Chapter 62
Viewers 9k

အပိုင်း (၆၂)


'သူမ ပြန်ရောက်လာတာလား။'


ကျီရှောင်အုံးရဲ့ ခေါင်းတွေက မူးဝေနောက်ကျိနေခဲ့ပြီး တော်တော်လေး အိပ်ချင်နေတုန်းပင်။


သူမ သတိရမိတဲ့ နောက်ဆုံးအရာကတော့ သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ထိုင်ရင်း အဝေးက အမှောင်ထုကို လှမ်းကြည့်ကာ မိုးလင်းတာကို စောင့်နေလိုက်တာပဲ။


အဲဒီအချိန်မှာ သူမ အရမ်းကိုပင်ပန်းနွမ်းနယ်နေခဲ့ပြီး သူမလုပ်ချင်တာအားလုံးက သူမမျက်လုံးတွေကို မှိတ်ချပြီး ခဏလောက် အနားယူပစ်လိုက်ချင်တာပါပဲ။


ဒါပေမယ့် ထူးဆန်းတဲ့ ဆွဲအားတစ်ခုက သူမအား သူမနေရာလွတ်ထဲကို ဆွဲခေါ်သွားလိုက်သလိုမျိုး သူမကို ဆွဲသွင်းလိုက်ခဲ့တယ်။ သူမ ဒီထူးဆန်းတဲ့ ကုန်းမြေတိုက်ကြီးကို ရောက်လာတုန်းကလိုမျိုး သူမ ခန္ဓာကိုယ်က နစ်မြုပ်သွားခဲ့ပြီး ခြေကုန်လုက်ပန်းကျရာကနေ သူမ နောက်ဆုံး သတိလစ်တဲ့အထိ နစ်မြုပ်သွားလိုက်ခဲ့ပါတယ်။


သတိလစ်သွားခဲ့တာက တစ်ခုခုမှားယွင်းနေလိမ့်မယ်လို့ သူမ မခံစားလိုက်ခဲ့ပေ။


'သူမ ဒီကို ဘယ်လိုလုပ် ရောက်လာတာများလဲ။'


'သူမကို ဘယ်သူ ကယ်ခဲ့တာများလဲ။'


ကျီရှောင်အုံး တစ်ယောက်ယောက်ကို မေးလိုက်ချင်ပေမဲ့ သူမက လူနာဆောင်ထဲတွင်ရှိတဲ့ တစ်ဦးတည်းသော လူနာဖြစ်နေပြီး ဘေးကပ်လျက်က ကုတင်နှစ်လုံးမှာလည်း လွတ်နေခဲ့တယ်။


သူမရဲ့ဆေးဖြည့်သွင်းတဲ့ ပြွန်ပိုက်ထိပ်က ဆေးအိတ်က ဆေးရည်က မကုန်သေးဘဲ ဘေးက နာရီရဲ့ "ချက်....ချက်" မြည်သံကလွဲလို့ လူနာဆောင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပါတယ်။


လူနာဆောင်တံခါးက တွန်းဖွင့်လာလိုက်သည်ကို မြင်လိုက်ရပြီး ကျောင်းသား တစ်ယောက် လျှောက်ဝင်လာလိုက်ခဲ့၏။ 


"နင် နိုးလာပြီလား" ကောင်လေး က ကုတင်ဘေးမှာ လာရပ်နေပြီး သူ့ရဲ့ချောမောတဲ့ အသွင်အပြင်က အံ့အားသင့်မှုတစ်ခုအား 


ထုတ်ဖော်ပြနေခဲ့ပါတယ်။ သူ မေးလိုက်၏။ "နင် ဗိုက်ဆာနေလား တစ်ခုခုစားချင်လား " 


ကျီရှောင်အုံးက သူ့ကိုကြည့်ရှုလိုက်ပြီးတော့ မတွေ့ရတာ အရမ်းကြာသွားတော့ သူ့နာမည်ကို ထွက်ရတာ နည်းနည်း အထစ် အငေါ့ ဖြစ်သွားလိုက်တယ်။ "လု.....ချီချန်လား"


ကောင်လေးက ခေါင်းညိတ်လိုက်တယ်။ "နင့် အဖျားက ပျောက်လုနီးနေပြီလို့ သူနာပြုက ပြောတယ်၊ နင် အစာပေါ့ပေါ့တွေ စားလို့ရတယ်။"


