အပိုင်း (၆၀)
တံခါးက ပြင်းပြင်းထန်ထန် ပွင့်ဟသွားပြီး ကျယ်လောင်တဲ့ အသံတစ်ခုနဲ့အတူ နံရံကို ရိုက်ခတ်သွားလိုက်၏။
. . .
တစ်ဖက်တွင်တော့ ဟာလာဟင်လင်းဖြစ်နေပြီး တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။
လမ်းတစ်ဖက်က အိမ်တွေကို ကြည့်လိုက်တော့လည်း ဘယ်သူမှ ပြန်မလာခဲ့သလိုမျိုး တံခါးတွေအားလုံး ပိတ်လျက်ရှိနေခဲ့တယ်။
ရမ်၏ မျက်ခုံးရိုးက ဆန့်တန်းသွားပြီးနောက် သူ ဝင်းတား ဘက်သို့ လှည့်လိုက်ကာ မျက်လုံးတွေက အေးစက်စွာလက်သွားခဲ့ပြီး "တကယ်လို့ ဒီစကားတွေနဲ့ မင်းကို နောက်တစ်ခါ ထပ်တွေ့တဲ့နေ့ မင်းအသက် မရှည်နိုင်တဲ့နေ့ပဲ "
ဝင်းတားက သူ့ခေါင်းထိပ်ကို ထိတွေ့လိုက်ပြီး "မင်းရဲ့မိန်းမပျိုက တောင်အနောက်ဘက်မှာ ရှိတာပါ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း ကြားနိုင်တာမှ မဟုတ်တာ ..."
ရမ်က သူ့ကို ကြည့်ရှုလိုက်ပြီး အပြာရင့်ရောင် မျက်လုံးများက မုန်တိုင်းထန်သော ပင်လယ်တစ်ခုကို သယ်ဆောင်လာလိုက်ပုံရလိုက်တယ်။
ဝင်းတား ချက်ချင်းပင် ပါးစပ်ပိတ်ကျသွားကာ လေးလေးစားစားဖြင့် ပြောလိုက်တယ်။ "ဟုတ်ကဲ့ပါ ခေါင်းဆောင်"
*
အခြားတစ်ဖက်ရှိ တောင်ကုန်းအလွန်တွင်တော့။
ကျီရှောင်အုံး သူမ၏နေရာလွတ်မှ "လွှင့်ပစ်ခြင်း" ကို ခံခဲ့ရပြီး ဒူးထောက်လျက်ကျသွားလိုက်ကာ လက်ဖဝါးတွေက ကြမ်းတမ်းတဲ့ မြက်ခင်းပြင်ပေါ် သွားထောက်လိုက်တယ်။ သူမ အတွေးတွေထဲမှာတော့ ဗြောင်းဆန်နေခဲ့ပါတယ်။
သူမတွေးတောနေသမျှအကုန်လုံးကတော့ ဝင်းတားပြောလိုက်တဲ့ စကားတွေကိုပါပဲ။
သူတို့က သူမကို လှည့်စားခဲ့တာလား။
သူတို့ ဆိုလိုတာက ပက် မသေသေးဘူးလို့ ပြောချင်တာလား။
ရမ် ဘာလို့ ဒီလိုလုပ်ရတာလဲ။ ပက်ကို ရှာပေးဖို့ သူကူညီမယ်လို့ သူ သူမကို ကတိပေးထားတာ မဟုတ်ဘူးလား....... သူတို့က အတုလုပ် ပြောလိုက်တာလား။
ကျီရှောင်အုံး သူ့လက်ချောင်းတွေ တင်းတင်းဆုပ် ထားလိုက်ရင်း သူမ မျက်လုံးတွေကို မော့ကြည့်လိုက်တော့ သူမက တောင်အနောက်ဘက်တွင် ပြန်ပေါ်လာတာကို တွေ့လိုက်ရတယ်။
ရမ်က တံခါးကို တွန်းလာလိုက်တာနဲ့ သူမက သူမနေရာလွတ်ထဲမှာ အလိုအလျောက် သွားပုန်းနေလိုက်တာပဲ။
——အခု သူမ သူမနေရာလွတ်ကနေ "ရွှေ့ပြောင်း" ခံလိုက်ရတာလား။
ကျီရှောင်အုံး လောရန့်ရဲ့ အသတ်ခံရလုနီးပါးဖြစ်ခဲ့တုန်းကလည်း နေရာလွတ်ရဲ့ နေရာရွေ့ပြောင်းခြင်းကို သုံးခဲ့တဲ့ နောက်ဆုံးအကြိမ်ကို သူမ သတိရသွားလိုက်တယ်။
ဒီတခါရော သူမ ဘာလို့ ဒီလိုဖြစ်သွားတာပါလိမ့်။ သူမ စိတ်က လွန်လွန်ကဲကဲ အတက်အကျဖြစ်ပြီးတော့ တစ်ခုခုကနေ လွတ်မြောက်သွားချင်တဲ့အချိန်တိုင်း သူမနေရာလွတ်က သူမအတွက် ဆုံးဖြတ်ချက်ချပေးတာလား။
ကျီရှောင်းအုံး လုံးလုံး စိတ်ရှုပ်ထွေးသွားတော့တယ်။
"ဟေး နင်ဘာလို့ ဒီကိုရောက်နေတာလဲ" သူမ ခေါင်းပေါ်ကနေ ကျီရှောင်အုံးကို လှမ်းအော်လိုက်တဲ့ အသံက ရုတ်တရက် သူမအတွေးတွေကို နှောက်ယှက်လိုက်ခဲ့တယ်။
