Chapter 64
Viewers 9k

အပိုင်း (၆၄)


တက္ကသိုလ်ဒုတိယနှစ် ဝင်ရောက်ပြီးနောက်မှာတော့ အချိန်တွေက တော်တော်လေးမြန်ဆန်တဲ့ အရှိန်အဟုန်နှုန်းဖြင့် ရွေ့လျားသွားလိုက်ကာ မကြာမီ နှစ်ကုန်တောင် ရောက်တော့မည်ဖြစ်သည်။


ကျီရှောင်အုံး သူမရဲ့နောက်ဆုံးအတတ်ပညာအတန်း ပြီးဆုံးလိုက်ချိန်မှာတော့ သူမ စာသင်ခန်းထဲကနေ ထွက်လာလိုက်ပြီး လုချီချန်း၏ဖခင်ထံမှ ဖုန်းခေါ်တာကို ဖြေလိုက်ခဲ့တယ်။


မစ္စတာကျီနှင့် မစ္စကျီတို့က တစ်လခွဲခန့်ကြာအောင် အနားယူခဲ့ကြပြီး နောက်ထပ် ခြောက်လကြာမြင့်တဲ့ ဥရောပသို့ ခရီးထွက်ရန် စီစဉ်ထားခဲ့ကြပါတယ်။ သူတို့က တစ်ပတ်အလိုတွင် ဗီဇာရခဲ့ပြီး နောက်တစ်နေ့တွင် ဖင်လန်နိုင်ငံသို့ သွားလိုက်ခဲ့တာဖြစ်တယ်။


မထွက်သွားကြခင်မှာ သူတို့တွေက သူတို့သူငယ်ချင်းဟောင်းတွေအား သူတို့သမီးဖြစ်သူကို စောင့်ရှောက်ပေးဖို့ အပ်နှံလိုက်ခဲ့ကြပါတယ်။


ဒီနေ့ကနေစပြီး ကျောင်းပိတ်ရက်ဖြစ်တော့တာမို့ မစ္စတာလုက လုချီချန်းကို ကြိုပြီးတော့ ကျီရှောင်အုံးကိုလည်း သွားကြိုလိုက်ခဲ့တယ်။


လုချီချန်းနဲ့ ကျီရှောင်အုံးတို့က တစ်မြို့တည်းမှာ ကောလိပ်တက်ခဲ့တာဖြစ်ပေမဲ့ သူက တောင်ဘက်တွင်ရှိပြီး သူမကတော့ မြောက်ဘက်တွင် ရှိနေတာဖြစ်တယ်။ တက္ကသိုလ်နှစ်ခုက တော်တော်ကွာဝေးတာပဲဖြစ်၏။


ကျီရှောင်အုံးက ဖုန်းချလိုက်ပြီး မစ္စတာလုအား အချိန်အကြာကြီး စောင့်ခိုင်းရမှာ အားနာနေခဲ့တယ်။ သူမအဆောင်ကို ပြန်ရောက်လိုက်ချိန် သူမရဲ့အထုပ်အပိုးတွေကို မြန်မြန်လေးထုပ်ပိုးပြီးလိုက်ပြီး ကျောင်းတံခါးပေါက်ဆီသို့ သွားလိုက်ခဲ့ပါတယ်။


ကားထဲတွင်တော့ ကျီရှောင်အုံး သူ့ကို ပြောလိုက်ခဲ့တယ် "ကျေးဇူးတင်ပါတယ် ဦးလေး အလုပ်ရှုပ်စေမိပါပြီ"


မစ္စတာလုက ပြုံးလိုက်ပြီး ပြောလိုက်တယ် "အရမ်း ယဉ်ကျေးနေပါပြီ သမီးအဖေနဲ့အမေမှ အနားမှာမရှိတာ။ ဒီနေ့က အားလပ်ရက်ကစတဲ့ရက်ဆိုတော့ လမ်းမှာ ကားတွေ အရမ်းကျပ်နေမှာ။ တကယ်လို့ သမီးကိုသာ တစ်ယောက်တည်း အိမ်ပြန်ခွင့်ပေးလိုက်ရင် ဦးလေး စိတ်ဘယ်ချထားနိုင်ပါ့မလဲ" 


