အပိုင်း (၆၆)
မကြာခင်မှာပဲ ဖီလိုက်ခ်ကို မျိုးနွယ်စုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့ခမျာ ရက်တော်တော်ကြာအောင် အစာမစားရတာကြောင့် မူးဝေနေခဲ့၏။
ဂတ်စ်အတွက်တော့ သူ့ကို ဝက်ဝံနက်တစ်ကောင် စားပစ်တာ ခံလိုက်ရ၏။
ဝက်ဝံနက်က ကျားသစ်တွေ လိုက်ဖမ်းတာခံခဲ့ရပေမဲ့ သူ့ကိုယ်နေဟန်ထားက စိတ်ဆိုးမာန်ဆိုးနိုင်စွာနဲ့ ရက်စက်ခက်ထန်နေခဲ့တယ်။ သူက သူ့ရဲ့ကြီးမားတဲ့ ခြေဖဝါးကို ဝှေ့ယမ်းပြီး ကျားသစ်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းလိုက်ခဲ့တယ်။
ဝက်ဝံနက်တွေက ကိုယ်လုံးကိုယ်ထည်ကြီးမားပြီး စွမ်းအားကြီးသူတွေဖြစ်ပြီး သူတို့ခွန်အားကို လျှော့တွက်လို့တော့ မရပေ။ ကျားသစ်တော်တော်များများမှာ သူ့အား ထိန်းချုပ်နိုင်ရုံမျှသာဖြစ်နေခဲ့သည်။
သို့ပေမဲ့ သူက ပြိုင်ဘက်ကို ရွေးချယ်တဲ့နေရာမှာ အလွန်မတော်တဲ့သူတစ်ယောက်ဖြစ်တယ်၊ သူ သူ့ပါးစပ်ကြီးကို ဖွင့်ဟပြီး သူ့ကိုဝန်းရံနေတဲ့ ကျားသစ်တွေရဲ့ အလယ်ခေါင်ဆီသို့ ရက်ရက်စက်စက် ကိုက်ချပစ်လိုက်ခဲ့တယ်။
"ခေါင်းဆောင်!"
ကျားသစ်တော်တော်များများလည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် လှမ်းလာလိုက်ကြတယ်။
အလယ်မှ သားရဲလူက သူ့ခေါင်းကို မော့လိုက်ခဲ့တယ်၊ သူ့မျက်လုံးပြာတွေက အသူတစ်ရာတစ်မျှ နက်နဲနေခဲ့တယ်။ ဝက်ဝံနက်က တိုက်ခိုက်လိုက်ချိန် သူ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့လက်ဖဝါးနဲ့ ဝက်ဝံရဲ့ မေးရိုးကို တိုက်ရိုက်ကိုင်ဆွဲလိုက်၏။
သူ့မျက်လုံးများက သူ့(ဝက်ဝံနက်)အား အားပါပါ လွှမ်းခြုံကြည့်လိုက်ပြီး နောက်အခိုက်အတန့်တွင် ဝက်ဝံနက်၏ မေးရိုးက ကွဲကြေသွားပြီး ပြုတ်ကျလိုက်တဲ့အသံကို ကြားလိုက်ရတော့တယ်။
တစ်ချိန်တည်းမှာပဲ သူ ဝက်ဝံနက်၏ ဝှေ့ယမ်းနေသော လက်တွေကို ဆွဲယူလိုက်ပြီး အင်အားအနည်းငယ်မျှဖြင့် ဝက်ဝံအား မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်ခဲ့တယ်။
ဝက်ဝံက ပြင်းပြင်းထန်ထန် ကျရောက်သွားခဲ့ပြီး မြေပြင်က တုန်ခါသွားခဲ့၏။
ဝက်ဝံ မကျေမနပ်နဲ့ အသည်းအသန်ရုန်းကန်လိုက်ခဲ့ပြီး သူ၏ကောက်ကွေးပုံပျက်နေတဲ့ ပါးစပ်မှ ခန္ဓာကိုယ်တွင်း အရည်များ ယိုစီးကျလာခဲ့တယ်။ သူ မြေပြင်ပေါ်ကနေ မတ်တပ်ရပ်ဖို့ ကြိုးပမ်းလိုက်ခဲ့၏။
ရမ်က ဝက်ဝံ၏လည်မြိုအား သူ့လက်သည်းတွေနဲ့ ဆုပ်ကိုင်ထားပြီး သူ၏သွားတွေကို လျှာနဲ့ လျက်လိုက်တယ်။ သူ့အသံက ရုန့်ရင်းစွာ ကျရောက်လာလိုက်ပြိး အောရှစွာဖြင့် သူ့နားထဲထဲ ပိတ်ဝင်သွားလိုက်ပုံ ထင်လိုက်ရ၏။ "ငါ့လူက မင်းဗိုက်ထဲမှာ ရှိနေတယ်လို့ ငါ ကြားတယ်"
ဝက်ဝံက သူ့အား နောက်ကျိနေတဲ့မျက်လုံးများဖြင့် စိုက်ကြည်လိုက်ခဲ့ကာ ဒေါသတကြီး အော်ဟစ်မြည်တမ်းသံတစ်ခု ထုတ်လွှတ်လိုက်ခဲ့၏။
ရမ်၏ မျက်လုံးတွေက နိမ့်ဆင်းသွားလိုက်ပြီး ဝက်ဝံ၏ ယောင်ယောင်မျှ ဖောင်းကားနေတဲ့ ဗိုက်ပေါ်သို့ ကျဆင်းသွားလိုက်တယ်။ သူ့မျက်လုံးတွေက အေးစက်စက် ဖျတ်ခနဲလက်သွားခဲ့ပြီး သူ့ကိုယ်ကို တည့်တည့်မတ်လိုက်ကာ သူ့ ဘွတ်ဖိနပ်က ဝက်ဝံရဲ့ဦးခေါင်းဆီ တင်လိုက်ပြီး သူ နင်းချလိုက်တော့တယ်။ သူ သူ့မျိုးနွယ်ဝင်တွေအား ပြောလိုက်တယ်။ "သူ့ဗိုက်ကို ဖွင့်ပြီး ဂတ်စ်ကို သူ့မိဘတွေဆီ ပြန်ပို့ပေးလိုက်"
ဝက်ဝံရဲ့အော်မြည်သံက အနောက်ဘက်ကနေ ထွက်ပေါ်လာလိုက်တယ်၊ ရမ်က ဘာလုပ်ရမယ်ဆိုတာ ရှင်းပြပေးလိုက်ပြီး အဲဒီနောက် သူ နောက်လှည့်လိုက်ကာ သူ့နေအိမ်ဆီ ဦးတည်လျှောက်လှမ်းသွားတော့တယ်။
