဲ့တယ်။ သူမ ပြောသာ ပြောလိုက်၏ "ကျွန်မ ရှင့်ကို အခုချက်ချင်းတော့ ကတိမပေးနိုင်ဘူး"


သူမ ယမ်းမှုန့်၏ဇာစ်မြစ်ကို ရှင်းမပြပေးနိုင်ပေမဲ့ သူမ သူတို့ကို တကယ် သင်ပေးလိုက်မယ်ဆိုရင် သူတို့က အဲဒါကို အလွဲသုံးစားမလုပ်နိုင်ဘူးလား။


ဤကမ္ဘာက တောအုပ်ကမ္ဘာထဲတွင် ရှိနေဆဲပင်။ ယမ်းမှုန့်ကို အစပျိုးပြီးသည်နှင့် အဲဒါက အခြားမျိုးနွယ်များအတွက် ဆိုးကျိုးကြီးတစ်ခုကို ဖန်တီးစေကာ ဂေဟစနစ်ရဲ့ ဟန်ချက်ညီမှုကို ချိုးဖျက်လိုက်မှာပဲမလား။


ကျီရှောင်အုံးက နဂိုကတော့ အဲဒါကို ကိုယ့်ဘာသာကို ကာကွယ်ဖို့အတွက် သုံးချင်တာပင်။ သူမ ဒီနေရာရဲ့ရှင်သန်နေထိုင်တဲ့ စည်းမျဉ်းတွေကို မလွှမ်းမိုးချင်ပေ။


"အဲဒါက..."


ဘာဆန်း လည်း တစ်ခုခု ပြောချင်ပေမယ့် ကျီရှောင်အုံးက သူ့နောက်က လာနေတဲ့ ရမ့်ကို တွေ့လိုက်ရတော့ သူမမျက်လုံးတွေ တောက်ပသွားလိုက်ကာ "ရမ်!"


ဘာဆန်း နောက်လှည့်ကြည့်လိုက်တော့ ရမ်က ရှေ့ကိုရောက်လာတာကို မြင်လိုက်ရပြီး သူ ပျော်သွားပြီး ပြောလိုက်တယ်။ "ကောင်းလိုက်တာ ခေါင်းဆောင် မင်း ဒဏ်ရာမရဘူးပဲ!"


ရမ် အကြီးအကဲ ဘာဆန်းကို ဖြတ်ကျော်၍ ခြံဝင်းထဲသို့ တွန်းဝင်သွားလိုက်၏။ သူ တံခါးနောက်ကွယ်က ကောင်မလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နောက်ကို ပြန်ကြည့်လိုက်ပြီး " ဝံပုလွေတွေအကြောင်း ဝင်းတား ပြောပြတာ ငါ ကြားပြီးပြီ။ မနက်ဖြန်မှ မင်းကို လာရှာပြီး ဆွေးနွေးတော့မယ်။ တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ငါ့တံခါးဝမှာ လာပိတ်မနေနဲ့တော့"


ဘာဆန်းက ရမ် တံခါးကို ပိတ်နေတာကိုတွေ့တော့ သူ့ခြေထောက်နဲ့ အမြန် ပိတ်တားလိုက်တယ်။ သူ စိုးရိမ်တကြီးနဲ့ ပြောလိုက်တော့တယ်။ "ခေါင်းဆောင် ငါ့ပြောတာကို နားထောင်ပါဦး။ မင်းရဲ့မိန်းမပျိုမှာ အရမ်းအစွမ်းထက်တဲ့ စွမ်းရည်ရှိတယ်........ တကယ်လို့ ငါတို့ အဲဒါကို မျိုးနွယ်စုမှာ အသုံးချနိုင်ရင် ငါတို့လူမျိုးစုက ..."