သူမ ပြုံးလိုက်တယ်။


'T' မြို့က 'S' မြို့ကနေ နှစ်နာရီခန့် ကားမောင်းသွားရတာပဲဖြစ်တယ်။ ကျီရှောင်အုံး၏အိမ်သို့ ကားဆိုက်ရောက်ချိန်တွင်တော့ မှောင်တောင်မှောင်နေပြီဖြစ်တယ်။


မစ္စတာလုက ကားထဲမှ ထွက်ကာ သူမရဲ့ ခရီးဆောင်အိတ်ကို ကူသယ်ထုတ်ပေးလိုက်ပြီး ပြောလိုက်တယ်။ "သမီး ဒီနေ့ ဦးလေးတို့အိမ်မှာ ညစာလာစားရင် ပိုမကောင်းဘူးလား" 


ကျီရှောင်အုံးက ခေါင်းခါလိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆိုလိုက်တယ် "သမီးအမေနဲ့အဖေတို့က အိမ်ကမထွက်ခင် အိမ်မွေးတိရစ္ဆာန်စင်တာကို အပြေးသွားလိုက်ရတာ။ အခု သမီး ခွမ်ခွမ့်ကို သွားခေါ်ဖို့ရှိလို့ပါ။ ဦးလေးလု ဦးလေးပဲ အိပ်အရင်သွားနှင့်လိုက်ပါ။ သမီး အိမ်ပြန်ပြီး လုပ်စရာနည်းနည်းရှိတာ လုပ်လိုက်ပါဦးမယ်"


မစ္စတာလုက သူမအား ထပ်မံဖိတ်ကြားချင်ပေမဲ့ သူမရဲ့မရမက တောင်းဆိုနေမှုကြောင့် သဘောတူလိုက်ပြီး လမ်းမှာ ဂရုစိုက်သွားဖို့ပြောကာ သူ ကားမောင်းထွက်သွားခဲ့သည်။


ကျီရှောင်အုံး အိမ်ထဲသို့ ပစ္စည်းတွေသယ်သွားလိုက်ပြီးနောက် သူမသော့ကို ယူကာ ပြန်ထွက်လာခဲ့လိုက်တယ်။


ခွမ်ခွမ်က သူမ အပြင်ထွက်ဖို့ အကြောင်းပြချက်ထဲက တစ်ခုမျှသာဖြစ်တယ်။


သူမ အနီးနားရှိ ဈေးဝယ်စင်တာတစ်ခုသို့ သွားလိုက်ပြီး မနက်​ဖြန်​ မနက်​စာအတွက်​ ပေါင်မုန့်​နဲ့ နို့ဘူးတွေ ဝယ်လာလိုက်​ပြီး ​အဲဒီနောက် သူမ နေ့စဥ်သုံးပစ္စည်းတွေရှိတဲ့နေရာကို တည့်​တည့်​သွားလိုက်ခဲ့တယ်။


သူမ ဈေးဝယ်လှည်းကိုတွန်းပြီး စင်တစ်စင်နဲ့ တစ်စင်ကြား ကူးသန်းလိုက်ခဲ့တယ်။ စက္ကူသဘက်၊ မျက်နှာသုတ်ပဝါ၊ သွားတိုက်တံနှင့် သွားတိုက်ဆေး၊ လစဉ်သုံးဂွမ်းထုပ် အစရှိသဖြင့် . . သူမ လိုအပ်တာတွေ အားလုံးနီးပါး ယူလိုက်ခဲ့တယ်။


နောက်ဆုံးတွင် သူမ အဲဒီအကန့်မှ ထွက်ဖို့ လမ်းကြောင်းရှာလိုက်ပြီးနောက် မပုပ်သိုးနိုင်တဲ့ အစားအစာတွေဆီ သူမ ဆက်သွားလိုက်ခဲ့တယ်။ သူမ သီးသန့်ဝန်ထမ်းတစ်ယောက်အား မတ်ပဲ၊ ပဲပိစပ်၊ မြေပဲနဲ့ အခြားအပင်တွေလိုမျိုး သီးနှံမျိုးစေ့တွေအား မေးမြန်းလိုက်ခဲ့တယ်။


အဲဒီနောက်မှာတော့ သူမသည် ဘာဝယ်ရမှန်း မစဉ်းစားတတ်တော့ဘဲ နို့ထွက်ပစ္စည်းများထားရာ အကန့်ပိုင်းသို့ ပြန်လာလိုက်ပြီး ဈေးဝယ်တွန်းလှည်းထဲသို့ နို့ဘူးကတ်တွေ အများကြီး ထည့်လိုက်ခဲ့တယ်။


. . .


