အပိုင်း(၆၃)
"သူမရဲ့လျို့ဝှက်ချက်လေး"
ကျီရှောင်အုံးက သူမအမေနဲ့ ဆေးရုံမှာ တစ်နေ့လုံးလုံး အတူရှိနေလိုက်ခဲ့ပြီး အဲဒီညပဲ အိမ်ကို ပြန်သွားလိုက်ခဲ့တယ်။ သူမ တံခါးကိုဖွင့်လိုက်တော့ ပုံရိပ်တစ်ခုက ခုန်ထွက်လာလိုက်တယ်။
ခွမ်ခွမ်တစ်ကောင် သူမခြေရင်းကို ပျံလွှားရောက်လာလိုက်ပြီး သခင်ဖြစ်သူ အကြာကြီးပြန်မလာတာကို အခွင့်ကောင်းယူကာ တော်တော်လေး ဆိုးသွမ်းနေတာလဲ။ ( T/N- ဒီ novel နာမည်တွေက အထူးအဆန်းတွေကြီးပဲ တစ်ခါမှ မကြားဖူးဘူး.. အတတ်နိုင်ဆုံး ယူပြန်ထားပါတယ်နော်)
ကျီရှောင်အုံး ကြောင်တက် တက်ဖြစ်သွားလိုက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့တော့၏။ ဒီလောက် အချိန်တွေ
ကြာသွားပြီးနောက် သူမအိမ်မှာ ကြောင်တစ်ကောင်ရှိနေတာကို သူမ ခဏချင်းနဲ့ မေ့သွားလိုက်တာပဲ။
သူမ ရပ်လိုက်ပြီး သူ့အား သူမလက်ထဲ လှည့်ပတ် ပွေ့ချီလိုက်၍ သူ့မေးစေ့အောက်ကို ကုတ်ခြစ်ပေးလိုက်ခဲ့တယ်။ "ခွမ်ခွမ် ငါ့ကို သတိရနေရဲ့လား"
ကြောင်လေးက မြှောင်လို့ နှစ်ကြိမ် အော်လိုက်ပြီး ကျီရှောင်အုံးရဲ့လက်ဖဝါးတွေအား သူ့ လျှာလေး တစ်လစ်ထုတ်ကာ လျက်လိုက်တယ်။
ကျီရှောင်အုံး သူ့မေးစေ့ကိုထိတဲ့အခါတိုင်း ခွမ်ခွမ် အမြဲတမ်း မကြိုက်ပေမဲ့ ဒီနေ့တော့ သူ လုံးလုံး မခုခံခဲ့ပေ။
သူ့သခင်ဖြစ်သူ မရှိတာကြာသွားတာကြောင့် ဖြစ်နိုင်တယ်.. မာနဲခဲကြောင်လေးက စွန့်ပစ်ခံရမှာ ကြောက်နေတာပဲ။
ကျီရှောင်အုံး သူ့နဲ့ ခဏလောက် စနောက်လိုက်ပြီးတော့ ရေမချိုးခင် သဲသဲမဲမဲ ဆော့ကစားခဲ့လိုက်တယ်။
သူမ အဝတ်အစားတွေက စိုစွတ်ပြီး စေးကပ်နေကာ သူမခန္ဓာကိုယ်တွင် ကပ်နေခဲ့တယ်။ သူမ ရေချိုးခန်းမှန်ရှေ့တွင် မတ်တပ်ရပ်ကာ ရှက်သွားလိုက်တယ်။ သူမက ညစ်ပတ်ပေရေပြီး ရုပ်ဆိုးနေတာပဲ။
ဒီပုံစံ ဒီအသွင်ပြင်က သူမဘာသာတောင် လက်ခံလို့မရပေ။ ခွမ်ခွမ် တစ်ကောင် သူမ ပွေ့ဖက်တာကို ဘယ်လိုလက်ခံနိုင်လိုက်လဲ သူမတောင် မသိတော့ဘူးပဲ။
အကြာကြီး ရေစိမ်ချိုးလိုက်ပြီးနောက် ကျီရှောင်အုံး သူမဆံပင်ကို ခြောက်အောင်လုပ်လိုက်ကာ ရေခဲသေတ္တာထဲမှ နို့ပုလင်းတစ်ပုလင်းကို ယူလိုက်ခဲ့တယ်။
ကျီရှောင်အုံး နဂိုကတော့ ညနေပိုင်းမှာ သူမ မိခင်နှင့်အတူ ဆေးရုံမှာ အဖော်သွားလုပ်ပေးဖို့ စီစဉ်ထားပေမဲ့ အမေကျီက သူမက အခုမှ ပြန်ရောက်ရုံပဲရှိသေးပြီး အဖျားလဲ ကြီးထားတာကြောင့်လို့ ဆိုကာ သူမအား အိမ်ပြန်ပြီး အနားယူဖို့ပဲ ပြောလိုက်ခဲ့ပါတယ်။
ကျီရှောင်အုံး အရမ်းပင်ပန်းနေပေမဲ့ သူမ အဖေနှင့်အမေတို့ သဘောကို လိုက်လျောဖို့ ဝန်လေးနေလေတယ်။
နောက်ဆုံးတော့ သူမအဖေက သူမကို နောက်နေ့မနက်မှာ လာခေါ်မယ်လို့ ကတိပေးတဲ့အတွက် သူမ အိမ်ပြန်ဖို့ ဆန္ဒရှိသွားခဲ့တယ်။