ကျီရှောင်အုံး လန့်ဖျန့်သွားပြီး "နင်.... နင်က ဘာလို့ ဒီကိုရောက်နေတာလဲ"


လုချီချန်းက သူမရဲ့ အထက်တန်းကျောင်းက အတန်းဖော်သူငယ်ချင်းပဲဖြစ်တယ်။ သူက အတန်းထဲတွင် သူမရှေ့မှာ ထိုင်ပြီး သင်္ချာကော်မတီဝင်တစ်ဦးလည်း ဖြစ်၏။


ကျီရှောင်အုံရဲ့ လေကာအင်္ကျီက သူမနဲ့အတူ သားရဲကမ္ဘာကနေ ဖြတ်သန်းလာခဲ့တာပဲ။


အဲဒါက အဓိကအချက် မဟုတ်ပါဘူး။ အဓိကအချက်က . . သူ ဘာဖြစ်လို့ သူမနဲ့ အတူတူရှိနေရတာလဲ။


လုချီချန်းက ခဏရပ်သွားလိုက်ပြီး သူ့မျက်နှာအသားအရောင်က ပုံမှန်လိုမျိုးနဲ့ ရှင်းပြလိုက်တယ်။ "မနေ့က ငါတို့ စခန်းသွင်းခရီးသွားခဲ့ဖူးတဲ့တောင်ကို ငါ ဖြတ်သွားမိလိုက်တာ နင် လမ်းဘေးမှာ သတိလစ်နေတာကို ငါ တွေ့ခဲ့တာနဲ့ ငါ နင့်ကို ပြန်ခေါ်လာခဲ့တာပဲ"


ကျီရှောင်အုံး: " ..."


လုချီချန်း ထပ်မံပြောလိုက်ခဲ့တယ်။ "ငါ နင့် အဖေနဲ့အမေဆီကို အကြောင်းကြားပြီးသွားပြီ၊ မကြာခင် သူတို့ရောက်လာလိမ့်မယ်"


အဖေကျီနဲ့ အဖေလုတို့က အထက်တန်း ကျောင်းနေဖက်များဖြစ်ကြပြီး မိသားစုနှစ်စုက မကြာခဏ အသွားအလာရှိတာမို့ လုချီချန်း အတွက် သူမမိဘတွေဆီ ဆက်သွယ်ပေးတာက အထူးအဆန်းမဟုတ်ပေ။


လုချီချန်းက ကျီရှောင်အုံး ပျောက်ဆုံးနေတဲ့ ခြောက်လတာကာလကနေ အခုချိန်ထိ ဖြစ်ပျက်ခဲ့တာတွေအား ပေါ့ပေါ့ပါးပါး ပြောပြသွားခဲ့တယ်။


ကျီရှောင်အုံး ပျောက်ဆုံးသွားပြီးနောက်တွင် သူမမိသားစုအတွက် ထိုးနှက်ချက်က အလွန်ပြင်းထန်ခဲ့ပါတယ်၊ အထူးသဖြင့် သူမအမေပဲဖြစ်တယ်။ သူမမျက်နှာပေါ်က မျက်ရည်တွေသုတ်ပြီး ဒီလောက်အန္တရာယ်များတဲ့ နေရာကိုသွားတဲ့ ခရီးစဉ်အား မတားမြစ်မိလိုက်ရတာကို နောင်တအကြီးအကျယ်ရနေခဲ့တယ်။


ကျီရှောင်အုံး ပျောက်ကွယ်သွားပြီး ပထမသုံးလတာမှာတော့ သူမအဖေနှင့် ဦးလေးဖြစ်သူတို့က သူမကို ရှာဖွေဖို့ ချောက်ကမ်းပါးဆီသို့ နေ့တိုင်းပဲ သွားခဲ့ကြတယ်။ သူတို့တွေ အနီးနားက ရွာတွေကိုတောင် သွားရောက်ခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် မေးမြန်းလိုက်ခဲ့ကြတယ်။