သူ့နေအိမ်က လွန်ခဲ့တဲ့ သုံးနှစ်ကအတိုင်း ထပ်တူညီနေဆဲဖြစ်ကာ ဘာမှ ပြောင်းလဲသွားခြင်းမရှိခဲ့ပါချေ။
ကျီရှောင်အုံး သူမရဲ့ယမ်းမှုန့်တွေ ပြုလုပ်ခဲ့တဲ့ အခန်းငယ်လေးကတော့ သော့ခတ်ထားခဲ့ပြီး လုံးဝ မဖွင့်လှစ်တော့တဲ့ အခန်းလေးဖြစ်နေခဲ့၏။
ရမ်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာလိုက်ကာ သူ့မျက်လုံးတွေအား အလယ်က အိပ်ခန်းဆီသို့ လုံဝ ဦးမလှည့်ခဲ့ချေ။
အိမ်ထဲတွင် ကျီရှောင်အုံးတည်ရှိနေတဲ့ အရိပ်အယောင် ရှိမနေခဲ့ပေ။ သူမက သူမပစ္စည်းတွေအား များများစားစား မချန်ထားရစ်ခဲ့ပေ။ သူမထွက်ပြေးတဲ့ညမှာပဲ သူမ အရာအားလုံးကို ရှင်းလင်းသွားခဲ့တာပဲဖြစ်၏။
ကြောင်ပေါက်လေးပုံဆွဲသီးလေးတစ်ခုက လွဲလို့ပေါ့။
ဆွဲသီးက ကျီရှောင်အုံး သူမ၏ဖုန်းတွင် ချိတ်ဆွဲထားသည့်အရာဖြစ်တယ်၊ ဘာလို့ဆိုတော့ ဆွဲသီးက သူမအိမ်က ခွမ်ခွမ်နဲ့ ဆင်တူနေလို့ပါ။ အဲဒါကိုတော့ မကောက်သွားလိုက်ခဲ့ပေ။
အဲဒီညတုန်းက ကျီရှောင်အုံး၏ဖုန်းက သူမကျောပိုးအိတ်ထဲမှ ပြုတ်ကျသွားခဲ့ပြီး ဆွဲသီး ပျက်ကျသွားတာလိုက်တာပဲဖြစ်တယ်။ သူမ အဲဒါကို ရှာမတွေ့သလို လုံးဝလည်း ကောက်မသွားလိုက်ခဲ့ပေ။
ကြောင်ပုံဆွဲသီးလေးက ဘေးက ဗီရိုထဲတွင် ရှိနေပြီး ရမ်က ထိုအရာကို တစ်ချက်လေးတောင် လည့်မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့တယ်။
ဘယ်သူကမှ ဂရုစိုက်မဲ့သူမရှိသလိုမျိုး အိမ်ထဲတွင် ဖုန်တွေထူထပ်နေခဲ့၏။
ရမ် သူ့အိပ်ယာပေါ်တွင် လှဲကာ အနားယူလိုက်ခဲ့ပြီး နေမွန်းတည့်ချိန်ရောက်မှ သူ့မျိုးနွယ်ဝင်တစ်ဦးက လာနိုးလိုက်ခဲ့တယ်။
နိုးလာပြီးနောက် သူ့စိတ်က မကြည်လင်ခဲ့ဘဲ သူ့မျက်ခုံးရိုးတွေက တွန့်ခေါက်သွားကာ သူ့အသံက မထူးမခြားနားစွာဖြင့် "ဘာကိစ္စလဲ"
ထိုသားရဲလူက သူ့တံတွေးကို မျိုချလိုက်ရတယ်၊ ခေါင်းဆောင်က ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး ပိုပို ကြောက်ဖို့ကောင်းလာသလို သူ ခံစားလိုက်ရတယ်။ ဝက်ဝံ၏လက်သည်းတွေနဲ့ မတူဘဲ ဒါက နက်နက်ရှိုင်းရှိုင်းပြင်းထန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတစ်မျိုးပဲ။ မျက်လုံးတစ်ချက် ဝေ့ကြည့်ရုံမျှနဲ့ သူ့နှလုံးခုန်နှုန်းကို ကြောက်ရွံ့စေပြီး သူ့သတ္တိတွေ ဇောက်ထိုးကျဆင်းသွားစေနိုင်၏။
"ပက်က မင်းကိုတွေ့ချင်နေတယ်ဆိုပြီး ပြဿနာရှာနေလို့..." သားရဲလူက ပြောလိုက်၏။
ရမ်က ခဏမျှ ရပ်တန့်သွားလိုက်ပြီး "သူ 'လမ်း' ရှာတွေ့တယ်တဲ့လား"
သားရဲလူက သူ့ခေါင်းကို ခါရမ်းလိုက်တယ်။ "သူ ပြောတာတော့ သူ ဘာမှမသိဘူးတဲ့ ဒါပေမဲ့ မင်း သူ့ကို အရှေ့ပင်လယ်ကို ပြန်ခွင့်မပြုရင် သူ ရေငတ်လို့ သေလိမ့်မယ်တဲ့"
ရမ် သူ့ စိတ်တည်ငြိမ်မှု ပြန်ရရှိပြီး အမူအရာမဲ့စွာနဲ့ "ဒါဆိုလည်း သူ့ကို ပြောလိုက် သူ လမ်းမဖောက်နိုင်ဘူးဆိုရင် သူ ပင်လယ်ကို ဘယ်တော့မှ ပြန်ရလိမ့်မှာမဟုတ်ဘူးလို့ "
သားရဲလူက ခေါင်းညိတ်လိုက်ပြီး သတင်းစကားအား သွားပြန်ပို့လိုက်ခဲ့တယ်။
အရိုးသားဆုံး ပြောရရင် ပက်က ခေါင်းဆောင်ကို ဘယ်လိုအပြစ်ပြုမိလဲတော့ သူ မသိဘူးပဲ။
လွန်ခဲ့တဲ့သုံးနှစ်က ခေါင်းဆောင်က ပက်ကို ဖမ်းပြီး ဘာမှ မပြောဘဲ သူ့ကို "လမ်း"တစ်လမ်းကိုပဲ တွေးတောဖို့ ပြောလိုက်ခဲ့တာပင်။
'ဘာလမ်းလဲ။ လမ်းက ဘာလဲဆိုတာ မသေချာမရေရာပေ၊ ခေါင်းဆောင်နဲ့ ပက်ပဲ သိလိမ့်မှာပဲ။'