ကျီရှောင်အုံး ငွေရှင်းကောင်တာရှေ့တွင် မတ်တပ်ရပ်နေချိန်တွင် ငွေကိုင်က သူမနဲ့အတူ အပြည့်ပါတဲ့ စျေးဝယ်တွန်းလှည်းနှစ်ခုကို ကြည့်ပြီး ချီတုံချတုံဖြင့် မေးလိုက်တယ် "ဒါတွေအကုန်လုံး ညီမပစ္စည်းတွေ ချည်းပဲလား"


ကျီရှောင်အုံး သူမ၏ပါးပြင်ကို ထိတွေ့လိုက်ကာ ခေါင်းညိတ်လိုက်တယ်။ "အမ်း အကုန်လုံး ကျွန်မပစ္စည်းတွေပါ" 


ဘေလ်စာရွက်ယူပြီး ကျီရှောင်အုံး ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း စျေးဝယ်အိတ် ခုနစ်အိတ် ရှစ်အိတ်ရှိပြီး နို့ဗူးတွေကိုတော့ ထည့်မရေတွက်လိုက်တော့ပေ။


ကံကောင်းထောက်မစွာပဲ သူမ ကားယူလာခဲ့လိုက်တယ်။ သူမမှာ နေရာလွတ်တစ်ခုရှိရင်တောင် သူမ အဲဒါကို လူအများကြီးရှေ့မှာ အဲဒါကို မသုံးနိုင်ပေ။ သူမ ပစ္စည်းတွေအားလုံးကို ဘယ်လိုဘယ်ပုံ ပြန်သယ်လာလိုက်လည်း သူမ တကယ်မသိတော့ဘူးပဲ။


အပြန်လမ်းတွင်တော့ ကျီရှောင်အုံး အိမ်မွေးတိရစ္ဆာန်စင်တာကိုသွားပြီး သူမကြောင်လေးကို သွားခေါ်လိုက်ခဲ့တယ်။


ခွမ်ခွမ်က စာသင်နှစ်တစ်ခုစာလောက် သူမနဲ့ မတွေ့ခဲ့ရပေ၊ သူမကို သူ မြင်လိုက်တော့ သူ သူမဆီသို့ အပြေးအလွှားလာလိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမ၏ ယာဉ်မောင်းလိုင်စင်ကို ရထားပြီးရုံရှိသေးတာမို့ သူမလက်တွင် စတီယာရင်ဘီးကို ကိုင်ထားလိုက်ပြီး သူမ သူနဲ့ မကစားရဲဘဲ ပြောလိုက်တယ် " ခွမ်ခွမ် လိမ်လိမ်မာမာနေ"


ခွမ်ခွမ်က နှစ်ခါတိတိ 'မြှောင်'လို့ အော်လိုက်ပြီး ကူရှင်ပေါ်တွင် မနေ့ချင်နေချင်နဲ့ ဒူးထောက်လိုက်တယ်။


သူမ အိမ်ပြန်ရောက်တော့ ၁၀ နာရီတောင် ခွဲနေလေပြီ။ ကျီရှောင်အုံး က သူမဝယ်လာတဲ့ ပစ္စည်းအားလုံးကို ယူလိုက်ပြီး သူမနေရာလွတ်ထဲကို ထည့်လိုက်ပြီး အဲဒီနောက် သူမ လွတ်လွတ်လပ်လပ် ရေချိုးလိုက်တော့တယ်။


သူမ ရေချိုးပြီးနောက် တစ်ခုခုသွားစားလိုက်ခဲ့ပြီး ကျီရှောင်အုံး သူမအခန်းမှာ အနားယူဖို့ ပြန်လာလိုက်ခဲ့တယ်။