ကျီရှောင်အုံး သူမရဲ့နို့ပူပူနွေးနွေးကို သောက်လိုက်ပြီး ခွမ်ခွမ် ကတော့ စားပွဲခုံပေါ်မှာ ရှိနေပြီး သူ့မျက်လုံးများက သူမလက်ကို စိုက်ကြည့်နေခဲ့တယ်။ "မြှောင်"လို့ သူနှစ်ခါတောင် အော်လိုက်ခဲ့တယ်။
သူမ လန့်သွားပြီး "နင် နွားနို့ သောက်ချင်လို့လား"
သူ နှစ်ကြိမ်တိုင်တိုင် ခုန်ပေါက် ခုန်ပေါက် လုပ်လိုက်ပြီး သူ့ရှေ့ခြေထောက်လေးနဲ့ သူမလက်မောင်းကို လာဆုပ်ကိုင်လိုက်ခဲ့တယ်။
သူမ မရှိတာ တော်တော်ကြာသွားတာဆိုတော့ သူ အရင်ကထက် သူတို့ ရင်းနှီးမှုကို ပိုပြချင်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ကျီရှောင်အုံး အနည်းငယ်လေး ချီတုံချီချ ဖြစ်သွားပြီးနောက် ဗီရိုထဲမှ ပန်းကန်လုံးသေးသေးတစ်ခုကို ယူလိုက်ပြီး နို့အနည်းငယ်ကို လောင်းထည့်ပေးလိုက်ကာ သူ့ရှေ့ကို တွန်းပေးလိုက်တယ်။
"အများကြီး မသောက်နဲ့ဦး" သူမ တိုးတိုးရေရွတ်ပြောလိုက်တယ်။
သူမလက်ကို လွှတ်ပေးလိုက်ပြီး ပန်းကန်လုံးထဲမှာ သူ့ခေါင်းကို မြှုပ်နှံလိုက်ပြီးတော့ သူ့လျှာကို ထုတ်လိုက်ကာ လျက်သောက်လိုက်ခဲ့တယ်။
ကျီရှောင်အုံး သူ နွားနို့သောက်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်ရင်းနဲ့ ရုတ်တရက်နဲ့ နောက်ထပ်ပုံရိပ်အသေးလေးကို သတိရသွားလိုက်တယ်။
နားရွက်ဝိုင်းဝိုင်း မျက်လုံးပြာပြာတွေ နက်မှောင်တဲ့ အစက်အပြောက်ကျားပုံစံနဲ့ သူမလက်တွေနဲ့ ပေးထားသော နို့တွေကို အငမ်းမရသောက်သုံးနေခဲ့တယ်။ ဒီလို ရှင်းလင်းပြတ်သားစွာ မြင်ရနေမှုက အချိန်အတော်ကြာသွားပြီးနောက်တွင်ပင် မြင်ကွင်းတိုင်း မြင်ကွင်းတိုင်းက မနေ့တစ်နေ့ကဖြစ်ပျက်ခဲ့တဲ့ မှတ်ဉာဏ်တစ်ခုအဖြစ် တစ်သက်မမေ့နိုင်အောင် စွဲထင်နေခဲ့လေတယ်။
ကျီရှောင်အုံး သူမရဲ့ နာကျင်ဆို့နင့်နေတဲ့ မျက်လုံးတွေကို မှိတ်ချလိုက်ပြီး မသက်မသာဖြစ်တဲ့ ခံစားချက်တွေကို ပြေပျောက်စေဖို့ သူမ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
သူမ ပန်းကန်လုံးကို ဖယ်လိုက်ပြီး မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်။ "မရတော့ဘူး။ အများကြီးသောက်တာ နင့်အတွက် မကောင်းဘူး"
သူမ သူ့ရဲ့ညည်းညူနေတဲ့ ပယင်းရောင်မျက်လုံးတွေကို ငုံ့ကြည့်လိုက်ခဲ့တယ်။
ကျီရှောင်အုံး၏ နှလုံးသားက ရက်စက်စွာနဲ့ သူ့ကို လျစ်လျူရှုလိုက်ပြီး ပန်းကန်လုံးကို ဆေးလိုက်ခဲ့တယ်။ သူမကြောင်လေးအတွက် ကြောင်စာတချို့လောင်းထည့်ပေးလိုက်ကာ သူမအခန်းကို သွားလိုက်ခဲ့တယ်။
သူမ နှစ်ရက်ဆက်တိုက် ကောင်းကောင်းမအိပ်ခဲ့ရတာမို့ နောက်ဆုံး ဒီနေ့တော့ စောစောပဲ လှဲချလိုက်ခဲ့တယ်။
သူမ မြန်မြန်ကြီး အိပ်ပျော်သွားလိမ့်မယ်လို့ ထင်လိုက်ခဲ့ပေမဲ့ နှစ်နာရီကြာအောင် အိပ်ယာပေါ်မှာ လဲလျောင်းပြီးတာတောင် ကျီရှောင်အုံး အလွန်ကို မျက်စိကြောင်နေဆဲပင်။
