Chapter 65
Viewers 9k

အပိုင်း (၆၅)


အီရစ်ရဲ့မျိုးနွယ်စုက တောင်ခြေရှိ တောင်ပူစာလေးရဲ့ ထိပ်ဖျားမှာရှိတာဖြစ်တယ်။ သမင်မျိုးနွယ်တွေနဲ့အတူ တောဆိတ်၊ သစ်ကုလားအုတ် အခြားသော အပင်စားမျိုးနွယ်ဝင်တွေလည်း မှီတည်းနေထိုင်ကြတာပဲဖြစ်တယ်။


အီရစ်က သူ စိုက်ပျိုးလို့ရနိုင်တဲ့ အစားအစာတွေကို လာထွက်ရှာတာပဲဖြစ်တယ်။


ဒီနှစ်တွေတစ်လျှောက်လုံး သမင်မျိုးနွယ်စုက စိုက်ပျိုးခဲ့တဲ့ အစားအစာက ကန်စွန်းဥတွေပဲ ဖြစ်တယ်။ အထွက်နှုန်းမကောင်းခဲ့တာကလွဲလို့ပေါ့ အဲဒါကပဲ မျိုးနွယ်စုတစ်ခုလုံးရဲ့ အသက်ရှင်သန်မှုကို ထိန်းသိမ်းဖို့အတွက် ခက်ခဲလာခဲ့တယ်။ 


သူတို့ဝမ်းရေးကို ဖြည့်ဆည်းနိုင်ဖို့အတွက် မျိုးနွယ်စုဝင်တွေဟာ အစာရှာဖို့ အနီးနားက တောင်ကုန်းတွေဆီ သွားဖို့လိုခဲ့တယ်။


သို့သော်ငြားလည်း တောင်တန်းတွေက ကြမ်းတမ်းတဲ့ သားရဲများနှင့် ပြည့်နှက်နေပြီး သမင်တော်တော်များများမှာ အသားစား မျိုးစိတ်များ၏ ခံတွင်း၌သာ အသက်ဆုံးရှုံးခဲ့ရ၏။


အီရစ်က မျိုးနွယ်စု၏ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်ပြီး သူသည်လည်း ကလန်အတွက် စိုက်ပျိုးဖို့ သင့်တော်တဲ့ မျိုးစေ့တွေကို ရှာဖွေဖို့ရာ စိတ်ပူပန်နေခဲ့ရတာ သဘာဝပင်ဖြစ်၏။


သူ အပြင်ထွက်လာတဲ့အခိုက် ကျီရှောင်အုံးနဲ့ တွေ့လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။


"အုံး... နင် ဒီမှာ အဆင်ပြေရဲ့လား။ နင် ကျားသစ်တွေဆီကနေ ဘယ်လိုလွတ်လာတာလဲ။ မင်းရဲ့ကိုယ်ပိုင်မျိုးနွယ်စုကိုရော ရှာတွေ့ပြီလား" အီရစ်က ကျီရှောင်အုံးအား သူ့မျိုးနွယ်စုဆီ ပြန်ခေါ်လာခဲ့ပြီး အိမ်ထဲဝင်ပြီးတော့မှ မေးမြန်းဖို့ မစောင့်နိုင်တော့ပေ။


လောရန့် ရောက်လာတဲ့အချိန်က ကျီရှောင်အုံးနဲ့ ကျားသစ်ပေါက်ကလေးတို့ ပျောက်ကွယ်သွားခဲ့တာပင်။ အီရစ်က သူတို့အစားခံလိုက်ရပြီလို့ ထင်လိုက်တာဖြစ်တယ်။ ထိုအချိန်ကတည်းက ခုထိကို ကြာမြင့်ခဲ့ပြီဖြစ်၏။


အခုတော့ သူ သူမအသက်ရှင်နေသေးသည်ကို မြင်လိုက်ရပြီး သူ အခြားသူများထက် ပိုပျော်နေခဲ့တာပဲဖြစ်တယ်။


ကျီရှောင်အုံးက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး လွှဲကာဖြေလိုက်တယ်၊ "ဟုတ်တယ်၊ ငါ ငါ့မျိုးနွယ်စုကို တွေ့ပြီ" 


"ကောင်းလိုက်တာ" အီရစ်က ညည်းညူလိုက်တယ်။ အပေါင်းအသင်းဆန့်တဲ့ သားရဲလူအမျိုးသားတစ်ယောက်အနေ မျိုးနွယ်စုနဲ့ အတူနေထိုင်ရခြင်းက အရေးကြီးကြောင်း သူ သိပေတယ်။ အရင်တုန်းကတော့ ကျီရှောင်အုံးက တစ်ယောက်တည်းဖြစ်နေခဲ့ပြီး သူ့ဘေးမှာ ကျားသစ်သားပေါက်ကလေးတစ်ကောင်သာ ရှိနေတာပဲ။ သူမတစ်ယောက်တည်းက ဘော်နီးယားတိုက်ကြီးပေါ်မှာ လုံးဝ လုံခြုံမှုမရှိဘူးပဲ။


. . .


