Chapter 59
Viewers 9k

အပိုင်း(၅၉)




နောက်တစ်နေ့ မနက်ခင်းတွင်တော့ ကျီရှောင်အုံး မနိုးသေးခင်မှာပဲ အကြီးအကဲဘာဆန်းက ရမ်ရဲ့နေအိမ်ဆီ ပြန်ရောက်လာခဲ့လိုက်ပြီး တံခါးကို လာခေါက်လိုက်ခဲ့တယ်။


ရမ်က ကျီရှောင်အုံးကို ပွေ့ပိုက်ထားတဲ့သူ့လက်‌မောင်းတွေကို ဖြည်‌လျော့လိုက်ပြီး ခြုံစောင်ကို သူမနားရွက်တွေပေါ် မတင်ထားလိုက်ခဲ့တယ်။ အဲဒီနောက် သူ တံခါးဖွင့်ဖို့ ထွက်လာလိုက်ခဲ့တယ်။


အကြီးအကဲ ဘာဆန်းက ရမ့်ကိုမြင်လိုက်ပြီး တည့်တည့်ပဲပြောလိုက်တော့တယ်။ "ခေါင်းဆောင် မနေ့က ငါ ပြောခဲ့တာတွေကို မင်းနဲ့ မင်းရဲ့မိန်းမပျိုတို့ ပြန်စဉ်းစား‌ပေးမယ်လို့ မျှော်လင့်တယ်... "


ရမ် အပြင်ကို ထွက်လိုက်ပြီး တံခါးကို လက် နောက်ပြန်ပိတ်လိုက်ကာ "ငါတို့က ဘာတွေကို ပြန်ပြီး စဉ်းစားပေးရမှာလဲ"


မနေ့က ရမ် ပြန်ရောက်ပြီးနောက် ဘာဆန်းက ကျီရှောင်အုံးအား ကျားသစ်တွေအား ယမ်းမှုန့်ပြုလုပ်နည်း သင်ပေးဖို့ မျှော်လင့်နေတဲ့ အကြောင်းကိုပဲ သူ ကြားလိုက်ခဲ့ရတယ်။


ဘာဆန်းက သူ့အတွေးကို အမြန်ထုတ်‌ပြောလိုက်ပြီး "ဒါကတော့ ဒီလိုပါပဲ..."


ကျီရှောင်အုံး သင်ကြား‌ပေးဖို့ ဉာဏ်ရည်ဉာဏ်‌သွေး ထက်မြက်တဲ့ အမျိုးသားအချို့ကို ရွေးချယ်ထားဖို့တောင် သူ စီစဉ်လိုက်ခဲ့တယ်။


တကယ်လို့ စမ်းသပ်မှုသာ အောင်မြင်သွားလိုက်ရင် ယမ်းမှုန့်ကို မျိုးနွယ်စုစစ်ပွဲမှာ အသုံးပြုနိုင်မှာပဲဖြစ်တယ်။


ယမ်းမှုန့်ရဲ့စွမ်းအားနဲ့ဆို အနာဂတ်မှာ ဝံပုလွေတွေ တိုက်ခိုက်လာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ဘော်နီးယား ကုန်း‌မြေတိုက်ကြီးတစ်ခုလုံးမှာလည်း သူတို့ကို ယှဉ်ပြိုင်နိုင်မဲ့သူ မရှိနိုင်တော့ပေ။


"......မင်းရဲ့မိန်းမပျို အချိန်အများကြီးပေးဖို့ မလိုပါဘူး။ တစ်ယောက်တည်း လုပ်နိုင်တဲ့အထိ သူတို့ကို သင်ပေးဖို့ နေ့လယ်ခင်းတိုင်း နာရီဝက် တစ်နာရီလောက်သင်ပေးဖို့ လိုတာပါ။ တကယ်လို့ အောင်မြင်သွားလို့ရှိရင် ဒါက ကျားသစ်မျိုးနွယ်စု သမိုင်းကို ပြောင်းပေးနိုင်တော့မှာ......."