သူမ လူးလှိမ့်လိုက်ရင်း လွတ်နေသော အိပ်ရာနေရာအား ကြည့်လိုက်ခဲ့တယ်။
အဲဒီနောက် သူမ အတွင်းဘက်စွန်းတွင်သာ သူ့အလိုလို အိပ်လိုက်မိတာကို ရှာတွေ့သွားလိုက်တယ်။
ကျီရှောင်အုံး သူမကိုယ်ကို ကွေးလိုက်ပြီးတော့ ဖြည်းဖြည်းချင်း သူမဘာသူမ ကျုံ့ဝင်သွားခဲ့ကာ သူမခန္တာကိုယ်တစ်ခုလုံး တုန်ရီလို့သွားတော့တယ်။
'ဘာလို့လဲ။'
'သူမ ပြန်ရောက်လာခဲ့တာ အထင်အရှားကြီးပါ။ သက်တောင့်သက်သာရှိသော အိပ်ရာတစ်ခုနဲ့ အနွေးလေအေးပေးစက်တစ်ခုတောင် ရှိခဲ့တယ်။ သူမ ဘာလို့ ဒီလောက်တောင် ဒါကို ကျင့်သားမရနိုင်သေးသလို ခံစားနေရတာလဲ။'
'နေ့လားမသိ ညလားမသိ ကြိုတင်မှန်းဆမရနိုင်တဲ့ ပြောင်းလဲမှုတွေ၊ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတု၊ သစ်သားကုတင်တွေနဲ့ အန္တရာယ်ရှိတဲ့ အသားစားသားရဲတွေအားလုံးနဲ့ သူမ ဝေးကွာသွားပြီပဲ။ သူတို့ သူမကို မခြိမ်းခြောက်နိုင်တော့ဘူးလေ။'
သူမ ပျော်ရွှင်နေသင့်ပေမယ့် သူမ ရင်ထဲမှာ ဟာတာတာဖြစ်နေတဲ့ နေရာတစ်ခုတော့ ရှိနေခဲ့ပါတယ်။ အလယ်မှာ ပျောက်ဆုံးနေတဲ့ အပိုင်းစလေးလိုပဲ။
အဲဒါကတော့ ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့ အဆုံးအစမရှိတဲ့ ပဟေဠိပင်။
ကျီရှောင်အုံးရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေက ညဉ့်တော်တော်နက်တဲ့အထိကို အချိန်အကြာကြီး ကျယ်နေခဲ့တယ်။ သူမခန္ဓာကိုယ်က တဖြည်းဖြည်း တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် အိပ်ပျော်သွားခဲ့တော့တယ်။
*
နောက်ရက်အနည်းငယ်ကြာတွင်တော့ ကျီရှောင်အုံးက သူမအမေနဲ့ အဖော်လုပ်ပေးဖို့ ဆေးရုံကို လိုက်သွားခဲ့တယ်။
သူမရဲ့ကိုယ်ကာယပိုင်းဆိုင်ရာ ပြန်လည်သက်သာမှုက အတော်လေး ကောင်းမွန်လာခဲ့တယ်။ ညာဘက်ခြေထောက်ကလွဲလို့ တခြားဘာပြဿနာမှ မရှိတော့ပေ။
ယာဉ်တိုက်မှုဖြစ်ပွားစေခဲ့သော ယာဉ်မောင်းက ငွေအနည်းငယ် လျော်ကြေးပေးခဲ့ပြီး အမျိုးသမီးကျီအတွက် သူ့ရဲ့တောင်းပန်မှုကို ဖော်ပြပေးခဲ့တယ်။
အဖေကျီနဲ့အမေကျီတို့ သူတို့ရဲ့ သမီးလေး ပြန်ရောက်လာခဲ့တာမို့ စိတ်အခြေအနေ ပျော်ရွှင်နေတာဖြစ်တော့ သူတို့က သူ့ကို အခက်တွေ့အောင် မလုပ်ခဲ့ပါဘူး။
ဒီကိစ္စကို ကျေကျေနပ်နပ်ကြီး ကျေအေးလိုက်ကြတော့တယ်။
ကျီရှောင်အုံး သူမ ဆေးရုံတက်တဲ့ရက်တွေအား မပျင်းစေခဲ့ပေ။ တခါတရံတွင် သူမ ကုတင်ပေါ်တွင်ထိုင်ကာ သူမအမေနှင့် စကားပြောဆိုပေးခဲ့ကာ တစ်နေ့လုံးလုံး ဆေးရုံမှာပဲ နေနေပေးခဲ့ပါတယ်။
အခြားလူနာကုတင်ပေါ်ရှိ အဘွားအိုက သူမနဲ့ တွေ့လိုက်တော့ ချီးကျူးလိုက်ခဲ့တယ်။ "ဆရာမဟယ် ဒီသမီးလေးက တော်တော်ကို လိမ္မာရေးခြားရှိလိုက်တာနော်"
အဘွားအိုက ဒီနှစ်တွင် အသက်ခြောက်ဆယ်ရှိပြီဖြစ်ပြီး သားတစ်ဦးနှင့် သမီးတစ်ဦး မွေးဖွားခဲ့ပေမဲ့ သူမသားသမီးများက အလုပ်မှာပဲ အလုပ်များနေခဲ့ကြတယ်။ သူတို့တွေ သူမကို တစ်ခါပဲ လာတွေ့လိုက်ခဲ့တာပင်။