ကျားသစ်သားလေးအကြောင်းပြောလိုက်ရင်း အီရစ်က ကျီရှောင်အုံး အား မသိစိတ်က တစ်ချက်ကြည့်လိုက်ပြီး "အုံး.... နင် မွေးခဲ့တဲ့ အဲဒီကျားသစ်ပေါက်ကလေးရော ဘယ်ရောက်သွားတာတုန်း"


သူမမျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် တောင့်တင်းသွားလိုက်ကာ "သူလည်း သူ့မျိုးနွယ်စုကို ပြန်သွားလိုက်ပြီလေ"


အီရစ်က သက်သာရာရသွားပုံ ပေါက်သွားလိုက်တယ်။ 'အံ့ဩစရာကြီးပဲ။'


အီရစ်၏ သိထားတဲ့ဗဟုသုတအရ အသီးအရွက်စားမျိုးစိတ်တွေနဲ့ အသားစားမျိုးစိတ်များက ပင်ကိုအားဖြင့် အတူတူ ယှဉ်တွဲနေထိုင်နိုင်စွမ်း မရှိကြပေ။ ဒါပေမဲ့ ဒီစကားတွေကိုတော့ သူ သူမရှေ့တွင် မပြောလိုက်တော့ပေ။ "ဒီတော့ နင် ဒီတစ်ခေါက်ပြန်လာတာ 'အဲဒါ' ကို ရှာဖို့လား"


ကျီရှောင်အုံးက ခေါင်းခါလိုက်ပြီး "သူက သူ့မျိုးနွယ်စုနဲ့ ကောင်းကောင်းနေနေတာလေ။ တကယ်လို့ ငါ သွားလိုက်ရင် သူ့ကို အနှောင့်ယှက်ပေးသလိုပဲ ဖြစ်နေမှာ......."


သူမ ခေတ္တရပ်သွားလိုက်ပြီးတော့ သူ့ကိုယ်သူ လှည့်စားကာ ပြောလိုက်တယ်။ "ငါက ပြန်လာပြီး တစ်ချက်လာကြည့်ရုံပါပဲ"


အီရစ်က အရမ်းကြီး သေချာမသိပေမဲ့ သူ သိပ်အများကြီးမမေးလိုက်ပေ။ သူမမှာ လောလောဆယ် နေစရာနေရာမရှိတာကို သိပြီးနောက် သူ သူ့အိမ်မှာနေဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ခဲ့ပါတယ်။


ကျီရှောင်အုံး တံခါးထဲဝင်လာလိုက်ချိန်တွင် သူမ အီရစ်၏အိမ်ထောင်ဖက်နဲ့ သွားဆုံလိုက်ခဲ့တယ်၊ အဲဒါကြောင့် သူမ ကိုယ့်ကျင့်ဝတ်အတွက် စောင့်ထိန်းဖို့မလိုတော့တာမို့ သူမ နေဖို့ သဘောတူလိုက်ပါတယ်။


ကျီရှောင်အုံးက အီရစ်ကို မယုံတာတော့ မဟုတ်ပေမယ့် မိန်းမပျိုတစ်ဦးက လက်တွဲဖော်မရှိဘဲ တစ်ကိုယ်တည်းနေထိုင်တဲ့ ယောက်ျားပျိုနဲ့ အတူနေခြင်းက တိရစ္ဆာန်တွေရဲ့အမြင်မှာတော့ "အိမ်ထောင်ဖက်" ဆိုတဲ့ မူရင်းအဓိပ္ပာယ်ကို ဆိုလိုနေတာဖြစ်လို့ပါပဲ။


— ဒါက အတွေ့အကြုံကနေ သူမ သင်ယူလိုက်ရခဲ့တာပဲ။


သို့သော်ငြားလည်း ကျီရှောင်အုံး အခကြေးငွေမပေးဘဲနေဖို့ ရှက်နေသေးတာမို့ အပြန်လှန်အနေနဲ့ သူမ အီရစ်အား သီးနှံမျိုးစေ့များစွာကို ပေးအပ်လိုက်ခဲ့ပါတယ်။


အပြန်လမ်းတွင် သူမ ဒီနှစ်ရဲ့အထွက်နှုန်း မကောင်းကြောင်း အီရစ်ပြောတာကို နားထောင်လိုက်ခဲ့ရတယ်။


ဆောင်းရာသီရောက်ရင် မျိုးနွယ်တစ်ခုလုံး ဆာလောင်နေတော့မှာပင်။


"အုံး.... ဒါတွေက ဘာလဲ" အီရစ်က သူ့ရှေ့က မျိုးစေ့အမျိုးမျိုးကို ကြည့်ပြီး သိချင်စိတ်နဲ့မေးလိုက်ခဲ့တယ်။


ကျီရှောင်အုံး က သူ့အား တစ်ခုပြီး တစ်ခု ရှင်းပြပေးလိုက်ခဲ့ပါတယ်။ "ဒါတွေက မြေပဲစေ့၊ ဒါတွေက မုန်လာဥနီ၊ ပဲနီလေးစေ့၊ မတ်ပဲနဲ့ အာလူးမျိုးစေ့တွေပဲ.........."