ရမ် က ဖြည်းဖြည်းချင်း ပြောလိုက်တယ် "နေ့တိုင်း ယမ်းမှုန့်သုံးနည်း သင်ပေးရမှာပေါ့"


ဘာဆန်းက ရမ်က အဲဒီအချိန်ကို အရမ်းကြာနေတယ်လို့ စဉ်းစားလိုက်မှာကို တွေးတောမိလိုက်ပြီး သူ့အသံကို မြန်မြန်ပြောင်းလဲလိုက်တယ်။ "တကယ်လို့ နေ့တိုင်းသင်ဖို့ မသင့်လျော်ဘူးလို့ ထင်ရင်လည်း နှစ်ရက် သုံးရက်လည်းရတယ်" 


ရမ် ငြိမ်သက်သွားလိုက်တယ်၊ သို့ပေမဲ့ အချိန်ကြောင့်တော့ မဟုတ်ပေ။


ဆန့်ကျင်ဘက်အနေနဲ့ သူ အကြီးအကဲရဲ့ အဆိုပြုချက်ကို အလေးအနက်ထား စဉ်းစားနေခဲ့တာဖြစ်၏။


သူ့လူတွေက ကျီရှောင်အုံးအပေါ် အလွန်များပြားဆိုးရွားတဲ့ ထင်မြင်မှုတွေ ချန်ရစ်ထားတာပဲဖြစ်တယ်။ အသေးလေးက "အိမ်ပြန်မယ်" ဆိုတဲ့ စိတ်ကူးကို စွန့်လွှတ်လိုက်ပေမဲ့ သူမကိုယ်သူမ အမြဲတမ်းအပြင်လူတစ်ယောက်လို သတ်မှတ်ထားတာပဲ၊ သူမ သူ့မျိုးနွယ်စုကို လက်သင့်ခံဖို့ သူမနှလုံးသားကို ဖွင့်လှစ်မပေးခဲ့ဘူး။


သူ ဒီအခွင့်အရေးကို သုံးပြီးတော့ သူ့မျိုးနွယ်ဝင်ကလူတွေကို သူမနဲ့ အပြောအဆိုလုပ်ခိုင်းလိုက်ရင်ကောင်းမလားပဲ။


"ကောင်းပြီ" လို့ ရမ်က ရုတ်ခြည်းပဲ ဆုံးဖြတ်ချက်ချပြီး ပြောလိုက်တယ်။ "နှစ်ရက်ကြာပြီးရင် သင်ယူမယ့် လူစာရင်းကို ယူလာလိုက်...... ရွေးချယ်ခံရတဲ့သူက ကျိန်းသေပေါက် အိမ်ထောင်ဖက်ရှိရမယ်"


ဘာဆန်း ဝမ်းသာအားရဖြစ်သွားခဲ့ပြီး ရမ်ပြောလိုက်တဲ့ အချက်အလက်တွေအား များများစားစား မစဉ်းလိုက်ခဲ့တော့ပေ။


"ကောင်းပြီ ငါ သွားပြင်ဆင်လိုက်မယ်!"


အကြီးအကဲ ဘာဆန်း ထွက်ခွာသွားပြီးနောက် ရမ် အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်တယ်။


ကျီရှောင်အုံးက အိပ်ရာကနေ နိုးလာလိုက်ပြီဖြစ်ပြီး အဝါရောင် အသားရောင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့တယ်။ သူမရဲ့နက်မှောင်တဲ့ ဆံနွယ်တွေက သူမနောက်မှာ လျှောကျနေပြီး သူမ သူမမျက်လုံးတွေကို ပွတ်သပ်လိုက်ကာ အိပ်မှုန်စုန်မွှားနဲ့ အခန်းပတ်ပတ်လည်ကို ကြည့်ရှုလိုက်ခဲ့တယ်။ "ရမ် နင် ဘယ်သူနဲ့စကားပြောနေတာလဲ" သူမ ခြံတံခါးမှ ထွက်သွားတဲ့ အသံများကို ကြားလိုက်ရလို့ပင်။


ရမ်က သူမကို သူ့ပေါင်တွင် သူမကို တင်လိုက်ပြီး သူမ ဆံနွယ်လေးတွေကို သပ်တင်လိုက်ကာ သူမကိုနမ်းရှိုက်ဖို့ သူမရဲ့ မေးစေ့ကို ကိုင်ထားလိုက်ပြီး "ဘာဆန်းပါ"


ကျီရှောင်အုံးရဲ့ဦးနှောက်က အနည်းငယ် မှိုင်းတွေသွားခဲ့ကာ "သူ ဘာလိုချင်လို့လဲ"