နောက်တစ်နေ့နဲ့ တတိယနေ့တွင်လည်း ကျီရှောင်အုံး ပစ္စည်းတွေဝယ်ယူဖို့ ပုံမှန်အတိုင်း အပြင်ထွက်ခဲ့လိုက်တယ်။


အရင်ဦးဆုံး သူမ အဝတ်အထည်ဈေးသို့ သွားလိုက်ပြီး အဲဒီနောက် စက်ပစ္စည်းအရောင်းဆိုင်နဲ့ အဲဒီနောက် ဆန်နဲ့ဆီဈေးသို့ သွားခဲ့တယ်..... အချိန်တိုတွင်းမှာပဲ သူမတွေးနိုင်သမျှအားလုံးကို ကျီရှောင်အုံး ဝယ်လိုက်ခဲ့တယ်။


ဒီနေရာတွေမှာ ဝယ်ဖို့ ကျီရှောင်အုံး သူမရဲ့ မုန့်ဖိုး၊ ပညာသင်ဆုကြေးငွေနဲ့ သူမ ကျူတာအဖြစ်လုပ်ထားတဲ့ လစာငွေတွေအားလုံးအား သုံးဖြုန်းလိုက်ခဲ့ပြီး ဘာမှမကျန်တော့သည်အထိ ဝယ်ယူပစ်လိုက်ခဲ့တယ်။


လေးရက်မြောက်နေ့ နေ့လယ်တွင်တော့ ကျီရှောင်အုံး သူမရဲ့မိဘတွေအား ဗီဒီယိုဖုန်း ခေါ်ဆိုမှု လုပ်လိုက်ခဲ့တယ်။


ဖင်လန်နိုင်ငံမှာက မနက်ခင်းဖြစ်တယ်။ သူမမိဘတွေက အခုမှ အိပ်ရာကနေ ထပြီး လသာဆောင်မှာ ရပ်နေခဲ့တယ်။ သူတို့နောက်မှာ သစ်ပင်တွေအုပ်မိုးထားတဲ့ အမိုးနီနီနဲ့ အဝါရောင် အိမ်တစ်လုံးရှိနေခဲ့တယ်။


"ဖေဖေ မေမေ" ကျီရှောင်အုံး က သူတို့ကို နှုတ်ဆက်လိုက်ခဲ့တယ်။ 


သူမအမေက ပြုံးကာ ပြောတယ် "အသည်းလေး သမီး ဒီရက်ပိုင်း ဘာတွေလုပ်နေတာလဲ။ သမီး အားရဲ့လား စကားပြောလို့ရရဲ့လား"


ကျီရှောင်အုံးက သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ကလပ်ရဲ့ လှုပ်ရှားမှုတွေက ခုထိ မပြီးသေးလို့ပါ ဒီနေ့မနက်မှပဲ ပြီးသွားလို့"


"အဲဒီမှာ အဖွဲ့ဝင်တွေ ဘယ်လောက်ရှိလဲ၊ ဘာ လှုပ်ရှားမှုတွေလုပ်ရတာလဲ"


ကျီရှောင်အုံး မလိမ်လိုက်ခဲ့ပေ "လူမှုဆက်ဆံရေး လေ့ကျင့်ရေးဆင်းရတာ"


သူမအမေက နည်းနည်း စိုးရိမ်သွားလိုက်တယ်။ "လူမှုရေး လှုပ်ရှားမှုတွေက ကောင်းပါတယ် ဒါပေမယ့် အရမ်းပင်ပန်းမခံနဲ့ဦး အနားလေးဘာလေးယူပါဦး။ အားလပ်ရက်ဆိုတော့ အပြင်လေး ဘာလေးထွက်လည်ပါဦးလား"


ကျီရှောင်အုံးက ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး သူမမိဘတွေအား ပြောလိုက်တယ်။ "အမေ ကျောင်းက စီစဉ်တဲ့ ပွဲတစ်ခုအတွက် သမီး စာရင်းသွင်းလိုက်တာရှိတယ်။ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ စာသင်ဖို့ နှစ်လလောက်သွားလုပ်ရမှာ။ အဲဒီနေရာက အရမ်းဝေးလို့ လိုင်း အရမ်းမကောင်းဘူးလို့ သမီး ကြားတယ်။ အမေ သမီးကို အမြဲတမ်း ဆက်သွယ်လို့ မရတော့တာ ဖြစ်နိုင်တယ်။ အမေ အသံမေးလ်ပဲ ချန်ထားလို့ရမှာ သမီး နောက်မှပဲ ပြန်ဖြေလို့ရမှာ"