အီရစ်က နားထောင်လိုက်ပြီး စိတ်ဓာတ်ကျဆင်းသွားတော့တယ်။ သူတို့တွေ သားရဲလူတွေဖြစ်လာပြီးတော့ လူသားတွေလိုနေထိုင်ပြီး နှစ်ပေါင်းရာနှင့်ချီ၍ စိုက်ပျိုးရေးလုပ်လာခဲ့ပေမဲ့ သူတို့တွေ အမှန်တကယ် လူသားစင်စစ်များနဲ့ မယှဉ်ပြိုင်နိုင်ပေ။ "နင်......ဒီပစ္စည်းတွေကို ဘယ်ကရလာတာလဲ"


ကျီရှောင်အုံးက တစ်ဝက်တစ်ချို့ အမှန်အတိုင်း ပြောလိုက်တယ် "ဒါတွေက ငါ့မျိုးနွယ်စုမှာ စိုက်ပျိုးတဲ့ အစားအစာတွေပဲ၊ ဒါတွေက 


ကန်စွန်းဥထက် စိုက်ရတာ ပိုလွယ်တယ်၊ အရသာလည်း ပိုရှိတယ်။ နင့် မျိုးနွယ်စုမှာ စမ်းစိုက်ခိုင်းကြည့်လို့ရတယ်"


အဲဒီနောက် သူမ စိုက်ပျိုးပုံစိုက်ပျိုးနည်းတွေ ပြောပြခဲ့ပြီး ရိတ်သိမ်းရတဲ့အထိ ဘယ်လောက်ကြာမလဲဆိုတာ အသီးသီး ဆွေးနွေးခဲ့ကြသည်။


အီ ရစ်က နောက်ဆုံးတော့ နားလည်သွားခဲ့ပါတယ်။ "အုံး... နင့်မှာ ဒီလောက်အချိန်ကိုက်ကောင်းတဲ့ သီးနှံတွေရှိတာပဲ။ ငါ့ မျိုးနွယ်ဝင်တွေတော့ နင့်ကို အရမ်းကျေးဇူးတင်နေကြတော့မှာပဲ"


ကျီရှောင်အုံး သူမနှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး အနည်းငယ်လေး ရှက်ရွံ့သွားလိုက်တယ်။ ဒါတွေက ကမ္ဘာအစစ်မှ နဂိုမူလပစ္စည်းတွေသာဖြစ်တယ်၊ သူမ မျက်နှာလိုမျက်နှာရနဲ့ သူမ ပစ္စည်းမဟုတ်တဲ့အရာတွေကို သုံးလိုက်ရုံတင်ပါပဲ။


ဒါတွေနဲ့ ဒီကမ္ဘာလောကကြီးကို နည်းနည်းလောက်ဖြစ်ဖြစ် ပိုပြီးချမ်းသာသွားအောင် လုပ်နိုင်ရင် ကောင်းလိမ့်မှာပဲ။


. . .


. . .


.


နောက်တစ်နေ့တွင်တော့ အီရစ်က ကျီရှောင်အုံး ပေးခဲ့တဲ့ မျိုးစေ့တွေကို စိုက်ပျိုးဖို့ မစောင့်နိုင်ဘဲ သူ စတင်စိုက်ပျိုးဖို့ စိုက်ခင်းဆီ ထွက်လာလိုက်ခဲ့ပါတယ်။


အစစ်အမှန်ကမ္ဘာမှာ ခုဆို ဆောင်းရာသီရောက်နေပြီဖြစ်ပေမဲ့ ဒီနေရာမှာက ဆောင်းဝင်ရုံပဲ ရှိသေးတာဖြစ်တယ်။


အီရစ်က ကျီရှောင်အုံး၏ လမ်းညွှန်ချက်ဖြင့် မုန်လာဥနှင့် ဆောင်းဦးခရမ်းသီးအစေ့များကို လယ်ကွင်းများထဲသို့ ကျဲပက်လိုက်ခဲ့တယ်။


သို့ပေမဲ့လည်း သူတို့တွေက စိုက်ပျိုးတဲ့နေရာမှာ ကောင်းကောင်းမကျွမ်းကျင်တာမို့ မျိုးကျဲတဲ့နည်းကို မသိကြပေ။ များသောအားဖြင့် အစေ့အမြောက်အများအား ပူးကျဲထားမိကြပြီး အပင်တွေ ကြီးလာလျှင်တောင် နောင်ကျ ကြီးထွားနိုင်တော့မှာ မဟုတ်ပေ။


ကျီရျောင်အုံးမှာလည်း စိုက်ပျိုးရေးလုပ်ငန်းကို မလုပ်တတ်တာမို့ သူမလည်း ဒီလိုမျိုးမဖြစ်သင့်ဘူးဆိုတာ သိတာမို့ သူမ သူတို့အား ဘယ်လိုမျိုးကျဲရမယ်ဆိုတာပါ သင်ကြားပေးလိုက်ခဲ့ပါတယ်။


အီရစ် မျိုးနွယ်စုကို ဦးဆောင်ပြီး ဂရုတစိုက်လိုက်နာလိုက်ခဲ့ပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ စိမ်းလန်းသောမြေဆီလွှာကနေ 


အညှောင့်ပေါက်လေးများ ထွက်လာတာကို သူ တွေ့လိုက်ရတော့တယ်။


ဒါကိုတွေ့တော့ အားရဝမ်းသာနဲ့ သူ တုန်လှုပ်သွားခဲ့ပါတယ် ဘာလို့ဆို ဒီကန်စွန်းဥစိုက်ခင်းက အကြာကြီး မစိုက်ရလို့ပဲလေ!