ကျီရှောင်အုံး မော့ကြည့်လိုက်တော့ သူမရှေ့မှာ ဆူဇန်နာက ဝါးခြင်းတောင်းတစ်တောင်း လွယ်ပြီး ရပ်နေတာကို တွေ့လိုက်ရတယ်။ တောင်းထဲတွင်တော့ မီးခိုးရောင် ယုန်နှစ်ကောင် ရှိနေပြီး သူမရဲ့အခြားလက်တစ်ဖက်မှာတော့ စွန်ပလွံရွက်အချို့ကို ဆွဲထားလိုက်ခဲ့တယ်။ သူမကိုကြည့်ရတာ အိမ်ပြန်ရောက်ဖို့ လောနေပုံပဲ။
ကျီရှောင်အုံး တွန့်ဆုတ်သွားလိုက်ပြီး "... ဘာတွေဖြစ်လို့လဲ"
ဆူဇန်နာက ကောင်းကင်ကို လက်ညှီုးထိုးပြလိုက်တယ်။ တိမ်စိုင်မည်းတွေက ချိုင့်ဝှမ်းပေါ်တွင် ချိတ်ဆွဲထားခဲ့ကာ အချိန်မရွေး မိုးရွာနိုင်သည့် ပုံပေါက်နေခဲ့၏။ "မိုးကျတော့မယ်။ နောက်ရက်နည်းနည်းလောက်ဆို မိုးသည်းသည်းထန် ရွာတော့မှာ။ ဒီနေရာက မြေနိမ့်ပိုင်းကျတယ်။ တကယ်လို့ နင် မြန်မြန်မပြန်ရင် မိုးသည်းသည်းမည်းမည်းရွာလာရင် နင် ရေမြုပ်ခံရလိမ့်မယ်။"
ကျီရှောင်အုံး မတ်တပ်ထရပ်လိုက်ပြီး "ဒါပေမယ့် ငါ ဝေါကာ တို့နဲ့ မပြောရသေးဘူး..."
"သူတို့ကဖြင့် အိမ်ပြန်ရောက်တာ ကြာနေပြီ!" ဆူဇန်နာ ပြောတာ အမှန်ပင်။ ကောင်းကင်ကြီး အမှောင်ကျသွားတာနဲ့ ဝေါကာ၊ ဂျိုးနဲ့ ဆားဝမ်းတို့ ထွက်သွားကြတာပဲဖြစ်တယ်။ "ဒီမှာ နင် ဘယ်သူနဲ့တွေ့ခဲ့လို့လဲ။ နင် မြေကြီးပေါ်မှာ ဒယိမ်းဒယိုင်းသွားနေတာလာ..... ဒါနဲ့ နင် ဘာလို့ဒီမှာ လာလဲနေရတာလဲ"
ကျီရှောင်အုံးက အမှန်အတိုင်း တိတိကျကျ မပြောဘဲ "ငါ ပစ္စည်းနည်းနည်းယူဖို့ အိမ်ပြန်လာရင်းနဲ့ မတော်တဆ လဲကျသွားတာ"
ဆူဇန်နာရဲ့ပါးစပ်က မဲ့ရွဲ့သွားလိုက်ကာ ပြောင်ပြောင်တင်းတင်းပင် မနှစ်မြို့စွာနဲ့ "နင်ကလေ တကယ် အသုံးမကျတာပဲ မလဲကျဘဲနဲ့
လမ်းကို မလျှောက်နိုင်တော့ဘူးလား" သူမက ပြောရင်းဆိုရင်းနဲ့ လက်တစ်ဖက် ကမ်းလိုက်ရင်း သူမအား မြေကြီးပေါ်ကနေ ထူပေးလိုက်တယ်။ "မိုးက မရွာသေးဘူး နင် မြန်မြန် ငါနဲ့ပြန်လိုက်ခဲ့"
ကျီရှောင်အုံး နည်းနည်း ဝေ့လည့်ကြောင်ပတ်လုပ်လိုက်ခဲ့တယ်။ အိမ်ပြန်ပြီး ရမ်နဲ့ မျက်နှာချင်းဆိုင်ရဖို့ကတော့ သူမ သူနဲ့ မျက်နှာချင်းဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး.....
ကျီရှောင်အုံး အဝေးက တောင်ထိပ်များကို မော့ကြည့်လိုက်တော့ တိမ်မည်းတွေက တလိမ့်လိမ့်တက်နေခဲ့ပြီး မြူငွေ့တွေက မုန်သက်မုန်တိုင်းလာတော့မဲ့ လက္ခဏာတစ်ခုဖြစ်နေခဲ့တယ်။
ဆူဇန်နာက သူမအား ဆော်ဩလိုက်တယ်။ "ဟေး နင် လမ်းလျှောက်နိုင်ရဲ့လား"
ကျီရှောင်အုံးက သူမလက်တစ်ဖက်နဲ့ ဆူဇန်နာ့ကို ဆွဲလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ "အမ်း"
ဆူဇန်နာက အိမ်ကို အမြန်လျှောက်လာပြီး ကျီရှောင်အုံး သူမကို အမှီလိုက်ဖို့ သုတ်သုတ်သွားလိုက်ရင်း မကြာမီမှာပဲ သူမ(ဆူဇန်နာ) တံခါးဖိနပ်ချွတ်ဝသို့ ရောက်သွားလိုက်တယ်။
