Chapter 61
Viewers 9k

အပိုင်း (၆၁)




" အသည်းလေး တကယ်ပဲ သမီးလေးပဲ..."


တစ်ဖက်က အမျိုးသမီးအသံက မတည်ငြိမ်နိုင်တော့ဘဲ သူမအသံက အားပျော့နေပေမဲ့ သူမ သွက်လက်စွာ ပြောလိုက်တယ်။ "အသည်းလေး သမီးဘယ်တွေရောက်နေတာလဲ"


" အသည်းလေး"ဆိုတာက ကျီရှောင်အုံး၏ ကလေးလေးတုန်းက ငယ်နာမည်ပဲဖြစ်တယ်။ အဲဒါက "ကလေးလေး" လို့လည်း အဓိပ္ပါယ်ရတာပဲဖြစ်တယ်။


ကျီရှောင်အုံးက ထိတ်လန့်နေဆဲဖြစ်ပြီး သူမမျက်လုံးတွေကို မော့ကြည့်လိုက်တော့ သစ်သားအိမ်ဝိုင်းကျယ်ကြီးကို မြင်လိုက်ရတော့ "သမီး... သမီး အဝေးကြီးမှာ ရောက်နေတာ"


ကျီရှောင်အုံးရဲ့အမေက မေးလိုက်တယ်။ "အရမ်းဝေးတဲ့နေရာလား။ အနီးအနားမှာ တစ်ခုခုထူးခြားတာရှိလား။ သမီးနဲ့အတူ အခု ဘယ်သူရှိနေလဲ"


ကျီရှောင်အုံး အလန့်တကြားဖြစ်သွားလိုက်တယ်။ "သမီး. . . " သူမက သားရဲလူတစ်ယောက်နဲ့ အတူတူရှိနေတယ်လို့ ဘယ်လိုလုပ် ပြောရက်မှာလဲ။ သူမအမေက သူမကိုယုံမှာတဲ့လား။


ဖုန်းရဲ့ လိုင်းဆွဲအားက ရုတ်တရက်အားနည်းသွားခဲ့ကာ လုံးလုံးပြတ်တောင်းပြတ်တောင်းဖြစ်သွားလိုက်ပြီး နောက်တစ်စက္ကန့်မှာပဲ အသံက ပျောက်ကွယ်သွားတော့မလိုပင်။ ကျီရှောင်အုံး ဖုန်းကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး အလောသုံးဆယ်ပြောလိုက်တယ်။ "အမေ သမီးအခုအဆင်ပြေတယ်။ သမီး ဘာအန္တရာယ်မှ မရှိပါဘူး... မေမေနဲ့ ဖေဖေ စိတ်မပူနဲ့တော့နော်"


သူမ စကားတွေပြောပြီးတဲ့နောက် တစ်ဖက်ကဖုန်းက ဝုန်းခနဲ့ လွတ်ကျတဲ့ အသံတစ်ခုနဲ့အတူ ကျီရှောင်အုံးရဲ့အမေ အသံက ပျောက်ရှသွားခဲ့တယ်။ ECG မော်နီတာ၏ ပုံမှန်မဟုတ်သော အသံနှင့် ပြေးလွှားနေတဲ့ခြေသံများနဲ့ အစားထိုးသွားလိုက်ခဲ့တော့တယ်။


နောက်ဆုံးကြားလိုက်ရတဲ့ အသံကတော့ သူနာပြုဆရာမတစ်ယောက်က ဆရာဝန်ကို ခေါ်နေတဲ့ အသံပဲဖြစ်တယ်။


"လူနာက စိတ်​မတည်​မငြိမ်​ဖြစ်​​နေတယ်​၊ ​ဒေါက်​တာလီကို ဖုန်းဆက်​လိုက်​!"


အဲဒီနောက်မှာတော့ အသံတွေအားလုံး ပြတ်တောက်သွားကာ ဖုန်းခေါ်သံက အသံတိတ်ကြီးပဲ ဆက်တိုက် ထွက်လာခဲ့တယ်။ 


. . .