တခါတလေ သူမကလေးတွေ ဆေးရုံမှာ ရှိမနေတာကြောင့် အမျိုးသမီးကြီး အဆင်မပြေတာ တစ်ခုခု ကြုံကြိုက်လိုက်ချိန် ကျီရှောင်အုံးက သူမကို အပြင်ထုတ်ဖို့ ကူညီပေးခဲ့ပါတယ်။ မစ္စကျီ ဆေးရုံတက်တဲ့ သုံးလအတောအတွင်း အဘွားအိုက သူမအား အရမ်းသဘောကျသွားခဲ့တာဖြစ်တယ်။
သူမ ဆေးရုံမှဆင်းလာချိန်မှာတော့ မစ္စတာကျီက ကားမောင်းပြီး သူတို့ကို လာကြိုပေးခဲ့တယ်။
အပြန်လမ်းတွင်တော့ သူမအဖေက ကျီရှောင်အုံးအား "အဖေ သမီးရဲ့ကျောင်းနဲ့ သွားဆက်သွယ်ခဲ့ပြီးပြီ။ သမီးက သမီးရဲ့အိမ်စာတွေ တအားနောက်ကျသွားပြီး အဲ့တော့ သမီးရဲ့ နဂိုအတန်းကသင်ခန်းစာတွေကို သမီးလိုက်မမီနိုင်တော့ဘူး ။ သမီး အဆင့်တစ်ခုလောက်ထိ ကောင်းကောင်းနောက်ကနေပဲ အလိုက်သွားနိုင်တော့မယ်။ ဒီအခြေခံကျွမ်းကျင်မှုတွေကို ခိုင်မာသွားအောင် သင်ထားနိုင်တယ်။"
ကျီရှောင်အုံး နောက်ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်လိုက်ပြီး အဲဒီနောက် သူမ ခေါင်းညိတ်လိုက်ခဲ့တယ်။
သူမ အခြားအလုပ်မျာတဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေလို နေ့တိုင်းအတန်းတက် အတန်းဆင်းရတဲ့ ကျောင်းသားဘဝဆီသို့ တစ်ဖန်ပြန်လည်လို့ ရောက်ရှိခဲ့တော့၏။
သူမ အရင်တုန်းကထက်ပို၍ ကြိုးကြိုးစားစားဖြင့် စာလေ့လာခဲ့ပြီး သူမရဲ့စွမ်းအားတစ်ခုလုံးကို စာပေါ်မှာပဲ မြှုပ်နှံထားပုံရတယ်။ တခြားကမ္ဘာကို တွေးဖို့ အချိန်မရှိလိုက်တော့ပေ။
သူမရဲ့ ဒုတိယစာသင်နှစ်ရဲ့ ပထမနှစ်ဝက်စာမေးပွဲ ပြီးဆုံးချိန်တွင်တော့ သူမရဲ့အဆင့်က တတိယအဆင့်တွင် ချိတ်ခဲ့ပါတယ်။
သူမရဲ့ဖခင်က သူမအား အထူးတလည် ဂုဏ်ပြုပေးဖို့ အပြင်ခေါ်ထုတ်ခဲ့ပြီး စားသောက်ဆိုင်တွင်တော့ လုချီချန်း၏ မိသားစုနဲ့ သွားဆုံလိုက်ခဲ့တယ်။
မိသားစုနှစ်စု စကားပြောဆိုဖို့ စုစည်းမိခဲ့ကြပြီး လုချီချန်း နှင့် ကျီရှောင်အုံး တို့ ဘေးချင်းကပ်လျက် ထိုင်ခဲ့လိုက်ကြတယ်။
လုချီချန်းက သူမအား မေးလိုက်၏ "နင် ဘန်ဘက်ခါကျရင် အားလား"
ကျီရှောင်အုံး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ခဲ့ပြီး စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်တယ်။
သူ ရှင်းပြလိုက်၏။ "ငါ့မွေးနေ့... အပြင်ထွက်လည်ဖို့ နင့်ကို ဖိတ်ချင်လို့"
ကျီရှောင်အုံးက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဘာမှ မသိချင်ယောင် ဟန်ဆောင်လိုက်တယ်။ "နင့် မွေးနေ့ပဲကို ဘာလို့ အပြင်ထွက်လည်ချင်တာလဲ"
"... " လုချီချန်း သူမကို တစ်ချက်လှမ်း ကြည့်လိုက်ပြီး စကား ရပ်တန့်သွားလိုက်တော့တယ်။
နောက်တစ်နေ့တွင်တော့ ကျီရှောင်အုံး အပြင်ထွက်ခဲ့လိုက်ပါတယ်။ လုချီချန်းနဲ့မဟုတ်ဘဲ သူမဘာသာ သူမနဲ့ပဲပါ။