သူ့မျိုးနွယ်စုက ကျီရှောင်အုံးအား အလွန်ကျေးဇူးတင်နေကြပြီး သူတို့တွေ ပိုလို့ပိုလို့ပင် စိတ်ပါဝင်စားလာကြပါတယ်။


*


ဒီနေ့တွင်တော့ ကျီရှောင်အုံးက စိုက်ခင်းရှေ့တွင် မတ်တပ်ရပ်ကာ သီးနှံတွေကို မြေသြဇာ ဘယ်လိုကျွေးရမယ်ဆိုတာ အီရစ်အား ရှင်းပြလိုက်ခဲ့တယ်။ ရုတ်တရက် ခပ်လှမ်းလှမ်းရှိ ချိုင့်ဝှမ်းတစ်ခုမှ ပေါက်ကွဲသံကြီးတစ်ခုအား သူမ ကြားလိုက်ရတော့၏။


ဝုန်း—


ကျီရှောင်အုံး တစ်ချက် လှမ်းကြည့်လိုက်ခဲ့တယ်။ နောက် ပြန်ကြည့်လိုက်တော့ ကမူဒါတောင်ကြား ဝင်ပေါက်ကနေ မီးခိုးလုံးဖြူဖြူတွေ လိမ့်ထွက်လာတာကို သူမ တွေ့လိုက်ရတယ်။


အီရစ်လည်း ဒီအသံကို ကြားလိုက်ခဲ့တာပင်၊ သူ့မျက်နှာက ဖြူဖျော့သွားလိုက်ပြီး မျိုးနွယ်စုထဲကို ပြန်သွားကြဖို့ သူ့မျိုးနွယ်ဝင်တွေအား အဆောတလျှင် ပြောလိုက်ခဲ့တော့တယ်။


ကျီရှောင်အုံးက မေးလိုက်တယ်။ "အီရစ် အခုန ကြားရတဲ့အသံက ဘာကြီးလဲ"


အီရစ်က သူမနဲ့အတူ ပြန်လျှောက်လာပြီး ရှင်းပြလိုက်တယ်။ "ဒါက ဝံပုလွေတွေနဲ့ ကျားသစ်တွေ စစ်ပွဲထပ်ဖြစ်တာပဲ ဖြစ်ရမယ်။ အုံး.... မြန်မြန်ပြန်ကြရအောင်"


ကျီရှောင်အုံး နောက်ကနေ နောက်ကျကျန်ခဲ့ပြီး သူ့ရဲ့ လေသံထွက်ရုံမျှ ပြောလိုက်တာကို ကြားလိုက်ခဲ့တယ်။ "သူတို့တွေ ဒီလိုပဲ မကြာခဏ တိုက်နေကြတာလား"


အီရစ်က ဒါကိုတော့ မငြင်းဆန်လိုက်ဘဲ ဂုဏ်ယူတဲ့ပုံ ပေါက်သွားလိုက်တယ်။


"သူတို့ ဘာလို့ တိုက်နေကြတာလဲ"


အီရစ်: "လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သူတို့က ဒီလိုမျိုး တိုက်နေကြတော့တာပဲ။ ဘာဖြစ်လို့လဲတော့ ငါလည်း အတိအကျ မသိဘူး"


"... "


"ဒါပေမယ့်..." အဲရစ်က သူ့ရဲ့ သမင်ချိုတွေကို ငုံ့ကိုင်းလိုက်ပြီး "ဝံပုလွေခေါင်းဆောင်က ကျားသစ်ခေါင်းဆောင်ရဲ့ 'အိမ်ထောင်ဖက်ကို ခိုးသွားတယ်လို့ ငါ ကြားရတာပဲ"


ကျီရှောင်အုံး: " ..."


တိုက်ခိုက်နေကြတဲ့အသံတွေက ဆက်လက်ထွက်ပေါ်လာပြီး ချိုင့်ဝှမ်းတစ်လျှောက်ကို ဖြတ်ကျော်၍ သားရဲလူတွေရဲ့ ဟိန်းဟောက်သံကို ကြားနေရ၏။


ကျီရှောင်အုံး တခဏမျှ တုံ့ဆိုင်းသွားကာ မနေနိုင်ဘဲ မေးလိုက်တယ်။ " အခုနက ဒီပေါက်ကွဲမှုက ဘာကြီးလဲ၊ အသံက စွမ်းအားကြီးတယ်နော်။ အဲဒါက တခြားလူမျိုးတွေကို ထိခိုက်နိုင်တာလား။"


"အဲဒါက 'ယမ်းမှုန့်' လို့ခေါ်ကြတာပဲ" လို့ အဲရစ်က အံဩစွာနဲ့ ပြောလိုက်တယ်။ "ကျားသစ်တွေက အဲဒါကို ဝံပုလွေတွေကို တိုက်တဲ့နေရမှာပဲ သုံးတာ၊ တခြားမျိုးနွယ်တွေပေါ်မှာတော့ ခုထက်ထိ မသုံးဖူးသေးဘူး" 


ကျီရှောင်အုံး: " ..."