မိုးစက်တွေက စတင်ကျနေပြီဖြစ်ကာ သူတို့ မြေကြီးပေါ် ထိရိုက်မိတော့ အပေါ်မှကျလာတဲ့ မှင်ရည်စက်တွေလိုပင်။
ရမ်ရဲ့အိမ်က လမ်းရဲ့အဆုံးမှာရှိနေတော့ ဆူဇန်နာက ကျီရှောင်အုံး အား နှုတ်ဆက်လိုက်ပြီး အိမ်ထဲဝင်ဖို့ လုပ်လိုက်ခဲ့တယ်။
"ခဏနေပါဦး ဆူဇန်နာ" ကျီရှောင်အုံးက ရုတ်တရက် သူမအား တားလိုက်ကာ သူမရဲ့နက်မှောင်တဲ့မျက်လုံးတွေက ရိုးသားမှုအပြည့်ဖြင့် "ငါ နင့်ကို မေးစရာရှိလို့"
ဆူဇန်နာ က သူမခေါင်းပေါ် ထန်းရွက်ပလက်ကို တင်လိုက်ခဲ့တယ်။ သူမ မီးဖိုချောင်ခေါင်မိုးက ယိုစိမ့်နေပြီး ပြန်ပြင်ဖို့ သူမ ထန်းရွက်ကို သုံးချင်တာဖြစ်တယ်။ "ဘာပြဿနာဖြစ်လို့လဲ"
ကျီရှောင်အုံးက သေသေချာချာ ချင့်ချိန်တွက်ဆလိုက်ပြီ "တကယ်လို့........ ပြောရရင်.... ဝင်းတားက နင့်ကို လိမ်ခဲ့ရင် နင် သူ့ကို စိတ်ဆိုးမှာလား"
ဆူဇန်နာက ဗြုန်းဆိုင်းကြီး စိတ်ရှုပ်သွားလိုက်ပြီး "ဘာပြောတယ်။ သူက နင့်ကို တစ်ခုခုလှည့်စားထားလို့လား"
"မဟုတ်ဘူး မဟုတ်ပါဘူး၊ ငါ ဆိုလိုတာက တကယ်လို့များလို့ ပြောတာပါ" ကျီရှောင်အုံး ဆူဇန်နာ နားလည်မှုလွဲမှာစိုး၍ ကမန်းကတန်း သူမလက်ကို ဝေ့ရမ်းလိုက်တယ် "သူက နင့်ကို လိမ်နေတာမဟုတ်ဘူး။ ဒါက နှိုင်းယှဉ်ပြောတာပါ"
ဆူဇန်နာ ငြိမ်သက်သွားလိုက်ပြီး သူမခေါင်းပေါ်က ထန်းရွက်တွေပေါ် ကျရောက်လာတဲ့ မိုးစက်များက ကြွတ်ဆတ်ဆတ် အသံတစ်ခုအားပေးစွမ်းနေလေတယ်။
"ဒါက သူ့အကြောင်းအရင်းပေါ် မူတည်တယ်။ အဲဒါက ငါကောင်းဖို့အတွက်ဆို ငါ အငြင်းခုံလုပ်နေတော့မှာ မဟုတ်ဘူး။ တကယ်လို့ သူ့မှာ အပြစ်ရှိလို့ တစ်ခုခုကို ဖုံးကွယ်ချင်နေတယ်ဆိုရင်တော့ ငါ သေချာပေါက် ဒေါသထွက်မှာပဲ"
"တကယ်လို့ သူက နင့်မိသားစုရဲ့ သတင်းကို တမင်ဖုံးကွယ်ထားရင်ရော။ စကားလက် လိုမျိုးပေါ့........."
"သူ အဲလိုလုပ်ရဲလို့ကတော့လား ငါ ချက်ချင်း နောက်ထပ်အိမ်ထောင်ဖက်ကို သွားရှာမှာ!"
ကျီရှောင်အုံး: " ..."
ဆူဇန်နာ့ကို နှုတ်ဆက်စကားပြောလိုက်ပြီး သူမ ရမ် ရဲ့ အိမ်ရှေ့ တံခါးပေါက်ဝမှာ မတ်တပ်ရပ်လိုက်ခဲ့တယ်။ မိုးကလည်း သည်းသထက် ပိုသည်းလာခဲ့တယ်။
ကျီရှောင်အုံးက တံခါးခေါက်ဖို့ လက်မြှောက်လိုက်ပြီး မကြာမီမှာပဲ အတွင်းထဲကနေ ပွင့်ဟသွားလိုက်တယ်။
ရမ်က တံခါးပေါက်ဝတွင် မတ်တပ်ရပ်နေခဲ့ကာ သူ့ဖိနပ်အစွန်းတွင် ထူထဲတဲ့ရွှံ့တွေ တစ်ပတ်လည်ကြီး ရှိနေခဲ့ပြီး သူမကို သူ လိုက်ရှာခဲ့တဲ့ အတိုင်းပင်။
ကျီရှောင်အုံး သူမမျက်နှာကို မော့လိုက်ပေမဲ့ သူမ စကားမပြောရသေးခင် သူမ တုန်ရီသွားလိုက်ပြီး နှာထချေလိုက်ခဲ့တယ်။
"မင်း ဘယ်တွေသွားနေတာလဲ" ရမ်က ချက်ချင်းပင် သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ သူမခေါင်းလေးအား သူ့လက်နဲ့အုပ်ထားလိုက်ပြီး အိမ်ထဲသို့ ခြေလှမ်းကျဲကျဲနဲ့ ဝင်ရောက်သွားလိုက်ခဲ့တယ်။