သူမ အမေက ရပ်တန့်သွားလိုက်ပြီး "ဘယ်နေရာလဲ" 


ကျီရှောင်အုံးက နေရာတစ်ခုရဲ့ နာမည်ကို ပြောလိုက်ခဲ့တယ်။


ဗီဒီယို၏တစ်ဖက်တွင်တော့ သူမ၏မိဘတွေက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ တစ်ဦးချင်း၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုတွေကို မြင်တွေ့လိုက်ခဲ့တယ်။


ကျီရှောင်အုံး နှစ်ဝက်လောက် ပျောက်ဆုံးသွားလိုက်တည်းက သူတို့တွေ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို အလိုလိုကို ယုံကြည်မှုမရှိကြတော့ပေ။


သို့သော်ငြားလည်း သူတို့၏သမီးလေးက ကြီးပြင်းလာခဲ့ပြီး သူတို့၏အတောင်ပံအောက်တွင် အမြဲတမ်း မိုးထားနိုင်တော့မှာမဟုတ်ပေ။


မစ္စကျီက အချိန်အတော်ကြာအောင် လွန်ဆွဲလိုက်ခဲ့ပြီး နောက်ဆုံးတွင်မှ လိုက်လျောလိုက်တယ်။ "ဒါဆို........ သမီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော် ဘေးကင်းဖို့လည်း သတိထားဦး။ သမီး ဘာတွေလုပ်နေလဲဆိုတာ အမေတို့ကိုလည်း ပုံမှန်ပြောဖို့ သတိရနော်"


ကျီရှောင်အုံး က ခေါင်းညိတ်လိုက်တယ်။ "အင်း"


အဲဒီနောက် သူမရဲ့မိဘတွေက သူတို့ရဲ့ အားလပ်ရက်မှာ သူတို့ဘာတွေလုပ်ခဲ့ကြလဲ ဆိုတာကို ပြောပြလိုက်ခဲ့ပါတယ်။


ကျီရှောင်အုံးက သူမပါးတွေကို ထောက်လိုက်ပြီး အားပါးတရ နားထောင်လိုက်ခဲ့တယ်။


ဗီဒီယိုမပြီးဆုံးမီ မိနစ်ပိုင်းအလိုတွင်တော့ ကျီရှောင်အုံး က ရုတ်တရက်ကြီး "အမေ" လို့ လှမ်းခေါ်လိုက်ခဲ့တယ်။


"အသည်းလေး ဘာပြောချင်သေးလို့လဲ"


ကျီရှောင်အုံးက တအောင့်လောက် တိတ်ဆိတ်သွားပြီးနောက် သူမ ပြုံးလိုက်ကာ ပြောလိုက်တယ် "အမေသမီး အမေ့ကို သတိရနေမယ်နော်"


သူမအမေက ပြောလိုက်တယ် "မေမေလည်း သမီးကို သတိရနေပါ့မယ်"


*


နောက်နေ့မနက်စောစောမှာ ကျီရှောင်အုံး အိပ်ရာက ထလိုက်ပြီးတော့ ခွမ်ခွမ်အား သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို ခေါ်သွားလိုက်ခဲ့တယ်။


ခွမ်ခွမ်က ရက်ရက်စက်စက် နောက်တစ်ခါ စွန့်ပစ်ခံရပြန်တော့ ဒေါသထွက်နေလောက်မည်။ သူမ ထွက်သွားချိန်မှာ သူက ဆိုဖာအောက်မှာ ပုန်းနေပြီး သူမကို လိုက်မပို့တော့ချေ။


ကျီရှောင်အုံးက သူ့မေးစေ့လေးကို ကုတ်ခြစ်လိုက်ရင်း "လိမ္မာတယ် ခွမ်ခွမ်။ ငါ နင့်ကို အရသာရှိတာတွေ ပြန်ယူလာခဲ့မယ်နော်"