ရမ် တစ်ယောက် ဟိုလ်ဒန်ကို တော်တော်လေးမုန်းနေလို့ပဲ ဖြစ်ရမယ်....


*


သမင်မျိုးနွယ်စုကို ပြန်ရောက်တော့မှပဲ အီရစ်ရဲ့မျက်နှာအမူအရာက နောက်ဆုံးမှာ စိတ်အေးသက်သာဖြစ်သွားလိုက်ပြီး ပြောလိုက်တယ်။ "အုံး... နင် မင်းကျားသစ်တွေနဲ့ မဆက်သွယ်ရသေးတာ ကံသီပေလို့ပဲ ... တကယ်လို့ အဲဒီကျားသစ်ပေါက်လေးသာ အနားနားရှိနေရင် ကျားသစ်ခေါင်းဆောင်က နင့်ကို လုံးဝသွားခွင့်ပေးမှာ မဟုတ်တော့ဘူး"


ကျီရှောင်အုံးက နောက်လှည့်ကြည့်လိုက်ပြီ သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ် "ဘာဖြစ်လို့လဲ"


"ကျားသစ်ခေါင်းဆောင်က အကျိုးအကြောင်း မကြည့်တတ်ဘဲ ရက်စက်ကြမ်းကြုတ်တယ်။ ပြောကြတာတော့ အရှေ့ပင်လယ်က ပက်က သူ့ကို စိတ်အနှောင့်အယှက်လုပ်ခဲ့လို့ လွန်ခဲ့တဲ့ သုံးနှစ်က အရှေ့ဘက်ကနေ သူ သွားခေါ်ထားခဲ့တယ်တဲ့။ သူ အခုထိ မလွှတ်ပေးသေးဘူး" အီရစ်က ပြောလိုက်ခဲ့တယ်။


*


ဝံပုလွေတွေနဲ့ ကျားသစ်တွေရဲ့ တိုက်ပွဲက မကြာရှည်ခဲ့ဘဲ နေ့လယ်အရောက်တွင် ဝံပုလွေတွေက အရှုံးပေး၍ အူသံပေးလိုက်ကြတော့တယ်။


ကျီရှောင်အုံးတစ်ယောက် အီရစ်ပြောလိုက်တာတွေအား တွေးတောလိုက်ရင်း သူမနှလုံးသားထဲတွင် ခံစားချက်တွေ ရှုပ်ထွေးနေခဲ့ပါတယ်။ သူမ အဲဒီည လဲလျောင်းလိုက်ချိန်မှာ အိပ်လို့မရတော့ပေ။


အဲဒီတည်းကစပြီးတော့ ကျီရှောင်အုံး ကျားသစ်မျိုးနွယ်ရဲ့ အခြေအနေနဲ့ပတ်သတ်လို့ အီရစ်အား အမြဲလိုလို တမင်ရည်ရွယ်ပြီး မေးခဲ့သလို တခါတလေကျလည်း မရည်ရွယ်ဘဲ မေးမြန်းလိုက်ခဲ့ပါတယ်။


သို့ပေမဲ့ အီရစ်က အပင်စားမျိုးစိတ်အနွယ်တစ်ဦး ဖြစ်ပြီး အသားစားမျိုးနွယ်တွေကို သူ ကြောက်ပေ၏။ သူတို့တွေ လာနေတာကို တွေ့တဲ့အခါတိုင်းပဲ ကြောက်ကြောက်ရွံရွံ့နဲ့ပဲ သူ ပုန်းပဲပုန်းအောင်းနေခဲ့တာပဲ။ ဒါကြောင့်မို့ သူတို့တွေဆီ ခိုးသွားဖို့ သူ့မှာ အတွေးနည်းနည်းလေးတောင် ဘယ်မှာ ရှိနိုင်မှာလဲ။ သူမ သိချင်နေသလောက် သူ အများကြီး မသိထားခဲ့ချေ။


ကျီရှောင်အုံး အနည်းငယ်လေး လမ်းပျောက်သွားသလို ခံစားလိုက်ရပေမဲ့ အခြားနည်းလမ်းကလည်း ရှိမနေချေ။


အီရစ်အား သတိမထားမိစေဘဲနဲ့ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ကျီရှောင်အုံး "1002" လို့ ရေးထွင်းထားသော သစ်ပင်ဆီသို့ မနက်စောစော ပြန်သွားလိုက်ခဲ့ပြီး သူမမိဘတွေဆီ စကားသွားပြန်ခဲ့ပါတယ်။