မျိုးနွယ်စုဝင်တွေက ပြောတာတော့ အဲဒါက ခေါင်းဆောင် ပျောက်သွားတဲ့ မိန်းမပျိုလေးနဲ့ ပတ်သတ်လိမ့်မယ်လို့ပဲ။
ခေါင်းဆောင်ရဲ့အမျိုးသမီးက လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ပြဿနာရှာခဲ့ပြီး အိမ်ကနေ ထွက်ပြေးသွားခဲ့တာပဲ။ အခုထက်ထိ သူမ ပြန်မလာခဲ့ဘဲ ခေါင်းဆောင်ဘဝက အခုလို တစ်ခြမ်းသေသွားခဲ့တာပဲ။
'ဒါနဲ့ အဲဒီမိန်းမပျိုက ဘယ်ရောက်သွားတာများလဲ။'
*
အိမ်မှထွက်ပြေးလာတဲ့ မိန်းမပျိုငယ်လေးကတော့ အခု ကန်စွန်းဥစိုက်ခင်း အနောက်ဘက်မှာ ပန်းပွင့်ကွက်ပုံ ကျားသစ်ပေါက်ကလေးတစ်ကောင်အား နို့ဘူး တိုက်နေခဲ့၏။
ဒီရက်တွေမှာ ကျားသစ်လေးရဲ့ဒဏ်ရာက သိသိသာသာ ကောင်းမွန်လာပြီး ပတ်တီးလည်းစီးထားပြီးတော့ ဒဏ်ရာကို မျိုးနွယ်စုက ကုသနေကြောင်း သက်သေပြနေပေမယ့် နေ့စဉ်နေ့တိုင်း သူမဆီ လာတောင်းဖို့ နေရာတစ်နေရာတည်းအား မမောနိုင်မပန်းနိုင် ရောက်လာခဲ့ပါတယ်။
ကျီရှောင်အုံး မူလကတော့ ရက်စက်တဲ့နှလုံးသားရှိချင်ခဲ့ပြီး သူ့ကို လျစ်လျူရှုလိုက်ချင်ပေမဲ့ သူကတော့ မတ်တပ်ကြီးရပ်လျက် သူမအား သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည်ပြီး သူ့ပါးစပ်ကို ဖွင့်၍ အသံသေးသေးလေးတစ်သံ ထုတ်လွှတ်လိုက်ခဲ့တယ်။ သူမ ချက်ချင်းပဲ စိတ်ပျော့သွားခဲ့ပြီး အလျှော့ပေး လိုက်လျောလိုက်ရပါတော့တယ်။
ရမ် ကလေးလေးတစ်ယောက်လို ဖြစ်နေတုန်းကနဲ့ အရမ်းကိုတူနေခဲ့တာပဲ။
ကျီရှောင်အုံး သူက အန္တရာယ်မပြုနိုင်ဘဲနဲ့ သနားစဖွယ်ပုံပေါက်နေတာ မဟုတ်နိုင်မှန်း သိနေပေမဲ့လည် သူမ သူ့ကို ရက်တွေအများကြီး အစာမကျွေးဘဲ မနေနိုင်ခဲ့ပေ။။
သူက သူမစကားတွေကို နားလည်နိုင်တယ်ဆိုတာ ကျီရှောင်အုံး သိတာပင်၊ သူမ သူ့ရဲ့စက်ဝိုင်းခြမ်းပုံ နားရွက်လေးကို ထိတွေ့လိုက်တယ်။ "အခြားသူတွေကို လျှောက်မပြောပြလိုက်နဲ့နော် အာ... ငါ နင့်ကို နို့သောက်ခွင့်ပေးတာကို လူတွေ မသိစေနဲ့နော် မဟုတ်လို့ရှိရင် ငါ ဒီနေရာကို ထပ်မလာတော့ဘူး"
ဝမ်ရစ်ခ်၏နားက တွန့်သွားခဲ့ပြီး သူ့နှလုံးသားထဲမှာ ဆိတ်ငြိမ်စွာနဲ့ မှတ်တမ်းတင်ထားလိုက်ခဲ့တယ်။
. . .
ဒီလိုနဲ့ ဝင်းတားနှင့် ဆူဇန်နာတို့ သူတို့သားဖြစ်သူ အိမ်ကိုပြန်လာတာ နည်းသထက် နည်းပါးလာတာကို တွေ့ရှိသွားခဲ့ကြတယ်။
ဝမ်ရစ်ခ်က အလွန်ဖြတ်လတ်တက်ကြွနေတဲ့ အရွယ်တွင်ရှိနေပြီး နေ့တိုင်းနေ့တိုင်း သူ့အပေါင်းအဖော်တွေကို ချန်ရစ်ပြီးတော့ အနောက်ဘက်ကိုပဲ ပြေးနေခဲ့တယ်။ အစတုန်းကတော့ သူတို့တွေ စိတ်ထဲမထည့်ခဲ့ကြပေမဲ့ ဝမ်ခရစ်ခ် ပြန်လာတဲ့အချိန်တိုင်း နို့နံ့တွေ စတင်ရနေတဲ့အချိန်မတိုင်မီထိပင်။
ကျားသစ် သားပေါက်လေးတွေက တစ်နှစ်ခွဲခန့်အရွယ်နဲ့ နို့ဖြတ်တယ်ဆိုတာ သူတို့တွေ သိနေလို့ပင်ဖြစ်၏။
ဒီနေ့တော့ ဆူဇန်နာ အထူးတလည် တံခါးပေါက်ဝမှာ စောင့်ကြပ်နေပြီး ဝမ်ခရစ်ခ် ပြန်လာတဲ့အချိန် သူမ သူ့ကို တားမြစ်လိုက်ခဲ့တယ်။ သူမက သူ့ကို အနံ့ခံပြီး မေးလိုက်တယ်။ "ပြောစမ်း သား ဒီနေ့ ဘယ်မျိုးနွယ်စုကို သွားခဲ့တာလဲ။ ဒီနို့နံ့က ဘယ်ကနေရတာလဲ။"
ဝမ်ရစ်ခ်၏ မျက်နှာက တောင့်တင်းသွားလိုက်၏။ သူ ကျီရှောင်အုံးနဲ့ ခုတလော အတူနေနေတာ အရမ်းကြာသွားတော့ ရက်တော်တော်ကြာ ရေချိုးဖို့ မေ့သွားခဲ့တာပဲ။ အဖေနဲ့အမေက ဘာမှမပြောတော့ သူတို့ရှာမတွေ့နိုင်ဘူးလို့ သူထင်လိုက်ခဲ့တာပဲ။