ကျီရှောင်အုံးက သူ့မနှာခေါင်းကို ပွတ်လိုက်ပြီး သူမ မျက်တောင်မွေးတွေက လျောကျသွားလိုက်ကာ "ငါ ဝေါကာနဲ့ တခြားသူတွေကို ယမ်းမှုန့်အကြောင်း သင်ပေးဖို့ တောင်ကုန်းကို သွားခဲ့တာ ... "
"ငါ တောင်ကုန်းပေါ်ကို လိုက်သွားလိုက်တော့ ဝေါကာကပြောတယ် မင်း တစ်ခုခုယူဖို့ ပြန်သွားတယ်တဲ့" ရမ်က ပြောလိုက်တယ်။
သူ ဒီလိုပြောလိုက်ချိန် ရမ် တစ်ယောက် ကျီရှောင်အုံး ရဲ့ မျက်နှာအမူအရာအားလုံးကို မြင်ရဖို့ သူမကို စူးစိုက်ကြည့်နေခဲ့ပါတယ်။
ကျီရှောင်အုံးက သူမရဲ့ ခံစားချက်တွေကို ချုပ်ထိန်းထားပြီး ရမ်ရဲ့ ပုခုံးအား သူမလက်ချောင်းတွေနဲ့ မြဲမြဲကိုင်ထားလိုက်ကာ "ငါ လမ်းမှာ ဆူဇန်နာနဲ့ ဆုံခဲ့တာ။ ဆူဇန်နာက မကြာခင် မိုးရာသီ ရောက်တော့မယ် ပြောလို့။ ပစ္စည်းယူဖို့ ငါ အိမ်မပြန်လိုက်တော့ဘဲနဲ့ သူနဲ့ပဲ လျှောက်လာလိုက်တာ။ သူ့အိမ်ခေါင်မိုးက မိုးယိုနေတော့ ပြင်ဖို့ သူ ထန်းပလက်ရွက်တွေ ကောက်ဖို့လိုနေခဲ့တာ"
ကျီရှောင်အုံးက သူမလက်ထဲက ထန်းရွက်တွေကို မြင်လိုက်ပြီးတော့ ခန့်မှန်း ပြောလိုက်တာဖြစ်တယ်။ သူမ(ဆူဇန်နာ) က သူမအား အဲလောက်အသေးစိတ်ကျတဲ့အထိ သူမကို မပြောပြခဲ့ပါဘူး။
ရမ်ရဲ့ မျက်နှာက အနည်းငယ်လေး စိတ်ပြေလျော့သွားလိုက်ပြီး အိမ်ထဲသို့ ဝင်သွားကာ ဗီရိုထဲကနေ ကျီရှောင်အုံး၏ စောင်ကိုထုတ်ယူလိုက်ကာ သူမအား စောင်ထဲမှာ ထုပ်ပေးလိုက်ခဲ့တယ်။ "ဆူဇန်နာ ပြောသလိုပဲ နောက်ရက်နည်းနည်းလောက်ဆို မိုးရွာတော့မယ်။ လောလောဆယ်တော့ သူတို့ကို မသင်ပေးလိုက်နဲ့ဦး။ အိမ်မှာနေတာ အကောင်းဆုံးပဲ"
ကျီရှောင်အုံး က သူ့ကိုကြည့်လိုက်ပြီး "နင်ကရော "
ရမ်: "ကိုယ်က မနက်ဖြန် အမဲလိုက်သွားဖို့ မျိုးနွယ်စုကို ဦးဆောင်ရမယ်"
ခြုံစောင်အောက်က ကျီရှောင်အုံးရဲ့လက်တွေက အေးစက်လျက်ရှိနေပြီး သူမ ပြောစရာစကားရှာမတွေ့ဘဲ "နင် မိုးစိုမှာ မကြောက်ဘူးလား"
"မိုးဥတုက တိရစ္ဆာန်တွေပေါ် အကျိုးသက်ရောက်မှု နည်းနည်းပဲရှိတယ်လေ"
ကျီရှောင်အုံးက ခေါင်းညိတ်ပြီး စကားပြောနေတာကို ရပ်လိုက်ခဲ့တယ်။
ရမ်က သူ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး သူမမျက်တောင်ပေါ်က မိုးစက်လေးတွေကို သုတ်ပေးလိုက်တော့ သူမမျက်နှာက အေးစက်နေတာကို ရှာတွေ့သွားလိုက်တယ်။ သူ မီးပြန်မွှေးဖို့ သွားလိုက်ပြီး သူမကို သူ့လက်မောင်းထဲ ထည့်သယ်လာခဲ့ကာ မီးဖိုရှေ့မှာ ထိုင်လိုက်ခဲ့တယ်။ သူ သူမ လက်သေးသေးလေးတွေကို ဆုပ်ကိုင်ထားလိုက်ခဲ့တယ် "အေးလား" သူမ ခန္ဓာကိုယ်က အနည်းငယ်လေး တုန်ယင်နေခဲ့တယ်။
ကျီရှောင်အုံး သူမ ခေါင်းကို မြှုပ်နှံလိုက်ပြီး သူမ မသိစိတ်က သူ့အနားကို ပိုတိုးကပ်သွာလိုက်ကာ နှာခေါင်းသံပါစွာ ပြောလိုက်တယ်။ "အမ်း"
ရမ် ထိုစကားကိုကြားပြီးတော့ သူ့ရဲ့ တိရစ္ဆာန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီး သူမတစ်ကိုယ်လုံးကို ထွေးပိုက်ပေးထားလိုက်ခဲ့ပါတယ်။
ကျားသစ်တွေရဲ့ ခန္ဓာကိုယ်အပူချိန်က မြင့်မားပြီး လေးဆယ်ဒီဂရီထက်တောင် ပိုမြင့်တာပဲဖြစ်တယ်။