ရမ်က ဘာဆန်း ရဲ့ အဆိုပြုချက်ကို ထုတ်ပြောလိုက်ပြီး သူမကို မေးလိုက်တယ် "မင်း သဘောတူမှာလား" 


နွေဦးမနက်ခင်းက အနည်းငယ်လေး အေးပြီး ခြုံစောင်ထဲကနေ ထွက်လာတဲ့ ကျီရှောင်အုံး သူ့အလိုလို ရမ်ရဲ့ လက်မောင်းထဲတွင် ကျုံ့ဝင်သွားခဲ့ကာ ထူးထူးဆန်းဆန်းမေးလိုက်တယ်။ "သူတို့ရှေ့မှာ ယမ်းမှုန့် သုံးခွင့်မပြုဘူးလို့ နင်ပဲပြောခဲ့တယ် မဟုတ်ဘူးလား"


မနေ့က သူမ ဘာဆန်းကို ထိုအကြောင်းပြချက်ကြောင့်နဲ့ ငြင်းဆိုခဲ့တာဖြစ်၏။


ရမ်က သူမရဲ့တိုးဝင်လာတဲ့ ကိုယ်အလေးချိန်ကြောင့် ကြည်နူးသွားလိုက်ပြီး သူမ ဖင်လေးကိုပင့်ထားကာ သူမကို ပိုနီးကပ်သွားအောင် ဆွဲယူလိုက်ပြီး "မင်း လုပ်ခဲ့တယ်မလား"


"... " ကျီရှောင်အုံး အပြစ်ရှိစွာနဲ့ သူမမျက်နှာလေးကို မြှုပ်နှံလိုက်ပြီး သူမကိုယ်သူမ ခုခံကာကွယ်ပြောဆိုလိုက်တယ်။ "အခြေအနေက အရေးပေါ်ဖြစ်နေတာလေ၊ ငါ အဲဒါကို အများကြီး မစဉ်းစားလိုက်တော့ဘူး"


ရမ် က မျက်ခုံးပင့်လိုက်ပြီး "မင်း ဘာတွေကို တွေးလိုက်လို့လဲ"


"... နင့်ကို မပြောနိုင်ဘူး" ကျီရှောင်အုံး သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ မျက်လုံးကို အဝေးသို့လွှဲဖယ် ကြည့်လိုက်တယ်။ သူ့အ​ကြောင်း​ သူမတွေး​နေတာကို သူမ သူ့ကို မသိ​စေချင်ပါ​ဘူး။ "ငါ သဘောတူပါတယ် အခြေအနေနည်းနည်းတော့ပေါ်တော့ မူတည်တယ်"


ရမ် မေးလိုက်တယ်။ "ဘယ်လို အခြေအနေတွေလဲ" 


"အဲဒါကိုသာ တိုးတက်ပြောင်းလဲပြီးသွားရင် အခြားသူတွေကို ပြန်တိုက်ခိုက်ဖို့အတွက်ပဲ သုံးရမယ် ပြစ်မှုကျူးလွန်ဖို့အတွက် မသုံးရဘူး။ တခြားမျိုးနွယ်စုကို သင်ပေးလို့လည်းမရဘူး လက်လွတ်စပယ် လူသတ်တဲ့နေရာမှာ သုံးလို့မရဘူး။" ဒါတွေက ကျီရှောင်အုံး ဟိုးအကြာကြီးတည်းက တွေးတောထားခဲ့တာ ဖြစ်တယ်။ သူ့မေးခွန်းအတွက် သူမ အဖြေက အရမ်းမြန်သွားလိုက်တယ်။


ရမ်က စဉ်းစားတွေးတောလိုက်ပြီးတော့ "ရတယ်"


ယမ်းမှုန့်မရှိရင်တောင် ကျားသစ်တွေက သူတို့ပိုင်နက်နယ်မြေကို ထိန်းသိမ်ထားနိုင်တာပဲလေ။ ရမ်က သူမလေးနဲ့ ချည်နှောင်ထားချင်ရုံသက်သက်သာပဲ။


ပြီးတော့လည်း တကယ်လို့သာ သူတို့ ယမ်းမှုန့်ကို ပေါ့ပေါ့တန်တန် အသုံးပြုလိုက်ရင် ကျီရှောင်အုံး အကြောင်းကို မျိုးနွယ်စုတွေအများကြီး ပိုပြီး သိသွားလိမ့်မှာပဲ။ သူမ အကြောင်းကို သိတဲ့သူ နည်းလေလေ ပိုးကောင်းလေပဲမလား။