"မပြောဘူးလား၊ နို့ရဲ့အရသာဆိုတာ ငါသိတယ်နော်။ သား အသီးအရွက်စား မျိုးစိတ်တွေဆီ သူတို့အစာကို သွားလုဖို့ ပြေးသွားတာလား" ဆူဇန်နာက သူမသားဖြစ်သူ၏ အရှက်မရှိတဲ့ အပြုအမူကြောင့် သူမနှာခေါင်းကို တွန့်လိုက်ခဲ့တယ်။
ဝမ်ရစ်ခ်က ချက်ချင်းပဲ ပက်ခနဲပြန်ပြောလိုက်တယ်၊ "မဟုတ်ဘူး၊ သား သူတို့အစာကို မလုဘူး"
"ဒါဆို နင် ဒီရက်ပိုင်း ဘယ်ကိုရောက်နေတာလဲ ငါ့ကို ပြောလေ"
ဝမ်ရစ်ခ်က သူ့နှုတ်ခမ်းကို ကိုက်ပြီး ပါးစပ်ကို ပိတ်ချလိုက်၏ "ဘယ်မှမသွားဘူး"
"... "
အဲဒီနောက်မှာတော့ ဆူဇန်နာက ဘယ်လိုပဲ မေးမေး ဝမ်ရစ်ခ်က စကားလုံးတစ်လုံးတည်းနဲ့ ဖွင့်ပြောဖို့ ငြင်းဆိုလိုက်ခဲ့ပါတယ်။
ဆူဇန်နာက သူ့ကို သင်ခန်းစာတစ်ခု သင်ကြားပေးခဲ့ပြီး နောက်နောင် အပင်စားမျိုးစိတ်တွေဆီက အစာကို မယူတော့ဖို့ အမိန့်ပေးလိုက်ခဲ့ပြီး သူ့အား သူတို့ရဲ့နို့ကို မသောက်ခိုင်းလိုက်တော့ပေ။
ကံမကောင်းစွာပဲ အကျိုးသက်ရောက်မှုမရှိခဲ့ပါ။ ဝမ်ရစ်ခ်က နှစ်ရက်ကြာမျှ ရိုးသားပြခဲ့ပြီး အဲဒီနောက် သုံးရက်မြောက်သောနေ့တွင် ထွက်ပြေးသွားလိုက်ခဲ့ပါတယ်။
ဆူဇန်နာက သူ့ကို အမှီဖမ်းဖို့ သူက အရမ်းမြန်လွန်းနေခဲ့တယ်။
. . .
ဒီနေ့က ကျားသစ်မျိုးနွယ်ရဲ့ အမဲလိုက်ထွက်တဲ့နေ့ပင်ဖြစ်၏။ အထီးတွေအားလုံးက ထွက်ကြရပြီး လေ့ကျင့်ရေးဆင်းတဲ့ သားပေါက်ငယ်လေးတွေတောင် ထွက်ကြရတာပင်။
ကျားသစ်သားရဲလူ အထီးတွေ အားလုံး ဝင်ပေါက်ဝတွင် စုရုံးလိုက်ကြပြီး ရမ်က ဦးဆောင်ကာ ဝေးလံခေါင်သီတဲ့ ဝီနော် တောင်ကြားထဲကို ချီတက်လိုက်ကြ၏။
——အကြာကြီးစောင့်ဆိုင်းနေခဲ့ပြီး မျိုးနွယ်ဝင်တွေက အားလုံး မစုံခဲ့လိုက်ပေ။
ရမ်၏မျက်လုံးပြာတွေက ဝင်းတား ဘက်သို့ လှည့်သွား၏ "ဝမ်ရစ်ခ် ရော"
ဝင်းတားက ပတ်ချာလည်လှည့်ကြည့်လိုက်တော့ သူ့သားကို ရှာမတွေ့ပေ။ စိတ်ပူသွားလိုက်ပြီး သူ အခုရက်ပိုင်းက ဝမ်ရစ်ခ်ရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူကို မတွေးတောဘဲ မနေနိုင်တော့ပေ။ "ဒီကောင်လေးကတော့ သူ အပင်စားမျိုးစိတ်တွေကို သွားရှာတာပဲ ဖြစ်ရမယ်!"
ရမ်က ဘာမှပြန်မပြောဘဲ အေးအေးလူလူပင် သူ့ကို သတိပေးလိုက်၏။ "ငါတို့မထွက်ခွာခင် ခဏလောက်ရှိနေဦးမယ်"
ဝင်းတားက အခုတော့ ရမ့်အား အလွန်ရိုသေလေးစားနေပြီဖြစ်တယ်။ ဒီလေးစားမှုက အပြစ်ရှိစိတ်နဲ့ လိပ်ပြာမလုံ ဖြစ်သွားလိုက်ကာ "ငါ တောင်းပန်ပါတယ် ခေါင်းဆောင်။ မင်းနဲ့ မျိုးနွယ်စုဝင်တွေ အရင်သွားနှင့်လိုက်ကြပါ၊ ငါ ဝမ်ရစ်ခ် ကိုရှာပြီး ငါ နောက်ကလိုက်ခဲ့လိုက်မယ်"
ရမ် ငြင်းဆိုခြင်းမပြုခဲ့ဘဲ သူ့ဘက်က ဘာမှမပြောလိုက်တာက သဘောတူညီချက်တစ်ခုပဲဖြစ်တယ်။
မကြာသေးမီက ရာသီဥတုပြောင်းလဲလိုက်မှုအရ မကြာခင် ဆောင်းရာသီ ရောက်တော့မယ်ဆိုတာကို ခန့်မှန်းဖို့ မခက်ခဲ့ပေ။ အဲဒီမတိုင်ခင်မှာ မျိုးနွယ်စုက ဆောင်းရာသီမှာ ဘေးကင်းစွာ အသက်ရှင်သန်နိုင်ဖို့ သားမွေးနဲ့ စားနပ်ရိက္ခာတွေ လုံလုံလောက်လောက် စုဆောင်းဖို့ လိုအပ်တာပဲဖြစ်တယ်။
ဒါက ကြီးမားတဲ့ အမဲလိုက်ပွဲကြီးတစ်ခုဖြစ်ပြီး တစ်လခန့် ကြာမြင့်မည်ဖြစ်၏။
ရမ် လုပ်ငန်းစဉ်အား နှောင့်နှေးစေတဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလိုချင်ပေ။
"ထွက်ခွာမယ်"
ရမ်က အသံနိမ့်နိမ့်နဲ့ အမိန့်ပေးလိုက်ခဲ့ပြီး သူ သူ၏သားရဲပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီး ကိုယ်ကို နှိမ့်၍ ငုံလျှိုးလိုက်ကာ ကမူဒါတောင်ကြားမှ ထွက်ခွာလိုက်ခဲ့တော့တယ်။
. . .