သို့ပေမဲ့လည်း ကျီရှောင်အုံးဘယ်နေရာမှာ ရှိနေလဲဆိုတာကိုတော့ လုံးဝ မသိခဲ့ရတုန်းပင်။


မကြာသေးမီက သူမအဖေက ခဏခဏ အပြင်ထွက်မရှာတော့ပေမဲ့ သူ့သမီးဖြစ်သူကို ရှာတွေ့ဖို့ကိုတော့ အလျှော့မပေးသေးပေ။ သူမအဖေက ရဲစခန်းကိုတောင် သွားရောက်ခဲ့ပြီး ရဲတွေဆီက သတင်းကို စောင့်ဆိုင်းနေခဲ့တယ်။


အခုတော့ ရဲတွေက သူ့ကို သတင်းမပေးခဲ့ပေ။


အဲဒီအစား သူ့သူငယ်ချင်းဟောင်းရဲ့ သားဆီကနေသာ သတင်း ရောက်လာခဲ့ပါတယ်။


အဲဒီသူငယ်ချင်းဟောင်းရဲ့သားက အဲဒီတောင်ပေါ်ကို "မတော်တဆ"အနေနဲ့ ဖြတ်သွားတာပဲဖြစ်စေ မဖြတ်တာပဲဖြစ်ဖြစ်ဆိုတာက သူ့ကိုယ်ပိုင်နှလုံးသားထဲက သံသယတစ်ခုသာလျှင်ပဲ ရှိကောင်းရှိနိုင်လေတယ်။


လုချီချန်းက ကျီရှောင်အုံးကို ရှာတွေ့လိုက်ချိန်မှာတော့ သူမ အဖျားကြီးစွာနဲ့ လမ်းဘေးတွင် သတိလစ်နေခဲ့တာပဲဖြစ်၏။ သူမ အဝတ်အစားနဲ့ ဖိနပ်တွေက တစ်နေရာမှ လွတ်မြောက်လာခဲ့သည့်အတိုင်း ညစ်ပတ်ပေရေနေခဲ့ပြီး သူမတစ်ကိုယ်လုံး သနားစရာကောင်းစွာနဲ့ စိတ်မချမ်းမြေ့စရာဖြစ်နေခဲ့ပါတယ်။


'—--- သူမ ဒီတစ်လျှောက်လုံး ဘယ်နေရာမှာ ရှိနေခဲ့တာများလဲ။'


လုချီချန်း ကုတင်ပေါ်မှ ကောင်မလေးကို ကြည့်ကာ ထိုမေးခွန်းကို မေးလိုက်ချင်ပေမဲ့ ဆိုးရွားတဲ့အမှတ်ရစရာတစ်ခုခုကို အစဖော်မိမှာ စိုးရိမ်သွားခဲ့တယ်။ သူ နောက်ဆုံးတွင် ဘာမှ မမေးခဲ့လိုက်တော့ချေ။


လုချီချန်း က ပဲနှစ်နဲ့ ကြက်ဥ ဆန်ပြုတ် ဝယ်ဖို့ သွားလိုက်ပြီး ပြောလိုက်တယ်။ " ဒီနားမှာ ဘာမှ မရှိဘူး၊ နင် ဗိုက်ပြည့်ဖို့ နည်းနည်းစားထားဦး " 


ကျီရှောင်အုံး ခေါင်းညိတ်လိုက်တယ်။ အခုအချိန်အထိ အိပ်မက်တစ်ခုလိုပဲ အိမ်မက်ဆန်တဲ့ ခံစားချက်မျိုး ရှိတုန်းပင်။ အိပ်ရာမှ နိုးလာပြီးတော့ ကမ္ဘာနှစ်ခုက အလုံးစုံ ကွဲပြားခြားနားသွားခဲ့တာပင်။


သူမရဲ့ ဆန်ပြုတ်ကို ချထားပေးလိုက်ပြီး ကျီရှောင်အုံး ဇွန်းကို ကိုင်ကာ သူမနှုတ်ခမ်းဆီသို့ ယူလာခဲ့တယ်။ သူမရဲ့ထူထဲတဲ့ မျက်တောင်တွေကို ခတ်လိုက်တော့ မျက်ရည်စက်တစ်စက်က သူမရဲံ မျက်လုံးထောင့်စွန်းကနေ လိမ့်ဆင်းသွားခဲ့တော့တယ်။


'ဒါက အိပ်မက်တစ်ခုသာဆို ဘယ်လောက်ကောင်းလိုက်မလဲ။'


ဒီအိပ်မက်ထဲက မြင်ကွင်းတွေကိုတော့ သူမ ဘယ်သောအခါမှ မေ့ပျောက်လို့ရနိုင်တော့မှာ မဟုတ်ပေ။


ဒါပေမယ့် ဒီအရာတွေကို မကြုံဖူးထားရင် မေ့ပျောက်လို့မရနိုင်ပါချေ။


. . .