ကျီရှောင်အုံး တစ်ယောက် နေရာတွင်ပင် ရှိနေခဲ့ပြီး သူမစိတ်ထဲ ကမောက်ကမ ဖြစ်သွားတော့တယ်။


'အမေက ဆေးရုံတက်နေရတာလား။'


'ဘာဖြစ်လို့ပါလိမ့်။'


'သူမ နေမကောင်းလို့လား ဒါမှမဟုတ် တစ်ခုခုဖြစ်လို့လား။'


ကျီရှောင်အုံး သူမရဲ့တုန်ရီနေတဲ့ လက်တွေကို ထိန်းချုပ်ကာ နောက်ဆုံးဖုန်း ပြန် ခေါဆိုလိုက်ခဲ့တယ်။ ဒါပေမယ့် ဖုန်းလိုင်းက ပြတ်တောက်သွားပြီး ဖုန်းခေါ်လို့ မရတော့ပါဘူး။


သူမ အရှုံးမပေးခဲ့ဘဲ အကြိမ်ကြိမ်တော်တော်များများ ခေါ်ကြည့်လိုက်တာကနေ နောက်ဆုံး ဖုန်းအားက လုံးဝအကပ်သတ်လေးပဲ ကျန်တော့ပြီး ဖုန်းက အလိုအလျောက် စက်ပိတ်ကျသွားတဲ့အထိပါပဲ။


ခုနလေးက ချိတ်ဆက်သွားမိတဲ့ စက္ကန့်ပိုင်းက သူမစိတ်ခြောက်ခြားသွားလို့ပဲ နေပါမယ်။


သို့ပေမဲ့လည်း အဲဒီလို မဟုတ်တာကို ကျီရှောင်အုံး သိနေပါတယ်။


အခြားတစ်ဖက်မှ သူမအမေရဲ့အသံက အရမ်းကြည်လင်နေပြီးတော့ အရမ်းလည်း ရင်းနှီးနေတာပဲ သူမနဲ့ အရင်တုန်းက အကြိမ်ပေါင်းမြောက်များစွာ ဖုန်းပြောခဲ့ဖူးသလိုပါပဲ။ 


ကျီရှောင်အုံး ရုတ်တရက် ထရပ်လိုက်ပြီး သူမကျောပိုးအိတ်ထဲမှ ဆွဇ်စစ်တပ်သုံးဓားကို ရှာလိုက်ခဲ့တယ်။ သူမ တံခါးကို သွားလိုက်ကာ သော့ကို ကလော်ဖွင့်ဖို့ ကြိုးစားဖို့ဖြစ်တယ်။


သို့ပေမဲ့လည်း သူမ တံခါးဆီသို့ လျှောက်လာနေတုန်းမှာပဲ တံခါးက အပြင်ဘက်မှကနေ သတိမပေးပါဘဲနဲ့ တွန်းဝင်လာပြီး ခြေတံရှည်တစ်စုံက ဝင်ရောက်လာခဲ့ပါတယ်။


အပြင်ဘက်တွင်တော့ လေနုအေးများက တိုက်ခတ်နေပြီး မိုးဖွဲဖွဲလေးကပါ သယ်ဆောင်လာခဲ့လိုက်၏။


ရမ်ရဲ့ ပခုံးသားတွေနှင့် ခန္ဓာကိုယ်က စိုစွတ်နေပြီး သူ့ဖိနပ်တွေကလည်း ရွှံ့တွေအပြည့်ဖြစ်နေခဲ့တယ်။


သူ့မျက်လုံးတွေက ကျီရှောင်အုံးရဲ့လက်တွေဆီ ကျရောက်သွားပြီး ဓါးကိုတွေ့တော့ သူ ခဏလောက် ရပ်တန့်သွားလိုက်ကာ အသံထုတ်လိုက်တယ် "ဘာဖြစ်တာလဲ"


ကျီရှောင်အုံးက သူမ ဓားကို အလျင်စလို ပြန်သိမ်းလိုက်ပြီး ရှင်းပြလိုက်တယ်။ "နင်က တံခါးကို သော့ခတ်သွားတော့ ငါ ထွက်လို့မရလို့..."


"မိုးရာသီမှာ အပြင်ထွက်ရင် အန္တရာယ်ရှိတယ်" ရမ်က တံခါးကိုပိတ်ချပြီး သူ့သားမွေးအင်္ကျီကို ဆွဲချွတ်ရင်း ပြောလိုက်တယ်။


မဝင်ခင်တွင် သူ့သားကောင်ကို မီးဖိုချောင်ထဲ ပစ်ပေါက်လိုက်ပေမယ့် သွေးနံ့တွေက မဆေးကြောရသေးပေ။