. . .
ထိုစဉ်တွင်တော့ ဝင်းတားနဲ့ ဆူဇန်နာတို့ရဲ့ စကားသံတွေက နောက်ကျောဘက်ကနေ ကြားနိုင်နေခဲ့၏။
"ဆူဇန်နာ မင်း ဝမ်ရစ်ခ်ကို ရှာတွေ့လား"
"မတွေ့ဘူး ဒီကောင်လေး အပင်စားမျိုးစိတ်တွေကို ရှာဖို့ တောအုပ်ကို ဖြတ်သွားတာ အဖြစ်နိုင်ဆုံးပဲ။"
"...သူ ပြန်လာလို့ရှိရင် ငါတော့ သူ့ကို သင်ခန်းစာကောင်းကောင်း ပေးဦးမယ်"
"ဝင်းတား ခုတလော ဝမ်ရစ်ခ် နင့်ကို ဘာပြောခဲ့သေးလဲ။ နေ့တိုင်း နွားနို့သောက်ရတာ ကြိုက်တာလိုမျိုး ပြောသေးလား။ မနေ့က သူပြန်လာပြီး 'ထောင်ထောင်' အကြောင်း ငါ သိလားလို့ လာမေးတယ်။ အဲဒီနာမည်က အဲဒီမြက်စားတဲ့သူတွေရဲ့ နာမည်တုံးကြီးလိုမျိုးပဲ။ သူ အဲဒါကို ဘယ်လိုလုပ် သိနေတာလဲ။ သူ နောက်ကျရင် အပင်စားမျိုးစိတ်တွေနဲ့ ကစားရတာ ကြိုက်နေမှာတော့ မဟုတ်ပါဘူးနော်။" ဆူဇန်နာက စိုးရိမ်တကြီး မေးလိုက်တယ်။
ဝင်းတားက နားထောင်လိုက်ရင်း သူနည်းနည်း စိုးရိမ်သွားလိုက်တယ်။ " မဟုတ်လောက်ပါဘူး......."
တကယ်လို့ အဲဒီလိုသာ ဖြစ်ခဲ့ရင် သူ့သားက ကျားသစ်တစ်ကောင်အတွက် အရမ်းအရှက်တကွဲ ဖြစ်စေတော့မှာပဲ!။
ဝင်းတားက သူ့ရဲ့ရှုပ်ထွေးပွေလီတဲ့ စိတ်ခံစားချက်တွေကို ပြန်သိမ်းယူလိုက်ပြီး လှည့်ကာ ပြောလိုက်တယ်။ "ငါ သူ့ကို သွားရှာလိုက်ဦးမယ်"
သူ တစ်လှမ်း လှမ်းလိုက်ရုံ ရှိသေးတယ်၊ သူ့ရှေ့မှာ မျက်ဝန်းပြာပြာတွေနဲ့ သူ့ကို လာစိုက်ကြည့်နေတဲ့ သန်မာပြီး အရပ်ရှည်တဲ့ ခန္ဓာကိုယ်ကြီးကို ဘွားခနဲ မြင်လိုက်ခဲ့တော့တယ်။
ဝင်းတား၏ ခန္ဓာကိုယ်က တုန်ရီသွားလိုက်ပြီး သူ ပြောလိုက်တယ်။ "ခေါင်းဆောင်"
ရမ် မေးလိုက်၏။ "ဘယ်မှာလဲ" သူ့အသံက ကျရောက်လာတော့မဲ့ မုန်တိုင်းတစ်လုံးလို အလွန့်အလွန်နိမ့်နေပြီး လေးလံလွန်းနေခဲ့တယ်။
ဝင်းတား ပြောလိုက်၏ "ဘာကိုလဲ"
ရမ်က တစ်ချိန်တည်းမှာပဲ စကားတစ်ခွန်း ပြောထွက်လိုက်တယ် "ဝမ်ရစ်ခ် ဘယ်မှာလဲ"
*
သမင်မျိုးနွယ်ရဲ့ စိုက်ခင်းက ကြီးထွားမှုက ကောင်းမွန်သထက် ပိုကောင်းမွန်လာခဲ့၏။
ကျီရှောင်အုံး သူမနဲ့အတူ ယူဆောင်လာတဲ့ မျိုးစေ့တွေ အပြင် ကန်စွန်းဥစိုက်ခင်းသည်လည်း ယခင်ကထက် ပိုမိုစိမ်းလန်းလာခဲ့တယ်။
မူလက သူတို့တွေ ဘယ်လိုစိုက်ပျိုးရမည်ကို မသိခဲ့ကြပြီး ရေလောင်း မညီတာမို့ ပျိုးပင်တွေရဲ့ အမြစ်တွေက ရေလုံလောက်စွာ မရခဲ့ပေ။
ထို့အပြင် သူတို့၏ အာလူးပျိုးပင်တွေ အနီးအား မကြာခဏ တက်နင်းမိသည့် အနှောက်အယှက်များ ရှိနေခဲ့ပြီး သဘာဝအားဖြင့် အသီးများများ မသီးနိုင်တော့ပေ။
ကျီရှောင်အုံး သူမ အရင်တုန်းက တီဗီတွင် မြင်ဖူးသည့် အရာတစ်ခုကို သတိရလိုက်ပြီး သူတို့အား အာလူးစိုက်ခင်းတွေကို ရေပြည့်ပြည့်ဝဝ သွင်းနည်းကို သင်ကြားပေးလိုက်ခဲ့တယ်၊ အဲဒီနောက် သူတို့တွေအား စိုက်ကွင်းတွေပတ်ပတ်လည်တွင် ခြံစည်းရိုးတစ်ခု ဆောက်ခိုင်းလိုက်ခဲ့တယ်။
ဒီနည်းလမ်းက တကယ်ကို အလွန်ထိရောက်ပေ၏။