လုချီချန်း သူ့ရှေ့တွင် တရှုံ့ရှုံ့ငိုကြွေးနေတဲ့ ကောင်မလေးကို ကြည့်ကာ ဘေးရှိ စားပွဲပေါ်မှ တစ်ရှုးနှစ်ရွက်ကို ယူကာ သူမဆီ လက်လှမ်းပေးလိုက်ခဲ့တယ်။ "ပြီးသွားပါပြီ"


ကျီရှောင်အုံးက သူနားလည်မှုလွဲနေတာကို သိပေမယ့် သူမ သူ့ကို ရှင်းပြလို့မရတာမို့ သူမ ဘာမှမပြောဘဲ အချိန်အကြာကြီး တိတ်တိတ်လေး ငိုကြွေးနေခဲ့တယ်။


သူမအဖေက ကျောင်းကနေ အလျင်စလို ရောက်လာခဲ့ချိန်မှာတော့ ကျီရှောင်အုံးက ဆန်ပြုတ်သောက်ပြီးသွားခဲ့ရုံရှိသေးပြီး သူ့ရဲ့ နက်မှောင်နေတဲ့ မျက်လုံးတွေက လုချီချန်းကို ပင့်ကြည့်ကာ "ကျေးဇူးတင်ပါတယ်" 


လုချီချန်းက မြင်ကွင်းမှ ရှောင်ထွက်သွားပြီး ပြတင်းပေါက်မှ လှမ်းကြည့်ကာ "ရပါတယ်ခင်ဗျ"


"အသည်းလေး" သူမအဖေဖြစ်သူက လူနာဆောင် လျှောက်လမ်းတွင် မတ်တပ်ရပ်နေလိုက်ပြီး သူ့သမီးဖြစ်သူအား လွမ်းဆွတ်စွာဖြင့် ကြည့်ကာ သူမအား ညင်သာစွာ လှမ်းခေါ်လိုက်ခဲ့တယ်။


ကျီရှောင်အုံး တောင့်ခဲသွားခဲ့ပြီး လှည့်ကြည့်လိုက်ကာ သူမနှာခေါင်းက ချဉ်စူးလာပြီး ရပ်ခါနီး မျက်ရည်တွေက စတင်ဖြစ်တည်လာခဲ့ကာ သူမ လှမ်းခေါ်လိုက်ခဲ့တယ်။ "အဖေ" 


သူမအဖေက ချက်ချင်းပင် ကုတင်ဆီ လာလိုက်ခဲ့ပြီး ကျီရှောင်အုံးအား ကြည့်လိုက်တယ်။ သူမ ခန္ဓာကိုယ်တွင် ဒဏ်ရာရတဲ့ အရိပ်အယောင် မမြင်ရတော့မှ သူ သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမအား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းကာ သူမအားပျော်ရွှင်စွာနဲ့ ထပ်ခါတလဲလဲ ပြောလိုက်ခဲ့တယ်။ "သမီး ပြန်လာတာ ကောင်းလိုက်တာ... သမီးလေး ပြန်ရောက်လာလို့ တော်ပါသေးတယ်....."