ခွမ်ခွမ်က မြှောင်လို့ အော်လိုက်ပြီး သူမလက်ဖဝါးကို ဝတ်ကျေတမ်းကျေပဲ လျက်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက သူမသူငယ်ချင်းအိမ်မှ ထွက်လာလိုက်ပြီး မြို့လယ်ကောင်သို့ ခဏတစ်ဖြုတ်သွားကာ ဆင်ခြေဖုံးရပ်ကွက်တွေဆီ မောင်းနှင်လိုက်ခဲ့တယ်။


ကျီရှောင်အုံး ကားမောင်းတာ သိပ်မကျွမ်းကျင်သေးတော့ အလောတကြီး မမောင်းလိုက်ခဲ့ပေ။ သူမ သုံးနာရီကြာအောင် ကားမောင်းပြီး ချောက်ကမ်းပါးကို ရောက်သွားခဲ့တယ်။


ဒီချောက်ကမ်းပါးက သူမရဲ့ ကျောင်းခရီးစဉ်တုန်းက ချောက်ကမ်းပါးဖြစ်ပြီး ကျီရှောင်အုံး ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ချောက်ကမ်းပါးပဲဖြစ်တယ်။


——ကျီရှောင်အုံးအား အခြားကမ္ဘာသို့ ပို့လိုက်တဲ့ နေရာလည်း ဖြစ်ခဲ့တယ်။


ကျီရှောင်အုံး ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားပေမဲ့ သူမ ဒီနေရာနှင့် မရင်းနှီးနေခဲ့ပေ။ သူမရဲ့တစ်ခုတည်းသော အသိအာရုံကတော့ သူမ အဖျားကြီးပြီး သတိမလစ်သွားခင် ကမ္ဘာမြေကို ပြန်ရောက်လာတဲ့အချိန်ပဲဖြစ်တယ်။ 


သူမရဲ့မှတ်ဉာဏ်တွေက မတည်မငြိမ်နဲ့ ပြောင်းလဲလိုက်ပေမဲ့ တစ်နာရီလောက်ကြာတော့ ကျီရှောင်အုံးက အရွက်တွေဝေဆာနေတဲ့ ဝက်သစ်ချတစ်ပင်ရှေ့မှာ ရပ်တန့်လိုက်ခဲ့တယ်။


သစ်ပင် ပင်စည်လုံးပတ်က ထူထဲပြီး သက်တမ်းရင့်နေတဲ့ပုံ ပေါက်နေခဲ့ပါတယ်။


သို့သော်ငြားလည်း အဲဒါက ကျီရှောင်အုံးကို စွဲဆောင်စေတဲ့ အရာမဟုတ်ပေ။


သူမကို ဆွဲဆောင်လိုက်တဲ့အရာကတော့ ပင်စည်ပေါ်တွင် ရေးထွင်းထားတဲ့ နံပါတ်တွေဖြစ်တဲ့ —"၁၀၀၂" ပဲဖြစ်တယ်။


ဒါက ကျီရှောင်အုံး အဲဒီကမ္ဘာထဲကို ဝင်ရောက်တဲ့နေ့ပဲဖြစ်တယ်။ တောအုပ်ထဲမှာ လမ်းပျောက်ပြီး နေရာကို အမှတ်အသားပြုဖို့ ဒီနည်းလမ်းကို အသုံးပြုခဲ့တာကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။


လက်ရေးရော ပုံသဏ္ဍာန်ရော တစ်ကြောင်းတည်းပင်။ သိသာနေတာကတော့ သုံးနှစ်ကြာသွားပေမဲ့ အဲဒီအမှတ်သားက လွန်ခဲ့တဲ့ သုံးနှစ်တုန်းကလို ရှင်းလင်းနေတုန်းပင်။


ကျီရှောင်အုံး နံပါတ်အတန်းလိုက်ကို မြင်လိုက်ရချိန် သူမ ထိတ်လန့်သွားလိုက်တယ်။


'ဒီသစ်ပင်က ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ။'