မကြာခင်မှာပဲ ကျီရှောင်အုံးက သူ့ကိုယ်လုံးအောက်ကနေ သူမခေါင်းကို အတင်းတိုးထွက်လိုက်ပြီး "ရပြီ ရမ်... ငါ ပူ လာပြီ"
ရမ်က သူမလက်လေးတွေကို ထိကြည့်လိုက်ပြီး မအေးတော့မှ သူ သူမကို လွှတ်ပေးလိုက်ခဲ့တယ်။
သူ့ရဲ့လူသားအသွင်ပုံစံကို ပြန်ပြောင်းလိုက်ပြီး ရမ် သူမအား မေးလိုက်ခဲ့တယ်။ " ဒီည မင်း ဘာစားချင်လဲ"
ကျီရှောင်အုံးက ထထိုင်လိုက်ပြီး ခဲခဲရင်းရင်း စဉ်းစားလိုက်ခဲ့ကာ "ငါးရှဉ့်နှပ်"
သူမ အမေဟင်းချက်တာကို သူမ ကြည့်ရှုခဲ့ရပြီး အဲဒီဟင်းက စိတ်ထဲမှာ အနည်းငယ်လေး ပုံရိပ်ထင်ရှိနေလိုက်ခဲ့တာပဲဖြစ်တယ်။ သူမက ရမ့်အား ဘယ်လိုဘယ်ပုံ ချက်ရမလဲဆိုတာ ပြောလိုက်ခဲ့ပြီး မျှော်လင့်စောင့်စားစွာနဲ့ မေးလိုက်ခဲ့တယ်။ "နင် ချက်ပေးမှာလား"
ရမ်၏ပါးစပ်ထဲကနေ "မချက်တတ်ဘူး" ဆိုတဲ့ စကားလုံးများက လျင်မြန်စွာ ပြန်သိမ်းလိုက်ပြီး သူ အဲဒီအစား "ကိုယ် ကြိုးစားပါ့မယ်" လို့သာ ပြောလိုက်ခဲ့တယ်။ ပြီးတော့ သူ ထပ်ဖြည့်ပြောလိုက်တယ်။ "ငါးရှဉ့်တော့ မရှိဘူး၊ ငါးခူ ပဲ ချက်လိုက်ရမလား"
ငါးရှဉ့်များက ဤနေရာမှ မိုင်ပေါင်းထောင်ချီကွာဝေးတဲ့ ဘော်နီးယားကုန်းမြေ အရှေ့ပိုင်းတွင်သာ နေထိုင်တာဖြစ်၏။
ကျီရှောင်အုံးက ခဏရပ်သွားလိုက်ပြီး ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်။ "အင်းပါ"
. . .
ရမ်က နောက်လှည့်ပြီး တံခါးအပြင်ကို ထွက်သွားလိုက်တော့တယ်။
ကျီရှောင်အုံးတစ်ယောက် မီးဖိုဘေးတွင် တင်ပျဉ်ခွေထိုင်နေလိုက်ခဲ့ကာ မကြာမီမှာပဲ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည့် အသံကို ကြားလိုက်ရတယ်။
ရမ်က လူသားတွေရဲ့ အစားအသောက်နဲ့ပတ်သတ်လို့ အတွေ့အကြုံမရှိဘဲ ကျွမ်းလည်းမကျွမ်းကျင်ခဲ့ပါ။ ကျီရှောင်အုံး နေမကောင်းဖြစ်ချိန်က ချက်ခဲ့တဲ့ ငါးခူဟင်းအရည်က သူချက်ပြုတ်နိုင်တဲ့ တစ်ခုတည်းသော ဟင်းတစ်ခွက်ပါပဲ။
. . .
အခုလဲအဲဒီလိုပါပဲ မကြာခင်မှာပဲ မီးဖိုချောင် မီးခိုးခေါင်းတိုင်ကနေ မီးခိုးတွေထွက်လာတာကို သူမ တွေ့လိုက်ရတယ်။
ကျီရှောင်အုံးက ကူညီဖို့ ပြန်မသွားလိုက်ဘဲ ကုတင်ဘေးက ဗီရို ဆီသွားလိုက်ကာ ဝင်းတား ယူလာတဲ့ ကျောက်တုံးကို ထုတ်ယူလိုက်ခဲ့ပါတယ်။
ကျောက်တုံးမှာ ရေးထိုးထားတဲ့ မျဉ်းကြောင်းတွေက ကျီရှောင်အုံး နားမလည်နိုင်ဖြစ်နေဆဲပဲ။ အစပိုင်းတုန်းကတော့ ကျီရှောင်အုံး ဒါကို အချိန်အကြာကြီး ပြင်းပြင်းထန်ထန် တွေးတောနေခဲ့တာပင်။ ဒါက ဘာကို ဆိုလိုတာပါလိမ့်။ အခုတော့ သူမ သိလိုက်ပါပြီ အဲဒါက ဘာ"အဓိပ္ပါယ်"မှ ရှိမနေနိုင်လောက်ဘူးဆိုတာကိုပေါ့။
—— ဒါက သူမကိုလိမ်ဖို့ သူတို့သုံးခဲ့တဲ့ ကာဗာသက်သက်ပဲလေ။
*
ရမ် မီးဖိုချောင်မှ ထွက်လာလိုက်ပြီး ဗီရိုရှေ့တွင် မလှုပ်မယှက် ရပ်နေတဲ့ သူမလေးကို တွေ့ဖို့ အိပ်ခန်းထဲကို လျှောက်လာလိုက်ခဲ့သည်။