ကျီရှောင်အုံး မြို့၏ အကြီးဆုံး တိရစ္ဆာန်ရုံသို့ သွားရောက်ခဲ့ပြီး လူအုပ်ကြီးနောက်ကိုလိုက်ကာ လတ်မှတ်များ ဝယ်ယူလိုက်ခဲ့ပါတယ်။
သူမမှာ ရည်ရွယ်ချက် တိတိပပမရှိဘဲ လျှောက်လာလိုက်ရင်းနဲ့ ဒီနေရာတွင် ရပ်တန့်သွားလိုက်ခဲ့တယ်၊ အဲဒီနေရာက တိရိစ္ဆာန်တွေကို မြင်လိုက်ပြီး သူမ ကြိုက်နှစ်သက်တဲ့ တိရစ္ဆာန်တွေအား ဓာတ်ပုံရိုက်ယူလိုက်ခဲ့တယ်။
သူမ သမင်အုပ်စု တစ်ခုရဲ့ ရှေ့သို့ လျှောက်သွားလိုက်တယ်။
ကာထားတဲ့ ပိတ်ကျဲ ပိုက်ကွန်စမှ တဆင့် ကျီရှောင်အုံး ဟာသလုပ်နေတဲ့ သမင်ကို ကြည့်ရှုကာ သူတို့ရဲ့ကြီးမားသော သမင်ချိုကြီးတွေ အချင်းချင်း တိုက်မိသွားသည်ကို ကြည့်ရှုခဲ့ရတယ်။ သူမ မသိလိုက်ဘာသာနဲ့ အီရစ်အား သတိရသွားတော့တယ်။
သူက တိုက်ကြီးပေါ်မှာ သူမရဲ့ခင်မင်ရင်းနှီးမှု စတင်ခဲ့တဲ့ ပထမဆုံးတစ်ယောက်ပင်။ ခုတော့ သူ ဘာတွေလုပ်နေမှန်း သူမ မသိပေ။
လောရန့် ထွက်ပေါ်လာပြီးနောက် သူမနဲ့ ထောင်ထောင်တို့ အကြောင်းအရင်းမရှိ စုန်းစုန်းပျောက်ကွယ်သွားခဲ့လိုက်တာပဲ။ သူ သူမတို့အတွက် စိတ်များ ပူနေမလား။
သူ သူမျိုးနွယ်စုကို အောင်အောင်မြင်မြင်နဲ့ ပြန်သွားနိုင်ရဲ့လား။
ကျီရှောင်အုံး လူအုပ်ထဲတွင် မတ်တပ်ရပ်ကာ သူမ ကင်မရာကို မြှောက်၍ ဓါတ်ပုံများစွာ ရိုက်လိုက်ခဲ့ပြီး အဲဒီနောက် နောက်တစ်နေရာသို့ ဆက်သွားလိုက်ခဲ့တယ်။
တိဗက်ကုလားအုတ်များ၊ မြေခွေးများ၊ ဝက်ဝံညို၊ မီးခိုးရောင်ဝံပုလွေတွေ...... ကျီရှောင်အုံး အတိတ်ကို ပြန်လည်ရောက်ရှိသွားခဲ့ကာ အတိတ်ဖြစ်ရပ် တစ်ခုချင်း တစ်ခုချင်းစီအား ပြန်မြင်ယောင်လိုက်ခဲ့ပြီး သူမရင်ထဲတွင် အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခု ရှိသွားလိုက်ခဲ့တော့တယ်။
အတိတ်တုန်းကတော့ ကျီရှောင်အုံးက အဲဒါတွေကို "တိရစ္ဆာန်တွေ" လို့သာ မြင်ခဲ့ပြီး တိရစ္ဆာန်တွေရဲ့ မျက်လုံးတွေကိုသာ မြင်နိုင်ခဲ့တယ်။
အခု သူမ သူတို့ကိုကြည့်လိုက်တော့ သူတို့က အချိန်မရွေး လူသား အသွင်ပြောင်းလဲသွားလိမ့်မည်ဟု ခံစားမိနေတယ်။
ကံမကောင်းစွာပဲ၊ သူတို့မပြောင်းခဲ့ကြပါဘူး။
သူမ သူတို့ကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါပဲ ကြည့်ကြည့် သူတို့က သီးခြားခွဲခြားထားတဲ့ ပိုက်ကွန်တစ်ခုရဲ့နောက်မှာ ရပ်နေကြဆဲဖြစ်ပြီး သူမကို တစ်ချက်လေးတောင် လှည့်မကြည့်ပါချေ။
ကျီရှောင်အုံး သူမ၏ စိတ်ခံစားချက်တွေ ပြန်သိမ်းယူလိုက်ပြီး နောက်ဆုံးတွင် ထွက်သွားဖို့ အသင့်ပြင်လိုက်ခဲ့တယ်။
သူမ ကျားတွေ ခြံခတ်ထားတဲ့ နေရာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် နယ်မြေဆီ ချဉ်းကပ်သွားလိုက်ခဲ့တယ်။ အဲဒီနေရာတွင်တော့ ခြင်္သေ့တွေ၊ အခြားသော တိရစ္ဆာန်အကောင်ကြီးတွေနဲ့ ကျားသစ်တွေ ပါဝင်ကြတယ်။