ရမ်ရဲ့ ခန္ဓာကိုယ်က အလွန်ကို ကြည့်ကောင်းတာပင်။ သူ့အဝတ်အစားတွေကို ချွတ်ချလိုက်ပြီးနောက် သူ့ပခုံးတွေ ကျယ်ပြန့်ပြီး ခါးက ကျဉ်းမြောင်းတာပဲ။ သူ့ရဲ့ကျောရိုးက ဖြောင့်မတ်နေပြီး သူ့ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားတွေက တောင့်တင်းသန်မာလေတယ်။


သူ့ကြည့်ရတာ မနေ့က ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားပုံရပြီး ကျီရှောင်အုံးကို ဖြတ်ကျော်ကာ နောက်ထပ်အင်္ကျီတစ်ထည်ကို လှမ်းယူလိုက်တယ်။


သို့ပေမဲ့လည်း ကျီရှောင်အုံးကတော့ မမေ့ထားနိုင်ပေ၊ အထူးသဖြင့် ခုနလေးက ဝင်လာတဲ့ဖုန်းနဲ့ သူမအမေဖြစ်သူ ဆေးရုံရောက်နေတယ်ဆိုတာ သိသွားလိုက်ခဲ့တာပဲ။


ကျီရှောင်အုံး သူမမျက်လုံးတွေကို လွှဲအကည့်၍ အချိန်ကြာကြီး တွန့်ဆုတ်လိုက်ပြီးမှ နောက်ဆုံးတွင် သူမပြောလိုက်၏။ "ရမ် ငါ နင့်နဲ့ ဆွေးနွေးစရာရှိတယ်" 


ရမ်က သူ့အဝတ်အစားတွေကို လဲလိုက်၍ ခဏရပ်တန့်သွားလိုက်ပြီး သူမဘာပြောချင်လဲဆိုတာ သိနေပုံရတဲ့အတိုင်း သူ တည်ငြိမ်စွာ ပြောလိုက်တယ် "တောင်းပန်ပါတယ် ကိုယ်တော့ မပြောချင်ဘူး" 


ကျီရှောင်အုံးက သူမခေါင်းကို ငိုက်စိုက်ကာ သူငြင်းငြင်း မငြင်းငြင်း ပြောလိုက်တယ်။ "ငါ့အမေ နေမကောင်းဖြစ်နေတယ်........ 


.အခြေအနေဆိုးလား မဆိုးလား ငါမသိဘူး။ ငါ ငါအမေကို ပြန်သွားကြည့်ချင်တယ်" 


ပြောရမယ်ဆိုရင် သူမဆီမှာ မကောင်းတဲ့အရာကို အလိုလိုသိနေတဲ့ စိတ်တစ်မျိုးရှိတယ်။


သူ့အမေရဲ့ ခန္ဓာကိုယ်က အမြဲတမ်းပဲ ကျန်းမာရေးကောင်းတယ်။ ကျောင်းက နှစ်တိုင်းနှစ်တိုင်း ပုံမှန်ဆေးစစ်ဖို့ စီစဉ်ထားပေးတာပဲ၊ သူ ဘယ်လိုလုပ် ဒီလောက်ထိ နေမကောင်းဖြစ်နိုင်မှာလဲ။


နောက်ဆုံးတော့ ရမ်က သူမကို ကြည့်လိုက်ပြီး သူ့ရဲ့နက်မှောင်ပိတ်မည်းနေတဲ့ မျက်ဝန်းပြာတွေကို သူမအပေါ်ကို ကျောက်ချလိုက်ပြီး "မင်းက ဘယ်လိုပြန်မှာလဲ"


ကျီရှောင်အုံးက သူမရဲ့ အောက်နှုတ်ခမ်းသားကို ကိုက်လိုက်ပြီး "ပက်ကို ရှာဖို့ အရှေ့အရပ်ကိုသွားမယ်"


"ကိုယ်ပြောထားတယ်လေ လမ်းမှာ မျိုးနွယ်စုတွေ အများကြီးရှိတယ်လို့"


"ငါ့မှာ ယမ်းမှုန့် ရှိတယ်" ကျီရှောင်အုံးက သူမ၏ နက်မှောင်သော မျက်လုံးများကို မော့ပြီး ပြောလိုက်တယ်။ မျက်လုံးတွေရဲ့ အတိမ်အနက်က ဆုံးဖြတ်ချက်ခိုင်မာပြီး မယိမ်းမယိုင်ရှိနေခဲ့၏။ "ပြီးတော့... ငါ့မှာ နင့်မှာ မရှိတဲ့အရာတွေ အများကြီးရှိတယ်။" ဒီအရာတွေက သူမအဖို့ ဒီတိုက်ကြီးမှာ အသက်ရှင်သန်ဖို့ လုံလောက်နေတာပဲလေ။