*


နောက်တစ်နေ့တွင်တော့ ကျီရှောင်အုံး မနေ့က ပြောဆိုထားတာတွေအားလုံးပါဝင်တဲ့ အချက်အလက်တွေနဲ့အတူ 


အကြီးအကဲဖြစ်သူ ဘာဆန်းနဲ့ စာချုပ်တစ်ခု လက်မှတ်ရေးထိုးလိုက်ခဲ့ပါတယ်။


အကြီးအကဲ ဘာဆန်းတစ်ယောက် ခါးခါးသီးသီး ဖြစ်သွားခဲ့လေတယ်။ နဂိုမူလကတော့ သူ ယမ်းမှုန့်အား တိုက်ကြီးတစ်ခုလုံးကို ကြီးစိုးဖို့ သုံးချင်ခဲ့တာပဲ။ အခုတော့ သူ့မျှော်လင့်ချက်တွေ အစိတ်စိတ် ကွဲကြေသွားလိုက်တာက အနည်းငယ်လေး ခံရခက်သွားလိုက်တယ်...... သို့ပေမဲ့လည်း ခေါင်းဆောင်တွေက ကတိပေးခဲ့ပြီးတော့ အကြီးအကဲတစ်ဦးအနေနဲ့ သူ ဘာလုပ်လို့ရနိုင်မှာလဲ။


ဒါပေမယ့် ဒုတိယအတွေးတွင်တော့ ဒါကလည်း ကောင်းနေတုန်းပါပဲ။ အနည်းဆုံးတော့ ကျားသစ်တွေ အနာဂတ်မှာ တခြားမျိုးနွယ်တွေရဲ့ တိုက်ခိုက်လာမှာကို ကြောက်စရာမလိုတော့ဘူးပေါ့။


ဒီလိုနဲ့ပဲ ဘာဆန်း အဲဒီနေ့တစ်နေ့တည်းမှာပဲ သားရဲလူအထီးလေးကောင်ကို ရွေးချယ်လိုက်ပြီး ကျီရှောင်အုံးထံမှ "သင်ယူ" ဖို့ ရမ်၏အိမ်သို့ သွားခဲ့လိုက်တော့တယ်။


သားရဲလူအထီးလေးယောက်ကတော့ ရမ့်ရဲ့ လိုအပ်ချက်တွေနဲ့အညီ အိမ်ထောင်ဖက်တွေရှိကြပြီး ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိကြသူတွေဖြစ်တယ်။


သူတို့ကတော့ ဝင်းတား နဲ့အတူ အခြားသုံးဦးဖြစ်ကြတဲ့ ဝေါကာ၊ ဂျိုး နဲ့ ဆာ့ဝမ်း တို့ပဲဖြစ်ကြ၏။ 


ကျီရှောင်အုံးက သင်ကြားပေးတဲ့ အတွေ့အကြုံမရှိခဲ့ပါဘူး။ သူမ တစ်ယောက်ယောက်ကို သင်ပေးခဲ့ဖူးတဲ့ တစ်ကြိမ်တည်းသောက ဆွေမျိုးတချို့နဲ့ အတူတူနေထိုင်တုန်းက ကလေးတွေကို သင်္ချာနည်းနည်းပါးပါး သင်ပေးတဲ့အချိန်ပါပဲ။


အခုတော့ သူမ သင်ပေးရမှာက သန်မာထွားကြိုင်းတဲ့ သားရဲလူ လေးယောက်ဖြစ်ပြီးတော့ ဓာတုဗေဒပုံသေနည်းတွေကိုလေ..... အဲဒါက နည်းနည်းလေးတော့ ခဲရာခဲဆစ်မနိုင်ဘူးလား။


ကံကောင်းထောက်မစွာပဲ သားရဲလူလေးယောက်က အလွန်ဉာဏ်ကောင်းကြလို့ပင်။ အစပိုင်းတော့ စိတ်ရှုပ်ထွေးနေပေမယ့် သင်ခန်းစာနည်းနည်းသင်ပြီးသွားတော့ သူတို့တွေ မြန်မြန်ဆန်ဆန်ပဲ သင်ယူနိုင်ခဲ့ပါတယ်။