ကျားသစ်နှစ်ကောင်က သစ်ပင်တစ်ပင်အောက်တွင် နေရောင်ခံနေပြီး သစ်ပင်ပေါ်တွင် လဲလျောင်းနေတဲ့ တစ်ကောင်က အနက်ရောင်အစင်းကြောင်းများ ဖုံးလွှမ်းနေလေတယ်။ သူ့အမြီးက သူ့နောက်မှာ လွတ်လပ်စွာ ချိတ်ဆွဲထားပြီး အနည်းငယ် လွှဲရမ်းနေခဲ့တယ်။
သူက အိပ်ငိုက်နေတဲ့ပုံပဲ။ သူ့ပါးစပ်ကြီးကို ဟကာ သန်းဝေလိုက်တော့ ချွန်ထက်သော သွားစွယ်များ ထွက်ပေါ်လာခဲ့တယ်။ သူ့မျက်လုံးများအား အနည်းငယ်စောင်း၍ ကျီရှောင်အုံးရှိရာဘက်သို့ ကြည့်လိုက်ခဲ့တယ်။
သူ့မျက်လုံးတွေက စူးရှပြီး ရိုးစင်းနေခဲ့ကာ သတိပေးခြင်းမရှိခဲ့ပေ။ ရုတ်တရက်လေးအတွင်း ကျီရှောင်အုံး ရမ့်ကို ပြန်တွေ့လိုက်သည်ဟု ထင်မှတ်လုနီးပါးပင်။
ကံမကောင်းစွာပဲ သူ့မျက်လုံးတွေက ပယင်းရောင်ဖြစ်နေပြီး ရမ့်ရဲ့ မျက်လုံးတွေကတော့ နက်ရှိုင်းတဲ့ပင်လယ်ပြာရောင်နဲ့ တူညီတဲ့ အပြာရောင်ဖြစ်နေခဲ့တယ်။
ကျီရှောင်အုံးရဲ့ နှလုံးခုန်သံက တဟုန်ထိုး မြင့်တက်သွားလိုက်ပြီး လျင်မြန်စွာ နစ်မြုပ်သွားခဲ့တော့တယ်။ သူမ အကြာကြီးမနေဘဲ အလျင်စလိုနဲ့ ထွက်လာလိုက်တော့၏။
အိမ်ပြန်ရောက်ပြီးနောက် သူမအဖေက သူမ ဘယ်သွားခဲ့လဲ မေးလိုက်တော့ ကျီရှောင်အုံး အမှန်အတိုင်းပဲဖြေလိုက်ခဲ့တယ်။
သူမအမေနဲ့ ဖေဖေက ဒီအကြောင်းအား သိပ်အထွေအထူး မစဉ်းလိုက်ကြပေ။ သူတို့တွေက သူမရဲ့စာလေ့လာမှု ဖိအားတွေက အရမ်းပြင်းတာကြောင့် သူမ စိတ်ပြေလက်ပျောက် သွားတာလို့ပဲ တွေးလိုက်ခဲ့ကြကာ သူတို့ သူမအား မတားမြစ်လိုက်တော့ပေ။
ထိုအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်မှာတော့ ကျီရှောင်အုံးရဲ့ နေထိုင်မှုဘဝက ပုံမှန်အတိုင်းပဲ ဆက်သွားလိုက်ခဲ့သည်။
သူမက အခြားသော တိုက်ကြီးတွေနဲ့ အတော်လေးတူညီတဲ့ သူမရဲ့ဘဝထဲမှာ မတူညီတဲ့ဘဝနေထိုင်မှုပုံစံ ပြောင်းလဲနိုင်တဲ့ အဖြစ်အပျက်တစ်ခုခု ရှိတဲ့ပုံ မပေါက်ခဲ့တော့ပေ။
တတိယနှစ်အရောက်မှာတော့ သူမရဲ့စာလေ့လာမှုမှာ ပိုလို့ပင် ဝန်ပိလာခဲ့တယ်။
ကျီရှောင်အုံးတစ်ယောက် သူမရဲ့စာလေ့လာမှုထဲမှာပဲ သူမကိုယ်သူမ မြှုပ်နှံထားပြီး သူမရဲ့အဆင့်ရလဒ်တွေက တည်ငြိမ်ပြီး သူမက ထိပ်ဆုံးထဲမှာ ရှိနေခဲ့ပါတယ်။
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုသည့်နေ့မှာတော့ ကောင်းကင်ကြီးက နှစ်ရက်လုံးလုံး အုံ့မှိုင်းနေရာမှ နောက်ဆုံးတွင် ကြည်လင်လာခဲ့တယ်။ နေရောင်က တိမ်မည်းတွေကို ထွင်းဖောက်၍ ကမ္ဘာမြေပေါ်သို့ ထွန်းလင်းတောက်ပလာခဲ့တော့၏။
*
ကျီရှောင်အုံး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်တွင်တော့ သူမ ဒေသံသယ ကျောင်းကို မရွေးဘဲ 'S' မြို့နဲ့ အနီးဆုံးဖြစ်တဲ့ 'T' တက္ကသိုလ်ကိုသာ ရွေးချယ်လိုက်ခဲ့တယ်။