*


ကျီရှောင်အုံးရဲ့ အဖျားက သက်သာသွားပြီး သူမအဖေက သူမအား ဆေးရုံက ဆင်းပေးဖို့ သူနာပြုနဲ့အတူ အောက်ထပ်ကို ဆင်းသွားလိုက်ခဲ့တယ်။


ပြန်ရောက်လာပြီးနောက် သူမအား ခေါ်လာပေးတဲ့ လုချီချန်း ကို ဆက်လက် ကျေးဇူးတင်နေခဲ့သည်။


လုချီချန်းက ပြောလိုက်၏ "ဒါ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ"


ဘယ်လိုပဲပြောပြော ကျီမိသားစုက လုမိသားစုအပေါ် အကြွေးတင်သွားခဲ့တာပဲမလား။


အိမ်အပြန်လမ်းတွင်တော့ ကျီရှောင်အုံး ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်ခဲ့ပြီး အိပ်မွေ့ချခံရတဲ့သူလို မိန်းမောကာ လူစုလူဝေးတွေအား ကြည့်ရှုနေခဲ့တယ်။


အထပ်မြင့်တိုက်တွေ၊ ဈေးဝယ်စင်တာတွေ လမ်းတွေ . . ဒီအရာတွေကို သူမ မမြင်ရတာ ကြာပြီဖြစ်သည်။ သူတို့တွေက ရင်းလဲရင်းနှီးနေသလို မရင်းလဲမရင်းနှီးတော့ပါချေ။


ကျီရှောင်အုံး၏အဖေက ကားစတီယာရင်ဘီးကို ကိုင်ကာ မီးပွိုင့်ကိုစောင့်ဆိုင်းရင်း မေးလိုက်တယ်။ "ဟေး သမီး အိမ်ပြန်ပြီး အနားယူချင်လား ဒါမှမဟုတ် သမီးအမေကိုတွေ့ဖို့ ဆေးရုံသွားချင်လား" 


ကျီရှောင်အုံးက အဲဒီနေ့က ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုကို သတိရသွားလိုက်ပြီး ချက်ချင်းလှည့်ကာ စိတ်ပူပန်စွာ မေးလိုက်တယ် "အမေ ဘာဖြစ်လို့လဲဟင်"


သူ သက်ပြင်းချပြီး အဲဒီနောက် ကျီရှောင်အုံး အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ခဲ့တယ်။


လွန်ခဲ့သည့်ရက်အနည်းငယ်က သူမအမေက လမ်းလျှောက်လာရင်းနဲ့ ကျီရှောင်အုံးနဲ့ တူတဲ့ ကောင်မလေးတစ်ယောက်ကို မြင်မိလိုက်ခဲ့တာပဲ။ သူမ စိတ်လှုပ်ရှားသွားပြီး အတင်း သူ့နောက်ကို လိုက်သွားလိုက်ခဲ့တယ်။


လမ်းဆုံကို ဖြတ်သန်းသွားလိုက်ပြီးနောက် မီးနီကို အာရုံမထားမိဘဲ သူမ ကားတိုက်ခံလိုက်ရသည်။ သူမညာဘက်ခြေထောက် ကျိုးသွားခဲ့ပြီး သူမ ခေါင်းထိခိုက်ကာ သတိမေ့သွားခဲ့ကာ နည်းနည်း ပြင်းထန်သော ဒဏ်ရာတစ်ခုရသွားလိုက်ခဲ့တာပဲဖြစ်သည်။


ကျီရှောင်အုံးက နားထောင်လိုက်ခဲ့ပြီး နှာတရှုပ်ရှုပ်ဖြစ်သွားလိုက်ကာ ပြောလိုက်တယ်။ "သမီး အမေကိုပဲ တွေ့ချင်တယ်" 


ဒီလိုနဲ့ သူမအဖေက မြို့လယ်ခေါင်က နောက်ထပ်ဆေးရုံကို မောင်းသွားလိုက်ခဲ့ပြီး ကျီရှောင်အုံးအား အတွင်းလူနာဌာနရဲ့ ခြောက်ထပ်မြောက်ကို ခေါ်သွားလိုက်ခဲ့တယ်။


သူမအမေက လူနာဆောင် အမှတ် ၆၀၈ မှာ နေနေတာပဲဖြစ်တယ်။ အခန်းထဲတွင် ကုတင် နှစ်လုံးသာ ရှိပြီး ကျန်တစ်ယောက်က အဘွားအိုတစ်ယောက်ပင်။


အဘွားအိုက လှေကားက ဆင်းလိုက်ချိန် သူမ ပြုတ်ကျသွားပြီး အရိုး ကျိုးသွားတာပဲဖြစ်တယ်။


ကျီရှောင်အုံး တံခါးဆီ လျှောက်လာလိုက်ချိန်မှာတော့ တခြားကုတင်ပေါ်က အဘွားအိုက သူမအမေနဲ့ စကားပြောနေတဲ့အသံကို သူမ ကြားလိုက်ရတယ်။