"ဒါဆို မင်း​ပြန်​သွားပြီးရင်​ ပြန်​လာဦးမှာလား" ရမ်အသံက အက်ကွဲနေခဲ့ပြီး သူ့လည်ချောင်းရဲ့ အနက်ရှိုင်းဆုံးကနေ အသံထွက်ရှိလာလိုက်တယ်။


ကျီရှောင်အုံး ချက်ချင်းကြီး ပြောစရာစကားရှာမရဘဲ ဆို့နင့်သွားတော့တယ်။


ပြန်လာမှာလားဆိုတဲ့ မေးခွန်းကို သူမ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ ပြန်သွားပြီးသွားရင် သူမ ပြန်လာနိုင်ဦးမှာလား။


သူမ ဘယ်လို ပြန်လာရမှာလဲ။ ဘာလို့ ပြန်လာရဦးမှာလဲ။


သူမ ပြန်မဖြေသော်လည်း ကျီရှောင်အုံး၏ တိတ်ဆိတ်နေမှုက သူမရဲ့ရပ်တည်ချက်ကို ထုတ်ဖော်ပြနေခဲ့တယ်။


ရမ် သူ့ မျက်လုံးတွေကို မှိတ်ချပြီး တစ်ဖန်ပြန်ဖွင့်လိုက်ကာ အကြင်နာမဲ့စွာ ပြောထွက်လိုက်၏။ "ဒီလိုဆို ကိုယ့်အဖြေက မရဘူးပေါ့" 


ကျီရှောင်အုံးရဲ့ မျက်နှာက ဖြူဖတ်သွားလိုက်ပြီး သူမ တုန်လှုပ်သွားကာ သူမအမေရဲ့ "အသည်းလေး" လို့ ညင်သာစွာ ခေါ်ဆိုလိုက်သံကိုသာ တွေးတောမိလိုက်တော့တယ်။


"အသည်းလေး" 


သူမဖုန်းကို ပါဝါမဖွင့်ထားတာက တော်တော်ကြာနေပြီဖြစ်တယ်။ ဒီနေ့က အမှတ်တမဲ့နဲ့ ပါဝါဖွင့်မိသွားပြီး သူ့အမေ ဖုန်းခေါ်ဆိုမှုကို လက်ခံရလိုက်ခဲ့တာပဲ။


ကျီရှောင်အုံး သူမဆီခေါ်လိုက်တဲ့ ဖုန်းခေါ်မှုတွေ ဘယ်လောက်တောင်မှ ရှိနေမလဲဆိုတာ ခက်ခက်ခဲခဲ တွေးတော မြင်ယောင်နိုင်လေတယ်။ သူမ ဖုန်းနံပါတ်ကို ထပ်ခါတလဲလဲ ဖိနှိပ်ရလွန်းလို့ သူမမျှော်လင့်ချက်တွေ ပျက်သုဉ်းရတဲ့ အကြိမ်ဘယ်လောက်တောင်ရှိနေမှာများလဲ။


ပြီးတော့လည်း ဒီနေရာမှာ နေဖို့ သူမဘာသူမလည်း ယုံကြည်မှု မရှိနိုင်တော့ဘူး။


သူမ သူမအမေကို သတိရပြီးနေရင် သူမတစ်သက်လုံး နောင်တရလိမ့်မှာပဲ။


*


ညသန်းခေါင်ကျော်သွားပြီးတော့ မိုးက တဖြည်းဖြည်း ပါးလာခဲ့တယ်။ ပြတင်းပေါက်က ဖြတ်သန်းလာတဲ့ အလင်းရောင်မှိန်တုတ်တုတ်လေးတစ်ခုတောင် မရှိတာမို့ တောင်ကြားတစ်ခုလုံးကို အနက်ရောင် ပိတ်ပါးလွှာတစ်လွှာ ခြုံလွှမ်းထားလိုက်ပုံ ထင်လိုက်ရတယ်။


ကျီရှောင်အုံး သူမမျက်လုံးတွေကို ဖွင့်လှစ်လိုက်ပြီး သူမခါးပေါ်က ရမ်ရဲ့လက်မောင်းကို ဂရုစိုက်စွာ ဖယ်လိုက်ခဲ့တယ်။


ဒါပေမယ့် ရမ်က သူမကို အလွန်တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အကြိမ်တော်တော်များများ ကြိုးပမ်းတာတောင် မအောင်မြင်ခဲ့ပါဘူး။


. . .