'T' တက္ကသိုလ်က ရှည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဆရာအရင်းအမြစ်များ ပေါကြွယ်ဝတာပင်။ အရေးအကြီးဆုံးကတော့ သူတို့ရဲ့ ရူပဗေဒဌာနက နိုင်ငံတဝှမ်းမှာ ကျော်ကြားတာပဲဖြစ်၏။
တက္ကသိုလ်နှစ်အစတွင်တော့ ကျီရှောင်အုံး ယေဘုယျ နှိုင်းရသဘောနှင့် အပြိုင်စကြာဝဠာသီအိုရီကို ကန့်သတ်ထားတဲ့ အသိအာရုံပါဝင်တဲ့ မိုင်နာဘာသာရပ်နှစ်ခုကို အထူးတလည် ရွေးချယ်ခဲ့တယ်။
ကောလိပ်ကျောင်းသားဘဝက အထက်တန်းကျောင်းထက် များစွာ ပိုလွယ်ကူခဲ့ပြီး သူမမှာ အားလပ်ချိန်တွေ အများကြီးရှိလာခဲ့တယ်။ သို့သော်လည်း ကျီရှောင်အုံး သူမကိုယ်သူမ အပျင်းခိုနေခွင့်မပြုပေ ။ ကျောင်းတက်တာအပြင် သူမ အဖွဲ့အစည်း တော်တော်များများမှာလည်း ပါဝင်ခဲ့ပါတယ်။
ယောဂကလပ်၊ အကကလပ်၊ ဂီတကလပ် . . ပါဝင်ခဲ့ကာ နေ့တိုင်းနေ့တိုင်း အလုပ်ရှုပ်နေလိုက်ခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူမ လူတိုင်း မြင်နိုင်သည့်နှုန်းထားတစ်ခုထိ ကြီးပြင်းလာခဲ့တယ်။
ပွင့်လန်းနေတဲ့ ပန်းလေးတစ်ပွင့်လို လေနှင့်မိုးဒဏ်တွေကို ခံစားရင်း သူမ နောက်ဆုံးတွင်တော့ နေသာတဲ့ နံနက်ခင်းတွင် သူမ ပွင့်လန်းလာခဲ့ပါတယ်။
ကျီရှောင်အုံးက သူမကလေးဘဝတည်းက ချစ်ဖို့ကောင်းခဲ့ပြီး သူမရဲ့ကလေးဆန်တဲ့ အသွင်အပြင်များ မှေးမှိန်သွားကာ သူမ ပိုလို့ပင် ချောမောလှပလာခဲ့တယ်။ သူမ စင်တီမီတာအနည်းငယ်လည်း ပိုမြင့်လာခဲ့တယ်။ သူမရင်ဘတ်ပေါ်ရှိ မက်မွန်သီးသေးသေးလေးတစ်စုံဟာလည်း သူမရဲ့ အရပ်မြင့်နဲ့အတူ တိုးလာခဲ့တယ်။ သူမ အလွန်လှပလာခဲ့ကာ လူအများ အကြည့်မလွှဲနိုင်လောက်အောင်ပင်။
ရူပဗေဒဌာနထဲတွင် ယောက်ျားလေးနဲ့ မိန်းကလေးလူဦးရေအချိုးက ကျားသစ်မျိုးနွယ်စုကထက် ပိုလို့တောင် မညီမျှခဲ့ဘဲ ကျီရှောင်အုံးမှာ သံသယဝင်စရာမလိုအောင်ပဲ ကျောင်းပန်းတစ်ပွင့်ဖြစ်လာခဲ့ပါတယ်။
တစ်နေ့မှာတော့ ကျီရှောင်အုံး နှင့် သူမရဲ့အတန်းဖော်သူငယ်ချင်းတို့ စာကြည့်တိုက်မှ ပြန်လာချိန်တွင် နီမြန်းနေတဲ့ မျက်နှာဖြင့် ကောင်လေးတစ်ယောက်က လျှောက်လာလိုက်ခဲ့သည်။ သူ ပြောလာလိုက်၏ "မမ ကျွန်တော် မင်းနဲ့ စကားနည်းနည်းပြောလို့ရမလား"
ကျီရှောင်အုံးက အဲဒီနှစ်ရဲ့ ဒုတိယတန်းကျောင်းသူတစ်ယောက် ဖြစ်ခဲ့ပြီး သူမရဲ့ ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ ပြီးသွားခဲ့ပြီဖြစ်တယ်။
သူမအတန်းဖော်သူငယ်ချင်းက ဒါကို ကျင့်သားရနေတာကြောင့် သူမ ကျီရှောင်အုံးအား မျက်စောင်းထိုးကာ ဘေးတွင်ပဲ သွားရပ်နေလိုက်တယ်။
ကျီရှောင်အုံးက မတ်တပ်ရပ်နေဆဲဖြစ်ကာ သူမရှေ့က ကောင်လေးကို ကြည့်ရှုလိုက်တယ်။
သူမ သူတို့နဲ့ အတူတူတွဲ အလုပ်လုပ်တုန်းက သူမက အမြဲတမ်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဒီကောင်လေးကို သူမ အကြိမ်တော်တော်များများ ကူညီပေးခဲ့လိုက်တာပင်။