"ဆရာမဟယ် ဘာတွေ ကြည့်နေတာလဲ" ကျီရှောင်အုံးအမေရဲ့ မျိုးရိုးအမည်က 'ဟယ်'ဖြစ်ပြီး သူမက ပါမောက္ခတစ်ယောက် မို ဒီလိုခေါ်ကြတာဖြစ်ပေမဲ့ ဒါကပဲ အဘွားအိုက သူမကို သိနေတာဖြစ်တယ်။


ကျီရှောင်အုံးရဲ့အမေက ကုတင်ပေါ်တွင်ထိုင်နေကာ သူမလက်ထဲတွင်တော့ ဓာတ်ပုံတစ်ပုံကို ကိုင်ထားခဲ့တယ်။ သူမက 


ဖျော့တော့စွာ ပြုံးပြီး ညင်သာစွာ ပြောလိုက်တယ်။ "ကျွန်မ သမီးလေးကို ကြည့်နေတာလေ" 


အဘွားအိုက စပ်စပ်စုစုနိုင်သူဖြစ်တော့ လာပြီး ကြည့်လိုက်ခဲ့တယ်။


ဓာတ်ပုံက မနှစ်ကရိုက်ထားတဲ့ ကျီရှောင်အုံးရဲ့ ဓာတ်ပုံဖြစ်တယ်။ သူမ အနီရောင်တောက်တောက် မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားပြီး မြင်းစီးဦးထုပ်ကိုဆောင်းကာ လက်ထဲတွင် မြင်းဇက်ကြိုးတစ်ချောင်းကို ကိုင်ထားခဲ့သည်။ သူမက မြင်းစီးနေပြီး ကင်မရာကို ကြည့်ကာ ပြန်ပြုံးပြနေခဲ့တယ်။


ကျီရှောင်အုံးရဲ့ မျက်လုံးတွေက အလွန်တောက်ပနေပြီး သူမ အပြုံးက လခြမ်းသဏ္ဍာန် ကွေးညွှတ်သွားကာ သူမမျက်နှာတစ်ခုလုံးက တောက်ပနေခဲ့တယ်။


အဘွားအိုက ကြည့်ရှုလိုက်ပြိး မနေနိုင်စွာ ချီးကျူးလိုက်ခဲ့တယ်။ "သူက မိန်းမချောလေးပါလား!"


ကျီရှောင်အုံး၏အမေက ပြုံးလိုက်ပြီး သိမ်မွေ့စွာ ဝန်ခံလိုက်တယ်။ "အင်း သူ့အဖေနဲ့ တော်တော်တူတာလေ" 


အပြင်ဘက်တွင် နေရောင်ခြည်က လူနာဆောင် အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာကာ ကျီရှောင်အုံးအမေရဲ့ ခေါင်းပေါ် တည့်တည့်ကျရောက်သွားခဲ့ပြီး ငွေရောင်ဆံပင်ဖြူအနည်းငယ်ကို ပြသနေခဲ့တယ်။


ကျီရှောင်အုံး ရှေ့သို့ ခြေတစ်လှမ်းတိုးသွားကာ ရှိုက်ငိုပြောလိုက်တော့တယ်။ "အမေ" 


သူမအမေက ရပ်တန့်သွားလိုက်ပြီး ဖြည်းညှင်းစွာ မော့ကြည့်လိုက်တယ်။ တံခါးဝရှိ ကျီရှောင်အုံးကို မြင်လိုက်ရတော့ သူမမျက်လုံးတွေ လျင်မြန်စွာ နီမြန်းလာခဲ့ပြီး "အသည်းလေး..."