တကယ်လို့သာ ဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဆောင်းရာသီ ရောက်တဲ့အခါ သူတို့တွေ ဆောင်းရာသီကို ခံနိုင်ရည်ရှိဖို့ အစားအစာတွေ အများကြီးရလာတော့မှာဖြစ်တယ်။
သမင် မျိုးနွယ်စုက ကျီရှောင်အုံးအား အလွန်တရာကို ကျေးဇူးတင်နေခဲ့ကြပြီး သူမရဲ့မျိုးနွယ်က ဒီနေရာနဲ့ အလွန်ဝေးတယ်ဆိုတာ သိလိုက်ရတာကြောင့် သူတို့တွေ သူမကို ပိုတိုးကာ ဂရုစိုက်စောင့်ရှောက်ပေးကြပါတယ်။
အပတ်တိုင်းအပတ်တိုင်း လတ်ဆတ်တဲ့ အသီးအနှံတွေကို ခူးဆွတ်ပြီး သူတို့တွေ သူမအား တစ်ပုံပေးလိုက်ခဲ့တယ်။
ကျီရှောင်အုံး သူမဘာသာသူမ အကုန်လုံး မကုန်နိုင်တာကြောင့် အီရစ်နဲ့ အီရစ်ရဲ့မိတ်ဖက် လီနာ့ကို တချို့တစ်ဝက်ခွဲပေးခဲ့ပေမယ့် သူတို့တွေက သစ်သီးတွေကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဲဒါတွေကို သူမနေရာလွတ်ထဲ ထည့်တာက မကောင်းမှာတော့ မဟုတ်ပေမဲ့လည်း ဒီအရာတွေများလွန်းပြီး သူတို့တွေ ထိတ်လန့်တကြားဖြစ်နိုင်တဲ့အတွက် သူမ အချို့အား ဝမ်ရစ်ခ် စားဖို့ ယူသွားလိုက်ခဲ့ပါတယ်။
ကံမကောင်းစွာပဲ ဝမ်ရစ်ခ်က တောရိုင်းအသီးအနှံများကို စိတ်မဝင်စားဘဲ အရင်ကအတိုင်း နို့ကိုသောက်လိုက်ပြီး သူ့နှုတ်ခမ်းများကိုလျှာနဲ့သပ်ကာ အဲဒီနောက် သူမခြေထောက်ပေါ်တွင် သက်တောင့်သက်သာနိုင်စွာ လှဲချလိုက်ခဲ့တယ်။
---- ဒီကောင်လေးက နွားနို့သောက်တာ စွဲနေတာပဲ။
ကျီရှောင်အုံး အနည်းငယ်လေး ရယ်စရာကောင်းတာကို ရှာတွေ့လိုက်ခဲ့ပြီး သူ့ရှေ့တွင် ဆောင့်ဆောင့်ထိုင်ချလိုက်ကာ သူ့နားရွက်လေးတွေကို ထိတွေ့လိုက်ပြီး "နို့ ချည်းပဲ သောက်မနေနဲ့ဦး။ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးတာလည်း ကောင်းတယ်"
ဝမ်ရစ်ခ်က သူ့လျှာကို ထုတ်ပြီး သူ့ခေါင်းကို စောင်းကာ သူမလက်ဖဝါးအား လျက်လိုက်ပြီး သူ့မျက်လုံးတွေက သူမပြောနေတာအား လုံးလုံး နားမထောင်သည့်ပုံနဲ့ပင်။
"ဒါပေမယ့်လည်း........" ကျီရှောင်အုံးရဲ့ လက်ဖဝါးတွေ ယားယံလာပြီး သူမ မျက်လွှာချလိုက်ကာ "နင့်ကို နို့ဘူး တိုက်ဖို့ ငါ ဒီကို နောက်ထပ်မလာနိုင်တော့ဘူး ထင်တယ်"
ဝမ်ရစ်ခ် သူ၏စိမ်းပြာရောင် မျက်လုံးများကို မော့လိုက်ပြီး သူမအား ပဟေဠိဆန်စွာ ကြည့်လိုက်၏။
ကျီရှောင်အုံးက သူ့အား ပြောလိုက်ခဲ့တယ်။ "နင်က ကျားသစ်တစ်ကောင်ပဲ။ ဒီနေရာက အပင်စားမျိုးစိတ်တွေ ပိုင်ဆိုင်တဲ့နေရာ။ နင်က သူတို့တွေဆီ ပြဿနာတွေ သယ်လာလိမ့်မယ်။ နင့်ရဲ့ ဒဏ်ရာတွေလည်း ကောင်းနေပြီပဲ။ မနက်ဖြန်ကစပြီး နင် ဒီကို ထပ်မလာနဲ့တော့... ... နင်လာရင်တောင်မှ ငါ နင့်ကို ဘာမှ ပေးမှာမဟုတ်တော့ဘူး"
ဝမ်ရစ်ခ်က နားလည်ခဲ့ပြီး သူ့ပါးစပ်ကိုဖွင့်၍ သူမဘောင်းဘီစအား ကိုက်ခဲလိုက်ခဲ့ကာ သူ့အသံက သူ သဘောတူဖို့ ငြင်းဆိုနေတဲ့အတိုင်း သူ့လည်ချောင်းထဲကနေ ဆူဆူညံညံ အော်မြည်နေခဲ့ပါတယ်။
"ဟေး..."
ကျီရှောင်အုံး ဒီတုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ဘဲ သူမ အနည်းငယ်လေး ကူကယ်ရာမဲ့စွာ မတ်တပ်ထရပ်လိုက်ပြီး "နင် ဒီလောက် အရှက်မမဲ့ရဘူးလေ"
. . .