'ဒီသစ်ပင်က သူမနဲ့ အတူတူပဲလား။ ဒါမှမဟုတ်.... ဒါက ကမ္ဘာနှစ်ခုကြား ကူးသန်းတဲ့ လမ်းကြောင်းများလား။'


ကျီရှောင်အုံး အပြန်လမ်းကိုရှာဖို့ အရှုးအမူးဖြစ်နေခဲ့ပေမဲ့ ဒီ "နည်းလမ်း"က သူမနဲ့ ဒီလောက်နီးစပ်နေမယ်လို့ သူမတစ်ခါမှ မတွေးဖူးဘူးပေ။


ဒီပြီးခဲ့တဲ့ သုံးနှစ်တာအတောအတွင်း ကျီရှောင်အုံး အများကြီးတွေးတောလိုက်ခဲ့ပါတယ်။ 


.


တကယ်လို့ ဒါက ကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးသော သစ်ပင်ဖြစ်မယ်ဆိုရင် ကမ္ဘာနှစ်ခုလုံးမှ လူတွေအများကြီး သွားလိုက်လာလိုက်လုပ်နေကြမှာပဲမလား။ 


ဒါ့ကြောင့်မို့ ဒါက သူမ၏နေရာလွတ်နဲ့ ဆက်သွယ်ချက်တချို့ရှိမယ်လို့ သူမ ခန့်မှန်းလိုက်ခဲ့တယ်။


သစ်ပင်၊ သူမရဲ့နေရာလွတ်နဲ့ အထူးအခွင့်အရေး အဲဒီအရာသုံးခုကသာ ဖြတ်ကျော် ကူးသန်းနိုင်အောင် လုပ်ဆောင်လိုက်တာပင်။


အခွင့်အလမ်းအတွက်ကတော့.... ကျီရှောင်အုံး သိပ်မသေချာပေမဲ့ သူမ သိမသိ စမ်းကြည့်ဖို့ပဲ လိုပေလိမ့်မည်။ 


ကျီရှောင်အုံး သူမ၏လက်ကို ဆန့်တန်း၍ ပင်စည်ပေါ်က "1002" ဆိုတဲ့နံပါတ်တွင် သူမလက်ချောင်းတွေ တင်လိုက်ပြီး သူမမျက်လုံးတွေကို ဖြည်းညင်းစွာ မှိတ်လိုက်ခဲ့တယ်။


ခဏအကြာတွင်တော့ ကျီရှောင်အုံး သူမပတ်ဝန်းကျင်ရှိ စီးဆင်းနေတဲ့လေထုက တဖြည်းဖြည်းချင်း မြန်သထက် မြန်ဆန်လို့လာခဲ့ကာ သူမ မြစ်ထဲတွင် ကျရောက်နေသကဲ့သို့ လေထုက သူမအား ရှေ့သို့တွန်းထိုးလိုက်ခဲ့ပါတယ်။


အဲဒီနောက် ချက်ချင်းပဲ ရင်းနှီးနေတဲ့ အားတစ်ခုက သူမကို ဆွဲခေါ်လာပြီး သူမ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူမ အခြားကမ္ဘာလောကထဲသို့ ဆောင့်ဆွဲသွားလိုက်ခဲ့တော့တယ်။


. . .


*


ကျီရှောင်အုံး သူမ မျက်လုံးတွေကို တစ်ဖန်ပြန်ဖွင့်လိုက်ခဲ့တယ်၊ သူမရှေ့တွင်တော့ ရှေးကျတဲ့သစ်ပင်များရှိနေကာ နေရောင်ကို ပိတ်ဆို့ထားခဲ့တယ်။ ထူးဆန်းပြီး အကျွမ်းတဝင်ရှိသော ရှေးဦးတိုက်ကြီးပင်ဖြစ်တော့တယ်။


သူမ နောက်ပြန်လှည့်လိုက်တော့ သူမ နောက်ကျောက သစ်ပင်တွင် "1002"အား ရေးထွင်းထားခဲ့တယ်။ ဒီသစ်ပင်က တခြားသစ်ပင်တွေနဲ့ ခွဲခြားလို့မရနိုင်ဘူးပဲ။


'. . . သူမ ဒီလိုမျိုးနဲ့ ပြန်ရောက်လာခဲ့တာလား?'