လုချီချန်းက ရှာတွေ့ခဲ့တာကို သူမခင်ပွန်းဖြစ်သူကို ပြောပြောပြီးချင်း သူမ လိုက်သွားချင်နေခဲ့တယ်။


သူမခြေထောက်တစ်ချောင်းက ကျောက်ပတ်တီးကိုင် ထားပြီး ဆရာဝန်က သူမအား ကွင်းပြင်တွေထဲ သူမ သွားလို့မရလို့ အမိန့်ပေးထားခဲ့လို့သာပဲ။


အခု သူ့သမီးလေးက ရှေ့မှာ မတ်တပ်ရပ်နေတာကို မြင်လိုက်ရတော့ သူမမျက်ရည်တွေက ထိန်းမရအောင် လိမ့်ဆင်းလာတော့တယ်။


ကျီရှောင်အုံး ကလေးလေးတစ်ယောက်လို့ သူမအမေရင်ခွင်ထဲကို လျင်မြန်စွာ ပစ်ဝင်သွားလိုက်ခဲ့ပြီး ပခုံးပေါ်တွင် သူမပါးအား 


ထပ်လိုက်ခဲ့တယ်။ တစ်ခါပြီးတစ်ခါ သူမ ခေါ်လိုက်ခဲ့တယ်။ "အမေ...အမေ.... သမီး အမေ့ကို သတိရနေတာ........"


သူမအမေရဲ့လက်တွေက သူခန္ဓာကိုယ်ပေါ်မှာ တုန်ရီနေပြီး သူမ ငိုကြွေးကာ စကားအချို့ ထွက်ကျလာလိုက်တယ်။ "အမေလည်း သမီးကို လွမ်းတယ် အသည်းလေး ...အမေ သမီးကို သတိရနေရတာ" 


"သမီး တောင်းပန်ပါတယ် သမီး အမေ့ကို စိတ်ပူအောင်လုပ်မိလို့........." ကျီရှောင်အုံး သူမကိုယ်သူမ သူမအမေရဲ့ ပခုံးပေါ်တွင် မြှုပ်နှံထားပြီး မျက်ရည်တွေ ထိန်းထားလို့မရတော့ပေ။


သားအမိနှစ်ယောက် အကြာကြီးနေတဲ့အထိ အတူတူ ငိုကြွေးနေခဲ့ကြပါတယ်။ ကုတင်ဘေးက အဘွားအိုက ကျီရှောင်အုံး က သူမ အမေနေမကောင်းတာကို စိတ်ပူနေတာကြောင့်လို့ 


ထင်လိုက်ကာ နှစ်သိမ့်ပေးလိုက်ခဲ့တယ်။ "ဟေး သမီးအလိမ္မာလေးရယ် သည်းအမေရဲ့ရောဂါက တစ်ပတ်လောက် အလုပ်လွတ်ရုံပါပဲ..."


နေ့လယ်အရောက်တွင်တော့ အမေနှင့်သမီး၏ မျက်ရည်တွေက တဖြည်းဖြည်း ရပ်တန့်သွားလိုက်တယ်။


သူမအဖေက သူ့လက်ပတ်နာရီကို ကြည့်ပြီး ပြောလိုက်တယ်။ "နေ့လယ်တောင် ရောက်နေပြီ။ သမီးတို့ ဘာစားချင်တာလဲ၊ အဖေ သွားဝယ်ပေးမယ်လေ" 


ကျီရှောင်အုံးက ရှိုက်လိုက်ရင်း မျက်ရည်တွေကို သူမလက်ချောင်းတွေနဲ့ သုတ်လိုက်ကာ ခဏလောက် စဉ်းစားလိုက်တယ်။ အဲဒီနောက် သူမ ပြောလိုက်တယ်။ "ငါးရှဉ့်နှပ်" 


သူမအဖေက ဖျက်လိုက်တယ်။ "သမီးက ဖျားထားတာ မကြာသေးဘူးမလား။ ပေါ့ပေါ့ပါးပါးတစ်ခုခုပဲ စားပါဦး"


ကျီရှောင်အုံးက သိပ်စိတ်မရှည်ခဲ့ဘဲ သူမစကားတွေကို အမြန်ပြောင်းပြောလိုက်တယ်။ "ဒါဆို အဖေပဲ ကြည့်ပြီး သမီးအတွက် တစ်ခုခုဝယ်ခဲ့လိုက်ပါ။ သမီး ဘာဖြစ်ဖြစ် စားနိုင်ပါတယ်"


သူမအဖေက ထွက်သွားလိုက်ပြီးနောက် ဘေးကပ်လျက်ကုတင်ရှိ အဘွားအိုက ရေချိုးခန်းထဲဝင်သွားပြီး ကျီရှောင်အုံးကိုတော့ သူမအမေက ကုတင်ပေါ် ဆွဲတင်လိုက်ခဲ့ပါတယ်။