ရမ် သူ့မျက်နှာအမူအရာကို မပြောင်းလဲသွားခဲ့ဘဲ သူပြောတာကို ဖြတ်ပြီးပြောလိုက်တယ်။ "ငါ ငါ့မိန်းမပျိုရဲ့ရွေးချယ်မှုကိုပဲ လေးစားလိုက်နာမယ်။"


ဘာဆန်း အနည်းငယ်လေး ဆို့နင့်သွားလိုက်ပြီး တံခါးက သူ့မျက်နှာအား လာပိတ်ကျသွားတော့တယ်။


ကျီရှောင်အုံး ရမ့်ရဲ့ ရင်ဘတ်ကို တွန်းထုတ်လိုက်ပြီး ပြောလိုက်တယ် "အရင်ဆုံး ငါ့ကို အောက်ချပေးပါဦး.... နင် ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ။ နင် အဆင်ပြေရဲ့လား"


သူမ ရမ့်ပေါ် မှ ဆင်းလာလိုက်ပြီး သူ့အား ခြံဝင်းအလယ်ရှိ ခွေးခြေတန်းလျားခုံပေါ်သို့ တွန်းတင်လိုက်ခဲ့တယ်။ သူမ သူ့ကို ငုံ့ကြည့်ကာ အပေါ်တစ်ပြန် အောက်တစ်ပြန် ကြည့်ရှုလိုက်ခဲ့တယ်။ သူ့ပခုံးနဲ့ နောက်ကျောမှာ ခြစ်ရာတွေကိုသာ မြင်ခဲ့ရပြီး 


ကျန်တဲ့ကိုယ်အစိတ်ပိုင်းအားလုံးက နဂိုမူလအတိုင်းပင်။ ထိုမှသာ သူမ သူ့ကို လွှတ်ပေးလိုက်တော့တယ်။


ဒုတိယ အတွေးတွင်တော့ သူမ တွေးတောလိုက်ခဲ့တယ်၊ သူ အဆင်ပြေနေတယ်ဆို ဘာလို့ အခုမှ ပြန်လာတာလဲ။


ရမ်က ကောင်မလေး၏ အတွေးတွေကို ထွင်းဖောက်မြင်လိုက်ပြီးတော့ ချိုင့်ဝှမ်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြလိုက်ခဲ့ပါတယ်။


ကျီရှောင်အုံးက နားထောင်ပြီး သူမ နှုတ်ခမ်းကို ကိုက်လိုက်ကာ "... ဒါဆို လောရန့် ဘာဖြစ်သွားသေးလဲ" သူမရဲ့ လောရန့်အား ကြောက်ရွံ့မှုက အလွန်နက်ရှိုင်းခဲ့ပြီး သူမ သူ့နာမည်ကို ကြားတာနဲ့တင် သူမ မသိစိတ်က နောက်ကို တွန့်နေခဲ့တာဖြစ်၏။


ရမ်က သူမအား သူ့ ပေါင်ပေါ်တင်လိုက်ပြီး သူ့လက်ဖဝါးကို သူမ ကျောပေါ်တင်ကာ သူမအား ညင်သာစွာ ပွတ်သပ်လိုက်ခဲ့တယ်။ "အဲဒီကောင်က ကျောက်တုံးတစ်တုံးနဲ့ ရိုက်မိပြီး ဒဏ်ရာအပြင်းအထန်ရသွားတယ်"


ကျီရှောင်အုံး မေးလိုက်တယ်။ "ဒါဆို သူ... သူ ကောင်းလာတာနဲ့ သူ နင့်ကို ပြန်စိန်ခေါ်ဦးမှာလား"


ရမ်က သာမာန်လိုပင် ပြောလိုက်တယ် " ဖြစ်နိုင်တယ်"


"ဒါပေမယ့်..."


ရမ်က ထိုအကြောင်းအရာကို ဆက်မပြောချင်တော့ဘဲ မေးခွန်းတွေချည်း မေးချင်နေသေးတဲ့ သူမရဲ့ပါးစပ်လေးကို ပိတ်ဖို့ သူ့ခေါင်းကို ငုံ့လိုက်တယ်။ "လောရန့်နဲ့ ယှဉ်ရင် မနေ့က 


ကိုယ့်အမျိုးသမီး လုပ်ခဲ့တဲ့ မြေကြီးကို ဖြိုခွဲတဲ့အကြောင်းကိုပဲ ကိုယ် ပိုစိတ်ဝင်စားတယ်။"


"... "


. . .