အထူးသဖြင့်ကတော့ ဂျိုး လို့ခေါ်တဲ့တစ်ယောက်ပါပဲ။ သူမက သူတို့ရှေ့ကနေပြီး သရုပ်ပြလိုက်ပြီးတော့ နောက်တစ်ကြိမ် သူ လုပ်လိုက်တော့ ဂျိုးတစ်ယောက် အဲဒါကို ပြီးစီးလုနီးပါးဖြစ်သွားခဲ့တယ်။


သို့ပေမဲ့ အသေးစိတ်အချက်တွေမှာတော့ ချို့ယွင်းချက်တွေ အများကြီး ရှိနေဆဲပဲ။


ကျီရှောင်အုံးက စိတ်ရှည်ရှည်နဲ့ သူတို့ကို ပြန်မှန်ကန်အောင် သင်ပေးလိုက်ခဲ့တယ်။


တခါတလေ ရမ့် ကိုတောင် နောက်မှာ ချန်ထားခဲ့လိုက်တယ်။


ဝင်းတားနဲ့ သားရဲလူတော်တော်များများက သူတို့ ခေါင်းဆောင်ရဲ့မျက်နှာထားက တစ်နေ့ထက်တစ်နေ့ မည်းမှောင်လာတာကို ကြည့်ရှုလိုက်ရပြီး သူတို့တွေ ပိုဂရုစိုက်ကာ ပိုသတိထားလာကြ၏။


"ဒီ အီသာ(ether)ကို ဒီလိုမျိုး ထားလို့မရဘူး အန္တရာယ်အရမ်းများတယ်..." ကျီရှောင်အုံး ဝေါကာ၏ လှုပ်ရှားမှုကို လျင်မြန်စွာ ဟန့်တားလိုက်တယ်။


ဝေါကာ က နာခံစွာဖြင့် ထိုအရာကို ဘေးကင်းသော နေရာတစ်ခုတွင် ပြန်ချထားလိုက်ပြီး မော့ကြည့်လိုက်တော့ သူတို့ခေါင်းဆောင် ခြံတံခါးဝတွင် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရ၏။ ရမ်၏ ပခုံးတွေက တံခါးဘောင်ကို ကျောပေး၍ သူ့လက်နှစ်ဖက်က သူ့ရင်ဘတ်တွင် ကန့်လန့်ဖြတ် လက်ပိုက်ထားခဲ့ကာ သူ့ကို စိုက်ကြည့်နေ၏။ တုန်တုန်ယင်ယင်ဖြင့် ဝေါကာ သူ့လက်ထဲမှာရှိတဲ့ အရာအားလုံး ဖိတ်စင်ကျသွားတော့တယ်။


ကျီရှောင်အုံးက စိုးရိမ်တကြီးနဲ့ " ဘာလို့ ဒီထဲကို ယမ်းတွေအကုန်လုံး လောင်းထည့်လိုက်တာလဲ။ တစ်ဝက်ပဲထည့်ရမယ်လို့ ကျွန်မ ပြောထားတယ်လေ..."


ကျီရှောင်အုံး စကားကို နားထောင်ရင်း ဝေါကာက နောက်ပြန်ဆုတ်ကာ သူမနဲ့ လုံခြုံတဲ့ အကွာအဝေးတစ်ခု ထားရင်း ခေါင်းညိတ်ပြလိုက်ကာ "တောင်းပန်ပါတယ် ငါ နောက်တစ်ခါ အာရုံစိုက်ပါ့မယ်... "


ကျီရှောင်အုံး သူ့ရဲ့ ရိုးသားမှုကို မြင်လိုက်တော့ သူ့ကို ဆက်မဆူလိုက်တော့ပေ။


အဲဒီနောက်က စပြီးတော့ ကျီရှောင်အုံး သူတို့ကို သင်ပေးတိုင်း သူတို့တတွေ သူတို့ကြားက အကွာအဝေးကို သတိထားစွာနဲ့ ခြားထားလိုက်ကြတော့၏။


သူတို့ အရမ်း နီးကပ်သွားတာနဲ့ သူတို့ခေါင်းဆောင်ရဲ့မျက်လုံးတွေက အေးစက်စက်ကျရောက်လာခဲ့တာက ဟာသလုပ်စရာမဟုတ်ပေ။