သစ်ပင်၏အရိပ်က စွေစောင်းလာလိုက်ပြီး နေရောင်က မြေပြင်ကို ပြောက်တိပြောက်ကျ ထိုးကျနေ၏။
ကောင်မလေးက သေးသေးသွယ်သွယ်လေးနဲ့ သူမပုံကြည့်ရတာ အတော်လေးလှတဲ့ပုံပေါက်၏။ သူမ၏ ရှည်လျားတဲ့ မျက်တောင်တွေက အသာအယာ တွဲလောင်းကျနေကာ သူမရဲ့ ရောင်စုံမျက်လုံးလေးတွေအား ဖုံးအုပ်ထားခဲ့တယ်။ သူတို့ကို တစ်ယောက်မှ မမြင်နိုင်ရင်တောင် သူမမျက်လုံးတွေက အဆင်သင့်မဖြစ်သေးဘဲ စိတ်ထားလှသူတစ်ယောက် ဖြစ်လိမ့်မယ်ဆိုတာ သူတို့ခန့်မှန်းနိုင်လေတယ်။
နေရောင်က သူမခေါင်းပေါ် ထွန်းလင်းပြီး စက်ဝိုင်းတစ်ဝိုင်းသဖွယ် ဖြန့်ကျက်ကာ သူမရဲ့ကြွေထည်တွေလို ဖြူစင်ကြည်လင်တဲ့ အသားအရေကို ပေါ်လွင်စေလိုက်၏။
ရင့်မှည့်ပြီး ဖူးငုံပြည့်ဝနေတဲ့ မက်မွန်သီးတစ်လုံးနှယ် တစ်ကိုက်မျှ ကိုက်လိုက်ရုံနဲ့ ချိုမြိန်ပြီး အရည်ရွှမ်းပြီးစီးကျလာလိမ့်မှာပင်။
ကျီရှောင်အုံးရဲ့အသံက သစ်ပင်အောက်မှ လွင့်ပျံလာပြီး ရမ်၏ နားထဲသို့ တိုးဝင်သွားလိုက်တယ်။
သူမက ဝမ်ရစ်ခ်အား ကြင်နာယုယစွာနဲ့ ဖြောင်းဖျနေပြီး သူမ သူ့အား နှုတ်ဆက်စကားပြောဖို့ရာ မဆုတ်မနစ် ကြိုးစားနေပေမဲ့ အကောင်ပေါက်လေးနဲ့ပတ်သတ်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်းပင်။
အသံတိုင်း အသံတိုင်းက ချန်လှပ်နေခြင်း မရှိခဲ့ပါချေ။
ရမ် သူမအား စွဲစွဲမြဲမြဲ စိုက်ကြည့်နေပြီး သူ့မျက်ဝန်းတွေက နက်ရှိုင်း တောက်ပစွာနဲ့ မျက်တောင်ခတ်မနေခဲ့ပေ။
နက်ရှိုင်းတဲ့ပင်လယ်ရဲ့ တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်လို ထင်လိုက်ရပေမဲ့ တကယ်တမ်းတော့ အတွင်းကျကျအနက်ရှိုင်းဆုံးတွင်တော့ ပြင်းပြင်းထန်ထန် လှုပ်ရှားလွန်းလို့ ရေလှိုင်းတွေတောင် ဖြစ်တည်နေပြီဖြစ်၏။
တစ်ချိန်တည်းမှာပဲ သူ့ရင်ဘတ်ထဲက အကြာကြီးသေဆုံးနေတဲ့ နှလုံးအိမ်က စတင်လို့ တစ်ဖန်ခုန်မြည်လာခဲ့ပြီး ဖြည်းညင်းစွာဖြင့် သူ့တစ်ကိုယ်လုံးအနှံ့ သွေးတွေ ပို့လွှတ်လိုက်ခဲ့တယ်။
"ဒုတ်...ဒုတ်" တိတ်ဆိတ်တဲ့အသံတစ်ခုက မကြာမီ ပွင့်အံထွက်လာခဲ့တော့တယ်။
******
ဝမ်ရစ်ခ်က ကျီရှောင်အုံး၏ ဘောင်းဘီစအား တင်းတင်းကိုက်ခဲ့ကာ ရံဖန်ရံခါဆိုသလို ခပ်အုပ်အုပ်မြည်သံတစ်ခု ထုတ်ပြန်လိုက်ပြီး သူ သူမအား သွားခွင့်ပေးဖို့ ငြင်းဆန်နေခဲ့ပါတယ်။
ကျီရှောင်အုံး အနည်းငယ်လေး စိတ်ဓာတ်ကျသွားလိုက်တယ်။ ဒီကောင်ငယ်လေးက ဘယ်ကနေများ ရောက်လာတာများလဲ။ ဒီလိုအရာမျိုးက ခွေးပေါက်လေးတစ်ကောင်မှပဲ လုပ်တတ်တဲ့ အရာပဲမလား။
လူတစ်ယောက်နဲ့ ကျားသစ်တစ်ကောင်တို့ အချိန်ခဏကြာတဲ့အထိ အကြိတ်အနယ် ယှဉ်ပြိုင်နေခဲ့ပြီး အဲဒီနောက်မှာတော့ ကျီရှောင်အုံး သူမနှလုံးသားအား မာကျောပစ်လိုက်နိုင်ပြီးတော့ နောက်ဆုံးတွင် ဝမ်ရစ်ခ်ရဲ့ပါးစပ်ထဲက သူမ ဘောင်းဘီစအား အောင်အောင်မြင်မြင် ကယ်ဆယ်လိုက်နိုင်ခဲ့ပါတယ်။
ကျားသစ်လေးက သူ့ရဲ့ဆွဲငင်အားကို ဆုံးရှုံးသွားခဲ့ပြီး ဘေးသို့ လိမ့်သွားလိုက်ကာ သူ့ခေါင်းက သစ်ပင်စည်နဲ့ သွားရိုက်မိလိုက်ပြီး သူ့ခေါင်းထဲမှာ ကြယ်တွေ ပွင့်သွားလိုက်ခဲ့တယ်။
ကျီရှောင်အုံး သူ့ကို လျစ်လျူရှုလိုက်ဖို့ သူမကိုယ်သူမ အတင်းဖိအားပေးလိုက်ပြီး ထွက်သွားမယ် လုပ်လိုက်စဉ်မှာတော့ သူမ ရုတ်တရက် သမင်သားရဲလူရဲ့ ငိုကြွေးသံကို ကြားလိုက်ခဲ့တယ်။
အသံက အလွန်ကြောက်ရွံ့နေပြီး ခြေလှမ်းတွေက ရောယှက်နေခဲ့၏။