. . .


ရမ်၏အိမ်ဘေးတွင်တော့ ရမ် ပြောသည့်အတိုင်းပင် လောရန့်အား မျိုးနွယ်စုမှ အသက်လေးတစ်မျှင်ကျန်ရှိရုံနဲ့ ရှာတွေ့လိုက်ခဲ့ပါတယ်။


မျိုးနွယ်ဝင်တွေက သူ့ကို မျိုးနွယ်ထဲကို လျင်မြန်စွာ ပြန်ခေါ်လာပြီး သူ့ကိုကုသပေးဖို့ မျိုးနွယ်စုထဲက သမားတော်တွေကို တောင်းဆိုခဲ့ရတယ်။


သူတို့တွေ သူ့ဒဏ်ရာတွေကို ကုသပေးခဲ့ပြီး သူ့ကို ကယ်တင်နိုင်ခဲ့တာကပဲ လောရန့်တစ်ယောက် ကံကောင်းနေလေပြီ။


ဒဏ်ရာတွေက အလွန်ပြင်းထန်လွန်းပြီး သူ့ရဲ့ကျိုးနေတဲ့ ခြေထောက်က ပြောနေတာက သူ လနဲ့ချီပြီး အိပ်ရာထဲမှာ လှဲနေရမှာပဲဖြစ်တယ်။


သမားတော် ထွက်ခွာသွားပြီးနောက် အိမ်ထဲတွင် လော်ရန့်တစ်ယောက်ပဲ ကျန်နေခဲ့လိုက်တယ်။


လောရန့် သူ့ မျက်လုံးများကို မမှိတ်ရဘဲ တစ်ညလုံး မလှုပ်မလျက် ငြိမ်သက်နေခဲ့ရသည်။ အခုတော့ သူအရမ်းပင်ပန်းနေလို့ သူ အိပ်ချင်နေလေပြီ။


သို့ပေမဲ့လည်း ဘေးအိမ်ကနေ အသံဗလံတွေက အဆက်မပြတ် ဖြတ်ကျော်လာခဲ့ကာ.....'


"ရမ် ကုန်းလိုက်ဦး။ ငါ နင့် ကျောကုန်းကို ပိုးသတ်ပေးမယ်..."


"ဘာလို့ ခြစ်ရာတွေ ဒီလောက်များနေရတာလဲ၊ နင်ပြောတော့ အဆင်ပြေတယ်ဆို..."


"မနာဘူးမလား။ ငါ နည်းနည်းဖော့ဖော့လေးလုပ်ဖို့ လိုသေးလား"


ခဏကြားပြီးနောက် ထိုအမျိုးသမီးပြောနေတဲ့ နုညံ့တဲ့အသံလေးကို သူ ဆက်လက်ပြီး နားထောင်လိုက်ရပြန်လေတယ်--


"ဟေ့ ရမ် နင့် ဒဏ်ရာတွေကို မထိနဲ့လေ။ ပိုးဝင်ကုန်တော့မှာပဲ..."


"ရမ်... ဒီကိုလာပြီး ငါ့ကို ပြဦး..."


"ရမ်........."


ထိုအသံက ဆူဆူညံညံနဲ့ ငြင်းခုံမှုတစ်ခုသာဖြစ်တော့၏။


လောရန့် သူ့ရဲ့အေးစက်စက် မျက်လုံးတွေကို ဖွင့်လှစ်ကာ အိမ်ခေါင်မိုးပေါ်သို့ စိုက်ကြည့်လိုက်ခဲ့တော့တယ်။


သူ တွေးမိတွေးရာ လျှောက်တွေးမိသွားတယ်၊ အမျိုးသမီးဆိုတာက အရမ်းဆူပူတာပဲလား ဒါပေမဲ့ ပထမဆုံးအကြိမ်အနေနဲ့ သူ့အခန်းက အလွန့်အလွန်ကို တိတ်ဆိတ်နေသလို သူ ခံစားလိုက်ရတယ်။


The End....