လဝက်လောက်ကြာပြီးနောက် နောက်ဆုံးတွင်တော့ အောင်မြင်မှုသေးသေးလေးတစ်ခု ရရှိလာခဲ့တယ်။


ကျီရှောင်အုံးက ယမ်းမှုန့်ကို စမ်းသပ်ဖို့အတွက် မျိုးနွယ်စုအနောက်ဘက်အား သားရဲလူတော်တော်များများအား ဦးဆောင်ခေါ်သွားလိုက်ခဲ့တယ်။ 


ဂျိုး၏ ရလဒ်များက အံဩစရာအကောင်းဆုံးဖြစ်ပြီး ထွက်လာတဲ့ ယမ်းမှုန့်က လူ့ အရပ်တစ်ပြန်ရှိတဲ့ ကျောက်တုံးတစ်တုံးအား တစ်ဝက်ကွဲကြေသွားတဲ့အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။


သူ့နောက်ကနေ လိုက်ပါလာတာကတော့ ဝေါကာဖြစ်ပြီး အဲဒီနောက် ဆားဝမ်းတို့ပဲဖြစ်ကြတယ်။


ဝင်းတားရဲ့အိမ်မှာ တစ်ခုခုဖြစ်နေပုံရပြီး သူကတော့ ခုထိ ရောက်မလာသေးပေ။


ကျီရှောင်အုံးက သူတို့ရဲ့ အောင်မြင်မှုတွေအား မှတ်တမ်းတစ်ခုယူလိုက်ပြီးတော့ အားသာချက်များနဲ့ အားနည်းချက်များကို ထောက်ပြပြီးနောက် လက်တွေ့လေ့ကျင့်မှုဆီ ပြန်သွားခိုင်းလိုက်တယ်။


ခဏလောက်စောင့်ဆိုင်းနေလိုက်တာတောင် သူမ ဝင်းတား၏ အရိပ်အရောင်ကို မတွေ့ရသေးချေ။


ကျီရှောင်အုံးက သူတို့အား ယမ်းမှုန့် တပ်ဆင်နေရာချနည်းကို သင်ပေးဖို့ ပြင်ဆင်ထားလိုက်ပြီး "အစီအစဥ်တိုင်းတပ်ဆင်နေရာချဖို့က ထုတ်လုပ်ရေးလိုပဲ အရေးကြီးတယ်။ ကောင်းကောင်း မစီမံထားဘူးဆိုရင် ယမ်းမှုန့်ကို အလွယ်တကူ ရှာတွေ့ခံရပြီးတော့ သိမ်းယူဖို့ အရမ်းလွယ်သွားလိုက်မယ်......."


ကျီရှောင်အုံး တစ်နာရီကြာ သင်ကြားပေးခဲ့ပြီး အကြောင်းအရာက အလွန်ကျယ်ပြန့်တာမို့ ရှင်းပြဖို့ မလွယ်ကူခဲ့ပေ။ သားရဲလူသုံးယောက်က နည်းနည်းသာ သင်ယူနိုင်လိုက်တယ်။


ကျီရှောင်အုံး သူမပါးပြင်ကို ထိတွေ့လိုက်ပြီး အနည်းငယ်လေး ရှက်ရွံ့သွားလိုက်တယ်။ ရုတ်တရက် သူမ အရင်တုန်းက "မြေမျက်နှာသွင်ပြင်မြေပုံ" တစ်ခု ဆွဲခဲ့ဖူးတာကို သတိရသွားလိုက်တယ်။ သူမ ပျင်းနေတဲ့အချိန်ဆို သူမ ကမူဒါ တောင်ကြားတစ်ဝိုက်ရှိ မြေပြင်အနေအထားအတိုင်း မြေပုံထုတ်လိုက်ထားတာပဲ။ သူမ အဲဒီမြေပုံကို သူတို့ကို ပေးလိုက်ရင် သူတို့ နားလည်ဖို့ ပိုလွယ်လိမ့်မှာပဲ။


"ကျွန်မကို ခဏစောင့်ပေးကြပါဦး ကျွန်မ ပစ္စည်းတစ်ခုသွားယူလိုက်ဦးမယ်" ကျီရှောင်အုံး မြေပုံကို သူမ ဗီရိုထဲမှာ ထည့်ထားခဲ့တာ မှတ်မိလိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားလိုက်တယ်။