ရမ်က သူမလက်ထဲမှာ ကိုင်ထားတဲ့အရာကို မြင်သွားလိုက်တော့ သူ့မျက်နှာက အနည်းငယ်လေး ပျက်ယွင်းသွားခဲ့ပြီး သူ့အသံကို နှိမ့်လိုက်ကာ "မင်း ဘာတွေ ရှာနေတာလဲ"
ကျီရှောင်အုံးက သူမခေါင်းကို လှည့်လိုက်ပြီး သူမနှုတ်ခမ်းသားကို ကိုက်လိုက်ကာ သူမခေါင်းကို ရမ်းလိုက်ပြီး " ဘာမှမဟုတ်ပါဘူး အဲဒါကို ရှာနေတာပါ"
ရမ်က သူမမျက်နှာအမူအရာထဲမှာ ဘာပုံမှန်မဟုတ်တာ ဘာမှမရှိတာကို မြင်လိုက်ပြီး သူ့စိတ်အခြေအနေက လျော့ပါးသွားလိုက်ကာ ဟင်းပန်းကန်လုံးအား ခုံပေါ်သို့ တင်လိုက်ခဲ့တယ်။ သူ စကားစမပြောရသေးခင်မှာပဲ ကျီရှောင်အုံးက သူ့နောက်ကနေ အသိမပေးပါဘဲ ကောက်ခါငင်ခါ ထမေးလိုက်ခဲ့တယ်. "ရမ် ငါ့ မြေပုံ... နင် လွှင့်ပစ်လိုက်တာလား"
ရမ်၏လှုပ်ရှားမှုများက ငြိမ်ကျသွားလိုက်၏။
ကျီရှောင်အုံးက သူ့ကို စေ့စေ့ကြည့်လိုက်ပြီး ပြတ်သားစွာဖြင့် " ငါ့ သံလိမ်အိမ်မြောင် ပျက်သွားတုန်းကလည်း နင်ပဲ လုပ်ခဲ့တာလား"
သံလိုက်အိမ်မြောင် ပျက်တဲ့အချိန်တုန်းကလည်း ကျီရှောင်အုံး အဲဒါက ထူးဆန်းတယ်လို့ ခံစားခဲ့လိုက်ရတာပင်။ ဘာလို့ သူမ ဒါကို သုံးလို့မရတော့တာလဲ။
အဲဒီနောက်ဆွဲထားတဲ့ မြေပုံကိုလည်း သူမကျောပိုးအိတ်ထဲမှာ ထားထားခဲ့တာပဲ ဘယ်သူကမှ နေရာရွေ့မှာမဟုတ်ဘဲ ရှာမတွေ့လိုက်ခဲ့တာပဲမလား။
သူမ ဉာဏ်ထိုင်းတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူမ မခန့်မှန်းချင်လို့ပဲ။
သူမ အမြဲတမ်း ရမ့်ကို ယုံခဲ့တယ်၊ ဝင်းတား သူမကို ပက်က သေသွားပါပြီလို့ ပြောတဲ့အချိန်ကတောင် သူမ သူ့ကို လုံးဝသံသယ မဝင်ခဲ့ဖူးဘူး။
သို့ပေမဲ့လည်း ဒီနေ့တော့ သူမ သူနဲ့ ဝင်းတားတို့ ပက် အကြောင်းနဲ့ သူမကို သူတို့ လိမ်ခဲ့တယ်ဆိုတာကို သူမ ကြားသိသွားခဲ့ရတာ။
ကျီရှောင်အုံး ရမ်ရဲ့တုံ့ပြန်မှုကို အတည်မယူခဲ့ဘဲ ဇွတ်တရွတ်ကို ထပ်မေးလိုက်ခဲ့တယ်။ "မဟုတ်ဘူးမလား"
အချိန်အကြာကြီး ကြာမြင့်သွားပြီးနောက် ရမ့်အသံက လေးလံစွာဖြင့် "ဟုတ်တယ်"
ကျီရှောင်အုံး ယိုင်ထိုးသွားလိုက်ကာ သူမ မျက်နှာကို မော့လိုက်ပြီး လည်ချောင်းထဲမှာ ဆို့နင့်စွာနဲ့ " ပက်က မသေ သေးဘူး မဟုတ်လား"
"အမှန်ပဲ" ရမ် ပြောလိုက်၏။
"ဒီလိုဆို နင် ငါ့ကို ဘာလို့ လိမ်ခဲ့တာလဲ"
ရမ်က သူ့ကိုယ်ကို ကိုင်းလိုက်ပြီးတော့ ဖြည်းညှင်းစွာဖြင့် သူ့မျက်လုံးတွေအား ပင့်ကြည့်လိုက်ကာ "ဒီနေရာမှာ မင်းကို
ကိုယ်နဲ့အတူနေစေချင်ပြီးတော့ မင်းကို တစ်သက်လုံး ကိုယ့် အိမ်ထောင်ဖက် ဖြစ်စေချင်လို့"
ကျီရှောင်အုံး သူမ ခေါင်းကို ခါရမ်းလိုက်တယ်၊ သူမစိတ်ခံစားချက်တွေက အနည်းငယ်လေး လွတ်ထွက်သွားလိုက်ပြီးတော့ " ငါ နင့်ဘေးမှာ နေပေးလို့ရတယ်.... ဒါပေမဲ့ အဲဒါက ဒီလိုမျိုးတော့ မဟုတ်သေးဘူးလေ။ နင် ငါ့ကို လိမ်ပြောလို့မရဘူးလေ။ ပက်က သေချာပေါက် သေမှ မသေသေးတာ နင်ဘာလို့ သူ သေသွားတယ်လို့ ငါ့ကို လိမ်ပြောနိုင်ရတာလဲ....."