ကျီရှောင်အုံး အနည်းငယ် စိတ်ရှုပ်သွားတော့တယ်။ သူမ လွန်ခဲ့တဲ့သုံးနှစ်တုန်းကသာဆို သူမအသတ်ခံရလုနီးပါးဖြစ်နေပြီဟု သူမတွေးလိုက်မိမှာပင်၊ အခုတော့ သူမ ဒီနေရာကို သုံးနှစ်ကြာပြီးနောက်မှ ပြန်ရောက်လာခဲ့ပါလား။


ကျီရှောင်အုံး သူမရဲ့နဂိုလမ်းကြောင်းအတိုင်း တအောင့်လောက် လျှောက်လာလိုက်ခဲ့တယ်။ အဲဒီလိုမလုပ်ခင် သူမ ပေါ့ပါးတဲ့ အပြေးစီးဖိနပ်ကို လဲစီးလိုက်ပြီး တောထဲကနေ ထွက်လာခဲ့လိုက်တယ်။


စမ်းချောင်းကိုဖြတ်၍ မြောက်ဘက်ပိုဝေးတဲ့နေရာတွင်တော့ ကမူဒါတောင်ကြားပဲ ဖြစ်တယ်။


ဒါပေမဲ့လည်း ကျီရှောင်အုံး အဲဒီကို မသွားလိုက်ပေ။


သူမ ဒီတစ်ခါ ပြန်လာခဲ့တာက ရမ်နဲ့ ပြန်ပေါင်းစည်းဖို့မှ မဟုတ်တာ။


သူမ ဒီလောက်ပြတ်ပြတ်သားသား ထွက်လာလိုက်မှတော့ ရမ် အရမ်းဒေါသထွက်နေမှာပဲ။ သူ သေချာပေါက် သူမကို ထပ်တွေ့ချင်တော့မှာ မဟုတ်ဘူးပဲ။


သူမတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ သုံးနှစ်တောင်မှ ရှိနေပြီပဲ ရမ့် မိန်းမအသစ်တစ်ယောက် ရှိနေ မနေ ဘယ်သူသိမှာတဲ့လဲ။


ဒီတော့ သူမ သူ ဘယ်လိုနေလဲ သိချင်ရုံသက်သက်ပဲ။ သူ့အကြောင်း သတင်းလေး ကြားရုံနဲ့တင် လုံလောက်ပါပြီ။


ကျီရှောင်အုံး အခြားဦးတည်ရာဘက်သို့ လျှောက်လာလိုက်ခဲ့တယ်၊ တကယ်လို့သာ သူမ အမှတ်မမှားဘူးဆိုရင် ဒီနေရာက အပင်စားမျိုးစိတ်တွေ အခြေချရာနေရာပဲ နေမယ်။


သို့သော်ငြားလည်း ခြေလှမ်းအနည်းငယ်လောက်လှမ်းလာလိုက်ရုံနဲ့ သူမ၏အနောက်တွင် အနည်းငယ်လေး လှုပ်ရှားသွားကာ မယုံနိုင်စရာကောင်းတဲ့ အသံတစ်ခုက နောက်မှလိုက်ပါလာခဲ့တော့တယ်--------


"အုံး လား???"


ကျီရှောင်အုံး လန့်ဖျန့်သွားလိုက်ပြီး နောက် လှည့်ကြည့်လိုက်တယ်။


အီရစ်က ခြေလှမ်းအနည်းငယ်အကွာတွင် မတ်တပ်ရပ်နေခဲ့ပြီး သူ့သမင်ချိုတွေက အရင်တုန်းကထက် ပိုရှုပ်ထွေးလာပြီး ပိုလည်းသန်မာနေလေတယ်။ သူက အရပ်ရှည်ပြီး ကျန်းမာသန်စွမ်းစွာနဲ့ သူမမျက်နှာကို ကြည့်ရှုနေခဲ့ပါတယ်။ သူ့မျက်လုံးတွေ ပြူးကျယ်စွာနဲ့ သူ တအံ့တဩဖြစ်နေခဲ့တယ် "အုံး အရမ်းကောင်းတယ်။ နင် အသက်ရှင်နေသေးတာပဲ!"


TheEnd...