ရမ်ရဲ့အိမ်နဲ့ ဒီနေရာက သိပ်မဝေးဘူးပဲ။ ခန့်မှန်းခြေ မိနစ်သုံးဆယ်လောက်ပဲ အသွားအပြန်ကြာတာမို့ ကျီရှောင်အုံး အရှိန်မြှင့်သွားလိုက်မယ်ဆို အဲဒီကိုရောက်ဖို့ ဆယ်မိနစ်လောက် အချိန်ယူရမှာဖြစ်တယ်။


သူမ အခန်းထဲသို့ တန်းတန်းမတ်မတ်သွားကာ ဗီရိုရှေ့တွင် ခြေဖျားထောက်ကာ ရပ်လိုက်သည်။ ငါးမိနစ်ကြာသွားပြီးနောက်တောင် သူမ မြေပုံကို ရှာမတွေ့ခဲ့ပေ။


ထူးဆန်းလိုက်တာ မြေပုံက ဒီမှာရှိတာ မဟုတ်ဘူးလား။ 


ကျီရှောင်အုံး တွေးတောလိုက်ပြီး မျက်ခုံးပင့်သွားလိုက်တယ်။ သူမ အိပ်ခန်းထဲမှာ ထည့်ထားမိတာများလား။


မဖြစ်နိုင်ဘူး။ သူမ အိပ်ရာဝင်တာ အရမ်းနောက်ကျသွားတိုင်း ရမ် က သူမဓာတ်မီးကို ဖယ်ပြီးတော့ သူမကို အိပ်ရာထဲသယ်သွားပြီး အတင်းအိပ်ခိုင်းတာပဲ။ သူမ ရွေးချယ်စရာမရှိဘဲ သူမလက်ထဲကဟာတွေကို သူမဘေးက ဗီရိုထဲကို အကုန်ပစ်သွင်းရခဲ့တာချည်းပဲမလား။ 


ကျီရှောင်အုံး အိပ်ခန်းရှိရာဘက်သို့ လျှောက်သွားခဲ့လိုက်၏။


ရမ်က အိမ်မှာမရှိခဲ့ပေ။ မနက်အစောကြီးတည်းက အမဲလိုက်ဖို့ လူတစ်ဒါဇင်ကျော်နဲ့ ထွက်သွားခဲ့တာဖြစ်၏။ ကျီရှောင်အုံး မြေပုံကို လှည့်ပတ်ရှာဖွေလိုက်ခဲ့ရင်း တကယ့်ကိုပဲ ဗီရို၏ ဒုတိယအထပ်ပေါ်မှာ ရှာတွေ့လိုက်ခဲ့တယ်။ အံ့ဩစရာကြီးပဲ သူမ မြေပုံကို ခေါက်လိုက်ပြီး သူမ ကျောပိုးအိတ်ထဲ ထည့်ကာ ပြန်ထွက်ဖို့ ပြင်လိုက်တော့တယ်။


ခြံဝင်းဝင်ပေါက်ဝကို လျှောက်သွားရင်း သူမ လက်နှစ်ဖက်အား တံခါးပေါ်တင်လိုက်ပြီး တံခါးဖွင့်မလိုလုပ်လိုက်ချိန်မှာ သူမ အပြင်ကနေ အသံတစ်သံ ကြားလိုက်ရတယ်။ "ခေါင်းဆောင်!"


ဝင်းတားပဲ။


ရမ်က ပြန်ထူးလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်တယ်။


"မင်း အမဲလိုက်တာ ဒိုး ကိုပါ ခေါ်သွားခဲ့တာမို့ဘူးလား။ မင်း ဘာလို့ ပြန်လာတာလဲ" ဝင်းတား က သိချင်စိတ်နဲ့ မေးလိုက်တယ်။


ရမ်က ရှင်းရှင်းပဲ ပြောလိုက်တယ်။ "ရာသီဥတု ဆိုးနေလို့"


ဝင်းတားက ကောင်းကင်ကို မော့ကြည့်လိုက်၏။ အဝေးက တိမ်စိုင်မည်းမည်းတွေက ကမူဒါ တောင်ကြားကို အုပ်စိုးနေပြီး သူတို့ဆီ ဦးတည်ရွေ့လျားနေခဲ့၏။


"မိုးကျတော့မှာလား။ ဝင်းတားက ရုတ်တရက် ထအော်လိုက်တယ်။ တိရစ္ဆာန်တွေက ရာသီဥတုပြောင်းလဲတာနဲ့ပတ်သတ်လို့ အထူး ထိလွယ်ရှလွယ်တတ်တာဖြစ်၏။ "အိုး ငါ့ အဝတ်တွေ အကုန်လုံး အထဲသွင်းထားဖို့ ဆူဇန်နာ့ကို မြန်မြန်သွားပြောရင် ကောင်းမယ်!"