ကျီရှောင်အုံး လက်မခံနိုင်တာက ရမ်က သူမ ဂရုအစိုက်ဆုံးအရာကို သိရဲ့သားနဲ့ သူမကို ရက်ရက်စက်စက် လှည့်စားလိုက်တာကိုပဲ။
သူမကို နေစေချင်ရုံနဲ့ သူ ဘယ်လိုလုပ်ပြီး ဒီလောက် အတ္တကြီးနိုင်ရတာလဲ။
ရမ် သူမ ပုခုံးတွေအား ဆုပ်ကိုင်လိုက်ပြီးတော့ မျက်လုံးပြာပြာတွေက သူမအား တည့်တည့်စိုက်ကြည့်လိုက်ခဲ့ကာ "တကယ်လို့ ကိုယ်သာ အဲလိုမပြောခဲ့ရင် မင်းက နေဖို့ ဆန္ဒရှိမှာတဲ့လား"
ကျီရှောင်အုံးရဲ့ တိတ်ဆိတ်မှုက အဖြေ အပြည့်အဝ ပေးနေခဲ့၏။
ရမ်က သူ့ပါးစပ်ဘေးတစ်ခြမ်းအား တွန့်တင်သွားလိုက်ပြီး အေးစက် ရက်စက်စွာနဲ့ "အဲဒါကလည်း ကိုယ့်အဖြေပဲလေ"
ဒီစကားက သူမအား အစပျိုးလိုက်တာ ဖြစ်နိုင်လေတယ်၊ ရမ်ရဲ့သဘောထားက အရမ်းကိုခိုင်မာတာကြောင့်လည်း ဖြစ်နိုင်လေတယ်။ ကျီရှောင်အုံး ရုတ်ခြည်းပင် ရမ် ဆီကနေ ရုန်းထွက်လိုက်ပြီ အပြင်ဘက်သို့ ပြေးထွက်လိုက်တော့၏။
အပြင်ဘက်တွင်တော့ မိုးဖြိုင်ဖြိုင်ရွာသွန်းနေခဲ့ပြီး အိပ်ခန်းကနေ အိမ်အပေါက်ဝဆီ အကွာအဝေးတိုတိုလေးတောင် ကျီရှောင်အုံးအား ရွှဲရွှဲစိုသွားစေလိုက်တယ်။
ကျီရှောင်အုံး သူမလက်အား တံခါးပေါ်ရောက်လိုက်ပေမဲ့ သူမ ဖွင့်ဖို့ အချိန်မရလိုက်ခဲ့ပေ။ သူမ နောက်ကျောက ပုခုံးတွေက ဖမ်းမိသွားခဲ့ပြီး ရမ်က သူမအား အခန်းထဲသို့ ပြန်ဆွဲခေါ်လိုက်ခဲ့တယ်။
"ငါ့ကို သွားခွင့်ပေး ငါ့ကို လွှတ်ပေး!" ကျီရှောင်အုံး ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်ခဲ့ကာ သူမအသံက မျက်ရည်များဖြင့် တဟင့်ဟင့် ရှိုက်သံပါနေခဲ့တယ် "ရမ် ငါ နင့်ကို မုန်းတယ်!"
ရမ်က ချလိုက်ပြီး မေးလိုက်တယ်။ "ဒါက မင်း ကိုယ်နဲ့ မိတ်မဖက်ချင်ရတဲ့ အကြောင်းရင်းလား"
ကျီရှောင်အုံး ပြောလိုက်၏ "ဟုတ်တယ် ငါ ကျားသစ်တစ်ကောင်နဲ့ မဆက်ဆံချင်ဘူး!"
ရမ် ရုတ်တရက် ရပ်တန့်သွားလိုက်ပြီး သူ့မျက်နှာက မိုးရေကြောင့် ခွဲထွက်ခံလိုက်ရပြီး မဲမှောင်ကျသွားကာ သဲသဲကွဲကွဲမြင်ရဖို့ ခက်ခဲသွားလိုက်တယ်။
. . . ..
အဲဒီနေ့ညနေမှာတော့ ကျီရှောင်အုံး အိပ်ဖို့တောင် ရုန်ရင်းဆန်ခတ် ပြဿနာရှာလိုက်ခဲ့ပြီး ရမ် ကူရာမဲ့စွာ ခံစားသွားခဲ့ရ၏။ သူ သူမလည်ပင်းဆီ သူ့လက်ကို တင်လိုက်ပြီးတော့ သူမအား သတိမေ့သွားအောင် လုပ်လိုက်ရတော့တယ်။
နောက်တစ်နေ့တွင်တော့ ကျီရှောင်အုံး အိပ်ရာမှ နိုးလာခဲ့ပြီး ရမ်လည်း နေအိမ်မှာ မရှိတော့ချေ။
အပြင်ဘက်တွင်တော့ မိုးက သည်းကြီးမဲကြီးကို ရွာသွန်းနေခဲ့ပြီး မနေ့ညကထက်တောင် ပိုသည်းထန်နေခဲ့ကာ ကောင်းကင်က တိုင်လုံးကြီးတွေ ပြုတ်ကျလာလိုက်သလိုပင်။
ကျီရှောင်အုံး အဝတ်အစား လဲ လိုက်ခဲ့ပြီး အပြင်ထွက်ဖို့ အခြေအနေ တစ်ချက်ကြည့်လိုက်ခဲ့တယ်။
သို့သော်လည်း သူမ လက်က တံခါးတွင် တင်ထားလိုက်ပြီး ညင်သာစွာဆွဲလိုက်ချိန်တွင်တော့-----
သစ်သားတံခါးက မရွေ့တော့ပါချေ။
ကျီရှောင်အုံး ထပ်ခါတလဲလဲ ကြိုးပမ်းလိုက်ပေမဲ့ ဖွင့်လို့မရဆဲပင်။
သူမ လျင်မြန်စွာ သဘောပေါက်သွားလိုက်တယ်၊ တံခါးက အပြင်ကနေ ချက်ထိုးထားတာပဲ။
ရမ်က သူမကို အိမ်ထဲမှာ ပိတ်ချသွားတာလား။
ကျီရှောင်အုံး တုန်လှုပ်သွားလိုက်ပြီး မချင့်မရဲ စိတ်ပျက်သွားလိုက်တယ်။ မူလကတော့ တစ်ညလောက် စဉ်းစားပြီးသွားရင် သူမ စိတ်တော်တော်တည်ငြိမ်သွားမယ်လို့ပဲ။ ဒါပေမဲ့ အခုတော့ ပိတ်နေတဲ့ သစ်သားတံခါးကို ကြည့်လိုက်ပြီတော့ ထိန်းမရတဲ့ ကြောက်ရွံ့မှုတစ်ခု ဝင်ရောက်သွားလိုက်တယ်။
သူ ဘာလို့ တံခါးကို သော့ခတ်သွားတာလဲ။ သူမ ထွက်ပြေးမှာ ကြောက်လို့လား။
သူမ မနေ့ညက အဲဒီ အကြောင်းကို တွေးတောလိုက်တယ်။ အခုက မိုးရာသီရောက်နေပြီဆိုတော့ သူမ ပျံထွက်ပြေးရင်တောင်မှ ဝေးဝေးလံလံ သွားနိုင်မှာမှ မဟုတ်တာပဲ။
တကယ်လို့ သူမတို့လုပ်ခဲ့ရင် သူမတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြီး ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ သူမကို လိမ်တာက သူ့အမှားပဲလေ။
ဒါပေမဲ့ အခုကျတော့... ကျီရှောင်အုံး ယိမ်းယိုင်စွာနဲ့ ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီးတော့ အမူမဲ့အမှတ်မဲ့နဲ့ သူမဘေးက ကျောပိုးအိတ်ကို ထိလိုက်တယ်။ ပစ္စည်းတွေအကုန်လုံးကို သွန်ချလိုက်ခဲ့တယ်။
ဓာတ်မီး ၊ ဆယ်ဖီချောင်း၊ လျှပ်စစ်ကျင်စက်။ မိုဘိုင်းဖုန်း.....