အဆုံးတွင်တော့ ကျီရှောင်အုံး လုံ့လစိုက်ထုတ်မှုအားလုံး လုပ်လိုက်ခဲ့ပြီး ရမ်ရဲ့ ရင်ခွင်ထဲကနေ ခွာထုတ်လိုက်နိုင်ခဲ့တယ်။


သူမ အဝတ်အစားဝတ်လိုက်ပြီး သူမပစ္စည်းတွေကို ထုပ်ပိုးလိုက်ပြီးတော့ သူမနေရာလွတ်ထဲကနေ မိုးကာအင်္ကျတစ်ထည် ထုတ်ကာ ယူဝတ်လိုက်ခဲ့ပြီး အစမှ အဆုံးထိ အသံတစ်သံမှ မထွက်အောင် လုပ်လိုက်ခဲ့တယ်။


တံခါးကိုဖွင့်ဖို့ အဆင်သင့်ဖြစ်နေပြီး ဖွင့်မလို့ လုပ်လိုက်စဉ်မှာပဲ လက်မောင်းတစ်ဖက်က သူမခါးပေါ်ကို လာရစ်ပတ်လိုက်ပြီး ဘာမပြောညာမပြောနဲ့ ကောက်ပွေ့လိုက်ကာ သူမအား ကုတင်ပေါ်သို့ ပစ်ပေါက်လိုက်ခဲ့တယ်။ 


ကျီရှောင်အုံး ကုတင်ပေါ် ပစ်တင်ခံလိုက်ရတော့ လန့်ဖျပ်သွားပြီး သူမ မျက်လုံးကိုဖွင့်လိုက်ကာ သူမ ခေါင်းအထက်မှ ရမ့်ကို မော့ကြည့်လိုက်ကာ "နင် ဘယ်လိုလုပ်......."


'သူ ဘယ်တုန်းတည်းက နိုးနေတာလဲ'


ရမ်က သူမကို စကားပြောဖို့ အခွင့်မပေးဘဲ သူ သူမလက်တွေကို တင်းတင်းချုပ်ကိုင်ထားလိုက်ကာ သူ့ကိုယ်ကို ကိုင်းညွှတ်၍ သူမရဲ့တုန်ရီနေတဲ့ နှုတ်ခမ်းတွေကို ဖုံးအုပ်လိုက်ခဲ့တော့တယ်။


သူမ လက်ခံပေးဖို့ကို သူ မစောင့်နိုင်တော့တည်းက သိမ်းပိုက်ယူဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။


ရမ် သူမသွားတွေကို ထိုးကလော်ဖွင့်ကာ သူမပါးစပ်ထဲသို့ ထိုးဖောက်၍ အသည်းအသန် နှိုက်ချွတ်လိုက်တော့တယ်။


ဒီအနမ်းက နူးညံ့တဲ့အနမ်းမဟုတ်သလို သိမ်မွေ့မှုလည်း မရှိခဲ့ပေ။ အရင်တုန်းကနဲ့ နှိုင်းယှဉ်ရင် သူရဲ့သနားကြင်နာမှုအားလုံး လုံးလုံးပျောက်ဆုံးခဲ့ပြီး လူမဆန်တဲ့ ဆိုးယုတ်မှုများနဲ့ ပြည့်နှက်နေခဲ့၏။


သူ သူမအား ဝါးမြိုချင်တယ်၊ သူမကို ဖျက်ဆီးပစ်ချင်နေတယ်၊ သူမကို ပြင်းပြင်းပြပြ စားသောက်ချင်နေသည့်အတိုင်းပင်။


"အား မလုပ်ပါနဲ့..." ကျီရှောင်အုံး သူမပါးစပ်ကို မဖွင့်ခဲ့ဘဲ သူ့အချစ်တွေကို ရှောင်ရှားဖို့ ကြိုးစားလိုက်ခဲ့တယ်။


ကံမကောင်းတာက ရမ်က သူမစကားကို နားမထောင်ခဲ့ဘဲ သူမရဲ့ အောက်နှုတ်ခမ်းသားကို ကိုက်ခဲလိုက်ကာ သူမရဲ့သေးသွယ်ကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ဖော်ထုတ်ဖို့ရာ သူမရဲ့မိုးကာအင်္ကျီကို သူ့ရဲ့သားရဲလက်ဖဝါးဖြင့် ပြောင်တလင်းခွာအောင် ချွတ်ချလိုက်ခဲ့၏။