သစ်ပင်ပင်စည်ပေါ်တွင် သူမလက်ချောင်းတွေ တင်လိုက်ပြီး သူမ မျက်လုံးတွေကို မှိတ်ထားလိုက်ခဲ့တယ်။


နောက်တစ်စက္ကန့်မှာပဲ ထိုရင်းနှီးသောခံစားချက်က သူမဆီ ထပ်ရောက်လာပြီး အစစ်မှန်ကမ္ဘာဆီသို့ ပြန်ဆွဲခေါ်သွားခဲ့၏။


အဲဒီကိုပြန်ရောက်သွားတာနဲ့ ကျီရှောင်အုံးက သူမရဲ့ မိုဘိုင်းဖုန်းကိုဖွင့်ပြီး လိုင်းတက်တာကို စောင့်လိုက်ခဲ့တယ်။


သူမမိဘတွေရဲ့ လတ်တလော အသံမေးလ်များကို နားထောင်လိုက်ပြီးတော့ သူမ သူတို့အား အကြောင်းပြန်ပြီး အခြားကမ္ဘာသို့ ပြန်သွားလိုက်ခဲ့ပါတယ်။


ကျီရှောင်အုံး ဒီတစ်ခါမှာတော့ သမင်မျိုးနွယ်စုထံ ချက်ချင်း ပြန်မသွားလိုက်ဘဲ ပတ်ပတ်လည်ကို ကြည့်ရှုဖို့ တောင်တန်းတွေ နောက်ဘက်သို့ သွားလိုက်သွားခဲ့တယ်။


လမ်းတစ်ဝက်အရောက်မှာ ရုတ်ခြည်းဆိုသလိုပဲ ကျားသစ်လေးတစ်ကောင်က ချုံပုတ်ထဲကနေ တိုးထွက်လာပြီး အထိတ်ထိတ်လန့်လန့်နဲ့ ကျီရှောင်အုံးဆီ ခုန်ဝင်လာခဲ့တော့တယ်။


ကျီရှောင်အုံးက နောက်ကို ခြေလှမ်းပြန်ဆုတ်သွားပြီး သူ့ကို စိုက်ကြည့်လိုက်ခဲ့တယ်။


ကျားသစ်ရဲ့ နောက်ခြေထောက်မှာ ဒဏ်ရာနည်းနည်းရနေပြီး စိမ်းပြာရောင် မျက်လုံးတွေက သူမအား စိုက်ကြည့်နေခဲ့တယ်။ သူ့လည်ချောင်းမှ ခြိမ်းခြောက်တဲ့ မာန်ဖီသံလေးတစ်ခု ထွက်ပေါ်လာခဲ့တယ်။


သို့ပေမဲ့လည်း သူမကတော့ တစ်ချက်လေးတောင် မလှုပ်ရှားလိုက်ခဲ့ပါချေ။


ဒီနေရာရာရှိ တိရစ္ဆာန်တွေက လူသားအသွင်ဖြစ်တည်နိုင်တယ်ဆိုတာ သူမ သိလိုက်ကတည်းက သူမ သူတို့ထဲက တစ်ကောင်ကိုမျှ ရန်မစဝံ့ပါလေ။


ပြီးတော့လည်း..... ဒီနေရာက အသားစားမျိုးစိတ်တစ်ကောင် ကျက်စားရာနေရာ မဟုတ်ပဲနဲ့ ကျားသစ်တစ်ကောင်က ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ။


လူတစ်​​ယောက်​နဲ့ ကျားသစ်​တစ်​​ကောင်​တို့က​ နှစ်ဦးစလုံးက ကိုယ့်​အ​တွေးနှင့်​ကိုယ်​ ​စိုက်ကြည့်နေကြ၏။ အဲဒီနောက် အချိန်အတော်ကြာပြီးနောက်တွင် ပန်းပွင့်ကွက်ပုံစံနဲ့ ကျားသစ်လေးက လှည့်ထွက်သွားလိုက်တော့၏။


ကျီရှောင်အုံးကတော့ ဒါကတော့ ပြီးသွားပြီလို့ တွေးတောလိုက်ခဲ့ပြီး နောက်တစ်ရက်ရောက်ပြန်တော့ မမျှော်လင့်ပါဘဲနဲ့ သူမ ကျားသစ်ပေါက်ကလေးနဲ့ တစ်နေရာတည်းမှာပဲ မမျှော်လင့်ဘဲ သွားဆုံလိုက်ပြန်လေတယ်။


ကျီရှောင်အုံးက ဘာမှပြန်မပြောဘဲ သူ ထွက်သွားတာကိုပဲ စောင့်လိုက်ခဲ့ပါတယ်။


သုံးရက်မြောက်သောနေ့ ရောက်ပြန်တော့လည်း သူမ သူနဲ့ ထပ်တွေ့ပြန်လေ၏။


ဒီတစ်ကြိမ်မှာတော့ ကျီရှောင်အုံး သူ့ကို စေ့စေ့စပ်စပ်ကြည့်မိလိုက်တော့ သူ့နောက်ခြေထောက်က ဒဏ်ရာက မသက်သာသေးတာကို မြင်လိုက်ရတယ်။ ဒဏ်ရာက လေထဲတွင် မြင်မကောင်းဖြစ်နေပြီး သူ့ခန္ဓာကိုယ်က သူ့ကို ပထမဆုံးတွေ့တဲ့နေ့ထက် ပိုပိန်ကျသွားခဲ့တယ်။