ဖုန်းက ကြမ်းပြင်ပေါ်ကို ထိရိုက်ကာ ကျသွားလိုက်ပြီးတော့ ပါဝါပွင့်သွားခဲ့ကာ စက်ခရင်က မီးလင်းလာခဲ့တယ်။
ကျီရှောင်အုံး အကုန်းလုံးကို ပြန်ကောက်ယူလိုက်ပြီး သူမ ကျောပိုးအိတ်ထဲကို ပြန်ထည့်လိုက်တယ်။ သူမ ရမ် ပြန်လာတာကို စောင့်ပြီး သူနဲ့ စကားပြောဖို့ စီမံလိုက်တော့တယ်။
သို့ပေမဲ့လည်း ကျီရှောင်အုံး မနက် ၆ နာရီကနေ နေ့လယ်၊ နေ့လယ်ကနေ ညနေ ၆နာရီကနေ စောင့်ခဲ့တာတောင် ရမ် က ပြန်ရောက်မလာခဲ့ပါဘူး။
ကျီရှောင်အုံး သူမ လက်ပတ်နာရီက မိနစ်တံကို ကြည့်လိုက်ပြီးတော့ သူမစိတ်အခြေအနေက နည်းနည်းချင်းစီ နစ်မြုတ်ဝင်သွားတော့တယ်။
သူ တမင်သက်သက် ပြန်မလာတာတော့ မဟုတ်ပါဘူးနော် ဒါမှမဟုတ် တစ်ခုခုဖြစ်လို့များလား။
၅နာရီ ၅၉မိနစ် ရောက်တော့ စက္ကန့်တံက နောက်ဆုံးအကန့်ကို ဖြတ်သန်းသွားလိုက်ပြီး အပြင်ဘက်ရှိ ကောင်းကင်က
မဲမှောင်ကျသွားကာ ညဘက်ကိုရောက်သွားတော့တယ်။
ကျီရှောင်အုံး မတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီ လျှောက်လိုက်ခဲ့ကာ ပြတင်းပေါက်ကို ဖွင့်မလို့ လုပ်လိုက်ခဲ့တယ်။
ရုတ်တရက် ရင်းနှီးတဲ့အသံတစ်ခု ကြားလိုက်ရသလို ထင်လိုက်ရတယ်။
ကျီရှောင်အုံး လှုပ်ရှားမှုတွေက တောင့်ခဲသွားလိုက်ပြီး သူမ စောင့်နေလိုက်တယ်။ ဒါပေမဲ့ အသံက ဆက်ထွက်လာလိုက်ခဲ့တယ်။
ဖုန်းမြည်သံက ကြားနေကျဖြစ်ဆုံး တေးသီချင်းတစ်ပုဒ်ပါပဲ။
------- သူမ ကျောပိုးအိတ်ထဲကပဲ။
ကျီရှောင်အုံး လျင်မြန်စွာနဲ့ ပြတင်းပေါက်ဆီကနေ ပြန်လာလိုက်ပြီး ကျောပိုးအိတ်ကနေ သူမ ဖုန်းကို ထုတ်လိုက်တယ်။ သူမ ခေါ်တဲ့သူ
နံပါတ်တောင် မမြင်ရသေးဘဲ သူမ အဖြေခလုတ်ကို နှိပ်လိုက်ပြီး သူမနားနား ကပ်ခဲ့လိုက်တော့တယ်။
သူမ ဖုန်းက ရုတ်တရက်ကြီး ထိုးကျသွားမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။
ဖုန်းတစ်ဖက်ကသူက သူမတို့တွေ ချိတ်မိသွားလိုက်မယ်လို့ ထင်လိုက်ပုံမရပေ။ သူမတို့တွေ တောင့်ခဲနေကြပြီး ပျော့ပြောင်းတဲ့အသံတစ်သံက စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ခဲ့တယ်။ "အုံး.... သမီးလား"
ဖုန်းကို ကိုင်ထားတဲ့ ကျီရှောင်အုံးရဲ့လက်က ဆတ်ဆတ်တုန်သွားခဲ့ပြီး အလွန်နှေးကွေးစွာနဲ့ မယုံကြည်စွာနဲ့မေးလိုက်လေတယ်။ "အမေ အမေလား"
The End.....