ကောင်လေးက မျက်နှာပိန်ပိန်ပါးပါးဖြစ်ပြီး ကျီရှောင်အုံးကို ကိုတွေ့တော့ သူ ကြိုတင်ပြင်ဆင်ထားတဲ့ စကားလုံးတွေကို မေ့သွားခဲ့ကာ ကပေါက်တိကပေါက်ချာ ပြောထွက်လိုက်တယ် "မမ... ငါ... မနေ့က ငါ့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ငါ... မမ မှာ ရည်းစားရှိလား မေးချင်လို့"
ဒီမေးခွန်းက ရုတ်တရက်ဆန်သွားခဲ့ဖြစ်ပြီး ကျီရှောင်အုံး မူလက မဖြေချင်ပေမယ့် ကောင်လေးရဲ့ စိုးရိမ်စိတ်က သူမကို ကူးစက်သွားပြီး သူမ ခေါင်းကို ခါရမ်းလိုက်တယ်။
ကောင်လေးရဲ့မျက်နှာက ပျော်သွားပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ "အဲဒါဆို... ငါ မင်းကို လိုက်လို့ရမလား။ မမ ငါ မင်းကို သဘောကျတယ်... မင်း ငါ့ ရည်းစားဖြစ်ပေးနိုင်မလား"
ကျီရှောင်အုံး သူမခေါင်းကို ဆက်လက်ခါရမ်းလိုက်ခဲ့ပြီး ကောင်လေးရဲ့ နုနယ်တဲ့ နှလုံးသားကို ခွဲခဲ့လိုက်လေ၏။
သူက လက်မလျှော့သေးဘဲ "ဘာလို့လဲ ငါ့ကို ပြောပြနိုင်မလား။"
'ဘာလို့လဲ'
ကျီရှောင်အုံး တအောင့်လောက် စဉ်းစားပြီးနောက် သူမ၏ မျက်တောင်တွေက ပြေပြေလေး လျှောကျသွားလိုက်တယ်။ လမ်းမီးရောင် မှိန်ပျပျက သူမပါးပြင်ပေါ်သို့ လင်းလက်သွားစေလိုက်၏။
အချိန်အတော်ကြာပြီးနောက် သူမ မျက်လုံးတွေ ပင့်လိုက်ကာ ဖျော့ဖျော့လေး ပြုံးပြလိုက်ခဲ့တယ်။ သူမ သူ့အား ပြောလိုက်ခဲ့၏။ " တောင်းပန်ပါတယ် ငါ့မှာ ကြိုက်နေတဲ့သူ ရှိလို့ပါ"
နောက်ဆုံးတွင် သူ စိတ်ပျက်လက်ပျက်နဲ့ အရှုံးပေးကာ ထွက်ခွာသွားတော့၏။
သူမအတန်းဖော်သူငယ်ချင်းက စကားစမြည်ပြောနေတာကို ဘေးကနေ ကြာလိုက်ခဲ့တော့ သူတို့ လှေကားပေါ်အတူတက်လိုက်ရင်းနဲ့ ကျီရှောင်အုံး အား အမိဖမ်းကာ စကားပြောလိုက်တယ်။ "ကျီရှောင်အုံး နင့်မှာ ကြိုက်နေတဲ့သူရှိတာလား ဘယ်သူလဲ။ နင် ငါ့ကို တစ်ခါမှ မပြောဖူးပါဘူး"
ကျီရှောင်အုံးက ပြောလိုက်တယ်။ "နင် သူ့ကို မသိပါဘူး။ သူက ငါတို့ကျောင်းက မဟုတ်ဘူး"
"ငါတို့ ကျောင်းမဟုတ်ဘူး။ ဒါဆို သူက အလုပ်လုပ်နေပြီလား"
ကျီရှောင်အုံးရဲ့ မျက်လုံးတွေ ကွေးညွှတ်သွားလိုက်ပြီး သူမ လျို့ဝှက်နိုင်စွာပြောလိုက်တယ်။ "လုံးဝ မဟုတ် ဘူး"
နောက်ပိုင်းတွင် သူမရဲ့အတန်းဖော်သူငယ်ချင်းက ထပ်မေးလိုက်ပေမဲ့ သူမ သူမနှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ မပြောလိုက်ပေ။
သူမကို သူတို့ မယုံမှန်း သိသည့်အပြင် နောက်ထပ် ပိုအရေးကြီးသော အကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။
'သူမ ဘယ်သူ့ကိုမှ မပြောပြချင်လေဘူး။'
'သူမရဲ့ တွေ့ကြုံခဲ့ရမှုတွေ ရမ့် အကြောင်းတွေကိုပေါ့။'
အဲဒီအရာကတော့ သူမ၏ နှလုံးသားနက်နက်ထဲတွင် လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုပင်။ ဘယ်သူကမှ ထိတွေ့လို့မရတဲ့ နေရာတစ်ခုပေါ့။
TheEnd...