အဲဒီနောက် ပုံရိပ်တစ်ခုက ခပ်ဝေးဝေးကနေ ပြေးလာနေခဲ့ပြီး အီရစ်ရဲ့အသံက ပိုနီးလာခဲ့ကာ-
"အုံး ငါနဲ့လိုက်ခဲ့တော့။ ကျားတွေ ဒီတောင်ကို လာတိုက်ခိုက်နေပြီ"
ဒီတောင်က ကျားကလန်နဲ့ နီးတာဖြစ်ပြီး အချိန်တစ်ခုကြာမြင့်ပြီးတိုင်း ကျားတွေက တိုက်ခိုက်ကြတာပင်။
အထူးသဖြင့် ဆောင်းဥတု နီးလာရင်ဖြစ်ပြီး ကျားမျိုးနွယ်က အစာသိုလှောင်ဖို့ ခဏခဏကို တောလိုက်ကြတာပင်။
အခုတလောက သမင်မျိုးနွယ်ဝင်တွေက စိုက်ခင်းထဲမှာ စိုက်ပျိုးနေတာနဲ့ အလုပ်ရှုပ်နေခဲ့ပြီး ကျားမျိုးနွယ်စုအား မေ့လျော့နေခဲ့ကြတာကြောင့် ဒီတိုက်ခိုက်မှုက မျိုးနွယ်စုအား ထိန်းမရသိမ်းမရနိုင်တဲ့အခြေအနေဆီ တွန်းပို့စေလိုက်တယ်။
"အုံး.... ငါနဲ့ လာပုန်းလှည့်....." အီရစ်က သူမဆီသို့ အလောတကြီးဖြင့် အမောတကော ပြောလာခဲ့တယ်။
ဒါပေမဲ့ သူ သူမဆီ မရောက်သေးချိန်မှာပဲ အရွယ်ရောက်ပြီးသား ကျားတစ်ကောင်က ရုတ်ခြည်းပင် ဘေးကနေ ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ချွန်ထက်တဲ့ ပါးစပ်ကို ဖွင့်၍ ရက်စက်ခက်ထန်စွာ ရှေ့ကို တဟုန်ထိုးပြေးလာလိုက်ခဲ့တယ်။
အီရစ်၏မျက်နှာက သွေးဆုတ်သွားလိုက်ပြီး သူ ကမန်းကတန်း ဘေးသို့ ပုန်းလိုက်ပြီး အနီးဆုံး သစ်ပင်ပင်စည်ဆီသို့ သူ့ရှေ့ခွာတွေနဲ့ အတင်းခုန်ဝင်သွားလိုက်ခဲ့တယ်။
အရွယ်ရောက်ကျားက ရပ်တန့်သွားလိုက်ပြီး ပယင်းရောင်မျက်လုံးများအား တစ်ပတ်လည် ပြောင်းလဲလိုက်တော့ ကျီရှောင်အုံး၏ကိုယ်ပေါ် ကျရောက်သွားခဲ့ကာ သူ ဖြည်းညင်းစွာဖြင့် သူမဆီ ရွေ့လျားလာလိုက်တယ်။
ကျီရှောင်အုံး၏နှလုံးက တဒုတ်တဒုတ် ခုန်မြည်သွားလိုက်ပြီး သူမ နောက်သို့ ခြေလှမ်းပြန်ဆုတ်သွားလိုက်ခဲ့တယ်။
အခြားတစ်ဖက်က ကျားကလည်း နောက်ကနေ လိုက်ပါလာခဲ့၏။
အခြားတစ်ဖက်ကသူက ဟိန်းဟောက် သံနိမ့်နိမ့်ထုတ်လွှတ်လိုက်ပြီး ကျီရှောင်အုံးထံ ပြေးဝင်လာလိုက်ကာ အီရစ်၏အော်ဟစ်သံက အတူလိုက်ပါလာခဲ့တော့၏။ ကောင်းကင်ပေါ်ကနေ သစ်ကိုင်းကျိုးတစ်ပိုင်းက ကျလာလိုက်ခဲ့ကာ ဖြောင့်တန်းစွာနဲ့ ကျားသစ်၏မျက်လုံးဆီကနေ ဖြတ်သန်း၍ သစ်ပင်ပင်စည်တစ်ခုထဲသို့ ကျယ်လောင်စွာဖြင့် ဖောက်ဝင်သွားလိုက်ခဲ့တော့တယ်။
အဲဒီနောက်တွင်တော့ လျင်မြန် အားမာန်ပါတဲ့ ပုံရိပ်တစ်ခုက ကျီရှောင်အုံးနဲ့ ကျားသားရဲကြားတွင် ခုန်ဆင်းလာလိုက်၏။
ရှည်လျားတဲ့ပုံရိပ်က ကျီရှောင်အုံးအား တာဝါတိုင်လို ဖုံးအုပ်သွားလိုက်ကာ သူ့ရဲ့ထူထဲ ရှည်လျားတဲ့ အမြီးက သူ့နောက်က သစ်ရွက်ခြောက်တွေအား လွှဲရမ်းလိုက်ခဲ့တယ်။
ဓားအိမ်မပါတဲ့ ဓားသွားတစ်ချောင်းလို သူက အန္တရာယ်များ သွေးဆာနေပြီး ထိုအရာတွေကို တစ်ခုမှ ဖုံးကွယ်မထားခဲ့ပေ။
"ဦးလေးရမ်!" သစ်ပင်နောက်တွင် ပုန်းအောင်းနေတဲ့ ဝမ်ရစ်ခ်က ခေါင်းပြူထွက်ပြီး ဝမ်းသာအားရ အော်လိုက်ခဲ့တယ်။
ရမ် ကြိုးကို ထုတ်၍ သူ့သားကောင်အား ချည်နှောင်လိုက်ပြီး ရှေ့ကို ကုန်းလိုက်ခဲ့တယ်။ သူ့ရဲ့နက်မှောင်တဲ့မျက်လုံးတွေက ကျီရှောင်အုံးအား လုံးလုံးမကြည့်ဘဲ သူ သူမလက်တွေကို ကိုင်ဆွဲလိုက်ပြီး လက်တွေကို ကြိုးနဲ့တင်းတင်းချည်နှောင်လိုက်ခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူ သူ့နောက်က ကံမကောင်းရှာတဲ့ ကျားအား သူ့လည်ချောင်းထဲကနေ အသံနိမ့်နိမ့်နဲ့ ဟောက်သံပေးလိုက်ခဲ့တယ် "စိတ်တော့မကောင်းဘူး ဒါက ငါ့သားကောင်ပဲ"
The End....