သူမတို့နှစ်ယောက်ဆုံတဲ့အချိန်က သူက ရမ့်လိုမျိုး ဒဏ်ရာရနေတာကြောင့် ဖြစ်နိုင်လေတယ်၊ ကျီရှောင်အုံး ရဲ့နှလုံးသားက သူ့အပေါ်မှာ နားလည်ရခက်စွာ နူးညံနေခဲ့ပါတယ်။


ကျီရှောင်အုံးတစ်ယောက် အချိန်အတော်ကြာ လွန်ဆွဲခဲ့လိုက်ပေမဲ့ သူမ တောင့်မခံနိုင်တော့ပေ။ သူမ သူမကျောပိုးအိတ်ထဲက နို့ပုံးတစ်ဘူးကို ထုတ်လိုက်ပြီး နို့ဘူးအား သူ့ရှေ့ကိုတွန်းလိုက်ပြီး "နင် ဒါ သောက်ချင်လား"


ကျားသစ်ပေါက်လေးက နို့ဘူးခွံကို ကြည့်ပြီး အဲဒီနောက် သူမဆီကို ကြည့်လိုက်သည်။ သူ သူ့ခေါင်းကို နို့ဘူးခွံထဲမှာ မြှုပ်နှံလိုက်ပြီး သူ့ပန်းရောင်လျှာက နို့ဘူးထဲအား လျက်လိုက်ခဲ့တယ်။


မကြာခင်မှာပဲ ကျားသစ်လေးက နို့တွေ အကုန်သောက်ပြီးသွားလိုက်ပြီး ကျီရှောင်အုံးဆီ စိမ်းပြာရောင်မျက်လုံးတွေကို ပင့်ကြည့်လိုက်ပြီး သည်မျက်လုံးတွေက သူဗိုက် မပြည့်ဘူးဆိုတာကို ထုတ်ဖော်ပြလိုက်ခဲ့တယ်။


ကျီရှောင်အုံး သူ့ကို ကျွေးဖို့ အမဲခြောက်ပြားအချို့ကို ထုတ်ယူလိုက်ခဲ့၏။


. . .


နောက်ရက်အနည်းငယ် ကြာသွားပြီးနောက်မှာတော့ ကျားသစ်လေးက အစာလာတောင်းဖို့ နေ့တိုင်းပဲ ဒီတစ်နေရာတည်းကို သွားလိုက်ခဲ့တယ်။ 


ကျီရှောင်အုံးက ဒီနေရာက သမင်မျိုးနွယ်စုနှင့် အတော်လေးကွာဝေးပြီး သူက အီရစ်၏မျိုးနွယ်ဝင်တွေကို မခြိမ်းခြောက်နိုင်တာကို သူမ မြင်တာမို့ သူမ သူ့အပြုအမူတွေကို လိုက်လျောပေးလိုက်ခဲ့ပါတယ်။


ဒါပေမယ့် သူ နို့သောက်ပြီးချိန်တိုင်း သူမ နို့ဘူးခွံကို ပြန်သိမ်းလိုက်ခဲ့ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာတော့ ဒါက အခြားကမ္ဘာက လာတဲ့ပစ္စည်းမို့ လူသိနည်းလေ ပိုကောင်းလေပဲမလား။


*


ဝမ်ရစ်ခ်က တောရိုင်းထဲမှာ တစ်လကြာတဲ့အထိ မောင်းထုတ်ခံခဲ့ရတာဖြစ်တယ်။ သူ ပြန်ရောက်လာချိန်မှ ဝင်းတား နဲ့ ဆူဇန်နာတို့နှစ်ဦးစလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ခဲ့ရပါတယ်။


ဒါက ကျားသစ်မျိုးနွယ်စု၏ စည်းမျဉ်းများထဲမှ တစ်ခုပင်ဖြစ်၏။ ပေါက်ဖွားလာတဲ့ မွေးကင်းစကလေးတိုင်းက ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ဖို့ လေ့ကျင့်ပေးခြင်းပင်ဖြစ်တယ်။


ဒီလို လူမဆန်တဲ့ လေ့ကျင့်မှုဖြစ်စဉ်အတောအတွင်း တချို့က ပြန်လာခဲ့ကြပြီး တချို့ကတော့ ပြန်မလာနိုင်ခဲ့ကြဘဲ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ပါးစပ်ပေါက်တွင် သေဆုံးခဲ့ကြရသည်။


ဝင်းတား၏သား ဝမ်ရစ်ခ်က ကလေးဆိုးလေးတစ်ယောက်ပဲဖြစ်၏။ သူက အမဲလိုက်ရတာကိုလည်း မကြိုက်ဘဲ ပျင်းပျင်းရိရိနဲ့ လျှောက်လေလွင့်ရတာကိုသာ ကြိုက်သူဖြစ်၏။