ဝင်းတားက ပြောလိုက်ပြီး သူ့အိမ်ကို အပြေးအလွှားပြန်ဖို့ နောက်လှည့်လိုက်တယ်။


ကျီရှောင်အုံး တံခါးနောက်တွင် ရပ်နေရာကနေ သူမ တောင်ပေါ်ကို ပြန်သွားရမည်ကို သတိရသွားလိုက်တယ်။ ဒါပေမယ့် အခုတော့ သူတို့အဲဒီနေရာမှာ ရပ်ပြီး စကားစမြည်ပြောနေကြတော့ တံခါးကို မဖွင့်နိုင်တော့ဘူးပဲ။


"အာ ခေါင်းဆောင်" ဝင်းတား က တစ်ခုခုကို တွေးမိသွားလိုက်ကာ ရပ်တန့်လိုက်ပြီး "မင်းရဲ့ မိန်းမပျိုက မျိုးနွယ်စုမှာ နေဖို့ ရွေးချယ်လိုက်ပြီပဲမလား။ မင်း ဘာလို့ သူ့ကို ဒီလိုနည်းမျိုး နဲ့ ဆွဲထားချင်ရတာလဲ"


ကျီရှောင်အုံး ၏လက်ချောင်းတွေက မသိစိတ်က တင်းကျပ်လို့သွားလိုက်တယ်။


ဝင်းတားက ဆက်ပြောလိုက်တယ်- "ဒီလိုရာသီဥတုမျိုးနဲ့ ပြေးချင်နေတုန်းပဲလား။ ဆူဇန်နာဆို ငါ့ကိုစိတ်ဆိုး‌တော့မှာ မဟုတ်ဘူး!"


ရမ်က ခဏမျှ နှုတ်ဆိတ်သွားလိုက်ပြီး ဝင်းတားနဲ့ ဆွေးနွေးရန် တွန့်ဆုတ်နေပုံရပြီး "သူမနဲ့ ဆူဇန်နာက အတူတူ မဟုတ်ဘူး"


"သူတို့က ဘယ်နေရာက မတူလို့လဲ" ဝင်းတားက အံသြစွာ မေးလိုက်တယ်။ "မိန်းမတွေ အားလုံး အတူတူပဲ မဟုတ်ဘူးလား။ အသက်ရှင်သန်ဖို့အတွက် အမျိုးသားကို အားကိုးရမှာပဲလေ။ မင်းသာ သူ့ကို တမင် ဆက်မဆွဲထားတာ‌ကြောင့် မဟုတ်ရင် သူ အိမ်ခြေရာမဲ့ ဖြစ်မှာပဲ မဟုတ်ဘူးလား။ ပြီးတော့ကျလည်း ပက် သေသွားပြီလို့ သူ့ကို ငါကိုယ်တိုင်ပြောလိုက်တာပဲ"


ရမ် သူ့ခြေထောက်ကို မြှောက်လိုက်ပြီး ခြံဝင်းထဲသို့ တွန်းဝင်မလို့လုပ်လိုက်ခဲ့တယ်။ သူ တံခါးက အက်ကွဲကြောင်းတစ်ခုကို မြင်လိုက်ရပြီး သူ့ မျက်ခုံးတွန့်‌ကွေးသွားလိုက်တယ်။ သူ ဝင်းတားကို ဟန့်တားလိုက်ချင်ခဲ့၏။


ကံမကောင်းစွာပဲ ဝင်းတား က ဆက်ပြောလိုက်၏။


"ငါတို့ သူ့ကို လိမ်ထားမှန်း သူ ရှာတွေ့သွားရင်တောင် သူ ထွက်သွားချင်ဖို့ မဖြစ်နိုင်ပါဘူး"


TheEnd...