"အသည်းလေး အမေ့ကို ပြောပါဦး သမီး ဒီတစ်ချိန်လုံး ဘာတွေဖြစ်ခဲ့တာလဲ"


သူမအမေက သူမသမီးဖြစ်သူ တစ်ချို့နေရာတွေမှာ မတူတော့ကို မြင်နိုင်တာပဲဖြစ်တယ်။ ဘယ်နေရာက ခြားနားနေတာလဲဆိုတာတော့ သူမ မပြောနိုင်သေးဘူး။ ဒါပေမယ့် သူ့ယောက်ျားရှေ့နဲ့ အပြင်လူတစ်ယောက်ရှေ့မှာတော့ သူမ မေးလို့ မရဘူးပဲ။ အခုတော့ အခန်းထဲမှာ သူမတို့ နှစ်ယောက်ပဲ ရှိတော့တာဖြစ်တယ်။


ကျီရှောင်အုံးရဲ့ မျက်ခွံတွေက ဆင်းကျသွားပြီးတော့ သူမ အချိန်အကြာကြီး တိတ်ဆိတ်သွားပြီး အဲဒီနောက် ဖြည်းညှင်းစွာ ပြောလိုက်တယ်။ "သမီး အရမ်း အရမ်းဝေးတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့တာ........."


ဒီစကားက သူမ ဖုန်းထဲမှာပြောဖူးတဲ့ စကားလည်းပဲ ဖြစ်တယ်၊ သူမအမေက မေးလိုက်တယ် "ဘယ်လောက်ဝေးလို့လဲ။ သမီး ဘယ်ကို ကျော်ရောက်သွားခဲ့မိလို့လဲ"


ကျီရှောင်အုံး သူမအမေကို ဖွင့်ပြောလိုက်ခဲ့ပါတယ် "သမီး ဘယ်လိုကျော်ဖြတ်သွားမိလဲတော့ သမီးလည်း မသိဘူး။ သမီး အဲဒီနေရာမှာ နိုးလာခဲ့တာပဲ"


သူမအမေက သူမလက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး သူမက ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုအောက် ရောက်ခဲ့တာဖြစ်မယ်လို့ တွေးတောလိုက်ခဲ့ကာ "ဒီလိုဆို ဒီကာလအတောအတွင်းမှာ...... သမီးနဲ့ ဘယ်သူက အတူရှိနေခဲ့တာလဲ"


ကျီရှောင်အုံး၏ စိတ်ထဲတွင်တော့ သန်မာတောင့်တင်းပြီး အလွန်လေးနက်တဲ့ ပုံရိပ်တစ်ခုက ဖျတ်ခနဲ ထွက်ပေါ်လာခဲ့သည်။


ကျီရှောင်အုံး သူမခေါင်းကို ခါရမ်းလိုက်ပြီး အသံဖျော့တော့စွာနဲ့ "သမီး မပြောချင်ဘူး အမေ။ သမီး မပြောနိုင်ဘူး......"


ကျီရှောင်အုံးရဲ့အမေက အနည်းငယ် တောင့်တင်းသွားလိုက်ပေမဲ့ သူမက အလွန်တိုးဖွစွာပဲ ပြောလိုက်လေတယ်။ "ဟုတ်ပါပြီ" 


သူမအမေရဲ့ နှလုံးသားက ပိုလို့တောင် ရင်နာနေခဲ့တယ်။ သူမက သူမသမီးဖြစ်သူကို ဂရုတစိုက် သူမလက်မောင်းထဲ ဆွဲသွင်းလိုက်ပြီး ချော့မြူလိုက်တယ်။ "ဟုတ်ပြီ ဟုတ်ပြီ။ သမီး မပြောချင်ရင် မပြောပါနဲ့။ သမီး နောက်ဆို ကောင်းကောင်းမွန်မွန်နဲ့ အမေနဲ့အဖေဘေးမှာ အမြဲတမ်းရှိနေပေးရုံနဲ့ အမေတို့ ကျေနပ်ပါတယ် သမီးရယ်"

TheEnd...