ဒီတစ်ခါတော့ ဝင်းတားနဲ့ ဆူဇန်နာတို့က သူ ပြန်မလာနိုင်တော့မှာကို စိုးရိမ်နေခဲ့တာပင်။ သူ အဲဒီမှာ ရပ်နေတာမြင်လိုက်တော့မှ သူ နောက်ဆုံးတော့ ရင်အေးသွားခဲ့ရတာပင်။


"ဝမ်ရစ်ခ် အဖေ့ကို ပြောစမ်း၊ မင်း ဒီရက်တွေ ဘာတွေလုပ်လာခဲ့လဲ" ဝင်းတားက သူ့သားဖြစ်သူ၏ပခုံးကို ကိုင်ဆွဲကာ မေးမြန်းလိုက်တယ်။


ဝမ်ရစ်ခ်က သူ၏လူ့ပုံစံသို့ အသွင်ပြောင်းလဲလိုက်ခဲ့တယ်၊ သူက ရှစ်နှစ်၊ ကိုးနှစ်ခန့်အရွယ်သာရှိသေးတာပင်။ သူက ဆူဇန်နာ၏ နှုတ်ခမ်းသားနီနီ၊ သွားတန်းဖြူဖြူလေးတွေနဲ့ နူးနူးညံ့ညံ့ မျက်ခုံးရိုး တို့ကို အမွေဆက်ခံထားခဲ့တာပင်။


ဝမ်ခရစ်က ပြောလိုက်တယ်။ "သား ခွေးအ နှစ်ကောင်ကို သတ်ပစ်ခဲ့တယ်၊ ဒါပေမယ့် သူတို့ရဲ့ အဖော်တွေက သား ခြေထောက်ကို ကိုက်ခဲ့တယ်"


ဆူဇန်နာက ဒါကို ကြားတော့ သူ့ဒဏ်ရာကို အမြန်စစ်ဆေးလိုက်ခဲ့တယ်။


ဝမ်ခရစ်ခ်၏ ညာဘက်ခြေထောက်တွင် ခြေသည်းနက်နက်ရာတစ်ခု ရှိနေခဲ့ပြီး အရိုးထိတောင် မြင်ရနေကာ မကုသထားရသေးတာကို သူမ မြင်လိုက်ခဲ့တယ်။


"နင် တော်တော် အသုံးမကျတာပဲ တကယ်ပဲ ခွေးအ ကိုက်တာ ခံရတယ်" ဆူဇန်နာက‌ ပြောလိုက်၏။


ဝမ်ခရစ်ခ်၏ နှုတ်ခမ်းတွေက ပွင့်ဟသွားကာ ရှင်းလင်းလိုက်၏ "ဒါပေမယ့် သူတို့တွေက တစ်ဒါဇင်ကျော်လေ သားက တစ်ယောက်တည်း ခံတိုက်ရတာကိုး"


"နင် ဘယ်လို လွတ်လိုက်တာလဲ"


ဝမ်ခရစ်ခ်- "သားက သမင်မျိုးနွယ်ဘက်ကို ထွက်ပြေးသွားလိုက်တာ၊ သမင်ငတုံးတွေက ထူးဆန်းတဲ့အပင်တွေ စိုက်နေကြတာ သားကို ရှာမတွေ့ကြဘူး"


. . .


လေ့ကျင့်ရေးဆင်းရာမှ ပြန်လာတဲ့ ကလေးတွေက သူတို့မိဘတွေဆီ ပြန်ရောက်လာခဲ့ကြ၏။


နာရီဝက်ခန့်ကြာပြီးနောက်တွင် အကြီးအကဲဘာဆန်းက ပြန်လာသောကလေးတွေကို ရေတွက်ပြီး ခေါင်းဆောင်ထံ သတင်းပို့လိုက်ခဲ့၏။


အရပ်မြင့်မြင့် တောင့်‌ောင့်ဖြောင့်ဖြောင့်သားရဲလူအမျိုးသားက နားထောင်လိုက်ပြီး သူ့ရဲ့ တစ်မျိုးတစ်မည် ကွဲထွက်နေတဲ့အသံကို နှိမ့်လိုက်ကာ မေးလိုက်တယ် "ဘယ်သူတွေ ပြန်ရောက်မလာတာလဲ" 


အကြီးအကဲ ဘာဆန်းက နာမည်နှစ်ခုအား ပြောလိုက်၏ "ဂတ်စ်နဲ့ ဖီလိုက်စ်" 


သူ့ရဲ့နက်ပြာနေတဲ့ မျက်လုံးတွေနဲ့ အလွန်လေးနက်တဲ့ မျက်နှာအမူအရာက သူ့စိတ်ခံစားချက်တွေအား မဖော်ပြနေပေ။ သူ အလျင်မလိုဘဲ ကျိန်းသေစွာဖြင့် ပြောလိုက်၏ "သူတို့ကို သွားရှာကြည့်လိုက်။ ဘယ်သူ့ ဗိုက်ထဲမှာပဲ ရောက်နေနေ ကိစ္စမရှိဘူး"



TheEnd....