ကျီရှောင်အုံး တုန်ရီသွားပြီး နောက်ထပ် ဘာတွေဆက်ဖြစ်မလဲဆိုတာ သူမ သိလိုက်တော့တယ်။


ပြတင်းပေါက် အပြင်ဘက်တွင်တော့ မိုးတွေက ကျယ်လောင်စွာနဲ့ တဝေါဝေါ ထစ်ချုန်းရွာကျနေခဲ့၏။


ရုတ်တရက် ပြတင်းပေါက်ကို ဖြတ်ကျော်၍ လက်ခနဲ လျှပ်စီးလင်းလက်သွားခဲ့တာက အိမ်တွင်းရှိ မြင်ကွင်းကို ခေတ္တမျှ ထွန်းလင်းပြလိုက်ခဲ့တယ်။


အရပ်ရှည်တဲ့ သားရဲလူသားက မိန်းကလေးငယ်၏ သွယ်လျ ရှည်လျားတဲ့ ခြေတံရှည်များကို ခွဲထုတ်လိုက်ပြီး သူမနဲ့ဆန့်ကျင်ဘက်မှ သူ့ရဲ့တောင့်တင်းသန်မာတဲ့ခါးအား တည်ခင်း၍ သူမထဲသို့ နက်နက်ရှိုင်းရှိုင်း ဖိချနေခဲ့သည်။


. . .


. . .


ရှည်လျား ကြာမြင့်သော အချိန်တစ်ခုဖြစ်တည်သွားလိုက်၏။


လေထုက ဆိတ်ငြိမ်သက်နေပြီး မိုးခြိမ်းသံတစ်ခုသာ ထွက်ပေါ်နေခဲ့၏။


"ဇိ....ဇိ--"


ကျီရှောင်အုံး သူမရဲ့လျှပ်စစ်ကျင်စက်အား လက်နှစ်ဖက်စလုံးနဲ့ ကိုင်လိုက်၍ ရမ်၏ လည်ပင်းအား ထိကပ်လိုက်ခဲ့ပြီး သူမအောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ သူ့အား မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေလိုက်ခဲ့၏။


ရမ်၏ မျက်လုံးများက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူမအား သူ့ရဲ့နက်ရှိုင်းတဲ့ သူငယ်အိမ်ပြာပြာထဲတွင် ရောင်ပြန်ဟပ်နေလိုက်ခဲ့တယ်။ သူ့ကြည့်ရတာ သူမရဲ့လုပ်ရပ်ကို မျှော်လင့်ထားသည့် ပုံမရပေ။ သူမဘေးရှိ လက်မောင်းအား အနည်းငယ်မြှောက်ပင့်ကာ သူမကို ထိကြည့်ဖို့ လုပ်လိုက်ခဲ့တယ်။ 


ကျီရှောင်အုံး သူမ စိတ်ထဲမှာ ထိတ်လန့်တကြားဖြစ်သွားလိုက်ခဲ့ပြီး သူ သူမကို ဆက်ပြီး တွန်းအားပေးဦးမယ်လို့ တွေးတောလိုက်ကာ သူမဟာ ချက်ချင်းပဲ လျှပ်စီးပတ်လမ်းရဲ့ ပြင်းထန်မှုကို တိုးမြှင့်လိုက်ပြီး သူ့လည်ပင်းဆီ တစ်ဖန် ဖိကပ်လိုက်ခဲ့တော့တယ်။


လျှပ်စစ်ကျင်စက်က အလွန်အစွမ်းထက်တာကြောင့် လျှပ်စီးက သူ့ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်းဆီသို့ စိမ့်ဝင်သွားစေလိုက်သည်။


ရမ်၏မျက်လုံးသူငယ်အိမ်တွေက လျော့ရဲနေပေမဲ့ သူမအား စိုက်ကြည့်နေဆဲဖြစ်ပြီး သူမအား ရှင်းရှင်းလင်းလင်းမြင်နိုင်သလိုမျိုး သူ့သွားတွေအား လှစ်ဟပ်ပြနေခဲ့တယ်။


နောက်ဆုံးတွင်တော့ သူ့ခန္ဓာကိုယ်က ဝန်လျော့သွားလိုက်ပြီးတော့ ဖြောင့်တန်းသွားခဲ့ကာ ပြိုလဲကျသွားတော့တယ်။


TheEnd...